← Chapters

ရဲ့လင်းချန်ရဲ့ ပုံပြင်

Vol. 27 Ch. 401

ရဲ့လင်းချန်ရဲ့ ပုံပြင်

Vol. 27 Ch. 401

ကားသည် အရှေ့သို့ ဖြည်းဖြညင်းချင်း မောင်းနှင်လျက် ရှိသည်။ ရဲ့လင်းချန်သည် ပြတင်းပေါက်နား ထိုင်၍ အပြင်ဘက်မှ ရှုခင်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ကားထဲ၌ တစ်ဒင်္ဂမျှ အလွန် တိတ်ဆိတ်နေ၏။

ရသစုံရှိုးတစ်ခုအတွက် ဤသို့ အနေရခက်ခြင်းက မကောင်းပေ။ ထို့ကြောင့် သူတို့ အကြောင်းအရာတစ်ခု ဆွဲထုတ်ရန် လိုပေသည်။

အမျိုးသမီးဝန်ထမ်းက ရဲ့လင်းချန်ကို လှည့်ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။

“ရဲ့နတ်ဘုရား၊ ကျွန်မတို့ ဘယ်ကို သွားနေသလဲဆိုတာကို ရှင် သိလား”

“မသိဘူး”

“ကျွန်မတို့ ဘယ်ကို သွားနေတာလဲဆိုတာကိုရော ရှင် သိချင်လား”

“စိတ်မဝင်စားဘူး”

…

[ခွီး … ဟားဟားဟား …]

[ရဲ့နတ်ဘုရားက တော်တော် တဲ့တိုးဆန်တာပဲ၊ ရိုက်ကူးရေး ဝန်ထမ်းရဲ့ မျက်နှာက အခု ပျက်နေပြီ]

[ရိုက်ကူးရေးဝန်ထမ်း: ငါ ဒီအကြောင်းအရာကို ဘယ်လိုလုပ် ဆက်ပြောရတော့မှာလဲ၊ အွန်လိုင်းပေါ်ကနေ စောင့်နေပါတယ်၊ အရေးကြီးပါတယ်]

ကြည့်ရှုသူ များများစားစား မရှိသော်လည်း မှတ်ချက်ပေးသော ကဏ္ဍ၌ အလွန် သက်ဝင်လျက် ရှိသည်။ သူတို့ထဲမှ အချို့သည် ရဲ့လင်းချန်၏ တဲ့တိုးစကားများကြောင့် ရယ်မောနေသည်။

ရိုက်ကူးရေး အဖွဲ့ဝင်သည်လည်း စိတ်ညစ်နေသည်။

*ဒါက ရသစုံရှိုးပွဲဆိုတာကို နင် မသိဘူးလား၊ ငါတို့ တစ်ခုခုကို ပြောနေဖို့ လိုတယ်လေ*

သူမ မနေနိုင်တော့ဘဲ ထပ်မေးလိုက်မိသည်။

“ကျွန်မ ရှင့်ကို ရောင်းစားလိုက်မှာကို ရှင် မကြောက်ဘူးလား”

ရဲ့လင်းချန် အံ့ဩသွားသည်။ သူ ကားထဲကို ဝေ့ကြည့်လိုက်သောအခါ ယာဉ်မောင်းတစ်ယောက်၊ ရိုက်ကူးရေး ဝန်ထမ်းတစ်ယောက်နှင့် ကင်မရာကိုင်ထားသော ကင်မရာသမား တစ်ယောက်သာ ရှိသည်ကို တွေ့လိုက်ရသည်။

“မင်းတို့ဆီမှာ ချုံထဲမှာ ပုန်းနေတဲ့လူတွေ ရှိလို့လား၊ မင်းတို့ လူနည်းနည်းလေးနဲ့ အဆင်ပြေမယ်လို့ ငါ မထင်ဘူး”

[ဝါးဟားဟား … ငါ ထပ်ပြီးတော့ အောင့်မထားနိုင်တော့ဘူး၊ ရဲ့နတ်ဘုရားက ငါ့ကို အရယ်လွန်ပြီး သေအောင် လုပ်နေတာပဲ]

[ရဲ့နတ်ဘုရားက ဘတ်စကက်ဘော အားကစားမှာ တော်သလို ရယ်လည်း ရယ်ရတာပဲ၊ ငါတော့ ပရိသတ် ဖြစ်သွားပြီ]

[အာ … ရဲ့နတ်ဘုရားက အခုတလော ပိုကြည့်ကောင်းလာပုံ ပေါက်နေတာကို မင်းတို့ သတိထားမိလား၊ ငါ သူ့ကို ပထမဆုံးအကြိမ် ကြည့်ခဲ့တုန်းက အံ့ဩသွားတာ၊ ဒုတိယတစ်ခေါက်နဲ့ တတိယတစ်ခေါက် ကြည့်လိုက်တော့ ငါ လုံးဝ စွဲလမ်းသွားရော]

[အပေါ်ကလူ ငါလည်း အဲ့လို ခံစားရတယ်၊ ရဲ့နတ်ဘုရားက တိတ်တိတ်နေနေတာတောင်မှ ငါ သူ့ကို တစ်နေ့လုံး ငြိမ်ပြီးတော့ ပျော်ပျော်ကြီး ကြည့်နိုင်တယ်]

[မဖြစ်တော့ဘူး … အချစ်ရောဂါ စလာပြီ]

…

အွန်လိုင်း ကြည့်ရှုသူ အရေအတွက်က ဆက်၍ တိုးလာပြီး မှတ်ချက်များ ဆက်တိုက် ပေါ်လာနေသည်။

ရိုက်ကူးရေး အဖွဲ့ဝင်၏ မျက်နှာအမူအရာက မည်းမှောင်လာသည်။ သူမကိုယ်သူ အတွေ့အကြုံ အလုံအလောက် ရှိပြီဟု အမြဲ ထင်ထားခဲ့သည်။ တကယ်လည်း သူမ အနုပညာရှင်များနှင့် နှစ်တော်တော်လေး လုပ်ကိုင်ခဲ့ဖူးပါသည်။ ထို့အပြင် အနုပညာရှင် အများစုသည် သူတို့၏ ပုံရိပ်ကို ထိန်းသိမ်းရန် အာရုံစိုက်ကြသည်။ ထို့ကြောင့် သူတို့သည် သတိနှင့် စကားပြောကြပြီး ရိုက်ကူးရေးအတွက် စကားဝိုင်းကို ဆက်ပြောချင်စိတ် ရှိကြလေသည်။

သို့သော် ယနေ့တွင် သူမသည် ရဲ့လင်းချန်နှင့်မှ ဆုံရလေသည်။

*ဒီလူက ငကြောင်ပဲ*

သူ ပြန်ဖြေသော ပုံစံနှင့်ဆိုလျင် သူမတွင် တကယ်ကို စကားဝိုင်းကို ဆက်နိုင်သည့် နည်းလမ်း မရှိတော့ပါ။

“ဟီးဟီး …”

ရိုက်ကူးရေး ဝန်ထမ်းသည် အနေရခက်စွာ ရယ်လိုက်ပြီးမှ အခြားအကြောင်းအရာကို ပြောင်းပြောလေသည်။

“ရဲ့နတ်ဘုရား၊ ရှင်က ဘတ်စကက်ဘော ကစားသမားကောင်းတစ်ယောက်ဆိုတော့ ရှင် ဘတ်စကက်ဘော ကစားရတာကို သဘောကျမှာပေါ့ ဟုတ်တယ်မလား”

“လုံးဝပဲ”

ရဲ့လင်းချန် အေးအေးလူလူ ပြန်ပြောလိုက်ပြီးမှ ဆက်ပြောလေသည်။

“အမှန်အတိုင်း ပြောရရင် ဘတ်စကက်ဘောက ကျွန်တော့်ရဲ့ အားအနည်းဆုံး စွမ်းရည်ပဲ”

သူ လိမ်နေခြင်း မဟုတ်ပါ။ လက်ရှိအချိန်၌ သူသည် မြောက်မြားစွာသော စွမ်းရည်များကို ကျွမ်းကျင်ထားသည်။ သူ့တွင် အခြေခံအဆင့် စွမ်းရည် ဆယ်ခုကျော် ရှိပြီး အလယ်အလတ်အဆင့် စွမ်းရည်များလည်း ရှိသေးသည်။ ထိုစွမ်းရည်များနှင့် ယှဉ်လိုက်လျင် ဘတ်စကက်ဘော အားကစားက ဘာမှမဟုတ်ချေ။

သို့သော် သူ့စကားကို အခြားသူများက ကြွားလုံးထုတ်နေသည်ဟု မြင်သွားလေသည်။

[ဘတ်စကက်ဘောက သူ အားအနည်းဆုံး စွမ်းရည်တဲ့လား၊ ဒါ ကြွားလွန်းနေပြီ]

[အရှက်မရှိဘူး၊ လုံးဝကို အရှက်မရှိဘူး၊ သူ တိုက်ရိုက် ထုတ်လွှင့်မှု လုပ်နေတယ်ဆိုတာကို မသိဘူးလား၊ ဒီအလိမ်အညာ စကားတွေကြောင့် သူ လူပြောခံရတော့မှာပဲ]

[ရဲ့နတ်ဘုရားက အနုပညာလောကထဲ အခုမှ ဝင်တာမို့လို့ စည်းကမ်းတွေကို နားမလည်သေးတာ ထင်တယ်၊ ဒီလို ကြွားပုံနဲ့ဆို သူ ပရိသတ်တွေ ဆုံးရှုံးတော့မှာပဲ]

[အဲ့ဒါ အဲ့မိန်းမရဲ့ အမှားပဲ၊ အဲ့မေးခွန်းတွေက ဘာလဲ၊ သူ ငါတို့ကို ရဲ့နတ်ဘုရားကို ငြိမ်ငြိမ်လေး ကြည့်ခွင့် ပေးခဲ့သင်တာ၊ သူ့ကို အဲ့မေးခွန်းတွေ မဖြစ်မနေ မေးမှရမှာလား၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ]

…

ရိုက်ကူးရေး ဝန်ထမ်းသည် ရဲ့လင်းချန် ထိုသို့ ပြန်ဖြေလိမ့်မည်ဟု ထင်မထားမိပါ။ လက်ရှိတွင် သူမသည် ထိုသို့သော မေးခွန်းမျိုး မေးမိသည်ကို နောင်တရနေပြီး ဘာမှ ထပ်မမေးရဲတော့ပေ။ ကားထဲ၌ ထပ်မံ၍ တိတ်ဆိတ် သွားလေသည်။

ရဲ့လင်းချန်သည် ထိုအခွင့်အရေးကို အရယူ၍ တိတ်ဆိတ် ငြိမ်းချမ်းမှုကို ခံစားနေသည်။ သူသည် တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်သည်ကို သိသလို သူ၏ ရေပန်းစားမှုကို တိုးလာစေချင်သော်လည်း သူတို့အကြိုက်ကို တမင် လိုက်မလုပ်နိုင်ပါ။ သူ အမှန်အတိုင်း ဖြေနေခဲ့သည်။ သူ့ကို သဘောကျသည့်သူများက သူ့ကို သဘောကျနေမှာပင်။ ထို့အပြင် နောက်ပိုင်း သူတို့ သူ့ကို တကယ် နားလည်သွားလျင် သူ လိမ်နေခြင်း မဟုတ်ကြောင်း သူတို့ သိလာ ပေလိမ့်မည်။

သူသည် ရေပန်းစားမှု ရရှိရန်သက်သက်နှင့် ဘယ်သောအခါမှ ဟန်မလုပ်နိုင်ပါ။

ထိုသို့ဖြစ်သော်ငြားလည်း ရဲ့လင်းချန်၏ ကြည့်ရှုသူ အရေအတွက်က ဆက်လက်၍ တိုးလာနေသဖြင့် ရိုက်ကူးရေး ဝန်ထမ်း အံ့ဩသွားရသည်။ မှတ်ချက်များအရ တော်တော်များများက သူ့ကို ငြိမ်ငြိမ်လေး ကြည့်နေရုံနှင့်တင် တကယ် ကျေနပ်နေမှန်း သိသာပေသည်။

သူမ သူ့ကို အလိုလို လှမ်းကြည့်မိသည်။ လက်ရှိတွင် ရဲ့လင်းချန်သည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေပြီး ထူးဆန်းသော အရောင်များလက်နေသည့် မျက်လုံးတို့ဖြင့် တစ်ခုခုကို အာရုံစိုက်၍ တွေးနေပုံ ပေါ်နေသည်။

အမှန်အတိုင်း ပြောရလျင် သူ၏ ခန္ဓာကိုယ်မှ အလွန် ဆွဲဆောင်မှုရှိသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ထိုအရှိန်အဝါက အခြားသူများအား အလိုလို နီးကပ်ချင်သည့် ခံစားချက် ဖြစ်ပေါ်စေသည်။ သူ့ထံမှ ဉာဏ်အလင်း ရနေသော ပါရမီရှင်တစ်ယောက်၏ စွမ်းအင်မျိုး ပျံ့လွင့်နေ၏။

“ရဲ့နတ်ဘုရား၊ ရှင် ရှုခင်းတွေ ကြည့်ရတာကို သဘောကျတာလား”

သူမ မနေနိုင်ဘဲ မေးလိုက်မိသည်။

“အင်း သိပ်သဘောကျတယ်”

ရဲ့လင်းချန် ခေါင်းညိတ်သည်။

“ကျွန်တော်က လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်တဲ့ရွာမှာ ကြီးပြင်းလာခဲ့တာ၊ အဲ့ဒါကြောင့် ဒီလို ရှုခင်းပုံစံမျိုးနဲ့ ဆက်သွယ်မှု ရှိနေသလို ခံစားရတယ်”

ရိုက်ကူး‌ရေး ဝန်ထမ်း၏ မျက်လုံးများ အရောင်လက်သွားသည်။ နောက်ဆုံး၌ သူမ အကြောင်းအရာအမှန်ကို ရှာတွေ့သွားလေပြီ။

“ရှင် ကျွန်မတို့ကို လယ်ယာ စိုက်ပျိုးရေးရွာက ဘဝအကြောင်း ထပ်ပြောပြနိုင်မလား”

“အင်း … ထားလိုက်ပါတော့”

ထိုအခါ ရဲ့လင်းချန်က အံ့ဩဖွယ်ကောင်းလောက်အောင် ပြန်ဖြေလိုက်သည်။

“ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့၊ မဟုတ်မှလွဲရော ရှင့်မှာ မကောင်းတဲ့ အတွေ့အကြုံတွေ ရှိခဲ့လို့လား”

ရိုက်ကူး‌ရေး ဝန်ထမ်းက စောဒက တက်သည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို တိုက်ရိုက် ထုတ်လွှင့်မှုမှ မှတ်ချက်များကို ပြလိုက်လေသည်။

“ကြည့်ပါဦး၊ ဒီကြည့်ရှုသူတွေကလည်း နားထောင်ချင်နေကြတယ်၊ သူတို့က ရှင့်ကို လုံးဝ အားပေးနေတာနော်၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို ပြောပြပါ”

ရဲ့လင်းချန်၏ မျက်နှာတွင် တုံ့ဆိုင်းနေသော အမူအရာ ပေါ်လာသည်။ ထို့နောက် သူ သက်ပြင်းချလိုက်သည်။

“ခင်ဗျားက အဲ့လိုပြောလာမှတော့ဗျာ … ခင်ဗျားတို့ သိချင်နေမှတော့ ကျွန်တော် နည်းနည်း ပြောပြမယ်”

ရုတ်တရက် ရဲ့လင်းချန်၏ အသံက မှောင်မိုက်လာသည်။ ကား၏ အပူချိန်က ကျဆင်းလာပုံရပြီး ယာဉ်မောင်းသူသည် တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသလို ခံစားလိုက်ရသည်။ ကြည့်ရှုသူများလည်း ငေးငိုင်သွား၏။ ရဲ့လင်းချန်က သူတို့ကို ကြီးကြီးမားမား တစ်ခုခုအကြောင်း ပြောပြတော့မည်ဟု ခံစားနေရသည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်တော် ကိုးနှစ်ပဲ ရှိသေးတယ်၊ ကျွန်တော်တို့ တရုတ်နိုင်ငံမှာ စကားတစ်ခု ရှိတယ်လေ၊ သစ်ရွက်ခြောက်တွေက သူတို့အမြစ်ဆီကို ပြန်သွားတယ်ဆိုတဲ့စကား၊ လူတစ်ယောက်က သေဆုံးပြီးသွားရင် အေးအေးချမ်းချမ်း အနားယူဖို့ မြေကြီးထဲ ပြန်သွားရမယ်၊ မဟုတ်ရင် သူ့ဝိညာည်က လမ်းပျောက်နေတဲ့ ဝိညာဉ်အဖြစ် လျှောက်သွားနေလိမ့်မယ်၊ ဒါပေမဲ့ အဲ့အချိန်တုန်းက သွားရေးလာရေးက အဆင်မပြေဘူးလေ၊ တကယ်လို့ တစ်ယောက်ယောက်က အိမ်နဲ့ဝေးရာမှာ ဆုံးသွားရင် သူတို့အလောင်းကို သူတို့ ဇာတိကို ပြန်ပို့ဖို့ ခက်တယ်၊ အဲ့ဒါက အကုန်အကျများသလို ဒုက္ခလည်း များတယ်၊ လိုအပ်ချက် ရှိလာတော့ စီးပွားရေး လုပ်ငန်းတစ်ခုကလည်း အလိုလို ပေါ်လာတာပေါ့၊ အဲ့ဒါကြောင့် ကျွန်တော်တို့ရွာမှာ ထူးခြားတဲ့ အလုပ်တစ်ခု ရှိလာတယ်၊ အဲ့ဒါက အလောင်း ပြင်ခြင်းပဲ”

“အလောင်း ပြင်ခြင်းဆိုတဲ့ နာမည်အတိုင်းပဲ၊ အဲ့ဒါက အလောင်းရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်တာပေါ့၊ ဒါပေမဲ့ တိတိကျကျ ပြောရရင်အလောင်းကို သယ်တာပေါ့၊ ရွာကလူတွေ အလောင်းကို ဘယ်လို ကိုင်တွယ်သလဲ ကျွန်တော် မြင်ခဲ့ရတယ်၊ သူတို့က အလောင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေကို သန့်ရှင်းပေးတယ်၊ ကောက်ရိုးတွေနဲ့ ဖြည့်ပြီးတော့ မူလအခြေအနေကို ထိန်းသိမ်းတယ်၊ ပြီးရင် သူတို့က အလောင်းကို သယ်ပြီး ခရီးထွက်ကြတယ်၊ မင်္ဂလာမရှိတဲ့ ကိစ္စမို့ သူတို့က အခြားသူတွေရဲ့ စိတ်အခြေအနေကို ပျက်စီးစေမှာစိုးလို့ များသောအားဖြင့် ညဉ့်နက်သန်းခေါင်မှ သူတို့ လုပ်လေ့ရှိတယ်”

“အလောင်း ပြင်တာက ဘာမှမထူးဆန်းဘူး၊ အဲ့ဒါက ငွေရေးကြေးရေး အခက်အခဲ ရှိတဲ့လူတွေအတွက် အလုပ်တစ်ခုပေါ့၊ ရွာက အလောင်းပြင်သူ အရေအတွက် များတာမို့ ကျွန်တော်လည်း စပ်စုချင်လို့ ဝင်ပါခဲ့တယ်၊ အလောင်းတွေနဲ့ အချိန်ကုန်ရတာ များလာတော့ ကျွန်တော် ထူးဆန်းတဲ့ ကိစ္စတွေနဲ့ ကြုံခဲ့တယ်၊ ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်၊ အဲ့ဒါက ကျွန်တော့်ရဲ့ ဒုတိယဦးလေးနဲ့ ပထမဆုံး အလောင်းပြင်ဖူးတဲ့ အချိန်ပေါ့ …”

ရဲ့လင်းချန်က ထူးခြားဆန်းကြယ်စွာ ပြောနေပြီး သူ့အသံ၌ ကျောချမ်းစရာ ကောင်းသော အရိပ်အယောင်တို့ ပါဝင်နေသည်။ ယင်းက လူတိုင်းကို သူတို့ ပြောလိုသည့် စကားအား မေ့လျော့သွားစေသည်။ ထိုအခိုက်တွင် ထုတ်လွှင့်ရေးမှ ကြည့်ရှုသူ အရေအတွက်က ဆက်လက်၍ တိုးလာနေ၏။

All Chapters