အခန်း(၂၁) ဒီဂိမ်းမာ ပြဿနာ ရှိနေတဲ့ပုံပဲ
Vol. 2 Ch. 21
အခန်း(၂၁) ဒီဂိမ်းမာ ပြဿနာ ရှိနေတဲ့ပုံပဲ
နောက်တစ်နေ့ နေ့လည်ခင်းတွင် ရွမ်ကွမ်းကျန့်က အနည်းငယ် အမူးမပြေသေးဘဲ အိပ်ယာထဲမှ တွားသွားကာ ထွက်လာ၏။
ကံကောင်းလို့ သူတို့ ဘီယာပဲ သောက်ခဲ့ပြီး အိပ်လိုက်ပြီးနောက် သူ့ခေါင်း တော်တော်လေး ကြည်လင်သွားပုံရပါသည်။
"သြော် ဟုတ်သားပဲ ဂိမ်း..."
ရွမ်ကွမ်းကျန့်က ရုတ်တရက် မှတ်မိသွားသည်။ အခုလောက်ဆို ဂိမ်းက စမ်းသပ် စစ်ဆေးခြင်း လုပ်ငန်းစဥ်ကို အောင်မြင်သွားလောက်ပြီ။
ရွမ်ကွမ်းကျန့်က သူ့ဖုန်းကို စိတ်မရှည်စွာ ထုတ်လိုက်ပြီး တရားဝင် ပလက်ဖောင်းပေါ်တွင် တစ္ဆေစစ်သူကြီးဂိမ်းကို ရှာကြည့်လိုက်ပါသည်။
ထိုမူရင်းပန်းချီပုံများက သူနှင့် သူ့အဆောင် အခန်းဖော်များ မအိပ်ရသည့် ညပေါင်းများစွာနှင့် ကိုယ့်သားသမီးလို ချစ်မြတ်နိုးပြီး ဖန်တီးခဲ့ရသော အရာများ ဖြစ်ကြသည်။ ထို့ကြောင့် ဒီဂိမ်းနာမည်ကြီးလာဖို့ သူမျှော်လင့်မိပါသည်။
ထိုအခါ သူ့ကိုယ်သူ Concept ဒီဇိုင်နာ ဟူသည့် ဘွဲ့ကို တရားဝင် ပေးအပ်နိုင်ပါလိမ့်မည်။
ထို့နောက် သူအလုပ်ရှာဖို့ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် ဒီလိုမူရင်းပန်းချီပုံများကိုသာ သူ့ကိုယ်ရေးစာမျက်နှာအောက်တွင် ထည့်ထားလိုက်ပါက သေချာပေါက် လွယ်ကူသွားနိုင်ပါသည်။
ထို့ကြောင့် သူက အလုပ်၏ ပြင်ပလူတစ်ယောက်သာဖြစ်သော်လည်း ဖေးချမ့်ထက်တောင် ပိုစိတ်ပူနေခြင်းဖြစ်ပါသည်။
"ဟာ ဂိမ်းက စမ်းသပ်ချက် လုပ်ငန်းစဥ်ကို အောင်သွားပြီပဲ။ မြန်မြန် မြန်မြန်လေး ဒေါင်းလိုက်ကြကွာ၊ တစ္ဆေစစ်သူကြီးလို့ ရှာကြည့်လိုက်ကြ။”
ဂိမ်း၏ အချက်အလက် မျက်နှာပြင်ကို ဖတ်ပြီးသောအခါ ရွမ်ကွမ်းကျန့် မျက်မှောင်ကြုတ်သွားပါသည်။
(ဘာလို့ ဒီလောက်ရိုးရှင်းနေတာလဲ)
အထူးသဖြင့် အကျဥ်းချုပ်ကို ကြည့်ပါဦး။ ဒီလူ့ကို ဝတ်ကျေတန်းကျေ အလုပ်လုပ်တယ်လို့ ပြောရင်တောင် ညှာတာရာ ကျဦးမည်။ သူဘာမှ သောက်ဂရုမစိုက်တာ သိသာာပါသည်။
အကျဥ်းချုပ် : ဘာမှ အသစ်အဆန်း မပါဝင်သည့် သာမန် ကတ်ဂိမ်းတစ်ခုဖြစ်ပါသည်။
??
(ဖန်တီးသူက သူ့ဂိမ်းကိုသူ အငြှိုးထားနေတာလား ဘာလား)
ထို့အပြင် တခြား ဂိမ်းများတွင် ဒီစာမျက်နှာအောက်၌ ပရိုမိုးရှင်းပုံများ သို့မဟုတ် လှပသည့် ပိုစတာများထည့်ရင်း ဂိမ်းကိုပိုသဘောကျလာအောင် လုပ်တတ်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်မာများ စိတ်ဝင်စားလာစေရန် ဂိမ်းထဲတွင် ရှိသည့် အကောင်းဆုံး ပန်းချီရင်းမြစ်များကို စုပုံထည့်ထားနိုင်၏။
တကယ့် ရုပ်ထွက်က ပရိုမိုးရှင်းထဲက ပုံများနဲ့ ကိုက်ညီနိုင်ပါ့မလားဆိုတာ အရေးမကြီးပါ။ ဝင်ကြည့်လာသည့် ဂိမ်မာများ၏ တချို့တဝက်ကို သူတို့ ဆက်လက် ထိန်းထားနိုင်ပါသည်။
သို့သော်လည်း တစ္ဆေစစ်သူကြီးဂိမ်းတွင် ဘာပုံမှ ရှိမနေပါ။
ထို့ကြောင့်လည်း ရွမ်ကွမ်းကျန့် ရှာကြည့်လိုက်သောအခါ စုစုပေါင်း ဒေါင်းလုတ်ပမာဏက သုညဖြစ်နေဆဲဖြစ်သည်။ ဖေးချမ့်ကိုယ်တိုင်တောင် ဒေါင်းမကြည့်ရလောက်သေးပေ။
"ဂိမ်းက ခုလေးတင် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းစဥ်ကို အောင်ထားတာဆိုတော့ ပရိုမိုးရှင်းဆင်းဖို့ သူ အချိန်မရှိတာ နေမှာပါ... ဟုတ်တယ် အဲ့လိုပဲဖြစ်ရမယ်။"
ရွမ်ကွမ်းကျန့်က ကိုယ့်ကိုယ်ကို ဆင်ခြေပေးရင်း ဂိမ်းကို ဒေါင်းလုတ်ဆွဲပြီး ဝင်ကြည့်လိုက်သည်။
ဂိမ်း၏ ၁၀ ယွမ်တန်ဖိုးကိုတော့ သူ ဂရုမစိုက်ပါ။
အလွန်အခြေခံဆန်သည့် ကတ်ဂိမ်းတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၆ လလောက်က သုံးပြည်ထောင် တိုက်ပွဲ ကတ်ဂိမ်းနှင့် ကစားပုံချင်း ဆင်တူနေသည်။
သို့သော်လည်း မကောင်းတာတော့ မဟုတ်ပါ။
မိုဘိုင်းဂိမ်းများတွင် အလွန်အမင်း ရှုပ်ထွေးသည့် နည်းစနစ်များ သို့မဟုတ် ကစားပုံများ မလိုအပ်ပါ။ ဒီခေတ်ကြီးထဲတွင် စိတ်အေးလက်အေး ကစားနိုင်သည့် မိုဘိုင်းဂိမ်းများက ပိုရေပန်းစားနေဆဲ ဖြစ်ပါသည်။
ဂိမ်မာအများစုက တစ်နေကုန်မှ ၃ နာရီသာ ကစားနိုင်သည်။
ထို့ကြောင့် ထိုခေတ်ကာလက မိုဘိုင်းကတ်ဂိမ်းအမျိုးစုတွင် အလိုလျောက် ဂိမ်းကစားပုံများ ပါဝင်ကြ၏၊။ ဥပမာ အဆင့်များကို ရှင်းလင်းခြင်းနှင့် Energy ကို အသုံးပြုကာ ရန်သူကို ရှင်းလင်းခြင်း၊ ဂိမ်မာများ ဂိမ်းထဲတွင် ကစားရမည့် အခချိန်ကို ထိန်းချုပ်ဖို့အတွက် ဝင်ရောက်နိုင်သည့် အကြိမ်အရေအတွက်ကို ကန့်သတ်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်ခဲ့သည်။
အလွန် အဆင်ပြေချောမွေ့နေသည့် ဂိမ်းကစားပုံများကို ထည့်သွင်းခြင်းက သူတို့ကို အကျိုးကျေးဇူးဖြစ်စေမှာ မဟုတ်ပါ။
သို့သော်လည်း တစ်နှစ်လောက်နီးပါး လည်ပတ်နေခဲ့သော သုံးပြည်ထောင် ကတ်ဂိမ်းမျိုးအတွက် အတုအပများ ရှိလာသည်။
ဂိမ်းကစားပုံ အသစ်များက အားပိုစိုက်ထုတ်ရပြီး ဂိမ်မာများက ငြီးငွေ့ဖွယ်ကောင်းသည်ဟု ထင်လာရလောက်အောင် ဂိမ်းကို ဖျက်ဆီးပြစ်နိုင်ကြသည်။ ဂိမ်းက တစ်ချိန်လုံး ပုံစံတူကြီးပဲရှိနေပြီး ဘာအသစ်အဆန်းမှ ထပ်ပေါ်မလာပါက ထိုဂိမ်မာများ ပျင်းရိသွားနိုင်ပါသည်။
ထို့ကြောင့် သုံးပြည်ထောင် ကတ်ဂိမ်းက ၃ လကြာတိုင်း စကေးအသစ်များနှင့် ကတ်အသစ်များကို မိတ်ဆက်ဖို့အတွက် Update တင်ရသည်။ ထိုသို့ ပြုလုပ်ခြင်းက သူတို့ဂိမ်းကို ဖောင်းပွလာစေသော်လည်း သူတို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး။
သို့သော်လည်း ထိုကဲ့သို့ ပြဿနာမျိုးက တစ္ဆေစစ်သူကြီးဟု ခေါ်သော ဂိမ်းအသစ်မှာတော့ ဖြစ်လာမှ မဟုတ်ပါ။
သုံးပြည်ထောင် ကတ်ဂိမ်း၏ ကစားပုံအဟောင်းကို အသုံးပြုထားသော်လည်း ခေတ်မှီသည့် ဂိမ်းကစားနည်းမျိုးဖြစ်ကာ စျေးကွက်၏ ထောက်ခံချက်ကို ရထားပြီး ဂိမ်မာများက ပိုမို လက်ခံလာနိုင်ပါသည်။
လုပ်ဖို့လိုအပ်တာဆိုလို့ ဂိမ်မာများကို စိတ်ကျေနပ်စေဖို့ အနှစ်ချုပ်ပုံစံကို ပြောင်းလဲပစ်ဖို့သာ ဖြစ်သည်။
ထို့အပြင် ဂိမ်းထဲတွင် ပိုမိုအခြေခံဆန်သော ကစားပုံများ ပါဝင်သဖြင့် ကတ်ဂိမ်မာများက ငြီးငွေ့ဖွယ်၊ သို့မဟုတ် စိတ်ရှုပ်ဖွယ်ကောင်းသည်ဟု မထင်ဘဲ အမြန် နားလည်နိုင်ပါသည်။
ရွမ်ကွမ်းကျန့်က သိပ်မကြာခင် လူသစ်များနှင့် သင့်တော်သည့် ကတ်တချို့ကို ရနိင်ခဲ့ပါသည်။
အနှစ်ချုပ်လုပ်ဆောင်ချက်များကို ကြည့်လိုက်သောအခါ ကောင်မွန်လှသည်ဟု ခံစားမိပါသည်။
မူရင်းပန်းချီပုံများကို သူဆွဲနေစဥ်တုန်းက ဒါတွေကို ကတ်ဂိမ်းလို ဂိမ်းများတွင် အသုံးချမှာမှန်း သိသဖြင့် သူက တမင်သက်သက် ဇာတ်ကောင်များ လှုပ်ရှားနေသလို ခံစားရမည့် ထူးခြားသည့် ဒီဇိုင်းများကို ထည့်သွင်းခဲ့ပါသည်။
ဥပမာအားဖြင့် နဂါးကွမ်ယုက သူ့ဓားသွားကို လှုပ်ခါနေပြီး တစ်ယောက်ယောက်ကို ခုတ်ပိုင်းချင်သောအခါ သူ့ကတ်က လှုပ်ခါသွားလိမ့်မည်။ ဒါက ကစားသမားများကို ခံစားချက်တစ်ခု ပေးစွမ်းနိုင်ပါ၏။
ထိုပန်းချီပုံများကို ပိုပြီးကြည့်မိလေလေ ရွမ်ကွမ်းကျန့် ပိုပြီး ဂုဏ်ယူလာလေလေ ဖြစ်ပါသည်။
"သေချာတယ်။ ဒီလောက် ပြီးပြည့်စုံတဲ့ မူရင်း ပန်းချီပုံတွေ ဆွဲနိုင်တာ ငါတစ်ယောက်တည်းပဲ ရှိတယ်ကွ။"
အကတော့ သူ့ပန်းချီစတိုင်မှာ ကြည့်ရဆိုးပြီး ဂီမ်းနဲ့ လိုက်ဖက်မှု မရှိမှာကို ရွမ်ကွမ်းကျန့် စိတ်ပူနေခဲ့သည်။ သို့သော်လည်း အခုတော့ အားလုံး အဆင်ပြေနေသည့် ပုံပင်။
ကတ်များက လိုက်လျောညီထွေမှု ရှိရုံသာ မကဘဲ ဂိမ်းကိုလည်း ထူးခြားသော ခံစားချက်တစ်ခု ပေးစွမ်းနေ၏။
လှပသည့် ကတ်များနှင့် ကောင်းမွန်သည့် မျက်နှာပြင် လုပ်ဆောင်ချက်များ၊ ဂီတနှင့် အသံလုပ်ဆောင်ချက် အသင့်အတင့်တို့က ရွမ်ကွမ်းကျန့်အား ကောင်းမွန်သော ကစားမှု အတွေ့အကြုံကို ပေးစွမ်းနေပါသည်။
တခြား မိုဘိုင်းကတ်ဂိမ်းများကိုလည်း ယခင်က ကစားဖူးသဖြင့် ရွမ်ကွမ်းကျန့် နားလည်သွားဖို့ အချိန်သိပ်မယူခဲ့ရပါ။
သို့မဟုတ် မူရင်းပန်းချီပုံများကို ဖန်တီးခဲ့တာ သူမို့လို့လားတော့မသိ။ ရွမ်ကွမ်းကျန့်အတွက် ဂိမ်းကို ပိုမို နှစ်သက်လို့ နေပါသည်။
မိနစ်အနည်းငယ်ကြာသောအခါ နေ့စဥ်ကတ်ဆွဲသည့် အပိုင်းသို့ ဝင်ရောက်ခဲ့ပါသည်။
ကတ်ဂိမ်းအများစုတွင် ကစားသမားများကို ရှားပါးကတ် တစ်ကတ်ဖြင့် ဆွဲဆောင်နိုင်ဖို့ အပိုင်းတစ်ခုပါဝင်၏။
အမှန်ပင်။ ဂိမ်း၏ Paywall က အလုပ်ဖြစ်မှာ သေချာစေဖို့အတွက် ကတ်တွေက သာမန် ခရမ်းရောင်ကတ်များသာ ဖြစ်တတ်သည်။ လူသစ်များအတွက် ကောင်းမွန်သည့် ပုံပေါ်သော်လည်း တကယ်တော့ သိပ်ပြီး အသုံးမဝင်ဘဲ နောက်ပိုင်းအဆင့်များတွင် အမှိုက်သာသာ ဖြစ်သွားမည့် ကတ်များ ဖြစ်ပါသည်။
ရွမ်ကွမ်းကျန့်က ထိုအချက်ကို ရှင်းရှင်းလင်းလင်း သိထားသည်။
သို့သော်လည်း ၁၀ ကြိမ်ဆက်တိုက် ဆွဲပြီးသွားသောအခါ သူ ကြက်သေ သေသွားရ၏။
သူ တကယ်ကြီး လိမ္မော်ရောင် ကတ်နှစ်ကတ်ကို ရလိုက်တာလား။
ရွမ်ကွမ်းကျန့်က ဂိမ်းထဲက ကတ်တန်ဖိုးများကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ဘာပဲဖြစ်ဖြစ် လိုအပ်ချက်ဖောင်တွင် စစ်သည်တော်များ၏ တစိတ်တပိုင်းကို ရှားပါးကတ်များအဖြစ် သုံးမည်ဟု ဖော်ပြထားသောကြောင့် ဖြစ်ပါသည်။
လောလောဆယ် စစ်သည်တော် နှစ်ယောက်ကို သူ ရရှိခဲ့ပါပြီ။ ကွမ်ယုနှင့် ကျူးကောလျန့်တို့ ဖြစ်သည်။ ထိုနှစ်ကတ်က စစ်မှန်သည့် အပြာရောင် ရှားပါးစစ်သည်တော်များဖြစ်ကြပြီး တကယ်တော့ ဂိမ်းထဲမှာ အရှားပါးဆုံး ဇာတ်ကောင်များပင် ဖြစ်ကြသည်။
ရွမ်ကွမ်းကျန့် လုံးဝ မှင်သက်သွားပါသည်။
ပထမဆုံး ထင်မိတာကတော့ ဒီဂိမ်းက စမ်းသပ်အဆင့်မှာပဲ ရှိနေသေးတာ ဖြစ်နိုင်သည်။ ထို့ကြောင့် ကတ်ဆွဲနှုန်းများကို မှားယွင်းစွာ သတ်မှတ်ထားပြီး ရှားပါး စစ်သည်တော်များ ရနိုင်ခြေ မြင့်မားနေခြင်း ဖြစ်ပါသည်။
သို့သော်လည်း နောက်ထပ် အဓိပ္ပာယ် မရှိဆုံး အရာတစ်ခုကို သိပ်မကြာခင် တွေ့လိုက်ရပြန်ပါသည်။
ရွမ်ကွမ်းကျန့် ထိတ်လန့်သွားရလောက်အောင် ဂိမ်းထဲက စတိုးတွင် ဝယ်ယူနိုင်သည့် ပစ္စည်းတစ်မျိုးသာ ရှိသည်။ - ရာသက်ပန် မန်ဘာဝင်ကတ်တဲ့။
မန်ဘာဝင်ကတ်ကို မဝယ်ယူထားသည့် ကစားသမားများက တစ်နေ့ကို ၁၀ ကြိမ်သာ ကတ်ဆွဲနိုင်ပြီး ဝယ်ယူထားသည့် ဂိမ်မာများကတော့ ၁၀ ကြိမ် နှစ်ခေါက် ဆွဲနိုင်ပါသည်။
ထို့အပြင် ရွမ်ကွမ်းကျန့် တခြား ဝယ်ယူနိုင်သည့် ပစ္စည်းများကိုလည်း ရှာမတွေ့၊ တခြား ပရီမီယံစနစ်ကဲ့သို့ အရာများကိုလည်း ရှာမတွေ့ပါ။
တစ်နည်းအားဖြင့် ဂိမ်းထဲတွင် ဝယ်ယူနိုင်သည့် အခြေအနေပါဝင်သော်လည်း ကစားသမား တစ်ယောက် အများဆုံး သုံးနိုင်သော ပမာဏမှာ ယွမ် ၃၀ သာဖြစ်သည်။ သူတို့ ဂိမ်းထဲ ငွေဖြည့်သွင်းချင်ရင်တောင် မသွင်းနိုင်ပါ။
"ဒါက... မဟုတ်မှလွဲရော ဂိမ်းက စမ်းသပ်ဆဲ အဆင့်မှာမို့လို့ လုပ်ဆောင်ချက်တွေက မပြည့်စုံသေးတာများလား။"
"ဒါပေမယ့် မဟုတ်သေးပါဘူး။ ဒါက ESRO ရဲ့စမ်းသပ် စစ်ဆေးချက် လုပ်ငန်းစဥ်တွေကို ကျော်ဖြတ်ပြီးသား ဗားရှင်းတွေပဲ မဟုတ်ဘူးလား။"
ရွမ်ကွမ်းကျန့်က တစ်ခုခုတော့ မှားယွင်းနေပြီဟု ခံစားလိုက်ရပါသည်။
ဖန်တီးသူများကသာ ဂိမ်းကို Update တင်ချင်၊ သို့မဟုတ် bug ပြင်ချင်ပါက ESROတွင် စမ်းသပ်စစ်ဆေးချက် လုပ်ငန်းစဥ် အသစ်တစ်ခုကို ထပ်မံ လျှောက်ထားရမည်။
ထို့အပြင် တစ်လကို စမ်းသပ်စစ်ဆေးချက် လျှောက်ထားနိုင်သည့် အကြိမ်ရေ အကန့်အသတ်လည်း ရှိသေးပြီး ESRO ၏ ဝန်ထမ်းများ အချိန်ဖြုန်းသလို မဖြစ်အောင် ထပ်ခါထပ်ခါ လုပ်လို့မရပါ။
ပုံမှန်ဆို စမ်းသပ်စစ်ဆေးချက် လုပ်ငန်းစဥ်အတွက် လျှောက်ထားသည့် ဂိမ်းက တကယ့်ဗားရှင်းအစစ် ဖြစ်နိုင်ပြီး ဒီလိုအသေးအဖွဲ ပြဿနာများ မရှိသင့်ပါ။
ဘာပဲဖြစ်ဖြစ် စမ်းသပ်ချက် အောင်မြင်သွားပြီ ဆိုတာနဲ့ ဂိမ်းကို တရားဝင် စတိုးတွင် ဖြန့်ချိပြီး ဂိမ်မာများက မြင်ကာ ဝယ်ယူနိုင်ကြတော့မည်ဖြစ်သည်။
ဂိမ်မာများ၏ အဆင်ပြေမှုအတွက် ဖန်တီးသူများက ဂိမ်းထဲက အကြောင်းအရာများကို မကြာခဏ မပြောင်းလဲသင့်ပါ။
ရွမ်ကွမ်းကျန့် လုံးဝ အကြံအိုက်သွားခဲ့ပါသည်။
အဆင့်နိမ့် Error မဟုတ်သဖြင့် ဖန်တီးသူက တမင်တကာ လုပ်ထားတာ ဖြစ်နိုင်ပါသည်။
တစ္ဆေစစ်သူကြီးဂိမ်းက ဒီလောက် ရိုးရှင်းနေတဲ့ မိုဘိုင်းကတ်ဂိမ်း ဖြစ်မယ်မှန်း သူ မထင်ခဲ့ပါ။
ဒါဆို သူတို့တွေ ဆိုးဆိုးဝါးဝါး အရှုံးပေါ်မသွားနိုင်ဘူးလား။