← Chapters

အခန်း(၅၆) ဘော့စ်ဖေးရဲ့ကြိုးစားမှု အသီးအပွင့်များ

Vol. 4 Ch. 56

အခန်း(၅၆) ဘော့စ်ဖေးရဲ့ကြိုးစားမှု အသီးအပွင့်များ

Vol. 4 Ch. 56

အခန်း(၅၆) ဘော့စ်ဖေးရဲ့ကြိုးစားမှု အသီးအပွင့်များ

လင်းဝမ်က ဧည့်သည်အခန်းထဲတွင် ထိုင်နေပြီး လက်ထောက်ရှင်း ဧည့်ခံသည့် လက်ဖက်ရည်ကို သောက်နေသည်။

သြော် လွမ်းဆွေးစရာပဲ...

အိမ်အရသာလိုမျိုးပဲ...

သူမ ဒီလိုလက်ဖက်ရည် ကောင်းကောင်း မသောက်ခဲ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ။ အနည်းဆုံး နှစ်ဝက်ခန့် ရှိပြီထင်သည်။

လင်းဝမ်က တက္ကသိုလ်နောက်ဆုံးနှစ် ရောက်နေပြီဖြစ်ပြီး ဘွဲ့ရဖို့ နှစ်ဝက်ခန့်သာ လိုတော့သည်။ သို့သော် ဆန်းစထရိုက်ခ် စတူဒီယိုမှာလည်း အလုပ်သင်အနေဖြင့် လဝက်လောက် လုပ်ခဲ့ပြီးပြီဖြစ်သည်။

လင်းဝမ် ကျောင်းတက်နေရင်း ဂိမ်းလောကထဲ ဝင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တော့ သူမ၏ အဖေနှင့် အများကြီးစကားများခဲ့ရပြီး သူမ၏ တတိယနှစ် နွေရာသီတွင် အရာရာ ပြင်းထန်ခဲ့ရသည်။

ထို့ကြောင့် သူမ အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး ဆန်းစထရိုက်ခ် စတူဒီယိုတွင် အလုပ်သင် ဝင်လုပ်ခဲ့ပါသည်။

ထို့နောက် လင်းဝမ် ချွေတာရသော ဘဝမျိုးနှင့် နေခဲ့ရသည်။ အရင်တုန်းက သူမ ဝယ်နိုင်သည့် အဝတ်အစားများနှင့် ဘရန်းဒတ်အိတ်များကို ယခု ပိုက်ဆံစုပြီးမှ ဝယ်နိုင်တော့သည်။

အိမ်က လက်ဖက်ရည်အရသာကိုလည်း အပြင်ဘက်တွင် မခံစားခဲ့ရပေ။

ဒါက အချိန်အတော်ကြာမှ အိမ်၏ ခံစားချက်ကို ပြန်ရခဲ့သော ပထမဆုံးအကြိမ်ဖြစ်သည်။

ချက်ချင်းဆိုသလိုပဲ ထန်းတာ့ကို သူမ သဘောကျမှု ထပ်မံ မြင့်တက်သွားတော့သည်။

ဒါက ကျင်းကျိုးမြို့တော်သို့ လင်းဝမ် ပထမဆုံး လာဖူးခြင်းဖြစ်ပြီး လေယာဥ်ပေါ်က ဆင်းလိုက်သောအခါ သူမ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဒါက ဒုတိယအဆင့်သာ ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ကွမ်ကျိုးလို ပထမအဆင့်ရှိ မြို့ကြီး၏ ခမ်းနားမှုနှင့် မယှဥ်နိုင်ပါ။

သို့သော်လည်း ရှန်းဟွာဗျူးသို့ ဝင်ရောက်လိုက်ချိန်တွင် သူမ၏ စိတ်ပျက်မှုများကို လေးစားမှုနှင့် ပီတိတို့က အစားထိုးဝင်လာသည်။

သူမ အလုပ်နေရာကို မြင်ပြီး ဝန်ထမ်းအားလုံး၏ ပြုမူဆက်ဆံပုံများကို မြင်လိုက်ရသောအခါ ဒါ သူမ လိုချင်နေသော ခံစားချက်မျိုးဟု ဆုံးဖြတ်လိုက်မိသည်။

ယခင်တုန်းက ဖေးချမ့်ဆီမှ ဖြာထွက်နေသော အမြော်အမြင် အလင်းရောင် တစ်စိုးတစ်စင်းကို မြင်ခဲ့ရပါက ဒီနေရာကြီးမှာ ထိုအလင်းရောင်တို့ဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။

လက်ထောက်ရှင်းက တံခါးခေါက်ပြီး ဝင်လာခဲ့သည်။ စာချုပ်တစ်ခုကိုလည်း ကိုင်လာ၏။

"ဂုဏ်ယူပါတယ် ဘော့စ်ဖေးက သဘောတူလိုက်ပါပြီ။ ရှင် ဒီစာချုပ်ကို ချုပ်လိုက်တာနဲ့ ထန်းတာ့ကုမ္ပဏီရဲ့ တရားဝင်ဝန်ထမ်းတစ်ယောက် ဖြစ်သွားပြီ။ အခြေခံလစာက ၄,၀၀၀ ကစပါမယ်။ အဆင်ပြေရဲ့လား"

လင်းဝမ်က အမြန် မတ်တတ်ရပ်လိုက်သည်။ "ပြေတာပေါ့"

သူမ စာချုပ်ကို ယူလိုက်ပြီး သေသေချာချာ ဖတ်ကြည့်ပြီးမှ သူမနာမည်ကိုလက်မှတ် ထိုးလိုက်ပါသည်။

"ဒါဆို ကျွန်မ အလုပ်က ဘာလဲဟင်" လင်းဝမ်က မျှော်လင့်တကြီး မေးလိုက်ပါသည်။

လက်ထောက်ရှင်းက စဥ်းစားနေ၏။

"ရှင့်ရဲ့အလုပ်က... အင်း မနက်ဖြန် နေ့လယ် ၂ နာရီကျရင် ကျွန်မတို့ရဲ့ ဝန်ထမ်းပေါင်းစည်းပွဲကို လိုက်ခဲ့ပါ။ ကျွန်မတို့ ရုပ်ရှင်ကြည့်မယ်။ စားသောက်ကြမယ်။ ပြီးရင် ကာရာအိုကေသွားဆိုကြမယ်"

"ဟင်" လင်းဝမ် ကြောင်သွား၏။ ... သောကြာနေ့ နေ့လယ်...။

ဖိုင်နယ်စာမေးပွဲများအတွက် ပျောက်သွားသည့် ဖေးချမ့်မှာ နောက်ဆုံးတော့ ရုံးတွင် မျက်နှာ ပြန်လာပြခဲ့ပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူလအချိန်ဇယားအရ သမုဒ္ဒရာရဲတိုက်ဂိမ်းကို ဒီအပတ်ထဲ တရားဝင်ဂိမ်း ပလက်ဖောင်းပေါ်သို့ တင်ဖို့ စီစဥ်ထားသောကြောင့် ဖြစ်သည်။

ငွေစာရင်းရှင်းချိန်က နောက်နှစ်ပတ်မှ ဖြစ်သော်လည်း ဖေးချမ့်က လိုလိုပိုပို အမှားပြင်နိုင်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။

ပရောဂျက်ကို စတင်ဆုံးဖြတ်လိုက်စဥ်တုန်းက သူ့ငတုံးဝန်ထမ်းများက နှေးလွန်းပြီး ဂိမ်းတစ်ခုလုံး နောက်ကျသွားမည်ကို စိုးရိမ်မိခဲ့သည်။ ထို့ကြောင့်လည်း စိတ်သက်သာမှုရစေရင် deadline ကို တစ်ပတ်လောက် ထပ်တိုးပေးခဲ့ခြင်းဖြစ်၏။

ဒီနေ့က သူ့ကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်များကို ခူးဆွတ်ရမည့် နေ့ဖြစ်သည်။

ရုံးထဲရောက်သောအခါ သူဟွမ်းစစ်ပေါ်ထံသို့ တန်းသွားလိုက်သည်။

"ဘော့စ်ဖေး" ဟွမ်းစစ်ပေါ်က စိတ်အားထက်သန်နေပုံရပြီး ပို၍ပင် ချောလာသလို ခံစားရသည်။

ထန်းတာ့တွင် ကုန်ဆုံးခဲ့သည့် ၂ လတာအတွင်း ဟွမ်းစစ်ပေါ်၏ လစာကော အနားယူချိန်တို့ပါ တိုးမြင့်ခဲ့သည်။ ထို့ကြောင့် သူ့စိတ်အခြေအနေလည်း သိသိသာသာ တိုးတက်လာခဲ့ပါသည်။

ထို့ကြောင့် အရင်တုန်းကလိုမျိုး လေးပင် မနေတော့ဘဲ အားအင်များဖြင့် ပြည့်ဝနေသည်။

ဆောင်းရာသီကို ရောက်ရှိလာပြီး တစ်ပတ်အလိုတုန်းက ဟွမ်းစစ်ပေါ်သည် ကုတ်အင်္ကျီတချို့ကို ဝယ်ခဲ့သည်။

ယခုအခါ ငွေပိုငွေလျှံများ ပိုရှိနေပြီး ရှန်းဟွာဗျူးလို နေရာမျိုးမှာလည်း အလုပ်လုပ်နေရတာ ဖြစ်သောကြောင့် ဟွမ်းစစ်ပေါ်က ဝတ်ကောင်းစားလှ ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သပ်ရပ်လှပသည့် ဝတ်စုံ တစ်စုံဝယ်ဖို့ ယွမ် ၁,၀၀၀ ကျော် သုံးခဲ့သည်။ ယခုတော့ အောင်မြင်သည့် လုပ်ငန်းရှင်တစ်ယောက်နှင့် အနည်းငယ် တူလာလေပြီ။

"သမုဒ္ဒရာရဲတိုက်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ။ နောက်တစ်ပတ် တိုးမြှင့်ဖို့ လိုသေးလား" ဖေးချမ့်က မေးလိုက်ပါသည်။

ဟွမ်းစစ်ပေါ်က ခေါင်းကို အားတက်သရော ခါလိုက်သည်။

"မလိုဘူး စိတ်မပူပါနဲ့ ဘော့စ်ဖေး ကျွန်တော်တို့ ထပ်ခါထပ်ခါ စမ်းသပ်ထားပြီး တွေ့တဲ့ Bug တွေ အကုန်လုံးကိုလည်း ပြင်ပြီးသွားပါပြီ။ ဂိမ်းကို အချိန်မရွေး တင်လို့ရပါပြီ"

"အင်း မဆိုးပါဘူး" ဖေးချမ့်က ခေါင်းညိတ်လိုက်သည်။ သို့သော် မျက်နှာပေါ်မှာတော့ ပျော်ရွှင်သည့် အရိပ်အယောင် မတွေ့ရချေ။

ဟွမ်းစစ်ပေါ်၏ စိတ်အားထက်သန်မှုက ဖေးချမ့်ကို စိတ်ပူပန်စေသည်။

မဟုတ်မှလွဲရော ဂိမ်းက အရည်အသွေး ကောင်းကောင်းနဲ့ ပြီးသွားတာလား။

သို့သော်လည်း ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့၏ ယခင် အလုပ်အတွေ့အကြုံများအကြောင်းနှင့် သူသတ်မှတ်ထားသည့် လိုအပ်ချက် သုံးချက်အကြောင်း ပြန်စဥ်းစားကြည့်သောအခါ...

ဂိမ်းကို အောင်အောင်မြင်မြင်နဲ့ ဖန်တီးနိုင်ခဲ့ရင်တောင် ပိုက်ဆံရနိုင်စရာ အကြောင်းမရှိဘူးဟု ခံစားမိပါသည်။

"စမ်းကစားကြည့်ဦးမလား" ဟွမ်းစစ်ပေါ်က မေးလိုက်ပါသည်။

"မလိုပါဘူး" ဖေးချမ့်က ခေတ္တ စဥ်းစားလိုက်သည်။ "ဂိမ်းရဲ့ ဂိမ်းဇာတ်ကြောင်းနဲ့ အံ့ဖွယ်လက်နက် တွေကို ပြကြည့်"

သမုဒ္ဒရာရဲတိုက်ဂိမ်း၏ တစ်ဝက်လောက်က အမှိုက်သာသာဖြစ်ပြီး ဘာမှ ပျော်စရာမကောင်းမှန်း ဖေးချမ့် သေချာသိသည်။

ကိုယ်ပါတဲ့ မစင်ကိုယ်ပြန်စားတာ အဓိပ္ပာယ်မရှိပေ။

သို့သော်လည်း ဂိမ်းငွေအရှုံးပေါ်နိုင်တာကို သေချာအောင်လို့ သူ့အကြံပေးချက်များကို တင်းတင်းကြပ်ကြပ်လိုက်နာသလား ဖေးချမ့် အသေးစိပ် စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူတိ့ ဂိမ်းဇာတ်ကြောင်းဖန်တီးဖို့ အားထုတ်ခဲ့ကြလား။

ဂိမ်းအတွက် ၈၈၈ ယွမ်တန် အနီရောင်ချီလင် ဂိမ်းလက်နက်တွေကော ရှိလား။

ဒါတွေသာ ဖေးချမ့်အတွက် အရေးကြီးပါသည်။

ဟွမ်းစစ်ပေါ်က ခေါင်းညိတ်လိုက်၏။ "ရပါတယ်။ ဘော့စ်ဖေး ကျွန်တော်ပြမယ်နော်"

သူ့ကွန်ပျူတာပေါ်က သမုဒ္ဒရာရဲတိုက်ကို ဖွင့်လိုက်ပြီး ဖေးချမ့်ကို ဂိမ်းအကြောင်း စတင် မိတ်ဆက်ပေးလေသည်။

"ဒါက ကျွန်တော်တို့ရဲ့ ဂိမ်းဇာတ်ကြောင်းပေါ့။ ဂိမ်မာတွေက ရဲတိုက်ကို အနိမ့်ဆုံး အထပ်ကနေ တက်ရမယ်။ ဇာတ်လမ်းသွား တစ်ပုဒ်လုံးက ၆ နာရီဝန်းကျင်လောက်ကြာပြီး မတူညီတဲ့ ရှုခင်းသုံးမျိုးခွဲထားတယ်။ ဒီဂိမ်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဇွန်ဘီတွေကို သတ်ဖို့၊ ကြေးစားတွေကိုသတ်ဖို့နဲ့ တချို့ ရိုးရှင်းတဲ့ ပဟေဠိလေးတွေ ဖြေရှင်းဖို့ပဲ"

"ဒါက စျေးကွက်စနစ်ပါ"

"ဒါက အံ့ဖွယ်လက်နက်ဖြစ်တဲ့ သက်တံ့ရောင်စုံချီလင်လက်နက်ပါ။ ဂိမ်းကို ဖြန့်ချီမဲ့ လမှာ မိတ်ဆက်ပေးသွားမှာပါ။ ဘော့စ်ဖေးပြောတဲ့အတိုင်းပဲ ရာသက်ပန် အသုံးပြုခွင့်ကတ်ကို ၈၈၈ ယွမ် နဲ့ ရောင်းချသွားမယ်။ ကျွန်တော်တို့ အံ့ဖွယ်လက်နက်တွေ ထပ်လုပ်နေပြီး နှစ်လ သုံးလတိုင်း အသစ်တွေ ထပ်ထုတ်သွားမှာပါ။"

ဖေးချမ့်က ဟွမ်းစစ်ပေါ်၏ ရှင်းလင်းချက်ကို နားထောင်ကာ မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်နေသည်။

သမုဒ္ဒရာရဲတိုက်၏ ကစားပုံအစစ်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားရခြင်း ဖြစ်သည်။

သူထင်ထားတာနှင့် နည်းနည်းလေး ကွဲပြားနေ၏။

အစကတော့ Crossfire လို ရုပ်ထွက်မျိုးရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း ပိုအသေးစိတ်ကျနေပြီး ရုပ်ထွက်က ပိုကောင်းနေသည်။

ဇာတ်ကောင်တွေဖြစ်ဖြစ်၊ သေနတ်တွေဖြစ်ဖြစ်၊ ဆက်တင်ဖြစ်ဖြစ် ဂိမ်း UI ဖြစ်ဖြစ် အားလုံးက အသစ်စက်စက်ဖြစ်နေသည်။ အဆင့်မြင့် နိုင်ငံခြားက AAA ဂိမ်းများနှင့် မယှဥ်နိုင်သော်လည်း သိပ်ပြီး အကွာကြီးလည်း မဟုတ်ပါ။

ဂိမ်းကို ဘာကြောင့် ဒီလောက်လှအောင် လုပ်လိုက်ရတာလဲဟု ဖေးချမ့်ဒေါသထွက်ပြီး ဟွမ်းစစ်ပေါ်ကို မေးချင်နေသည်။

'ဒီလိုလှတဲ့ ဂိမ်းမျိုးက ငါတို့ကို သတ်မှာ မသိဘူးလားကွ'

သို့သော်လည်း ဒီလိုဖြစ်လာစေသည့် တရားခံက သူဖြစ်မှန်း ပြန်သတိရသွားသည်။

'အေးပါလေ ထားလိုက်ပါတော့'

ယခင်တုန်းက ဟွမ်းစစ်ပေါ် ဖေးချမ့်ကို ဘတ်ဂျက် ယွမ် ၆၀,၀၀၀ နှင့် ဝယ်ယူစာရင်း လာပြဖူးသည်။ သို့သော် ဖေးချမ့်က ကြည့်တောင်မကြည့်ဘဲ နှစ်ဆတိုးခိုင်းခဲ့ပါသည်။

သုံးလိုက်ရသည့်ငွေက တကယ်ပဲ တန်ပေသည်။

သို့သော်လည်း ဝယ်ယူသည့် ပန်းချီရင်းမြစ်များ၏ အရည်အသွေးကလည်း မြင့်သွားမည် ဟူသည့် သဘောဖြစ်သည်။

ဂိမ်းဘယ်လောက်တောင် လှလိုက်သလဲ မြင်သွားသောအခါ သူနောက်တစ်ကြိမ် စိတ်ဖိစီးလာရပြန်သည်။

အရေးအကြီးဆုံးက လှပသည့် ရင်းမြစ်များကို ဝယ်ယူခိုင်းခဲ့တာ သူဖြစ်သဖြင့် ဟွမ်းစစ်ပေါ်ကိုလည်း စိတ်ဆိုး၍မရတော့ပေ။

သို့သော် ဟွမ်းစစ်ပေါ်၏ နောက်ပိုင်း ရှင်းလင်းချက်ကို ကြားလိုက်ရသောအခါ ဖေးချမ့်က အနည်းငယ် စိတ်အေးသွားသည်။

ကံကောင်းစွာဖြင့် သူတို့သည် အသုံးမဝင်သည့် ဂိမ်းဇာတ်ကြောင်းကို အချိန်ဖြုန်းကာ ဖန်တီးနိုင်ခဲ့ကြသည်။ ဇွန်ဘီနဲ့ ကြေးစားတွေကို သတ်ရမယ်ဟုတ်လား။ ကြားလိုက်ရုံနဲ့ ပျင်းဖို့ ကောင်းနေပါပြီ။

၈၈၈ ယွမ်တန် အနီရောင်ချီလင်ကလည်း စျေးကွက်တွင် ရှိသည့် တစ်ခုတည်းသော လက်နက်ဖြစ်ပြီး ပိုနိမ့်သည့် စျေးလည်း တစ်ခုမှမရှိပါ။

ဂိမ်မာများ၏ ဝေဖန်မှုကို ခံလာရနိုင်သော်လည်း ပိုက်ဆံအရှုံးပေါ်နိုင်သရွေ့ ဖေးချမ့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးပါပြီ။

မာကြီးကို ဂိမ်မာများက နေ့တိုင်း ဝေဖန်ပေမဲ့ ဘတ်စ်ကား မစီးရဲလောက်တဲ့အထိတော့ မဟုတ်ဘူး မလား။

ထို့အပြင် ဖေးချမ့် စစ်ဆေးထားပြီးပြီဖြစ်ပြီး ဆန်းစထရိုက်ခ် စတူဒီယို၏ Bullet Hole ဂိမ်းကလည်း တူညီသည့် ရက်စွဲမှာပဲ ဖြန့်ချီမည်ဖြစ်ကြောင်း သိထားပါသည်။ ထို့ကြောင့် သမုဒ္ဒရာရဲတိုက်နဲ့ ထိုဂိမ်းကို တိုက်ခိုက်စေချင်ပြီး ရှုံးနိမ့်သွားစေချင်ပါသည်။

ဒီလိုအားကောင်းတဲ့ ပြိုင်ဘက်နဲ့သာဆိုရင် သမုဒ္ဒရာရဲတိုက်ကို ဂိမ်းကောင်းတစ်ခုလုပ်လည်း ဘာအသုံးဝင်တော့မှာလဲ။

သေချာပေါက် တစ်ဖက်အဖွဲ့ကြောင့် ပိုးစိုးပက်စက် ရှုံးနိမ့်သွားပါလိမ့်မည်။

"ဘော့စ်ဖေး ဂိမ်းအတွက် တခြား Mode တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကိုကော ကျွန်တော် မိတ်ဆက်ပေးရဦးမလား" ဟွမ်းစစ်ပေါ်က မေးလိုက်သည်။

ဖေးချမ့်က ခေါင်းခါလိုက်သည်။

"နေပါစေ။ စမ်းသပ်စစ်ဆေးမှုအတွက် တရားဝင်ဂိမ်း ပလက်ဖောင်းကိုပဲ ပို့လိုက်တော့။ ဒီလောက်ထိ အကြာကြီး ဖန်တီးခဲ့ကြရတော့ မင်းတို့တွေ ခက်ခဲခဲ့မှာပဲ။ ဒီနေ့နေ့လယ်ခင်း ပျော်ဖို့ ပြင်ထားကြ။ ငါတို့ ရုပ်ရှင်သွားကြည့်ပြီး စားကြ သောက်ကြမယ်"

All Chapters