← Chapters

အခန်း(၈၁) မူကြမ်းရပြီ

Vol. 6 Ch. 81

အခန်း(၈၁) မူကြမ်းရပြီ

Vol. 6 Ch. 81

အခန်း(၈၁) မူကြမ်းရပြီ

ဖေဖော်ဝါရီလ ၈ ရက်နေ့ တနင်္လာနေ့...

လူနာပြက္ခဒိန်၏ နှစ်အဆုံးသတ်သို့ ရောက်သောအခါ ဖေးချမ့်က နေရာတိုင်းတွင် 'အားလပ်ရက်' ခံစားချက်မျိုးကို ခံစားနေရပါသည်။

နှစ်သစ် ၂၀၁၀ အတွက် ဖေးချမ့် အများကြီးတော့ သိပ်မမှတ်မိပါ။ ထိုနှစ်က စီစီတီဗီချန်နယ်မှာ နှစ်သစ်ကူးအကြိုအတွက် ပွဲတော်အစီအစဥ်က ဘာလဲဆိုတာတောင် မေ့သွားပါပြီ။ ဒီကမ္ဘာက အရင်ဘဝနဲဲ့ အနည်းငယ်ခြားနား နေပါသည်။ နှစ်သစ်ကူးအကြိုအတွက် ပွဲတော်အစီအစဥ်ကလည်း အနည်းငယ် ခြားနားနိုင်ပါသည်။

အမှန်ပင်။ ဘယ်လောက်ပဲ ခြားနားသွားပါစေ ထင်သလောာက်တော့ ကောင်းမှာ မဟုတ်ပါ။

ကျောင်းများတွင် စာမေးပွဲအပတ်များ ပြီးဆုံးသွားသောအခါ ကျောင်းသားအားလုံးက ဇာတိများကို ပြန်ကုန်ကြလေပြီ။ ဆောင်းရာသီဖြစ်သဖြင့် သစ်ရွက်ကြွေများက သစ်ပင်များပေါ်မှ ပျောက်ကွယ်လာပြီး  ကျောင်းဝန်းထဲတွင် အထီးကျန်သည့် ခံစားချက်မျိုး ရှိနေပါသည်။

ဖေးချမ့်က ရုံးကိုလာပြီး သူ့စားပွဲတွင် ထိုင်လိုက်ပါသည်။

လက်ထောက်ရှင်းထံမှ လက်ဖက်ရည်တစ်ခွက်ယူလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။ နောက်ထပ် ပျင်းစရာနေ့တစ်နေ့ပါလား။

သူစနစ်ကို ဆင့်ခေါ်လိုက်ပါသည်။

[ စည်းစိမ် အလဲအထပ် စနစ် ]

[ ပိုင်ရှင် : ဖေးချမ့် ]

[ အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]

[ စနစ်ရန်ပုံငွေ : ၁,၇၈၀,၀၀၀ (⬆️၇၈၀,၀၀၀) ]

[ ကိုယ်ပိုင်စည်းစိမ် :  ၂၁,၆၄၇.၈ ]

ဟူး...

ဖေးချမ့်က လက်ဖက်ရည်ကို အအေးခံဖို့ မှုတ်လိုက်ပြီး မြင်တာကို ဂရုမစိုက်သလောက်ရှိပါသည်။

သူ မျှော်လင့်ထားသလောက်ပဲ ဖြစ်သည်။

တစ်ပတ်သာ ရှိသေးသော်လည်း အစက စနစ်ရန်ပုံငွေ ယွမ် ၁ သန်းမှာ အခုတော့ ယွမ် ၁,၇၈၀,၀၀၀ ဖြစ်လာခဲ့ပါပြီ။

သမုဒ္ဒရာရဲတိုက် ကို ဆာဗာ တပ်ဆင်မှုနဲ့ bandwidth များ အဆင့်မြှင့်တင်လိုက်သောအခါ ကစားသမားအရေအတွက်များက ထပ်ပြီး တက်သွားပြန်ပါသည်။ ဂိမ်းက တရားဝင်ဂိမ်းပလက်ဖောင်းများတွင် Rating မြင့်မားနေပြီး ကုမ္ပဏီ၏ ဝင်ငွေကလည်း မြင့်တက်နေပါသည်။

ပိုက်ဆံ မြန်မြန်ဖြုန်းနေသော်လည်း ပိုက်ဆံဝင်တာလည်း မြန်နေပါသည်။

သူ အဆောက်အဦးငှားခများ၊ ဝန်ထမ်းလစားများနဲ့ တခြား ရှုထောင့်များတွင် ဖြုန်းနေသော်လည်း ကုမ္ပဏီလက်ဂျာထဲက ရန်ပုံငွေက ပိုပိုပြီး တိုးလာဆဲဖြစ်ပါသည်။ ကံကောင်းစွာဖြင့် ဖေးချမ့်က အရင်တစ်ခေါက် ငွေစာရင်းရှင်းချိန်တုန်းက အားလုံးကို ချောမွေ့စွာ အချိန်ညှိထားခဲ့သည်။ မဟုတ်ပါက အရှုံးပေါ်နိုင်ဖို့ မလွယ်ကူလောက်ပါ။

ဒီတစ်ခေါက် ဖေးချမ့် ဆောင်ရွက်နေသည့် အစီအစဥ်သုံးခုမှာလည်း အများကြီး ပိုက်ဆံဖြုန်းဖို့ လိုအပ်ပါသည်။

ယွမ် ၁ သန်းအား ဟွမ်းစစ်ပေါ်ကို ပေးအပ်ထားသည်။

မာယန်က ဆိုင်ခန်းတစ်ခုဖွင့်လိမ့်မည်။ ဖေးချမ့်၏ ပုံကြီးချဲ့သော အတွေးအရဆိုရင် အနည်းဆုံး စဦးရင်းနှီးမြှုပ်နှံငွေ ယွမ် ၂ သန်းလောက် ထည့်ပါလိမ့်မည်။

ဂိမ်းဒီဇိုင်နာ၏ ဖန်တီးမှုကိုတော့ ဖေးချမ့်က ပရောဂျက်၏ ပထမအပိုင်းတွင် ယွမ် ၂ သန်းကျော် ထည့်ဖို့ စီစဥ်ထားသည်။ သူ အကန့်အသတ်လည်း ထားမှာ မဟုတ်ပါ။

သူ ပိုက်ဆံလုံလောက်လောက် မဖြုန်းနိုင်ပါက ပရောဂျက်တိုင်းတွင် ထပ်ပြီး ထည့်သွင်းသွားမည် ဖြစ်ပါသည်။

ယခု သူ့ရဲ့ နေ့စဥ် ကုန်ကျစရိတ်များကတော့ ကုမ္ပဏီ၏ အဆောက်အဦးငှားခနဲ့ ဝန်ထမ်းလစာများ အပါအဝင် တစ်လကို ယွမ် ၁ သန်း ဝန်းကျင်လောက် သုံးနေရပါသည်။

ကြည့်ရသလောက်ကတော့ သူ့ စုစုပေါင်း အသုံးစရိတ်က မနည်းတော့ပါ။ အခု ရှိနေသည့် စနစ်ရန်ပုံငွေ မလောက်နိုင်တော့ပေ။

ပြဿနာက... ဒီတစ်ခေါက် အချိန်သံသရာမှာ ၃ လ ဖြစ်ပါသည်။

တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ ပိုက်ဆံရနေသည့် နှုန်းအရသာဆို တစ်လအတွင်း ယွမ် ၃- ၄သန်းလောက် ရှာပေးနိုင်ပါလိမ့်မည်။

ဖေးချမ့်က နောက်ထပ် ငွေစာရင်းရှင်းချိန်မတိုင်ခင် စနစ်ရန်ပုံငွေထဲတွင် ယွမ် ၁ သန်းအောက် လျှော့ချချင်ပြီး နောက်တစ်ခေါက် အရှုံးပေါ်ချင်ပါက သေချာပေါက် ခက်ခဲမှုတော့ ရှိနေပါသည်။

ဖေးချမ့်က ထပ်ပြီး တွက်ချက်ကာ စိတ်ညစ်သွားသည််။ စနစ်ရန်ပုံငွေ၏ အမြတ်ငွေကို ပြောင်းလဲဖို့ စဥ်းစားထားပြီး ထိုအကြံအလုပ်ဖြစ်မည်မဖြစ်မည်ကို တွက်ချက်ကြည့်သည်။ သို့သော်လည်း အသေးစိတ် တွက်ချက်ပြီးနောက် ဒီနည်းလမ်းက စိတ်မချရတာ သူနားလည်သွားပါသည်။

သူ့ဂိမ်းနှစ်ခုက တကယ်ပဲ အလွန်ဝင်ငွေကောင်းပါသည်။ ၃ လအတွင်း ယွမ် ၁၀ သန်းလောက် ရနိုင်ဖို့ အပန်းမကြီးပါ။ အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀ : ၁ အရ ယွမ် ၁၀ သန်းလောက်ကို လဲထပ်လိုက်ရင်လည်း သိပ်မဆိုးလှပါ။

ပြဿနာက... အသုံးစရိတ်တွေကကော ဘယ်လိုလုပ်မလဲ။ ဖေးချမ့် သေချာပေါက် ကပ်စေးနှဲလို့တော့ မဖြစ်ဘူးမဟုတ်လား။

ဖေးချမ့် ဘာမှမလုပ်ရင်တောင် ကုမ္ပဏီက လတိုင်း ယွမ် ၁ သန်းနီးပါး ကုန်ကျစရိတ် ရှိနေသည်။ ၃ လကြာသောအခါ ယွမ် ၅ သန်း ၆ သန်း အမြတ်ငွေလောက် ကျန်နေဦးမည် ဖြစ်သည်။ အလဲအထပ် အချိုးအရ ယွမ် ၅၀,၀၀၀ - ၆၀,၀၀၀ လောက် ပြန်ရနိုင်သည်။

ဒီလောက်နည်းပါးသည့် ပမာဏဖြစ်ပါက အရှုံးပေါ်အောင် လုပ်နိုင်ရင်လည်း ဒီပမာဏ မရနိုင်ဘူးလား။

ထို့အပြင် သူ့အမြင်ကို အမြတ်ငွေများအပေါ်တွင်မှာသာ အာရုံစိုက်ထားပါက ဖေးချမ့် ကုန်ကျစရိတ်တွေအတွက် စနစ်ရန်ပုံငွေကို သုံးရက်ပါဦးမလား။ သူ မသုံးပါက ဘဝနေထိုင်မှု အရည်အသွေးနဲ့ အလုပ်ပတ်ဝန်းကျင် အခြေအနေလည်း သေချာပေါက် ကျဆင်းသွားပါလိမ့်မည်။

တွက်ချက်ပြီးနောက် အမြတ်ငွေ၊ အရှုံးငွေများကို သူ့ကိုယ်ပိုင်စည်းစိမ်ထဲထည့်ဖို့က ခက်ခဲမှုခြင်း မတူကြောင်း နားလည်သွားပါသည်။

အရှုံးငွေကိုသာ အားကိုးရမည်။

ဒီတစ်ခေါက် ဖေးချမ့်က သူကိုယ်တိုင် ပစ်မှတ်ထားချင်ပါသည်။။ စနစ်ရန်ပုံငွေထဲက ၁ သန်းမှ ယွမ် ၇၀၀,၀၀၀ လောက် ဖြုန်းတီးဖို့ ဖြစ်သည်။ ဒီလောက်ဆိုရင်တော့ သိပ်မခက်လောက်ဘူး မဟုတ်လား။

သူ့မှာ အာမခံအစီအစဥ် သုံးခု ရှိပြီးသား ဖြစ်ပါသည်။

သူ ထိုအကြောင်း စဥ်းစားနေတုန်း တံခါးခေါက်သံထွက်လာခဲ့သည်။

"ဝင်ခဲ့ပါ"

လုမင်းလျန်က တံခါးကိုတွန်းဖွင့်လိုက်ပြီး ဝင်လာသည်။ ပရင့်ထုတ်ထားသည့် ဒီဇိုင်းမူကြမ်းကို ကိုင်လာ၏။

"ဘော့စ်ဖေး ဂိမ်းဒီဇိုင်နာရဲ့ အကြမ်းဖျင်း ပုံစံကွက်ကို ချထားပြီးပါပြီ။ ကျေးဇူးပြုပြီး စစ်ကြည့်ပါဦး။"

ဖေးချမ့် ကြက်သေသေသွားသည်။ "မြန်လှချည်လား။ မင်း ၉ နာရီကျော်အောင် အချိန်ပို လုပ်ပြန်ပြီလား။"

လုမင်းလျန်က လက်ကို အမြန်ရမ်းပြလိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ပါဘူး။ မကြာသေးခင်ကမှ ကျွန်တော့် တွေးခေါ်ပုံတွေ ရှင်းလင်းလာပြီး ကျွန်တော့်ရဲ့ စိတ်ကူးနိုင်စွမ်းကလည်း မြင့်လာတယ်လို့ ခံစားနေရလို့ပါ။ သေချာပေါက် ဘော့စ်သတ်မှတ်ပေးထားတဲ့ အချိန်ထက် ကျော်အောင် မနေပါဘူး။"

ဖေးချမ့်က ဝန်ထမ်းများ အချိန်ပိုလုပ်ခြင်းနဲ့ ပတ်သက်ရင် တင်းကြပ်တတ်ပါသည်။ ပရင့်ထုတ်ထားသည့် မူကြမ်းကို ယူလိုက်ပြီး ဖေးချမ့် အတည်ပေါက် စစ်ကြည့်ကာ လုမင်းလျန်ကိုလည်း မကြာခဏ မေးခွန်းများ မေးနေပါသည်။ "ဒီ့အတွက် မင်းရဲ့ သဘောထားတွေကကော ဘယ်လိုရှိလဲ။"

သူ နားမလည်တာ မှန်သမျှ ဒီတိုင်းပဲ မေးလိုက်ပါသည်။

လုမင်းလျန်က ကြောက်ရွံ့နေသော အသံဖြင့် ပြန်ဖြေရင်း ဖေးချမ့်ကို သူ့တွေးခေါ်ပုံများအား ပြန်ရှင်းပြနေသည်။ ဘာမှ မချန်ထားပါ။

ဘော့စ်ဖေး နားမလည်ဘူးလား။

ဘော့စ်ဖေးက ဘယ်လိုဖြစ်လို့ နားမလည်နိုင်ရမှာလဲ။

ဘော့စ်ဖေး သူ့ကိုစမ်းသပ်နေတာာဆိုတာ လုမင်းလျန် ရှင်းရှင်းလင်းလင်း နားလည်နေပါသည်။ သူ မနေနိုင်ဘဲ ဟွမ်းစစ်ပေါ်ရှိစဥ်တုန်းက အချိန်များကို ပြန်အမှတ်ရမိသည်။ ဟွမ်းစစ်ပေါ်က သမုဒ္ဒရာရဲတိုက်အတွက် ပထမဆုံး ဒီဇိုင်းမူကြမ်းကို ဆောင်ရွက်ခဲ့စဥ်တုန်းက ချက်ချင်း ဘော့စ်ဖေးကို ပြသခဲ့သည်။ ဘော့စ်ဖေးကလည်း အမြန် ဖတ်ရှုကာ အမြန်စာရင်းရှင်းလိုက်ပါသည်။

အခုတော့ ဘော့စ်ဖေးက အသေးစိတ်ကြည့်ရှုနေပြီး မေးခွန်းတွေလည်း တစ်ခုပြီးတစ်ခု မေးနေပါသည်။

ဒါ ဘာသဘောလဲ။

ဆိုလိုတာက အစ်ကိုဟွမ်းရဲ့ မူကြမ်းက အလွန်လှလှပပ ရေးသားထားခဲ့သဖြင့် ဘော့စ်ဖေးကလည်း အလွန်စိတ်ချသောာကြောင့် ဖြစ်ပါသည်။

သူ့ မူကြမ်းကတော့ အစ်ကိုဟွမ်း၏ စံနှုန်းများနဲ့ အများကြီး ကွာခြားနေပါသေးသည်။ ဘော့စ်ဖေးက သူမကိုင်တွယ်နိင်မှာကို စိတ်ပူနေသည်။ ထို့ကြောင့် မေးခွန်းများ ဆက်တိုက်မေးနေပြီး အသေးစိတ် ကြည့်ရှုနိုင်အောင် ကူညီပေးနေခြင်းသာ ဖြစ်သည်။

ထိုသို့စဥ်းစားမိပြီး လုမင်းလျန် ရုတ်တရက် ကိုယ့်ကိုယ်ကို အနည်းငယ် ရှက်မိသွားပါသည်။

ငါအသုံးမကျလိုက်တာ။ ဘော့စ်ဖေးက ငါ့ကိုသင်ကြားပေးဖို့ ဒီလောက်အထိတောင် လုပ်နေရတယ်လို့။

ဟူး... အခုချိန်ကစပြီး နှစ်ဆတိုး ကြိုးစားရတော့မယ်။

....

ဒီမူကြမ်းကို ခေါင်းအစ ခြေအဆုံးဖတ်ကာ မေးခွန်းများစွာ မေးပြီးနောက် ဖေးချမ့်က အေးဆေးတည်ငြိမ်နေပါသည်။

တစ်ဖက်တွင် ဒီဒီဇိုင်းမူကြမ်းပုံစံက အလွန် ရှုပ်ပွနေကာ သူနားလည်နိုင်ဖို့အတွက် လုမင်းလျန် ရှင်းပြပေးဖို့ တကယ်လိုအပ်နေပါသည်။ နောက်တစ်ဖက်မှာတော့ ဒီဒီဇိုင်းမူကြမ်းက သူ့တွေးခေါ်ပုံနဲ့ ကိုက်ညီမလား သေချာအောင် သိဖို့လိုအပ်ပါသည်။ နည်းနည်းလေးတောင် သွေဖယ်သွားလို့မဖြစ်ပါ။

သမုဒ္ဒရာရဲတိုက်က ဖေးချမ့်အတွက် နာကျင်စရာ သာဓကတစ်ခု ဖြစ်သည်။ သူက ဒီဇိုင်းမူကြမ်းကို ဘယ်လိုဖတ်ရမလဲမသိကာ အသေးစိတ်များစွာကို ချန်ခဲ့မိသဖြင့် ဂိမ်းက သူ့မူလ တွေးခေါ်ပုံနဲ့ သွေဖယ်သွားခြင်း ဖြစ်သည်။

ဒီတစ်ခေါက်တော့ ဒါမျိုးမဖြစ်စေရပါ။

အရင်သူ့ တွေးခေါ်ပုံများအရဆို ဂိမ်းဒီဇိုင်နာ၏ အသေးစိတ်များကို အတည်ပြုပြီးသွားပြီဖြစ်ပြီး ပုံသေ သတ်မှတ်ပြီးပါပြီ။ ဂိမ်း၏ ဆက်တင်က ဂိမ်းကုမ္ပဏီတစ်ခုထဲမှာ အခြေပြုမည်။

ကွန်ပျူတာမျာားကို အလုပ်အတွက် နေရာချထားသည်။ ဂိမ်းကြော်ငြာ ပိုစတာများ၊ အလှထား အရုပ်များ၊ သစ်ပင်ပန်းပင်များနဲ့ တခြား အလှဆင်ပစ္စည်းများ အသုံးအဆောင်ပစ္စည်းများလည်း ပါသည်။ ဂိမ်းကုမ္ပဏီမှ ဝန်ထမ်းများစွာလည်း ဂိမ်း၏ နောက်ခံကားချပ်တွင် ပါဝင်နေပါသည်။

ဥပမာအားဖြင့် ကစားသမားက ဘယ်လိုဂိမ်းအမျိုးအစားကို ဖန်တီးရမလဲဆိုတာကို ရွေးချယ်ရသောအခါမျိုး ဖြစ်သည်။ ဒီအခန်းထဲမှာ တံခါးများစွာ ရှိနေပြီး တံခါးတစ်ခုချင်းစီတိုင်းက အမျိုးအစားတစ်ခုနဲ့ ထိုအမျိုးအစား၏ ပိုစတာကို ကိုယ်စားပြုလိမ့်မယ်။ ဂိမ်မာတစ်ယောက်က ရွေးချယ်မှု ပြုလုပ်ချင်ပါက ထိုအမျိုးအစားကို ကိုယ်စားပြုသည့် တံခါးထဲသို့ လမ်းလျှောက်ဝင်သွားရမည် ဖြစ်ပါသည်။

ကော်ရစ်ဒါတစ်ခုကို ဖြတ်လျှောက်ပြီးနောက် ကစားသမားများ နောက်ထပ် အခန်းတစ်ခန်းထဲ ရောက်သွားမည်ဖြစ်သည်။ ထိုတခြားအခန်းမှာလည်း တံခါးများစွာ ရှိနေလိမ့်မည်။ တံခါးတစ်ခုချင်းစီတိုင်းကလည်း ဂိမ်း၏ မတူညီသော အသေးစိတ်များကို ကိုယ်စားပြသပါလိမ့်မည်။

ဥပမာအားဖြင့် ဂိမ်းက မိုဘိုင်းကတ်ဂိမ်း ဖြစ်နိုင်သည်။ "Heavy Paywall" သို့မဟုတ် "Light Paywall" ဖြစ်နိုင်သည်။ ပုံစံကွက်များ ပြောင်းလဲနိုင်သည်။ ကစားသမားများက 'နာမည်ကျော်များ ငှားရမ်းခြင်း'၊ 'ကိုယ်တိုင် ပရိုမိုရှင်းဆင်းခြင်း'၊ ကြော်ငြာခြင်း' စသည်တို့ဖြင့် ပရိုမိုရှင်းဆင်းလို့ရသည်။

ကစားသမားများက 'AGN', "Three Kingdoms', 'Mythology' နဲ့ 'Original IP' စသည့်တည်ဆောက်ပုံတွေအကြား ရွေးချယ်လို့ရပါသည်။ ၎င်းတို့က '2D ကတ်ဂိမ်း' 'ရေပြင်ညီ ဇာတ်ကောင်များ' 'သရီးဒီအပြည့်အဝ' စသည့် ပန်းချီစတိုင်များကို ရွေးချယ်နိုင်သည်။

အနှစ်ချုပ်ပြောရလျှင် အခန်းတစ်ခန်းချင်းစီတိုင်းက ကစားသမားများ ဖန်တီးရမည့် ရွေးချယ်မှု ဖြစ်နေပါသည်။ အခန်းများထဲက ဆက်တင်က ရွေးချယ်မှုများအလိုက် ဖွံ့ဖြိုးပြောင်းလဲသွားလိမ့်မည်။

ဥပမာအားဖြင့် AGN', "Three Kingdoms', 'Mythology' နဲ့ 'Original IP' တခြား ပုံစံများကို ကစားသမားများက ရွေးချယ်သောအခါ သက်ဆိုင်ရာအခန်းများက ထိုပြောင်းလဲမှုများကို လိုက်လျောညီထွေးစွာ ပုံဖော်ပေးမည်ဖြစ်သည်။

'AGN' က Anime စတိုင်ဇာတ်ကောင်များဖြစ်သည်။ 'Three Kingdoms'  ကတော့ သုံးပြည်ထောင်ခေတ်က ရှေးဟောင်းဇာတ်ကောင်များ ဖြစ်ကြသည်။ 'Original IP' ကတော့ မူရင်း ပုံစံများ ရှိပါလိမ့်မည်။

ကစားသမားများကို ၎င်းတို့၏ ရွေးချယ်မှုများအား ပုံဖော်ခွင့်ပေးလိုက်ခြင်းဖြင့် သူတို့ဘာကိုပဲ ရွေးချယ်ချင်ပါစေ လုပ်ဖို့လိုတာဆိုလို့ ထိုတံခါးထဲ ဝင်သွားဖို့ ဖြစ်ပါသည်။ ရွေးချယ်မှုတချို့ကို အောင်မြင်သွားတာနဲ့ ကစားသမားများ နောက်ဆုံးအခန်းဆီ ရောက်သွားကြပါလိမ့်မည်။

ထိုနေရာတွင် သူတို့ ဂိမ်းထုတ်လွှင့်သည့် event မြင်ကွင်းတစ်ခုကို မြင်ရမည်။

များပြားသော သတင်းသမားများနဲ့ ကင်မရာမီးရောင်များ တလက်လက် လက်နေတာကို မြင်ရနိုင်သည်။ ကစားသမားအုပ်များနဲ့ ပရိတ်သတ်အုပ်များလည်း ရှိလိမ့်မည်။ သူတို့ကို အေးချမ်းပြီး သန့်ရှင်းသော ရုံးခန်းများက စီးကြိုနေလိမ့်မည်။ သူတို့ လူစည်ကားသော မြို့ကြီးများတွင် ဧရာမ ကြော်ညာ ဖန်သားပြင်ကြီးများကို မြင်နိုင်သည်။ သူတို့ဂိမ်းဒီဇိုင်းပေါ် အခြေခံထားသော ပန်းခြံများ ဖန်တီးထားတာကို မြင်နိုင်လိမ့်မည်။ သူတို့ ဘယ်သူမှ စိတ်မဝင်စားသည့် ဂိမ်းခွေများကို စုစည်းထားသော ဗီဒီယိုစတိုးတစ်ခုကို မြင်ချင်မြင်နိုင်လိမ့်မည်။

အနှစ်ချုပ်ပြောရလျှင် ဒါက ဂိမ်းရဲ့ အကြောင်းအရာတစ်ခုလုံးပဲ ဖြစ်ပါသည်။

ဂိမ်မာတွေက မတူညီသည့် အမျိုးအစားများထဲက ရွေးချယ်ရပြီး ၎င်းတို့၏ ကိုယ်ပိုင်ဂိမ်းကို ဖန်တီးကာ အဆုံးသတ်ရလဒ်ကို မြင်နိုင်လိမ့်မည်။ လုပ်ငန်းစဥ်တစ်ခုလုံးမှာ လှည့်ကွက်မရှိသလို ဆက်နွယ်မှုလည်း ရှိမနေပါ။ ကစားသမားများက လမ်းလျှောက်ပြီးတော့သာ ကြည့်နိုင်ပါသည်။

အဲ့တာ ပျင်းဖို့ မကောင်းလွန်းဘူးလား။

ထို့အပြင် ပိုစိတ်ပျက်ဖို့ကောင်းသော အရာတစ်ခုပါ ပါလာဦးမည်။

ကစားသမားများနောက်ကို အချိန်တိုင်းလိုက်ပြီး လှောင်ပြောင်ရယ်မောနေမည့် နောက်ခံစကားပြော ဖြစ်ပါသည်။

All Chapters