အခန်း(၄၄) ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကောင်း
Vol. 3 Ch. 44
အခန်း(၄၄) ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကောင်း
ဟွမ်းစစ်ပေါ် တွေးထားတာ ဒီလိုမဟုတ်သော်လည်း ပေါင်ရှု၏ စကားကိုကြားသောအခါ သူလည်း သဘောတူလိုက်မိပါသည်။
အခုချိန်ထိ အားလုံးက အစီအစဥ်တကျ ဖြစ်နေခဲ့သည်။ ဖေးချမ့်က တမင်သက်သက် သူတို့အတွက် စီစဥ်ထားသလိုပင်။
ဂိမ်း၏ အမျိုးအစားကို မကြည့်ဘဲ Story Mode တစ်ခုရှိရမည်ဟု သူသတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ချက်အောက်တွင် ပေါင်ရှု၏ အကြံက အဖြေကောင်းဖြစ်သည်။
ယခုတော့ လက်ခံနိုင်ရုံသာာမကဘဲ အခြေအနေအတွက် အကောင်းဆုံး အဖြေ ဖြစ်သည်။
တိုက်ဆိုင်တာဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်ပါ။
ယခင် ဘော့စ်ဖေး ဂိမ်းနှစ်ခုကို ပေါက်အောင် လုပ်နိုင်ခဲ့သည့် အကြောင်းပြချက်နှင့် ဂိမ်းမဖန်တီးခင် သတ်မှတ်ခဲသည့် အခြေအနေရပ် သုံးခုတို့ကို ပေါင်းလိုက်သောအခါ အစကတည်းက ဂိမ်းတွေကို သူ့လမ်းစဥ်အတိုင်း သွားစေချင်သောကြောင့်ဟု ဆိုလိုပါသည်။
အမှန်ပင်။ ဘော့စ်ဖေးက အားလုံးကို ထိန်းချုပ်ထားနိုင်သည့် ဆန်းကြယ်သည့် လူတစ်ယောက်ဖြစ်သည်...။
ဟွမ်းစစ်ပေါ်က မထိန်းနိုင်ဘဲ ကျောရိုးတစ်လျှောက် စိမ့်သွားမိပါသည်။ ဒါက တကယ်ပဲ ဒီဇိုင်နာ ကောင်းတွေရဲ့ ကမ္ဘာလား။
"နေဦး နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်” ဟွမ်းစစ်ပေါ် သတိရသွား၏။
"ဘော့စ်ဖေးရဲ့ တခြား လိုအပ်ချက်နှစ်ခုကိုကော ဘယ်လိုရှင်းဖို့ စီစဥ်ထားလဲ။ တစ်ခုက လူသစ်တွေအတွက် အခက်အခဲအဆင့်ကို လျှော့ချဖို့ ဖြစ်ပြီး နောက်တစ်ခုက ရာသက်ပန် အသုံးပြုနိုင်တဲ့ စျေး ၈၈၈ နဲ့ အံ့ဖွယ်လက်နက်တွေကို ရောင်းဖို့လေ”
ပေါင်ရှုက ယုံကြည်ချက် ပြည့်ဝနေသည်။
"အဲဒီနှစ်ချက်ကိုလည်း ငါစဥ်းစားပြီးပါပြီ”
"အခက်အခဲ အဆင့်ကို နှိမ့်တယ်ဆိုတာက ဂိမ်းရဲ့ ချောမွေ့မှုအပေါ်မူတည်တယ်။ ကစားသမားတွေ ပစ်နိုင်တဲ့ နေရာတွေ၊ ကျည်ဆံတွေရဲ့ အမြန်နှုန်းနဲ့ Zoom ချဲ့တဲ့ အမြန်နှုန်းတွေကို ညှိနိုင်ရင် အဆင်ပြေပါပြီ။ အဲ့ဒါတွေကို စိတ်ပူစရာမလိုဘူး။ လုပ်ရင်းနဲ့ ညှိသွားလို့ရတယ်”
"ငါတို့တွေဘာလို့ အဲ့လိုလုပ်ရသလဲ ဆိုတာတော့ လောလောဆယ် ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ငါနားမလည်နိုင်သေးဘူး။ သူက တောင်းဆိုထားတဲ့လူဆိုတော့ မမှားနိုင်ပါဘူး။ သူပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
"အံ့ဖွယ်လက်နက်တွေနဲ့ ပတ်သက်တဲ့ အပိုင်းကတော့ တကယ်ပဲ ဘော့စ်ဖေးရဲ့ မြင့်မားတဲ့ ရည်မှန်းချက်တစ်ခုပဲ”
"အစကတော့ ငါလည်း နားမလည်နိုင်ခဲ့ဘူး။ ဒီတိုင်း စျေးကြီးတဲ့ လက်နက်တွေကို ရောင်းတာလို့ ထင်နေတာ”
"ဒါပေမဲ့ ဒီလိုရိုးရှင်းတဲ့ တောင်းဆိုမှုမျိုး ဘော့စ်ဖေး ဘာကြောင့်လုပ်ရတာလဲလို့ ငါ့ကိုယ်ငါ ပြန်မေးမိလာတယ်။ သူ့စကားလုံးတွေနဲ့ နောက်ကွယ်မှာ ငါတို့ ရှာဖွေဖို့ အဓိပ္ပာယ် ကြီးကြီးမားမား တစ်ခုရှိလောက်တယ်”
"တော်တော်ကြာမှ ငါနားလည်သွားတယ်”
"ရာသက်ပန် အသုံးပြုခွင့် စျေးနှုန်းကို ၈၈၈ သတ်မှတ်ထားတဲ့ အံ့ဖွယ်လက်နက်တွေ... ရာသက်ပန် မဟုတ်တဲ့ အစမ်းသုံးကာလအတွက် စျေးကကော”
"ငါတို့မှာ အံ့ဖွယ်လက်နက်တွေရှိရင် Normal, Elite နဲ့ Hero လက်နက်တွေလည်း ရှိမယ်ဆိုတဲ့ သဘောလား”
"ဂိမ်မာတွေက အဲ့လိုလက်နက်မျိုးစုံကို ဘယ်လို ရနိုင်မှာလဲ။ ရာသက်ပန် အသုံးပြုခွင့်ကတ်နဲ့ပဲလား။ မဟုတ်ဘူး လုံးဝ မဟုတ်နိုင်ဘူး”
"ဘော့စ်ဖေးပြောတာက ရာသက်ပန် အသုံးပြုခွင့်အတွက် အံ့ဖွယ်လက်နက်တွေကပဲ ၈၈၈ ကုန်မယ်လို့ ပြောတာ။ ဆိုလိုတာက တခြားလက်နက်တွေက ရောင်းဖို့မဟုတ်ဘူးလို့ ပြောချင်တာ”
"တစ်နည်းအားဖြင့် ဂိမ်းထဲက လက်နက်တွေက သာမန်၊ လက်ရွေးစင်၊ ဟီးရိုး၊ နဲ့ အံ့ဖွယ်စသဖြင့် အဆင့်တွေရှိရမယ်လို့ အရိပ်အမြွက်ပြနေတာကွ။ အဲဒီလက်နက်တွေအားလုံးကို အမျိုးအစား နှစ်မျိုးအဖြစ် ခွဲလိုက်မယ်။ ရာသက်ပန် အသုံးပြုလို့ရနိုင်မဲ့ လက်နက်တွေနဲ့ ယာယီအသုံးပြုရမဲ့ လက်နက်ပေါ့”
"ရာသက်ပန် အသုံးပြုနိုင်ခွင် ၈၈၈ ကုန်တဲ့ အံ့ဖွယ်လက်နက်တွေအပြင် ဂိမ်မာတွေကို တခြားလက်နက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ရအောင်လည်း လုပ်ပေးလို့ရတယ်လေ”
"ဥပမာအားဖြင့် ဂိမ်မာတွေက ဇာတ်လမ်းရဲ့ အဆင့်တစ်ဆင့်ကို အောင်နိုင်ခဲ့ရင် သူတို့ကို လက်နက်တစ်ခုပေးမယ်”
"PvP Mode မှာ အရေအတွက်တစ်ခုအထိ အနိုင်ရနိုင်ရင် လက်နက်တစ်ခုပေးမယ်”
"ရက်အရေအတွက်တစ်ခုထိ Log-in ဝင်နိင်ရင် လက်နက်တစ်ခုပေးမယ်”
"ဘော့စ်ဖေး... အဲ့လိုဆိုလိုချင်တာလို့ ငါထင်တယ်”
ဟွမ်းစစ်ပေါ် သဘောပေါက်သွားပါသည်။ "သြော် ငါသိပြီ ဘော့စ်ဖေးဘာလို့ ဒီလို ဦးနှောက် မသုံးရတဲ့ တောင်းဆိုချက်မျိုးလုပ်ရတာလဲလို့ စဥ်းစားနေတာ။ တခြား ရည်ရွယ်ချက်တွေ ရှိနေတာကိုး”
ပေါင်ရှုက ဆက်ပြောသည်။ "ပြီးတော့လည်း ဇာတ်လမ်း Concept စဥ်းစားနေတုန်း အကြွင်းအကျန်တချို့ကျန်နေသေးပြီး အထူး ဂိမ်းကစားပုံတွေ လုပ်လို့ရတယ်”
"ဥပမားအားဖြင့် ငါအရင်စဥ်းစားမိတုန်းက ဂိမ်းထဲမှာ ဆင့်ကဲပြောင်းလဲနေတဲ့ ဇွန်ဘီတွေ အများကြီးပါလိမ့်မယ်။ ငါတို့ ဇီဝဓာတု Mode ဖန်တီးလို့လည်းရတယ်”
"ပြီးတော့လည်း ဂိမ်းထဲက တချို့ ကြေးစားတွေကို မိစ္ဆာအဖွဲ့အစည်းက ပြုပြင်ပြောင်းလဲထားပြီး တစ်ပိုင်းတစ်စပဲ မြင်ရတဲ့ တစ္ဆေပုံစံမျိုးဖြစ်နေလိမ့်မယ်။ အဲ့ကျရင် ငါတို့တွေ တစ္ဆေ Mode လည်းလုပ်လို့ရတယ်”
"ငါတို့ရဲ့ ပထမ deathmatch ရယ် co-op ရယ်၊ ဗုံးထောင်တဲ့ Mode တွေရယ် ပေါင်းလိုက်ရင် ဂိမ်းထဲမှာ Mode တွေအများကြီး ပါလိမ့်မယ်”
"ပြီးတော့လည်း အဲဒီ Mode တွေ အကုန်လုံးက ရင်းမြစ်တွေ များများစားစား လိုအပ်မှာ မဟုတ်ဘူး။ အရေးအကြီးဆုံးက အဲဒါတွေ အကုန်လုံးက ပရိုဂရမ်းမင်း ဘက်ဂျက်အတွင်းမှာပဲ ရှိနေပြီး အဲဒါတွေကို လုပ်ရင် ငါတို့ရဲ့အချိန်ကိုလည်း အများကြီးနှောင့်နှေးသွားစေမှာ မဟုတ်ဘူး။ ငါတို့အချိန်မှီလုပ်လို့ ရပါသေးတယ်”
ဟွမ်းစစ်ပေါ်က ဒီလိုရူးသွပ်ဖွယ်ကောင်းသည့် အကြံများကို မှတ်တမ်းတင်ရင်း ဆက်တိုက် စာရိုက်နေခဲ့သည်။
ကောင်းလိုက်တာ။ ကောင်းလွန်းတယ်ကွာ။
ဘော့စ်ဖေးထံမှ တာဝန်ကို စစရခဲ့စဥ်တုန်းက ဟွမ်းစစ်ပေါ် လမ်းပျောက်ခဲ့ပြီး ဘယ်လိုစလုပ်ရမလဲ မသိခဲ့ပါ။
အထူးသဖြင့် ဘော့စ်ဖေး သူတို့ကို ပြောခဲ့သည့် လိုအပ်ချက် ၃ ခုကို ကြားလိုက်ရပြီး ဖြစ်သည်။
သို့သော် ပေါင်ရှု ရှင်းပြလိုက်သောအခါ အရာရာ ရှင်းလင်းလာခဲ့ပါသည်။
ဘော့စ်ဖေးက သူတို့အတွက် ခက်ခဲအောင် လုပ်နေတာ မဟုတ်ပေ။ သူတို့ကို သွယ်ဝိုက်သော နည်းဖြင့် အရိပ်အမြွက်ပေးနေခြင်း ဖြစ်သည်။
ရုတ်တရက် ဟွမ်းစစ်ပေါ် အလွန် ခံစားသွားရသည်။
ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့၏ အစွမ်းအစက အကန့်အသတ်ရှိကြောင်း ဖေးချမ့်သိတာ သိသာပါသည်။ သူတို့ အတွေ့အကြုံမရှိသည့် ဂိမ်းတစ်ခုကို ဖန်တီးရာတွင် လမ်းလွဲသွားဖို့က လွယ်ကူသည်။
ဂိမ်း၏ လမ်းကြောင်းလွဲသွားတာနှင့် သေဒဏ်ကျတာက အတူတူပဲဖြစ်ပြီး သူတို့ရင်းနှီးမြှုပ်နှံထားသမျှ ရှုံးမည်ဖြစ်သည်။
ထို့ကြောင့် ဘော့စ်ဖေးက ဂိမ်း၏ ဦးတည်ချက် လမ်းကြောင်းကို ထိုတောင်းဆိုချက် ၃ ခုဖြင့် ပြုပြင်ပေးရန် ကြိုးစားနေခြင်းသာဖြစ်သည်။
"ငါနားလည်ပြီ... ဘော့စ်ဖေးက ငါတို့ခံစားချက်တွေအကြောင်း တကယ် စိတ်ပူတာပဲ”
"ပရောဂျက်ကို သူကိုယ်တိုင် အပြည့်အဝ မကိုင်တွယ်တာက ငါတို့တွေ မတိုးတက်မှာစိုးလို့ပေါ့”
"အဲဒီအစား သင့်တော်တဲ့ နည်းလမ်းနဲ့ အရိပ်အမြွက်ပေးပြီး ငါတို့ဦးနှောက်ကို သုံးစေပြီးတော့ ဒီဇိုင်းလုပ်ငန်းစဥ်ကို ဖန်တီးပြီး ပြိုင်ဘက်ကင်းတဲ့ ဂိမ်းတစ်ခုကို ဖန်တီးနိုင်အောင် လုပ်ခဲ့တာပဲ”
"ဘော့စ်ဖေးက... တကယ်ပဲ ရည်ရွှယ်ချက် ကောင်းလိုက်တာ”
ဟွမ်းစစ်ပေါ် မျက်ရည်ဝဲနေလေပြီ။
ဒီဂိမ်းကို ပြီးပြည့်စုံအောင် ဖန်တီးနိုင်ဖို့ ကောင်းမွန်သည့် ဒီဇိုင်းမူကြမ်းတစ်ခု ရေးဆွဲဖို့ စိတ်ဆုံးဖြတ်ထားပြီး ဘော့စ်ဖေးကို စိတ်မပျက်ရအောင် လုပ်မည်ဟု ဆုံးဖြတ်ထားပါသည်။
...
နိုဝင်ဘာလ ၁၄ ရက်နေ့။ ဗုဒ္ဓဟူးနေ့ နေ့လယ်ခင်း။
လွန်ခဲ့သော နှစ်ရက်အတွင်း ဖေးချမ့် အတန်းတက်ရသဖြင့် ရုံးသို့ မလာခဲ့ပေ။
ဒီဇိုင်းအဖွဲ့က မူကြမ်းပေးနိုင်မည့် အချိန်ကို စောင့်နေတာကြောင့်လည်း ပါသည်။ ထိုမတိုင်ခင် ဘာမှ မလုပ်နိုင်ပေ။
ဖေးချမ့်သည် ရုံးထဲမှာ ရှိနေခြင်းက ထုတ်လုပ်မှုအတွက် ဘာမှ အထောက်အကူ မဖြစ်သလို တခြားဝန်ထမ်းများကို အလုပ်လစ်နိုင်အောင်တောင် တွန်းအားပေးသလို ဖြစ်မည် စိုးသဖြင့် သူပြန်မသွားဖို့ ဆုံးဖြတ်ခဲ့ပါသည်။
ဒီနေ့ သင်ခန်းစာကတော့ အတန်းမတက်ဘူး ဆိုတာပဲပေါ့။ အားလုံးရဲ့ ယောက်ျားလေး ဆရာကို သိချင်ရုံသက်သက် သွားခဲ့တာ။
ဒီလူ့ကို ယုံကြည်မိလို့ ထောင်ချောက်မိသွားခဲ့မှန်း ဖေးချမ့်ရှင်းရှင်းလင်းလင်း မှတ်မိသေးပါသည်။
ထို့ကြောင့် ဒီတစ်ခေါက်လည်း တူညီသော အမှားကို မလုပ်သင့်ပေ။
သို့သော် ရိုးရိုးသားသား ပြောရလျှင် သင်ခန်းစာက ပျင်းဖို့ကောင်းလွန်းပါသည်။
ဖေးချမ့်က သန်းဝေရင်း ဖုန်းကို ထုတ်ကာ သင်ခန်းစာ ဘယ်လောက်ကြာပြီမှန်း ကြည့်လိုက်ပါသည်။
သို့သော်လည်း ဟွမ်းစစ်ပေါ်က ကုမ္ပဏီ၏ Group Chat ထဲတွင် သူ့ကို ခေါ်ထားကြောင်း တွေ့လိုက်ရသည်။
"ဘော့စ်ဖေး ဒီဇိုင်းမူကြမ်း ပြီးတော့မယ်။ ကျွန်တော်တို့ ဦးတည်ချက်မှန်ရဲ့လား စစ်ကြည့်ဦးမလား”
စာတမ်းတစ်ခုကိုလည်း တွဲပို့လိုက်ပါသည်။
"နှစ်ရက်တည်းနဲ့... မြန်တယ်ပြောရမလား နှေးတယ်ပြောရမလား။ တော်တော်မြန်တယ်လို့ ပြောလို့ရတယ်မလား။ ထားလိုက်ပါတော့ကွာ။ အရင်စစ်ကြည့်လိုက်ရအောင်”
ဒီဇိုင်းမူကြမ်းတစ်ခုဆွဲဖို့ ဘယ်လောက်ကြာသလဲ ဖေးချမ့်လည်းမသိပေ။ သူသိတာဆိုလို့ ဒီအမြန်နှုန်းအတိုင်းသာဆို ဒီရက်သတ္တပတ် အကုန်ကျလျှင် ပြီးအောင်လုပ်နိုင်ဖို့ မခက်ခဲပါ။
သူက ဝန်ထမ်းသစ်တစ်ယောက်ပဲဖြစ်ပြီး အလုပ်လုပ်ဖို့ စိတ်အားတက်ကြွနေသူ တစ်ဦးဖြစ်သဖြင့် ရေသာခိုဖို့ မဖြစ်နိုင်ချေ။
"အင်း... ရေသာခိုလည်း ဘာမှမဖြစ်ဘူးဆိုတာ မင်းတို့ကောင်တွေ နားလည်ဖို့ မျှော်လင့်ပါတယ်ကွာ”
ဖေးချမ့်က ဖိုင်ကိုဖွင့်လိုက်သည်။ "ငါ့မျက်လုံးတွေ...”
ဖေးချမ့် ယခင်တုန်းက ဒီဇိုင်းမူကြမ်းတစ်ခုကို မြင်လည်းမမြင်ဖူး ရေးလည်းမရေးဆွဲဖူးပေ။ ဒါက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
သူ့ပထမဆုံး အထင်က ... မူးချင်စရာ ကောင်းလိုက်တာ။ အကြောင်းအရာတွေ များလွန်းတယ်။
စာမျက်နှာတိုင်းက အကြောင်းအရာ စာကြောင်းနှင့် စကားလုံး သိန်းနှင့်ချီရှိသည့် ဧရာမ ဒီဇိုင်းမူကြမ်းကြီးတစ်ခုဖြစ်သည်။
စာကြောင်းတစ်ကြောင်းချင်းစီတိုင်းက အရေးကြီးနိုင်ပြီး ကျော်ဖတ်၍ မဖြစ်ချေ။
ဒါတင်မကသေးဘဲ ဟွမ်းစစ်ပေါ်က ဒါက ပထမ မူကြမ်းသာရှိသေးသည်ဟု ပြောာသည်။ ဆိုလိုသည်က မပြုပြင်ရသေးပါ။
တချို့အပိုင်းများက အလွန်အမင်း ရှုပ်ထွေးကာ တချို့နေရာများက အလွန်အမင်း ရိုးရှင်းလွန်းနေသည်။ အားလုံးကို နောက်ပိုင်း ပြန်ပြင်ဖို့ လိုအပ်ပါသည်။
ဟွမ်းစစ်ပေါ်၏ ရည်ရွယ်ချက်က ဖေးချမ့်ကို စစ်ကြည့်ခိုင်းပြီး ထပ်ပြီးပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ခင် သူတို့ဦးတည်နေသည့် လမ်းကြောင်း မှန်ကန်ရဲ့သလား သိချင်ခြင်း ဖြစ်သည်။
မဟုတ်ပါက ဦးတည်ရာလမ်းကြောင်း အမှားတစ်ခုခု တွေ့သွားပါက အားလုံးကို အစကပြန်လုပ်ရလျှင် အချိန်ဖြုန်းရာ ကျသွားပါလိမ့်မည်။
နောက်ဆုံးမှာတော့ ဖေးချမ့်က မှင်တက်သွားရသည်။
စလာကတည်းက ရှုပ်ထွေးသည့် အသေးစိတ်များစွာ ရှိနေသည်။ ပြီးတော့လည်း အားလုံးကို သူ့ဖုန်းမျက်နှာပြင် သေးသေးလေးနှင့် ဖတ်နေရခြင်းဖြစ်သည်။
သူ ကိုယ့်ကိုယ်ကိုပင် သတ်သေချင်သွားသည်။
သူလုပ်နိုင်သော တစ်ခုတည်းသောအရာက အားလုံးကို အကြမ်းဖျင်း မြန်မြန် ဖတ်ကြည့်ဖို့ပဲ ဖြစ်သည်။
ဟွမ်းစစ်ပေါ်က သူ့တောင်းဆိုချက် ၃ ခုကို ပြည့်မှီအောင် လုပ်နိုင်သလား စစ်ဆေးကြည့်ချင်၏။
ဟွမ်းစစ်ပေါ်က ဖေးချမ့်လိုချင်တာကို သိသဖြင့် ထိုသုံးပိုင်းကို မျဥ်းတားပေးထားပြီး ဖေးချမ့် ရှာရ လွယ်ကူအောင် လုပ်ပေးထားပါသည်။
ပထမဆုံး Story Mode ။ ဟုတ်တယ် ၃ နာရီ ၄ နာရီဝန်းကျင်လောက်ရှိတယ်။ ကြာသားပဲ။
ဒုတိယက ခက်ခဲမှုကို လျှော့ချဖို့... အင်း ဒါလည်း ပါတယ်။
တတိယက အံ့ဖွယ်လက်နက်တွေ။ သူတို့ ဖေးချမ့်၏ ရာသက်ပန် အသုံးပြုခွင့် ပုံသေစျေးနှုန်း ၈၈၈ ကိုလိုက်နာခဲ့ကြသည်။
"မဆိုးပါဘူး ငါ့တောင်းဆိုချက်တွေကို ပြည့်မှီအောင် လုပ်နိုင်သားပဲ” ဖေးချမ့်စိတ်အေးသွားခဲ့ပါသည်။
သူချက်ချင်း စာပြန်လိုက်၏။ "မဆိုးဘူး ဒီလမ်းအတိုင်းပဲ သွားကြရအောင်”