အခန်း(၄၀) ပရောဂျက်သစ်
Vol. 3 Ch. 40
အခန်း(၄၀) ပရောဂျက်သစ်
ငှားရမ်းထားသော တိုက်ခန်းသို့ ပြန်ရောက်သောအခါ ဖေးချမ့်သည် အိမ်နေရင်း အဝတ်အစားများကို လဲလိုက်ပြီး ဆိုဖာပေါ်တွင် လှဲလျောင်းကာ နေ့လယ်ခင်း နေရောင်ခြည်ကို မဖော်ပြနိုင်သည့် ပျော်ရွှင်မှုဖြင့် ပျော်ပျော်ကြီး ခံစားနေ၏။
သူအလုပ်လုပ်စဥ်တုန်းက အားလပ်ရက်ကို ယူချင်သည့်အခါတိုင်း ယူလို့ရသည့် ခံစားချက်ကို သူခံစားချင်မိခဲ့သည်။ နောက်ဆုံးတော့ သူလုပ်နိုင်ခဲ့ပါပြီ။
ဆက်တိုက် ခံစားလို့မရတာတော့ နှမြောဖို့ ကောင်းသည်။ မဟုတ်ပါက စနစ်က စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်လိုက်ပါလိမ့်မည်။
ရေခဲသေတ္တာထဲက ကိုလာအေးအေးလေး တစ်ဗူးကို ထုတ်လိုက်ပြီး နှစ်ငုံလောက် သောက်ပြီးနောက် အနာဂတ်အတွက် သူ့အစီအစဥ်များကို စတင်တွက်ချက်လေသည်။
ဒီအချိန်တောအတွင်း ပိုက်ဆံအရှုံးပေါ်မည့် သူ့အစီအစဥ်က တော်တော်လေး အဆင်ပြေ ချောမွေ့နေခဲ့၏။
ရုံးခန်းနေရာ ငှားရမ်းခြင်း၊ ဝန်ထမ်းများ ငှားရမ်းခြင်း၊ ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း အစရှိသော လုပ်ငန်းစဥ်များပြီးဆုံးသွားပြီးနောက် စနစ်ရန်ပုံငွေများစွာ ကုန်ကျခဲ့သည်။
ဒါတင်မကသေးဘဲ ငွေကို ဆက်ဖြုန်းနိုင်သည့် လစဥ် ကုန်ကျစရိတ်များလည်း ရှိသေး၏။
ထို့ကြောင့် ဖေးချမ့် အလွန်အမင်း ယုံကြည်ချက် ပြည့်ဝနေသည်။
ပိုက်ဆံကို အမြန်ဖြုန်းတီးရမည့် ရှုထောင့်မှ သူ့ပန်းတိုင်ကို ရောက်နိုင်ခဲ့ပြီ။။
သို့သော်လည်း ကုမ္ပဏီက သာမန်ကုမ္ပဏီလို လည်ပတ်ရမည်ဖြစ်ပြီး အလွန်အမင်း ရေသာခိုလို့ မရပါဟု စနစ်က ထုတ်ပြန်ကြေညာထား၏။
ယခု ဝန်ထမ်းများ ပိုများလာပြီ ဖြစ်သဖြင့် ဖေးချမ့်တစ်ယောက် ပြဿနာအသစ်များနှင့် ရင်ဆိုင်လာရပြန်ပါပြီ။
သူ တမင်တကာလုပ်တာကို ဝန်ထမ်းများ မရိပ်မိဘဲ ကုမ္ပဏီအား တရားနည်းလမ်းကျကျ ငွေအရှုံးပေါ်စေမည့် လမ်းစဥ်တစ်ခုကို သူဆုံးဖြတ်လိုက်သည်။
"ကဲ... အဲဒါတော့ နည်းနည်းခက်တော့မှာပဲ...”
ဖေးချမ့် စဥ်းစားကြည့်လိုက်သည်။
အဓိက အိုက်ဒီယာကတော့ မှန်ကန်သည့် ဂိမ်းအမျိုးအစားကို ရွေးချယ်ဖို့ပဲ ဖြစ်၏။
သူ မိုဘိုင်းဂိမ်းများကိုတော့ ထပ်မံ ထိတွေ့ဦးမည် မဟုတ်တော့ပါ။
တစ္ဆေစစ်သူကြီးမှ ရလိုက်သော သင်ခန်းစာကြောင့် မိုဘိုင်းဂိမ်းများမှာ စမတ်ဖုန်းများ စောစောစီးစီး အဆင့်မြင့်နေရခြင်းကြောင့် ရေပန်းစားလာရတာဖြစ်ကြောင်း ဖေးချမ့် နားလည်လိုက်သည်။
အမှိုက်ဂိမ်းတစ်ဂိမ်းကို သူထုတ်လုပ်နိုင်ခဲ့ရင်တောင် ရေပန်းစားတာတစ်ခုတည်းကြောင့် နာမည်ကြီးသွားနိုင်ခြေ ရှိနေသည်။
ဒီလိုသာဆို Client-side ဂိမ်းများကို ရွေးချယ်သင့်သည်။
Client-side ဂိမ်းများအတွက် လက်ရှိစျေးကွက်မှာ ယိုယွင်းလာသည့် အခြေအနေရှိသည်ဟု ယူဆနိုင်သည်။
စျေးကွက်ထဲရှိ အကြီးမားဆုံး MMORPG ဂိမ်းကြီး Fantasy World က ယခင်ဘဝတုန်းက World of Warcraft နှင့် ဆင်တူ၏။
သူသေချင်ရင် Fantasy World ကို တုပခြင်းက ကောင်းမွန်သော ရွေးချယ်မှုတ်စခုဖြစ်သည်။
သို့သော်လည်း စွန့်စားမှုတော့ ရှိနေသေးမှန်း ဖေးချမ့် သိလိုက်ရသည်။
Eastward Legend လိုမျိုးတစ်ခုခုကို ထုတ်လုပ်နိုင်သွားရင် ခွကျမသွားနိုင်ဘူးလား။
ထို့အပြင် MMORPG ဂိမ်းများအတွက် အဓိက အချက်က ၎င်းတို့၏ ကစားပုံကစားနည်းများမှာ အလွန်ဆင်တူကြသည်။ Fantasy world လို ပြီးပြည့်စုံတဲ့ ဂိမ်းမျိုးရှိနေတာတောင် ၉၀ ရာခိုင်နှုန်း ဆင်တူသည့် MMORPG ဂိမ်းတစ်ခုကို သူတို့ထုတ်လုပ်လျှင် ကစားကြမည့်လူများ ရှိနေပါဦးမည်။
ထို့ကြောင့် အားကိုးရသော အစီအစဥ်ဖြစ်ပုံ မပေါ်တော့ပေ။
၉၀ ရာခိုင်နှုန်းလောက် ဆင်တူဖန်တီးနိုင်ပြီး အရှုံးပေါ်နိုင်မဲ့ တခြားဂိမ်းတွေ ဘာရှိသေးလဲ။
Gods Rising ကို ပုံတူကူးကြည့်လိုက်ရမလား။
မဖြစ်နိုင်ပါ။
နောက်ထပ် League of Legends ဂိမ်းကြီးတစ်ခု ဖန်တီးမိသွားလျှင် သူ ပြဿနာတက်လိမ့်မည်။
တကယ်တော့ ဖေးချမ့်လည်း ဘယ်လိုဂိမ်းမျိုးက သူ့ကို အရှုံးပေါ်စေမလဲ မသေချာတော့ပါ။ ယခင်ဘဝက အတွေ့အကြုံများအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တစ်ခုသာ ချမှတ်နိုင်တော့သည်။
အရင်ဘဝတုန်းက အောင်မြင်ဖူးသည့် ဂိမ်းများကို လက်နှင့် ထိတွေ့ဖို့ ကြိုးစားတော့မည်မဟုတ်ပေ။
အများကြီး စဥ်းစားပြီးနောက် ကောင်းမွန်သည့် အမျိုးအစားတစ်ခုကို ဖေးချမ့် စဥ်းစားမိသွား၏။
စျေးကွက်ထဲတွင် ထိုအမျိုးအစားကြောင့် အလွန်အမင်း အောင်မြင်နေသည့် ဂိမ်းတစ်ခုရှိသည်။
သူ့ဝန်ထမ်းတွေ ဘယ်လောက်ပဲ ကြိုးစားပန်းစား အလုပ်လုပ်ပြီး ထုတ်လုပ်ကြပါစေ, သူတို့ဂိမ်းက ထိုဂိမ်း၏ အဆင့်ကို မီနိုင်မှာ မဟုတ်ပေ။
အရင်ဘဝတုန်းက ထိုအမျိုးအစားတွင် အောင်မြင်သည့် ဂိမ်းများ ရှိခဲ့ဖူးသော်လည်း အောင်မြင်ရသည့် အဓိက အကြောင်းအရင်း အများစုက ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်သည်။
သို့သော်လည်း ဒီအပြိုင်ကမ္ဘာမှာတော့ ထိုပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြီးက ကြီးမားလွန်းလှသည်။
ကောင်းမွန်သည့် ရွေးချယ်မှုဟု ဖေးချမ့် ခံစားလိုက်ရသည်။
သေချာပေါက် ကျရှုံးမည့် နောက်ထပ် ပြုပြင် ပြင်ဆင်ချက်များနှင့်သာ ပေါင်းလိုက်လျှင် သေချာပေါက် ဒီတစ်ခေါက်တော့ ငွေအရှုံးပေါ်နိုင်ပါလိမ့်မည်။
ဖေးချမ့် ထိုအကြောင်းကို ပိုပြီး စဥ်းစားမိလေ၊ ပိုပြီး ပြီးပြည့်စုံလာလေလေဖြစ်သည်။ ရှုထောင့်ကဏ္ဍမျိုးစုံကိုလည်း သူ ထည့်သွင်းစဥ်းစားပြီးပြီဖြစ်သည်။
ယခု သူ့ဝန်ထမ်းများ (ငတုံးများ) ကို နည်းနည်းလေး လှည့်စားဖို့ ပြဿနာတစ်ခုသာ ရှိတော့သည်။
သို့သော်လည်း သူတို့ကို မလှည့်စားရင်တောင် အဆင်ပြေလောက်သည်။ ဘော့စ်တစ်ယောက် အနေဖြင့် ဝန်ထမ်းများက ဖေးချမ့်၏ အမိန့်ကို နာခံရမည်။ သူ့မှာ ဒီလိုအာဏာမျိုး ရှိသည်။
သို့သော်လည်း ဖေးချမ့်က ကျိုးကြောင်းဆီလျော်သည့် လူတစ်ယောက်ဖြစ်သည်။
သူတို့ မကြိုက်သည့် ဂိမ်းတစ်ခုကို ဝန်ထမ်းများအား အတင်းအကြပ် ထုတ်လုပ်ခိုင်းပါက အန္တရာယ်နှစ်ခုရှိသည်။
ပထမတစ်ခုက လူအများစု စိတ်မပါသဖြင့် ဂိမ်းကို ထုတ်လုပ်နိုင်မည် မဟုတ်ပေ။ ဆန်းစစ်ခြင်း လုပ်ငန်းစဥ်ကို မအောင်မြင်သည့် ဂိမ်းတစ်ခုကို ထုတ်လုပ်လိုက်ပါက အလွန်အမင်း ရေသာခိုမှု ဖြစ်သွားနိုင်ပြီး စည်းကမ်းဖောက်ဖျက်မှုအဖြစ် စနစ်က သတ်မှတ်သွားပါလိမ့်မည်။
နောက်တစ်ခုက ဖေးချမ့် ပရောဂျက်ကို တမင်တကာ ဖျက်ဆီးနေသည်ဟု ဝန်ထမ်းများ သံသယဖြစ်လာပြီး စည်းကမ်းဖောက်ဖျက်မှုဖြစ်သွားနိုင်ပါသေးသည်။
ထို့ကြောင့် ဘေးကင်းဖို့အတွက် တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ဖို့ အားလုံးကို အယုံသွင်းဖို့ ဖေးချမ့် ဦးစားပေးပါသေးသည်။ ထို့အပြင် သူလုပ်စရာလိုတာဆိုလို့ အစီအစဥ်ချသည့် လုပ်ငန်းစဥ်တွင် အဓိက အပိုင်းတချို့ကို ကလိလိုက်ပြီး ထုတ်လုပ်ရေး တစ်ခုလုံးကို လမ်းကြောင်း လွဲသွားစေပါလိမ့်မည်။
...
အင်္ဂါနေ့...
ထန်းတာ့နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီ လိမိတက်။ အစည်းအဝေးခန်း။
ဟွမ်းစစ်ပေါ်နှင့် တခြားသူများ ထိုင်နေကြပြီး ဖေးချမ့်ကို မျှော်လင့်စောင့်စားစွာ ကြည့်နေကြသည်။
နိုဝင်ဘာ ၁၂ ရက်နေ့ရှိနေပြီဖြစ်ပြီး မနေ့က ဖေးချမ့်၏ အမိန့်ကြောင့် အားလုံး အတင်းအကြပ် အားလပ်ရက် ယူခဲ့ရသည့် Single နေ့ ဖြစ်သည်။
သူတို့အားလုံး အားလပ်ရက် သုံးရက်ကြောင့် နတ်ပြည်ရောက်သွားသည်ဟု ခံစားခဲ့ရသည်။
သို့သော်လည်း အားလပ်ရက်ပြီးသောအခါ နားလည်မှုတစ်ခုကြောင့် ပို၍ပင် စိတ်အားထက်သန်သွားသည်။
'ဘော့စ်ဖေးက သူဌေးကောင်းတစ်ယောက်ပဲ။ ငါတို့ သူ့အတွက် အစွမ်းကုန် ကြိုးစားပေးရမယ်”
အားလုံးလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်သည်။
ဒီလောက် သဘောကောင်းတဲ့ ဘော့စ်ဆိုတာ မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။
ရည်းစားရှိသူတိုင်း ရည်းစားနဲ့ အချိန်ဖြုန်းပြီး မရှိသူများက ရှာနိုင်ဖို့အတွက် Single နေ့ အားလပ်ရက် ပေးခဲ့တယ်တဲ့လား။ ဘယ်လိုစိတ်ဓာတ်မျိုးလဲ။
ဝန်ထမ်းတွေရဲ့ အရေးကိစ္စတွေကို ဒီလိုဂရုစိုက်ပေးတဲ့ ဘော့စ်မျိုး ဘယ်မှာ ရှာလို့ရပါဦးမလဲ။
ထို့ကြောင့် အားလုံး အားလပ်ရက် ၃ ရက်ပြီးသောအခါ လန်းဆက်တက်ကြွကာ စိတ်အားထက်သန်သွားကြသည်။
ဒီအချက်က ပေါင်ရှုအတွက် ပို၍ပင် မှန်ပါသေးသည်။ သူ့ခေါင်းပြောင်ပြောင်တွင် အကောင်းမြင်မှုနှင့် ယုံကြည်မှုတို့ အရောင်ပြန်နေသည်ဟုပင် ထင်ရသည်။
ဖေးချမ့်က မသိမသာ ချောင်းဆိုးလိုက်ပြီး အားလုံးကို ကြည့်လိုက်၏။ "ငါတို့ရဲ့ နောက်ထပ် ပရောဂျက်က FPS ( First Person Shooter သေနတ်ပစ်ဂိမ်း) ပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ အားလုံး ကြက်သေသေသွားကြသည်။
အထူးသဖြင့် ဟွမ်းစစ်ပေါ်ဖြစ်သည်။
ဖေးချမ့် ယခင်အောင်မြင်ခဲ့သည့် ဂိမ်းမှာ မိုဘိုင်းကတ်ဂိမ်းဖြစ်သော တစ္ဆေစစ်သူကြီးကို သူသိထားသည်။
သီအိုရီအရဆို ပရောဂျက်အသစ်ကလည်း ပိုကျယ်ပြန့်သည့် မိုဘိုင်းကတ်ဂိမ်းသစ်တစ်ခု သို့မဟုတ် အနည်းဆုံး နောက်ထပ် မိုဘိုင်းကတ်ဂိမ်းတစ်ခုပဲ လုပ်သင့်သည်။
ဒီလို ရုတ်ခြည်း အမျိုးအစား ခုန်ကူးမှု၊ အထူးသဖြင့် FPS တစ်ခု ဖြစ်နေခြင်းက ပြောင်းလဲမှု ကြီးမားပြီး ကုမ္ပဏီအများစု မလုပ်ချင်ကြသောအရာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အရင်က တစ်ခါမှ မဖန်တီးဖူးသည့် ကုမ္ပဏီတစ်ခုအတွက် စွန့်စားမှုက ကြီးမားလွန်းသည်။
ထို့အပြင် ယခု ရေပန်းစားနေမှုများက မိုဘိုင်းကတ်ဂိမ်းများ ထပ်ပြီး ဖွံ့ဖြိုးလာမည်ကို ပြသနေသည်။ ဒါကိုလက်လျှော့လိုက်တာ နှမြောဖို့မကောင်းဘူးလား။
ဟွမ်းစစ်ပေါ် ဘာပြောချင်နေလဲ သိနေသလိုမျိုး ဖေးချမ့်က ဆက်ပြော၏။ "ငါတို့ မိုဘိုင်းကတ်ဂိမ်းပရောဂျက် ထပ်မလုပ်ဘူး”
"ထန်းတာ့ရဲ့ ပန်းတိုင်က ဂိမ်းလောကမှာ ဦးဆောင်သူ ဖြစ်လာဖို့ပဲ။ ငါတို့ကိုယ်ငါတို့ အသေးအဖွဲ မိုဘိုင်းဂိမ်းပရောဂျက်လေးတစ်ခုနဲ့ ချုပ်နှောင်ထားလို့ မဖြစ်ဘူး။ နည်းနည်းလေး ရလိုက်တာနဲ့ ငါတို့ အသာစံနေကြမှာလား။ အဲဒါ ထန်းတာ့ရဲ့ စိတ်ဓာတ်မဟုတ်သလို ငါ့ရဲ့စိတ်ဓာတ်လည်း မဟုတ်ဘူး”
"ထန်းတာ့မှာ ငါတို့ ကြီးမားတာ လုပ်ရင်လုပ် မလုပ်ရင် အိမ်လှည့်ပြန်ကြတော့လို့ ခံယူထားတယ်”
ဖေးချမ့်က ထိုစကားကိုပြောလိုက်စဥ် ဖြောင့်မတ်မှုများဖြင့် ပြည့်ဝနေခဲ့၏။ သူ့အင်ပါယာ တစ်ခုလုံးကို သူ့ထိန်းချုပ်မှုအပြည့်အဝဖြင့် ကြည့်ရှုစောင့်ရှောက်နေသည့် သူဌေးကြီးတစ်ယောက်နဲ့ တူသွားသည်။
ရုတ်တရက် နားလည်သွားသဖြင့် ဟွမ်းစစ်ပေါ် ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်လိုက်သည်။
ဒါ့ကြောင့်ကိုး။
သူတို့တွေရဲ့ အဆင့်တွေက လားလားမှ မသက်ဆိုင်တော့ပါ။
ဟွမ်းစစ်ပေါ်က ကုမ္ပဏီကို ကြွေးမြီကင်းရှင်ရုံထားပြီး ဘေးကင်းကင်းအလုပ်တစ်ခုကို လုပ်ဖို့သာ စဥ်းစားသည်။
သို့သော်လည်း ဘော့စ်ဖေ၏ ရည်မှန်းချက်များကတော့ လုံးဝ ခြားနားနေသည်။
ကြီးမားတာလုပ်ရင်လုပ် မလုပ်ရင် အိမ်ပြန်တော့တဲ့။ ထိုစကားလုံးများကြောင့် ဟွမ်းစစ်ပေါ်၏ သွေးများ ဆူပွက်လာရသည်။
သူတို့ရဲ့ စိတ်ဓာတ်တည်ဆောက်ပုံခြင်း ကွဲပြားခြားနားသည်။
အရင်ကုမ္ပဏီတုန်းက ဂိမ်မာများထံမှ ပိုက်ဆံ ဘယ်လိုညှစ်ထုတ်ရမလဲဆိုတာကိုသာ စဥ်းစားပြီး အချိန်ဖြုန်းခဲ့ကြသည်။ တော်တော်ကို အရှက်မရှိခြင်း ဖြစ်သည်။
သို့သော် ထန်းတာ့နှင့် နှိုင်းယှဥ်ကြည့်လိုက်ပါက ကုမ္ပဏီချင်း မိုးနှင့်မြေလို ကွာခြားလွန်းသည်။
ဖေးချန်းက အားလုံး၏ တုံ့ပြန်မှု မျက်နှာထားကို ကြည့်လိုက်ပြီး အလွန်အမင်း ကျေနပ်သွားသည်။
"ကဲ။ ဒီပရောဂျက်တွေအတွက် လိုအပ်ချက်တွေကို ငါဆက်ပြောမယ်။ ဒီပရောဂျက်အတွက်.... ဟွမ်းစစ်ပေါ်နဲ့ ပေါင်ရှုတို့က ဦးဆောင်ရမယ်”
"ပေါင်ရှုက Concept ဒီဇိုင်းပိုင်းကို တာဝန်ယူပြီး ဟွမ်းစစ်ပေါ်က အဲ့ဒီဇိုင်းတွေကို အကောင်ထည် ဖော်ရမဲ့ အစီအစဥ်ရေးဆွဲသူခေါင်းဆောင်ပဲ”
ပေါင်ရှုနှင့် ဟွမ်းစစ်ပေါ်တို့ နားကြားလွဲသွားသလားဟုပင် ခံစားလိုက်ရကာ ကြက်သေ သေသွားကြသည်။
'လခွမ်း အဲ့လောက် အရေးကြီးတဲ့ တာဝန်လား'
အဓိက အစီအစဥ်ကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းစဥ်အတွက် တာဝန်ရှိပြီး ဂိမ်းကို ချောချောမွေ့မွေ့ ထုတ်လုပ်နိုင်ဖို့ သေချာ ကိုင်တွယ်ရမည်။
ဖေးချမ့်က ဒီဇိုင်းအဖွဲ့၏ အရေးအကြီးဆုံး ရာထူးနှစ်ခုကို သာမန်ကာလျှံကာ ပေးလိုက်ခြင်း ဖြစ်သည်။
ပေါင်ရှုအတွက်တော့ သိပ်မဆိုးလှပါဘူး။ ဘာပဲဖြစ်ဖြစ် ဂိမ်းကုမ္ပဏီတစ်ခု၏ တည်ဆောက်ပုံအကြောင်း သိပ်နားမလည်ဘဲ သူ့အတွက် အရေးကြီးသည့် ရာထူးတစ်ခုကို ရလိုက်တယ်ဆိုတာတောင် မသိလိုက်ပါဘူး။
သို့သော်လည်း ဟွမ်းစစ်ပေါ်ကတော့ လုံးဝ မှင်တက်သွားခဲ့ရသည်။
အစီအစဥ်ကို အကောင်ထည် ဖော်ရမယ်ဟုတ်လား။ သူက ဒီလိုခြေတစ်လှမ်းတည်းနဲ့ အစီအစဥ် ရေးဆွဲတဲ့ ခေါင်းဆောင် ဖြစ်တော့မှာလား။
ဒါက သူ့လုပ်ငန်း ၆ နှစ်တာမျှ တိုးတက်သွားတာနဲ့ ညီမျှသည်။