သားရဲကြီးကိုမျှားခေါ်ခြင်း.....
Vol. 21 Ch. 286
"တံဆိပ်က ငါ့လက်ထဲမှာလား......"
လီလော့ က အံ့သြတကြီး ရေရွတ်လိုက်မိသည်။
တံဆိပ်ခတ်ခံရခြင်း၏ရလဒ်ကြောင့် သူ၏ဦးနှောက်ထဲသို့ သတင်းအချက်အလက်အချို့ ဝင်လာသည်ကို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
ကျောင်းအုပ်ကြီးသည် နတ်သားရဲကို ကောင်းကောင်းရင်ဆိုင်နိုင်ရန် မျှော်လင့်ကာ သူ့ထံသို့ တံဆိပ်ကို လွှဲပေးခဲ့သည်။
ဟုတ်တော့လည်းဟုတ်ပေသည် ။လုံလောက်အောင်မသန်မာသေးသော သူ့အတွက်စည်းတံဆိပ်ကသာအားကိုးရာတစ်ခုဖြစ်နေသည်။
အားနည်းနေသည့် သူ့လက်ထဲတွင်ရှိနေသည့်တိုင် စည်းတံဆိပ်သည် ဝိညာဉ်သားရဲကို လုံးဝနှိမ်နင်းနိုင်လောက်အောင် အားကောင်းနေပါသည်။
ထို့ကြောင့် ပြီးပြည့်စုံသော အခိုက်အတန့်ကို စောင့်ရန် လိုအပ်သည်။
မည်မျှပင် ဉာဏ်ကောင်းပါစေအခန့်မသင့်လျှင် အသက်နှင့်ခန္ဓာအိုးစားကွဲရမည်သာ.....
အောင်မြင်ဖို့အတွက် သေချာချိန်ညှိန်ိင်မှဖြစ်မည်။ ခရမ်းအဆင့်နည်းပြများရောက်လာချိန်အထိ ထိန်းထားနိုင်မှဖြစ်မည်။
ကောင်းကင်ဘုံကပ်ဘေးအဆင့်နှင့် ဝိဉာဉ်သားရဲတို့တိုက်ခိုက်ပါက တစ်ကောင်ကောင်တော့ရှုံးနိမ့်လိမ့်မည်။သို့သော် အနိုင်ရထားသူသည်လည်း အတော်အထိနာပြီးအားနည်းနေမည်သာ.....
ယခုချိန်တွင် သားရဲကြီးကို နယ်မြေထံမှထွက်လာအောင် အရင်ခေါ်ထုတ်ရပေမည်....
သူ ဆွဲဆောင်နိုင်ပါ့မလား.......
လီလော့သည် သူ့ရှေ့မှ ကျယ်ပြန့်သော တောတောင်တန်းကြီးကို လှမ်းမျှော်ကြည့်လိုက်သည့်အခါ အမြင့်ဆုံးတောင်ထိပ်တွင် မြူခိုးများရစ်သိုင်းနေပြီး ဘာမျှ သဲကွဲစွာမမြင်ရသည့်အတွက် သားရဲကြီးဘယ်မှာရှိမှန်း မနိုင်ပေ။
ပဲ့တင်ထပ်သံနှစ်ခုကိုအားကိုးပြီး မျက်ကန်းတစ္ဆေတစ်ယောက်လို လျှောက်သွားနေလို့လည်းမဖြစ်သေးပေ။
ရောင်စုံကျောက်ရေအိုင်မှာတုန်းကလို ကြိုးစားကြည့်ရမည်။
လီလော့သည် တားမြစ်နယ်မြေအပြင်ဘက်ရှိ ရောင်စုံကျောက်ရေအိုင်ဆီ ဉီးတည်သွားခဲ့သည်။
ယခုချိန်တွင် ရေအိုင်အနီး၌ မည်သူတစ်ဉီးတစ်ယောက်မျှရှိမနေတော့ပေ။
အနီးအနားရှိ သစ်ကိုင်းခပ်မြင့်မြင့်ပေါ်ခုန်တက်ပြီးသည့်နှင့် ဓားတိုနှစ်လက်ကို ထုတ်ကာ ပဲ့တင်ထပ်သံစွမ်းအားများသုံး၍ ရေအိုင်ဆီသို့ဉီးတည်ခုတ်ပိုင်းလိုက်လေသည်။
ဝုန်းးးးးးးး
ဓားချက်နှစ်ခုစီမှစွမ်းအင်အသီးအသီးသည် ရေအိုင်ပေါ်မှာကတည်းက တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး ရေအိုင်အောက်ခြေထိ ထိုးဖောက်ကျဆင်းသွားလေ၏။
ပေါက်ကွဲသံထွက်ပေါ်လာပြီးသိပ်မကြာခင်မှာပင်.......
တောင်ပေါ်ရှိ ဥမင်လိုဏ်ခေါင်း၏ နက်ရှိုင်းသော မြေအောက်ဥမင်တစ်ခုတွင် နီမြန်းသော မျက်လုံးတစ်စုံ ပွင့်လာသည်။
သားရဲ၏ မျက်လုံးများသည် အံ့သြမှုဖြင့် တောက်ပနေသည်။
ပဲ့တင်ထပ်သံနှစ်ခုလား....စိတ်ကူးယဉ်လွန်းပြီးထင်ယောင်ထင်မှားဖြစ်နေတာများလား.....
တုံ့ဆိုင်းနေချိန်တွင်၊ နောက်ထပ် ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုသည် ကန်ရေပြင်ကို ရိုက်ခတ်သွားပြန်သည်။
ဟိုတစ်ခေါက်က ပဲ့တင်ထပ်သံနှစ်ခုပဲ......
လူသားကောင်လေး ရောက်လာပြန်ပြီလား.....
ဝမ်းသားအားရဖြင့် ပြေးလွှားနေသောသားရဲကြီးသည် လမ်းတစ်လျှောက်တွင်အရာအားလုံးကို နင်းချေခဲ့သောကြောင့် အနက်ရောင်မီးခိုးငွေ့များ ထောင်းထောင်းထနေလေ၏။
ဤသည်ကို မြင်သည်နှင့် လီလော့တစ်ချိုးတည်းလှည့်ပြေးလေတော့သည်။ ယခုချိန်တွင် စက္ကန့်တိုင်း ခြေလှမ်းတိုင်းသည် ရွှေထက်ပင်အဖိုးတန်နေပြီး မြစ်ကြောင်းဆီအတတ်နိုင်ဆုံးရောက်အောင်ပြေးရမည်။
သူသည် သားရဲကြီးလောက် မလျင်မြန်သောကြောင့် မြစ်ရေစီးကြောင်းကို အကူညီယူရမည်သာ....
သားရဲကြီးသည် စည်းတံဆိပ်ပျောက်ကွယ်သွားပြီဖြစ်ကြောင်း မသိသေးသည့်အတွက် နယ်မြေအစပ်တွင်ခတ္တရပ်တန့် နေလိမ့်မည်။ ထိုအခါ လီလော့အတွက်ပြေးချိန်ပိုရသွားလိမ့်မည်။
ဘဝတစ်သက်တာမှာ ဤမျှလောက်ထိ တစခါမျှ မပြေးခဲ့ဖူးပေ။
အရှိန်မြန်လွန်းသဖြင့် ဘေးနားကသစ်ပင်များကို အရိပ်မျှသာမြင်နေရတော့သည်။
သူ ခန့်မှန်းထားသည့်အတိုင်းသားရဲကြီးသည် နယ်မြေအစပ်တွင် ခတ္တရပ်တန့််နေသည်။
မီးခိုးငွေ့များ မှိန်ဖျော့သွားသောကြောင့် သားရဲ၏မူလရုပ်သွင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
အနက်ရောင် အကြေးခွံများဖုံးလွှမ်းနေသော ထိုသားရဲကြီးတွင် ဧရာမအမြီးကြီး
သုံးချောင်းရှိနေသည်။
ထိုသားရဲကြီးသည် စည်းတံဆိပ်ရှိသော ကျောက်တုံးဆီ ဒေါသတကြီးလှမ်းကြည့်ပြီးဟိန်းဟောက်နေသည်။
သွေးတိုးစမ်းသည့်အနေဖြင့် ခြေတစ်လှမ်းတိုးလိုက်မှသာ စည်းတံဆိပ်ပျောက်ကွယ်နေပြီဖြစ်ကြောင်း သိရှိသွားသည်။
စည်းတံဆိပ်မရှိတော့ဘူးလား.....
ဘာတွေဖြစ်ကုန်တာလဲ........
ဝေခွဲမရဖြစ်နေချိန်မှာ သူ့ရဲ့ သားကောင်က အတော်ဝေးဝေးကိုရောက်နေပြီ....
အရင်တစ်ခေါက်ကလည်း ကပ်သီးလေးလွဲသွားပြီးပြီ.....ဒီတစ်ခေါက်တော့လုံးဝမလွတ်စေရဘူး....
ဒီတစ်ခါတော့ ပဲ့တင်ထပ်သံနှစ်ခုကို ကောင်းကောင်းကြီးပွဲတော်တည်ရတော့မယ်.......
ထို့ကြောင့် အမြီးသုံးချောင်းဖြင့် စည်းတံဆိပ်ရှိရာဆီ ရိုက်ချလိုက်သည့်အခါ အရင်လို တုံ့ပြန်မှုမျိုးမပေါ်လာတော့ပေ။
ဝိုးးးး စည်းတံဆိပ်ပျက်စီးသွားပြီပေါ့.....ကောင်းကင်ဘုံကို ကျေးဇူးတင်လိုက်တာ..... ငါ လွတ်လပ်သွားပြီဟေ့.......
ဝေါင်းးးးးးးးးး
သားရဲကြီး၏ဟိန်းဟောက်သံကို နောက်တစ်ကြိမ်ကြားလိုက်ရချိန်တွင် လီလော့ မြစ်နားသို့ရောက်နေပြီဖြစ်သည်။
ရေစွမ်းအားသုံးပြီး မြစ်ထဲခုန်ဆင်းဖို့ပြင်နေချိန်တွင် သားရဲကြီး အမှီလိုက်လာသည်ကို မျက်လုံးထောင့်ကနေလှမ်းမြင်လိုက်ရသည်။
နောက်ကို လှည့်ကြည့်နေလို့မဖြစ်ဘူး....ပြေးနိုင်သမျှ အမြန်ဆုံးနှုန်းနဲ့ နယ်မြေ ၁၃ ဆီပြေးရမယ်......
ကျေးဇူးပြုပြီး. အောင်မြင်ပါစေ.....
လီလော့ ပြေးနေရင်းကနေ တတွတ်တွတ်ရွတ်ဆိုဆုတောင်းနေရှာသည်။