← Chapters

အချိန်ဆွဲ တိုက်ခိုက်ခြင်း......

Vol. 21 Ch. 288

အချိန်ဆွဲ တိုက်ခိုက်ခြင်း......

Vol. 21 Ch. 288

"လခွီိီးလိုပဲ..... ကပ်သီးလေးကွာ...."

လီလော့တစ်ယောက် လက်တုန်ခြေတုန်ဖြစ်နေသည့်အပြင် ထိတ်လန့်မှုကြောင့် ကိုယ့်နှလုံးခုန်သံကိုယ်ပြန်ကြားနေရသည်။

သူသည် သားရဲလက်မှ ကပ်သီးလေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ သေမင်းကို လက်ခလယ်ထောင်ပြနေသလိုပင်..... အမြီးသုံးချောင်းသားရဲသည် အနည်းငယ်မျှ မကြောက်ဘဲ၊ သို့မဟုတ် ၎င်း၏ဆုတ်ခွာမှုကို ဖုံးကွယ်ရန် ရှောင်တခင်တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူသည် သေခြင်းတရားနှင့်ရင်ဆိုင်နေရလောက်ပြီ။

သားရဲကြီး စည်းတံဆိပ်ကို ကြောက်လွန်းနေသည်ကိုသာ ကံကောင်းသည်ဟုဆိုရတော့မည်။

စည်းတံဆိပ်၏စွမ်းအားကို အတည်ပြုမမီတွင် သားရဲသည် သတိထားရန် ရွေးချယ်ခဲ့သောကြောင့်သာ လီလော့အတွက် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။

စည်းတံဆိပ်တွင် စွမ်းအားအချို့ရှိသော်လည်း အမြီးသုံးချောင်းသားရဲ

ကိုသတ်ရန် လုံလောက်သည်ဟု ထင်မြင်ခြင်းသည် မိုက်မဲခြင်းပင်ဖြစ်သည်။

ကျောင်းအုပ်ကြီးက ပြောဖူးခဲ့သည်။အမြီးသုံးချောင်းသားရဲ ဒဏ်ရာရနေချိန် သို့မဟုတ် စည်းတံဆိပ်၏စွမ်းအားအထွတ်အထိပ်တွင်ရှိနေချိန်မှသာ သားရဲကြီးကို အပြည့်အဝနှိမ်နှင်းနိုင်လိမ့်မည်။

ဟုတ်ပေသည်။ဤသည်ကို အမြီးသုံးချောင်းသားရဲကြီး မသိခဲ့၍သာ ကံကောင်းနေခဲ့ခြင်းပင်.....

အလွန်အစွမ်းထက်သော ကျောင်းအုပ်ကြီးသည် ကြောက်ရွံ့ရန် တွန်းအားတစ်ခုဖြစ်ကြောင်း မမေ့ထားသင့်ပေ။ စည်းတံဆိပ်ကို အခြားသူတစ်ဉီး အသုံးပြုနေသည့်တိုင် သားရဲကြီးသည် ကျောင်းအုပ်ကြီး၏အရှိန်အဝါကိုကြောက်ရွံ့နေရဆဲပင်.....

လီလော့ နောက်ပြန်လှည့်ကြည့်လိုက်တော့ လမ်းရှင်းနေတာကို တွေ့လိုက်ရသည်။ သို့တိုင် သူ့အစီအစဥ်သည် လမ်းကြောင်းမှန်ပေါ်ရောက်နေသေးကြောင်းသေချာနေပါသည်။

သားရဲကြီးသည် လောဘကြီးသော်လည်း ဉာဏ်ရည်ထက်မြက်ပါသည်။လီလော့လက့ထဲက စည်းတံဆိပ်သာ အစွမ်းမထက်မှန်းသ်လျှင် ဆက်ပြေးနေမည်မဟုတ်ဘဲ တိုက်ခိုက်ဖို့ ရှေ့တိုးလာတော့မည်သာ......

သို့သော်လည်း သူ့ထက်ပိုလျင်သော လီလော့က အရင်ပြေးနှင့်နေပြီ......

ထိုအချိန်တွင် Li Luo ပြေးသွားသည် ။

အပြင်းအထန် ခုန်နေသော နှလုံးသားကို ငြိမ်သက်စေရန် အတွေးများကို ရှင်းထုတ်လိုက်သည်။ ဒီလှည့်ကွက်တွေကို ကြိုတွေးထားပြီးသားဖြစ်သည့်အတွက် တည်တည်ငြိမ်ငြိမ်နဲ့ တတ်နိုင်သလောက် လုပ်မှသာလျှင် ရုန်းထွက်ဖို့ အခွင့်အရေးရှိနိုင်မည်ဖြစ်သည်။

ယခုလို ရူးသွပ်တဲ့ အခြေအနေမှာ လုံခြုံမှုအတွက် အာမခံချက် ရှိမှာ မဟုတ်မှန်း သေချာစွာနားလည်ထားသည့်အတွက် အသက်ကို အန္တရာယ်အနည်းဆုံးဖြစ်စေသော လမ်းကြောင်းကိုသာ အကောင်းဆုံးရွေးချယ်ရပေမည်။

လီလော့သည် ငွေပြာရောင် အလင်းတန်းတစ်ခုကဲ့သို့ မြစ်ရေပြင်ပေါ်တွင် မြွေလိမ်မြွေကောက်ပြေးလွှားနေလေ၏။

မကြာခင်မှာပဲ သူ့နောက်က လှုပ်ရှားမှုအသံကို ပြန်ကြားလိုက်ရပြီး အဝေးက ဖုန်မှုန့်လမ်းကြောင်းကို လှမ်းမြင်လိုက်ရသည်။

အမြီးသုံးချောင်းသားရဲ  ထပ်လိုက်လာခဲ့ပြီ.....

သားရဲကြီး၏ ပြင်းထန်သော ဒေါသအဟုန်ကို ဤအကွာအဝေးကနေပင် အာရုံခံမိနေသည်။

ဝေါင်းးးးးးးးး

လီလော့  စိတ်ပူခြင်းနှင့်  စိတ်သက်သာရာရခြင်းတို့ကို တစ်ပြိုင်နက် ခံစားနေရသည်။

လိုက်လာလို့တော်သေးတယ်.....တစ်ခါတည်း လှည့်ပြေးရင် ကိစ္စပြတ်ပြီ.....

ဤသို့ဖြင့် လိုက်တမ်းပြေးတမ်း နောက်တချီစတင်ခဲ့ပြန်ပြီ.......

ဒီတစ်ခါတော့ အမြီးသုံးချောင်းသားရဲက ချီတုံချတုံ ဖြစ်မနေဘဲ လိုက်ဖမ်းရင်း အကဲဖြတ်တွက်ချက်ကာ လီလော့၏ ၏လက်ကို ကြည့်နေသည်။

လီလော့သည် လက်သီး ဆုပ်ထားပြီး စည်းတံဆိပ်ကို လုံးဝမဖွင့်လိုက်ပေ။ သားရဲကလည်း  စိတ်မရှည်တော့ဘဲ အကွာအဝေးကိုပို၍နီးကပ်အောင်အရှိန်မြှင့်လိုက်သည်။

သူ့အား ထိုးနှက်ရန် ပြင်ဆင်နေချိန်တွင် လီလော့ ရုတ်တရက် ရပ်တန့်သွားသည်။

"မိုက်မဲတဲ့သားရဲ၊ အတူတူသေရအောင်!"

သူကိုယ်တိုင် သားရဲတစ်ကောင်လို အော်ဟစ်ပြီး အမြီးသုံးချောင်းသားရဲကို စည်းတံဆိပ်ရဲ့အလင်းရောင်နှင့်ပစ်ခွင်းတိုက်ခိုက်ဖို့ နောက်ပြန်လှည့်လိုက်သည်။

အဆင်မပြေမှတော့ အတူတူသေလိုက်ကြရုံပေါ့......

လီလော့၏ စိတ်ပိုင်းဖြတ်ထားသောအကြည့်များက သားရဲကြီးကို ကြောက်လန့်တကြားနောက်ဆုတ်သွားစေခဲ့သည်။

ဒီကောင် အတူတူသေဖို့ကြံနေတာလား....မင်းဘာသာမင်းတစ်ယောက်တည်းသေ...ငါကတော့မသေချင်သေးဘူး.....

ဤသို့ဖြင့် နောက်လှည့်ပြေးဖို့ပြင်လိုက်သည်။

မကြာမီပင် ကြောက်မက်ဖွယ်ကောင်းသော မိုးခြိမ်းသံများ ပြန်လည်စတင်ခဲ့ပြီး၊ ယခုတစ်ကြိမ်သည် ယခင်ကထက် ပိုမိုမြန်ဆန်စွာ ပြန်လည်စတင်ခဲ့သည်။

သားရဲကြီးကလည်း တုံးအသည့်အမျိုးမဟုတ်ခဲ့ပေ။ လီလော့ဘက်က အလားတူလှည့်ကွက်ကိုထုတ်သုံးတိုင်း  အနည်းငယ် ရဲရင့်လာပြီး စည်းတံဆိပ်၏ ကန့်သတ်ချက်များကို ပိုမိုနားလည်သဘောပေါက်လာသည်။

ဟွန့်....စည်းတံဆိပ်က ငါ့ကိုသတ်နိုင်လောက်အောင်အားကောင်းမနေဘူးပဲ....

သို့သော်လည်း သားရဲသည်  အခွင့်ကောင်းတစ်ခုကို စိတ်ရှည်ရှည် စောင့်မျှော်နေခဲ့ပြီး သေမင်းလက်ထဲသက်ဆင်းမည့်အလုပ်မျိုးကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။

လီလော့ကလည်း ဤသတိထားမှုကို သဘာကျနေပြီး ဒီအတိုင်းသာ ဆက်ထိန်းထားနိူင်ရင် မကြာခင် သန့်စင်နယ်မြေကို ရောက်ပေတော့မည်။

ရှေ့တွင် သန့်စင်နယ်မြေကို လှမ်းမြင်ရပြီဖြစ်သောကြောင့်မျှော်လင့်ချက်ကြောင့် အလိငလိုခွန်အားပြည့်လာသလိုပင်.......

.............

"တစ်ခုခု မှားနေပြီထင်တယ်...."

တဖြည်းဖြည်းပါးလျလာသော သန့်စင်ရေးအကာအကွယ်ကိုကြည့်ပြီး ဒူဇီဟုန်လျန် စိုးရိမ်တကြီးရေရွတ်လိုက်သည်။

အတားအဆီးကို  သုံးရက်ကြာတောင့်ခံနိုင်

မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ယခုချိန်တွင် ယင်းအတားအဆီးသည် အချိန်မတိုင်မီကျိုးပျက်တော့မည်ထင်သည်။

ကျောင်းသားများကလည်း ကူကယ်ရာမဲ့စွာ ကြောက်လန့်တကြား ကြည့်နေကြသည်။

"အရူးမျက်နှာက အဆိပ်ပမဏပိုတိုးလိုက်ပြီ အဆိပ်သင့်နိုင်စွမ်းကို တိုးစေသည်"

ဒဏ်ရာကြောင့် ကျန်းချင်းအာ၏အသံသည် သာမာန်ခက်အားဖျော့ တိုးလျနေသည်။

သူမသည် သန့်စင်နယ်မြေ၏ နောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"နင် သူ့ကို မျှော်နေတုန်းလား.....ကောင်းကင်နစ်မြုပ်ခြင်းအဆင့်သားရဲတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်လို အယုံသွင်းလို့ရမယ်ထင်နေတုန်းလား......"

ဒူဇီဟုန်လျန်ဟစ်အော်လိုက်သည်။

" သူ ထွက်ပြေးသွားပြီထင်တယ်....."

မည်သို့ပင်ဆိုစေ ဒူဇီဟုန်လျန်၏စကားလမ်းကြောင်းသည် လီလော့ထွက်ပြေးခြင်းကိုသာ ဉီးတည်သွားပြန်သည်။

ကူညီမည်ဟူသော အစီအစဉ်သည် ဟန်ပြသက်သက်ဟုပင် အကုန်လုံးက မှတ်ထင်ထားကြသည်။

"ငါက သူ့ကိုထွက်ပြေးစေချင်တာ....ဒါပေမယ့်  လီလော့က ဒီလိုလူစားမျိုးမဟုတ်ဘူး....."

ကျန်းချင်းအာ၏ ဘက်လိုက်မှုကို သည်းမခံနိုင်တော့သောကြောင့် ဒူဇီဟုန်လျန် အော်ဟစ်လိုက်သည်။

"သန့်စင်ရေး အတားအဆီးက မကြာခင် ပြိုတော့မယ်.... ငါတို့မှာ ရွေးချယ်စရာ မရှိတော့တဲ့အတွက် ငါတို့ အတတ်နိုင်ဆုံး ကြိုးစားပြီး တိုက်ခိုက်ရမယ်....နင်တိုက်ခိုက်နိုင်သေးလား....."

ကျန်းချင်းအာက ပြန်မဖြေဘဲ ဓားရိုးကိုသာတင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

အရာရာ အဆုံးသတ်ပြီ.....ယခုဆို တိုက်ခိုက်ဖို့ကလွဲလျှင် ရွေးချယ်စရာမရှိတော့ပေ။

ဤသို့သာဆိုပါက အဝေးရောက်နေသော လီလော့ ဘေးကင်းဖို့သာ မျှော်လင့်ရပေတော့မည်။

သို့သော်လည်း စီစဉ်ထားသမျှ မအောင်မြင်ပါက လီလော့လည်း အသက်ရှင်နိုင်မည်မဟုတ်ပေ။

အချိန်နှင့်ဒီရေသည်လူကိုမစောင့်......

တိတ်ဆိတ်နေခြင်းသည် ပြင်းထန်အားကောင်းသော မုန်တိုင်းတစ်ခုဖြစ်ပေါ်ဖို့ အစပျိုးနေသလိုပင်......

တောက်.....

ကျန်းချင်းအာ၏ရှေ့သို့ စေးပျစ်နက်မှောင်နေသော မိုးရေစက် တစ်စက်ကျဆင်းလာခဲ့ပြီ......

ဤသည်မှာ သန့်စင်သောအတားအဆီး ပျက်စီးသွားသည့်အဓိပ္ပါယ်ပင်.....

All Chapters