← Chapters

တပ်ကူရောက်လာပြီ.....

Vol. 21 Ch. 289

တပ်ကူရောက်လာပြီ.....

Vol. 21 Ch. 289

အတားအဆီးကျိုးပျက်သွားသောအခါ အနက်ရောင်မိုးစက်များ ရပ်တန့်သွားသည်။

၎င်းကိုအသုံးပြုခြင်းဖြင့်

အရူးမျက်နှာအပေါ် ပြင်းထန်စွာ ထိခိုက်နစ်နာစေသဖြင့် မလိုအပ်ပါက ထပ်မံအသုံးပြုတော့မည်မဟုတ်ပေ။ ယခုချိန်တွင် အခက်ခဲဆုံးသော အတားအဆီး ပျက်စီးသွားပြီဖြစ်သဖြင့် နယ်မြေထဲရှိကျောင်းသားများကို အလွယ်တကူသက်ဖြတ်စားသောက်နိုင်တော့မည်ဖြစ်သည်။

အတားအဆီးပျက်စီးသွားပြီဖြစ်သဖြင့် ထွက်ပြေးသွားသော ကမ္ဘာခြားသက်ရှိများ ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်။

အရူးမျက်နှာသည် မြေပြင်တွင်ရပ်နေကာ လတ်ဆတ်သောသွေးရနံ့များ ပြည့်လျှံနေသောလေထုကို နှစ်သက်စွာရှုရှိုက်နေလေ၏။

တန်ဖိုးကြီးကြီးမားမားပေးဆပ်ပြီးပြီဖြစ်သောကြောင့် ဆုလာဘ်များကို သိမ်းယူဖို့သာလိုတော့သည်။

လူမဆန်သော အော်ဟစ်သံများနှင့်အတူ ကမ္ဘာခြားသက်ရှိများသည် လှိုင်းလုံးသဖွယ် လှိုက်တက်လာပြီဖြစ်သောကြောင့် ကျောင်းသားများဆူညံစွာအော်ဟစ်နေကြပြီ။

ဒူဇီဟုန်လျန်တို့ပင်လျှင် သွေးမရှိတော့သလိုဖြူဖျော့နေ၏။

ကျန်းချင်းအာကလည်း ဓားရှည်ကို ဆွဲထုတ်ပြီး တိုက်ခိုက်ဖို့အသင့်ပြင်ထားပြီ.....

ဒဏ်ရာရနေသော်လည်း ကျောင်းသားများကို ကာကွယ်ဖို့ လူအင်အားလိုအပ်နေသည်မဟုတ်လော......

စွမ်းအင်များကို တိတ်ဆိတ်စုဆောင်းထားသဖြင့် သူမ၏ဓားရှည်သည် အလင်းစွမ်းအားများဖြင့် တလက်လက်တောက်ပနေသည်။

သူမ အသက်ပြင်းပြင်းရှူလိုက်သည်။

"​ အကြောက်တရားများ ကင်းဝေးပါစေ....အသက်ရှည်ပါစေ......"

ဤသည်မှာ အရိပ်လှိုဏ်ဂူရှိ ကျောင်းသား မျိုးဆက်များ၏ တိုက်ပွဲဖြစ်သည်။ထိုကြွေးကြော်သံသည် ကျောင်းသားများကို စိတ်ဓာတ် ခိုင်မာစေပြီး ခွန်အားသတ္တိများ ပေးစွမ်းနိုင်သည်။

"​ကြောက်​စရာ​တွေ​ကင်းဝေးပါစေ.....အသက်ရှည်ပါစေ!"

ကြွေးကြော်သံများ သံပြိုင်ထွက်ပေါ်လာပြီး ကျောင်းသားများ စနစ်တကျ တန်းစီလိုက်သည့်အခါ ကျန်းချင်းအာက......

"တိုက်ခိုက်ဖို့အသင့်ပြင်ထားကြ...... "

ကျန်းချင်းအာတို့သည် အသင့်ပြင်ထားသည့်နေရာတွင် ပဲ့တင်ထပ်သံစွမ်းအားများအသီးသီးထုတ်ဖော်ကာ ရင်ဆိုင်တိုက်ခိုက်ဖို့အသင့်ပြင်ထားကြပြီဖြစ်သည်။

ကြောက်လန့်နေသော်လည်း ရွေးချယ်စရာမရှိတော့သည့်အတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့သာရှိတော့သည်။

အနည်းဆုံးတော့ သိက္ခာရှိရှိ သေဆုံးနိုင်မည်ဖြစ်သည်။

ဘုန်းးးးးး

တိုက်ပွဲစတင်ခဲ့ပြီ......

ကမ္ဘာခြားသက်ရှိများနှင့် ကျောင်းသားများ၏တိုက်ပွဲတွင် အချို့မှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး အချို့မှာ ဒေါသဖြစ်နေပြီဖြစ်သည်။ သူတို့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ထိန်ချန်မထားဘဲ အစွမ်းပုန်ထုတ်သုံးတိုက်ခိုက်နေကြသည်။

ကျောင်းသားများဘက်မှ ကျဆုံးသူများရှိလာပြီဖြစ်သောကြောင့် သန့်စင်သော နယ်​မြေသည် လုံးဝကို ကပ်ဘေးဆိုက်သလို ဖရိုဖရဲဖြစ်နေလေပြီ......

ကျန်းချင်းအာ၊ဒူဇီဟုန်လျန်၊ချိုးပိုင်တို့နှင့် အခြားသော ကြယ်သုံးပွင့်ခန်းမ ကျောင်းသားများသည် ရှေ့တန်းတွင် မားမားမတ်မတ် ရပ်တည်ပြီးတိုက်ခိုက်နေကြသော်လည်း  နယ်မြေတစ်ခုလုံးကို ကယ်တင်ဖို့မဖြစ်နိုင်ပေ။

ခန္ဓာကိုယ်တစ်ခုလုံး အလင်းစွမ်အားများဖုံးလွှမ်းနေသည့် ကျန်းချင်းအာသည် တိုက်ပွဲအလယ်တွင် ဓားရှည်တစ်လက်ကိုကိုင်ဆွဲကာ ရန်သူများကို တစ်ကောင်ပြီးတစ်ကောင်သုတ်သင်နေ၏။

သူမသည် အရူးမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး....

"ဒူဇီဟုန်လျန်.... "

ဒူဇီဟုန်လျန်က အနီရောင်ကြာပွတ်ဖြင့် ကမ္ဘခြားသက်ရှိတစ်ကောင်ကို ရိုက်သတ်လိုက်ပြီး ခေါ်သံကြားသည့်ဘက်ကို လှည့်ကြည့်လိုက်သည်။

"အရူးမျက်နှာ အားလျော့နေပြီ..... ငါတို့နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်ကြမယ်....ကျန်တာတွေကို ထျန်ထျန်နဲ့ချိုးပိုင်တို့ထိန်းထားလိမ့်မယ်....."

ဒူဇီဟုန်လျန် ငြိမ်ကျသွားသည်။ လက်ရှိကျောင်းသားများထဲတွင် သူမနှင့်ကျန်းချင်းအာတို့သာ အသန်မာဆုံးဖြစ်သော်လည်း ကျန်းချင်းအာက ဒဏ်ရာရထားသည့်အတွက် ပြောသလို တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဘယ်လိုတိုက်တိုက် တိုက်ခိုက်ရတော့မည်သာ.....

"သွားကြရအောင်....ကျန်းချင်းအာ....နင်တစ်​ယောက်တည်းသတ္တိရှိတာမဟုတ်ဘူး....ငါလည်း သတ္တိရှိတယ်......"

ဤသို့ဖြင့် နှစ်ယောက်သား လမ်းတစ်လျှောက်က ရန်သူများကို​ခြေမှုန်းရင်းအရူးမျက်နှာဆီ ချီတက်သွားကြသည်။

နိဂုံးကိုကြိုသိနေသည့် အတွက် ချိုးပိုင်နှင့်ထျန်ထျန်းတို့လည်း စိတ်မကောင်းဖြစ်နေကြရှာသည်။

သို့သော်လည်း ရွေးချယ်စရာမရှိခဲ့ပေ....

သို့သော် ထိုအချိန်တွင် မြေပြင်ကို တုန်လှုပ်သွားစေသည့် စွမ်းအားသစ်တစ်ခု ရောက်ရှိလာခဲ့သည်။

ဘုန်းးဘုန်းးးဘုန်းးးး

ထိုအသံသည် တစတစပိုမိုကျယ်လောင်လာသည်။

ဤသည်မှာ တည်ငြိမ်သော စည်းချက်ဖြင့်  လှုပ်ခတ်နေသော ငလျင်အသေးစားသဖွယ်ပင်.....

ကျောင်းသားအများစုသည် ဤအရာသည် ကောင်းကင်ဘုံကပ်ဘေးအဆင့်၏ အခြားသောလှည့်ကွက်ဖြစ်နေမည်ကို စိုးရိမ်၍ လှည့်ပတ်ကြည့်ရှုနေကြသည်။

ကျန်းချင်းအာနှင့် ဒူဇီဟုန်လျန်တို့လည်း ခြေလှမ်းများရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။

ဘုန်းးးဘုန်းးးး

ပိုကျယ်လောင် ကျယ်လောင်။

ထို့နောက် ရှေ့သို့ တဟုန်တိုး ပြေးလာသော မည်းမည်းကောင်ကြီးတစ်ကောင်ကိုပါ လှမ်းမြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် စိုးရိမ်တကြီး အော်ဟစ်သံကိုပါကြားလိုက်ရသည်။

"ဘေးဖယ်....ဘေးဖယ်....."

ကျန်းချင်းအာသည် ချိုသာသော အသံကို ချက်ချင်း မှတ်မိလိုက်သည်။

"အဲ့တာ လီလော့ပဲ......"

" လီလော့....."

ဒူဇီဟုန်လျန် မယုံကြည်နိုင်ဟန်ဖြင့်

ထပ်ခါတလဲလဲ ရေရွတ်နေ၏။

ကောင်လေး ပြန်ရောက်လာပြီလား......

" အားလုံး လမ်းဖယ်ကြ....."

ကျန်းချင်းအာ၏ အော်သံကြားသည်နှင့်ကျောင်းသားများကလည်း လိုက်နာကြပြီး မြင့်မားသော တံတိုင်းဆီသို့ ပြေးကြသည်။

ဘုန်းးးးး

ပေါက်ကွဲသံနှင့်အတူ၊ အဆောက်အဦးတစ်ခုပြိုကျသွားသည်။

"လီလော့....."

ရိလီရှနှင့်စီချိုးယင်းတို့သည် အကျွမ်းတဝင်ရှိသောလူရိပ်ကို မှတ်မိလိုက်ကြပြီ.....

"ခေါင်းဆောင်!"

လီလော့ကိုမြင်လိုက်သဖြင့် ပိုင်မျန်မျန် အတော်ပျော်သွားရှာသည်။

လီလော့ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်သေးဘဲ ကမ္ဘာခြားသက်ရှိများ ဝန်းရံနေသော အရူးမျက်နှာဆီကိုသာ ဉီးတည်ပြေးလွှားနေ၏။

အရူးမျက်နှာနှင့် ခပ်လှမ်းလှမ်းသို့ရောက်သည့်အခါ ဓားတိုနှစ်လက်နှင့် အရူးမျက်နှာဆီချိန်ရွယ်လိုက်ပြီး.....

"ဟေ့ ခွေးမျက်နှာ......ငါတို့ ကောလိပ်ရဲ့ အုပ်ထိန်းသူ သားရဲ ရောက်လာပြီ....မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့......"

ထိုအခါ .....သူ့အနောက်ကနေ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး တောင်ကုန်းတစ်ခုသဖွယ် ကြီးမားလှသော သားရဲကြီးတစ်ကောင် တအုန်းအုန်းပြေးလွှားလာသည်ကိုမြင်လိုက်ရသည်။

ယခုဆိုလျှင် ယခင်က ရှုပ်ပွနေသော စစ်မြေပြင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး ကွင်းပြင်လယ်တွင် လီလော့တစ်ယောက်တည်းသာရှိတော့သည်။

သူ့နောက်တွင် အမြီးတယမ်းယမ်းနှင့်

အမြီးသုံးချောင်းရှိသော သားရဲတစ်ကောင်ရှိနေသည်။

အရူးမျက်နှာ၏အပြုံးများ မှေးမှိန်နေပြီ.....

ဒီအမြီးသုံးကောင်က တကယ့်ခြိမ်းခြောက်မှုပဲ.... ဟိုငပိန်ကောင် တကယ်ပဲစစ်ကူခေါ်လာတာလား......

All Chapters