တစ်ကိုယ်တော်သူရဲကောင်း.....
Vol. 21 Ch. 290
အင်အားကြီးသော သက်ရှိတစ်ကောင် ရောက်လာပြီဖြစ်သဖြင့် တိုက်ပွဲများရုတ်တရက်ရပ်တန့်သွားပြီး အကုန်လုံးကာသတိအနေအထားဖြင့်စောင့်ကြည့်နေကြသည်။
အမြီးသုံးချောင်းရှိသော သားရဲသည် လီလော့နှင့် အရူးမျက်နှာကို နီရဲတောက်ပသောမျက်ဝန်းများနှင့် တလှည့်စီသတိထားကြည့်ရှုနေသည်။
သားရဲကြီး၏ စိတ်ထဲတွင်မူ.....
ဒီကမ္ဘာခြားသက်ရှိက အားကောင်းလှချည်လား.....ဘယ်တုန်းက ရောက်နေတာလဲ.....
အရူးမျက်နှာသည်လည်း ဇဝေဇဝါဖြစ်မေရသည်။
ဒီဝိညာဉ်သားရဲက တကယ်ပဲ အုပ်ထိန်းသူသားရဲကြီးလား....စားရခါနီးမှ အဖျက်က ပေါ်လာပြန်ပြီ.....
ထို့ကြောင့် သားရဲကြီးဘက်သို့ လှည့်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ငါ့လမ်းမှာ ဘယ်သူမှလာမရှုပ်နဲ့......
အမြီးသုံးချောင်းသားရဲကလည်း အန္တာရာယ်အငွေ့အသက်ကို သတိပြုမိသည့်အတွက် အရူးမျက်နှာကိုတိုက်ခိုက်ဖို့အသင့်ပြင််လိုက်သည်။
ငါကလည်း တားမြစ်နယ်မြေရဲ့ဘုရင်ပဲ....ဘက်တူရင် လူမရွေးဘူးကွ......
ကျန်းချင်းအာ သတိပေးထားသည့်အတွက် ကျောင်းသားများကလည်း ဆက်လက်မတိုက်ခိုက်တော့ဘဲဘေးလွတ်ရာသို့သာ ရှောင်တိမ်းနေကြသည်။
သားရဲကြီးသည် မလိုအပ်ဘဲ မတိုက်ခိုက်ချင်သည့်အတွက် ဟိန်းဟောက်သံပေးလိုက်သည်။သူ့အတွက် လီလော့ကိုစားရရုံနှင့်တင် ကျေနပ်နိုင်ပြီဖြစ်သည်။
သို့သော်လည်း အရူးမျက်နှာကတော့ ထိုသတိပေးဟောက်သံကို စစ်ကြေငြာသံဟုပင်ယူဆလိုက်ပြီဖြစ်သည်။
သားရဲနှင့် အရူးမျက်နှာတို့သည် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ကြသော်လည်း တစ်ယောက်စကားတစ်ယောက်နားမလည်ကြသည့်အတွက် နားလည်မှုလွဲကုန်ကြပြီဖြစ်သည်။
ထို့ကြောင့် အရူးမျက်နှာက တုံ့ပြန်သည့်အနေဖြင့် မကောင်းဆိုးဝါးစွမ်းအင်အချို့ကို ကောင်းကင်ပေါ်သို့ပစ်လွှတ်လိုက်လေသည်။
ဒါတောင် သူ့ရဲ့ ခွန်အားကို အပြည့်အဝ ထုတ်မပြရသေးပေ။
ဤမြင်ကွင်းကို ကျန်းချင်းအာနှင့် အခြားလူများက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
လီလော့ စိတ်ကူးထားသည့်အတိုင်း၊ တားမြစ်နယ်မြေ၏ ဝိညာဉ်သားရဲကို ဤနေရာထိရောက်အောင်ခေါ်လာနိုင်ခဲ့သော်လည်း တိုက်ကြမှာလား.....ဒါမှမဟုတ် သားရဲကြီးလှည့်ပြေးသွားမလား......
အမြီးသုံးချောင်းသားရဲသည် ကျောင်းအုပ်ကြီးမွေးမြူထားသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်မဟုတ်သည်မှာတော့ လုံးဝသေချာပါသည်။
ထိုနှစ်ကောင်သာ ပူးပေါင်းသွားလျှင် တခအဏအတွင်း အကုန်အစားခံရလိမ့်မည်။
သားရဲကြီးကလည်း အတော်ဉာဏ်ကောင်းသည်ဟုဆိုရမည်....ယခုချိန်ထိ အရူးမျက်နှာကိုမတိုက်ခိုက်သေးဘဲ အခြေနေကိုစောင့်ကြည့်နေသည်။
အကြောင်းပြချက်မရှိဘဲ ဘယ်သူကများ ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို တိုက်ခိုက်မည်နည်း......
နှစ်ယောက်စလုံး ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်ခဲ့လျှင် ဤနေရာတွင်ရှိနေသာ ကျောင်းသားများအတွက် အခွင့်ရေးရသွားနိုင်သည်မဟုတ်လော........
ကိုယ့်သေတွင်းကိုယ်တူးသလိုတော့ မည်သူမျှ လုပ်လိမ့်မည်မထင်.....
ဒူဇီဟုန်လျန် ပင်လျှင် ချွေးသီးချွေးပေါက်များကျဆင်းနေပြီဖြစ်သည်။ ဤအခြေအနေသည် သူမအတွက်တော့ ထိတ်လန့်စရာပင်.....
"ငါတို့တော့ မီးပုံထဲ လောင်စာထပ်ထည့်နေသလိုဖြစ်နေပြီထင်တယ်......"
သူမ၏ မှတ်ချက်ကြောင့် အသည်းငယ်သောကျောင်းသားအချို့ဆို ခွေယိုင်လဲတော့မလိုဖြစ်ကုန်ကြသည်။
" လီလော့တောင် မကြောက်တောင် နင်ကဘာလို့ကြောက်နေရတာလဲ.... "
ကျန်းချင်းအာ၏အပြောကြောင့် အားလုံးတောင့်တင်းကုန်လေ၏။
ဟုတ်ပေသည်။သူတို့တွေ အဝေးကနေတောင် ဒီလောက်ကြောက်နေကြရင် လီလော့နေရာမှာဆို ဘယ်လိုဖြစ်ကုန်ကြမလဲ......
" ဘာပဲဖြစ်ဖြစ် သတိမပြတ်စေနဲ့.....အစကတည်း တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီပဲ....သားရဲတစ်ကောင်ပိုလာလို့လဲ ဘာမှမထူးခြားသွားဘူး......."
မဖြစ်လာသေးဘဲ မည်သူ့ကိုမျှ မျှော်လင့်ချက် မပေးချင်သေးပေ။ အကယ်၍ ဟိုနှစ်ကောင်သာ အချင်းချင်းမတိုက်ဘဲ သန့်စင်နယ်မြေကိုသာ ပူးပေါင်းတိုက်ခိုက်လျှင် အကုန်ကိစ္စတုံးကုန်လိမ့်မည်။
"ခေါင်းဆောင်.... ငါတို့ ဒီအတိုင်းကြည့်နေကြတော့မှာလား..."
ထျန်ထျန်းက ကျန်းချင်းအာကို ခပ်တိုးတိုးမေးခွန်းထုတ်လိုက်ကို ကျန်းချင်းအာ က ခေါင်းညိတ်လိုက်သည်။
အရူးမျက်နှာနှင့်သားရဲကြီးတို့ အချင်းချင်းရန်စောင်နေသည်ကို ဝင်မရှုပ်သင့်သေးပေ။
အကယ်၍ သားရဲကြီးကိုသာ တိုက်ခိုက်လိုက်ရင် တစ်ဖွဲ့တည်းမဟုတ်မှန်း အရူးမျက်နှာသိသွားလိမ့်မည်။
ထို့ကြောင့် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ ဒီအတိုင်းသားးငြိမ်နေပြီးညအရာရာကို လီလော့ထံတွင်သာပုံအပ်ထားရတော့မည်။
သို့သော်လည်းအင်အားကြီးသည့်ရန်သူနှစ်ကောင်ကြားတွင်ရောက်နေသည့် လီလော့အတွက်လည်း လွယ်ကူလိမ့်မည်မဟုတ်ပေ။
လီလော့ ဘာကိုရွေးချယ်မလဲ.......
သူဘာလုပ်နိုင်မလဲ.......
အကုန်လုံး၏ အကြည့်များက ကျန်းချင်းအာဆီမှ လီလော့သို့ရောက်ရှိသွားခဲ့ကြသည်။
မည်သို့ပင်ဆိုစေ လီလော့ သူ့ကိုယ်သူစတေးမည်ဟုမည်သူမျှ မထင်ထားကြပေ။
ထိုအချိန်တွင်......လီလော့စတင်လှုပ်ရှားလေပြီ......
လီလော့သည် လက်ဖဝါးကို လေထဲသို့ ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး နံရံပေါ်က ကျန်းချင်းအာတို့ကို လှမ်းပြုံးပြနေ၏။
ထို့နောက်လက်ကို ရှေ့သို့ ရွှေ့လိုက်ကာ...."အားဖြည့်စမ်း"ဟုအော်ဟစ်လိုက်ပြီး ဓားတိုနှစ်လက်ကိုကိုင်ဆွဲကာ အရူးမျက်နှာဆီသို့ပြေးသွားလေတော့သည်။
ထိုမြင်ကွင်းကြောင့်ကျောင်းသားများ မျက်ရည်ဝဲကုန်ကျလေပြီ......
ကျောင်းသူအချို့ဆို သည်းထန်စွာငိုကြွေးနေကြ၏။
"ခေါင်းဆောင်"
ပိုင်မျန်မျန်ငည် သည်းသည်းထန်ထန်ငိုကြွေးနေပြီး ရှင်းဖူကတော့ လီလော့၏သူရဲကောင်းဆန်မှုကို စိတ်ထဲစွဲနေအောင် မှတ်သားနေလေ၏။
"ဒီကောင်ကတော့ကွာ...ငါ့ဘဝမှာ ရွယ်တူချင်းလေးစားမိတာ ဒါပထမဆုံးပဲ......"
ရိလီရှ မချိတင်ကဲရေရွတ်ရင်းသက်ပြင်းချလိုက်မိသည်။
စီချိုးယင်းကလည်း နောက်ဆုံးတွင် သူမ၏အစ်ကိုစီထျန်းမင်လို လေးစားထိုက်သူတစ်ဦးကို တွေ့နိုင်ပြီဟု တွေးမိကာ
"တောင်းပန်ပါတယ်... လီလော့" ဟု စိတ်ထဲကနေ ရေရွတ်နေလေ၏။
ဒူဇီဟုန်လျန်သည် ထိုမြင်ကွင်းကိုမကြည့်ရက်တော့သဖြင့် ကျန်းချင်းအာဆီအကြည့်လွှဲလိုက်သည်။
ကျန်းချင်းအာကတော့ ဓားရိုးကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး အထီးကျန်သူရဲကောင်းတစ်ဉီး ရန်သူပင်လယ်ထဲသို့ ဝင်ရောက်သွားသည်ကို တိတ်ဆိတ်စွာကြည့်ရှုနေခဲ့သည်။