အခန်း(၁၇) တက်ကြွတဲ့ ပုံဆွဲဆရာ
Vol. 2 Ch. 17
အခန်း(၁၇) တက်ကြွတဲ့ ပုံဆွဲဆရာ
အားလုံးက မာယန်၏ လိုအပ်ချက်ဖောင်ကို ပြသထားသော ရွမ်ကွမ်းကျန့်၏ ဖန်သားပြင်ကို ကြည့်လိုက်ကြသည်။
"ကွမ်ယုက... နဂါးတစ်ကောင် ဟုတ်လား။"
"ပြီးတော့ မာချောင်က... မြင်းလူသား တစ်ကောင်တဲ့လား။"
"ဒါဆို ကျူးကောလျန့်က ဝက်တစ်ကောင်ပေါ့" ဟွမ်ကြီးက ယုတ္တိရှိစွာ ခန့်မှန်းလိုက်ပါသည်။
ရွမ်ကွမ်းကျန့်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ "မင်းမေလင်ကို ဝက်လား ကျူးကောလျန့်က နာမည်ကျော် တီထွင်သူတဲ့ကွ။”
"... အဲ့တာ ဝက်တစ်ကောင်ထက်တောင် ပိုဆိုးသေးတယ်" ဟွမ်ကြီးက မကျေနပ်စွာ ပြောလိုက်ပါသည်။
လိုအပ်ချက်ဖောင်ကို ကြည့်ရင်း ဟွမ်ကြီး ဆွံ့အသွားရသည်။
ဒါက လိုအပ်ချက် ဖောင်တဲ့လား။
ဒီသမိုင်းဝင်ပုဂ္ဂိုလ်များအတွက် အစွန်းရောက် ပြုပြင်ပြောင်းလဲမှုများ ပေးထားတာကလွဲပြီး ကျန်တာ ဘာမှ ရေးမထားပါ။
ဒီလိုသာဆို မှီငြမ်းဖို့ ပုံတောင်းဆိုခြင်းက ပိုကောင်းသည်။ သို့သော်လည်း မှီငြမ်းဖို့ အခြေခံပုံများပင် မရှိခဲ့ပါ။
ထို့အပြင် ပြောင်းလဲမှုများကလည်း ပုံစံမျိုးစုံနှင့်ဖြစ်သည်။
တိရိစ္ဆာန်အဖြစ် ပြောင်းလဲသွားသူများ၊ လိင်ပြောင်းလဲသွားသူများနှင့် ဘယ်လိုမှန်းမသိဘဲ နည်းပညာပိုင်း ကျွမ်းကျင်သူများတောင် ရှိလာခဲ့ပါသည်။
လုံးဝ ရှုပ်ထွေးနေသာ ဖောင်ဖြစ်ပါသည်။
"ဖောက်သည်က ကျပ်မပြည့်ဘူးလား။"
"စုတ်ပြတ်လိုက်တဲ့ ဖောင်ကြီးကွာ..."
ဟွမ်ကြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။ ရွမ်ကွမ်းကျန့်က ဒီအလုပ်ကို တကယ်ကြီး လက်ခံခဲ့လိမ့်မည်ဟု မထင်ခဲ့မိပါ။
တဖက်လူက အဆုံးသတ်ရလဒ်ကို သဘောမကျဘဲ စကားအချေအတင်ဖြစ်သွားမှာကို မကြောက်ဘူးလား။
သူတို့အားလုံးက ပန်းချီအတန်းတွင် ညံ့ဖျင်းသော ကျောင်းသားများဖြစ်ကြသည်။ တခြားအတန်းများက ကျောင်းသားများထက် အနည်းငယ် ပိုတော်နိုင်သော်လည်း ဖောက်သည်နှင့် အချေအတင်ဖြစ်ကာ ဘယ်ဘက်ကမှ တာဝန်မယူနိုင်ပါက ဖြေရှင်းဖို့ ခက်ခဲလာနိုင်ပါသည်။
"မင်း ဘာတွေ စိတ်ပူနေတာလဲ။ သူက ရင်းမြစ် ဝက်ဘ်ဆိုင်မှာ ငွေတောင် ရှင်းပြီးသွားပြီ" ရွမ်ကွမ်းကျန့်က ဟွမ်ကြီးကို တဖက်လူက ငွေချေပြီးကြောင်း ပြသသည့် Status ကို ပြလိုက်ပါသည်။
ESRO ၏ တရားဝင်ရင်းမြစ် ဝက်ဘ်ဆိုက်က ကြားလူအဖြစ် ဆောင်ရွက်ပြီး ဖောက်သည်များ၏ လိုအပ်ချက်ကို ဖော်ပြပြီးတာနဲ့ အလွတ်တမ်း အလုပ်သမားများ စတင် အလုပ်လုပ်နိုင်အောင် ပလက်ဖောင်းက အာမခံပေးသည်။
ထိုအချိန်တောအတွင်း ဖောက်သည်က စရန်ငွေအဖြစ် ပလက်ဖောင်းတွင် ငွေရှင်းထားရမည်။ အလုပ်ပြီးမြောက်ပြီး ဖောက်သည်က ရလဒ်ကို သဘောကျလျှင် အလွတ်တမ်း အလုပ်သမားက ပလက်ဖောင်းမှ ပြန်ပေးသည့် ငွေကိုရမည်ဖြစ်သည်။
နှစ်ဖက်စလုံးက သဘောတူညီမှု မရပါက ပလက်ဖောင်းမှ ခုံလူကြီးအဖြစ် ဆောင်ရွက်ပေးလိမ့်မည်။
ဒီလိုဖြစ်လာလျှင် ရွမ်ကွမ်းကျန့်၌ စကားပြောထားသည့် စာများရှိသည်။ ပလက်ဖောင်းမှာလည်း လိုအပ်ချက်နှင့် အလုပ်ခေါ်စာ ကော်ပီများ ရှိသည်။ ဘာပဲဖြစ်ဖြစ် ရွမ်ကွမ်းကျန့်က အသာစီးရထား၏။
"ကွမ်းကျန့် ငါတော့ ဒီအလုပ် အဓိပ္ပာယ်ရှိတယ် မထင်ဘူးနော်။ သူတို့နဲ့ လိုအပ်ချက်တွေကို ထပ်အတည်ပြုပြီး သူတို့ကို အသေးစိတ်ကျအောင် ထပ်ပို့ခိုင်းလိုက်ရင်ကော..." ဟွမ်ကြီးက ဒီကိစ္စတစ်ခုလုံး စိတ်မချရဘူးဟု ခံစားနေရဆဲဖြစ်သည်။
ရွမ်ကွမ်းကျန့်က သဘောမကျဖြစ်သွားသည်။ "ဟွမ်ကြီး မင်းရူးသွားပြီလား။”
"မင်း အဲ့ဒီကာတွန်းဇာတ်ကောင်တွေကို ထပ်ဆွဲချင်သေးလို့လား။ မင်း စိတ်မကုန်သေးဘူးလား။”
"လောလောဆယ် စျေးကွက်ထဲမှာ ကာတွန်းဆန်တဲ့ ဂိမ်းတွေချည်းပဲ ပြည့်နှက်နေတာကွ။ ပိုက်ဆံရတာ ကောင်းပေမယ့် မင်းကိုယ်မင်းလည်း မေးကြည့်ပါဦး။ အဲ့ဒီ အသက်မပါတဲ့ အရာတွေကို မင်းတန်ဖိုးထားတာလား။"
"ပုံဆွဲဆရာတစ်ယောက်အနေနဲ့ မင်းရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားလဲ။"
"လောလောဆယ် စတိုင်ကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ပေးထားတဲ့ အခွင့်အရေးကောင်းတစ်ခု ရလာပြီလေ။ ငါတို့ရထားတဲ့ ဖန်တီးနိုင်ခွင့်တွေကို ကြည့်စမ်းပါဦး။"
"ဒီမူရင်းပုံတွေကြောင့် ငါတို့တွေ နာမည်သာ ကြီးသွားရင် ငါတို့အနာဂတ်က သေချာပေါက် ချောမွေ့နေမှာ အမှန်ပဲ။ ဘယ်ပြောနိုင်မလဲ။ ငါတို့ဘွဲ့ရပြီးရင် ငါတို့ဖာသာ ငါတို့ စတူဒီယိုတစ်ခုတောင် ငှားလို့ရနိုင်တယ်ကွ။”
"ဒါမှမဟုတ် ဘွဲ့ရပြီး ဘာမှမဟုတ်တဲ့ကောင် ဖြစ်လာချင်လို့လား။ တချို့အရေးမပါတဲ့ ကုမ္ပဏီတွေထဲ ပင်ပင်ပန်းပန်းလုပ်ရပြီး မင်းသဘောမကျတဲ့ အဲ့ဒီစတိုင်မျိုးတွေကိုပဲ ဆက်ဆွဲနေမှာလား။"
အခြားသူများလည်း အကြည့်ချင်း ဖလှယ်ကုန်ကြသည်။ သူတို့အားလုံး ရွမ်ကွမ်းကျန့်၏ စကားလုံးများကြောင့် စိတ်ပြောင်းလဲသွားတာ သိသာပါသည်။
သူတို့အားလုံးက ကျောင်းသားများသာ ဖြစ်ကြပြီး လုပ်ငန်းလောကတွင် အတွေ့အကြုံရင့်သည့် ကျွမ်းကျင် ပုံဆွဲသူများ မဟုတ်ကြပါ။
ပန်းချီပညာအရဆို အားလုံးတွင် ကိုယ်ပိုင် အိုင်ဒီယာများ ရှိကြ၏။ သူတို့၏ ဉာဏ်ကွန့်မြူးမှုက ပြည့်လျှံနေသည့် ကာလတစ်ခုကို ရောက်နေခြင်းဖြစ်သည်။
ဘယ်သူက ဖောက်သည်တစ်ယောက်ရဲ့ တောင်းဆိုချက်အတိုင်း ဒီရှေးဟောင်းပုံတွေကို ဆွဲချင်မှာလဲ။
အားလုံးက သူတို့ သဘောကျပြီး ထူးချွန်ကြသည့် စတိုင်မျိုးဖြင့်သာ ဆွဲချင်ကြသည်။
ကြီးကြီးမားမား တောင်းဆိုချက်မရှိသည့် ဖောက်သည်မျိုးနှင့် တွေ့ရခြင်းက အလွန်အမင်း ရှားပါးသော အခွင့်အရေးဖြစ်သည်။
ဟွမ်ကြီးလည်း စိတ်ပြောင်းသွား၏။ "ဟုတ်ပါပြီ။ ဒါဆိုလည်း မင်းဆုံးဖြတ်ချက်ချပေါ့ ကွမ်းကျန့်။ ငါတို့ ကူညီပေးမယ်။ မင်းဘယ်လို လုပ်ဖို့ စိတ်ကူးထားလဲ။”
"ဒီလိုမျိုးကွာ။"
ကျေနပ်စွာဖြင့် ရွမ်ကွမ်းကျန့်က သူ့ကွန်ပျူတာပေါ်တွင် ဓာတ်ပုံတစ်ပုံကို ဖွင့်လိုက်ပါသည်။
"ဒီစတိုင်မျိုး ဆွဲချင်တယ်။"
"ခမ်းနားတဲ့ မှင်နဲ့ ဆီဆေးပန်းချီစတိုင်မျိုးလေ။"
ဟွမ်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဒါက ရွမ်ကွမ်းကျန့် အရင်တုန်းက ရုတ်တရက် အကြံပေါ်လာပြီး ဖန်တီးခဲ့သော ပန်းချီစတိုင်တစ်ခု ဖြစ်၏။
ပုံထဲတွင် အရပ်ရှည်ရှည်၊ ကြံ့ကြံ့ခိုင်ခိုင် ကျွဲခေါင်းလူသားကြီးက ဦးချိုတစ်ချောင်း ကျိုးနေကာ အလွန်ထိခိုက်ပျက်စီးနေသော အနက်ရောင် သံချပ်ကာတစ်ခုကို ဝတ်ဆင်ထားသည်။
၎င်း၏ ပခုံးအကာပေါ်တွင် ဧရာမ မကောင်းဆိုးဝါးကြီး၏ ခေါင်းကြီး တင်နေသဖြင့် မှတ်မိလွယ်သည်။ ၎င်း၏ ခန္ဓာကိုယ်တွင် သံကြိုးများစွာဖြင့် ရစ်ပတ်ထားပြီး ညှာတာမှု ကင်းမဲ့သော စစ်သည်တော်တစ်ဦး၏ ခံစားချက်မျိုးကို ပေးစွမ်းနေပါသည်။
အရောင်အမျိုးအစားက အမှောင်ဘက်ကို သွားပြီး ပိန်းပိတ်အောင် နက်မှောင်သော နောက်ခံနှင့် စစ်မြေပြင်က စိတ်ပျက်အားလျော့မှု၊ ဝမ်းနည်းမှုခံစားချက်များကို ပေးစွမ်းနေသည်။
ဒီပုံကို ကြည့်လိုက်ပါက Fantasy World ထဲမှ ကျွဲခေါင်းလူသားများနှင့် နှိုင်းယှဥ်ကြလိမ့်မည်။
သို့သော်လည်း သေသေချာချာ ကြည့်ပါက ဒီကျွဲခေါင်းလူသားနှင့် အနောက်တိုင်းယဥ်ကျေးမှု ကျွဲခေါင်းလူသားများတို့ ခြားနားချက် များစွာ ရှိနေသည်ကို သတိထားမိနိုင်ပါသည်။
ရွမ်ကွမ်းကျန့်က အသေးစိတ် အချက်အလက်များစွာကို အသုံးပြုပြီး အရှေ့တိုင်း လက္ခဏာများကို ကျွဲခေါင်းလူသားတွင် ပေါ်လွင်အောင် ဖန်တီးခဲ့သည်။ ဥပမာအားဖြင့် ကျွဲခေါင်းလူသား၏ မျက်နှာ လက္ခဏာများမှာ အရှေ့ပိုင်း၏ အလှအပပုံစံများကို ထည့်သွင်းဖန်တီးထားခြင်းဖြစ်ပြီး ချပ်ဝတ်တန်ဆာနှင့် လက်နက်များကလည်း အရှေ့တိုင်းဆန်သည်။ အနီရောင်တိုက်ပွဲ ဝတ်ရုံဝတ်ဆင်ထားခြင်း စသဖြင့် ဖြစ်သည်။
ခမ်းနားတဲ့ မှင်နဲ့ ဆီဆေးပန်းချီစတိုင်ဟု ရွမ်ကွမ်ကျန်း အမည်ပေးခဲ့ရခြင်းမှာ ခမ်းနားခြင်း၊ မင်နှင့် ဆီပန်းချီကားတို့နှင့် ဆင်တူခြင်းဟူသော အချက်သုံးချက်ပါဝင်သောကြောင့်ဖြစ်ပါသည်။
ပန်းချီကားက ဇာတ်ကောင်၏ အစက်အပြောက် တစ်ခုချင်းစီကို မြင်ရလောက်သည်အထိ အသေးစိတ် မကျပါ။ ဆီဆေးပန်းချီကား နည်းလမ်းများကို အသုံးချပြီး စွန်းထင်းပုံစံ ဆွဲထားခြင်းဖြစ်သည်။ မှုန်ဝါးနေသည့် နောက်ခံက ထူးခြားသည့် ခံစားချက်တစ်ခုကို အလွယ်တကူ ပေးစွမ်းနိုင်သည်။
တစ်ချိန်တည်းမှာပင် မှင်ပန်းချီကား နည်းလမ်းများကိုလည်း ထည့်သွင်းဆွဲသားထားသဖြင့် တရုတ်ဆန်သည့် ခံစားချက်မျိုး ကောင်းကောင်း ပေးစွမ်းနေပါသည်။
ထို့အပြင် ဇာတ်ကောင်က ဝမ်းနည်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေပါသည်။ ကျွဲခေါင်းလူသားက နတ်ဘုရားနှင့် လူသားများအကြား ကမ္ဘာပျက်စစ်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့သည်ဟူသော ခမ်းနားသည့် ခံစားချက်တစ်ခုကို ပေးစွမ်းသည့် အခြေခံအုတ်မြစ်ဖြစ်ပါသည်။
ဟွမ်ကြီးနှင့် တခြားအခန်းဖော်များ ဒီပန်းချီအကြောင်း သိထားပြီးတာကြာပါပြီ။
သူတို့ ရွမ်ကွမ်းကျန့်ကိုလည်း အတော်လေး အထင်ကြီးမိကြ၏။ ဘာပဲဖြစ်ဖြစ် ပန်းချီကား၏ ဆွဲသားပုံနည်းလမ်းများ၊ အရိပ်များနှင့် အသေးစိတ်များက တခြား ပန်းချီကျောင်းသားများ ယှဥ်နိုင်လောက်သော အရာမဟုတ်ပါ။
သို့သော်လည်း ဒါမျိုးကို ဂိမ်းတစ်ခုရဲ့ မူရင်းပုံအဖြစ် သုံးနိုင်မှာလား။
ဘယ်သူမှ မပြောနိုင်ပါ။
လောလောဆယ် ရေပန်းစားနေသည့် ဂိမ်းများအားလုံးက ကာတွန်းဆန်သည့် မူရင်းပုံများကိုသာ အသုံးပြုကြသည်။ သူတို့ ယခင်တုန်းက လက်ခံခဲ့သည့် အလုပ်များကလည်း ကာတွန်းဆန်သည့် မူရင်းပုံများ ဆွဲရခြင်း ဖြစ်ပါသည်။
လက်တွေ့ဆန်သည့် စတိုင်မျိုးကို အသုံးပြုသည့် ဂိမ်းများကတောင် တောက်ပသော အရောင်များဖြင့် အလွန်အမင်း အသေးစိတ်ကျသော မူရင်းပုံများထံသို့ တိမ်းစောင်းလာကြပြီ ဖြစ်သည်။
ယွမ်ကွမ်းကျန်၏ ပန်းချီစတိုင်က သေချာပေါက် အထင်ကြီးစရာကောင်းသော်လည်း လူတွေကို ဝမ်းနည်းပူဆွေးမှု ခံစားသွားစေပြီး ဂိမ်းကစားနေရင်း စိတ်ဓာတ်ပင် ကျသွားနိုင်၏။
ထို့ကြောင့်လည်း ရွမ်ကွမ်ကျန်းက ရင်းမြစ် ဝက်ဘ်ဆိုက်တွင် မတင်ခြင်းဖြစ်ပြီး သူ့အလုပ် ကမ်းလှမ်းချက်များကို ထိခိုက်မည်စိုးသောကြောင့် ဖြစ်ပါသည်။
ဟွမ်ကြီးက တွန့်ဆုတ်နေ၏။ "မေးခွန်း နှစ်ခုလောက် မေးဦးမယ်။ ပထမဆုံး ဒီစတိုင်မျိုးက ဖောက်သည်ရဲ့ လိုအပ်ချက်နဲ့ တကယ်ပဲ ကိုက်ညီရဲ့လား၊။ ဒုတိယက ဒီလိုပန်းချီစတိုင်မျိုး ဆွဲနိုင်တာ မင်းတစ်ယောက်တည်းလေ။ ငါတို့မှ မဆွဲနိုင်တာ..."
ရွမ်ကွမ်းကျန့်က ဒီ့အတွက် ပြင်ဆင်ထားပြီးသားဖြစ်ပြီး ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြန်ပြောလိုက်ပါသည်။ "အဲ့တာကြောင့်လည်း ဒီလိုအပ်ချက်ဖောင်က ငါ့အတွေးနဲ့ ကွက်တိပဲလို့ ပြောတာပေါ့။"
"ငါ့ရဲ့ မူလအတွေးအမြင်က အဲ့ဒီ အင်မော်တယ်နဲ့ နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီတွေကို အရင်းပြုထားတာလေ။”
"ငါထုတ်ပြချင်တာက ခမ်းနားတဲ့ ခံစားချက် တစ်ခုကို ရစေချင်တာ။ ပြီးတော့ အဲ့ဒီအတွက် အရေးအကြီးဆုံး အချက်က စတိုင်ပဲ။ တရားနည်းလမ်းကျတဲ့ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးဆန်တဲ့ မိစ္ဆာတွေ အဲ့ဒီ မတူညီတဲ့ စတိုင်တွေကို ပေါင်းစပ်လိုက်တာက ရေပန်းစားစေဖို့ အကောင်းဆုံးနည်းလမ်းပဲ။"
"အဲ့တော့ ပြောရမယ်ဆိုရင် စတိုင်က လူသား ပုံစံနဲ့ ခြားနားလေလေ။ ပိုကောင်းလေလေပဲ။"
"တိတိကျကျပြောရရင် သုံးပြည်ထောင်ဂိမ်း အများစုက ဒီလိုစတိုင်မျိုးနဲ့ မသင့်တော်ဘူး။ ဘာလို့လဲဆိုတော့ သုံးပြည်ထောင်ဆိုတာ လူတစ်စုအပေါ် အခြေခံထားတာကိုး။ အဲ့ဒီအပေါ် မူတည်ပြီး ငါတို့ အဲ့လိုခံစားချက်မျိုးကို ဘယ်လိုပေးစွမ်းနိုင်မလဲ။"
"ဒါပေမယ့် သူပေးတဲ့ လိုအပ်ချက်ဖောင်က ဇာတ်ကောင်တွေရဲ့ ပုံရိပ်တွေကို လုံးဝ ဆန်းသစ်ပစ်လိုက်တယ်ကွာ။ ဒီခံစားချက်မျိုးအတွက် လုံးဝ ကိုက်ညီတယ်။"
"ကွမ်းယုက နဂါး။ မာချောင်က သွေးနှော မြင်းလူသားဖြစ်ပြီး ရွှီရှုက ကျားတစ်ကောင်တဲ့..."
"အဲ့တာက ငါ့ပန်းချီစတိုင်နဲ့ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တာပဲမဟုတ်ဘူးလား။"
"ပြီးတော့ မင်းတို့ကောင်တွေလည်း စတိုင်တွေ မကိုက်ညီမှာကို မပူကြနဲ့။ ငါက ဒီဇိုင်းပိုင်းနဲ့ ပုံကြမ်းပိုင်းကို တာဝန်ယူလိုက်မယ်။ မင်းတို့ကောင်တွေက အသေးစိတ် ဆက်ဆွဲပေါ့။ နောက်ပိုင်း လိုတာ ပိုတာ ငါရှင်းလိုက်မယ်။ စိတ်မပူနဲ့။ ငါဦးဆောင်ပေးရင် ဒီစတိုင်က သေချာပေါက် လမ်းလွဲသွားမှာ မဟုတ်ဘူး။"