← Chapters

အခန်း(၄၂) ပျော်ပေမဲ့ စိတ်မအေးသေးဘူး

Vol. 3 Ch. 42

အခန်း(၄၂) ပျော်ပေမဲ့ စိတ်မအေးသေးဘူး

Vol. 3 Ch. 42

အခန်း(၄၂) ပျော်ပေမဲ့ စိတ်မအေးသေးဘူး

အစည်းအဝေးခန်းထဲမှ လူအားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွာားကြသည်။

ဟွမ်းစစ်ပေါ်က ပေါင်ရှုကို တားလိုက်ပါသည်။

"အစ်ကိုပေါင် Concept ကိုမြန်မြန်လေးလုပ်ဖို့ မင်းကို ဒုက္ခပေးရဦးမှာပဲ။ ငါတို့ ဒီဇိုင်းမူကြမ်း လုပ်ဖို့ အနည်းဆုံး ၅ ရက်လောက်ကြာမှာမို့လို့။ မနက်ဖြန် အကြံဉာဏ် အကြမ်းဖျင်း ရရင် အကောင်းဆုံးပဲ ဒါမှ ငါတို့တွေ တတ်နိုင်သမျှ ခပ်စောစော ဆက်သွယ်နိုင်မှာ”

ဟွမ်းစစ်ပေါ်က အလွန်ယဥ်ကျေးစွာ ပြောလိုက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ပေါင်ရှု၏ နောက်ခံအကြောင်း သူမသိဘဲ ပေါင်ရှုအပေါ် သူ့အမြင်က တချို့အကြောင်းအရာတွေပေါ်မှာသာ အခြေခံထားခြင်းဖြစ်သည်။

ပထမဆုံး ဆံပင်တွေ ကျွတ်နေသဖြင့် သူက အသက်ကြီးပုံရသည်။

ဒုတိယက အချိန်ပို အထူးအခွင့်အရေးကော ဘော့စ်ဖေး၏ ယုံကြည်မှုကိုကော ရထားသည့် လက်ရွေးစင်ဂိမ်မာတစ်ယောက် ဖြစ်သည်။

တတိယက အမြဲတမ်း နက်နက်ရှိုင်းရှိုင်း တွေးနေသလို တိတ်ဆိတ်နေတတ်သောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ လေ့လာဆန်းစစ်ချက်များကြောင့် ဟွမ်းစစ်ပေါ်က စီနီယာတစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

ပေါင်ရှုက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါပြီ ညီအစ်ကို ဟွမ်”

ပေါင်ရှုကလည်း ဟွမ်းစစ်ပေါ်၏ နောက်ခံအကြောင်းကို မသိပေ။ သို့သော် ပထမနှစ်တက္ကသိုလ် ကျောင်းသားတစ်ယောက်အနေဖြင့် ဟွမ်းစစ်ပေါ်က ဘွဲ့ရပြီးကတည်းက ဒီလောကထဲ ဝင်ခဲ့တာ ဖြစ်သောကြောင့် စီနီယာဟု ခန့်မှန်းမိသည်။

နှစ်ဖက်စလုံးက 'ညီအစ်ကို'ဟူသော စကားကို ယဥ်ကျေးသည့်သဘောအရ ပြောဆိုခြင်းဟု သဘောထားပြီး များများစားစား မတွေးခဲ့ပါ။

တစ်ဖက်လူက တကယ်ရင်ထဲက ဘာပြောနေမှန်း မသိကြချေ။

ဟွမ်းစစ်ပေါ်က အလုပ်စားပွဲသို့ ပြန်လာပြီး ပျော်လည်းပျော် စိတ်လည်း မအေး ခံစားနေရသည်။

ဒီနေရာက ဘော့စ်နှင့် လုပ်ဖော်ကိုင်ဖက်များမှာ အလွန်အမင်း ခင်မင်တတ်ပြီး ယဥ်ကျေးသောကြောင့် ပျော်ရခြင်းဖြစ်သည်။ အရင်ကုမ္ပဏီ၏ တင်းကြပ်ပြီး ဖိနှိပ်သော ပတ်ဝန်းကျင်နဲ့ယှဥ်ရင် ဒီကုမ္ပဏီက လုံးဝ ခြားနားပါသည်။

သူ့အစွမ်းအစ လိုအပ်မှုကြောင့် သူဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် စိတ်မအေးရခြင်း ဖြစ်သည်။

ချက်ချင်းပဲ အရင်တုန်းက သူစုဆောင်းခဲ့ဖူးသည့် ဒီဇိုင်းမူကြမ်းမျိုးစုံကို ကြည့်လိုက်ပြီး နောက်ဆုံးတစ်ခေါက် ပြန်နွှေးလိုက်သည်။

ဒီလိုမှ ပေါင်ရှု Concept ရလာပြီဆိုတာနှင့် ဒီဇိုင်းမူကြမ်းကို သူဖန်တီးနိုင်မည်ဖြစ်သည်။

ပေါင်ရှုကတော့ Concept အကြောင်း စဥ်းစားသည့် လုပ်ငန်းစဥ်ထဲ အမြန်ဝင်ရောက်ခဲ့ပါသည်။

ယခင် FPS ဂိမ်းမျိုးစုံ၏ မှတ်ဉာဏ်များက သူ့ခေါင်းထဲ တိုးဝင်လာခဲ့ပြီး အားပေးလှုံ့ဆော်ခဲ့ပါသည်။

လူသစ်တွေအတွက် လွယ်ကူမဲ့ ဂိမ်းမျိုး လုပ်ရမှာလား။ ဒါကမခက်ခဲဘဲ ရိုးရှင်းသော ချိန်ညှိမှုအနည်းငယ်ဖြင့် ဆောင်ရွက်နိုင်သည်။

ဥပမာအားဖြင့် ဇာတ်ကောင်များ၏ ပစ်မှတ် နေရာများကို ချိန်ညှိလိုက်လို့ရသည်။ အထူးသဖြင့် ဦးခေါင််းနေရာကိုဖြစ်၏။ ဒါမှ ဂိမ်မာ အသစ်များက ခေါင်းကို ပစ်နိုင်ခြေ မြင့်မည်ဖြစ်သည်။

သို့တည်းမဟုတ် Zoom ချဲ့သည့် အမြန်နှုန်းနှင့် စနိုက်ပါ ရိုင်ဖယ်များ၏ သေနတ်ပစ်နှုန်းကို မြှင့်တင်နိုင်သည်။ ဒီလိုဆို လူသစ်များက စနိုက်ပါ ပစ်ခြင်းအား အမြန်ဆုံးကျွမ်းကျင်သွားနိုင်သည်။

ပေါင်ရှုက ပရော်ဖက်ရှယ်နယ် ဂိမ်မာဟု သတ်မှတ်ရလောက်သည့်အထိ FPS ဂိမ်းများတွင် မကျွမ်းကျင်သော်လည်း သာမန်လူတွေကြားထဲမှာတော့ သေချာပေါက် ပညာရှင်တစ်ယောက် ဖြစ်သည်။

သူ့ကိုယ်ပိုင် လက်တိကျမှုအရ  လိုအပ်သည့် ချိန်ညှိမှုများကို အလွယ်လေးဖန်တီးနိုင်သည်။

Paywall လက်နက်များအတွက်လည်း ပြသနာ ကြီးကြီးမားမား မရှိပါ။ သူတို့လုပ်ဖို့လိုတာဆိုလို့ စျေးကို မြင့်မြင့်ထားလိုက်ဖို့ပဲဖြစ်သည်။

ပေါင်ရှုအတွက် တစ်ခုတည်းသော အခက်အခဲက ဖေးချမ့်၏ ပထမဆုံးတောင်းဆိုချက်ဖြစ်သော Story Mode ပဲဖြစ်သည်။

သူအတွေးနက်နက်ရှိုင်းရှိုင်းထဲ ဝင်ရောက်သွား၏။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဒါမျိုးက သူလုံးဝ နားမလည်နိုင်သည့် အရာမျိုးဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ပြည်တွင်း ရေပန်းအစားဆုံး FPS ဂိမ်းများတွင် ဘာ Story Mode မှ မပါသောကြောင့်ဖြစ်သည်။ Counter Strike မှာလည်း မပါပေ။ သူတို့ လုပ်ရမှာဆိုလို့ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်တာပဲရှိပါသည်။

နိုင်ငံခြား တစ်ကိုယ်တည်း FPS ဂိမ်းကြီးများတွင် Story Mode ရှိကြတာ မှန်သော်လည်း ထန်းတာ့နှင့် ယှဥ်လျှင် ပိုကြီးမားသော ကုမ္ပဏီကြီးများဖြစ်ကြပါသည်။

လူအယောက် ၃၀ ရှိသော အဖွဲ့တစ်ဖွဲ့နဲ့ နိုင်ငံခြားက FPS ဂိမ်းကြီးများလို Story Mode ဖန်တီးခြင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေသည်ဟု ဆိုနိုင်သည်။

ပေါင်ရှုက ဂိမ်းလောကထဲ အခုမှ ဝင်လာတာ ဖြစ်သော်လည်း ဒီအရာတွေကိုတော့ ရှင်းရှင်းလင်းလင်း သိပါသေးသည်။

ရွေးချယ်စရာမရှိတော့ဘဲ နောက်တစ်နည်းကို စဥ်းစားရတော့သည်။

ဝန်ထမ်း ၃၀ လောက်နဲ့ နိုင်ငံခြား FPS ဂိမ်းကြီးတွေလို Story Mode တစ်ခုတော့ ဖန်တီးနိုင်မည် မဟုတ်တာ ရှင်းနေသည်။

'သူ့လို သာမန်လူမျိုးတောင် ဒါကိုသိရင် သူတို့ရဲ့ ဉာဏ်ကောင်းတဲ့ ဘော့စ်ဖေးက မသိဘဲ နေပါ့မလား'

'သူလည်း သိနေတာဖြစ်ရမယ်'

'သူသိတယ်ဆိုရင် ဘာလို့ဒီလောက်ထိ တင်းကြပ်တဲ့ တောင်းဆိုချက်ကို လုပ်ရတာလဲ'

'ဒါက စမ်းသပ်တာလည်း ဟုတ်သလို အရိပ်အမြွက်ပေးတာလည်း ဟုတ်တယ်'

'ဘော့စ်ဖေးက ငါတို့ရဲ့အစွမ်းအစတွေကို စမ်းသပ်ပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံခြားက FPS ဂိမ်းကြီးတွေလိုမျိုး မလုပ်ဖို့ အရိပ်အမြွက်ပေးနေတာ'

'အဲဒါဆို ငါတို့ ဘာဆက်လုပ်ရမလဲ...'

ပေါင်ရှု အတွေးနက်နက်ရှိုင်းရှိုင်းထဲ ကျရောက်သွားခဲ့ပါသည်။

...

ညနေ ၅ နာရီတွင်။

ဖေးချန်းက ပျော်ရွှင်စွာ အလုပ်မှ ပြန်လာပါသည်။

ဒီလိုအချိန်ကိုက် အလုပ်ဆင်းနိုင်သည့် ခံစားချက်က တကယ်ကောင်းမွန်ပါသည်။

အမှန်ပင်။ ဘော့စ်တစ်ယောက်ဖြစ်သဖြင့် ဖေးချမ့်က အလုပ်လုံးဝ မလာတာမျိုးတော့ လုပ်လို့မရပေ။

သို့သော် လုပ်လို့ရပါက အလုပ်ပြီးတဲ့အချိန်အထိ စောင့်ရခြင်း၏ ပျော်ရွှင်မှုမျိုးကို ခံစားရမည် မဟုတ်သလို အလုပ်တကယ်ပြီးသောအခါ ရွှင်လန်းရသည့်ခံစားချက်ကိုလည်း ခံစားရမည်မဟုတ်ပေ။

ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်က တိုက်ခန်း ၃၀ ကျော်ပိုင်ဆိုင်သော်လည်း နေ့စဥ် အိမ်ငှားခများ ကောက်ခံခဲ့ကာ ဤသို့ ပြောခဲ့သည်။ "ယောက်ျားတွေက မပျင်းရဘူး။ ပျင်းရင် သုံးစားမရ ဖြစ်သွားမယ်”

ဖေးချမ့်၏ အတွေးကလည်း ဒီလိုပဲဖြစ်သည်။ သူငွေတချို့ကို ဆုံးရှုံးနေပါက သက်သောင့်သက်သာ နေနိုင်သည့် ဘဝမျိုးကို စနစ်က အထူးအခွင့်အရေးပေးထားသော်လည်း ဒီပျော်ရွှင်မှုကြောင့် သူ့ကိုယ်သူ သုံးစားမရတဲ့လူဖြစ်သွားစေလို့ မဖြစ်ပါ။

သူလေ့လာချင်တဲ့အချိန်ကျမှ လေ့လာပြီး အချိန်မှန် အလုပ်ဆင်းနိုင်ခြင်းက သူ့ကို ဆက်လက်တိုက်ပွဲဝင်စေကာ သုံးစားမရသည့်လူ ဖြစ်မသွားစေဖို့ တွန်းအားပေးနေခြင်း ဖြစ်သည်။

အရင်အပတ်တုန်းက ၅ နာရီထိုးသောအခါ အားလုံးကို ဖေးချမ့် နှင်ထုတ်ခဲ့ရသည်။ အထူးသဖြင့် အချိန်ပိုလုပ်ရတာကို အသားကျနေသော ဟွမ်းစစ်ပေါ်လို လူမျိုးများ ဖြစ်ကြသည်။

ဒါကို ဝန်ထမ်းများ၏ အကျင့်ဆိုးကို ပြုပြင်ပေးခြင်းဟု ခေါ်သည်။

သို့သော်လည်း အမှန်ပင်။ ပေါင်ရှုကတော့ ခြွင်းချက်ဖြစ်၏။ သူ့ကို ကုမ္ပဏီထဲတွင် ဂိမ်းကစားခွင့် ပြုလိုက်ခြင်းဖြင့် ဖေးချမ့်မီတာခ ပိုကုန်နိုင်မည်ဖြစ်သည်။

တစ်ပတ်လောက် အားထုတ်ကြိုးပမ်းပြီးသောအခါ သူ့ဝန်ထမ်းအများစုက ၎င်းတို့၏ အကျင့်ဆိုးများကို ဖယ်ရှားနိုင်ခဲ့ကြပြီဟု ခံစားမိပါသည်။

ဘာပဲဖြစ်ဖြစ် ဘယ်သူက အကြောင်းအရင်းမရှိဘဲ အချိန်ပို လုပ်ချင်မှာလဲ။

သူတို့အားလုံးတွင်လည်း ဖေးချမ့်လိုပဲ အချိန်မှန် အလုပ်ဆင်းသော အကျင့်များ ဖြစ်လာကြပြီး ဖေးချမ့်လည်း ကျေနပ်သွားသည်။

...

ဟွမ်းစစ်ပေါ် အစကတော သူ့အလုပ်စားပွဲကို သန့်ရှင်းနေသည်။ သို့သော် ဖေးချမ့် ပြန်သွားတာကို မြင်သောအခါ ချက်ချင်းထိုင်ချလိုက်၏။

ထို့နောက် စွန့်စားမှုလုပ်ရမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

အချိန်ပို အလုပ်လုပ်ပါက လစာဖြတ်မယ်ဟူသော ဘော့စ်ဖေး၏ သတိပေးချက်ကို သူလျစ်လျူရှုတော့မည်။

ဒီအချိန်ပိုက အပြည့်အ၀ လိုအပ်သည်။

အဘယ့်ကြောင့်ဆိုသော် ဟွမ်းစစ်ပေါ် အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေသောကြောင့်ဖြစ်သည်။ အစီအစဥ်ဆွဲသူချုပ် ဖြစ်ဖို့ မထိုက်တန်ဘူးဟုပင် ကိုယ့်ကိုယ်ကို ထင်မိနေ၏။ ထို့ကြောင့်လည်း စာပြန်နွှေးဖို့ ဆက်နေခြင်းဖြစ်ပြီး သူဝန်ထုပ်ဝန်ပိုးဖြစ်မလာအောင် ပြင်ဆင်နေခြင်းဖြစ်သည်။

တခြာဝန်ထမ်းများကတော့ အချိန်မှန် အလုပ် ဆင်းခဲ့ကြပါသည်။

ဘာပဲဖြစ်ဖြစ် လောလောဆယ် သူတို့ဘာမှ လုပ်စရာသိပ်မရှိကြသေးပေ။ အားလုံးက ပေါင်ရှု၏ Concept မူကြမ်းကို မျှော်လင့်ချက်ကြီးစွာ စောင့်နေကြရသည်။

ဘော့စ်ဖေးသာ ရုံးထဲ ရုတ်တရက်ကြီး ပြန်ဝင်လာလျှင် ဘယ်လို ရှင်းပြရမလဲ စဥ်းစားလိုက်သည်။

သို့သော်လည်း သူ့စိုးရိမ်မှုများက အဓိပ္ပာယ်မရှိကြောင်း မကြာခင် နားလည်သွားသည်။ ဘော့စ်ဖေးက တစ်ယောက်ယောက် အချိန်ပို လုပ်နေသလား လာစစ်ဆေးဖို့လောက်အထိ အချိန်အားနေသူမဟုတ်ပေ။

သိပ်မကြာခင် ဧရာမ ရုံးနေရာကြီးတွင် ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့သာ ကျန်ခဲ့တော့သည်။

ပေါင်ရှုက သရေစာထားရာ နေရာမှ အာလူးကြော်ထုတ်ကြီးတစ်ထုတ်နှင့် မီးဖိုချောင်ထဲမှ ကော်ဖီတစ်ခွက်ယူလိုက်ပြီး ဇိမ်ကျနေခဲ့ပါသည်။

ဒါတွေအားလုံးကို ကုမ္ပဏီက အကန့်အသတ်မဲ့ ထောက်ပံ့ထားခြင်းဖြစ်၏။

အစကတော့ ရေအစား ကော်ဖီနှင့် အအေးများကို သောက်ရသဖြင့် ပေါင်ရှု အံ့အားသင့် ပျော်ရွှင်ခဲ့ရသည်။ သို့သော် အချိန်အတန်ကြာသောအခါ ဘာမှသိပ်ပြီးထူးခြားတာ မဟုတ်သလို ခံစားရပြီး သာမန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ဟွမ်းစစ်ပေါ်လည်း မပြန်သေးတာကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသော်လည်း ဘာမှ သိပ်မပြောခဲ့ပေ။ သူ့အလုပ်စားပွဲသို့ ပြန်သွားပြီး စာရွက်အလွတ်တစ်ရွက်ပေါ်တွင်သာ ပုံထိုင်ဆွဲနေလေသည်။

...

ည ၈ နာရီ။

ပေါင်ရှုက မတ်တပ်ရပ်လိုက်ပြီး ဟွမ်းစစ်ပေါ် ထံသို့ လျှောက်သွားသည်။ ခြစ်ရာများ၊ သင်္ကေတမျိုးစုံဖြင့် ပြည့်နှက်နေသည့် အဆောင်တစ်ခုနဲ့ တူသော စာရွက်တစ်ရွက်ကိုလည်း ကိုင်ဆောင်လာသည်။

"ညီအစ်ကိုဟွမ် ငါပြီးတော့မယ်” ပေါင်ရှုက ပြောလိုက်၏။

ဟွမ်းစစ်ပေါ်က အားတက်သရော  ခေါင်းညိတ်လိုက်၏။

"ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး ညီအစ်ကိုပေါင်”

ပေါင်ရှုက ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး သူ့အတွေးများကို ဟွမ်းစစ်ပေါ်အား စတင်ရှင်းပြလေသည်။

"ဘော့စ်ဖေးရဲ့ လိုအပ်ချက် ၃ ချက်ထဲမှာ ၂ ချက်က လွယ်တယ်။ ခက်တာက Story Mode ပဲ”

"ငါတို့တွေ သေချာပေါက် အဲဒီ နိုင်ငံခြား FPS ဂိမ်းကြီးတွေရဲ့Story Mode နဲ့တော့ ယှဥ်နိုင်မယ် မထင်ဘူး။ ဇာတ်ကောင်အရကော၊ အက်ရှင်တွေ အရကေ၊ ဆက်တင်တွေအရကောပဲ။ အဲဒါတွေကို တစ်ခုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး”

ဟွမ်းစစ်ပေါ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ငါလည်း အဲ့လိုထင်တာပဲ”

All Chapters