← Chapters

အခန်း(၈၅) မီနူးတစ်ဖက်မှာ အကောင်းစားဝိုင်၊ တစ်ဖက်မှာတော့ အပေါစားအစားအစာ

Vol. 6 Ch. 85

အခန်း(၈၅) မီနူးတစ်ဖက်မှာ အကောင်းစားဝိုင်၊ တစ်ဖက်မှာတော့ အပေါစားအစားအစာ

Vol. 6 Ch. 85

အခန်း(၈၅) မီနူးတစ်ဖက်မှာ အကောင်းစားဝိုင်၊ တစ်ဖက်မှာတော့ အပေါစားအစားအစာ

ကျန်းယွမ် ဒါတွေနားမလည်သော်လည်း အနည်းဆုံးတော့ အသေးစိတ် နားလည်ဝေခွဲနိုင်စွမ်း ရှိပါသေးသည်။

ဆိုင်တစ်ဆိုင်ကို ရွေးချယ်ဖို့က တည်နေရာမှာ အရေးကြီးသည်။ တချို့ 'ရွှေလမ်းမများ' ဟုခေါ်သည့် နေရာများက တစ်ရက်ကို တစ်စတုရန်းမီတာ ၆ယွမ် ၇ယွမ်လောက်ထိ ငှားရမ်းခ ရှိလေသည်။

အကြောင်းမှာ တည်နေရာက ကောင်းလွန်းသောကြောင့် ဖြစ်ပါသည်။

တည်နေရာသာကောင်းကာ ပတ်ဝန်းကျင်ကလည်း အဆင့်မြင့်ပြီး လူစည်းကားမှုမြင့်မားပါက ဘာဆိုင်မဆို သေချာပေါက် ဝင်ငွေးကောင်းနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် တည်နေရာက  ဆိုးရွားပြီး လူစည်ကားမှု နည်းပါးပါက ဆိုင်တစ်ဆိုင်က ဘယ်လောက်ပဲ ကောင်းမွန်ပါစေ ဘယ်သူက ထိုနေရာထိသွားပြီး အားပေးကြမည်နည်း။

ထို့ကြောင့် အကောင်းဆုံးတည်နေရာမှာ သေချာပေါက် ဧရာမ ရှော့ပင်းနေရာကြီးများတွင် ဖြစ်သည်။ အထူးသဖြင့် ကြီးမားသော ရှော့ပင်းမောလ်လ်ကြီးများတွင် ဖြစ်ကြ၏။

တက္ကသိုလ်တစ်ခုနားက နယ်မြေကလည်း မဆိုးလှပါ။

ဒီနေရာက သာမန်ရှော့ပင်းနယ်မြေအတွင်းမှာ ဖြစ်သည်။ ရှော့ပင်းမောလ်လ်နဲ့ လမ်းတစ်လမ်းသာ ကွာ၏။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး ဗလာကျင်းဖြစ်နေသည်။ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ဒီက လူစည်ကားမှုက မများကြောင်း မာယန် သိနိုင်သည်။

တစ်ရက်ကို တစ်စတုရန်းမီတာ ၃.၅၀ ယွမ်က စျေးကြီးသည်ဟု သတ်မှတ်လို့ မရနိုင်ပါ။ သို့သော်လည်း ပြဿနာက တည်နေရာနဲ့ မတန်သောကြောင့် ဖြစ်ပါသည်။

ကျန်းယွမ်က ဒါကိုစဥ်းစားနေတုန်း သူ့အတွေးများကို ထုတ်ပြောသင့်လားဟု တွေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူက လူသစ်ဖြစ်ပြီး ထုတ်ပြောလိုက်ပါက သင့်တော်နိုင်ပါ့မလား။

သို့သော်လည်း သူ ဘာမှမပြောပါဘဲ ဒီလုပ်ငန်း ပျက်စီးသွားရင် ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။

ကျန်းယွမ် အလွန် ဇဝေဇဝါ ဖြစ်နေပါသည်။

"ဟုတ်ပြီ ဒီနေရာက မဆိုးဘူး ငါဆုံးဖြတ်လိုက်ပြီ။" ဖေးချမ့်က ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်ပါသည်။

ကျန်းယွမ် : ".."

သူ ဘာမှ ဆက်ပြီးစဥ်းစားဖို့ မလိုတော့ပါ။ ဘော့စ်ဖေးကိုယ်တိုင် ပြောလိုက်ပြီဖြစ်သဖြင့် ကျန်းယွမ်သာ ဒီနေရာကို ဆက်ပြီးဝေဖန်ပါက ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲမဟုတ်လား။

ကျန်းယွမ် တီးတိုးသာ ရေရွတ်နိုင်တော့သည်။

"ဒီနေရာအတွက် Floor Plan ရှိလား" ဖေးချမ့်က မေးလိုက်သည်။

"ရှိတယ် ရှိတယ်" မာယန်က အမြန် သူ့မောက်စ်ကို နှိပ်လိုက်ပြီး အဆောက်အဦးအတွက် Floor Plan ကို ရှာလိုက်ပါသည်။ "ဒီမှာပါ"

ဖေးချမ့်က ကြည့်လိုက်၏။ နေရာက မသေးပါ။ ၃,၀၀၀ စတုရန်းမီတာရှိ၏။ ဒီနေရာက တကယ်တမ်း ယခုလက်ရှိ ထန်းတာ့ရုံးနေရာနဲ့ အကျယ်အဝန်း အတူတူလောက် ရှိသည်။ သို့သော်လည်း ဒီနေရာကို နှစ်ထပ်အဖြစ် ခွဲထားပြီး တစ်ထပ်စီက ၁,၅၀၀ စတုရန်းမီတာ ရှိပါသည်။

"ငါ ဒီ Plan ကို အသေးစိတ် ရှင်းပြပေးမယ်။ ဒီနေရာကို ဖွင့်ပြီးရင် မင်းတို့နှစ်ယောက် ကိုင်တွယ်ရမှာ။ အင်တာနက်ကဖေးဆိုတာ ဒီဆိုင်ရဲ့ ဝန်ဆောင်မှုတွေထဲက တစ်ခုပဲ ရှိသေးတယ်။ ငါ ကွန်ပျူတာ အလုံး ၅၀ လိုချင်တယ်။ ကတ်စတမ်မာက ၅၀ ထက်ကျော်နေရင် တန်းစီပြီး စောင့်ခိုင်းလိုက်။”

"စျေးကတော့... တစ်နာရီကို ၁၀ ယွမ် များနေမလားမသိဘူး။”

"ဘားကောင်တာတစ်ခုလည်း လုပ်ချင်တယ်။ အယ်ကိုဟော ပါတာကော မပါတဲ့ သောက်စရာတွေ မျိုးစုံကော ရှိမယ်။ ကျန်းယွမ် မင်းက သောက်စရာတွေ ရောစပ်တတ်တယ်မလား။ ကတ်စတမ်မာလည်း များများစားစားမရှိမှာမို့လို့ မင်းဘာမှလုပ်စရာမရှိရင် သူတို့အတွက် သောက်စရာတွေ ရောပေးပြီး မင်းရဲ့စကေးကို ပြသလိုက်။ မဟုတ်ရင် မင်း ပျင်းနေလိမ့်မယ်။”

"ဘားကောင်တာအနားမှာ ဧည့်သည်တွေကို ဧည့်ခံဖို့ နေရာတစ်ခုထား။ နေ့ဘက်မှာဆို နူးညံ့တဲ့ ဂီတနဲ့ ကဖေးဆိုင်တစ်ခု ဖြစ်နိုင်တယ်။ လူတွေက လက်ဖက်ရည် လာသောာက်ပြီး ဘုတ်ဂိမ်းတွေ ကစားလို့ရတယ်။ ညဘက်မှာဆိုရင်တော့ အရက်ဆိုင်ပေါ့။ ကျန်းယွမ် မင်းက သီချင်းဆိုတတ်တယ်မလား။ မင်းဆိုချင်ရင် သီချင်းနည်းနည်းဆိုလို့ ရပါတယ်။”

"ပြီးတော့လည်း နေရာတစ်ခုခြားထားပြီး စာအုပ်နည်းနည်းထည့်ထားမယ်။  စာအုပ်တွေကို အွန်လိုင်းက ဒါမှမဟုတ်စာအုပ်ဆိုင်တွေကနေ အော်ဒါမှာလိုက်။ ကတ်စတမ်မာတွေက အနားယူပြီး ကော်ဖီသောက်နေတုန်း ဘာမှလုပ်စရာမရှိဘူးဆိုရင် သူတို့ စာအုပ်တစ်အုပ်ဖတ်ပြီး ခံစားကြည့်လို့ရတယ်။”

"ပြီးတော့ တစ်ရက်ကို အစားအသောက် ၃ နှပ်စာ ကမ်းလှမ်းကြရအောင်။ ဒီနေရာက အရင်တုန်းက စားသောက်ဆိုင် မဟုတ်လား။ ဒီနေရာမှာ မီးဖိုချောင်တော့ရှိမှာပဲမဟုတ်လား။ ဒါပေမယ့် သူတို့ သုံးပြီးသား မီးဖိုချောင်သုံးပစ္စည်းတွေကို ဆက်မသုံးနဲ့။ ငါ အားလုံးကို အသစ်ပဲ ဖြစ်စေချင်တယ်။”

"အွန်လိုင်းပေါ်သွားပြီး ပရော်ဖက်ရှင်နယ် စားဖိုမှူးခေါင်းဆောင်ဆောင်တစ်ယောက်ကို ငှားလိုက်။ ပြင်သစ်စာ ဂျပန်စာ ဒါမှမဟုတ် တခြားဟင်းလျာ ဘာအမျိုးအစားမှ လုပ်မနေနဲ့။ သက်တောင့်သက်သာရှိတဲ့ အစားအစာမျိုးပဲ လုပ်မယ်။ ကြက်ဥနဲ့ ခရမ်းချဥ်သိးတို့  ယုရှန်း ဝက်သားမွှကြော်နဲ့ ဂေါ်ဖီကြော်တို့ဆို အဆင်ပြေပြီ။”

"မီနူးပေါ်မှာ ဟင်းလျာတွေ အများကြီး မထားနဲ့။ လတိုင်း ဟင်းလျာ ၁၀ မျိုးလောက်ဆို အဆင်ပြေပါပြီ။ မင်းတို့တွေ ဟင်းလျာတွေက ပျင်းဖို့ကောင်းလာပြီလို့ ထင်ရင် မီနူးကို လတိုင်း ပြောင်းလို့ရတယ်။”

"စျေးနှုန်းကတော့ အပြင်ဘက်က စားသောက်ဆိုင်တွေထက် ပိုပြီးစျေးကြီးရမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ စားဖိုမှူးခေါင်းဆောင်ရဲ့ စကေးတွေက ရှယ်ကိုး။ ဒါပေါ့ ငါတို့ အရမ်းကြီးတော့ စျေးကြီးအောင် လုပ်လိုက်လို့ မရဘူး။  ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းလောက်ဆိုရင် အဆင်ပြေပြီ။”

"ဒုတိယထပ်က နေရာတစ်ခုကို စျေးရောင်းဖို့အတွက် သုံးမယ်။ မောက်စ်တို့ ကီးဘုတ်တို့ ဂိမ်းခလုတ်တို့လို ပစ္စည်းမျိုးစုံ ရောင်းကြရအောင်။ အားလုံးကို နာမည်ကြီး ကုန်ပစ္စည်းတွေကြီးပဲ လိုချင်တယ်နော်။ ဒီကနေ အမြတ်ရဖို့ ငါမမျှော်လင့်ထားဘူး။ ငါတို့အရင်းပြန်ရရင်ပဲ ပျော်ပါပြီ။”

"ဒီနေရာအပြင် အသေးစား ရုပ်ရှင်ရုံလေး လုပ်ကြရအောင်။ သီးသန့်ရုပ်ရှင်ရုံလေးလို့ သတ်မှတ်လို့ရတယ်။ ၁၀ ခုံကျော်ကျော်ဆိုရင် လုံလောက်ပါပြီ။”

"အင်း ဒီလောက်ဆို အဆင်ပြေလောက်ပြီ။"

"ငါတို့နေရာက သေးပေမယ့် လူတိုင်း လိုအပ်တဲ့ အရာမျိုးစုံရှိမှာပဲ။ ပြီးပြည့်စုံတယ်။"

မာယန်က အလျင်အမြန်ပဲ အားလုံးကို မှတ်ထားလိုက်ပါသည်။ သို့သော်လည်း ဖေးချမ့် စကားပြောတာကို ကြာားသောအခါ ကျန်းယွမ်တစ်ယောက် အလွန်အံ့သြသွားမိပါသည်။

ငါ နားကြားတော့ မမှားဘူးမလား။

ဒိနေရာက ၃,၀၀၀ စတုရန်းမီတာပဲရှိတာ မဟုတ်ဘူးလား။ မသိတဲ့လူတစ်ယောက်သာဆိုရင် ဘော့ဖေး ရှော့ပင်းမောလ်လ်တစ်ခုလုံးကို တောင်ဝယ်ထားတယ်လို့ ထင်သွားနိုင်လောက်တယ်။

ဒါက တော်တော်လေးကို ဗြုတ်စဗျင်းတောင်းနိုင်တဲ့ အကြံတွေပဲ။ အရေးအကြီးဆုံးက ဒီအရာတွေအတွက် ပစ်မှတ်ထားတဲ့ ဖောက်သည်က ဘယ်သူတွေလဲ။ အင်တာနက် လာသုံးတဲ့လူတွေလား။ ဒါမှမဟုတ် ကော်ဖီလာသောက်ကြတဲ့လူတွေလား။

ပြီးတော့လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ အမြတ်တွေက သေချာပေါက် အချိုးညီလို့တော့ မဖြစ်ဘူးမလား။ ခုံ ၁၀ ခုံလောက်ပါတဲ့ သီးသန့်ရုပ်ရှင်ရုံလေးလုပ်မယ်ဟုတ်လား။ ကျန်တဲ့လူတွေက မတ်တပ်ရပ်ပြီး ကြည့်ရမှာလား။

၃,၀၀၀  စတုရန်းမီတာလောက်ရှိတဲ့ အဆောက်အဦးမှာ ကွန်ပျူတာ အလုံး ၅၀ ပဲ တပ်ဆင်မှာလား။

ပြီးတော့လည်း နေ့ဘက်မှာ ကဖေးဖွင့်ပြီး ညဘက်မှာ အရက်ဆိုင်ဖွင့်မယ့် အကြံက နည်းနည်း ထူးဆန်းနေတယ်။

စာအုပ်နေရာတွေလည်းရှိပြီး စာအုပ်တွေအများကြီး ဝယ်နိုင်ကြဦးမယ် ဟုတ်လား။

လူတွေသာ ဒီကို အင်တာနက် လာသုံးတာဆို ဘယ်သူက စာအုပ်ဖတ်မှာလဲ။

အရာများကို ရှုထောင့်တစ်ခုက ကြည့်ရင်တော့ ဝန်ဆောင်မှုများလေလေ ပိုကောင်းလေလေ ဖြစ်သည်။ သို့သော် လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါ။ ဖင်မနိုင်ဘဲ ပဲကြီးလှော်စားသည်ဟူသည့် ဆိုရိုးစကားနဲ့ တူနေပါသည်။

အခုခေတ် အင်တာနက်စွဲလမ်းနေသော လူငယ်များက အလွန်ဆင်းရဲကြသည်။ သူတို့က ဂိမ်းကစားဖို့သာ လိုင်းပေါ်တက်ကြခြင်း ဖြစ်သည်။ သူတို့ စားဖို့သောက်ဖို့ စိတ်မဝင်စားကြပေ။ အများဆုံး သူတို့ အပြင်ဘက်က စူပါမားကတ်ဆီသွားပြီး ဓာတ်ဆားရေ တစ်ဗူးလောက် ဝယ်နိုင်သည်။ သူတို့ အရက်တွေကိုတော့ ဝယ်သောက်မှာ မဟုတ်ကြပေ။

ထို့အပြင် ၁ နာရီကို ၁၀ ယွမ်သတ်မှတ်လိုက်သောကြောင့် လူတိုင်း မတတ်နိုင်ပါ။

ဒီနေရာကြီးက လူသူလည်း ကင်းမဲ့နေသည်။ လူတချို့က ဒီကိုလာပြီး ကော်ဖီသောက်ရင်တောင် မိုးထိုးနေသည့် ကုန်ကျစရိတ်များကို တတ်နိုင်မည်မဟုတ်ပါ။ ရိုးရိုးဟင်းလျာများကလည်း ပိုပြီးတောင် အဓိပ္ပာယ်မဲ့လှသည်။

အရက်ဆိုင်ကတော့...

သာမန်အရက်ဆိုင်များတွင် လှုပ်ရှားမှုများစွာ ရှိကြသည်။ ဥပမာအားဖြင့် အမျိုးသမီးများ အခမဲ့ဝင်နိုင်သော Lad Night များ ရှိသည်။ အထင်ကြီးစရာကောင်းသော ဂီတဘန်ဖျော်ဖြေမှုများလည်း ရှိသည်။ တစ်နည်းအားဖြင့် အရက်ဆိုင်များ အောင်မြင်လာဖို့ဆိုတာ နည်းလမ်းတစ်ခုအရ ကိုင်တွယ်ဖို့ လိုသည်။ စတုရန်းမီတာ ရာကျော်လောက်လေးကို ဒီလို စုတ်ပြတ်သည့် တည်နေရာမျိုးမှာ အရက်ဆိုင်  တစ်ခုဖွင့်ဖို့ လုပ်လိုက်ပါက ကြီးမားတာ တစ်ခုခု ဖြစ်လာနိုင်ပါဦးမလား။

ထို့အပြင် မီနူးကို ကြည့်လိုက်ရင်လည််း တစ်ဖက်မှာတော့ အဆင့်မြင့် အနောက်တိုင်း ဝိုင်မျိုးစုံ ရှိနေသော်လည်း နောက်တစ်ဖက်မှာတော့ ကြက်ဥခရမ်းချဥ်သီးနဲ့ ယုရှန်းဝက်သားကြော်သာ ရှိနေသည်။

ဘယ်လိုလုပ်ပြီး လိုက်ဖက်မှုရှိမှာလဲ။

ကျန်းယွမ် ပိုပြီးစဥ်းစားမိလေလေ ဒီလုပ်ငန်း အခြေအနေကောင်းမှာ မဟုတ်ဘူးဟု ပိုခံစားလာရလေလေ ဖြစ်သည်။

တစ်လအတွင်း နှစ်လအတွင်း အကုန် ကျရှုံးလိမ့်မည်။

ကျန်းယွမ်၏ သဘောထားကို အာရုံရနေသည့်အလား ဖေးချမ့်က သူ့ကို ဆွံ့အသွားစေမည့် အရာတစ်ခုပြောလိုက်ပါသည်။

"ဒီဆိုင်က ထန်းတာ့ကော်ပိုရေးရှင်းရဲ့ ဆိုင်ခန်းတစ်ခုဖွင့်နိုင်ဖို့ ပထမဆုံး ခြေလှမ်းပဲ။ အချိန်တို ဆုံးရှုံးမှာတွေကို စိတ်ပူမနေနဲ့။ ဖျော်ဖြေရေး၊ ဘဝနေထိုင်မှုပုံစံ၊ ဂိမ်းနဲ့ တခြား ကဏ္ဍမျိုးစုံ ပါဝင်တဲ့ ဖျော်ဖြေရေးနေရာကြီးတစ်ခုပဲ။ ခဏတာ အရှုံးပေါ်တာတွေကို လက်မခံနိုင်တာက သာမန်ပါပဲ။  အရေးကြီးတာက လူတွေရဲ့ စိတ်ကို တဖြည်းဖြည်း ပြောင်းလဲပေးဖို့ပဲ။”

ကျန်းယွမ်က ပါးစပ်ဟလိုက်သည်။ သို့သော်လည်း  စကားထွက်မလာတော့ပါ။

ဟုတ်ပါပြီ။ ဘော့စ်ဖေးကိုယ်တိုင်က ခဏတာ အရှုံးပေါ်တာတွေက အရေးမကြီးဘူးလို့ ပြောတော့ လုပ်ကြတာပေါ့။

ဘာပဲဖြစ်ဖြစ် ငါက တစ်လကို ယွမ် ၁၀,၀၀၀ ကျော် လစာရမှာပဲလေ။

...

မာယန်နဲ့ ကျန်းယွမ်တို့ကို လိုက်ပို့ပြီးနောက် ဖေးချမ့် ပိုပြီး စိတ်အေးသွားပါသည်။ ဖေးချမ့်က ဒီနယ်မြေကို အလွန်ကျေနပ်မိပါသည်။ အထူးသဖြင့် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ဖူးပြီး အရှုံးပေါ်သွားသည်ဟု ကြားလိုက်ရသောအခါတွင် ဖြစ်သည်။ ဖေးချမ့်က ပို၍ပင် ပျော်ပါသေးသည်။

ဒီနေရာမှာသာ ဟိုမရောက် ဒီမရောက် ဆိုင်တစ်ဆိုင်ဖွင့်လိုက်ပြီး ကိစ္စများကို အတည်တကျ မဆောင်ရွက်ရသေးခင် တောက်တောက်ပပဖြစ်အောင် ပြင်ဆင်လိုက်ပြီး နောက်ပိုင်း ရလာသည့် ငွေများကိုလည်း သုံးစွဲလိုက်ပါက ဒီနေရာကြီး သေချာပေါက် ပြိုလဲသွားလိမ့်မည်။

သူ့ရဲ့ ဂိမ်းပရောဂျက်နဲ့ ဒီဆိုင်ခန်းက ဖေးချမ့် အရှုံးပေါ်နိုင်ဖို့ ပစ်မှတ်ထားသည့် အဓိက အချက်နှစ်ခု ဖြစ်ပါသည်။

ဟွမ်းစစ်ပေါ်ကတော့ သူအရှုံးပေါ်ရင်တောင် အများဆုံး ယွမ် ၁ သန်းလောက်သာ ရှိမည်။ ဖေးချမ့် သူ့ကို အများကြီး အာရုံစိုက်ဖို့ မတန်ပါ။ ဟွမ်းစစ်ပေါ်  ပိုက်ဆံရနိုင်သည့် လုပ်ရပ်မျိုး မလုပ်သရွေ့ ဖေးချမ့် ဂရုမစိုက်ပါ။

ဗီဒီယိုအတိုလေးတဲ့။ နာမည်ကျော်တချို့ရဲ့ အာရုံစိုက်မှုကို ခံရရင်တောင် ပိုက်ဆံ ဘယ်လောက်ရနိုင်မှာမို့လို့လဲ။

ဘာမှကြောက်စရာမလိုဘူး။

All Chapters