← Chapters

အခန်း(၇၇) အစီအစဥ်ဆွဲခြင်း

Vol. 6 Ch. 77

အခန်း(၇၇) အစီအစဥ်ဆွဲခြင်း

Vol. 6 Ch. 77

အခန်း(၇၇) အစီအစဥ်ဆွဲခြင်း

ပေါင်ရှု ကြက်သေ သေသွားရသည်။ သူ ဝမ်းမသာပါ။

"အာ ဘော့စ်ဖေး ကျွန်တော်နားဖို့ မလိုပါဘူး။ ကျွန်တော် ကုမ္ပဏီမှာနေရတာ ကြိုက်ပါတယ်။" သူ တကယ်ပြောခြင်း ဖြစ်ပါသည်။

အပြင်ကို လျှောက်လည်ပြီး အပန်းဖြေရမှာလား။ သူ့မှာ အပန်းဖြေဖို့ ဘာရှိလို့လဲ။ အင်တာနက် ကဖေးဆိုင်ကိုပဲ ရောက်သွားမှာ မဟုတ်လား။ အင်တာနက်ကဖေးဆိုင်က ကုမ္ပဏီနဲ့ ဘယ်နေရာမှာ ယှဥ်နိုင်လို့လဲ။

ဒီကအားလုံးက ပါရမီရှိကြပြီး သူကလည်း စကားပြောရတာကို ကြိုက်နှစ်သက်ပါသည်။ ပေါင်ရှုက ဒီနေရာကို တကယ် သဘောကျပါသည်။

ဖေးချမ့်ကလည်း ပေါင်ရှုဒီလိုပြောလိမ့်မည်ဟု ခန့်မှန်းထားပြီးသားဖြစ်ပါသည်။ ဖေးချမ့်၏ မျက်နှာက အလွန်တင်းမာလာ၏။ "အဲ့လိုအတွေးမျိုးက အရမ်းမှားတယ်။"

"အသိပညာဗဟုသုတတိုးပွားဖို့ ကြိုးစားပြီး သင်ယူရတယ်။ ပြီးတော့ အဲ့ဒီအသိပညာကို လက်တွေ့ကမ္ဘာမှာ အသုံးချရတယ်။ ဂိမ်းဒီဇိုင်းတွေကို ပိတ်ထားတဲ့ တံခါးတွေနောက်မှာပဲ စဥ်းစားလို့ရတာမဟုတ်ဘူး။ အနာဂတ်မှာ မင်းကြီးမားတဲ့ အောင်မြင်မှု တစ်ခုခုကို ရချင်ရင် မင်းရဲ့အမြင်ကို ကျယ်ပြန့်အောင် လုပ်ရမယ်။"

"ဒီတစ်လအတွင်း မင်းဘယ် အင်တာနက်ကဖေးဆိုင်မှ သွားလို့မရဘူး။ လက်ထောက်ရှင်းကို မင်းလိုက်နာဖို့ အချိန်ဇယားဆွဲခိုင်းထားလိုက်မယ်။ မင်က နိုင်ငံထဲက နာမည်ကြီးတဲ့ နေရာတွေကို သွားရောက်လည်ပတ်ရမယ်။ နေရာတိုင်းကို စိတ်ပါဝင်စားရမယ်။ ပြီးရင် သင်ယူပြီး မင်းကိုယ်မင်း အဆင့်မြှင့်တင်ဖို့အတွက် ကြီးမားတဲ့ ဂိမ်းကုမ္ပဏီကြီးတွေဆီကို သွားရမယ်။"

"ဒါက မင်းအလုပ်အတွက် လိုအပ်တယ်။ မင်းငြင်းလို့မရဘူး။ နားလည်ပြီလား။"

ဘော့စ်ဖေး၏ မျက်နှာကို မြင်ကာ ပေါင်ရှု ဘာမှမပြောရဲတော့ဘဲ ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး"

သူတို့နှစ်ယောက်နားက လူတွေအားလုံး သူတို့ကြားလိုက်ရသော စကားဝိုင်းကြောင့် ကြက်သေ သေသွားကြသည်။

စိတ်ထားကောင်းလိုက်တဲ့ ဝန်ထမ်းနဲ့ ဘော့စ်ပါလား။

ဘော့စ်က ဝန်ထမ်းကို လစာမဖြတ်ဘဲ ခွင့်ရက်ပေးသည်။ ဝန်ထမ်းက အချိန်ပိုလုပ်ချင်နေ၏။

ဘုရားရေ...

ဒီကမ္ဘာကြီး တစ်ခုခု ဖြစ်နေတာများလား။

လင်းဝမ်က အခုပိုပြီးတောင် စိတ်ခံစားချက် ပြင်းပြနေပါပြီ။ သူမ ကင်မရာတစ်လုံးကိုယူပြီး ဒီမြင်ကွင်းကို ရိုက်ထားချင်မိ၏။ နောင်တစ်ချိန် ဒီမြင်ကွင်းကို တခြားသူများအား ပြန်ပြောပြသည့်အခါ ဘယ်သူမှ သူမကိုယုံကြည်မှာ မဟုတ်မှာကို စိုးရိမ်မိပါသည်။

သို့သော်လည်း ဒီလိုကုမ္ပဏီ၊ ဒီလိုဘော့စ်မျိုးနဲ့ ဒီလိုဝန်ထမ်းမျိုးတွေက တကယ်ရှိနေပါသည်။

ပါရမီရှိသော ဝန်ထမ်းနှစ်ယောက်ကို အောင်မြင်စွာဖြင့် ရှင်းထုတ်ပြီးသွားသောအခါ ဖေးချမ့် တကယ်လန်းဆန်းနေပါသည်။ ဟွမ်းစစ်ပေါ်က သူ့အစီအစဥ်နဲ့သူ ဂိမ်းလောကထဲက ထွက်သွားတော့မည်ဖြစ်သည်။ ပေါင်ရှုကတော့ လာမည့်လတွင် ခရီးထွက်ရမည်။ ပရောဂျက်အသစ်အတွက် အကြံသစ်များထုတ်ဖို့ မပါဝင်ရတော့ပါ။

တစ်လလောက်ကြာပြီး ပေါင်ရှုပြန်ရောက်လာသောအခါ ပရောဂျက်အသစ်၏ ဒီဇိုင်းကလည်း ပြီးဆုံးနေလောက်ပြီ။ ဖန်တီးခြင်းအဆင့်ကိုပင် ရောက်နေလောက်ပါပြီ. ပေါင်ရှု၏ အကြံတွေက ဘယ်လောက်ပဲကောင်းကောင်း ဘာမှ အသုံးဝင်မှာ မဟုတ်တော့ပေ။

အမှန်ပင်။ ဂိမ်းပရောဂျက်အသစ်က ဘယ်လိုမျိုးလဲ ဆိုတာကိုတော့ ဖေးချမ့် မစဥ်းစားရသေးပါ။

သို့သော်လည်း ဒီလူနှစ်ယောက်ကို အရင်ဖယ်ထုတ်လိုက်တာ မှန်ကန်သောလုပ်ရပ် ဖြစ်ပါသည်။

ထူးချွန်သည့် ဝန်ထမ်းများကို ဆုချပြီးနောက် ဖေးချမ့်က မာယန်ကို ရုံးခန်းသို့ ခေါ်လိုက်သည်။ အားလုံးကတော့ ကိုယ့်အလုပ်စားပွဲကိုယ် ပြန်သွားကြပါသ်ည။

ရှောင်လု အရင်တုန်းက သူ့အလုပ်အပေါ် ဒီလောက်အထိ စိတ်မလှုပ်ရှားခဲ့ဖူးပါ။ ဒီတစ်ခေါက် ထူးချွန်သည့် ဝန်ထမ်းဆုများမှာ အားလုံးအတွက် အားတက်စရာ ဖြစ်ပါသည်။ ဘော့စ်ဖေးက အလုပ်ကြိုးစားခြင်း၏  ရလဒ်များကို ပြသဖို့ ကြိုးစားနေခြင်းဖြစ်ပါသည်။ သူတို့အလုပ်ကြိုးစားကြပြီး အတော်ဆုံးဝန်ထမ်း ဖြစ်လာကြပါက သူတို့ အိပ်မက်ကို ဖြည့်ဆည်းဖို့ အိပ်မက်ရန်ပုံငွေများ ရနိုင်ပါသည်။

သူတို့ အတော်ဆုံးမဖြစ်နိုင်ဘဲ ဒုတိယနေရာ ရနိုင်ရင်တောင် တစ်လလောက် လစာခံစားခွင့် အားလပ်ရက်ရမည်ဖြစ်သည်။

ဒီလို တစ်ခါမှ မကြုံဖူးသည့် လုပ်ရပ်မျိုးက အရာရာထက် ပိုပြီးသက်ရောက်မှုရှိပါသည်။

...ဖေးချမ့်၏ ရုံးခန်းတွင်...

မာယန်က ဖေးချမ့်၏ အစီအစဥ်များကို အနည်းငယ် ဝေဖန်ချင်နေပါသည်၊။ "ယောက်ဖချမ့် အခု မင်းက ငါ့ဘော့စ်ဖြစ်နေပြီဆိုပေမယ့် ငါတို့ရဲ့ ရင်းနှီးခင်မင်မှုအရ မင်းကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ငါပြောမှာကို မင်းမကြိုက်ရင်တောင် ငါပြောမှာပဲ။"

"ဟွမ်းစစ်ပေါ်နေရာကို လုမင်းလျန် ယူသွားတာ မကောင်းဘူးလို့ ငါတော့ထင်တယ်။ လုမင်းလျန်မှာ ဘာမှ ထူးထူးခြားခြား စွမ်းရည်မရှိဘူးလို့ ငါခံစားနေရတယ်။ သူက အစီအစဥ်ဆွဲသူချုပ် ဖြစ်နိုင်ရင်... ငါလည်းဖြစ်နိုင်မယ် ထင်တယ်။"

"ငါလည်း ဒီတစ်ခေါက် ဒီဇိုင်းအတွက် အများကြီး လုပ်ပေးခဲ့ပါတယ်။ အရင်တုန်းက အဲ့ဒီအလုပ်မ လုပ်ဖူးရင်တောင် အနည်းဆုံးတော့ ဘယ်လို လုပ်ရလဲ မြင်ဖူးပါတယ်။"

ဖေးချမ့်က ထိုင်ခုံပေါ်တွင် ခြေခွေထိုင်ကာ မာယန်ကို ခပ်ပါးပါး ပြုံးပြလိုက်ပါသည်။ "စိတ်အေးအေးထားစမ်းပါ။ ငါတို့ရဲ့ ခင်မင်မှုအရ မင်းကို မဟုတ်တာလုပ်ပါ့မလား။ မာကြီး မင်းက အတော်ဆုံးဝန်ထမ်း မဟုတ်ပေမယ့် မင်းက ငါ့အယုံကြည်ရဆုံးလူဆိုတာကိုတော့ ယုံကြည်ရမယ်။ အဲဲ့တာ ဘယ်တော့မှ မပြောင်းလဲသွားဘူး။"

"ငါမင်းအတွက် အရင်တုန်းက အရေးကြီးတဲ့ ရာထူးတစ်ခုမှ မစီစဥ်ပေးဖူးဘူး။ အဲ့တာ ဘာလို့လဲဆိုတော့ အခု ပိုပြီးအရေးကြီးတဲ့ကိစ္စတစ်ခုကို ကိုင်တွယ်ခိုင်းစရာရှိလို့ပဲ။"

"ဒါက ထန်းတာ့ကော်ပိုရေးရှင်းရဲ့ ပြောင်းလဲမှုအတွက် အချက်အချာကျတဲ့ ခြေလှမ်းပဲ။ ဒီတာဝန်ကို မင်းကိုပေးအပ်ဖို့ ငါပြင်ဆင်ထားပြီးပြီ။ မင်းအဆင်သင့်ဖြစ်ပြီလား။"

မာယန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ "တ... တကယ်လား။"

ဖေးချမ့်က သူ့ကွန်ပျူတာ ဖန်သားပြင်ကို ဖွင့်လိုက်ပြီး မာယန်ကို ကြည့်ခိုင်းလိုက်ပါသည်။ ထိုအပေါ်က ကျင်းကျိုးမြို့ မြေပုံကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒီမှာလာကြည့်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ အဲ့တာတွေက ကျင်းကျိုးမြို့တော်မှာ စီးပွားရေး စည်ကားတဲ့ နေရာတွေပဲ။ ပြီးတော့ ငါတို့တက္ကသိုလ်ဝန်းကျင်က နေရာကလည်း ကောင်းတယ်လို့ထင်တယ်။"

"အဲ့ဒီနေရာတွေထဲက အကောင်းဆုံးနေရာကို ရွေးပြီး ကျယ်ပြန့်တဲ့ အင်တာနက်ကဖေးဆိုင်ဖွင့်ဖို့ စဥ်းစားနေတာ။ ဒီကိစ္စတစ်ခုလုံးကို မင်းလက်ထဲမှာပဲ အပ်ထားမှာနော်။ မင်း ဘယ်လို သဘောရလဲ။"

မာယန်၏ မျက်လုံးများက ရီဝေလာပြီး ပြောလိုက်ပါသည်။ "ယောက်ဖချမ့် မင်းပြောတဲ့ အရေးကြီးတဲ့ ရာထူးဆိုတာ... အင်တာနက်ကဖေးဆိုင်ရဲ့ ဘော့စ် လုပ်ဖို့လား။"

မာယန် အနည်းငယ် စိတ်ပျက်သွားပါသည်။

ဖေးချမ့် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်၏။ "အင်တာနက်ကဖေးဆိုင်ရဲ့ ဘော့စ်ဆိုတာ ဘာကိုပြောတာလဲ။ ဒါက မတူဘူးကွ။"

"ငါ့အစီအစဥ်ထဲမှာ ဒါက သာမန် အင်တာနက်ကဖေးဆိုင် မဟုတ်ဘူး။ အင်တာနက်ကဖေးရယ်၊ ဂိမ်းရသတွေရယ်၊ ဟာ့ဒ်ဝဲတွေ ရောင်းချဖို့ရယ်၊ ရှိုးပွဲတွေကြည့်ဖို့ရယ် စတာတွေပါတယ်။ အဲ့ဒီအရာတွေအားလုံး ပေါင်းစပ်ထားတဲ့ ဖျော်ဖြေရေး စင်တာကြီးတစ်ခုပဲကွ။"

"ဒါရဲ့ အရေးပါမှုကို မင်းနားမလည်သေးပါဘူး။"

"ထန်းတာ့က အဓိကစီးပွားရေးအကုန်လုံးက ဂိမ်းလောကထဲမှာပဲလေ။ ဒါပေမယ့် ငါတို့ ဘာတွေလိုနေသေးလဲ။ ငါတို့ ကစားသမားတွေနဲ့ ဆက်သွယ်ဖို့ ပလက်ဖောင်းနဲ့ နေရာတွေ လိုအပ်နေတယ်လေကွာ။ ထန်းတာ့ရဲ့ ပန်းတိုင်က ဂိမ်း၊ ဖျော်ဖြေရေး၊ ဟာ့ဒ်ဝဲနဲ့ တခြားလုပ်ငန်းတွေ အများကြီး ပေါင်းစပ်ပါဝင်တဲ့ ဘက်စုံစီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာဖို့ပဲ။ ဒီစင်တာက အဲ့ဒီပဟေဠိအတွက် အရေးကြီးတဲ့ အပိုင်းအစတစ်ခုဖြစ်လာမှာကွ။"

"အဲ့လောက်အရေးကြီးတဲ့ တာဝန်အတွက် တခြား ဘယ်သူ့ကိုမှ ငါမယုံနိုင်ဘူး။ ငါ့မှာ မင်းကိုပဲ အားကိုးစရာရှိတယ်။"

ဖေးချမ့်၏ စိတ်အားထက်သန်နေသောမျက်နှာကို မြင်သောအခါ ဖေးချမ့် နောက်နေတာမဟုတ်မှန်း မာယန်သေချာသွားပါပြီ။

သူအတည်ပြောနေတာပဲ။

မာယန်၏ လက်များက အနည်းငယ် တုန်ယင်လာပြီး ပြောလိုက်ပါသည်။ "ယောက်ဖချမ့် ငါ... ငါ..."

ဖေးချမ့်က သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်ပါသည်။ "မင်းဘာမှပြောစရာမလိုပါဘူး။ ငါနားလည်ပါတယ်ကွာ။"

"ဒါပေမယ့် ငါက စစ်တပ်မရှိတဲ့ စစ်သူကြီး တစ်ယောက်လိုပဲလေ။ ငါက တကယ်တော့ ဘာမှမဟုတ်ပါဘူး..." မာယန်၏ မျက်နှာက နာကျင်လာပါသည်။

"မင်းမှာ ပိုက်ဆံရှိတယ်။ မင်းဘာလိုချင်နေသေးလို့လဲ။ ပါရမီရှိတဲ့လူတွေ လိုနေသေးတယ်လို့ ခံစားရရင် ထပ်ခန့်အပ်လိုက်ပေါ့ကွ။ စိတ်မပူပါနဲ့။ ထန်းတာ့က အခု အားကောင်းတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာပြီ။ ငါတို့ရဲ့ ဂိမ်းတွေ နှစ်ခုစလုံးက ငွေဝင်ပေါက်ကြီးတွေပဲ။ စိတ်ချထားပြီး မင်းအရဲစွန့်ချင်သလောက် စွန့်လိုက်စမ်းပါ။ ငါမင်းကို ထောက်ပံ့ပေးမယ်။ မင်းဘာတွေကြောက်နေတာလဲ။" ဖေးချမ့်က ပြောလိုက်ပါသည်။

"အဲ့တာဆို... ငါ့မှာ အရင်းအနှီး ဘယ်လောက် ရှိမှာလဲ" မာယန်က မေးလိုက်သည်။

"အရင်းအနှီးဟုတ်လား။ အကန့်အသတ်မရှိဘူး" ဖေးချမ့်က လက်ဟန်ပြကာ ပြောလိုက်ပါသည်။ "မင်း ဘယ်လောက်ပဲလိုလို တောင်းဖို့ပဲ လိုတယ်။ ဒါပေမယ့် ငါ့ကိုတော့ ကြိုပြီးအသိပေးရမယ်နော်။ ငါက ရန်ပုံငွေတွေကို ကစားဖို့ လိုသေးတယ်။"

မာယန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပြီ။ ငါသေချာပေါက် ဒီတာဝန်ကို အောင်မြင်စေရပါမယ်။"

"ဟုတ်ပြီ သွားပြင်ဆင်လိုက်တော့။ အစီအစဥ်မူကြမ်းကို အရင်ပြင်ဆင်လိုက်။ ငါမင်းကို ထပ်ပြီး သတိပေးလိုက်ဦးမယ်။ ထန်းတာ့က ပရောဂျက်အကြီးစားတွေကို ကိုင်မှာနော်။ ဆိုင်ခန်းဆိုရင်တောင် တခြား အင်တာနက်ကဖေးတွေလို မဖြစ်ရဘူး ကြားလား။ ပြုပြင်ပြင်ဆင်မှုတွေက ကုမ္ပဏီရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီနေရမယ်။ ငါတို့ ဘာမှချန်ထားလို့ မဖြစ်ဘူး။" ဖေးချမ့်က စိတ်အားထက်သန်စွာ ညွှန်ကြားလိုက်ပါသည်။

မာယန်က သူ့ရင်ဘတ်သူ ပုတ်လိုက်ပြီး ပြောလိုက်ပါသည်။ "စိတ်မပူပါနဲ့။ ငါတာတန်ယူလိုက်မယ်။"

မာယန် တံခါးဖွင့်ကာ ထွက်သွားသည်။ ဖေးချမ့်က မာယန်၏ နောက်ကျောကိုကြည့်ပြီး သက်ပြင်းနက်နက် ချလိုက်မိတော့သည်။

နောက်ဆုံးတော့လည်း ဘယ်သူ့ကိုမှ အားကိုးလို့ရတာမဟုတ်ပါ။

သူ့ယောက်ဖကို အာားကိုးရဦးမည်။

သမုဒ္ဒရာရဲတိုက်၏ ထင်မှတ်မထားသော အကျိုးအမြတ်များမှာ ဖေးချမ့်တစ်ယောက် ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ကို အယုံမှားခဲ့သောကြောင့်ဖြစ်ပါသည်။ သူ ဒီပရောဂျက်ကိုသာ မာယန်လက်ထဲ အစကတည်းက အပ်ခဲ့ပါက အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါသည်။

ယခု ဟွမ်းစစ်ပေါ်က ယွမ် ၁ သန်းယူကာ သူလုပ်ချင်တာလုပ်ရင်း အလုပ်များနေပြီး ပေါင်ရှုကတော့ အားလပ်ရက် အတင်းအကြပ် သွားခိုင်းလိုက်ရသည်။

ဂိမ်းပရောဂျက်အသစ်ကို ရှောင်လုထံသို့ အပ်ထားပြီး အင်တာနက်ကဖေးပရောဂျက်ကိုတော့ မာယန့်တာဝန်ထားလိုက်ပါသည်။ အရင်တစ်ခေါက်တော့က ဖေးချမ့် အစွမ်းကုန်ကြိုးစားပြီး ယွမ်၂၀,၀၀၀ ဝန်းကျင် အရှုံးပေါ်နိုင်ခဲ့ပါသည်။

ဒီလောက်ရထားသော်လည်း သူ့လောဘက အတောမသတ်နိုင်သေးပါ။

နောက်ထပ် ငွေစာရင်းရှင်းချိန်ရောက်သောအခါ ဖေးချမ့် စနစ်ရန်ပုံငွေကို ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ဝန်းကျင်လောက်တွင် ထိန်းထားနိုင်ပါက သူ့အကောင့်ထဲ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ ယွမ်လောက် ချက်ချင်း ဝင်လာနိုင်သည်။ ထိုအကြောင်း တွေးကြည့်ရုံနဲ့ ရင်သပ်ရှုမောမိပါသည်။

ထိုအချိန်ရောက်လျှင် စနစ်က သူ့ကို တားမြစ်ထားခဲ့သည့် အရာမှန်သမျှကို ဝယ်ယူနိုင်ပါတော့မည်။

All Chapters