← Chapters

အခန်း(၃၅) အင်တာဗျူး

Vol. 3 Ch. 35

အခန်း(၃၅) အင်တာဗျူး

Vol. 3 Ch. 35

အခန်း(၃၅) အင်တာဗျူး

အင်္ဂါနေ့ နေ့လယ်ခင်းတွင်။

ဟွမ်းစစ်ပေါ်တစ်ယောက် ရှန်းဟွာဗျူး ဝင်ပေါက်သို့ ရောက်သောအခါ မှင်တက်သွားခဲ့ရသည်။

ဂိမ်းကုမ္ပဏီတစ်ခုဖြစ်သော ထန်းတာ့နက်ခ်ဝါ့ကုမ္ပဏီလိမိတက်က တကယ်ပဲ ရှန်းဟွာဗျူးမှာ တည်ရှိနေသည်။

ရှန်းဟွာဗျူးက အဆင့်မြင့် ရုံးအဆောက်အဦ ဖြစ်ပြီး ဒီမှာ လည်ပတ်နေကြသည့် ကုမ္ပဏီများက ငွေရေးကြေးရေး မချို့တဲ့ကြမှန်း သူသိသည်။

ဟွမ်းစစ်ပေါ်သည် သတ္တိကို စုစည်းပြီး အထဲမဝင်နိုင်ခင်မှာပင် ပါရမီရှိသော လူငယ်တချို့နှင့် သူဆုံတွေ့ခဲ့ရသည်။

အားလုံးက အရပ်ရှည်ရှည်၊ လူကြီးလူကောင်း ဝတ်စုံများနှင့်။ ယောက်ျားလေးများက ယောက်ျားပီသပြီး မိန်းကလေးများက ဣန္ဒြေရှိကာ ကျက်သရေရှိလှသည်။

သူတို့က ရှန်းဟွာဗျူးထဲက ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းငယ်လေးများ ဖြစ်ကြသည်။

ခပ်လှမ်းလှမ်းမှ ကြည့်ရုံနှင့်တင် ဒီလူတွေက အနာဂတ်မှာ အောင်မြင်နိုင်ကြောင်း ပြောနိုင်သည်။

ဟွမ်းစစ်ပေါ်တစ်ယောက် သူ့ယုံကြည်ချက်များ ချက်ချင်း ကျိုးပဲ့သွားသလို ခံစားလိုက်ရသည်။

သူ ကြက်သေ သေသွားခဲ့ရသည်။

အားလပ်ရက်တုန်းက ထန်းတာ့နက်ခ်ဝါ့ ကုမ္ပဏီလိမိတက်၏ အလုပ်ခေါ်စာကို အွန်လိုင်းပေါ်တွင် မတော်တဆ တွေ့ခဲ့ရ၏။

အရည်အချင်း လိုအပ်ချက်များက သူနှင့် ကိုက်ညီသည်ဟု ခံစားရသဖြင့် သူ့လျှောက်လွှာကို ပို့ခဲ့သည်။

သိပ်မကြာခင် အသံချိုချိုလေးနှင့် အမျိုးသမီး လက်ထောက်တစ်ယောက်က သူ့ကို အင်္ဂါနေ့ မနက် ၁၀ နာရီတွင် အင်တာဗျူးဖြေဖို့အတွက် ရှန်းဟွာဗျူး၏ ၁၇ ထပ်မြောက်ကို လာခဲ့ဖို့ အကြောင်းကြားခဲ့သည်။

အမျိုးသမီးလက်ထောက်က တည်နေရာ အသေးစိတ်ကို ဖော်ပြထားသည့် အီးမေးတစ်ခုပင် ချက်ချင်း ပို့ပေးခဲ့သည်။

ဟွမ်းစစ်ပေါ်တစ်ယောက် ရှန်းဟွာဗျူးဆိုသည့် အသံကို ကြားလိုက်ရချိန်တွင် သူ ကြောင်အသွားခဲ့ရ၏။ အဲဒါ အဆင့်အမြင့်ဆုံး ရုံးအဆောက်အဦကြီး မဟုတ်ဘူးလား။

သို့သော် အွန်လိုင်းပေါ်မှာ အချိန်အကြာကြီး ရှာခဲ့သော်လည်း ထန်းတာ့နက်ခ်ဝါ့ ကုမ္ပဏီလိမိတက်၏ တရားဝင်ဝက်ဘ်ဆိုက်ကိုပင် ရှာမတွေ့နိုင်ခဲ့ပါ။

အွန်လိုင်းပေါ်တွင် သေသေချာချာ ဆန်းစစ်ကြည့်လိုက်ခါမှ ဒီကုမ္ပဏီက အထီးကျန်ကန္တာရလမ်းနှင့် တစ္ဆေစစ်သူကြီးဂိမ်းများကို ဖန်တီးခဲ့သော ကုမ္ပဏီဖြစ်ကြောင်း သိခဲ့ရသည်။

ထို့ကြောင့် ဟွမ်းစစ်ပေါ် အနည်းငယ် ရှက်ရွံ့သွားခဲ့ရသည်။ သူ အဆိုပါ ဂိမ်းနှစ်ခုစလုံးကို ကစားဖူးတာတောင် ထိုဂိမ်းများကို ဖန်တီးခဲ့သည့် ကုမ္ပဏီက ကျင်းကျိုးမြို့မှာ ရှိနေတာကိုတောင် မသိခဲ့ပါ...။

ကုမ္ပဏီအကြောင်း များများစားစား သိပ်မသိသော်လည်း သူတို့တွင် အောင်မြင်သည့်ဂိမ်းတချို့နှင့် ရှန်းဟွာဗျူးတွင် အခြေတည်ထားကြသဖြင့် သူတို့ကမ်းလှမ်းသည့် သတ်မှတ်ချက်များက သိပ်ပြီး မဆိုးရွားလောက်ပါဘူးဟု ထင်ခဲ့သည်။

ထိုထင်မြင်ချက်က မမှန်ကန်လောက်သော်လည်း အလွန်အကျူး ဆိုးရွားနေခြင်း မဟုတ်သရွေ့ သေချာပေါက် လက်ရှိသူ့ကုမ္ပဏီထက်တော့ ပိုကောင်းပါလိမ့်မည်။

သို့သော်လည်း သူ အလုပ်ရပါ့မလား ဆိုတာကိုတော့ နည်းနည်း စိုးရိမ်သလိုလို ရှိနေသည်။

ဟွမ်းစစ်ပေါ်က လုပ်ငန်းကို ကြားကာလတစ်ခုတွင် ပြောင်းလဲခဲ့သူဖြစ်ပြီး လုပ်ငန်းသစ်တစ်ခုကို ၆ လ လောက်သာ ဝင်ခဲ့ရသေးသည်။ အနိမ့်ဆုံး ရာထူးကိုရထား၏။ တစ်လကို ယွမ် ၁,၅၀၀ ရသော စီမံခန့်ခွဲရေးဌာနဝန်ထမ်းတစ်ဦးဖြစ်သည်။

နေ့တိုင်း အချိန်ပိုဆင်းရသဖြင့် ထိပ်ပြောင်လာသည့် လက္ခဏာများပင် ပြလာပါပြီ။

ထို့ကြောင့်လည်း သူတို့၏ အလုပ်ခေါ်စာကို မြင်ပြီးသောအခါ ဒီကုမ္ပဏီအား ကြိုးစားကြည့်ဖို့ သူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လစာက ဒီလောက်ပဲရရင်တောင် အချိန်ပို မလုပ်ရလျှင် ဟွမ်းစစ်ပေါ် ကျေးဇူးတင်မိပါမည်။

သို့သော်လည်း သူ့လျှောက်လွှာက အထင်ကြီးစရာ မကောင်းဘဲ သူ့ကို ကျော်သွားနိုင်ခြေလည်း ရှိသည်။

ကျင်းကျိုးမြို့တော်၏ ဂိမ်းလောက သေးသေးလေး ကြားထဲမှာတောင် သူ့ကို အောက်ခြေအဆင့်လောက် သတ်မှတ်ပြီး လူသစ်များနဲ့ ယှဥ်ရင်တောင် အကြိုဆိုမခံရပါဘူး။

အထူးသဖြင့် သူသည် တီရှပ်နှင့် ဘောင်းဘီတိုသာ ဝတ်ဆင်ထားသည့်အချိန်တွက် ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ရင်းနှီးမြှုပ်နှံမှုဘဏ်မှ ထိပ်တန်းအရာရှိများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်ကို မြင်သောအခါ သူ့ကိုယ်သူ အားငယ်သွားမိသည်။

အချိန်ကို ကြည့်လိုက်တော့ နည်းနည်း စောနေသေးသည်။

နောက်ကျမှာ စိုးရိမ်သဖြင့် ဟွမ်းစစ်ပေါ်က အိမ်မှ စောစောထွက်ပြီး ဘတ်စ်ကားစီးလာခဲ့သည်။ သို့သော် ကားလမ်း မပိတ်သဖြင့် သူ အစောကြီး ရောက်လာခဲ့သည်။

အပြင်ဘက်တွင် စောင့်နေလို့ ဘာမှမထူးဘူးဟု ဆုံးဖြတ်ကာ ဟွမ်းစစ်ပေါ်က သတ္တိမွေးပြီး ခမ်းနားလှသည့် လော်ဘီကြီးထဲ ဝင်လာလိုက်သည်။

ဧည့်ကြိုကောင်တာတွင် သူ လာရသည့် အကြောင်းအရင်းကို ရှင်းပြပြီးနောက် ဝန်ထမ်းများက သူ့နာမည်ကို စာရင်းမှတ်ပြီး သူ့အတွက် ယာယီဝင်ခွင့်ကတ်တစ်ခု ပေးလိုက်သည်။

ဓာတ်လှေကားကို စောင့်နေရင်း ဟွမ်းစစ်ပေါ်တစ်ယောက် ရင်တွေ အတော်လေး ခုန်နေသည်။

သူ့အထက်တန်းကျောင်းတုန်းက စာမေးပွဲများထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသေး၏။

အလွန်မြင့်မားသော မျက်နှာကြက်ကြီးနှင့် ခမ်းနားလှပသော ဒီဇိုင်းကြီးကြောင့်လားပင် မသိ၊ ဟွမ်းစစ်ပေါ်တစ်ယောက် သိမ်ငယ်သလို ခံစားခဲ့ရသည်။ ရုတ်တရက်ကြီး သတ္တိတွေ ပြန်ဆုံးရှုံးသွားခဲ့ရပြန်သည်။

ဒင်...

ဓာတ်လှေကားတံခါးပွင့်လာ၏။

သူ ဝင်ဖို့ ပြင်လိုက်စဥ် ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် ဟွမ်းစစ်ပေါ်တစ်ယောက် ကြက်သေ သေသွားရသည်။

လက်ရှိ သူလုပ်ကိုင်နေသည့် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးခေါင်းဆောင် လျို့ကြီး ဖြစ်နေသည်။

မနေ့ နေ့လယ်ခင်းက ဟွမ်းစစ်ပေါ်တစ်ယောက် လျို့ကြီးကို ဖုန်းဆက်ကာ အရေးပေါ်အလုပ်ထွက်စာ တင်ခဲ့ပြီး လျို့ကြီးက လက်ခံခဲ့သည်။

အခုတော့ ဒီလိုနေရာမျိုးမှာ တစ်ယောက်နှင့်တစ်ယောက် လာတွေ့ကြသည်။

အလွန် ခွကျသော အခြေအနေဖြစ်၏။

သူတို့နှစ်ယောက်စလုံး ဆွံ့အသွားရသည်။

သို့သော်လည်း တစ်ယောက်နှင့်တစ်ယောက် တွေ့သွားကြပြီဖြစ်သဖြင့် မမြင်ချင်ယောင် ဆောင်လိုက်ရင် မသင့်တော်ပေ။

ထို့အပြင် ဒီလိုနေရာမျိုးကို ဘာကြောင့်လာရသလဲ နှစ်ဖက်စလုံးက ရှင်းရှင်းလင်းလင်း သိနေသည်။

သူတို့နှစ်ယောက်စလုံး ထန်းတာ့နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီလိမိတက်အတွက် အင်တာဗျူး လာဖြေတာ ဖြစ်သည်။

လျို့ကြီး၏ ပုံစံကို ကြည့်ခြင်းအားဖြင့် သူအင်တာဗျူးဖြေပြီးပြီ ဖြစ်မှန်း ဟွမ်းစစ်ပေါ် သေချာသည်။

သူတို့နှစ်ယောက်စလုံးက တစ်လမ်းတည်း လျှောက်ကြသူများဖြစ်သည်။

ဟွမ်းစစ်ပေါ် ရွေးချယ်စရာမရှိတော့ဘဲ စတင် နှုတ်ခွန်းဆက်စကားဆိုလိုက်ရသည်။

"အစ်ကိုကြီးလျို့”

လျို့ကြီး၏ မျက်နှာထားက ဆိုးရွားသလိုလို ရှိသည်။ သူ စိတ်ကောင်းဝင်မနေတာ သေချာသည်။

ထန်းတာ့၏ အလုပ်နေရာကို သူ အတော်လေး သဘောကျ ကျေနပ်မိသည်။ သို့သော်လည်း အင်တာဗျူးသည့် လူငယ်ငနဲလေးက သူ့ကို ပြန်ပြီး ဖုန်းဆက်တာကို စောင့်ဖို့ ပြောခဲ့သည်။

ထို့အပြင် သူတို့ စကားပြောနေစဥ် ထိုလူငယ်ငနဲကောင်က စိတ်ဝင်စားပုံပင်မပေါ်ပါ။

သူ အင်တာဗျူး ကျနိုင်ခြေ များသည်။

ထို့ကြောင့် လျို့ကြီး မကျေမနပ်ဖြစ်နေရခြင်း ဖြစ်သည်။

"ကျင်းကျိုးမြို့က ဂိမ်းလောကမှာ ငါ့လို အတွေ့အကြုံ၊ အစွမ်းအစတွေနဲ့ လူမျိုးကို ရှာတွေ့ဖို့က ခက်တယ်။ ဒါတောင် အဲ့ဒီ ငနဲသား အင်တာဗျူးသမားက ငါ့ကိုအထင်သေးရဲတယ်ပေါ့”

"သူ့ကြည့်ရတာ အပျော်သဘောလုပ်နေတဲ့ ဒုတိယမျိုးဆက်သူဌေးသားလိုမျိုးပဲ။ အဲ့လိုကုမ္ပဏီမျိုးက ကြာကြာမခံဘဲ ကျရှုံးမှာပါကွာ”

အမှန်ပင်။ သူ့စိတ်ခံစားချက်များတွင် ခါးသီးမှုများ ပါဝင်နေသည်။

ဟွမ်းစစ်ပေါ်နှင့် လာဆုံသောအခါ လျို့ကြီး ပို၍ပင် စိတ်ပေါက်သွားသည်။

လုပ်ငန်းထဲ ဟွမ်းစစ်ပေါ် ဝင်လာသည့် ၆လ စလုံးတွင် သူက လျို့ကြီး၏ လက်အောက်ငယ်သားဖြစ်၏။

ထို့အပြင် ဟွမ်းစစ်ပေါ်က ဘာလုပ်လုပ် ညံ့ဖျင်းသည်။

ထို့ကြောင့် လျို့ကြီးက အမြဲတမ်း ဒေါသထွက်နေရပြီး ဟွမ်းစစ်ပေါ်ကို အလုပ်မပြီးမချင်း အလုပ်မဆင်းခိုင်းပါဘူး။ သူ မပျော်ရွှင်သည့်အခါ ဟွမ်းစစ်ပေါ်အား ပို၍ပင် အလုပ်ပေးခဲ့သည်။

ဒါတောင် ဒီအရူးကောင်က ခြံခုန်ချင်တယ်ပေါ့။

သူ့လိုအဆင့်မျိုးနဲ့လား။

ဒီကောင်က ကိုယ့်အဆင့်အတန်းကိုကော သိရဲ့လား။

လျို့ကြီးက ဆောင့်ကြီးအောင့်ကြီးဖြင့် ပြောလိုက်သည်။ "ဒီနေရာက လိုအပ်ချက်တွေ မမြင့်တယ်။ မင်းနဲ့ မကိုက်ညီဘူး”

"မင်းက အင်တာဗျူးလာဖြေဖို့တောင် အချိန်ရှိတယ်ဆိုတော့ မင်းရဲ့အလုပ်တွေ တော်တော် နည်းနေတယ်ဆိုတဲ့သဘောပဲ။ မင်းပြန်ရောက်ရင် ဒေတာတွေကို ပြန်စုလိုက်စမ်း”

ဆောင့်ကြီးအောင့်ကြီးဖြင့် လျို့ကြီးတစ်ယောက် ထွက်သွားလေသည်။

"..."

ဟွမ်းစစ်ပေါ် သောက်ပြဿနာတက်ပြီဟု ခံစားလိုက်ရသည်။

ဒီနေရာကြီး၏ လိုအပ်ချက်များက မြင့်မားလွန်းသဖြင့် လျို့ကြီးလို အတွေ့အကြုံရင့်တဲ့ အစီအစဥ်ဆွဲသူတစ်ယောက်ကိုတောင် မလိုချင်ဘူး။

ဒီလိုသာဆို သူ့လိုမျိုး ဒီလုပ်ငန်းအတွက် လူသစ်တစ်ယောက်ကို လက်ခံနိုင်စရာ အကြောင်း လုံးဝ မရှိပါ။

ထို့အပြင် လျို့ကြီးက သူပြန်လာလျှင် သူ့အလုပ်ကို တိုးပေးတော့မည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်က အခြေအနေကို သူ့အလုပ်ရှင်ကိုတောင် မတိုင်ကြားနိုင်ပါ။

သူတိုင်ကြားလိုက်ပါက... "ဘော့စ် လျို့ကြီးက တခြားကုမ္ပဏီမှာ ခိုးကြောင်ခိုးဝှက် အင်တာဗျူး သွားဖြေတယ်။"

ဘော့စ်က ပြန်မေးပါလိမ့်မည်... "မင်းက  ဘယ်လိုလုပ်ပြီး သိတာလဲ”

သူ ပြန်ဖြေရမှာက... "ကျွန်တော်လည်း အဲ့မှာ အင်တာဗျူးသွားဖြေရင်း သူနဲ့တိုးခဲ့တာလေ”

ဒါက အဆင်မပြေပါဘူး။

မဟုတ်ပါက တစ်ခုတည်းသော ရွေးချယ်မှုမှာ အလုပ်ထွက်ဖို့သာဖြစ်သည်။

သူ ဒီတိုင်း အလုပ်ထွက်လိုက်ပြီး စုဆောင်းထားသည့် ငွေလေးကို ခြစ်ကုပ်သုံးပြီး တခြားအလုပ်ကို ရှာဖို့သာ ရှိတော့သည်။

တခြားရွေးချယ်စရာမရှိပါက ဒီလိုသာ လုပ်ရလိမ့်မည်။

ထိုအတွေးအားလုံးက ဟွမ်းစစ်ပေါ်၏ ခေါင်းထဲ ဝင်လာခဲ့သည်။

ဟွမ်းစစ်ပေါ်တစ်ယောက် စဥ်းစားနေရင်း ဓာတ်လှေကားက ၁၇ ထပ်မြောက်သို့ ရောက်လာခဲ့သည်။

ဓာတ်လှေကားထဲမှ ထွက်လိုက်စဥ် ဟွမ်းစစ်ပေါ် တစ်ယောက် ထန်းတာ့ နက်ခ်ဝါ့ ကုမ္ပဏီလိမိတက်ကြီး၏ ဆိုင်းဘုတ်ကို မြင်သွားသည်။

အထဲကို လှမ်းကဲကြည့်လိုက်သောအခါ မှင်တက်သွားခဲ့ရ၏။။

'ဒီနေရာကြီးက အဆင့်မြင့်လိုက်တာ'

ဧည့်ကြိုစားပွဲနောက်တွင် လှပသည့် ဧည့်ကြိုမလေးနှစ်ယောက်က စောင့်မျှော်နေသည်။

ထို့အပြင် သူတို့နှစ်ယောက်က အမြွှာဖြစ်ကြသည်။

ကျင်းကျိုးမြို့က အလွန်ကြီးမားသော မြို့မဟုတ်သော်လည်း သေးလည်းမသေးငယ်ပါ။ ဧည့်ကြိုနေရာတွင် အမြွှာလေးနှစ်ယောက်ကို ခန့်အပ်ထားခြင်းက ကုမ္ပဏီအတွက် အသေးအဖွဲ မဟုတ်ပေ။

ကုမ္ပဏီ၏ စွမ်းအားကို ရှင်းလင်းစွာ ပြသနေခြင်း ဖြစ်သည်။

ဟွမ်းစစ်ပေါ်က အတွေးလွန်တတ်သော လူမျိုး ဖြစ်သည်။

ဖေးချမ့်အလုပ်ခေါ်ယူစဥ်က သိပ်ပြီး မစဥ်းစားခဲ့ဘဲ ဧည့်ကြိုနေရာတွင် လှပသည့် ဧည့်ကြိုလေး နှစ်ယောက်ကိုသာ လိုချင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရှင်းဟိုက်လူက ဘယ်ကမှန်းမသိဘဲ အမြွှာလေးနှစ်ယောက်ကို ခေါ်လာနိုင်ခဲ့ကာ ကုမ္ပဏီ၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ဆိုသည်။

ဖေးချမ့်တစ်ယောက် အလွန်ပီတိဖြာသွားပြီး ချက်ချင်းပဲ စီမံခန့်ခွဲရေးရာထူးအတွက် လက်ရှိစျေးကွက်ထဲတွင် အမြင့်ဆုံးလစာကို ပေးခဲ့သည်။ တစ်ယောက်ကို ယွမ် ၅,၀၀၀ ပေးခဲ့သည်။

ဒါက သိပ်အများကြီးဟု မထင်ရသော်လည်း ၂၀၀၉ ခုနှစ်တုန်းက ကျင်းကျိုးမြို့က သာမန်ဧည့်ကြိုလစာမှာ ယွမ် ၂,၀၀၀ ဝန်းကျင်သာရှိသည်။ အလွန်ကြည့်ကောင်းသည့် လူမျိုး ဆိုလျှင်ပင် အလွန်ဆုံးမှ ယွမ် ၃,၀၀၀ သာ ရရှိကြသည်။

ဖေးချမ့်တစ်ယောက် လစာကို ယွမ် ၅,၀၀၀ အထိ တိုးမြှင့်ပေးလိုက်ခြင်းက သဘောထားကြီးသော ကမ်းလှမ်းချက်ဖြစ်သည်ဟု ဆိုနိုင်သည်။

အမှန်ပင်။ ပိုက်ဆံကို ပိုမြန်မြန်ဖြုန်းနိုင်အောင် လစာကို ယွမ် ၁၀,၀၀၀ လောက်အထိ တိုးပေးရဖို့လည်း ဖေးချမ့်တစ်ယောက် မမှုပေ။

သို့သော် အလွန်အကြူး ဖြစ်သွားနိုင်သည်။ လှပသည့် အမြွှာလေးနှစ်ယောက်ဖြစ်သော်လည်း ဧည့်ကြိုတစ်ယောက်၏ လစာက ယွမ် ၁၀,၀၀၀ ရတာ အဓိပ္ပာယ်မရှိလှပါ။

အရေးအကြီးဆုံးက စနစ်လည်း လက်ခံမည် မဟုတ်ပေ။

All Chapters