အခန်း(၇၉) ကစားသမားတွေကို ဆဲပေးတဲ့ဂိမ်း
Vol. 6 Ch. 79
အခန်း(၇၉) ကစားသမားတွေကို ဆဲပေးတဲ့ဂိမ်း
ဖေးချမ့်က အပြင်ပိုင်းမှာ စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းများကို ဒိတ်အောက်သည်ဟု ထင်ကာ အထင်သေးသည့်ပုံပေါ်သည်။ သို့သော်လည်း ရင်ထဲမှာတော့ ရှင်းရှင်းလင်းလင်းကို သိနေပါသည်။ ဒိတ်အောက်ဂိမ်းများကို နောက်တစ်နည်းခေါ်ရလျှင် တည်တံ့သောဂိမ်းများဟူ၍ ဖြစ်သည်။
စိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းများက ဟောင်းနွမ်းနေသော်လည်း တည်တံ့နေသော ဂိမ်းအမျိုးအစား ဖြစ်သည်။ အချိန်အကြာကြီး ရှင်သန်နိုင်ခဲ့၏။
ဖေးချမ့်က အရင်ဘဝမှ မှတ်ဉာဏ်များ ရှိနေပါသေးသည်။ Chinese Parents ဆိုသည့် ဂိမ်းမှာ စိတ်ကြိုက်ရွေးချယ်ဝတ္ထုအမျိုးအစားကို အသုံးပြုသော လွတ်လပ်သည့် ဂိမ်းတစ်ခု ဖြစ်သည်။ အတော်လေးလည်း အောင်မြင်ခဲ့၏။
ဖေးချမ့်က ဒီလိုတော့ ဖြစ်ခွင့်ပေးမှာ မဟုတ်ပေ။
ထို့ကြောင့် ဒီစိတ်ကြိုက်ရွေးချယ်ဝတ္ထုဂိမ်းမော်ဒယ်ကို လိုက်နာသည့် အချက်အားလုံးကို ပယ်ဖျက်ပစ်ရမည်။
ဖေးချမ့်က လည်ချောင်းရှင်းလိုက်ပြီး ဆက်ပြောလိုက်ပသည်။ "ငါတွေးတာတော့... သရီးဒီ လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်တစ်ခု လုပ်သင့်တယ်။ ဟုတ်တယ် ပင့်ကူအိမ်လို ပြီးပြည့်စုံတဲ့ ကားချပ်ပုံတစ်ခုပဲ။ လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်ထဲက ပုံးတွေက အခန်းတစ်ခုဆီဖြစ်ပြီး လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်ပေါ်က မျဥ်းကြောင်းတွေကတော့ ကော်ရစ်ဒါတွေ ဖြစ်လိမ့်မယ်။”
"ဂိမ်မာတွေက ကော်ရစ်ဒါတွေအတွင်းမှာ လမ်းလျှောက်ရမယ်။ လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်အတွင်းမှာ လမ်းကြောင်း ပြောင်းသွားနိုင်တဲ့ ရွေးချယ်မှုတွေလည်း ရှိရမယ်။ အခန်းတစ်ခုချင်းစီတိုင်းမှာ သူတို့ရဲ့ ရွေးချယ်မှုရဲ့ ရလဒ်တွေထွက်လာမယ်။ အခန်းတိုင်းမှာ တံခါးတစ်ချပ်က ကော်ရစ်ဒါကို ပြန်ဦးဆောင်သွားမယ်။ ဆိုလိုတာက ဂိမ်မာတွေမှာ ရွေးချယ်ခွင့် အများကြီးရှိတယ်ဆိုတာပဲ။"
"မင်းတို့တွေ ငါပြောတာကို နားလည်လိုက်လား။"
အားလုံးက ခေါင်းငြိမ့်ကာ နောက်ထပ် အတူတူ ခေါင်းခါလိုက်ကြပြန်သည်။
သူတို့နားလည်းလည်ပြီး နားလည်းမလည်ပါ။
ဖေးချမ့်၏ ဖော်ပြချက်က သူတို့ကို ဂိမ်းကစားပုံကို စိတ်ကူးယဥ်ကြည့်စေနိုင်သည်။ ဗွီစီအို သို့မဟုတ် ဘယ်လို သက်ဆိုင်ရာ ဆော့ဝဲလ်မျိုးကိုမဆို ဂိမ်းလောကအတွင်း အသုံးများကြသည့် လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်တစ်ခုကို ဆွဲရမည်။
သူတို့ကာ လော့ဂျစ်နှင့် ဆောင်ရွက်ချက် flow များကို ဖော်ပြဖို့ အသုံးပြုရပါသည်။
ဥပမာအားဖြင့် တချို့ လုပ်ဆောင်ချက်များက အခြေအနေတစ်ခုမှ စတင်ရမည်။ အကဲဖြတ်မှု များစွာ ပြီးသွားသောအခါ အဆုံးသတ်ရလဒ်တစ်ခု ထွက်ပေါ်လာပါလိမ့်မည်။ ကြည့်ရသလောက်တော့ လုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ်များကို မျဥ်းကွက်များနဲ့ ရွန်းဘတ်ပုံသဏ္ဌာန်များဖြင့် ဖန်တီးထားပြီး မရေမတွက်နိုင်အောင် များပြားသော စာလုံးများ ဖြည့်သွင်းထားသည်။ ထိုမျဥ်းကွက်များကို မြှားခေါင်းများစွာဖြင့် ချိတ်ဆက်ပါမည်။
မျဥ်းကွက်များအားလုံးကို သရီးဒီအဖြစ် ပြောင်းလဲပြီးတာနဲ့ အခန်းသေး အခန်းကြီးများ ဖန်တီးပြီး မြှားခေါင်းများက ကော်ရစ်ဒါများအဖြစ် ပြောင်းလဲသွားသောအခါလုပ်ငန်းစဥ် အဆင့်ဆင့်ပြကားချပ် တစ်ခုလုံးက ဧရာမ ဝင်္ကပါကြီးလို ဖြစ်လာလိမ့်မည်။ အဓိကဇာတ်ကောင်က ဒီဧရာမ ဝင်္ကပါကြီးထဲမှာ လမ်းလျှောက်ရင်း တံခါးတိုင်းက ရွေးချယ်မှုတစ်ခုစီကို ကိုယ်စားပြုသည်။ နောက်ဆုံးအခန်းကို ဝင်သွားသောအခါ ဂိမ်းအဆုံးသတ် သွားပါလိမ့်မည်၊။
သို့သော်လည်း အားလုံး နားမလည်တာက... ဒါဘယ်လိုအမျိုးအစားလဲ။
ဒီလိုအမျိုးအစားမျိုး တစ်ခါမှ မမြင်ဖူးပါ။
တခြားနိုင်ငံတွေမှာလည်း ဒါမျိုး မကြားဖူးပါ။ နိုင်ငံအတွင်းမှာဆို ပိုတောင်ဆိုးသေးသည်။ ဖြစ်ကော ဖြစ်နိုင်လို့လား။ သူတို့ အရည်အသွေးမြင့် သရီးဒီမော်ဒယ်ဖန်တီးမှုများ အသုံးပြုပြီး နောက်ခံကားချပ်များစွာနဲ့ ဇာတ်ကွက်များစွာကို ဖန်တီးခဲ့ရင်တောင် လူတွေ တစ်သက်လုံး လမ်းပဲလျှောက်နိုင်မယ့် ဂိမ်းတစ်ခုကို ဖန်တီးလိုက်မိရင် ဘယ်လိုလုပ်မည်နည်း။
တစ်ခုခုတော့ လွဲနေသလို သူတို့ ခံစားရပါသည်။
သို့သော်လည်း ဘယ်သူမှ ဖေးချမ့်ကို မေးခွန်းထုတ်မှာ မဟုတ်ပေ။
သူတို့ နားမလည်ဘူးမလား။ ဒါလိုပဲ ဖြစ်သင့်တာပေါ့။
ဘော့စ်ဖေးရဲ့ တွေးပုံခေါ်ပုံတွေက သာမန်လူတွေ နားလည်နိုင်မှာမျိုးလား။
ဟွမ်းစစ်ပေါ်နဲ့ ပေါင်ရှုတို့သာ ဖေးချမ့်၏ ဒီဇိုင်းနဲ့ အစီအစဥ်များကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ ကျန်အားလုံးကတော့ ထိုအဆင့်ရောက်ဖို့ အများကြီး လိုပါသေးသည်။
လုမင်းလျန်က ဒါကို လေးလေးနက်နက် သိနေပြီး မှတ်စုစာအုပ်ထုတ်ကာ မှတ်စုများ ရေးမှတ်နေပါသည်။ ကံကောင်းစွာဖြင့် ဘော့စ်ဖေးက အလွန်အသေးစိတ်ကျသောာ ဖော်ပြချက်ပေးခဲ့သည်။ လုမင်းလျန် အများကြီး ခန့်မှန်းဖို့ မလိုပါ။ သူလုပ်ဖို့လိုတာဆိုလို့ ဘော့စ်ဖေး၏ စကားများကိုသာ တိတိကျကျ လိုက်နာဖို့ ဖြစ်သည်။ ဒါဆို မမှားနိုင်ပါ။
လင်းဝမ်က လက်ထောင်လိုက်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဒါက ဆန်းသစ်တဲ့ ဒီဇိုင်းလို့ ထင်မိပါတယ်၊။ ဒါပေမယ့် ဂိမ်မာတွေက ဂိမ်းထဲမှာ အမြဲတမ်း လမ်းလျှောက်နေရမယ်ဆိုရင် သူတို့ပျင်းမသွားနိုင်ဘူးလား။"
ပျင်းမယ်ဟုတ်လား။
ပျင်းရမှာပေါ့။
ငါလည်း အဲ့လိုပဲ ဖြစ်စေချင်တာလေ။
သို့သော်လည်း လင်းဝမ်၏ မေးခွန်းကြောင့် ဖေးချမ့် နောက်ထပ် ပုန်းကွယ်နေသော အန္တရာယ်တစ်ခုကို စဥ်းစားမိသွားခဲ့ပါသည်။ ဒါ... မလုံလောက်သေးဘူးလား။ ဂိမ်းက ပျင်းစရာကောင်းတာ တစ်ခုတည်းသာဆိုလျှင် ဂိမ်မာများကို နှင်ထုတ်ဖို့ မလုံလောက်နိုင်ပါ။
သူတို့တွေက ပျင်းဖို့ကောင်းတာကို သည်းခံပြီး ရွေးချယ်မှုလုပ်ရတာကို ကြိုက်နှစ်သက်ကာ ဂိမ်းကို စိတ်ဝင်စားသွားကြရင် ဘယ်လိုလုပ်မည်နည်း။
ဖေးချမ့် အတွေးများ နက်ရှိုင်းနေပါသည်။
"ငါသိပါတယ်"ဖေးချမ့်က ရုတ်တရက် အကြံကောင်းတစ်ခုကို စဥ်းစားလိုက်မိသည်။ "ဂိမ်းထဲမှာ နောက်ခံစကားပြောတွေ ထည့်ကြရအောင်လေ။"
"နောက်ခံစကားပြောဟုတ်လား" လင်းဝမ် မျက်တောင်ခတ်လိုက်သည်။ သူမ တကယ်နားမလည်ပါ။
ဂိမ်းတွေထဲမှာ နောက်ခံစကားပြောထည့်တာ မထူးဆန်းသော်လည်း နိဒါန်းဇာတ်ဝင်ခန်းများတါင်သာ CGI နဲ့အတူတူ ထည့်သွင်းရခြင်းဖြစ်ပါသည်။ ဂိမ်းကစားနေချိန်အတွင်း ထည့်လိုက်ပါက ကစားသမား ဂိမ်းအပေါ် စိတ်ပါဝင်စားမှုကို သက်ရောက်မှု ရှိစေနိုင်သည်။
ဖေးချမ့်က ရယ်မောလိုက်ပါသည်။
သူဘာလို့ နောက်ခံစကားပြော ထည့်ချင်တာလဲ။
ဂိမ်မာတွေရဲ့ ဂိမ်းအပေါ် စိတ်ဝင်စားမှုကို ထိခိုက်စေချင်လို့ပဲ မဟုတ်ဘူးလား။ သူတို့ကို ဆက်ပြီး မကစားအောင် တားမြစ်ချင်ခြင်း ဖြစ်သည်။
ဒါတင်မကသေးဘဲ နောက်ခံစကားပြာတွင် အငြင်းပွားစရာ အချက်အလက်များလည်း ထည့်ဦးမည်။ ကစားသမားများကို ဆက်တိုက် လှောင်ပြောင်ကာ၊ ဒေါသထွက်အောင်လုပ်ပြီး ဆူဆဲအောင် လုပ်နိုင်မည့် အချက်အလက်များ ဖြစ်သည်။
သူတို့ကို လူကိုယ်တိုင် အရှက်ခွဲခံရသလိုမျိုး ခံစားစေချင်သည်။ ဒါမှ သူတို့ ဂိမ်းကို အလွန်ဆိုးရွားသော ဝေဖန်ချက်များ ပေးကြပြီး ကြေညာပေးမှာ မဟုတ်ပေ။ ထို့အပြင် ဂိမ်း၏ နာမည်လည်း ပျက်စီးသွားလိမ့်မည်။ ဒါဆို ဂိမ်းတဖြည်းဖြည်း သေဆုံးမသွားနိုင်ဘူးလာား။
စဥ်းစားကြည့်လိုက်ပါ။ ဂိမ်မာတစ်ယောက် ရွေးချယ်မှုတစ်ခုလုပ်လိုက်တိုင်း စနစ်ရဲ့ နောက်ခံစကားပြောက ကစားသမားကို လှောင်ပြောင်လိမ့်မည်။
ကစားသမားတွေကို ဆူဆဲသည့် ဂိမ်းတစ်ခုဖြစ်ပါသည်။
စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။
သည်းခံစိတ်နည်းတဲ့ ဂိမ်မာတွေက ကွန်ပျူတာတွေ မောက်စ်တွေကို ထုရိုက်ကုန်ကြမယ် မဟုတ်လား။
ဖေးချမ့်က နှစ်ခါလောက် အနည်းငယ် ချောင်းဆိုးလိုက်ပြီး ရှင်းပြလိုက်ပါသည်။ "နောက်ခံစကားပြောတွေက ကစားသမားတွေနဲ့ ငါတို့ ဆက်သွယ်နိုင်မယ့် နည်းလမ်းပဲ။ ကစားသမားတွေက ဟိုဟိုဒီဒီ လျှောက်ပြေးနေရုံပဲဆိုရင် ပျင်းဖို့ကောင်းတာပေါ့။ သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို မြင်နေလိမ့်မယ်။ စောင့်ကြည့်နေရတဲ့လူလို့ထင်လိမ့်မယ်။ အဲ့ဒါဆို ဂိမ်းကို စိတ်ဝင်စားမှု အလွယ်လေး လျော့သွားနိုင်တယ်။"
"ငါတို့က နောက်ခံစကားပြောတွေကိုသုံးပြီး သူနဲ့ဆက်သွယ်မယ်။ ဥပမာအားဖြင့် မှားယွင်းတဲ့ရွေးချယ်မှုကို ရွေးလိုက်မိရင် နောက်ခံစကားပြော A ကို ဖွင့်ပြီး မှန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရင် နောက်ခံစကားပြော B ကို ဖွင့်လိုက်မယ်။ အဲ့တာဆို ကစားသမားတွေက ရွေးချယ်ချက်တွေ ချမှတ်လိုက်တိုင်း တုန့်ပြန်ဝေဖန်မှုတချို့ရနိုင်မယ်။ ဒါဆို အထီးကျန်ပြီး ပျင်းမှာ မဟုတ်တော့ဘူး။"
လင်းဝမ် သဘောပေါက်သွားပြီး ခေါင်းကို အသည်းအသန် ငြိမ့်ပြလိုက်ပါသည်။
ဘော့စ်ဖေးက တကယ့်ကို ဘော့စ်ပီသပါသည်။ ဒီလောက်တောင် ဉာဏ်နီဉာဏ်နက်များတာမျိုး စဥ်းစားနိုင်သည်။
ဉာဏ်ကြီးရှင် ဒီဇိုင်နာဆိုတာ ဒါမျိုးကို ခေါ်သည်။
လင်းဝမ်လည်း အရင်တုန်းက ဆန်းစထရိုက်ခ်စတူဒီယိုတွင် အလုပ်လုပ်ခဲ့ရသည့် သူမ၏ အတွေ့အကြုံများကို ပြန်တွေးမိသည်။ ဆန်းစထရိုက်ခ်စတူဒီယိုရုံးခန်းတွင် ဒိလိုဆွေးနွေးမှုကလည်း ပေါများတတ်ပါသည်။ ဦးနှောက်စားခြင်းကို အသုံးချပြီး ဂိမ်းတစ်ခု၏ အသေးစိတ်တချို့ကို ဆုံးဖြတ်ပြီး ဘယ်လိုဖန်တီးရမလဲဆိုတာလည်း စဥ်းစားသည်။
သို့သော်လည်း အနေအထားကတော လုံးဝ ခြားနားပါသည်။ ကျိုးမူယန်က အမြဲတမ်း တစ်ခုတည်းကိုသာ စဥ်းစားသည်။ "တူညီတဲ့ ကစားပုံနဲ့ ဂိမ်းတွေရှိလား။"
ရှိပါက ထိုကစားပုံ အောင်မြင်သလား ကျိုးမူယန် ဆန်းစစ်ကြည့်လိမ့်မည်။ အောင်မြင်ပါက ထိုကစားပုံကို ကူးယူပါလိမ့်မည်။ သို့သော် အဖြေက မကောင်းမွန်ဘဲ တခြားဂိမ်းတစ်ခုက ဒီနည်းအတိုင်း အသုံးချပြီး မအောင်မြင်ဖူးပါက ဒီအကြံကို ချက်ချင်း ပယ်ချလိမ့်မည်။
ဒါက သူတစ်ယောက်တည်းမဟုတ်ဘဲ နိုင်ငံတော်ထဲက ကုမ္ပဏီအများစုကလည်း ထိုနည်းလည်းကောင်း လုပ်တတ်ကြပါသည်။
တည်တံ့မှုအတွက် ဒီဇိုင်နာအများစုက ကြိုးစားပြီး မကျရှုံးရဲကြပါ။ သူတို့အားလုံး အရင်တုန်းက အတွေ့အကြုံများထံမှသာ သင်ယူကြသည်။ ထို့ကြောင့် ဂိမ်းများစွာက တစ်ဥတည်းမှပေါက်လာပြီး ဆင်တူလာကြပါသည်။
သို့သော်လည်း ဘော့စ်ဖေး၏ ဆောင်ရွက်ပုံများကိကု လင်းဝမ် လေးစားမိပါသည်။
အရင်တုန်းက အောင်မြင်ဖူးတာရှိလား သူဂရုမစိုက်ပါ။ သူက ရှေ့ဆောင်လမ်းပြလုပ်ဖို့ သတ္တိရှိသည်။ ဒီတည်ဆောက်ပုံမျိုးက ဆန်းစထရိုက်ခ်စတူဒီယိုနဲ့ ကျိုးမူယန်ထက် အများကြီးအဆင့်မြင့်ပါသည်။
ဖေးချမ့်က မာစတာ ဒီဇိုင်နာတစ်ယောက်ဖြစ်တာကို သံသယမရှိဘဲ လင်းဝမ်ယုံကြည်သွားပါပြီ။
လုမင်းလျန်ကတော့ မှတ်စုစာအုပ်တွင်သာ အသည်းအသန်ချရေးနေသည်။ ကောင်းမွန်သည်ဟု ခံစားရသော်လည်း ဖေးချမ့် ဘာကြောင့် ဒီလိုလုပ်နေသလဲ နားမလည်နိုင်ပါ။ သို့သော်လည်း ကုမ္ပဏီထဲမှာ သူ့နေရာသူသိပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်သော အထင်အမြင်များ ဘယ်တော့မှထုတ်ပြောမှာ မဟုတ်ပေ။ သူက ဘော့စ်ဖေး၏ လမ်းညွှန်ချက်များအတိုင်း အားလုံးလိုက်လုပ်ပါမည်။
အားလုံးကို အောင်မြင်စွာ အယုံသွင်းပြီးနောက် ဖေးချမ့် အလွန်ကျေနပ်သွားပါသည်။
ဒီခံစားချက်က တကယ်ပဲ ကောင်းမွန်ပါသည်။
ဒီပရောဂျက်ကတော့ လုံးဝ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေပြီ။
"၃ ရက်အတွင်း ဒိဇိုင်းမူကြမ်းနဲ့ ၁ ပတ်အတွင်း Workflow တစ်ခုလုံးကို လိုချင်တယ်။ ၂ ပတ်အတွင်းမှာ ပန်းချီရင်းမြစ်တွေအားလုံး အဆင်သင့်ဖြစ်နေရမယ် ပြဿနာရှိလား။" ဖေးချမ့်က လုမင်းလျန်ကို ကြည့်လိုက်ပါသည်။
လုမင်းလျန်က ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။ "စိတ်ချပါ ဘော့စ်ဖေး၊ ကျွန်တော်သေချာပေါက ဒီတာဝန်တွေကို အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်။"
ထိုသို့ပြောပြီးနောက် လုမင်းလျန်က ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသည့်ပုံစံဖြင့် မေးလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ အချိန်မှီ မပြီးနိုင်ရင် အချိန်ပိုလုပ်လို့ရမလား။"
အချိန်ပိုက စံပြဝန်ထမ်းများအတွက် အထူးအခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ဘော့စ်ဖေးက သူ့ကိုကော စံပြဝန်ထမ်းဟု သတ်မှတ်ထားသလား သူ မသိသေးပါ။
ဖေးချမ့်က ခေတ္တစဥ်းစားကြည့်လိုက်ပြီး ခေါင်းငြိမ့်ကာပြောလိုက်ပါသည်။ "ရပါတယ်။ ဒါပေမယ့် မင်း ည ၉ နာရီကျော်တဲ့အထိ နေလို့ မရဘူး။ မင်းတို့တွေက အသက်ငယ်တယ်ဆိုပေမယ့် ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ကြရမယ်။"
"ဟုတ်ကဲ့" လုမင်းလျန် အလွန်နွေးထွေးသွားပါသည်။
သူတို့တွေရဲ့ဘဝကိုပါ ဒီလောက်ဂရုစိုက်ပေးနေတာ ထန်းတာ့အပြင် တခြားဘယ်နေရာရှိသေးလို့လဲ။
ဘော့စ်ဖေးအတွက် အကောင်းဆုံးမကြိုးစားပေးရင် သူ့ကိုယ်သူ လူလို့ခေါ်နိုင်ပါဦးမလား။