အခန်း(၈၂) မာယန်ရဲ့ ကူညီသူ
Vol. 6 Ch. 82
အခန်း(၈၂) မာယန်ရဲ့ ကူညီသူ
ကစားသမားမျာား အခန်းထဲ မဝင်ရောက်ခင် နောက်ခံစကားပြောက အကြံဉာဏ်များပေးလိမ်ိ့မည်။
ထိုအချိန််တွင် ကစားသမားများ ဆုံးဖြတ်ချက် ချပြီးနောက် ကော်ရစ်ဒါများတွင် လမ်းစလျှောက်သောအခါ နောက်ခံစကားပြောက ၎င်းတို့၏ ရွေးချယ်မှုများကို လှောင်ပြောင်ပြီး ပြင်းထန်စွာ ကဲ့ရဲ့ပါလိမ့်မည်။
ဥပမာအားဖြင့် ကစားသမားများက 'High Paywalls' နဲ့ 'Low Paywalls' အကြားရွေးချယ်ရာတွင် အောက်ပါ နောက်ခံစကားပြော၏ အသံကို ကြားရပါလိမ့်မည်။
...
ကောင်းလိုက်တာ မင်းက 'ကစားဖို့ ဝယ်ရမယ်' ဆိုတဲ့အစား 'တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုကို' ပိုက်ဆံရဖို့ အဓိက နည်းလမ်းအဖြစ် ရွေးလိုက်တယ်။
ငါ့အကြံဉာဏ်ကို နားထောင်ခဲ့တာပဲ။
ဟုတ်တယ်။ အကြံကောင်းလို့ပြောရမယ်။ တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေကို ရောင်းတာက ပိုက်ဆံရှာဖို့ နည်းလမ်းကောင်းတစ်ခုပဲ။ ဘာလို့ အဲ့ဒီအခွင့်အရေးကို ဘယ်သူက ငြင်းဆန်မှာလဲ ဟုတ်တယ်မလား။
ဒါပေမယ့် ပြဿနာအသစ်တစ်ခုတော့ ရှိလာပြီ။
'High Paywalls' ကို ရွေးမလား 'Low Paywalls' ကို ရွေးမလား။
High paywalls ကို ရွေးလိုက်ရင် ၈၈၈ယွမ်တန် အနီရောင်ချီလင်လက်နက်လိုမျိုး စျေးကြီးတဲ့ပစ္စည်းတွေ အများကြီးရောင်းမယ်လို့ ဆိုလိုတာပဲ။
Low Paywalls ကိုရွေးလိုက်ရင်တော့ မင်းရဲ့ ဂိမ်းပစ္စည်းတွေရဲ့ စျေးကို ကန့်သတ်ရမယ်လို့ ဆိုလိုတာပဲ။ ဥပမာအားဖြင့် မင်းဂိမ်းထဲက စျေးအကြီးဆုံး ပစ္စည်းက ၁၀ ယွမ်ဝန်းကျင်လောက်ပဲ ရှိရမယ်။
ငါ့ကိုယ်ပိုင် အကြံပေးချက်ကတော့... မင်း High Paywall ကိုရွေးသင့်တယ်။
တခြားအကြောင်းအရင်းတော့မရှိပါဘူး။ ဒီဆုံးဖြတ်ချက်က ပိုပြီး ဝင်ငွေကောင်းမှာ မဟုတ်လား။
မင်း ဂိမ်းရဲ့ နာမည်ကို ကာကွယ်ဖို့ Low Paywall ကိုရွေးလိုက်ရင် ဘာလို့ အစကတည်းက 'ကစားဖို့ ဝယ်ရမယ်' ဆိုတာကို မရွေးခဲ့တာလဲ။
အဲ့ဒါကြောင့် မင်း 'High Paywall' ကိုရွေးသင့်တယ်။ ဒါက သေချာပေါက် အမှန်ကန်ဆုံး ရွေးချယ်မှုပဲ။
...
ထို့အပြင် ကစားသမားများ ရွေးချယ်မှုလုပ်လိုက်ပြီး သက်ဆိုင်ရာ တံခါးပေါက်ထဲသို့ ဝင်လိုက်ပါက နောက်ခံစကားပြောက ကော်ရစ်ဒါအထိ ဆက်လိုက်လာဦးမည်ဖြစ်ပါသည်။ သို့သော်လည်း တံခါးနှစ်ချပ်နောက်ကွယ်က နောက်ခံစကားပြောများက ခြားနားပါသည်။
...
'High Paywalls'...
သြော်သြော်သြော် ငါသိနေတယ် မင်းတကယ်ကြီး ဒီရွေးချယ်မှုကို ရွေးလိုက်တာပဲ။
မင်းက အိပ်မက်အစား ပိုက်ဆံကိုပဲ ရွေးလိုက်တာမဟုတ်လား။
မင်းကစားသမားတစ်ယောက်အဖြစ် ရှိခဲ့တုန်းက မတန်တဆစျေးနဲ့ရောင်းတဲ့ ပရိုဂျူဆာတွေကို အမြဲတမ်း ဆဲနေကျမဟုတ်လား။ ဒါပေမယ့် မင်းဂိမ်းလုပ်ဖို့ အလှည့်ကျတော့ မင်းကြောက်တဲ့ တစ်ခုတည်းသောအရာက ဂိမ်းထဲက ပစ္စည်းတန်ဖိုးတွေ အရမ်းနိမ့်နေမှာကိုလား။
အေးပါ အေးပါ။ ရှင်းပြဖို့ မလိုအပ်ပါဘူး။ ဒါ လူ့သဘာဝပဲကို။
မင်းလုပ်ခဲ့တာက ဂိမ်းလောကထဲမှာ နေ့တိုင်းဖြစ်ပျက်နေကြပဲ။ ဘာမှ အထူးတလည် တုန့်ပြန်နေစရာ မလိုပါဘူး။
ဒါပေမယ့် ပိုက်ဆံလည်းမရ နာမည်ပါတစ်ခါတည်း ပျက်မယ့် ဖြစ်နိုင်ချေကိုလည်း စဥ်းစားပြီးပြီလား။
ဟီးဟီး နောက်တာပါ။
မင်းက မသမာတဲ့ ကုန်သည်တစ်ယောက်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ အဆဲခံရင်းနဲ့ ပိုက်ဆံတွေကို ရေတွက်ဖို့ အသင့်ဖြစ်ပြီလား။
...
'Low Paywalls'...
အသုံးမကျလိုက်တဲ့ ဆုံးဖြတ်ချက်။
ဘာလို့ ငါပြောတာ နားမထောင်တာလဲ။
ဟုတ်သားပဲ။ မင်းက နာမည်ရဖို့ ကြိုးစားတယ်ပေါ့။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုကြောင့် မင်းအကျိုးအမြတ်တွေ ဘယ်လောက်တောင် ဆုံးရှုံးသွားသလဲ သိရဲ့လား။
မင်းရဲ့ အရှုံးက ကိန်းရှင်တစ်ခုကွ။ မင်းဂိမ်း ရေးပန်းပိုစားလာလေလေ ဂဏန်းတွေက ပိုများလာလေလေပဲ။
စဥ်းစားကြည့်လိုက်စမ်းပါ။ အဲ့ဒီအသုံးမကျတဲ့ ရွေးချယ်မှုတစ်ခုကြောင့် သန်းနဲ့ချီပြီး မင်းဆုံးရှုံးသွားပြီ။
မင်း နောင်တမရဘူးလား။
စိတ်မကောင်းပါဘူး။ ဒါပေမယ့် မင်းဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ နောက်ပြန်လှည့်လို့မရတော့ဘူး။
ဘာ နောင်တမရဘူးဟုတ်လား။
အေးပါ။ မင်းခေါင်းမာပြီး ဒီတိုင်းပဲ ဆက်သွားလို့ရပါတယ်။ တကယ့် ဂဏန်းတွေမင်းမျက်လုံးရှေ့ရောက်လာရင်တော့ အဲ့လောက် တည်ငြိမ်နေမှာ မဟုတ်ဘူးဆိုတာ ပြောရဲတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ မင်း တော်တော်ကို ဆိုးရွား စုတ်ပြတ်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာလို့ ငါတော့ထင်တယ်။
ရတော့ရပါတယ်လေ။ မင်းရဲ့ နောက်ထပ် ရွေးချယ်မှုအတွက် ငါမှန်ကန်တဲ့ အကြံဉာဏ်ပေးဦးမှာပါ။
ငါ့စကားကို သေချာနားထောင်ရင် အခြေအနေကို ပြန်ထိန်းသိမ်းဖို့ အချိန်ရှိပါသေးတယ်။
...
ဖေးချမ့်၏ ဒီဇိုင်းတွင် နောက်သံစကားပြောများ၌ လုပ်ဆောင်ချက်နှစ်ခု ရှိပါသည်။
တစ်ခုက ထိုကြမ်းတမ်းသော နောက်ခံစကားပြောကြောင့် ကစားသမားများ ဂိမ်းထဲမှာ စိတ်မနှစ်နိုင်အောင် ဖြစ်သည်။ သူတို့က ဂိမ်းတစ်ခုထဲမှာ ဖြစ်ပြီး အကောင်းဆိုး ကြိုးစားကာ ရသကို အနည်းဆုံးဖြစ်အောင်လုပ်ဖို့ ဆက်တိုက် အသိပေးနေလိမ့်မည်။
နောက်တစ်ခုက ကစားသမားများကို ဆက်တိုက် ကဲ့ရဲ့ပြီး ဒေါသဆွပေးဖို့ ဖြစ်ပါသည်။
ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်နိုင်ပြီ။ ကောင်းလိုက်တာ။
ထို့အပြင် နောက်ခံစကားပြောက ကစားသမားများကို မှန်ကန်သောလမ်းမရောက်အောင် ကြိုးစားပါလိမ့်မည်။ ကစားသမားများက နောက်ခံစကားပြောပေးသော အကြံဉာဏ်များကို လိုက်နာပါက ဂိမ်း၏ အဆိုးရွားဆုံး ရလဒ်ကို ရပါလိမ့်မည်။ ထို့နောက် နောက်ခံစကားပြော၏ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုကို ခံရလိမ့်မည်။ နောက်ခံစကားပြောက ကစားသမားများကို အယုံလွယ်ခြင်း၊ ဆုံးဖြတ်ချက် မပြတ်သားခြင်း၊ ဘော့စ်တစ်ယောက်ဖြစ်ပြီး အသိစိတ်မရှိခြင်းတို့ကြောင့် လှောင်ပြောင်လိမ့်မည်။
ဘာပဲဖြစ်ဖြစ် အလွန်ကြမ်းတမ်းသော ဝေဖန်စကားများ ဖြစ်သည်။
ကစားသမားတွေကို ကဲ့ရဲ့တဲ့ဂိမ်းမျိုး ဘယ်သူ မြင်ဖူးကြလို့လဲ။
ထိုဂိမ်း အရင်းမပြုတ်နိုင်စရာအကြောင်းမရှိပါ။
ဖေးချမ့်က ဒီဇိုင်းမူကြမ်းတစ်ခုလုံးကို လုမင်းလျန်နဲ့အတူ ဆွေးနွေးလိုက်သည်။ အန္တရာယ်အားလုံးကိုလည်း ရှင်းလင်းလိုက်ပါပြီ။
"ဟုတ်ပြီ ငါတို့ မူကြမ်းအတိုင်းပဲ လိုက်လုပ်ကြမယ်။ ငါအားလုံးအတွက် အကောင်းတကာ့ အကောင်းဆုံးကိုပဲ လိုချင်တယ်နော်။ ပန်းချီရင်းမြစ်တွေကော၊ ဂီတကော အသံ အထူးပြုလုပ်ချက်တွေကော၊ နောက်ခံစကားပြောတွေကော အားလုံးပဲ။ နားလည်လား။ တစ်ပိုင်းချင်းစီကို ပိုက်ဆံ လုံလုံလောက်လောက် သေချာသုံး။ နားလည်လား" ဖေးချမ့်က ညွှန်ကြားလိုက်ပါသည်။
လုမင်းလျန်က ခေါင်းကို အားတက်သရော ငြိမ့်ကာ ပြောလိုက်ပါသည်။ "စိတ်ချပါ ဘော့စ်ဖေး။ ကျွန်တော် ဘော့စ်ပြောတဲ့အတိုင်းလုပ်ပြီး ဂိမ်းရဲ့ ရှုထောင့်တိုင်းကို ပြီးပြည့်စုံအောင် လုပ်ပေးပါ့မယ်။"
လုမင်လျန််က ထွက်သွားပါသည်။ ဖေးချမ့် သူ့ရင်ဘတ်ထထဲက အလုံးကြီးကို မတင်ရင်း လက်ဖက်ရည်ကို သောက်လိုက်သည််။
သိပ်မကြာခင် တံခါးခေါက်သံ ထွက်လာပြန်သည်။
"ယောက်ဖချမ့် ငါဖိတ်ထားတဲ့ ပညာရှင် ရောက်လာပြီ သူနဲ့တွေ့ချင်လား" မာယန်က စိတ်လှုပ်ရှားစွာ မေးလိုက်ပါသည်။
"သြော် အေး တွေ့မယ်လေ"
ဖေးချမ့် မတ်တပ်ရပ်လိုက်ပါသည်။ မာယန်ကို တာဝန်ပေးထားသည့် အလုပ်အား သူအလေးထားပါသည်။ မာယန် တွေ့ထားတဲ့ ကူညီသူက အလုပ်ကို ပြီးအောင် လုပ်နိုင်မှာလား။ ဖေးချမ့်ကိုယ်တိုင် အတည်ပြုရပါမည်။ ကူညီသူက ထူးချွန်လွန်းနေပါက သူ့ကို ဖြုတ်ပစ်ဖို့ အကြောင်းပြချက် တစ်ခုခု ရှာရမည်။
...
ကျန်းယွမ်က ထန်းတာ့နက်ခ်ဝါနည်းပညာ ကုမ္ပဏီ လီမိတက်ကြီး၏ ဝင်ပေါက်တွင် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်နေသည်။
ဒီကိစ္စကြီးတစ်ခုလုံးက အနည်းငယ် ဆန်းကြယ်နေပါသည်။ သူက နေ့စဥ်ဘဝမှာ ဘားတစ်ခုမှ ရာသက်ပန် အဆိုတော်တစ်ယောက်ဖြစ်ပြီး ဘာတန်ဒါအဖြစ် အချိန်ပိုင်းအလုပ် လုပ်ခဲ့ရသည်။ ကွန်ပျူတာများဆင်ခြင်း ဝါသနာကြောင့် ခါပါဖိုရမ်တွင် အတော်လေး တက်ကြွခဲ့ပြီး ဖိုရမ်မန်နေဂျာဘွဲ့ကို ချီးမြှင့်ခံခဲ့ရပါသည်။
လွန်ခဲ့သော နှစ်ရက်လောက်ကမှ ထဲပါးမှ အင်တာနက်အသုံးပြုသူတစ်ယောက်က သူ့ကိုချဥ်းကပ်လာပြီး မန်နေဂျာရာထူးတစ်ခု ခန့်အပ်ဖို့ ကမ်းလှမ်းလာပါသည်။
ကျန်းယွမ် ပထမဆုံး ထင်မိတာက ဒီလူ လူလိမ်ဖြစ်သည် ဆိုတာပင်။
အွန်လိုင်းပေါ်မှာလည်း တုံးအသော လူများစွာ ရှိနေပါသည်။ ထဲပါး၏ ဖိုရမ်မန်နေဂျာတစ်ယောက်အနေဖြင့် ဖိုရမ်ထဲမှ ရူးမိုက်သော လူများစွာကို ဘလော့ခ်နိုင်စွမ်းရှိသည်။ တစ်ယောက်ယောက်က သူ့ကို လက်စားချေဖို့ စနောက်ချင်တာဖြစ်လိမ့်မည်။ ထို့ကြောင့် ကျန်းယွမ်က စိတ်ထဲမထားခဲ့ပါ။
သို့သော်လည်း တစ်ရက်ကြာသောအခါ ထိုလူက အတော်လေး စိတ်ဖိစီးလာသည့်ပုံပင်။ အရေးကြီးကိစ္စတစ်ခုလုပ်စရာရှိနေပြီး သူ့ကို ကျင်းကျိုးမြို့သို့ စိတ်အားထက်သန်စွာ ဖိတ်ကြားခဲ့သည်။ ခရီးစဥ်အတွက် လေယာဥ်ခ၊ နေစရိတ်၊ စားစရိတ်များကိုပါ တာဝန်ယူပေးမည်ဟု ဆိုပါသည်။ ငွေကြေး ယွမ် ၃,၀၀၀ လည်း ထောက်ပံ့ပေးမည်ဟု ဆိုသည်။
ကျန်းယွမ်က ထိုလူကို တကယ်မယုံံကြည်သော်လည်း ယွမ် ၃,၀၀၀ ထောက်ပံ့ကြေးကြောင့် စိတ်ဝင်စားသွားခဲ့ပါသည်။
ဘယ်လိုကွန်ပျူတာမျိုးက ဆင်လိုက်ရုံနဲ့ ထောာက်ပံ့ကြေး ၃,၀၀၀ လောက်ရနိုင်မှာလဲဟု သူအနည်းငယ် ဇဝေဇဝါဖြစ်မိပါသည်။ ထို့ကကြောင့် ထိုလူ၏ သူငယ်ချင်း တောင်းဆိုမှုကို လက်ခံလိုက်သည်။ ထိုလူက သူမှန်ကန်ကြောင်းကို ပြသဖို့ ယွမ် ၂၀၀ ပို့ပေးလိမ့်မည်ဟု မထင်ခဲ့ပါ။
ကျန်းယွမ်က တကယ့် သူဌေးနဲ့ တွေ့ပြီဆိုတာ နားလည်လိုက်ရပါသည်။
လူလိမ်သာဆို ဘာကြောင့် အစကတည်းက မုန့်ဖိုးပို့ပေးမည်နည်း။
ထို့နောက် တစ်ဖက်လူက ကျန်းယွမ်အား ကျင်းကျိုးမြို့ရှိ ရုံးအဆောက်အဦးတစ်ခု၏ လိပ်စာကို ပို့ပေးလိုက်ပါသည်။ ထိုနေရာသို့ လာဖို့ ခရီးစရိတ်ကိုလည်း လွှဲပေးလိုက်သည်။ ထို့ကြောင့် ကျန်းယွမ် ဒီနေ့ ကျင်းကျိုးမြို့သို့ ရောက်လာခဲ့ပါသည်။
သူရောက်လာသောအခါ ကျောင်းသားတစ်ယောက်နဲ့တူသော လူတစ်ယောက်က သူ့ကို နှုတ်ဆက်ပါသည်။ သူ့နာမည်က မာယန်ဖြစ်၏။ မာယန်က ရိုးအသည့်ပုံပေါ်သည်။ အနည်းငယ် ဉာဏ်ထိုင်းပြီး မှေးမှိန်နေသည်ဟု ကျန်းယွမ် ထင်မိပါသည်။
ထောက်ပံ့ကြေး ယွမ် ၃,၀၀၀ က သေချာပေါက် သူ့အိပ်ကပ်ထဲကတော့ မဖြစ်နိုင်တာ ကျန်းယွမ် သိလိုက်ပါသည်။
သူထင်ထားသည့်အတိုင်း မာယန်ဟုခေါ်သည့် ကျောင်းသားက သူ့ကို ကုမ္ပဏီတစ်ခုသို့ ခေါ်သွားပြီး ကုမ္ပဏီ၏ ဘော့စ်နှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ဘော့စ်ဖေးက သူနဲ့တွေ့ချင်ပြီး စကားပြောချင်နေပါသည်။ ကျန်းယွမ်က တံခါးရှေ့မှာရပ်လိုက်တာနဲ့ မျက်စိပွင့်နားပွင့် ဖြစ်သွားသလို ခံစားမိပါသည်။
တစ်ချက်လောက်ကြည့်လိုက််ရုံနဲ့ ကုမ္ပဏီက ချမ်းသာပြီး သေချာပေါက် ပိုက်ဆံနည်းပါးမှာ မဟုတ်တာကို ပြောနိုင်ပါသည်။
သူတံခါးပေါ်က ချပ်ပြားကြီးကို ကြည့်လိုက်သည်။ ထန်းတာ့ နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီ လိမက်တက်တဲ့။ သူ ချမ့်သုမှာ ရှာကြည့်လိုက်ပြီး တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ကို ဖန်တီးခဲ့သည့် ကုမ္ပဏီဖြစ်မှန်း သိလိုက်ရပါသည််။
ဂိမ်းကုမ္ပဏီလည်းဖြစ် ချမ်းလည်းချမ်းသာသည့် ပုံပေါ်သည်။ ဒါ အဆင်မပြေနိုင်စရာ အကြောင်း လုံးဝမရှိပါ။
ထို့ကြောင့် ကျန်းယွမ် အနည်းငယ် စိတ်မသက်သာ ဖြစ်လာပါသည်။
သိပ်မကြာခင် လှပ ကျော့ရှင်းသည့် အမျိုးသမီး လက်ထောက်တစ်ယောက်က ဧည့်သည်အခန်း၏ တံခါးထံသို့ ခေါ်သွားသည်။ ထိုနေရာတွင် ကုမ္ပဏီ၏ ဘော့စ်အား မြင်လိုက််ရသည်။ ကျန်းယွမ်က ပို၍ပင် စိတ်လှုပ်ရှားနေပါသည်။ မာယန်က သူ့ရဲ့ရည်ရွယ်ချက် အမှန်ကို မပြောခဲ့ပါ။
ဘာပဲဖြစ်ဖြစ် ဖေးချမ့်က သူ့ကို ငှားမလား မငှားဘူးလား နောက်ဆုံးဆုံးဖြတ်ရမည့်လူဖြစ်သည်။ ဖေးချမ့်သာ အလုပ်အတွက်သင့်တော်သည့်လူဟု မြင်ပါက မာယန်က ကျန်းယွမ်နဲ့ အသေးစိတ် ဆက်ဆွေးနွေးနိုင်ပါသည်။
ထို့ကြောင့် ကျန်းယွမ် အခု လမ်းပျောက်နေဆဲ ဖြစ်ပါသည်။
သူ့ကို ဘော့စ်ကြီးက ဘယ်လိုမြင်ပြီး ဘော့စ်ကြီးက သူ့ကို ဘာလုပ်ခိုင်းမှာလဲ မသိပါ။ သူက ဘားတစ်ခုမှ သာမန် အဆိုတော်လေး တစ်ယောက်နဲ့ အချိန်ပိုင်း ဘားထိုင်တစ်ယောက်သာ ဖြစ်သည်။
သူ့အတွက် သီချင်းဆိုခိုင်းမလို့လား။
ဘားထိုင်စကေးတွေ ပြစေချင်လို့လား။
သူ့ကို သောက်စရာတွေ ရောနှောရင်း သီချင်းဆိုခိုင်းချင်တာလား။
အမ်... အဲ့တာတွေ အကုန်လုံးကတော့ မဖြစ်နိုင်ဘူးထင်တယ်။
မဟုတ်မှလွဲရော...။
ဘော့စ်ကြီးက ငါ့ကို ကွန်ပျူတာတစ်လုံး ဆင်ခိုင်းချင်တာလား။
အမှန်ပင်။ ဖြစ်နိုင်ချေ ဒီတစ်ခုတည်းသာ သူစဥ်းစားမိပါသည်။ တခြားဖြစ်နိုင်ချေများ ဘာမှ မစဥ်းစားမိပါ။