← Chapters

စွမ်းအင်ချေးဌားခြင်း.....

Vol. 21 Ch. 287

စွမ်းအင်ချေးဌားခြင်း.....

Vol. 21 Ch. 287

ငွေရောင်တလဲ့လဲ့သန်းနေသော မြစ်သည် ခြောက်သွေ့မှိုင်းညှို့နေသော ဖုန်းဆိုးမြေ၏ တခုတည်းသော သက်ဝင်လှုပ်ရှားနေသည့်အရာဖြစ်သည်။ လေတိုက်ခတ်သည့်အခါ ရေပြင်ပေါ်တွင် လှိုင်းကြပ်ခွပ်လေးများဖြစ်ပေါ်နေသည်မှာ ငွေနဂါး၏ အကြေးခွံများသဖွယ်ပင်......

ယခုချိန်တွင် မြစ်ရေစီးကြောင်းတွင် လျှပ်ပြေးနေသော လီလော့သည် ပြေးလွှားရင်းကနေ မြစ်ကြောင်းဆီမှ ရေစွမ်းအားများကို ချေးငှားအသုံးပြုနေပြီး သူ့နောက်တွင် ထပ်ချပ်မကွာလိုက်ပါလာသော သားရဲကြီးတစ်ကောင်ရှိနေသည်။

ကောင်းကင်ဘုံနစ်မြုပ်ခြင်းအဆင့် သားရဲကြီး အလိုက်ခံနေရခြင်းသည် ပျော်စရာကိစ္စတစ်ခုမဖြစ်နိုင်ပေ။

ဝေါင်းးးးးးးး

မြစ်ဆီမှာ ရေစွမ်းအင်ချေးငှားအသုံးပြုနေရ၍သာတော်ပေတော့သည်။မဟုတ်ပါက ယခုလောက်ဆို သားရဲကြီး ဗိုက်ထဲရောက်နေလောက်ပြီ......

သူ့နောက်တွင်လိုက်နေသော  အမြီးသုံးချောင်း သားရဲသည် ဒေါသတကြီး မြေကြီးကို ဆောင့်နင်းလိုက်ပြီး ၎င်း၏ အရသာရှိသော သားကောင်ကိုသာ တစိုက်မတ်မတ်ကြည့်ရှုနေသည်။

တားမြစ်နယ်မြေမှ ထွက်လာနိုင်လျှင် အဆ်ငပြေပြီဟုထင်ထားသော်လည်း ဤကြွက်ငယ်လေးသည် မျှော်လင့်ထားသည်ထက် များစွာ ပိုမြန်နေသည်။

ထိုလူငယ်သည်  ကြွက်တစ်ကောင်သဖွယ် သိသိသာသာ အားနည်းသော်လည်း ရေပြင်

ကိုဖြတ်သန်း၍ ငှက်တစ်ကောင်သဖွယ် ပျံသန်းနေသည်။

မည်မျှပင် အားစိုက်​၍ပြေးနေပါစေ အကွာအဝေးတူညီနေဆဲမို့ လီလော့ တုန်လှုပ်နေလေပြီ....

ထို့အပြင် သားရဲကြီးပစ်လွှတ်လိုက်သော စွမ်းအားများကြောင့် သူ့နောက်ကရေပြင်ပေါက်ကွဲပြီး ရေစက်များလွင့်စင်လာလေ၏။

ဝုန်းးးးးး

ပေါက်ကွဲမှုအရှိန်ကြောင့် လှိုင်းလုံးများဖြစ်ပေါ်လာသည့်အတွက် ရေစွမ်းအင်နှင့်သစ်သားစွမ်းအင်သုံးပြီး ငြိမ်အောင်ထိန်းလိုက်ရသည်။

ထိုသို့ပြုလုပ်နေစဉ်အတွင်း တစ်ချက်လေးမျှ နောက်လှည့်မကြည့်ခဲ့သလို ရပ်တန့်နေခြင်းမျိုးလည်း မပြုလုပ်ခဲ့ပေ။

သားရဲကြီး၏ တိုက်ခိုက်မှုများမှ လွတ်မြောက်နိုင်ခဲ့သော်လည်း ပို၍ နီးကပ်လာနေသည်ကို ခံစားနေရသည်။

သူသည် သားရဲကြီးကို လျှော့တွက်မိခဲ့ပြီ။

ရေစီးကြောင်းနှင့် သူ၏ ပဲ့တင်ထပ်သံစွမ်းအားဖြင့်ပင် ရှေ့သို့ ဆက်သွားရန် မလွယ်တော့ပေ။

" ဟူးးး ဒီအတိုင်းဆို သန့်စင်နယ်မြေကို ရောက်ဖို့ အတော်လိုသေးတာပဲ....."

သားရဲကြီး ထပ်ချပ်မကွာလိုက်ပါနေသည့်အတွက် အခန့်မသင့်လျှင် အစားခံရတော်မည်။

ထို့အပြင် သားရဲကြီးက စွမ်းအားများကိုသာ ပစ်လွှတ်နိုင်သည်ဟုထင်ထားလျှင် သူ့လောက်နုံအသူရှိနိုင်တော့မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဤခြေနေကို အကျိုးရှိစွာ အသုံးချမှဖြစ်တော့မည်။

သားရဲကြီး ပစ်လွှတ်လိုက်သောစွမ်းအားများကြောင့် ရေပြင်လှိုင်းပြင်လှိုင်းထလာခြင်းကို အခွင့်ကောင်းယူကာ ရေစွမ်းအားသုံး၍ အရှိန်ဖြင့်ရှေ့သို့ ပြေးခဲ့ပြန်သည်။

ဤသို့ဖြင့် နှစ်နာရီအကြာတွင် နောက်ဘက်မှ အသံဗလံများတိတ်ဆိတ်သွားပြီး သားရဲကြီးကလည်း စွမ်းအားများပစ်လွှတ်နေခြင်းကိုရပ်တန့်ကာ လီလော့ကိုသာ အာရုံစိုက်နေလေ၏။

နှစ်ယောက်သား အတော်လက်ပန်းကျနေကြပြီ...

သို့သော်လည်း တိတ်ဆိတ်နေခြင်းက ကြက်သီးထစရာကောင်းလောက်အောင် ကြောက်ဖို့ကောင်းနေလေ၏။

ထို့ကြောင့် စွမ်းအားများကိုအချိန်မရွေးအသုံးပြုနိုင်ရန် ပဲ့တင်ထပ်သံမျိုးစေ့နှစ်ခုကို အဆင်သက့် လှုံ့ဆော်ထားလိုက်သည်။

ဝေါင်းးးးးးး

ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတစ်ခုက သူ့နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည့်အတွက် လီလော့ ဇောချွေးပျံနေလေပြီ။

သည်းမခံနိုင်တော့သည့်အတွက် လှည့်ကြည့်လိုက်သည့်အခါ သားရဲကြီး၏.အမြီးသုံးချောင်းစလုံးသည် မီးပြင်းတိုက်ခံထားရသလို နီရဲလာသည်ကိုတွေ့လိုက်ရသည်။

အတော်အတန် ဝေးသောအရပ်ကနေတောင် အပူချိန်ကို ခံစားနေရသည်။

ဘာတွေဖြစ်လာမယ်မှန်း မသိပေမယ့် ဒါဟါကောင်းသည့် လက္ခဏာတစ်ခုမဟုတ်မှန်းတော့ လီလော့ကောင်းကောင်းကြီး သဘောပေါက်နေသည်။

ဝုန်းးးးးးးးး

အော်သံကို နောက်ဘက်မှထွက်ပေါ်လာသောလည်း သားရဲကြီးကတော့ သူ့ရှေ့ရောက်နေခဲ့ပြီ......

လီလော့တစ်ကိုယ်လုံး အေးခဲသွားလေ၏။

သားရဲကြီးသည် မြစ်ကမ်းနံဘေးမှာ ရပ်နေပြီး၊ ရိုင်းစိုင်းတဲ့မျက်လုံးတွေနဲ့ လီလော့ကိုစားဝါးတော့မတတ်စိုက်ကြည့်နေသည်။

သားရဲကြီးသည် နေရာကူးပြောင်းခြင်းစွမ်းရည်သုံးခဲ့သည့်အတွက် လီလော့ရှေ့ကို အခုလိုရောက်ရှိနေခြင်းဖြစ်သည်။

ယခုအချိန်တွင် ထက်မြက်သော ဝိညာဉ်သားရဲများကို လျှော့တွက်၍မရကြောင်း ကောင်းကောင်းကြီး နားလည်လိုက်ပြီ။

ဘုန်းးးး

သားရဲကြီး ခြေဆောင့်နင်းလို့သည့်အသံကြောင့် မြေပြင်တုန်ခါသွားပြီး တောင်တန်းငယ်အချို့ပြိုကျကုန်သည်။

တိုက်ခိုက်မှုက ရူးလောက်စရာပင်.....

ရှေ့တည့်တည့်တွင်ရပ်နေသော သားရဲကြီးသည် သန်မာလွန်းသည့်အပြင် အသက်ရှုကြပ်လောက်သည်အထိ ဖိအားများထုတ်လွှတ်လျှက်ရှိသည်။

ကြောက်လန့်မှုကြောင့် တကိုယ်လုံးတုန်ရီနေချိန်တွင် ခန္ဓာကိုယ်ထဲတွင် နစ်မြှုပ်နေသောအရာတစ်ခုနိုးထလာပြီး အကြောက်တရားများကို လျော့ပါးသွားစေခဲ့သည်။

ထို့ကြောင့် နောက်လှည့်မပြေးဘဲ တည့်တိုးရင်ဆိုင်ဖို့ ရှေ့တိုးခဲ့လေသည်။

သားရဲသည် အံ့အားသင့်စွာဖြင့် အစွယ်ဖြဲပနေလေ၏။

"မိုက်မဲတဲ့ သားရဲ၊ ဒီနေ့ မင်းကို ကောင်းကောင်းတံဆိပ်ခတ်ပြမယ်...."

လီလော့ထိုသို့ အော်ဟစ်လိုက်သည့်အခါ လက်ဖဝါးပေါ်ရှိ စည်းတံဆိပ် အရောင်တောက်ပလာသည်။

ထိုအခါ အမြီးသုံးချောင်းသားရဲ  ရုတ်ခြည်းရပ်သွားပြီး  တူညီသောအကြောက်တရားကို ခံစားလိုက်ရလေသည်။

ရင်းနှီးနေသော စည်းတံဆိပ်...... သူသည် ဤနှစ်များတစ်လျှောက်လုံး ဤစည်းတံဆိပ်အောက်တွင် ချုပ်နှောင်ခံခဲ့ရသည်။

ဒါဆို စည်းတံဆိပ်က ပျောက်ကွယ်သွားတာမဟုတ်ဘဲ ဒီလူသားဆီ လွှဲပြောင်းပေးလိုက်တာလား......

ဘယ်လိုဖြစ်ကုန်တာလဲ........

ထောင်ချောက်များလား....ကြောက်ရွံ့မှုကြောင့် အမွှေးများထောင်တက်လာသည်။

နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရပြီးနောက်၊ ထိုစည်းတံဆိပ်၏ စွမ်းအားနှင့် ၎င်းကို ဖန်တီးခဲ့သည့်လူသားကို အသွေးအသား ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။

နတ်ဘုရားလိုဖြစ်တည်မှုတစ်ခုက ဒီလိုအားနည်းတဲ့လူသားဆီဘယ်လိုလုပ်ရောက်နေတာလဲ.......

ဒီလို အကြောက်အလန့်မရှိတိုးဝင်လာပုံနဲ့ဆို သေချာနေပြီ.....အရင်ပြေးရမယ်....ကျန်တာနောက်မှ ဆက်စဉ်းစားမယ်.....

ခန္ဓာကိုယ်ကပြေးနေသော်လည်း သားရဲကြီး၏အကြည့်တွေက လီလော့ဆီမှာ ကအိငြိနေဆဲပင်......

တခဏလောက် လှည့်ပတ်ပြေးလွှားပြီးချိန်မှာ စည်းတံဆိပ်ရဲ့စွမ်းအားတွေ ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် ပြေးနေခြင်းကိုရပ်တန့်လိုက်သည်။

ယခုဆိုလျှင် တိတ်ဆိတ်လွန်းသဖြင့်လေတိုးသံပင်မကြားရတော့ပေ။

ပျောက်...ပျောက်သွားပြီလား....နောက်နေတာတော့မဟုတ်ပါဘူးနော်........

All Chapters