← Chapters

ဟွန့် … ဖြောင့်မတ်တဲ့ ယောက်ျားပေါ့လေ

Vol. 27 Ch. 400

ဟွန့် … ဖြောင့်မတ်တဲ့ ယောက်ျားပေါ့လေ

Vol. 27 Ch. 400

“တဆိတ်လောက် ကျွန်မ အလျင်လိုနေလို့ပါ”

ဟူယွဲ့အာ တုန်ယင်စွာ ပြောလိုက်သည်။ သူမ တကယ်ကို အလျင်လိုနေပြီး ထပ်၍ တောင့်မထားနိုင်တော့ပါ။

လက်ရှိတွင် ရဲ့လင်းချန်ကဲ့သို့သော ငကြောင်တစ်ကောင်က အခြေအနေမသိဘဲ သူမအား တားဆီးမည်ကို စိုးရိမ်နေမိသည်။ ထိုသို့ဖြစ်မိပါက သူမ ငိုမိမှာပင်။

ရဲ့လင်းချန်က ငကြောင် မဟုတ်၍ တော်ပါသေးသည်။ သူက သူမ အပြင်ထွက်နိုင်ရန် ယဉ်ကျေးစွာ လမ်းဖယ် ပေးလေသည်။

မကြာခင်မှာပင် သူမ သန့်စင်ခန်းမှ ပြန်ထွက်လာသည်။ သူမ အမူအရာက ယခင်ကထက် တည်ငြိမ်လာပြီး သူမ အပြုအမူက ပို၍ ဖော်ရွေလာပြီး ရဲ့လင်းချန်အား ခေါင်းညိတ် နှုတ်ဆက်လေသည်။

ရဲ့လင်းချန် မသိကျိုးကျွန်ပြု၍ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ လေယာဉ်ဆိုက်ရန် တစ်နာရီ လိုပါသေးသည်။

“အ”

ထိုစဉ် သူ့ဘေးမှ ဟူယွဲ့အာသည် အသံတိုးတိုး ထွက်လာပြီး ထိန်းမရအောင် တုန်ယင်လာ၏။ သူမနဖူး၌ ချွေးအေးများ စို့တက်လာလေသည်။

“ကျွန်မကို ရေတစ်ခွက်လောက် ယူပေးလို့ရမလား၊ ကျေးဇူးတင်ပါတယ်”

ဟူယွဲ့အာ၏ ခန္ဓာကိုယ်က ကိုင်းနေကာ ခုံပေါ်၌ တွန့်လိမ်နေသည်။ သူမမျက်နှာက နီရဲနေပြီး နာကျင်နေပုံရသည်။

ရဲ့လင်းချန်က သူမကို တစ်ချက်ကြည့်ပြီး ငြိမ်မြဲငြိမ်နေ၏။

“ရှင် …”

ဟူယွဲ့အာ စိတ်ပျက်သွားသည်။ သူမခန္ဓာကိုယ်တွင်းမှ ဝေဒနာက ပြင်းလာသည်ကို ခံစားမိပြီး စကားပင် မပြောနိုင် ဖြစ်လာရသည်။

ထိုအခိုက်မှာပင် ရဲ့လင်းချန်က လက်ကိုဆန့်လာသည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် သူက ဗိုက်ကိုဖိထားသော သူမလက်ကို ဖယ်၍ သူ့လက်ဖြင့် အုပ်ကိုင်လာ၏။

ဟူယွဲ့ကာ အံ့ဩကာ ငိုင်တွေသွားသည်။

သူမ အော်ဟစ်တော့မည့်အချိန်မှာပင် ရဲ့လင်းချန်၏ လက်မှတဆင့် သူမဝမ်းဗိုက်ထဲသို့ နွေးထွေးသော ခံစားချက် တစ်ခု စီးဝင်လာသလို ခံစားလိုက်ရသည်။ ယင်းက သူမခန္ဓာကိုယ် တစ်ခုလုံးအား ပြောမပြတတ်လောက်အောင် တည်ငြိမ်လာစေပြီး သူမကိုယ်သူ ရေပူစမ်းထဲ၌ စိမ်နေရသလို ခံစားနေရသည်။ ထို့အပြင် ဝေဒနာက တဖြည်းဖြည်း ပျက်ပြယ်သွားသည်ကို သူမ ခံစားမိနေ၏။

ထိုခံစားချက်က သက်တောင့်သက်သာ ရှိလွန်းလှသဖြင့် သူမ ရပ်ပင် မရပ်ချင်ပါ။

“ဓမ္မတာ ကိုက်ခဲတာလား”

ရဲ့လင်းချန် ညင်သာစွာ မေးလိုက်ပြီးနောက် သူမအား နူးညံ့စွာ သတိပေးလိုက်သည်။

“ဒါ ဒီလောက် ပြင်းရတဲ့အကြောင်းရင်းက မင်းမှာ ဆိုးရွားတဲ့ အစားလျော့နည်းနဲ့ ကောင်းကောင်း အနားယူမှု ကင်းမဲ့လို့ပဲ၊ မင်း ဒါတွေကို ပိုအာရုံစိုက်ဖို့ ငါ အကြံပေးချင်တယ်၊ မဟုတ်ရင် မင်း နောက်ဆို ပြောင်းလဲလို့ မရနိုင်တဲ့ ပျက်စီးမှုတွေနဲ့ ကြုံရလိမ့်မယ်”

ဟူယွဲ့အာ၏ ပါးပြင် ရဲတက်လာသည်။ ဤသို့ အပြောမခံသော အကြောင်းအရာကို အမျိုးသားတစ်ယောက်က သတိပေးလာသဖြင့် သူမ ရှက်သွားရသည်။ အထူးသဖြင့် ထိုအမျိုးသားက သူမဗိုက်ကို အတည်ပေါက်ကြီး နှိပ်နယ်ပေးခဲ့သည်။

သူမက သူ့ကို မမြင်သကဲ့သို့ ဘေးဖက်အား ကြည့်နေသည်။

သို့သော် ထိုအချိန်မှာပင် ရဲ့လင်းချန်က သူမလက်ကို ကိုင်၍ သူမဗိုက်ပေါ် တင်ပေးလိုက်သည်။

“မင်းဘာသာမင်း လုပ်ကြည့်၊ နာရီလက်တံအတိုင်း ငါးကြိမ်၊ နာရီလက်တံ ပြောင်းပြန်အတိုင်း ငါးကြိမ်၊ ပြီးရင် အဲ့လို ခဏခဏ ပြန်လုပ်၊ အဲ့ဒါက မင်းကို ဝေဒနာ သက်သာစေဖို့ ကူညီပေးလိမ့်မယ်”

*ဘာ*

ဟူယွဲ့အာ မျက်လုံး ပြူးသွားသည်။ သူမ ပြန်လှည့်လာပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်ကာ တစ်ခုခု ပြောရန် ကြိုးစားသကဲ့သို့ ပါးစပ်လေး ဟနေလေသည်။

*ဒီကအမျိုးသမီးက မွေးရာပါ အလှတရားကို လက်ဆောင်ရထားတာပါနော်၊ ဒီလိုအလှလေးက နင့်ကို သူ့ဗိုက်ကို နှိပ်ဖို့ အခွင့်အရေး ပေးခဲ့တာ၊ နင်က ဒါကို အခွင့်ကောင်းယူပြီးမှ ငါ့ဘာသာငါ နှိပ်စေချင်တာလား*

*မသိတတ်တဲ့အရူးပဲ၊ ငါ လက်ယပ်ခေါ်လိုက်ရင် ယောက်ျားသား ဘယ်နှစ်ယောက် ပါလာမလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်*

သို့သော် ရဲ့လင်းချန်က သူမအား ဝေဒနာနှင့် ပတ်သက်၍ ကူညီခဲ့သည်ကို အမှတ်ရပြီး သူမ ဒေါသကို စိတ်ထဲ၌သာ သိမ်းထားပြီး မကျေနပ်သံပြု၍ တစ်ဖက်လှည့်ကာ စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။

သို့သော် ရဲ့လင်းချန်မှာမူ မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်နေလေသည်။

အစောပိုင်းက သူသည် နှိပ်ပေးလျက် စမ်းသပ်ခဲ့သည်။ သူ သန့်စင်ထားသော ချီစွမ်းအင်ကို ဟူယွဲ့အာ၏ ခန္ဓာကိုယ်ထဲသို့ လက်မှတဆင့် ပို့လွှတ်ရင်း ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ မထင်မှတ်ဘဲ ယင်းက အောင်မြင်ခဲ့ပြီး နှိပ်ပေးသည့် အကျိုးသက်ရောက်မှုကို ကြီးစွာ တိုးမြင့်သွားစေခဲ့သည်။

သာမန် အနှိပ်ပညာသာဆိုပါက ဟူယွဲ့အာ၏ ဝေဒနာကို ချက်ချင်း ပြေလျော့သွားစေရန် မဖြစ်နိုင်ပါ။ သို့သော် ဤတစ်ခေါက်တွင်တော့ သူ လုပ်နိုင်ခဲ့လေသည်။

ချီသန့်စင်မှု၌ စိတ်ဝင်စားစရာကောင်းသော အသုံးဝင်ပုံများစွာ ရှိပုံရသည်။ စိတ်ဝိညာဉ် စွမ်းအင်နှင့် အလှမ်းကွာနေ သေးသော်လည်း ခန္ဓာကိုယ်ကို အကျိုးအမြတ် ရစေသည့် အသန့်စင်ဆုံး စွမ်းအင်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။

နောက်ဆုံးတွင် လေယာဉ်သည် လီတောင်တန်းသို့ ရောက်ရှိလာပြီး စပီကာများမှတဆင့် လေယာဉ်မယ်၏ အသံကို ကြားလိုက်ရသည်။ ထို့နောက် သူတို့ ချောမွေ့စွာ လေယာဉ် ဆိုက်ကပ်လေသည်။

ဟူယွဲ့အာသည် သူမခုံ၌ ထိုင်၍ ရဲ့လင်းချန်အား မျက်လုံးထောင့်မှနေ၍ မကြာခဏ ခိုးကြည့်နေသည်။ သူမ၏ အတွင်းစိတ်ထဲ၌ ဇာတ်လမ်းဆင်နေလေသည်။

*ဒီလူက မာကျောချင်ယောင် ဆောင်နေတာပဲ၊ သူ သေချာပေါက် ငါ့ WeChat အကောင့်ကို တောင်းမှာ သေချာတယ်၊ အဲ့လို ဖြစ်လာလို့ကတော့ ငါ သူ့ကို အရင်ဆုံး ငြင်းလိုက်မယ်၊ သူ ငါ့ကို တောင်းပန်တဲ့အခါမှပဲ အင်တင်တင်နဲ့ လက်ခံလိုက်မယ်*

သူမစိတ်ထဲ၌ ဇာတ်လမ်းရေးနေပြီးနောက် ရဲ့လင်းချန်ကို သူမ လှမ်းကြည့်လိုက်သည်။ ထိုအခါ သူက သူမကို အရေးမလုပ်ဘဲ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် တဖြည်းဖြည်း ဝေးသထက် ဝေးလာပြီး နောက်ဆုံး၌ … မတွေ့ရတော့ချေ။

*ဟွန့် … ဖြောင့်မတ်တဲ့ ယောကျ်ားပေါ့လေ*

ရဲ့လင်းချန်သည် ဟူယွဲ့အာ၏ စိတ်ထဲမှ ဒရာမာကို လုံးဝ မသိပေ။ ထိုအခိုက်တွင် သူသည် ချိန်းဆုံထားသည့် နေရာမှနေ၍ ဘဝ၏ ရုန်းကန်ခြင်းများ အစီအစဉ်၏ ဝန်ထမ်းကို ဆက်သွယ်နေသည်။

မကြာခင်မှာပင် အနက်ရောင် ဗန်ကားတစ်စီး ရောက်လာပြီး ရဲ့လင်းချန်အရှေ့၌ ရပ်လေသည်။ အမျိုးသမီး ဝန်ထမ်းတစ်ဦး ကားပေါ်မှ ဆင်းလာပြီး သူမအနောက်၌ ကင်မရာသမားတစ်ယောက် ဆင်းလာသည်။

“မင်္ဂလာပါ ရဲ့နတ်ဘုရား၊ ကျွန်မတို့ အစီအစဉ်မှာ ပူးပေါင်းပေးတဲ့အတွက် ကျွန်မတို့က ရှင့်ကို ကြိုဆိုပါတယ်”

ရဲ့လင်းချန်ကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် အမျိုးသမီး ဝန်ထမ်းက သူ့အတွက် ကားတံခါး ဖွင့်ပေးသည်။

“တွေ့ရတာ ဝမ်းသာပါတယ်”

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးဘက်မှ ကင်မရာသမားကို တစ်ချက် ကြည့်လိုက်သည်။

“ရဲ့နတ်ဘုရား၊ ကျွန်တော်တို့ အစီအစည်က ပုံမှန် ရိုက်ကူးရေးနဲ့ တိုက်ရိုက် ထုတ်လွှင့်ရေးကို တစ်ပြိုင်တည်း အသုံးပြုပြီး ရိုက်ကူးမှာပါ၊ တိုက်ရိုက် ထုတ်လွှင့်မှုကိုလည်း ထုတ်လွှင့်ရေး အမျိုးမျိုးကနေ တင်သွားမှာပါ၊ ဧည့်သည် တစ်ယောက်ချင်းစီက ကိုယ်ပိုင် သီးသန့် ထုတ်လွှင့်ရေး တစ်ခုစီ ရလာမှာပါ”

ဝန်ထမ်းက ခပ်သွက်သွက် ရှင်းပြပြီးနောက် ထပ်ပြောသည်။

“တကယ်လို့ ခင်ဗျား အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်တော်တို့ စပြီး ရိုက်ကူးပါမယ်”

ဧည့်သည် တစ်ယောက်အတွက် ထုတ်လွှင့်ရေး တစ်ခုဆိုလျင် လူတိုင်း၌ မတူညီသော ကျော်ကြားမှုများ ရှိမည့်ပုံပင်။ ယင်းက သူတို့ ထုတ်လွှင့်ရေးများမှ အွန်လိုင်း ကြည့်ရှုသူ အရေအတွက်ကို မြင်သာပေစေမည်။ စွမ်းဆောင်ရည် ပိုကောင်းသော သူများက သူတို့၏ ထုတ်လွှင့်ရေး၌ ကြည့်ရှုသူ ပိုများမည်က သဘာဝပင်။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“စရိုက်လိုက်ပါ၊ ကျွန်တော် အချိန်မရွေး အသင့်ပါပဲ”

ထိုအခါ ဝန်ထမ်းက ကင်မရာသမားကို တိုက်ရိုက် ထုတ်လွှင့်ရေး စတင်ရန် အချက်ပြလိုက်သည်။

[ဘဝ၏ ရုန်းကန်ခြင်းရဲ့ ငါးခုမြောက် ထုတ်လွှင့်ရေး စတင်ပါပြီ၊ ဘယ်သူများ ဖြစ်မလဲ၊ ဧည့်သည်က ဘယ်သူများ ဖြစ်မလဲ]

[ဝိုး ဝိုး ဝိုး … ဒါ ရဲ့နတ်ဘုရားပဲ၊ တကယ်ကြီးကို ရဲ့နတ်ဘုရားပဲ]

[သူက တအား ချောတာပဲ၊ သူက အပြင်က လူပျော့လေးတွေထက် ပိုသာတယ်လို့ ငါ ထင်တယ်၊ သူ့မျက်နှာကို ကြည့်ရရင် ငါ ဘယ်တော့မှ မငြီးငွေ့ဘူး]

[ငါလည်း အဲ့လို ခံစားရတယ်၊ သူက ထူးခြားတဲ့ အရှိန်အဝါတစ်မျိုး ပေးနေသလိုပဲ၊ ပြီးတော့ ဒီကမ္ဘာက မဟုတ်တဲ့ ခံစားချက်တစ်မျိုး ပေးနေသလိုပဲ]

[ငါ သိခဲ့သင့်တာ၊ အက်ပဲလ်တီဗွီက အမြဲ အားကစားကို ဦးစားပေးတာလေ၊ သူတို့ ဘယ်လိုလုပ် ရဲ့နတ်ဘုရားကို မဖိတ်ဘဲ နေမှာလဲ]

[ဒါကလည်း အနုပညာရှင်ပဲလား၊ ငါ ဘယ်လိုလုပ် သူ့ကို အနုပညာလောကမှာ လုံးဝ မမြင်ဖူးရတာလဲ၊ သူက နာမည်ကြီးတဲ့ပုံ မပေါ်သလိုပဲ]

[ဟဲဟဲ အပေါ်ကလူ၊ မင်းက တော်တော် မသိတတ်တာပဲ၊ မင်း ဘယ်လိုလုပ် အဲ့ဒီလူပျော့လေးတွေကိုပဲ သိပြီးတော့ ကိုရီးယားနိုင်ငံကို အနိုင်ယူခဲ့တဲ့ ရဲ့နတ်ဘုရားကို မသိရတာလဲ၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ]

…

ထုတ်လွှင့်ရေး စသည်နှင့် ဘဝ၏ ထုတ်လွှင့်ရေးမှ ကြည့်ရှုသူများက အဆက်မပြတ် ပြောင်း၍ ရောက်လာကြသည်။ သူတို့က ရဲ့လင်းချန်ကို မြင်သောအခါ ပြောဆိုကြလေသည်။

ကတ်သပ်၍ ပြောရမည်ဆိုလျင် ရဲ့လင်းချန်အား အနုပညာရှင်တစ်ယောက်ဟု မသတ်မှတ်နိုင်သေးပါ။ အကြောင်းမှာ သူသည် ဖန်သားပြင်ပေါ်၌ မပေါ်လာဖူးသေးသောကြောင့်ပင်။ သူ၏ ရေပန်းစားမှုကလည်း အနိမ့်ဘက်တွင် ရှိနေသည်။ သူ့ထုတ်လွှင့်ရေးမှ ကြည့်ရှုသူများသည် အယောက် နှစ်သောင်း၊ သုံးသောင်း ဝန်းကျင်သာ ရှိလေသည်။ ပုံမှန်အားဖြင့် အနုပညာရှင်တစ်ယောက်ကို ဤသို့သော ရသစုံရှိုးပွဲက ဖိတ်ကြားပါက အခြေခံအားဖြင့် ကြည့်ရှုသူ အရေအတွက် ငါးသောင်းနီးပါး ရလောက်သည်။

ထိုအခိုက်တွင် ဝိုင်အလှကုန်ပစ္စည်းဆိုင်အတွင်း၌ ကျန်းယွင်ရှီသည် တီဗွီဖွင့်၍ ရဲ့လင်းချန်၏ ထုတ်လွှင့်ရေးကို မြန်မြန် ကြည့်လေသည်။ ဖန်သားပြင်ပေါ်မှ ရဲ့လင်းချန်ကို ကြည့်ပြီး သူမနှုတ်ခမ်းများက တွန့်ကွေးလာပြီး နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဆိုင်ထဲမှ တန်းစီစောင့်နေရသော ဧည့်သည်များသည် ဘာမှ လုပ်စရာ မရှိသဖြင့် ခေါင်းစောင်း၍ စိတ်လှုပ်ရှားစွာ အတူတူ ကြည့်နေကြသည်။

All Chapters