အခန်း(၃၃) ပညာရှင် ရသေ့ကြီး
Vol. 3 Ch. 33
အခန်း (၃၃) ပညာရှင် ရသေ့ကြီး
Cayenne ကားကြီးအား တောင်ဘက် ကျောင်းဝင်ပေါက်နားတွင် ပါကင်ထိုးလိုက်သည်။
ဖေးချမ့်က ကားတံခါးကိုဖွင့်ပြီး ဆင်းဖို့ ပြင်လိုက်၏။
ဒရိုင်ဘာခုံမှ ရှင်းဟိုက်လူက သူမ၏လက်သွယ်သွယ်ဖြင့် လက်ရာမြောက်သည့် Card Holder တစ်ခုကို ကမ်းပေးလိုက်သည်။
"အရင်တုန်းက ကျောင်းနားမှာ အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခုကို ငှားဖို့ ပြောထားတယ်နော်။ ဒါက ဝင်ခွင့်ကတ်နဲ့ သော့ပါ”
ဖေးချမ့်က ချက်ချင်း မယူသေးဘဲ စနစ်ထံမှ တုံ့ပြန်ချက်ကို စောင့်နေပါသေးသည်။
'ဟုတ်ပြီ၊ တုံ့ပြန်မှုမရှိဘူးကွ။ ဒါဆို အဆင်ပြေတယ်ဆိုတဲ့ သဘောပဲ”
အဝတ်အစား ဝယ်ယူခြင်းနှင့် တိုက်ခန်း ငှားရမ်းခြင်းများက ကုမ္ပဏီလုပ်ငန်းများနှင့် သက်ဆိုင်သည်ဟု မထင်ရသော်လည်း ဘော့စ်တစ်ယောက်၏ ပုံရိပ်နှင့် ဆက်နွယ်မှု ရှိသည်။
သူဝယ်ထားသည့် အဝတ်အစားများအားလုံးကို အဆောင်ထဲ ပစ်ထည့်ထားလို့တော့ မဖြစ်ဘူး မဟုတ်လား။
နောက်ပိုင်း အချိန်ပို အလုပ်လုပ်ရပြီး လုပ်ငန်း ခရီးစဥ်များ သွားရရင်ကော ဘယ်လိုလုပ်မလဲ။ အဆောင်မီးများ ပိတ်ပြီး သူထွက်ခွင့်မရရင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် သူတိုက်ခန်းတစ်ခန်း ငှားရခြင်းမှာ သေချာပေါက် ယုတ္တိရှိသည်။
ထို့အပြင် အိမ်ငှားခကလည်း စျေးမကြီးလှပါ။ ယွမ်သောင်းချီတန်သည့် ဝတ်စုံများကိုတောင် တတ်နိုင်သဖြင့် တိုက်ခန်းငှားခကို သူတတ်နိုင်မှာ သေချာသည်။
ဒီနှစ်က ၂၀၀၉ ခုနှစ် ဖြစ်သည်။ ဟန်တုန်း၏ အိမ်ရာမြေစျေးကွက်အရ အဆင့်မြင့်ရပ်ကွက်ထဲက သေသေသပ်သပ် ပြင်ဆင်ထားသည့် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခုကို ယွမ် ၂,၀၀၀ အောက်သာ ပေးရသည်။
နောက်ထပ် ၁၀ နှစ်ကြာလျှင် ပေကျင်းမြို့တွင် အိပ်ခန်းတစ်ခန်းသာ ပါသည့် တိုက်ခန်းများ၏ အိမ်ငှားခများမှာ ယွမ် ၇,၀၀၀ - ၈,၀၀၀ လောက် ရှိလာလိမ့်မည်။
စနစ်က ဘာသတိပေးချက်မှ မပြသဖြင့် ဖေးချမ့်က Card Holder ကို စိတ်ဖိစီးမှုမရှိဘဲ ယူလိုက်၏။
လှန်ကြည့်လိုက်သောအခါ သော့တစ်ချောင်း၊ ဝင်ခွင့်ကတ်နှင့် ရှင်းဟိုက်လူ၏ လက်ရေးလှလှဖြင့် ရေးသားထားသော တိုက်ခန်းလိပ်စာ စာရွက်ကလေး တို့အား တွေ့ရသည်။
ရပ်ကွက်က ကျောင်းတောင်ဘက် ဝင်ပေါက်နှင့် သိပ်ပြီး မဝေးလှပါ။ မီတာ ဆယ်ကျော်သာ ဝေး၏။
"ဟုတ်ပြီ ဒါဆို ကောင်းကောင်း အနားယူပါ။ အသစ်ဝယ်ထားတဲ့ အဝတ်စားတွေကို ဒီရက်ပိုင်းအတွင်း ရှင့်ရဲ့လိပ်စာဆီ ပို့ပေးပါ့မယ်”
ထို့နောက် Cayenne ကားကြီး မောင်းထွက်သွားလေသည်။
ဖေးချမ့် အလွန်အမင်း ကျေနပ်သွားတော့သည်။
စနစ်က သူ့လုပ်ရပ်မျာကို မတားသဖြင့် သူ့လုပ်ရပ်များက မှန်ကန်သည့် သဘောဖြစ်သည်။
ဝင်ခွင့်ကတ်ကို စကင်ဖတ်လိုက်ပြီး ကျောင်းနားက အဆင့်မြင့် ရပ်ကွက်တစ်ခုထဲ ဝင်လာခဲ့သည်။
သူကျောင်းတက်စဥ်တုန်းက ဒီနေရာကြီးကို ဖေးချမ့် အပြင်ကသာ မြင်ခဲ့ဖူးသည်။ တစ်ခါမှလည်း မဝင်ခဲ့ဖူးပေ။
ရေးထားသည့် လိပ်စာအတိုင်း သွားလိုက်သောအခါ ဖေးချမ့်တစ်ယောက် အိပ်ခန်းနှစ်ခန်းပါ သူ့တိုက်ခန်းကို မြင်လိုက်ရသည်။
တံခါးကို ဖွင့်ကြည့်လိုက်သောအခါ ကြက်သေ သေသွာားရ၏။
အိပ်ခန်းနှစ်ခန်းဟု ဆိုသော်လည်း အရွယ်အစားက အိပ်ခန်း သုံးခန်းလောက်နှင့် ညီမျှပြီး ၁၄၀ စတုရန်းမီတာဝန်းကျင်လောက် ရှိမည်ဟု ခန့်မှန်းမိသည်။
ပရိဘောဂများလည်း အပြည့်အစုံဖြင့် ရှိသည်။
အိပ်ရာခင်းများ၊ စောင်များနှင့် အိမ်သာသုံး ပစ္စည်များကိုတောင် သေသေချာချာ ပြင်ဆင်ထားခဲ့သည်။
သူ့ခရီးဆောင်အိတ်ကို ယူလာပြီး ချက်ချင်း နေထိုင်လို့ရသော နေရာမျိုး ဖြစ်၏။
တကယ်တော့ ခရီးဆောင်အိတ်မပါရင်တောင် သေသေချာချာ နေနိုင်သည်။
ဖေးချမ့်သည် ဆိုဖာပေါ်တွင် ထိုင်လိုက်သည့် အခိုက်အတန့်တွင် သူ့တင်ပါးက ဘယ်တော့မှ ထပ်မခွာချင်တော့သည့် ခံစားချက်မျိုး ဖြစ်လာတော့သည်။
ဒီနေရာနဲ့ယှဥ်လျှင် သူ့အဆောင်က ငှက်လှောင်အိမ်လိုပင်...။
မဟုတ်သေး။ ငှက်လှောင်အိမ်တစ်လုံးကတောင် ထိုနေရာထက် ပိုကျယ်ပြီး ပိုအေးပါသေးသည်။
ဆိုဖာပေါ်တွင် ခဏလောက် မှိန်းပြီးသွားသောအခါ ဖေးချမ့်က ကိုယ့်ကိုယ်ကို အားပြန်ဖြည့်ပြီး အလုပ်စလုပ်ခဲ့သည်။
ဇိမ်ကျမှုမှာ လမ်းပျောက်သွားလို့မဖြစ်ပါ။ သူ့မှာ အိပ်မက်တွေရှိသည်။
ဖေးချမ့် စနစ်ကို ဆင့်ခေါ်လိုက်ပြီး လင်ရှိ စနစ် ရန်ပုံငွေကို စစ်ဆေးလိုက်သည်။
[ စည်းစိမ် အလဲအထပ် စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ် အချိုး : ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး : ၁ : ၁ ]
[ စနစ်ရန်ပုံငွေ : ၂၇၁,၁၄၅.၅ (⬆️၂၂၈,၈၅၄.၅) ]
[ ကိုယ်ပိုင်စည်းစိမ် : ၁,၉၅၇.၆ ]
ပထမအပတ်အတွက် သူ့ဝင်ငွေက ၅၀၀,၀၀၀ + ရှိပြိး ဒုတိယ အပတ်က ၇၀၀,၀၀၀ + ရှိသည်။ တတိယ အပတ်၏ ဝင်ငွေအား မသိရသေးသော်လည်း ခန့်မှန်းခြေ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ ဝန်းကျင်ခန့် ရှိနိုင်သည်။
ဖေးချမ့်၏ လစဥ်ဝင်ငွေ ၅,၀၀၀,၀၀၀ ခန့်မှန်းချက်က မှန်ကန်သလိုလိုရှိသည်။ တကယ့် ပမာဏက နည်းနည်းလေးသာ လျော့သည်။
ရုံးနေရာငှားဖို့အတွက် ၇၀၀,၀၀၀+ သုံးခဲ့ပြိး ထိုနေရာအတွက် တစ်လကို ထပ်တိုး ၃၀၀,၀၀၀ စီလည်း ပေးရဦးမည်။
ရုံးနေရာအတွက် ကိရိယာများ ဝယယူခြင်းက ၈၀၀,၀၀၀ ဝန်းကျင်လောက် ရှိသွားပြီး နောက်တစ်ပတ် ဝင်ငွေ ရတာနဲ့ ထိုပမာဏကို ချက်ချင်းသုံးစွဲဖို့ ရည်ရွယ်ထားသည်။
အဝတ်အစားများ ဝယ်ယူခြင်း၊ ကားငှားခြင်း၊ တိုက်ခန်းငှားချင်းများအတွက် စုစုပေါင်း ၁၀၀,၀၀၀ + လောက်ရှိခဲ့သည်။ ဖေးချမ့် သိပ်ဂရုမစိုက်လောက်သည်အထိ နည်းသည်။
စနစ်ရန်ပုံငွေထဲတွင် လက်ကျန်ငွေ ရှိနေသေးသော်လည်း စဦး ၅၀၀,၀၀၀ ကိုတွက်ကြည့်လျှင် သူ ၂၀၀,၀၀၀+ လောက် ဆုံးရှုံးသွားပြီ ဖြစ်သည်။
ဒါက အံ့သြဖို့ကောင်းသည့် ပမာဏပဲဖြစ်သည်။
သို့သော်လည်း အမှန်ပင်။ သူအလုပ်ရှုပ်ရမည့် ကိစ္စများလည်း ရှိနေသေးသည်။
ရုံးနေရာတစ်ခုကို ငှားပြီးပြီဖြစ်သဖြင့် ဝန်ထမ်းသစ်တချို့ ခန့်အပ်ရပါတော့မည်။ မဟုတ်ပါက ဒီလိုအလုပ်နေရာ ကျယ်ကြီးကို ဗလာထားသည့်အတွက် စနစ်က သူ့ကို သေချာပေါက် သတိပေးပါလိမ့်မည်။
"ခန့်အပ်ရမဲ့ လူအမျိုးအစားတွေကို စဥ်းစားကြည့်ဖို့အချိန်ကျပြီ”
"အရမ်းကျွမ်းကျင်တဲ့လူတွေကို ငှားလို့မဖြစ်ဘူး။ မဟုတ်ရင် ငါ့အစီအစဥ်ကို ထိခိုက်စေလိမ့်မယ်”
"ငါဂိမ်းလုပ်ရမှာဆိုတော့ အရမ်းအပျင်းကြီးတဲ့ လူတွေကိုလည်း ငှားလို့မဖြစ်ဘူး။ စနစ်ရဲ့ လိုအပ်ချက်ကို ပြည့်မှီနိုင်မှာ မဟုတ်ဘူး”
"ဟမ်း... ဒါက နည်းပညာအလုပ်ဆိုတော့ သေသေချာချာ စဥ်းစားမှဖြစ်မယ်”
ဖေးချမ့် ပိုပြီး စဥ်းစားကြည့်လေလေ ပိုပြီး ခက်ခဲလာလေလေ ဖြစ်သည်။
သို့သော်လည်း သူ့ပစ္စုပ္ပန်နှင့် အနာဂတ်ပျော်ရွှင်ဖို့အတွက် ခက်ခဲရင်တောင် ကြိုးစားကြည့်ရပါလိမ့်မည်။
ရှေ့နောက် ပြန်လည်စဥ်းစားချင့်ချိန်ပြီးနောက် အနည်းဆုံးတစ်ခုလောက်တော့ ဖေးချမ့် ကောက်ချက်ချနိုင်ခဲ့သည်။
အွန်လိုင်းပေါ်က ခန့်အပ်ဖို့ထက် သူ့ဝန်ထမ်းတွေကို သူကိုယ်တိုင် ခေါ်ယူဖို့ပဲ ဖြစ်သည်။
အွန်လိုင်းပေါ်မှာ အလုပ်ခေါ်စာ တင်လိုက်ပါက လာရောက်လျှောက်ထားကြသူများက အရည်အချင်းပြည့်မှီသည်ဟု ကိုယ့်ကိုယ်ကို ထင်ကြသူများသာဖြစ်သည်။
ဖေးချမ့်လိုချင်သည့် လူအမျိုးအစားက ရာထူးအတွက် မကြိုးစားကြည့်ဘဲ နောက်ဆုတ်မည့်လူများသာ ဖြစ်သည်။
ရှင်းရှင်းပြောရလျှင် အဆင့်နိမ့်နိမ့်က လုံလုံလောက်လောက် နိမ့်မနေနိုင်ပါ။
အွန်လိုင်းပေါ်တွင် အလုပ်ခေါ်စာများက သေသေချာချာ ရေးသားရသည်။
ဖေးချမ့်သာ ဒီလူများက သူ့ကုမ္ပဏီတွင် အချိန်ဖြုန်းရုံပဲဟု အလုပ်ခေါ်စာတွင် ရေးသားလိုက်ပါက စနစ်က သေချာပေါက်သူ့ကို သတိပေးမည်ဖြစ်သည်။
တကယ်ပဲ မာယန်လို 'လူယုံတော်' တစ်ယောက် ဖြစ်ရုံနဲ့ မရပါ။
မာယန်လို ပါရမီရှင်မျိုးကို သူဘယ်မှာ ရှာလို့ ရမလဲ။
အများကြီး စဥ်းစားပြီးနောက် ဖေးချမ့်သည် တစ်ယောက်ယောက်ကို တွေးမိသွားသည်။
ထိုလူကိုသာ အရယူနိုင်ပါက အားလုံးအဆင်ပြေသွားပါလိမ့်မည်။
...
ကျောင်းနားက အင်တာနက် ကဖေးများတွင်လိုက်လံ ရှာဖွေပြီးနောက် ဖေးချမ့်က သူလိုချင်သည့် လူအား တွေ့ရှိခဲ့သည်။
ဒီလူက တစ်နေရာတည်းမှာ ပုံသေရှာမရသော လူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အနီးအနားရှိ အင်တာနက် ကဖေးများတွင် ရှာတွေ့နိုင်သည်။ ဆိုင်ထဲတွင် မရှိပါက ဆိုင်ကို လာသည့်လမ်းတွင် တွေ့နိုင်သည်။
ထိုသို့ဖြစ်ရသည့် အဓိက အကြောင်းအရင်းက အင်တာနက်ကဖေးဆိုင် တစ်ဆိုင်တည်းမှာပဲ အချိန်အကြာကြီး နေရသဖြင့် စိတ်ပင်ပန်းလာသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် မကြာခဏဆိုသလို ထိုလူက နေရာပြောင်းကာ နောက်ထပ် အင်တာနက် ကဖေးဆိုင်သစ်တွင် တစ်ပတ်လောက် နေ၏။
ထိုနတ်ဘုရားလို လူသား၏ နာမည်က ပေါင်ရှုဖြစ်ပြီး အင်တာနက်ကဖေးမှ အားလုံးက သူ့ကို ပေါင်စုဟု ခေါ်ရတာ သဘောကျသည်။
အသည်းဧကရာဇ်ကြီး ဟူသည့် နာမည်က နောက်နှစ်အနည်းငယ်လောက်မှ နာမည်ကြီးလာလိမ့်မည်။
သို့သော်လည်း ပေါင်ရှု၏ လုပ်ဆောင်ချက်များကို ကြည့်ပြီး သူ့ကိုအသည်းဧကရာဇ်ကြီးဟု ခေါ်ဆိုခြင်းက သူ့ကို အထင်သေးရာ ကျပါလိမ့်မည်။
သူ့ကို စူပါအသည်းဧကရာဇ်ကြီးဟု ခေါ်သင့်သည်။
လက်ရှိ ပေါင်ရှုက အားလုံးရင်းနှီးပြီးသား ပေါင်ရှု မဟုတ်သေးပေ။
သို့သော်လည်း ကျောင်းတစ်ကျောင်းလုံးတွင့် သူ့နာမည် ပျံ့နှံ့လာဖို့ အချိန်သိပ်မလိုတော့ပါ။
ဒီလိုပျံ့နှံ့ရသည့် အကြောင်းအရင်းက အဖြစ်အပျက်နှစ်ခုကြောင့် ဖြစ်သည်။
ပထမအဖြစ်အပျက်က သူ့ကျောင်းပထမနှစ် တစ်နှစ်လုံးကို နွေဦးရာသီမှ နွေရာသီအထိ အင်တာနက် ကဖေးများတွင် ဂိမ်းများကို Grind ရင်း ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။
ပူလောင်နေသည့် နွေရာသီ ရောက်ရှိလာပြီး အားလုံးက ဘောင်းဘီတို၊ အင်္ကျီလက်တိုများ ဝတ်ထားကြစဥ် သူကတော့ ဆောင်းဦးရာသီတုန်းက သူ့ဆွယ်တာကြီးကို ဝတ်ထားပြီး ထိုင်ခုံနောက်တွင် ကုတ်အင်္ကျီကြီးတစ်ထည်ကိုလည်း ချိတ်ထားသေးသည်။
အဘယ့်ကြောင့်ဆိုသော် သူ့အဆောင်ကို လုံးဝ မပြန်ခဲ့ဘဲ အဝတ်အစားလဲဖို့တောင် အချိန် မရှိခဲ့သောကြောင့်ဖြစ်သည်။
သူပင်ပန်းလာသောအခါ ထိုင်ခုံကို နောက်သို့ လှန်ချပြီး အိပ်လိုက်သည်။
နိုးလာသောအခါ ရေအိမ်ထဲတွင် မျက်နှာသစ်ရင်း ဂိမ်းများကို ဆက်လက် Grind လေသည်။
ဒီလိုနဲ့ တစ်နှစ်တာ၏ ရာသီလေးခု ကုန်ဆုံးသွားခဲ့တာတောာင် သူသတိမမူခဲ့မိပါ။
ထိုအဖြစ်ပြီးနောက်တွင် သူ့ကို 'ဆောင်းရာသီ ဘောင်းဘီ အစ်ကိုကြီး' ဟု အမည်ထွင်ခဲ့ကြသည်။
ဒုတိယအဖြစ်အပျက်က ကျောင်း၏ ဒုတိယ စာသင်နှစ်တွင် သူအတန်းပျက်တာ များလွန်းသဖြင့် ကျောင်းက သူ့ကို ကျောင်းထွက်ဖို့ အကြံပြုခဲ့သည်။
ဒါတောင် သူအင်တာနက်ကဖေးများတွင် ဆက်လက် Grind နေဆဲ...။
သူ့မိသားစုကလည်း သူနဲ့ အဆက်အသွယ် မရတော့ဘဲ သူ တစ်ခုခုဖြစ်သွားပြီး သေသွားပြီဟု ထင်ခဲ့ကြသည်။
စားဖို့သောက်ဖို့ ပိုက်ဆံအတွက် ပေါင်ရှုက ဂိမ်းထဲက လက်နက်ကိရိယာများကို ရောင်းချသည်။ အဆင့်မြှင့်တင်ခြင်းနှင့် Grind ခြင်း စသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည်။ ဒီလိုနဲ့ အင်တာနက် ကဖေးမှာပဲ နောက်ထပ် ၂ နှစ် ၃ နှစ်လောက်အထိ သူနေထိုင်ခဲ့သည်။
ဒီကောင်က အဲ့လောက်တောင် နတ်ဘုရားလို ဆန်းကြယ်တယ်။
အမှန်ပင်။ လူအများစုအတွက်တော့ ဒါက အင်တာနက် စွဲလမ်းခြင်း နောက်ဆုံးအဆင့် ရောက်နေသည့် လူတစ်ယောက်ဖြစ်ပြီး လျှပ်စစ်သုံးကုထုံးကို လိုအပ်နေသည့်လူဖြစ်သည်။။
သို့သော်လည်း ဖေးချမ့်ကတော့ သူ့အသုံးဝင်ပုံများကို မြင်နိုင်သည်။
သူ့လိုလူမျိုးက တကယ့် လက်ရွေးစင် ဂိမ်မာ တစ်ယောက် ဖြစ်၏။
စျေးကွက်ထဲက ဂိမ်းတော်တော်များများကို သိထားပြီး ဒီဇိုင်းပိုင်းအရ မေးခွန်းများကိုလည်း ဖြေနိုင်သည်။
ဒီလို လက်ရွေးစင် ဂိမ်မာတစ်ယောက်ကို ဝန်ထမ်းတစ်ယောက်အဖြစ် ငှားရမ်းတာ ယုတ္တိမရှိဘူးလား။
သို့သော်လည်း အမှန်ပင်။ အရင်ဆုံး လိုအပ်ချက်ကတော့ သူ့ကိုယ်သူ ရှင်းလင်းထားဖို့ဖြစ်သည်။
ဖေးချမ့်က သူ့တခြား ထူးခြားမှုတွေကိုလည်း လေးစားပါသေးသည်။ သူက ဂိမ်းများတွင် ကျွမ်းကျင်သော်လည်း ဒီဇိုင်းအကြောင်း ဘာမှ နားမလည်သူ ဖြစ်သည်။
သူ့လိုလူမျိုးက သူတို့ လမ်းမှားရောက်အောင် လုပ်နိုင်ဖို့ အလွယ်ကူဆုံးလူဖြစ်သည်။
ဥပမာအားဖြင့် လူတစ်ယောက်က ထူးချွန်သော စားဖိုမှူးတစ်ယောက်ဖြစ်လာချင်ပါက အစားအစာများ အရသာ ကောင်းမကောင်းကို ခွဲခြားတတ်ရမည်။
သို့သော်လည်း လူတစ်ယောက်က အစားအစာများနှင့် ရင်းနှီးနေသည့် ရသာဖူးများရှိနေပါက ထူးချွန်သည့် စားဖိုမှူး ဖြစ်လာမည်ဟု အတိအကျပြောလို့ရပါ့မလား။
မရနိုင်ပါ။
တကယ်တော့ အစားအသောက်ကို ပိုပြီး ချေးများတတ်သူက စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့ ပိုခက်တတ်သည်။
လူတစ်ယောက်က ဂိမ်းများအတွက် စိတ်အားထက်သန်မှု များလွန်းနေပါက ၎င်းတို့၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းနိုင်မည် မဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်နားလည်နိုင်စွမ်းဖြင့် အမှားများပြုလုပ်တတ်ကြသည်။ ဂိမ်မာအများစုလည်း ထိုနည်းလည်းကောင်းဖြစ်သည်။
ထို့ကြောင့် ပေါင်ရှုက သူ့လိုအပ်ချက်များနှင့် ပြည့်မီသူဟု ဖေးချမ့် ခံစားခဲ့ရသည်။
တစ်ဖက်တွင်လည်း သူက ဂိမ်းကို အသည်းအသန် ရူးမူးသူဖြစ်သည်။ ဂိမ်းနတ်ဘုရားတစ်ပါးကို ဝန်ထမ်းတစ်ယောက်အဖြစ်ငှားရမ်းပြီး သူ့ကိုလစာမြင့်မြင့် ပေးခြင်းက စနစ်ဆန့်ကျင်နိုင်မည့် အရာ မဟုတ်လောက်ပါ။
တစ်ဖက်တွင်လည်း ဒီလူက ဒီဇိုင်းအကြောင်း နားမလည်ဘဲ အသေးအဖွဲကို ပုံကြီးချဲ့နိုင်ခြေ များပြီး ကိစ္စများကို ရှုပ်ထွေးသွားအောင် လုပ်နိုင်ခြေလည်းများသည်။
သူသာ ဝန်ထမ်းဆို ဘယ်လောက် တော်လိုက်မလဲ။
သို့သော်လည်း ဖေးချမ့်က ပေါင်ရှုကို သူ့တစ်ယောက်တည်း ဖျောင်းဖျနိုင်ပါ့မလားဆိုတာတော့ ယုံကြည်ချက်မရှိပါ။
ဘာပဲဖြစ်ဖြစ် သူ့မိသားစုကတောင် လမ်းပေါ်တွင် ၂ နှစ်လောက် သေပြီဟု ထင်ထားခဲ့ရသော် လူဖြစ်သည်။
ဒီလိုလူမျိုးကို အင်တာနက် ကဖေးဆိုင်က ထွက်လာအောင် ဖျောင်းဖျနိုင်မည့် အခြေအနေမျိုးကို စဥ်းစားကြည့်ဖို့ ခက်ခဲသည်။