← Chapters

အခန်း(၂၀) ဂိမ်းကြေညာပြီ - တစ္ဆေစစ်သူကြီး

Vol. 2 Ch. 20

အခန်း(၂၀) ဂိမ်းကြေညာပြီ - တစ္ဆေစစ်သူကြီး

Vol. 2 Ch. 20

အခန်း(၂၀) ဂိမ်းကြေညာပြီ - တစ္ဆေစစ်သူကြီး

"ချန်အာ ငါတို့ ပြီးပြီ။"

"နှစ်ခေါက်လောက် ကစားကြည့်ပြီးပြီ ဘာ bug မှမတွေ့ဘူး။"

"အခု တင်လို့ရပြီလား။"

မာယန်က ဖေးချမ့်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေပါသေးသည်။ ဘာပဲဖြစ်ဖြစ် ဒါက သူပထမဆုံး ဖန်တီးဖူးသည့် ဂိမ်းမဟုတ်လား။

သို့သော်လည်း... သူလုပ်ခဲ့တာဆိုလို့ လိုအပ်ချက် ဖောင်တစ်ခု ဖြည့်တာပဲရှိသည်။

ထို 'bug စစ်ဆေးခြင်း' ဆိုသည်မှာလည်း ၄ နာရီဝန်းကျင်လောက် ကြာခဲ့ပြီး ဖေးချမ့် အချိန် ထပ်မဖြုန်းနိုင်တော့ပါ။

အဓိက အကြောင်းအရင်းက ဂိမ်းမှာ နမူနာတစ်ခုဖြင့် ဖန်တီးထားသောကြောင့် အကြိမ်ပေါင်းများစွာ စစ်ဆေးခံထားရပြီး bug ကင်းစင်သော ဗားရှင်းတစ်ခု ဖြစ်နေပြီးသားဖြစ်ပါသည်။

ဖေးချမ့်က တချို့စာသားဖော်ပြချက်များနှင့် စကေး ဆက်တင်များကို နည်းနည်းလေး ကလိလိုက်ရုံသာဖြစ်၏။ ဒါကလွဲပြီး တခြားအရာများကို မထိခဲ့သောကြောင့် bug ကြီးကြီးမားမားလည်း ရှိနိုင်မည် မဟုတ်ပေ။

သို့သော်လည်း အမှန်ပင်။ အခုလောလောဆယ် bug ရှိခဲ့ရင်တောင် ဖေးချမ့်က သူ့ဖာသာသူ ပြင်ဆင်နိုင်မှာ မဟုတ်ဘဲ အွန်လိုင်းပေါ်က တစ်ယောက်ယောက်ကို ငှားရမ်းရလိမ့်မည်။

"တင်လိုက်ပြီ။"

ဖေးချမ့်က သတ်မှတ်ထားသည့် လုပ်ငန်းစဥ်အတိုင်း ပြုလုပ်ပြီး ဂိမ်းကို စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းစဥ်အတွက် လျှောက်ထားရပါမည်။

သို့သော် ဒါမတိုင်ခင် ဂိမ်း၏ အမည်နှင့် အကျဥ်းချုပ်ကို စဥ်းစားရဦးမည်။

သူ အရင်က တွေးထားသည့် စာသားအတိုင်း ပေးဖို့ စဥ်းစားထား၏။ နာမည်နှင့် အကျဥ်းချုပ်က အလွန်ရိုးရှင်းလွန်းသဖြင့် ဂိမ်မာများ နားမလည်နိုင် သို့မဟုတ် ဂိမ်း၏ အကြောင်းအရာကို မခန့်မှန်းနိုင်အောင် ဖန်တီးရမည်။

ရေပန်းစားနေသည့် မည်သည့်စကားလုံးမျိုးမှ မပါရင် ပိုကောင်းသည်။

ဥပမာအားဖြင့် 'သုံးပြည်ထောင်' ဆိုသည့် စကားလုံး ဂိမ်းနာမည်တွင် မပါသင့်ပါ။

မဟုတ်ပါက သုံးပြည်ထောင်ကို သဘောကျသည့် ဂိမ်မာများက ထိုစကားလုံးများကိုရှာဖွေရင်း ဒီဂိမ်းကို တွေ့ကြကာ ဒေါင်းလုတ်ဆွဲ ကစားနိုင်ကြသည်။

ခဏလောက်စဥ်းစားပြီးနောက် ဖေးချမ့် အကြံတစ်ခုရသွားပြီး ဂိမ်းနာမည်နှင့် အကျဥ်းချုပ်ကို စတင်ရေးသားတော့သည်။

အမည် : တစ္ဆေ စစ်သူကြီး

အကျဥ်းချုပ် : ဘာမှ အသစ်အဆန်းမပါသည့် ကတ်ဂိမ်းတစ်ခု ဖြစ်ပါသည်။

ရောင်းစျေး : ၁၀ ယွမ် + ဂိမ်းတွင်းဝယ်ယူမှုများ

နာမည်နှင့် အကျဥ်းချုပ်ကိုပဲ ဖတ်ရှုလိုက်ရုံနဲ့ ဂိမ်မာတွေက ဘာဂိမ်းမှန်း ခန့်မှန်းလို့ရမှာမဟုတ်မှန်း သူသေချာသွားပါသည်။

တစ်ချိန်တည်းမှာပင် စဦး ၁၀ ယွမ် အတားအဆီးကြီးက မတော်တဆ ဒီဂိမ်းကို တွေ့မိသော ဂိမ်မာများအတွက် လက်မခံနိုင်စရာ ပမာဏဖြစ်ဖို့ လုံလောက်ပါသည်။

အထီးကျန်ကန္တာရလမ်းနှင့် ယှဥ်လျှင် ဒီဂိမ်းက ဆိုဒ်ပိုကြီးသည်။ ဘာပဲဖြစ်ဖြစ် အကြောင်းအရာများစွာ ပိုပါသည့် မိုဘိုင်းဂိမ်း တစ်ခုပဲ မဟုတ်ပါလား။

ထို့ကြောင့် စမ်းသပ်စစ်ဆေးရေး လုပ်ငန်းစဥ်က နည်းနည်းလောက် ပိုကြာနိုင်ပြီး အစာဆုံး နောက်တစ်နေ့မှ ပြီးနိုင်သည်။

အားလုံးကို ပြင်ဆင်ပြီးသောအခါ မနေ့က ဖေးချမ့်၏ ပူပန်မှုအားလုံး ပျောက်ဆုံးသွားခဲ့ရလေသည်။

ဂိမ်းရဲ့ မူရင်းပန်ချီပုံတွေက အရည်အသွေးကောင်းလည်း ဘာဖြစ်လဲကွာ။

ဒီဂိမ်းရှိနေမှန်းတောင်မသိရင် ဂိမ်မာတွေက ဘယ်လိုလုပ် မူရင်းပန်းချီပုံတွေကို မြင်နိုင်မှာလဲ။

ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်ရင်း ဖေးချမ့်က ရွှင်လန်းစွာဖြင့် Back End ကို ပိတ်လိုက်ပါသည်။ နောက်တစ်ပတ်ကြာလျှင် ရောက်လာမည့် ငွေစာရင်းရှင်းသည့်နေ့ကို အပြည့်အဝ မျှော်လင့်ထား၏။

ယွမ် ၃၀၀,၀၀၀ ရပြီးနောက် စားကောင်းသောက်ဖွယ်များကို ငပျင်းတစ်ယောက်လို ပျော်ပျော်ကြီး စားသောက်နေပြီး  နေ့ရက်များကို ကုန်ဆုံးရမည့် တောက်ပသော သူ့အနာဂတ်ကို မြင်ယောင်နေမိပါပြီ။

...

...

ထိုနေ့ နေ့လည်ခင်းက ရွမ်ကွမ်းကျန့်တစ်ယောက် ဗိုက်ဆာဆာဖြင့် နိုးလာခဲ့သည်။

တခြားသူများလည်း နိုးလာခဲ့ပါပြီ။

ဟွမ်ကြီးက အသင့်စား ခေါက်ဆွဲဗူးများနှင့် အမှိုက်သရိုက်မျိုးစုံကို အမှိုက်အိတ်ထဲထည့်ရင်း အဆောင်ကို သန့်ရှင်းရေးလုပ်နေ၏။ အမှိုက်အားလုံးကို လွှင့်ပစ်ဖို့ အသင့်ဖြစ်နေပါပြီ။

"ကွမ်းကျန် မင်းနိုးလာပြီလား။ ဘယ်လိုနေလဲ အလုပ်ကို အပ်လိုက်ပြီလား။ အလုပ်ရှင်က ပြုပြင်ပေးဖို့ တောင်းဆိုသေးလား" ဟွမ်ကြီးက သန့်ရှင်းရေးလုပ်ရင်း မေးလိုက်ပါသည်။

ရွမ်ကွမ်းကျန့်က အိပ်ယာထဲမှ ထလာ၏။ "ဟင့်အင်း ဘော့စ်ဖေးက အရမ်းကြိုက်ပြီး ဘာမှ ပြင်စရာမလိုဘူးလို့ ပြောလိုက်တယ်။"

"အရမ်းကြိုက်တယ် ဟုတ်လား" ဟွမ်ကြီး အံ့အားသင့်သွားသည်။ "ဘယ်လိုတောင် သဘောကောင်းလိုက်တဲ့ အလုပ်ရှင်လဲကွ။ တစ်ခုတစ်လေလေးတောင် ပြုပြင်ဖို့ မတောင်းဆိုဘူးလား။"

ရွမ်ကွမ်းကျန့်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဟုတ်တယ်။ ငါတို့ရဲ့ မူရင်း ပန်းချီပုံတွေက ပြင်ဆင်ဖို့ လိုအပ်တာမျိုး မဟုတ်ပေမယ့် တချို့ချီးထုပ် အလုပ်ရှင်တွေက ပုံမှန်ဆို... အမ် ခေါက်ဆွဲဗူးတွေ မရှိတော့ဘူးလား။"

"အေး ငါတို့အကုန်တီးလိုက်ပြီ။ ဒီနေ့ည အောင်ပွဲခံတဲ့အနေနဲ့ အပြင်မှာ ထွက်စားကြရအောင်" ဟွမ်ကြီးက အကြံပေးလိုက်သည်။

ရွမ်ကွမ်းကျန့်က သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တာပေါ့။ ငါလည်းအဲ့လို လုပ်ဖို့ စဥ်းစားနေတာ။ ငါတို့ ဝေစုမခွဲခင် စားကောင်းသောက်ကောင်းလေး သွားဆွဲကြတာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အားလုံးအတွက် ခက်ခဲခဲ့မှာပဲ။"

"အောင်မယ်လေး မင်းက အခက်ခဲဆုံးပါကွာ" ဟွမ်ကြီးက အမှိုက်အိတ်ကြီးကို ဆွဲသွားရင်း ပြန်ပြောလိုက်ပါသည်။

ရွမ်ကွမ်းကျန့်လည်း ဖေးချမ့်က သူ့မူရင်းပန်းချီပုံများကို ဘာမှ အထွန့်မတက်ဘဲ လက်ခံလိမ့်မည်ဟု မထင်ထားခဲ့ပါ။

ပုံမှန်ဆို အလုပ်ရှင်များက ပရောဂျက်ကို အလွန်အမင်း စိတ်ကျေနပ်ရင်တောင် တချို့ ပြဿနာ သေးသေးလေးများကို ပုံကြီးချဲ့တတ်ကြသေးသည်။

အလုပ်ရှင်၏ အပြစ်ဟု ပြောတာထက် လုပ်ငန်းစဥ်တွင် ဖြစ်နေကျ ပြဿနာတစ်ခုပဲ ဖြစ်သည်။

အချိန်အတော်များများတွင် အလုပ်ရှင်က လူတစ်ဦးတစ်ယောက်တည်း ဟုတ်မနေဘဲ ယူနစ်တစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခုဖြစ်နေတတ်ပါသည်။

အလွတ်တမ်း အလုပ်သမားများနှင့်ဆက်သွယ်လာသည့် လူက ထိုအလုပ်ရှင်ကုမ္ပဏီများ၏ ဝန်ထမ်းတစ်ဦးသက်သက်သာ ဖြစ်နိုင်သည်။

အလွတ်တမ်း အလုပ်သမားများကိုသာ ပရောဂျက် အပ်လိုက်ပြီး အလုပ်ရှင်ဘက်မှ တာဝန်ရှိသူက ဘာပြဿနာမှမရှာဘဲ လက်ခံလိုက်လျှင် သူ့အထက်လူကြီးများကို တင်ပြရာ၌ အခက်အခဲ ရှိနိုင်ပါသည်။

အဆုံးသတ်ထုတ်ကုန်တွင် ဝန်ထမ်းက ဘာပြဿနာမှ ရှာမတွေ့ဟူသည့်အချက်က သူ အလုပ် သေချာမလုပ်သော်လည်း သူ့ကိုအသုံးမဝင်သလို ဖြစ်သွားစေသည်။

ထို့ကြောင့် အလုပ်ရှင်က သူတို့ အလုပ်ကို ကောင်းကောင်း လုပ်နေသည့်ပုံပေါက်အောင် ပြဿနာသေးသေးလေးများကို ပုံကြီးချဲ့တတ်ကြခြင်း ဖြစ်ပါသည်။

တကယ်တော့ တချို့သော စိတ်ပျက်စရာ အဖြစ်အပျက်များပင် ရှိတတ်ပါသေးသည်။ ဥပမာအားဖြင့် 'ပထမ ပုံကြမ်းကိုပဲ ပြန်သုံးရအောင်' ဆိုတာမျိုးပင် ဖြစ်သည်။

ဒီတစ်ခေါက်တော့ နတ်သားလို သဘောကောင်းသည့် အလုပ်ရှင်နှင့်တွေ့ရတာ ရွမ်ကွမ်းကျန့်တစ်ယောက် ဝမ်းသာမိပါသည်။

ငွေကိုလည်း စျေးမဆစ်ဘဲ ရှင်းရှင်းလင်းလင်း ဆောင်ရွက်ပေးခဲ့သည်။ သူတို့၏ အခကြေးငွေကိုပင် တိုးပေးခဲ့သေးသည်။

လိုအပ်ချက်ဖောင်ကလည်း အလွန်လွယ်ကူ၏။ ဒီဇိုင်းကို သူတို့စိတ်တိုင်းကျ ရေးဆွဲနိုင်သည်။

ဒီဇိုင်းများအတွက် ဘာပြန်လည် ပြုပြင်ဖို့မှ မလိုဘဲ ကျေကျေနပ်နပ်ကြီး လက်ခံသွားခဲ့သည်။

ထို့ကြောင့် ရွမ်ကွမ်းကျန့် ရှက်ရွံ့သလိုလို ဖြစ်မိ၏။

သို့သော်လည်း ဒီလိုအရည်အသွေးမြင့် မူရင်း ပန်းချီပုံများကို ပေးနိုင်ဖို့ သူဘယ်လောက် အားစိုက်ထုတ်ခဲ့ရမှန်း စဥ်းစားကြည့်လိုက်သောအခါ ရွမ်ကွမ်းကျန့် ဘာပြဿနာမှ မတွေ့နိုင်တော့ပါ။

သူပြောနိုင်တာဆိုလို့ ရိုးသားဖြောင့်မတ်သည့် လူများနှင့် အလုပ်လုပ်ရတာ အလွန်ကောင်းမွန်သောာ အတွေ့အကြုံတစ်ခုဖြစ်ပါသည်။

သုံးပတ်စလုံး အစားအသောက် ဆင်းရဲခဲ့ကြပြီးနောက် ငွေလည်း ရရှိလာခဲ့ပြီးပြီဖြစ်သောကြောင့် သူ့အတန်းဖော်များ စားကောင်းသောက်ကောင်းများ စားသုံးဖို့ အချိန်ကျပါပြီ။

ရွမ်ကွမ်းကျန့်က သူတို့ကို ကျောင်းနားက စားသောက်ဆိုင်ငယ်တစ်ဆိုင်ထံ ခေါ်သွားပြီး အခန်းတစ်ခန်းငှားကာ အနီးအနားရှိ စူပါမားကတ်မှ ဘီယာ နှစ်ဖာကို ဝယ်ခဲ့သည်။

သူတို့ကိုယ်သူတို့ ပြုစုဖို့ဖြစ်ပြီး မူးတဲ့အထိ သောက်ကြမည်ဖြစ်ပါသည်။

"ဟုတ်သားပဲ ကွမ်းကျန်။ ငါတို့ မူရင်းပန်းချီပုံတွေနဲ့ ဘယ်လို ဂိမ်းမျိုးကို လုပ်မှာလဲ။ ဘယ်တော့ ဂိမ်းကို ဖြန့်ချိမှာလဲ" ဟွမ်ကြီးက ရုတ်တရက် အလွန်အရေးကြီးသည့် မေးခွန်းတစ်ခုကို သတိရကာ လိုက်ပွဲကို စားသုံးရင်း မေးလိုက်၏။

သူတို့ ပါဝင်ကြိုးစားထားသည့် ဂိမ်းကို မြန်မြန်တွေ့ချင်မိတာ သာမန်ပဲဖြစ်ပါသည်။

နာမည်ကြီးသွားလျှင် ပို၍ပင် ကောင်းသည်။

"ဘယ်တော့ဖြန့်ချိမလဲ ငါလည်းမသိဘူးကွ။ မမေးလိုက်ဘူး။ ဒါပေမယ့် အဲ့ဒီဂိမ်းတွေကို စမ်းသပ်ချက်အကြိမ်ကြိမ်လုပ်ပြီးမှ ဖြန့်ချိလို့ ရတာမဟုတ်လား။ အရမ်းမြန်မြန်တော့ ဖြန့်ချိနိုင်မယ် မထင်ဘူး။"

"ဟုတ်သား ငါစစ်ကြည့်လို့ရတာပဲ။"

ရွမ်ကွမ်းကျန့်တွင် ESRO ၏ ရင်းမြစ်ဝက်ဘ်ဆိုက်၌ အကောင့်တစ်ကောင့်ရှိပါသည်။ ဖေးချမ့်၏ အကောင့်ထဲ ဝင်ကြည့်ပြီး သူ့ကုမ္ပဏီကို ရှာကာ အရင်တုန်းက သူတို့ဖန်တီးထားဖူးသော ဂိမ်းများကို စစ်ကြည့်နိုင်၏။

"မင်းမေလင် အထီးကျန်ကန္တာရလမ်းကို ဒီကုမ္ပဏီက လုပ်ထားတာလားဟ။"

ရွမ်ကွမ်းကျန့် ကြက်သေ သေသွားပါသည်။

ထိုစုတ်ပြတ်နေသည့် ဂိမ်းကို သူကြားဖူးတာ ကြာပါပြီ။ သူ မကစားဖူးသော်လည်း ထိုဂိမ်းအကြောင်း မျိုးစုံကို အရင်တုန်းက ကြားခဲ့ဖူးပါသည်။

ထို့နောက် ဒုတိယဂိမ်းကိုကြည့်လိုက်၏။

"တစ္ဆေစစ်သူကြီးလို့ ခေါ်တယ်။ စမ်းသပ် စစ်ဆေးနေပြီဖြစ်တဲ့ မိုဘိုင်းကတ်ဂိမ်းတဲ့၊ ဒါငါတို့ မူရင်းပန်းချီပုံတွေကို သုံးထားတဲ့ ဂိမ်းဖြစ်မယ်ကွ။"

"အဲ့တာဆို ငါတို့မကြာခင် ကစားရတော့မယ်ဆိုတဲ့ သဘောလား။"

"နေပါဦး မြန်လွန်းမနေဘူးလား... မူရင်းပန်းချီပုံတွေကို ဒီမနက်မှ ငါပို့လိုက်တာလေ... ပြီးတော့ ဒီနေ့နေ့လည်ခင်းမှာပဲ စမ်းသပ်စစ်ဆေးဖို့အတွက် တင်လိုက်ပြီတဲ့လား။ ဒါဆို မနက်ဖြန်ညကျရင် ငါတို့ ကစားလို့ ရပြီဆိုတဲ့ သဘောလား။"

ရွမ်ကွမ်းကျန့်သည် လျှပ်စီးလို လျှင်မြန်သော နှုန်းကြောင့် လုံးဝ မင်သက်နေရပါသည်။

ဂိမ်းအများစုဆို ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပတ်နဲ့ချီပြီး စစ်ဆေးခံရတာမဟုတ်လား။ ဂိမ်းထဲမှာ bug ပါသွားရင် ဘယ်လိုလုပ်မလဲ။

သို့သော်လည်း ဒီဂိမ်းက ဒီနေ့ချက်ချင်းပဲ ဖြန့်ချိလိုက်တာတဲ့လား။

ဟွမ်ကြီးက မြေပဲခွံကို ဝါးရင်းပြောလိုက်သည်။ "ပုံမှန်ပါပဲကွာ။ ဂိမ်းလုပ်ငန်းစဥ် တစ်ခုလုံးက ပြီးတာ ကြာနေပြီး ငါတို့ မူရင်းပန်းချီပုံတွေကို ထည့်ဖို့ပဲ စောင့်နေတာနေမှာပေါ့။ အဲ့တာ ဘာထူးဆန်းလို့လဲ။"

ရွမ်ကွမ်းကျန့်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟမ် ဟုတ်တာပေါ့။ မနက်ဖြန်ကျရင် ငါတို့ ဒေါင်းပြီး ကစားကြည့်လို့ ရပြီ။"

"လာစမ်းပါကွာ။ ဂိမ်းအကြောင်း မနက်ဖြန်မှ ပြောရအောင်။ အခု အရင်သောက်ကြမယ်" ဟွမ်ကြီးက ခွက်ကိုမြှောက်လိုက်ပြီး ရွှင်ပျစွာ ဖန်ခွက်ချင်း တိုက်လိုက်ကြပါသည်။ လုံးဝ မူးအောင်သောက်ဖို့ ဆုံးဖြတ်ထားကြ၏။

All Chapters