← Chapters

အချိန်ကိုက်ရောက်ရှိလာသောမင်းသမီးကြီး......

Vol. 21 Ch. 294

အချိန်ကိုက်ရောက်ရှိလာသောမင်းသမီးကြီး......

Vol. 21 Ch. 294

မင်းသမီးကြီးရောက်ရှိလာသည့်အတွက် ကျောင်းသားတစ်စုလုံး ခေတ္တမျှ ထိတ်လန့်သွားသော်လည်း တခဏအကြာတွင် တုန်လှုပ်ချောက်ချားဖွယ် ရွှင်မြူးသံများပေါက်ကွဲထွက်လာကြသည်။

အဆိုးဝါးဆုံးအချိန်တွင် ကယ်တင်ရှင်ရောက်လာသည်ကို ဘယ်သူမပျော်ဘဲနေလိမ့်မည်နည်း။

မင်းသမီးကြီးသည် အမာခံခုနှစ်ဉီးထဲမှတစ်ဉီးဖြစ်ပြီး ကောင်းကင်နစ်မြုပ်ခြင်းအဆင့်တွင်ရှိသောကြောင့် သားရဲကြီးနှင့်ရင်ဆိုင်နိုင်လိမ့်မည်။

ထို့အပြင် သူမ ရောက်ရှိလာမှုသည် စစ်ကူများထပ်ရောက်လာတော့မည့်သဘောပင်...

သောင်းသောင်းဖြဖြ ကြိုဆိုနေသော လူအုပ်ကြီးကိုမြင်တော့မှသာ မင်းသမီးကြီးလည်း သက်ပြင်းချနိုင်ရှာတော့သည်။

တော်သေးတာပေါ့.....အတားအဆီးမကျိုးပေါက်ခင်ရောက်လာနိုင်လို့.......

သူမ လီလော့ကို  တစ်ချက်ကြည့်လိုက်ပြီး ...

"နင်တစ်ယောက်တည်း သူရဲကောင်းလုပ်မနေနဲ့.... ဒီကောင်ကို ငါကြည့်ရှင်းလိုက်မယ်.....နင်သွားတော့.. ..."

လီလော့သည် သူရဲကောင်းဆန်သော မင်းသမီးကြီးကိုကြည့်ပြီး မထွက်သည့်မျက်ရည်ကိုပင်ညှစ်ထုတ်ပစ်ချင်လာသည်။

" မင်းသမိီး....ရောက်တုန်းရောက်ခိုက် ခဏလောက်နားလိုက်ပါဉီးလား......"

အကယ်၍ မင်းသမီးကြီးသာခဏအကြာတွင် ရောက်ရှိလာပါက အခြေအနေတစ်ခုလုံးကို ပြီးပြည့်စုံစွာ ရှင်းပစ်နိုင်မည်ဖြစ်သည်။

အမှန်မှာ လီလော့သည် ဤသားရဲ၏ အမဲလိုက်ခြင်းကို ရက်အတော်ကြာအောင် ခံခဲ့ရသည့်အတွက် ဒေါသများကို အခွင့်ရတုန်းပုံချချင်နေသည်။

ကပျက်ကချော်လုပ်နေသော လီလော့ကို မင်းသမီးကြီးအတော်စိတ်တိုနေပြီ......

"အနားယူရမယ်....ဘာလဲ အနားယူပြီးမှ နင့်အလောင်းကိုလာကောက်ရမှာလား....တဖက်သားရဲ့စေတနာကို နားမလည်တဲ့ကောင်....ငါ့မှာတော့ အချိန်မမှီမှာစိုးလို့အဖွဲ့သားတွေကိုနောက်ချန်ပြီး နေ့မအိပ်ညမအိပ်ပြေးလာလိုက်ရတာ....."

တော်ဝင်ဆန်မှုများကို ဘေးချိတ်ထားပြီး ရန်တွေ့နေသော မင်းသမီးကြီးကြောင့် လီလော့ ဘာပြောရမှန်းပင်မသိတော့ချေ။

အကူအညီတောင်းခံလာသောအခါတွင် သူမသည် ကိုယ်ကျိုးမဖက်ဘဲ အပြေးလာခဲ့သည်ကိုသူမ၏ အသွင်အပြင်ကသက်သေခံပေးနေသည်။

"ဟီးးး မင်းသမီးကြီးက ငါတို့မျိုးဆက်ရဲ့ ချစ်စရာကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပါ.."

လီလော့က သူမကို လက်မထောင်ပြရင်း မျက်နှာချိုသွေးလိုက်သည်။

သူ့လုပ်ရပ်ကြောင့် အခြေအနေ တည်ငြိမ်သွားပေမယ့် သူ့ရှေ့က အမျိုးသမီးက သူတို့ကို ကယ်တင်ဖို့ ပြေးလာခဲ့သည့်အတွက် သိတတ်မှုတော့ပြသရပေမည်။

"နင်....အဆင်ပြေရဲ့လား"

မင်းသမီးကြီးက လီလော့ကို ခေါင်းမှခြေဖျားအထိ စစ်ဆေးပြီး မေးမြန်းလိုက်သည်။

"စိုးရိမ်ပေးတဲ့အတွက်မင်းသမီးကို ကျေးဇူးတင်ပါတယ်....."

"ဟုတ်တယ်..... ငါစိုးရိမ်တယ်ဆိုတာက တခြားကြောင့်တော့မဟုတ်ဘူး..... နင်လည်း သိပြီးသားဖြစ်မှာပါ....မင်းကြီး ကျန်းမာလာဖို့အခုမှ မျှော်လင့်ချက်လေးရှိလာတာ...ဒါကိုဘယ်နည်းနဲ့မှအထိခိုက်မခံနိုင်ဘူး....."

လီလော့ အသိအမှတ်ပြုသည့်အနေဖြင့်  ခေါင်းညိတ်လိုက်သည်။တကယ်ဆို  တစ်ဖက်သားရဲ့ အဆင့်အတန်းနဲ့ဆို ဒီလောက်ထိရှင်းပြနေဖို့မလိုပေ။

မင်းသမီးကြီးက သားရဲကြီးကို တိုက်ခိုက်ဖို့အသင့်ပြင်နေရင်းကနေ......

"ကောင်းကင်ဘုံကပ်ဘေးအဆင့် ပေါ်လာတယ်ဆို.....အခုဘယ်လိုလုပ်ပြီး သားရဲကြီးဖြစ်နေတာလဲ....."

"ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို ကိုင်တွယ်ဖြေရှင်းပြီးပြီ......"

ဤအဖြေသည် မင်းသမီးကြီးကို အံ့သြသွားစေခဲ့သည်။

ကောင်းကင်ဘုံကပ်ဘေးအဆင့် သေသွားပြီလား။ ဒီအဖွဲ့ထဲမှာ ဘယ်သူက ဒီလိုစွမ်းဆောင်နိုင်မလဲ....ကျန်းချင်းအာ များလား? မဖြစ်နိုင်လောက်ဘူး....

အဆင့်ကိုးအလင်းပဲ့တင်ထပ်သံက အစွမ်းထက်တယ်ဆိုပေမယ့်လည်း အဲ့လောက်ထိတော့ မစွမ်းနိုင်ဘူး.....ပြီးတော့ ကျန်းချင်းအာက အခုမှကမ္ဘာမြေနဲ့ရင်းနှီးခြင်းအဆင့်ပဲရှိသေးတာ.....

" ဒါ....ဒါဆို ဒီသားရဲကြီးသတ်လိုက်တာလား......"

"အိုးးးး မင်းသမီးက တကယ့်ကို ထက်မြက်တဲ့သူပဲ......"

ဖြစ်ပျက်ခဲ့တာတွေကို မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့ပေမယ့် တစ်ခုခုတော့ လွဲနေသလိုခံစားနေရဆဲပင်.....

"ဒါဆို ဒီသားရဲက ဘယ်လိုပေါ်လာတာလဲ....."

သားရဲကြီး အချိန်ကိုက်ရောက်လာပြီး အခက်အခဲများကို ဖြေရှင်းပေးသည်မှာ လုံးဝမဖြစ်နိုင်ပေ။

"ဟမ့်.... တားမြစ်နယ်မြေကနေ ကျွန်တော် ခေါ်ထုတ်လာတာ..."

ထိုစကားများက မင်းသမီးကြီးအတွက်တော့  မိုးကြိုးပစ်ခံရသလိုပင်.....

ရင်းနှီးနေပါတယ်ပေါ့.....လက်စသတ်တော့ နယ်မြေ၁၃ နားက တားမြစ်နယ်မြေထဲက သားရဲဖြစ်နေတာကိုး.....နေပါဉီး.....ဒီကောင်ကြီးကို လီလော့ ဘယ်လိုခေါ်ထုတ်လာတာလဲ

စစ်မြေပြင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း နောက်ဆုံးတွင် သူမသည် ကောင်းကင်ဘုံကပ်ဘေးအဆင့်နှင့်ဝိညာဉ်သားရဲတို့ကြား ထိပ်တိုက်ရင်ဆိုင်မှု၏ ရလဒ်ဖြစ်နိုင်ဖွယ်ရှိသည့် ပြင်းထန်သော တိုက်ပွဲတစ်ခု၏ အရိပ်အယောင်ကို သတိပြုမိလိုက်သည်။

"ဒါဆို နင်က ဒီသားရဲကို ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို ကိုင်တွယ်ဖို့ ရည်ရွယ်ချက်ရှိရှိခေါ်ထုတ်လာတာပေါ့....ဟုတ်လား....."

ဤအစီအစဥ်၏ရဲရင့်မှုနှင့်အန္တရာယ်ကို သူမအပြည့်အဝနားလည်ထားသောကြောင့် သူမ၏အမူအရာနှင့်အကြည့်များသည် ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း ဤအရာသည် ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့် အဖြေတစ်ခုဖြစ်ကြောင်း သူမ ဝန်ခံချင်လည်း ဝန်ခံရပေမည်။

"လီလော့....နင် တကယ်တော်တယ်....."အရာရာတိုင်းကို နင် တကယ်ပဲ ကြိုးကိုင်ထားတယ်ဆိုရင် သူရဲကောင်းဘွဲ့နဲ့ထိုက်တန်တယ်......"

"အရမ်းကြီးလည်း ချီးကျူးမနေပါနဲ့....  ကျွန်တော်က ကိုယ့်ကိုကိုယ် ကယ်တင်ဖို့ ကြိုးစားခဲ့ရုံပါ....."

မင်းသမီးကြီးက လီလော့ကိုမျက်စောင်းထိုးလိုက်ပြီး သားရဲကြီးကို သေချာအကဲခတ်နေလေ၏။

"ဒီသားရဲက ကောင်းကင်ဘုံကပ်ဘေးအဆင့်ထက်တောင် ပိုသန်မာတယ်.....ဒဏ်ရာကြီးကြီးမားမားရထားတာ ငါ့တို့အတွက်တစ်ပန်းသာတယ်......ဒီကောင်သာ အထွတ်အထိပ်အခြေအနေမှာ ရှိနေရင် ငါလည်း ရင်ဆိုင်နိုင်မှာမဟုတ်ဘူး.....စစ်ကူတွေရောက်လာတဲ့အထိ အချိန်ဆွဲထားဖို့ပဲတတ်နိုင်လိမ့်မယ်....."

မင်းသမီးကြီးသည် ကောင်းကင်နစ်မြုပ်ခြင်းအဆင့် ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း သူမသည် သားရဲထက်ပင် အားနည်းနေသေးသည်။

"နင် နောက်ဆုတ်လိုက်တော့. . "

မင်းသမီးကြီးက ကျောက်စိမ်းတုံးဖြူလှံရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သားရဲနှင့် ရန်တိုက်ရန် ပြင်ဆင်နေသည်။

ဒါကိုမြင်လိုက်တာနဲ့ လီလော့ ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။

" အချိန်မီရောက်လာပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်....ပွင့်ပွင့်လင်းလင်းပြောရရင် ဒီသားရဲကို ကျွန်တော်ရှင်းလိုက်ပါ့မယ်......"

လီလော့၏တောင်းဆိုချက်ကြောင့် မင်းသမီးကြီး စဉ်းစားရခက်နေလေပြီ.....

" လီလော့....ဒါနောက်ပြောင်နေရမယ့်အချိန်မဟုတ်ဘူးနော်.....အာရုံလာနောက်မနေနဲ့

....... "

လီလော့သည် မလိုအပ်သော စကားများကို ဆက် မပြောတော့ဘဲ  ထိုအစား အသက်ပြင်းပြင်းရှူပြီး သူ့လက်ဖဝါးကို သားရဲရှိရာဆီ  မြှောက်ပြီး တိုက်ရိုက်ညွှန်ပြလိုက်သည်။

သူ့လက်ဖဝါးအလယ်ရှိ စည်းတံဆိပ်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ဝေါင်းးးးးးးးး

ထိုအခိုက်အတန့်တွင် ထောင်သောင်းမကသော စူးရှတောက်ပသော ရောင်ခြည်တန်းများသည် သူ့လက်ဖဝါးမှ ဖြာထွက်ကာ သားရဲ၏ ကြီးမားသော ခန္ဓာကိုယ်ကို လုံးလုံးလျားလျား မဖုံးလွှမ်းမီ ၎င်းတို့နှစ်ခုကြားရှိ နေရာလပ်ကို တိုက်ရိုက်ဖောက်ဝင်သွားခဲ့သည်။

ဝေါင်းးးးးးးး

ထိုအလင်းတန်းများသည် သားရဲကို အံ့အားသင့်စေကာ လွတ်မြောက်အောင်

ရုန်းကန်ဖို့ တွန်းအားပေးခဲ့သည်။

သို့သော် စည်းတံဆိပ်သည် ဆုတ်ခွာရန် နေရာမကျန်တော့ နေရာအပြည့်ယူထားပြီး သားရဲကြီး၏ဒဏ်ရာများမှတင့် ခန္ဓာကိုယ်ထဲသို့ စတင်စိမ့်ဝင်နေပြီဖြစ်သည်။

ဝေါင်းးးးးးးး

အမြီးသုံးချောင်းသားရဲသည် နာကျင်လွန်းလှသဖြင့် အဆက်မပြတ်ဟိန်းဟောက်နေလေ၏။

အခြေနေမကောင်းတော့မှန်းသိသည့်အတွက် မီးတောက်များကို ထုတ်ဖော်ကာ ခုခံဖို့ပြင်နေသည်။

၎င်း၏တည်ရှိမှုသည် ကမ္ဘာမြေကြီးကို လောင်ကျွမ်းစေပြီး ကွဲအက်စေခဲ့သည်။

နောက်ဆုံးရုန်းကန်မှုနှင့်အတူ, ဧရာမသတ္တဝါကြီး ထွက်ပြေးဖို့ပြင်နေလေပြီ။

ထိုမြင်ကွင်းကြောင့် လီလော့ အံ့သြမိနေသည်။

သူသည် ဤသားရဲ၏ ဉာဏ်ရည်ဉာဏ်သွေးကို အမှန်တကယ် လျှော့တွက်ခဲ့မိသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဆုတ်ခွာသွားလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားပေ။ ၎င်း၏ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဗီဇသည် အမှန်တကယ် ထူးခြားပါသည်။

တဖြည်းဖြည်းနှင့်စည်းတံဆိပ်ကလည်း အားနည်းလာပြီ။

ထို့အပြင်၊ သူ၏ ခန္ဓာကိုယ်သည် လုံလောက်အောင် မကျန်းမာသေးသည့်အတွက် စည်းတံဆိပ်ဆီသို့ စွမ်းအားများ မပို့လွှတ်ပေးနိုင်တော့ပေ။

တခဏလောက်စဉ်းစားပြီးနောက် ဘေးနားတွင် ရပ်နေသော မင်းသမီးကြီး၏လက်ကို ခပ်တည်တည် လှမ်းဆွဲလိုက်ပြီး......

" တောင်းပန်ပါတယ်..... စွမ်းအားနည်းနည်းလောက်ချေးမယ်နော်......."

မင်းသမီးကြီးဘာမျှ မတုံ့ပြန်နိုင်ခင်မှာတင် သူမ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ လှိုင်းလုံးသဖွယ် အုံကြွလာသည်ကိုခံစားလိုက်ရလေသည်။

All Chapters