← Chapters

အခန်း(၃၀) စျေးပေါလှချည်လား

Vol. 2 Ch. 30

အခန်း(၃၀) စျေးပေါလှချည်လား

Vol. 2 Ch. 30

အခန်း(၃၀) စျေးပေါလှချည်လား

" ရှင်းဟိုက်လူတဲ့... အရင်တုန်းက နာမည်ကြီး စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဒုဥက္ကဌရဲ့ လက်ထောက်တဲ့။ ဘာလို့ အလုပ်ထွက်ခဲ့တာလဲဆိုတာကိုတော့ လျှောက်လွှာထဲမှာ ရေးထားတဲ့ပုံမပေါ်ဘူး။"

မန်နေဂျာလောရန့်စ်က ပြုံးလိုက်သည်။ "ခင်ဗျား သတင်းတွေမကြည့်ဘူးထင်တယ်နော် ဘော့စ်ဖေး။ ဒုဥက္ကဌက မူးလာတော့ သူကို မသင့်တော်တာတွေ လုပ်တော့ သူက ပြန်ခုခံခဲ့တယ်။ နောက်ဆုံးရလဒ်ကတော့ အဲ့ဒီ ဒုဥက္ကဌ အလုပ်ဖြုတ်ခံလိုက်ရပြီး လက်ထောက်ရှင်းက သူ့ဆန္ဒနဲ့သူ အလုပ်ထွက်လာခဲ့တာပါ။"

"အဲ့ဒီ မတော်တဆမှုကြောင့် အဲ့ဒီလုပ်ငန်းရဲ့ နာမည်ပေါ် ကြီးကြီးမားမား ထိခိုက်မှုရှိခဲ့ပြီး တကယ်တော့ မကြာသေးခင်ကအထိ အမုန်းစကားတွေ ရှိနေတုန်းပဲ။"

ဖေးချမ့်က အနည်းငယ် ကြောင်သွားပါသည်။ "ဒါဆို ဒီအမျိုးသမီးက တကယ်ပဲ အမျိုးသမီးတွေထဲက သူရဲကောင်းတစ်ယောက်ပေါ့။"

မန်နေဂျာ လောရန့်စ်က ခေါင်းငြိမ့်ပြလိုက်ပါသည်။ "အဲ့လိုပြောလို့ရမယ် ထင်ပါတယ်။ ဧကန္တ ကုမ္ပဏီအကြီးကြီးတစ်ခုထဲမှာ နေရတဲ့ အတွေ့အကြုံကြောင့် သူစိတ်ပင်ပန်းလာလို့ ကုမ္ပဏီအသေးစား... အဲ မဟုတ်သေးပါဘူး အသစ်စက်စက် တည်ထောင်ထားတဲ့ ကုမ္ပဏီကို ဝင်ရလည်း မမှုတော့တာ ဖြစ်နိုင်တယ်။ ယုတ္တိရှိပြီး လုပ်ငန်းရှုထောင့်ကနေ ကြည့်ခြင်းအားဖြင့် သူက အကောင်းဆုံး လျှောက်ထားသူပါပဲ။"

မန်နေဂျာလောရန့်စ်ပြောသည့် 'လုပ်ငန်းရှုထောင့်' ဆိုသည်မှာ တခြားစဥ်းစားချင့်ချိန်မှုများအတွက် ဒီလို အကောင်းတကာ့ အကောင်းဆုံး မဖြစ်နိုင်လောက်ပါဘူးဟူ၍ ရှင်းရှင်းလင်းလင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။

ဖေးချမ့် ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပါသည်။ "ဟုတ်ပြီ။ ဒါဆိုလည်း သူ့ကို ရွေးမယ်။"

"ဒါပေမယ့် ကျွန်တော်တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်။"

မန်နေဂျာ လောရန့်စ်က နောက်တစ်ခေါက် ခေါင်းငြိမ့်လိုက်ပြန်ပါသည်။ "ကျေးဇူးပြုပြီး ပြောသာ ပြောပါ။ တောင်းဆိုချက်က စည်းမကျော်သရွေ့ ညှိနှိုင်းလို့ရမယ်ဆိုတာ သေချာပါတယ်။"

"ကျွန်တော် ခိုင်းမှသာ ကျွန်တော့်ကို အကြံပေးပြီး တခြားအခြေအနေတွေမှာဆို ဘာပဲဖြစ်ဖြစ် တိတ်တိတ်ကလေး နေပေးပြီး မေးခွန်းအရမ်းမမေးရဘူး" ဖေးချမ့်က ပြောလိုက်ပါသည်။

မန်နေဂျာ လောရန့်စ်က ပြုံးလိုက်ပါသည်။ "အသေအချာပဲပေါ့ဗျာ။ ခင်ဗျားမပြောရင်တောင် အဲ့တာလက်ထောက်တစ်ယောက် ဖြစ်ဖို့အတွက် လုပ်ငန်းသဘော လိုအပ်ချက် တစ်ခုပဲလေ။"

...

...

သုံးရက်ကြာသောအခါ၊ တနင်္လာနေ့တွင်။

Cayenne ကားကြီးတစ်စီးက ကျင်းကျိုးမြို့တော်ထဲရှိ တန်ဖိုးအကြီးဆုံး ရုံးအဆောက်အဦးကြီးဖြစ်သော ရှန်းဟွာဗျူး၏ လော်ဘီတွင် ရပ်တန့်လိုက်ပါသည်။

"ဘော့စ်ဖေး ကျွန်မတို့ ရောက်ပါပြီရှင့်။"

ရှင်းဟိုက်လူက ဖေးချမ့်အတွက် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး သူ့ကို ရုံးအဆောက်အဦးထဲသို့ ရှေ့မှ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။

ဝန်ထမ်းရှာဖွေရေး အဖွဲ့အစည်း၏ ကျေးဇူးကြောင့် ရှင်းဟိုက်လူက ထန်းတာ့နက်ခ်ဝါ့ ကုမ္ပဏီ လိမိတက်၏ တတိယဝန်ထမ်း တရားဝင် ဖြစ်လာခဲ့ပြီး ဥက္ကဌကြီး၏ လက်ထောက်လည်း ဖြစ်ပါသည်။

ရှင်းဟိုက်လူက စီးပွားရေးလောကတွင် အတော်အတန် အောင်မြင်သည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ပြစ်မျိုးမှဲ့မထင်သော အချက်များနှင့် အဆင့်အတန်းတို့ကြောင့် သူမ၏ အင်္ကျီနှင့် လုပ်ငန်းစကတ်များအောက်တွင် ဖုံးကွယ်နေသည့် ကိုယ်ခန္ဓာ အလှတရားကပင် အပြစ်ပြောစရာမရှိပါ။

ရှုထောင့်တစ်ခုချင်းစီတိုင်းက ဖေးချမ့် လိုအပ်သော ပြီးပြည့်စုံသည့် လက်ထောက် ဖြစ်နေပါသည်။

ပညာတတ်ဖြစ်ပြီး နိုင်ငံခြား ဘာသာစကား သုံးမျိုးကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသေးသည်။ သူမက လှပကြော့ရှင်းကာ ဣန္ဒြေရှိစွာ စကားပြောတတ်သူလည်း ဖြစ်ပါသည်။ လူများနှင့် ပြောဆိုဆက်ဆံရာတွင် လိမ္မာပါးနပ်သူဖြစ်ပြီး စီးပွားရေးလုပ်ရာတွင် စိတ်ရှည်တတ်ကာ ကိုယ်လုပ်ဖို့လိုအပ်တာထက် မည်သည့် မေးခွန်းကိုမှ မမေးတတ်ပါ။

သူတို့ ရက်ပိုင်းအနည်းငယ်လောက်သာ အတူတူ ရှိနေရသေးသော်လည်း ဖေးချမ့် တစ်ခုခုကို ခံစားနေမိပါပြီ...

အားကိုးရတယ်၊ တော်တယ်။

ဖေးချမ့် လက်တွန့်မနေပါ။ သူမ၏ မူလလစာထက် ၃၀ ရာခိုင်နှုန်း ပိုတိုးပေးကာ တစ်လကို ၃၀,၀၀၀ ပုံသေထားလျက် ခေါ်ယူခဲ့ပါသည်။

ဒါက ၂၀၀၉ ခုနှစ်ဖြစ်ပြီး ဟန်တုန်းတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများစွာက လစာ ၃,၀၀၀ လောက်ရဖို့ အလုပ်ကို အသည်းအသန် ရှာဖွေနေရချိန် ဖြစ်ပါသည်။

သူမ၏ လစာ အလွန်မြင့်မားရသည့် အကြောင်းအရင်း နှစ်ချက် ရှိ၏။

ပထမဆုံး ဖေးချမ့်၏ ထန်းတာ့ နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီလိမိတက်က အသစ်တည်ထောာင်ထားခြင်း ဖြစ်သည်။ ရှင်းဟိုက်လူ၏ အရင်အတွေ့အကြုံများနှင့် ယှဥ်ကြည့်လျှင် ဖွံ့ဖြိုးဖို့ မျှော်လင့်ချက် များများစားစား သိပ်မရှိသဖြင့် သူမကို လစာမြင့်မြင့်ဖြင့်သာ ခေါ်ယူနိုင်ခြင်း ဖြစ်ပါသည်။

အစကတည်းက သူမ အလွန်တော်သဖြင့် သူမ၏ ပုံမှန်လစာမှာ အလွန်မြင့်မားနေပါပြီ။ ထပ်တိုး ၃၀ ရာခိုင်နှုန်းကြောင့် သူ၏ လစာက လွန်ကြူးလှသည်ဟု ထင်ရသည့် အကြောင်းအရင်းဖြစ်ပါသည်။

ဒုတိယက ဖေးချမ့်၏ ပန်းတိုင်မှာ ငွေတွေကို အရူးအမူး ဖြုန်းတီးပစ်ချင်သောကြောင့် အလွန် စျေးကြီးသော လူတစ်ယောက်ကို ငှားရမ်းတာ ပုံမှန်သာဖြစ်ပါသည်။ ဒီလို အစွမ်းအစမျိုးရှိသည့် ရှင်းဟိုက်လူလို ပါရမီရှင်မျိုးအတွက် သူမကို လစာ အနည်းငယ် ပိုပေးရင်တောင် စည်းကမ်းချိုးဖောက်သည်ဟု စနစ်က သတ်မှတ်မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ဖေးချမ့်က မာယန်လို လူမျိုးကိုတောင် လစာ ၃,၀၀၀ ပေးခဲ့တာပဲ မဟုတ်လား...။

ထို Cayenne ကားကြီးကိုလည်း ကုမ္ပဏီ၏ အမည်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။

အစကတော့ ကုမ္ပဏီ၏ အမည်ဖြင့် ဖေးချမ့် ကားတစ်စီး ဝယ်ချင်သော်လည်း စနစ်က ကန့်ကွက်ခဲ့ပါသည်။

သူကားတစ်စီးဝယ်တာ ကိစ္စမရှိသော်လည်း လိုအပ်သည့် စုစုပေါင်း ငွေပမာဏက ကုမ္ပဏီ၏ လက်ရှိ ရန်ပုံငွေအပေါ် မူတည်နေပြီး တရားလွန် စျေးကြီးသည့် အရာမှန်သမျှကို ဝယ်ယူနိုင်မည် မဟုတ်ပေ။

စျေးပေါသည့်ကားတစ်စီးကို ဝယ်လျှင်လည်း ဘယ်လောက်တောင် အဓိပ္ပာယ်ကင်းမဲ့လိုက်မလဲဟု ဖေးချမ့် စဥ်းစားခဲ့ပါသည်။

တဖြည်းဖြည်းနှင့် သူ့ပုံရိပ်ကို ခမ်းနားစေဖို့ Cayenne ကားကြီးကို ငှားရမ်းဖို့ ဆုံးဖြတ်လိုက်ပါသည်။

ကား၏ ငှားရမ်းခက သိပ်မများသော်လည်း ငွေဖြုန်းတီးရာတွင် ပမာဏတိုင်းကို ထည့်တွက်ရပါသည်။

ဖေးချမ့်က ဘယ်လို အခွင့်အရေးမျိုးကိုမှ လက်လွှတ်ခံမည်မဟုတ်ပေ။

ရှန်းဟွာဗျူးကို မောင်းလာရသည့် ရည်ရွယ်ချက်ကလည်း ရုံးနေရာတစ်ခုငှားဖို့ပဲ ဖြစ်သည်။

ဒါက ကျင်းကျိုးမြို့တစ်မြို့လုံးတွင် တန်ဖိုးအကြီးဆုံး ရုံးအဆောက်အဦးတစ်ခုဖြစ်သည်။ ၁ စတုရန်းမီတာကို ၅ ယွမ် ရှိလိမ့်မည်ဟု ဖေးချမ့် ခန့်မှန်းထား၏။

တစ်ရက်ကို ၁ စတုရန်းမီတာ ၅ ယွမ် ကျသင့်သည်။

ဒီအပြိုင်ကမ္ဘာတွင် ၂၀၀၉ ခုနှစ်ရှိနေပြီ ဖြစ်ပြီး ဟန်တုန်းပြည်နယ်၏ မြို့တော် ကျင်းကျိုးမြို့မှာ ဒုတိယအဆင့်မှီ မြို့တော်တစ်ခု ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင် ပေကျင်းမြို့မှာသာဆို ပမာဏက အနည်းဆုံး ၃ ဆတိုးသွားပါလိမ့်မည်။

ကျင်းကျိုးမြို့တော်နှင့် တခြားဆင်တူသော ရုံးအဆောက်အဦးများအတွက် ပျမ်းမျှစျေးက ၂ယွမ် ၃ယွမ်လောက်ရှိသည်။

သို့သော်လည်း ရှန်းဟွာဗျူးက အဆင့်မြင့် နေရာတစ်ခုဖြစ်ပြီး အနုစိပ်ကျသော ဒီဇိုင်းများကြောင့် စျေးပိုကြီးခြင်း ဖြစ်ပါသည်။

တခြားကုမ္ပဏီများအတွက်တော့ ဒါက အပြစ်အနာ အဆာတစ်ခု ဖြစ်နိုင်သည်။

သို့သော်လည်း ဖေးချမ့်အတွက် အလွန်အမင်း အားသာချက်တစ်ခု ဖြစ်ပါသည်။

သူသဘောကျရသည့် အကြောင်းအရင်းက စျေးအလွန်ကြီးနေသောကြောင့် ဖြစ်ပါသည်။

ရှင်းဟိုက်လူက လော်ဘီထဲ ဝင်လာပြီး ဝန်ထမ်းဆီသို့ လျှောက်သွားလိုက်သည်။ ယခု သူ့မတွင် လက်ထောက်တစ်ယောက် ရှိနေပြီ ဖြစ်သဖြင့် ဖေးချမ့်ကိုယ်တိုင် အားလုံးကို လုပ်ဖို့မလိုအပ်တော့ပါ။

ရုံးအဆောက်အဦးထဲက ဝန်ထမ်းအားလုံးက ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြပါသည်။

တစ်ဖက်တွင် ဖေးချမ့်ကတော့ သာမန်ကုတ်အင်္ကျီနှင့် ဘောင်းဘီတို့ကိုသာ ဝတ်ဆင်ထားသည်။

သို့သော် ဒီလိုနေရာမျိုးတွင် ဖေးချမ့် နည်းနည်းလေးတောင် နေရမခက်ပါ။ ရာသီဥတု နည်းနည်း အေးသောကြောင့်သာ ကြက်သီး နည်းနည်းထမိပါသည်။

ဖေးချမ့်၏ မွေးရာပါ ယုံကြည်ချက်ပြည့်ဝမှုကြောင့်ဟု ဆိုမည့်အစား သူ့တွင် လက်ထောက်ရှင်း ရှိနေသောကြောင့်ဟု ပြောရင် ပိုမှန်ပါမည်။

လူတစ်ယောက်က ဘယ်လောက်ပဲ အရပ်ပုပု၊ ဝဝ၊ အရုပ်ဆိုးဆိုး၊ သူ့ဘေးမှာ ငယ်ငယ်ရွယ်ရွယ်၊ လှလှပပ၊ အဆင့်အတန်းမြင့်မြင့် အမျိုးသမီးတစ်ယောက်ရှိနေပါက သူချမ်းသာကြွယ်ဝနေသည်ဟု ပြသနေသည့် လက္ခဏာဖြစ်ပါသည်။

ထို့အပြင် ဖေးချမ့်က အရပ်လည်းမပု၊ ဝလည်း မဝ၊ ရုပ်လည်းမဆိုးပါ။ သူက နည်းနည်း ချောပါသည်။

ယခုခေတ်တွင် ရုပ်ဆိုးလွန်းသည့် လူတိုင်းက ပြန်လည်မွေးဖွားဖို့ အခွင့်အရေးရှိမည် မဟုတ်ပေ။

စာဖတ်သူများ ဇာတ်လမ်းကို ဖတ်ရခက်သွား စေနိုင်၏။

...

ခဏလောက်ကြာသောအခါ မန်နေဂျာက ဖေးချမ့်ရှေ့သို့ ပြုံးကာဖြင့် ရောက်လာခဲ့ပါသည်။

"ဟိုင်း ဘော့စ်ဖေး။ ကျွန်တော်က မန်နေဂျာကျန်းပါ။ ဘာပဲ လိုအပ် လိုအပ် ကျွန်တော့်ကို အသိပေးပါနော်။”

မန်နေဂျာကျန်းက ဖေးချမ့်၏ နောက်ခံကို မသိသော်လည်း သူလက်ထောက်က ရှင်းဟိုက်လူဖြစ်နေသည် ဆိုသော အချက်ကြောင့် ဒီလူ သာမန်လူမဟုတ်တာ သေချာပါသည်။

ဖေးချမ့်၏ အဝတ်အစားများက အလွန်သာမန်မျှဖြစ်ပြီး အလွန်လည်း ငယ်ရွယ်သည့်ပုံပင်။ ဘယ်ထောင့်က ကြည့်ကြည့် သူက ဆင်းရဲသည့် လစာစား ဝန်ထမ်းတစ်ယောက်နဲ့ တူပါသည်။

သို့သော်လည်း ရှင်းဟိုက်လူလို ကျောထောက် နောက်ခံမျိုး ရထားတာတဲ့လား။ ထိုအချက်ကြောင့် သူ့အား အသေးအဖွဲကိစ္စများကို ဂရုမစိုက်ဘဲ ကိစ္စများကို ဖြေရှင်းရာတွင် ပြိုင်ဘက်ကင်းသော ဒုတိယမျိုးဆက် သူဌေးသား ဖြစ်သွားစေပါသည်။

မဟုတ်မှလွဲရော ဒုတိယမျိုးဆက် သူဌေးသားတွေက ဒီလိုစတိုင်မျိုး ဝတ်ရတာကို ကြိုက်ကြတာလား။

မန်နေဂျာကျန်းက မပေါ့ဆရဲပါ။

"ဒီက အထပ်တစ်ထပ်ကို ရုံးနေရာတစ်ခုအဖြစ် ငှားချင်လို့ပါ" ဖေးချမ့်က လိုရင်းကို တန်းပြောခဲ့ပါသည်။

"ကောင်းပါပြီဗျာ။ တစ်ထပ်လုံးကို တခြား ကုမ္ပဏီတွေနဲ့ အတူတူမပူးပေါင်းဘဲ ငှားလိုတာ ဆိုရင် ကျွန်တော်တို့ရဲ့ ၁၇ ထပ်မြောက်က ဗလာကျင်းဖြစ်နေတုန်းပါပဲ။ ရှုခင်းကောင်းကောင်းလည်းရှိတယ်။ စစ်ကြည့်ဖို့ ကျွန်တော် ခေါ်သွားပေးရမလား" မန်နေဂျာကျန်းက စမ်းသပ်သော အပြုအမူမျိုးဖြင့် မေးလိုက်ပါသည်။

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းပြီ၊ သွားကြတာပေါ့။"

မန်နေဂျာကျန်း၏ ဦးဆောင်မှုအောက်တွင် သူတို့ ၃ ယောက်သား ရှန်းဟွာဗျူး၏ ၁၇ ထပ်မြောက်သို့ ရောက်လာခဲ့ကြပါသည်။

ဖုန်တစ်စတောင်မရှိဘဲ သန့်ရှင်းသပ်ရပ်နေပါသည်။

ဘာမှမရှိကြောင်း နောက်တစ်နည်း ပြောလို့ရပါသည်။

"ဟမ်းး... ရှုခင်းက ကောင်းသားပဲ။”

ဖေးချမ့်က မြို့တော်၏ ရှုခင်းကို အဆုံးမဲ့ မြင်ရသော ပြတင်းပေါက်ထံသို့ လျှောက်သွားလိုက်သည်။ ထို့အပြင် ဘေးနားက ပန်းခြံများနှင့် ရပ်ကွက်များကိုပင် ဖေးချမ့် မြင်နိုင်ပါသည်။

ငွေလည်းဆုံး ဒီလိုရှုခင်းမျိုးကိုလည်း ခံစားနိုင်လိမ့်မည်။ ဒီလိုနေရာမျိုးတွင် အလုပ်လုပ်ရခြင်းက သေချာပေါက် စိတ်အပန်းပြေနိုင်ပါသည်။

ဖေးချမ့်က နယ်မြေတစ်ခုလုံးကို ဝေ့ကာ ကြည့်ရှုလိုက်ပါသည်။

အထပ်တစ်ခုလုံးက ဘတ်စ်ကတ်ဘောကွင်း ၈ ကွင်းစာလောက်ရှိသည်။ ခန့်မှန်းခြေအရ စတုရန်းမီတာ ၃,၀၀၀ လောက် ရှိနိုင်ပါသည်။

"အသစ်စက်စက် ဖွင့်ထားတဲ့ ကုမ္ပဏီဆိုရင် အစိုးရက သက်ဆိုင်ရာ အခွင့်အရေးတွေ ပေးထားပါတယ်။ တစ်လစာ စရန်ငွေကိုပဲ ကိုင်ဆောင်ထားပြီး တစ်လစာ ငှားခကိုပဲ တောင်းခံသွားမှာပါ။ ဒါမျိုးက တခြား ရုံးအဆောက်အဦးတွေမှာ တွေ့ရခဲတဲ့ ကမ်းလှမ်းချက် တစ်ခုပါပဲ ခင်ဗျ" မန်နေဂျာကျန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

ရုံးအဆောက်အဦး အတော်များများက အနည်းဆုံး စရန်ငွေ ၁လ ၂လလောက် လိုအပ်ပြီး ငှားရမ်းခကိုလည်း ရာသီတစ်ခု သို့မဟုတ် တစ်နှစ်ကို နှစ်ကြိမ်လောက် တောင်းခံပါလိမ့်မည်။ ရုံးအဆောက်အဦးတစ်ခုက စရန် ၁လစာသာ လိုအပ်ပြီး လစဥ်နှုန်းဖြင့် ငှားရမ်းခကို တောင်းခံမည်ဆိုတာက တကယ်ပဲ ကြွားဝါထိုက်ပြီး ယှဥ်နိုင်သည့် အားသာချက်တစ်ခုဖြစ်ပါသည်။

သို့သော်လည်း အမှန်ပင်။ အားသာချက်များတွင် အားနည်းချက်များလည်း ရှိတတ်ပါသည်။

စျေးနှုန်းကဲ့သို့ ဖြစ်၏။

ထို့အပြင် ဒီလို အခွင့်ထူးများက အသစ်စက်စက် တည်ထောင်ထားသော ကုမ္ပဏီများအတွက် ဗဟိုပြုထားခြင်းဖြစ်သည်။ ဖေးချမ့်နှင့် လုံးဝ ကိုက်ညီနေပါသည်။

"စျေးကကော" ဖေးချမ့်က သာမန်အတိုင်း မေးလိုက်ပါသည်။

မန်နေဂျာကျန်းက ပြုံးနေပါသည်။ "၄ ယွမ်ပါ။ ကျွန်တော် သိပါတယ်။ ဒီစျေးက ကျင်းကျိုးမြို့တော်မှာ နည်းနည်း စျေးကြီးတယ်လို့ ထင်ရပေမယ့် ခင်ဗျားတို့ မြင်တဲ့အတိုင်း ကျွန်တော်တို့ပေးတဲ့ အခွင့်ထူးတွေကလည်း မသေးလှပါဘူး။ ခင်ဗျားတို့ ပေးတာနဲ့တန်တာကို ရစေရမှာပါ။ ဒီမှာ ရုံးအဆောက်အဦးတစ်ခု ငှားရမ်းခြင်းက သေချာပေါက် ခင်ဗျားတို့ ကုမ္ပဏီ ပထမဆုံး ပေးစွမ်းတဲ့ ခံစားချက်ကို မြှင့်တင်ပေးမှာပါဗျာ။”

"၄ ယွမ်ဟုတ်လား။ စျေးပေါလှချည်လား" ဖေးချမ့် မျက်မှောင်ကြုတ်သွားမိပါသည်။

"စျေး- စျေးပေါတယ် ဟုတ်လား" မန်နေဂျာကျန်း ကြက်သေသေသွားမိပါတော့သည်။

All Chapters