ငါ့ရဲ့သူရဲကောင်း.......
Vol. 21 Ch. 291
အန္တရာယ်ကို ဂရုမစိုက်ဘဲ တိုးဝင်လာသည့်လီလော့ကို အရူးမျက်နှာကလည်း ဝမ်းပန်းတသာကြိုဆိုနေမည်သာ.....
တိုးလျသော အသံများက သူ့စိတ်အာရုံထဲ တိုးဝင်လာသည်။
ဒါတွေကို ခုခံရမယ်.....သေခြင်းတရားနဲ့ဆံချည်တစ်မျှင်တောင် မဝေးတော့ချိန်မှာ ဘာတွေကို အာရုံစိုက်ရမလဲ......
သူ့ဖြစ်က ကျားအုပ်ထဲရောက်နေသည့် သိုးတစ်ကောင်လို ဘာနေနေ အစားခံရမည်မှာသေချာနေသော်လည်း ရွေးချယ်စရာမရှိခဲ့ရှာပေ။
မတိုးသာမဆုတ်သာအခြေနေတစ်ခုအပေါ် တစ်စုံတစ်ယောက်ကတော့ တွန်းအားပေးမှဖြစ်တော့မည်။
ဘယ်သူတွေဘာပြောပြော မျှော်လင့်ချက်ရှိသည်ဟုယူဆထားသူတစ်ယောက်အဖို့ လုပ်သင့်လုပ်ထိုက်တာမှန်သမျှ အကုန်လုပ်ကြည့်ရမည်။
အမြီးသုံးချောင်းသားရဲသည် သူ့မျက်စိရှေ့မှာတင် သူ့အစာကို လုယူနေသည်ကိုဒီအတိုင်းထိုင်ကြည့်နေမည်မဟုတ်ပေ။
လီလော့၏ ပဲ့တင်ထပ်သံနှစ်ခုကိုလိုချင်နေသောကြောင့်သာ ဒီလောက်ထိလိုက်ဖမ်းနေခဲ့သည်မဟုတ်လော......
သူ့အစာကို တခြားလူ စားနေတာမျိုး ဘယ်နည်းနှင့်မျှအဖြစ်ခံလိမ့်မည်မဟုတ်။
လီလော့ လှုပ်ရှားသည်နှင့်အရူးမျက်နှာလည်းလှုပ်ရှားလာလိမ့်မည်။ထိုအခါ မတိုးသာမဆုတ်သာ အခြေနေသည်လည်း ပျက်စီးသွားတော့မည်။
ခုနကအတိုင်းသာဆက်သွားနေလျှင် အချိန်ကုန်တာသာအဖတ်တင်လိမ့်မည်။
ရှင်လျှင်ရွှေထီး သေလျှင်မြေကြီးဟူသောစကားမတိုင်းပင်........
လီလော့ဆီသို့ အဆင့်နိမ့်ကမ္ဘာခြားသက်ရှိများ လှိုင်းလုံးသဖွယ်တိုးဝင်လာသည့်အတွက် ဓားနှစ်လက်နှင့် အဆက်အပြတ်တိုက်ခိုက်နေရသည်။
သို့သော်လည်း အရူးမျက်နှာဘက်က အခုချိန်ထိမလှုပ်ရှားသေးပေ။
သို့ပေသိ အဆင့်နိမ့်သက်ရှိများကတော့ဘအစာကိုမြင်သည်နှင့် သားရည်တမြားမြားကျကာ သေဘေးကိုမမှုဘဲ အလုံးအရင်းနှင့်တိုးဝင်နေကြဆဲပင်......
လီလော့ဖြတ်သန်းလာရာလမ်းတစ်လျှောက်တွင် အနက်ရောင် မီးခိုးငွေ့များ ထူထပ်အုံ့မှိုင်းနေသည်။
ထိုအချိန်တွင် နောက်ဘက်ကနေ ပေါက်ကွဲသံတစ်ချို့ထွက်ပေါ်လာသည်။
ဘုန်းးးးးးး
ပေါက်ကွဲသံနှင့်အတူ လှုပ်ရှားမှုများပါလိုက်ပါလာပြီဖြစ်သည်။
သားရဲကြီးသည် လီလော့ကိုတိုက်ခိုက်နေသည့် အဆင့်နိမ့်များကို ဖယ်ရှားပြီး လီလော့ကိုပါ အမြီးဖြင့်ဖမ်းယူဖို့ကြိုးစားနေသည်။
သားရဲကြီး နှာတစ်ချက်မှုတ်လိုက်ရုံဖြင့် အဆင့်နိမ်များ.အတုံးအရုံးသေဆုံးကုန်ကြသည်။
ထိုအပူရှိန်ကြောင့် လီလော့၏ အရေပြားများ ပူလောင်စပ်ဖျဉ်းနေသော်လည်း နာကျင်မှုကိုအံကြိတ်ခံနေရသည်။သို့သော်လည်း ကျေနပ်မှုကြောင့် ပြုံးရယ်လိုက်မိသေးသည်။
ဝိုးးး သားရဲကြီးက သူ့အစာကိုထိတယ်ထင်ပြီး ဟိုကောင်တွေကိုဆော်နေပြီ.....ချစ်လိုက်တာခွေးပေါက်လေးရယ်......
သားရဲကြီးသူ့ကို အမြီးဖြင့်လှမ်းဆွဲဖို့ကြိုးစားလိုက်တိုင်း လီလော့ကလည်း မသိမသာရှောင်တိမ်းလိုက်ပြီး အနီးအနားရှိ ကမ္ဘာခြားသက်ရှိများကို တတ်နိုင်သလောက်သုတ်သက်ပစ်နေသည်။
သွေးပျက်ဖွယ်အော်သံများကြောင့် အရူးမျက်နှာသည်းမခံနိုင်တော့ပေ။
အမြီးသုံးချောင်းသားရဲသည် လီလော့ကိုကယ်တင်ရုံသာမက သူ့ကိုပါစိန်ခေါ်နေသလိုပင်........
ထို့ကြောင့် သားရဲကြီးကို အုပ်ထိန်းသူသားရဲကြီးအဖြစ် အတည်ပြုသတ်မှတ်လိုက်လေပြီ။
ဒီအတိုင်းသာဆို ဟိုကောင် ငါတို့ကိုအသေဆော်တော့မှာ.........
ထိုအတွေးကြောင့် အရူးမျက်နှာ ထိတ်လန့်တုန်လှုပ်သွားပြီး စွမ်အားများကို စတင်စုစည်းလိုက်တော့သည်။
ရွှီးးးးးးးး
ထို့နောက် အနက်ရောင်ရွံ့ရည်များကို သားရဲဆီမှုတ်ထုတ်လိုက်လေသည်။
လက်မပါခြေမပါ မျက်နှာတစ်ခုတည်းသာရှ်သော သတ္တဝာဆန်းကြီး၏ ပါးစပ်ကနေ အနက်ရောင်ရွံ့ရည်များ ပန်းထွက်လာသည်မှာ အမှန်ပင် အသည်းထိတ်ဖွယ်ကောင်းလှသည်။
သားရဲကြီးကလည်း ပူပြင်းလှသောစွမ်းအားများအပြည့်ပါဝင်နေသည့် လက်သည်းများဖြင့် အနက်ရောင်ရွံ့ရည်များကို ပုတ်ထုတ်လိုက်သည်။
ဘုန်းးးးးးးး
အင်အားကြီးသူအချင်းချင်း ထိပ်တိုက်တွေ့ကြလေပြီ.........
တိုက်ပွဲအရှိန်ကြောင့် လီလော့ အဝေးသို့လွင်ပျံသွားသည်။
သို့သော်လည်း တာဝန်ပြီးမြောက်ပြီဖြစ်သောကြောင့် မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ဖြစ်တည်နေလေ၏။
ပျော်လွန်းသဖြင့် သံကုန်အော်ဟစ်လိုက်ချင်သော်လည်း ဆို့နင်နေရှာသည်။ဒီရက်ပိုင်းအတွင်း အပင်ပန်းခံခဲ့ရသမျှ အရာထင်လာခဲ့ပြီမဟုတ်လော........
မြေပြင်ပေါ်ပြုတ်ကျသွားချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ထုံထိုင်းနေပြီး တစ်ချက်လေးမျှ မလှုပ်နိုင်တော့ပေ။
ထို့အပြင် သူ့အနားသို့ အဆင့်နိမ့်ကမ္ဘာခြားသက်ရှိများ ဝိုင်းအုံလာလေပြီ......အခုနေမျက်လုံးမှိတ်လိုက်ပါက နိုးထလာနိုင်မည်မဟုတ်တော့ကြောင်း ကောင်းစွာနားလည်ထားသော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပေ။
သို့သော် ထိုအချိန်တွင်အလင်းတန်းတစ်ခုက အဆင့်နိမ့်များကိုသုတ်သင်လိုက်ပြီး ကျန်းချင်းအာသူ့အနားရောက်လာခဲ့သည်။
သူမအနောက်တွင် ဒူဇီဟုန်လျန်နှင့် ကြယ်သုံးသုံပွင့်ကျောင်းသားအချို့လည်းပါလာခဲ့ကြသည်။
သူရဲကောင်းကို ပြန်ခေါ်ဖို့ရောက်လာခဲ့ပါပြီ......
စိတ်အေးနိုင်ပြီဖြစ်သောကြောင့် အားလျှော့လိုက်သည့်အခါ ပင်ပန်းနွယ်နယ်လွန်းလှသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပျော့ဖတ်နေလေပြီ.....
ကျန်းချင်းအာက လီလော့ကို ငြင်သာစွာပွေ့ဖက်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်က.......
" လီလော့....ဒီအချိန်မှာ နင်ကငါ့ရဲ့သူရဲကောင်းပါ......."