← Chapters

အခန်း(၅၀) ကွမ်ကျိုးသို့

Vol. 4 Ch. 50

အခန်း(၅၀) ကွမ်ကျိုးသို့

Vol. 4 Ch. 50

အခန်း(၅၀) ကွမ်ကျိုးသို့

"ရှောင်လု။ ဒီလုပ်ဆောင်ချက်က ပြဿနာ နည်းနည်းရှိသေးတယ်။ လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်လိုက်ဦး။ လက်တိကျမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေဆိုရင် အစ်ကိုပေါင်ကို မေးလိုက်။ သူက ကျွမ်းကျင်ပညာရှင်ပဲ" ဟွမ်းစစ်ပေါ်က ဒီဇိုင်းမူကြမ်းနှင့် ပတ်သက်ပြီး စိတ်ရှည်စွာဖြင့် အထင်အမြင်ကို ပြောလိုက်ပါသည်။

ရှောင်လုက ဒီဇိုင်းအဖွဲ့က အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဇွန်ဘီများ၏ အစွမ်းဒီဇိုင်းကို ဖန်တီးရသော တာဝန်ကို ယူထားရ၏။

သူ့အတွေ့အကြုံက ဟွမ်းစစ်ပေါ်ထက်တောင် နည်းပါးပြီး အရင်တုန်းက တခြားကုမ္ပဏီတစ်ခု၏ အလုပ်သင်တစ်ယောက်ဖြစ်သည်။ သို့သော် အရေးကြီးသည့် ကဏ္ဍတွင်် ဘယ်တော့မှ တာဝန်ပေးမခံခဲ့ရဘဲ ဖောင်များကိုသာ ဖြည့်ရုံဖြစ်ခဲ့ပြီး မကြာခဏ အရေးမပါသည့် တာဝန်များကိုသာ လုပ်ရသည်။ ထို့ကြောင့် သူ့အလုပ်အတွေ့အကြုံက ဗလာကျင်းဖြစ်သည်ဟု သတ်မှတ်လို့မရသော်လည်း လျစ်လျူရှုလို့ရသည်။

ကုမ္ပဏီအများစုတွင် လူတွေက မကြာခဏ ၎င်းတို့၏ ရာထူးနှင့် အတွေ့အကြုံ (အစွမ်းအစများ) အပေါ်မူတည်ပြီး အဆင့်သတ်မှတ်ရသည်။ သူတို့က အချိန်တူတူလောက် အလုပ်လုပ်ခဲ့ကြသော်လည်း အတွေ့အကြုံက မတူညီသဖြင့် ဟွမ်းစစ်ပေါ်က ဒီရာထူးတွင် စီနီယာကျသွားပါသည်။

"အင်းပါ ညီအစ်ကိုဟွမ် ငါချက်ချင်းပဲ လုပ်လိုက်မယ်"

ရှောင်လုက ဂိမ်းအယ်ဒီတာကို ဖွင့်လိုက်ပြီး ဟွမ်းစစ်ပေါ်၏ အမြင်အတိုင်း လုပ်ဆောင်ချက်များကို ပြင်ဆင်ခဲ့ပါသည်။

သမုဒ္ဒရာရဲတိုက်က ဖန်တီးနေသည့် အဆင့် ရောက်နေပြီဖြစ်ပြီး အရင်တုန်းက ဝယ်ထားည့် နမူနာမျိုးစုံနှင့် လုပ်ဆောင်ချက်များကိုလည်း ဂိမ်းအယ်ဒီတာထဲ ထည့်ပြီး ဒီဇိုင်နာများက ဂိမ်းကို ဖန်တီးနေကြပါပြီ။

ဂိမ်းအယ်ဒီတာက အသုံးပြုဖို့ သိပ်မခက်ဘဲ အားလုံးကလည်း ယခင်အတွေ့အကြုံများ ရှိကြသဖြင့် ပြီးမြောက်နှုန်းက ဖေးချမ့်လို ငပျင်းတစ်ယောက်လုပ်တာထက် အများကြီး ပိုမြန်နေသည်။

"အလုပ်ကို အာရုံစိုက်ကြပြီး ကွမ်ကျိုးခရီးကြောင့် အာရုံလွင့်မသွားကြစေနဲ့။ အလုပ်ကိုပဲ အရင်ဆုံး အာရုံစိုက်”

ရှောင်လု အနည်းငယ် စိတ်လွင့်နေသည်ကို မြင်သောအခါ ဟွမ်းစစ်ပေါ်က သတိပေးလိုက်ပါသည်။

ရှက်သွားပြီး ရှောင်လုက နောက်စေ့ကို ပွတ်လိုက်ပါသည်။

"ဟာကွာ ညီအစ်ကိုဟွမ် ငါကွမ်ကျိုးကို အရင်တုန်းက တစ်ခါမှမရောက်ဖူးဘူး သိလား။ ပြီးတော့ ငါတို့က နာမည်ကျော် ဆန်းစထရိုက်ခ် စတူဒီယိုလိုမျိုး နေရာကိုတောင် သွားရမှာတဲ့ ငါစိတ်လှုပ်ရှားမိတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါတို့အလုပ် အရည်အသွေး ကျမသွားစေရဘူးလို့ အာမခံတယ်"

ဟွမ်းစစ်ပေါ်က ခေါင်းညိတ်လိုက်ပြီး အလုပ်စားပွဲကို ပြန်ကာ အလုပ်ဆက်လုပ်နေလိုက်ပါသည်။

တကယ်တော့ သူလည်း ကွမ်ကျိုးကို မရောက်ဖူးပါ။

သူတင်မကသေးဘဲ ကုမ္ပဏီထဲက လူအများစုလည်း မရောက်ဖူးကြသေးပေ။

ကျင်းကျိုးမှ ကွမ်ကျိုးသို့ လေယာဥ်လက်မှတ်က ယွမ်ထောင်ချီပြီး ကုန်ကျ၏။ သူတို့အများစုက ထန်းတာ့ကို မဝင်ခင်က ငမွဲများဖြစ်ကြသဖြင့် ဘယ်လိုလုပ် တတ်နိုင်မည်နည်း။

ပညာဖလှယ်မည့်အကြောင့် ကြားလိုက်ရသောအခါ ပျော်ရွှင်နေသည့် တခြားသူတွေလို မဟုတ်ဘဲ ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့က တည်တံ့နေခဲ့ပါသည်။

အစကတည်းက ပေါင်ရှုမှာ အပြင်ထွက်ရတာ စိတ်မဝင်စားသည့် အိမ်တွင်းအောင်း တစ်ယောက်ဖြစ်သည်။ ရုံးထဲမှာသာ ဂိမ်းတွေကို တစ်ချိန်လုံး Grind လုပ်ချင်မိပါသည်။

ဟွမ်းစစ်ပေါ်ကလည်း ဂိမ်း၏ လုပ်ငန်းစဥ်များ ထိခိုက်မှုမရှိရန်သာ အာရုံစိုက်နေသည်။

အလုပ်တာဝန်များကို အကြမ်းဖျင်း ခန့်မှန်းကြည့်သောအခါ ခရီးကြောင့် လုပ်ငန်းပြီးမြောက်မှုကို သိပ်ပြီးမထိခိုက်စေဘဲ သမုဒ္ဒရာရဲတိုက်က အချိန်မီ ပြီးမြောက်နိုင်မှန်း ဟွမ်းစစ်ပေါ် သိလိုက်ရသည်။ ထိုအခါမှ စိတ်အေးအေး ထားနိုင်သွားခဲ့၏။

လက်ရှိ ဟွမ်းစစ်ပေါ်အတွက် တစ်ခုတည်းသော အရေးကြီးသည့် အရာမှာ ဂိမ်း၏ ပြီးမြောက်မှုပဲဖြစ်သည်။

ဘော့စ်ဖေးက သူ့ကို လေးလံသော တာဝန်များကပေးအပ်ပြီး ကျေနပ်လောက်အောက် ဆုလာဘ်များ ပေးတတ်သည့် အမြော်အမြင်ရှိသော လူတစ်ယောက်ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ အားလုံးကို ပညာဖလှယ်ဖို့အတွက် ကွမ်ကျိုးကိုခေါ်သွားဦးမယ်တဲ့လား။ သူ့စေတနာကို ကျေးဇူးပြန်ဆပ်နိုင်ဖို့ နည်းလမ်းပင် မရှိတော့ပါ။

ဟွမ်းစစ်ပေါ်သာ ဒီဂိမ်းကို ပြီးပြည့်စုံအောင် သေချာ မဖန်တီးနိုင်ပ်ါက ဘော့စ်ဖေးကို စိတ်ပျက်သွားစေလိမ့်မည်။

ထို့အပြင် ဟွမ်းစစ်ပေါ်လည်း ဆန်းစထရိုက်ခ် စတူဒီယိုကို ကြည့်ရှုချင်ပါသည်။

သူဒီလောကထဲ ဝင်မလာခင်ကတည်းက သူတို့က ပြည်တွင်းမှာ နာမည်ကြီးနေသော စတူဒီယိုတစ်ခုဖြစ်သည်။ ဟွမ်းစစ်ပေါ် တစ်ချိန်တုန်းက ဒီလောကထဲမှာ ထိုစတူဒီယိုသို့ ရောက်နိုင်ဖို့ကို အိပ်မက်အဖြစ် ထားခဲ့ဖူးသည်။

သူအလုပ်စလုပ်တော့ ဆန်းစထရိုက်ခ် စတူဒီယိုနှင့် ပတ်သက်သည့် ကောလာဟလများကို ကြားခဲ့ရသည်။

ဆန်းစထရိုက်ခ် စတူဒီယိုက လစာ ငါးလစာခန့် ရှိသည့် ဘောနစ်ပ်များကို တစ်ခါက ပေးခဲ့ဖူးသည်ဟု ဆိုကြ၏။

တခြားသူများက ဆန်းစထရိုက်ခ် စတူဒီယို၏ ဒီဇိုင်းအဖွဲ့ကို ပေးသော လစဥ်ဘောနပ်စ်ကြေးမှာ သူတို့ရဲ့ ကိုယ်ပိုင်အခြေခံလစာထက်ပင် ပိုများနေသည်ဟု ဆိုကြ၏။

တချို့ဆို ဆန်းစထရိုက်ခ် စတူဒီယိုက နှစ်ကုန်ပိုင်းတွင် ဂရမ်းဘောနပ်စ်တစ်ခုအဖြစ် ပြိုင်ကားတစ်စီးပေးခဲ့သည်ဟု ဆို၏။

ထိုကောလာဟလများကို ဟွမ်းစစ်ပေါ် အတည်မပြုနိုင်ခဲ့သော်လည်း ဆန်းစထရိုက်ခ်စတူဒီယိုမှာ ဂိမ်းလောကထဲက လူအများစု၏ အိပ်မက်ဖြစ်တာ သိသာပါသည်။

ဒီလိုနေရာမျိုးကို သွားရောက်လည်ပတ်နိုင်ဖို့က သေချာပေါက် သူ့အလုပ်အတွက် အကျိုးကျေးဇူးရှိနိုင်သည်။

...

အချိန် တစ်လမှာ ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့၏။

နိုဝင်ဘာလ ၂၇ ရက်နေ့၊ သောကြာနေ့။

ထန်းတာ့ နက်ခ်ဝါ့နည်းပညာ ကုမ္ပဏီလိမိတက်၏ ဝန်ထမ်းများက လေဆိပ်မှတဆင့် ဟိုတယ်သို့ ရောက်ရှိသွာားကြပြီး ခရီးဆောင်အိတ်များ ထားသိုဖို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်အခန်းဆီသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဟန်တုံးပြည်နယ်တွင် အခုချိန် ဆောင်းရာသီ ဝင်နေဆဲဖြစ်ပြီး အေးစက်နေသည်။ သို့သော် ကွမ်ကျိုးက အပူချိန်က ပိုမြင့်မားပြီး နေ့လယ်ခင်းနေရောင်ခြည်ကြောင့် အားလုံး နွေးထွေးမှုကို ခံစားလိုက်ကြရသည်။

ဟွမ်းစစ်ပေါ်သည် အနည်းငယ် အူကြောင်ကြောင် ဖြစ်နေသည်။

အခြေအနေကြီးက အားလပ်ရက်တစ်ခုလိုပင်။

တချို့ စီမံခန့်ခွဲရေး ကောင်မလေးများက ၎င်းတို့၏ ဖုန်းထဲတွင် အချိန်စာရင်းကို စစ်ဆေးနေကြပြီး ဘယ်နေရာကို ခရီးသွားရမလဲ၊ နောက်တစ်နောက် ဘယ်ရှော့ပင်းမောကို ထွက်ရမလဲ စီစဥ်နေကြပါသည်။

ဒီဇိုင်းအဖွဲ့က ကောင်လေးတချို့ကတော့ ညဘက် ဟိုတယ်ခန်းထဲတွင် သောက်စားပြီး ကတ်ဂိမ်းများ ကစားနိုင်ဖို့ ဘီယာဝယ်ရန် စူပါမားကတ်လိုက်ရှာနေကြသည်။

ဒီခရီးလိုက်ပါလာသည့် လူစုစုပေါင်း ၂၇ ယောက်ရှိပါသည်။ ပေါင်ရှုက လုံးဝစိတ်မဝင်စားဘဲ ရုံးထဲမှာသာ နေချင်သဖြင့် လိုက်မလာခဲ့ပေ။

ဘော့စ်ဖေးကလည်း...

သူတို့လူအုပ်ထဲမဝင်ဘဲ သူ့အခန်းထဲသို့သာ ခပ်စောစော ပြန်ဝင်လာခဲ့ပါသည်။ လေယာဥ် ခရီးပန်းမှုကြောင့် အနားယူနေတာဖြစ်နိုင်သည်။

ခရီးစဥ်တစ်ခုလုံးကို လက်ထောက်ရှင်းက စီစဥ်ထားခြင်းဖြစ်ပြီး ဖေးချမ့်က ဝင်မပါခဲ့ပေ။

ဟွမ်းစစ်ပေါ်နှင့် ရှောင်လုတို့က တစ်ခန်းတည်း အတူတူနေကြ၏။ ခရီးဆောင်အိတ်ကို နေရာ ချပြီးသောအခါ ဟွမ်းစစ်ပေါ်က လက်ပ်တော့ကို ထုတ်လိုက်ပြီး ဒီဇိုင်းမူကြမ်းကို စစ်ဆေးရင်း ဇာတ်လမ်းကို ပြင်ဆင်နေသည်။

လောလောဆယ် သမုဒ္ဒရာရဲတိုက်၏ နမူနာ ပြီးဆုံးသွားပါပြီ။ သို့သော် ပေါင်ရှုကတော့ လက်တိကျမှု သို့မဟုတ် အထွေထွေ အသေးစိပ် အချက်များတွင် တိုးတက်အောင် လုပ်နိုင်သေးသည်ဟု ခံစားရသည်။

ဟွမ်းစစ်ပေါ်ကလည်း ဂိမ်းကို ပြီးပြည့်စုံအောင် ဖန်တီးချင်သဖြင့် ထိုနည်းတူ စိတ်ပူနေသည်။

ပေါင်ရှုလို ဝါရင့် ကစားသမားကြီးက ဘာပြဿနာမှ မတွေ့ရတော့သည့်အခါ ဒီဂိမ်း အလွန် ကောင်းမွန်ပါလိမ့်မည်။

"ညီအစ်ကိုဟွမ် ငါအပြင်ထွက်ပြီး တခြားသူတွေဆီ သွားလိုက်ဦးမယ်နော်။ မင်းပင်ပန်းရင် နားနှင့်ပါ”

ရှောင်လုက ဟွမ်းစစ်ပေါ်ကို အသိပေးလိုက်ပြီး တခြားသူတွေနဲ့ ကစားဖို့ ရွှင်ရွှင်လန်းလန်း ထွက်သွားတော့သည်။

...

ဖေးချမ့်၏ အခန်းတွင်...

"ယောက်ဖချမ့်။ ငါ ဟန်ဆောင်ရတာ ပင်ပန်းနေပြီ... အလုပ်ကြောင့် ငါတို့တွေ မရင်းနှီးသလို ဟန်ဆောင်နေရတာ..." မာယန်က စိတ်ကုန်စွာ ပြောလိုက်ပါသည်။

အခုချိန်ထိ မာယန်နှင့် ဖေးချမ့်တို့၏ ဆက်ဆံရေးကို သိထားသည့် ကုမ္ပဏီထဲက တစ်ယောက်တည်းသော သူမှာ လက်ထောက်ရှင်းဖြစ်သည်။

ထို့ကြောင့်လည်း မာယန်က အားလုံး၏ရှေ့တွင် ဖေးချမ့်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံရသည်။ ဖေးချမ့်ကို တစ်ချိန်လုံး ဘော့စ်ဖေးဟု ခေါ်နေရသဖြင့် သူစိတ်ပျက်လာပါပြီ။

သူတို့က နှစ်ထပ်ခုတင်တစ်ခုတည်း အတူတူ အိပ်ခဲ့ကြသည့် ဘရိုများဖြစ်ကြသော်လည်း အခုတော့ သူတို့နှစ်ယောက်အကြား ကွာဟချက်ကြီးတစ်ခု ရှိလာခဲ့ပါပြီ။

"ကုမ္ပဏီအတွက် စတေးသင့်တာ စတေးရမှာပေါ့” ဖေးချမ့်က မာယန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်ပါသည်။

"အခု မင်းက ကုမ္ပဏီထဲမှာ ငါ့ရဲ့မျက်လုံးနှစ်လုံးလိုပဲ။ ပြဿနာတစ်ခုခုတွေ့ရင် ငါ့ကိုချက်ချင်း သတိပေးရမယ်နော်"

ဖေးချမ့်သာ သူတို့ဆက်ဆံရေးကို ဖွင့်ချလိုက်ပါက ကျန်သောလူများမှာ မာယန်ကို သတိထားလာနိုင်ကြသည်။

ထိုအခါ ကုမ္ပဏီထဲတွင် ဘာတွေဖြစ်နေသလဲ သူသိရဖို့ခက်သွားနိုင်သည်။

ဖေးချမ့်က သူ့နောက်ကွယ်မှာလည်း အခြေအနေတွေကို သိရအောင် သေသေချာချာ စီစဥ်ထားသည်။ မဟုတ်ပါက သူတို့ငွေအရှုံးပေါ်အောင် မလုပ်နိုင်လျှင် ပြဿနာတက်ပါလိမ့်မည်။

မာယန်၏ မျက်နှာကြီးကြီးက ပို၍ပင် မှုန်မှိုင်းကျသွားသည်။

"မင်းပြောတဲ့ပုံစံက ငါကပဲ စပိုင်လိုလိုနဲ့။ မကြာသေးခင်ကတော့ ဘာမှထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး။ အားလုံးက ဒီဇိုင်းမူကြမ်းအတွက်ပဲ ကြိုးစားပမ်းစား အလုပ်လုပ်နေကြတယ်။”

ဖေးချမ့်က ခေါင်းညိတ်လိုက်ပါသည်။ "ကောင်းတာပေါ့"

အရင်တုန်းက သူလည်း ဒီဇိုင်းမူကြမ်းကို အသေးစိပ် ကြည့်ခဲ့ပြီးပါပြီ။ ဘာတွေလဲ တိတိကျကျ နားမလည်နိုင်သော်လည်း သူ့လိုအပ်ချက် သုံးချက်တော့ ပြည့်မှီမှန်း သူသိပါသည်။

ဒီဇိုင်းမူကြမ်း ကြီးကြီးမားမား ပြောင်းလဲမှု မရှိပါက ဂိမ်းကသေချာပေါက် ကျရှုံးပြီး သူစိတ်ပူစရာလည်း ဘာမှမလိုပါ။

"သြော် ပြီးတော့လည်း အကုန်လုံးက ဆန်းစထရိုက်ခ် စတူဒီယိုကို စိတ်ဝင်စားနေကြတဲ့ပုံပဲနော်။ သူတို့တွေက အဲ့လောက်တော်တာလား" မာယန်က မေးလိုက်၏။

"ငါက ဘယ်သိမှာလဲ" ဖေးချမ့်က ဒီလုပ်ငန်းအကြောင်းကိုပင် သိပ်နားမလည်ဘဲ ဘယ်လို စတူဒီယိုလဲဆိုတာတောင် မသိပါ။

ကွမ်ကျိုးကို ငွေဖြုန်းဖို့သက်သက် လာခဲ့ခြင်းသာဖြစ်ပြီး ဆန်းစထရိုက်ခ် စတူဒီယိုက လက်ထောက်ရှင်း ဆက်သွယ်နိုင်ခဲ့သော စတူဒီယို အနည်းစုထဲက တစ်ခုဖြစ်၏။

တခြားဝန်ထမ်းများက ဖေးချမ့် ဒီလိုလည်ပတ်ဖို့ အထူးတလည် စီစဥ်ထားသည်ဟု ထင်နေကြသည်။ သို့သော်လည်း အမှန်တရားကတော့ ဒီလိုမဟုတ်ပါ။ ဆန်းစထရိုက်ခ် စတူဒီယို၏ တည်ထောင်သူကိုပင် သူမသိပါ။

"ငါတို့မနက်ဖြန် ပထမဆုံး စတင်လည်ပတ်မဲ့ နေရာက ဆန်းစထရိုက်ခ် စတူဒီယိုပဲ။ ခွမကျအောင် မေးခွန်းများများ မေးနော်။ သူတို့က ငါတို့ကို ကြိုဆိုတော့ ရင်းနှီးအောင် လုပ်ရမယ်” ဖေးချမ့်က သတိပေးလိုက်သည်။

ဘော့စ်တစ်ယောက်အနေဖြင့် ဖေးချမ့် မေးခွန်းအများကြီး မေးလို့လည်း မကောင်းသလို အလွန်ပေါ့ပေါ့တန်တန်ပြုမူလို့လည်း မကောင်းပေ။ ရုပ်ပျက်နိုင်သည်။

ထို့ကြောင့် ဒီတာဝန်များကို မာယန်က ယူရမည်။

မာယန်က ခေါင်းညိတ်လိုက်၏။ "စိတ်မပူပါနဲ့ ယောက်ဖချမ့် ငါ့တာဝန်သာ ထားလိုက်စမ်းပါ။"

All Chapters