← Chapters

အခန်း(၈၆) ငါ့ကိုယ်ငါ ငှားရမှာလား

Vol. 6 Ch. 86

အခန်း(၈၆) ငါ့ကိုယ်ငါ ငှားရမှာလား

Vol. 6 Ch. 86

အခန်း(၈၆) ငါ့ကိုယ်ငါ ငှားရမှာလား

နေ့လည်ခင်းတွင် ဟွမ်းစစ်ပေါ် ကုမ္ပဏီသို့ ရောက်လာခဲ့ပါသည်။

ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို တိုးတက်မှုအကြောင်း ဆက်တိုက် မေးမနေသော်လည်း ဟွမ်းစစ်ပေါ်က နားလည်ပါသည်။

ယွမ် ၁ သန်းနဲ့ သူလုပ်ချင်တာကိုပဲ လုပ်လို့ မရမှန်း သိပါသည်။ အရင်ဆုံး ဘော့စ်ဖေးနဲ့ တိုင်ပင်စမ်းသပ်ကြည့်တာ ပိုကောင်းမည်။ ဘော့စ်ဖေးကို စိတ်မပျက်စေဘဲ သူ့အပေါ်ထားသည့် ယုံကြည်မှုကိုလည်း မပျက်ဆီးစေချင်ပါ။

အထူးသဖြင့် ရှောင်လုလိုအားလုံးနဲ့ အမှီလိုက်ပြီးနောက် ဟွမ်းစစ်ပေါ်က အလွန်ငယ်ရွယ်ပြီး ကျောင်းသားလို လူတစ်ယောက်ကိုခေါ်လာကာ ဧည့်သည်အခန်းထဲသို့ ဝင်လာခဲ့ပါသည်။

"ဘော့စ်ဖေး ဒါက ကျွန်တော် ဖိတ်ထားတဲ့ ဒါရိုက်တာပါ။ သူက ဟန်တုံးတက္ကသိုလ်မှာ ဒါရိုက်တာပညာ သင်ယူနေတဲ့ စတုတ္ထနှစ် ကျောင်းသားတစ်ယောက်ပါ။ သူ့နာမည်က ကျူးရှောင်စဲတဲ့။” ဟွမ်းစစ်ပေါ်က သူ့ကို နွေးထွေးစွာ မိတ်ဆက်ပေးလိုက်ပါသည်။

"တွေ့ရတာဝမ်းသာပါတယ် ဘော့စ်ဖေး" ကျူးရှောင်စဲက ယုံကြည်ချက် ပြည့်ဝပြီး စိတ်အားထက်သန်သည့် ပုံမျိုး ဖြစ်သည်။ သူက စိတ်လှုပ်ရှားသည့်ပုံကော ကြောက်ရွံ့သည့်ပုံကော မပေါက်ပါ။ အလွန်နွေးထွေးပါသည်။

သူက တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသားဟု ဘော့စ်ဖေး ကြားလိုက်ရသောအခါ အလွန်ပျော်ရွှင်သွားပါသည်။

အဆင့်မြင့်သည့် အတန်းတစ်ခု သို့မဟုတ် နောက်ခံကောင်းကောင်းရှိသည့် ဒါရိုက်တာ တစ်ယောက်သာဆိုရင် ဖေးချမ့် ဘယ်လိုငြင်းရမလဲဟု စဥ်းစားနေရဦးမည်။

ဒါအဆင်ပြေသည်။ ဒီလူက ကျောင်းမှာ ဒါရိုက်တာပညာ အထူးပြုသော်လည်း ကျွမ်းကျင်သူဖြစ်ဖို့တော့ အများကြီး လိုပါသေးသည်။

ဒါရိုက်တာဖြစ်ဖို့ဆိုတာ အလွန်ရှုပ်ထွေးသော အလုပ် ဖြစ်ပါသည်။ ဒါရိုက်တာများစွာက အောင်မြင်လာဖို့ အသက် ၃၀ - ၄၀ လောက်အထိ စောင့်ရသည်။ ဒါတောင် သူတို့က ငယ်ရွယ်သေးသည့်အထဲပါသည်။

စတုတ္ထနှစ် ကျောင်းသားတစ်ယောက်က... ဘာလုပ်နိုင်မှာလဲ။

"မင်းတို့တွေ ဗီဒီယိုအတိုလေး ရိုက်မယ်လို့ ကြားတယ်။ Theme တစ်ခုကို စဥ်းစားပြီးပြီလား။" ဖေးချမ့်က ပြုံးကာ မေးလိုက်ပါသည်။

ဟွမ်းစစ်ပေါ်က ခေါင်းငြိမ့်လိုက်ပါသည်။ "စဥ်းစားပြီးပါပြီ ဘော့စ်ဖေး။ ဘော့စ်ဖေးအကြောင်း ရိုက်မှာပါ။"

ဖေးချမ့် နားကြားမှားနေသည်ဟုပင် ထင်သွားသည်။

"ငါ့ကို ရိုက်မှာ ဟုတ်လား။ ငါ့အကြောင်း ဘာရိုက်စရာရှိလို့လဲ။”

ဟွမ်းစစ်ပေါ်က ပြုံးကာ ပြောလိုက်ပါသည်။ "ဒါက တကယ်တော့ ကျွန်တော့်အကြံပါ။ ရာဇဝင်တွေဖန်တီးမယ့် ဘော့စ်ဖေးက ရိုက်ကူးဖို့ အကောင်းဆုံးလူဖြစ်မယ်လို့ ခံစားမိတယ်။ ဟုတ်ပါတယ်။ Content အသေးစိတ်ကိုတော့ မသိသေးပါဘူး။ ဒါရိုက်တာကျူးက အဲ့တာတွေကို တာဝန်ယူပါလိမ့်မယ်။ ဒါရိုက်တာကျူး ကျေးဇူးပြုပြီး ဘော့စ်ဖေးကို မင်းရဲ့အိုင်ဒီယာတွေ ပြောပြလိုက်ပါ့ဦး။"

"ကောင်းပါပြီ" ဒါရိုက်တာ ကျူးရှောင်းစဲက ဆက်ပြောသည်။ "အစ်ကိုဟွမ်းဆီက ခင်ဗျားရဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေအကြောင်း ကြားဖူးပါတယ်။ ခင်ဗျားက တကယ်ပဲ ရိုက်ကူးလို့ကောင်းမယ့်လူလို့ ကျွန်တော် ထင်တယ်။ ခင်ဗျားရဲ့ နေ့စဥ်ဘဝ လုပ်ငန်းတွေထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာတွေကို ရိုက်ကူးချင်တယ်။”

ဖေးချမ့် အနည်းငယ် စိတ်ရှုပ်သွားသည်။

"အလုပ်လုပ်တဲ့အချိန်တွေမှာ... စိတ်ဝင်စားဖို့ ကောင်းတာဖြစ်တတ်လို့လား။”

သူ အသေးစိတ် ပြန်စဥ်းစားကြည့်လိုက်သည်။ သူ့အလုပ်က ဘာတွေ စိတ်ဝင်စားဖို့ ကောင်းနေလို့လဲ။

အလုပ်က လစ်တာက စိတ်ဝင်စားဖို့ကောင်းလို့လား။

ဂိမ်းတစ်ခုကို ဖန်တီးဖို့ ၂ လလောက် ကြာမြင့်သော်လည်း သူ ရုံးကို လာသည့်အကြိမ်က လက်ချိုးရေတွက်လို့ရတယ်မဟုတ်လား။

ရိုက်ကူးဖို့ ဘာမှ စိတ်ဝင်စားဖို့ကောင်းတာ မရှိပါ။

ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့က ဘာလို့ရိုက်ချင်ကြတာလဲ။ မဟုတ်မှလွဲရော... သူတို့ ဖားချင်ကြတာလား။

အင်း... အဲ့တာပဲဖြစ်နိုင်တယ်...

ဖေးချမ့် တကယ်တော့ မကန့်ကွက်ပါ။ ဘယ်သူက အမြောက်ခံရတာ မကြိုက်ဘဲနေမှာလဲ။

သူပိုက်ဆံအရှုံးပေါ်ရင် အဆင်ပြေပါပြီ။

ဒီ Theme က ပျင်းဖို့ကောင်းလွန်းသည်။ ဆိုလိုရင်းက ဒီဗီဒီယိုအတိုမှာ နောက်ဆုံးမှာ မအောင်မြင်နိုင်ပါ။ စီးပွားရေးများနဲ့ မချိတ်ဆက်နိုင်သလို အင်တာနက် ဝက်ဘ်ဆိုက်များနဲ့လည်း ပူးပေါင်းနိုင်မှာ မဟုတ်ပေ။ ကျရှုံးနိုင်ချေက အလွန်မြင့်မားပါသည်။

အလားအလာရှိသည့်ပုံပင်။

ကျူးရှောင်စဲက အမြန်ပြောလိုက်သည်။ "ဘော့စ်ဖေး Theme ကို စိတ်မပူပါနဲ့။ အနုပညာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေကနေ ဖြစ်တည်လာတာ။ ဒါပေမယ့် အဲ့တာတွေကို ကျော်လွန်သွားတယ်။ ကျွန်တော် ရိုက်ကူးတဲ့အချိန်ကျရင် ခင်ဗျားရဲ့ ဂုဏ်သိက္ခာနဲ့ သင့်တော်မယ့် အနုပညာနည်းလမ်းတွေကို သုံးသွားမှာပါ။"

"ဟုတ်တာပေါ့။ ကျွန်တော် အထူးဆက်တင် တချို့နဲ့ စတိုင်တွေလည်း သုံးနိုင်တယ်။ ဒါက ရိုက်ကူးနေတုန်း စိတ်ဝင်စားမှုအပေါ် မူတည်တာပေါ့။”

ကျူးရှောင်စဲက ပရော်ဖက်ရှင်နယ်ဆန်သည့် ပုံစံမျိုးဖြင့် ဆက်ပြောသည်။ အနည်းငယ် အခြေအမြစ်မရှိဘဲ သူ ဒီစကားလုံးများကို သုံးရတာ အလေ့အကျင့်ဖြစ်နေသလိုပင်။

ဖေးချမ့်အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူ ငြီးငွေ့ဖွယ် ကောင်းလောက်အောင် အကျွမ်းဝင်သည့် အရာတစ်ခုကို ခံစားလိုက်ရသလိုပင်။

သို့သော်လည်း ဒီ ငြီးငွေ့ဖွယ် ကောင်းလောက်အောင် အကျွမ်းဝင်သည့် အရာက  ဘယ်ကနေ ရောက်လာသလဲ မမှတ်မိနိုင်ပါ။

ဒီ Theme ကိုတော့ သူ ဘာမှ အထင်အမြင် ပေးစရာ မရှိပေ။ အမြတ်မရရင် အဆင်ပြေပါပြီ။

ဖေးချမ့်က ဒီကိစ္စကိုသာ အဓိက စိတ်ဖိစီးနေရခြင်း ဖြစ်သည်။ ဒီလို ရိုက်ကူးသည့်ပုံစံအရ ယွမ် ၁ သန်း အကုန်သုံးနိုင်ပါ့မလား။

ရည်ရွယ်ချက်က သူ့နေ့စဥ်လုပ်ငန်းများကို ရိုက်ကူးဖို့ဆိုလျှင် ဆက်တင်က သူ့ရုံးခန်းထဲမှာ ဖြစ်ရမည်။ ထိုအချိန်တွင် နေရာငှားခတွေလည်း သက်သာလိမ့်မည်။ ပစ္စည်းများ၊ ဝတ်စုံများ စတာတွေကလည်း လိုအပ်မှာ မဟုတ်ပါ။ ကုန်ကျစရိတ်က ရှည်လျားလွန်းပါက တကယ်ပဲ အရှုံးပေါ်နိုင်ရင်တောင် အများကြီး မဟုတ်လောက်ပါ။

ယွမ် ၁ သန်းကို အကုန် မသုံးနိုင်ပါက ပြဿနာ တက်လာနိုင်ပါသည်။

"ဒီလိုရိုက်ကူးမယ်ဆိုရင် ယွမ် ၁ သန်းကုန်ပါ့မလား။ မင်းတို့တွေ ဘက်ဂျက်ကို စိတ်ပူစရာ မလိုဘူးနော်။ ဒိပမာဏနဲ့ မလုံလောက်ရင် ငါအမြဲတမ်း ထပ်ဖြည့်ပေးလို့ရတယ်။ ဦးစားပေးက ကောင်းကောင်းမွန်မွန် ရိုက်ကူးနိုင်ဖို့ပဲ နားလည်လား။”

ဖေးချမ့်က ဒီဗီဒီယိုကို တကယ် စိတ်ပူနေသည့် ပုံစံပင်။

ကျူးရှောင်စဲက ပြုံးကာ ပြောလိုက်သည်။ "စိတ်ချပါ ဘော့စ်ဖေး အစ်ကိုဟွမ်းနဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ ဘော့စ်ဖေးနဲ့ တခြားဝန်ထမ်းတွေကို ရိုက်ကူးရေးအတွင်းမှာ ရိုက်ကူးခပေးမှာပါ။ ခင်ဗျားငွေမလိုဘူးဆိုတာသိပေမယ့် ဒီတိုင်း အသေးအဖွဲကိစ္စလေးပဲကို။”

"နေရာငှားခကိုလည်း အထိုက်အလျောက် ပေးသွားမှာပါ။”

"ကျွန်တောတို့ နောက်ပိုင်း Editing တွေအတွက် ပစ္စည်းကိရိယာတွေ ဝယ်ဖို့လည်း သုံးလို့ရတာပဲ။ ကျန်ငွေတွေကိုတော့ ကြော်ညာဖို့ သုံးမယ်။ ကျွန်တော် တွက်ချက်ပြီးပါပြီ။ ဘက်ဂျက်က လုံလောက်မှာပါ။”

"ရိုက်ကူးရေးခနဲ့ နေရာငှားခ ဟုတ်လား" ဖေးချမ့် အနည်းငယ် အံ့သြသွားပါသည်။

ကျူးရှောင်စဲက ပြန်ပြောလိုက်ပါသည်။ "ကျွန်တော်တို့ အပိုင်းအရေအတွက် အပေါ် မူတည်ပြီး ရိုက်ကူးရေးခပေးဖို့ စီစဥ်ထားတယ်။ ရုပ်ရှင်အတိုတစ်ခုကို တစ်မိနစ်ပဲကြာမယ်။ ရိုက်ကူးရေးခက တစ်ပိုင်းကို ဘော့စ်ဖေးအတွက် ၁,၀၀၀ ယွမ်ပါ။ ကျန်တဲ့လူတွေကတော့ တစ်ပိုင်းကို ယွမ် ၂၀၀ စီရမှာပါ။”

"ဘာပဲဖြစ်ဖြစ် ခင်ဗျားက အဓိကဇာတ်ကောင်ဖြစ်ပြီး ခင်ဗျားရဲ့ ဇာတ်ဝင်ခန်းတွေကလည်း များတာကိုး။"

"ကျွန်တော်တို့ အတွဲ ၃ခု အတွဲတစ်ခုကို ၁၀ ပိုင်းစီ ရိုက်ကူးဖို့ စီစဥ်ထားပါတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့ ငွေအမြန်ပြန်ရဖို့ ရည်ရွယ်ထားတယ်။ စုစုပေါင်း ခင်ဗျားရဲ့ ရိုက်ကူးခက ၃၀,၀၀၀ ယွမ်လောက် ရှိမှာပါ။ နေရာငှားခကိုတော့ ၅၀,၀၀၀ ယွမ်ဆို လုံလောက်မလား။ အများကြီး မဟုတ်ဘဲ ခင်ဗျားလည်း လိုမှာမဟုတ်တာ သိပါတယ်။ အရေးအကြီးဆုံးက ဒါက ကျွန်တော်တို့ရဲ့ လေးစားသမှုပါ။ ကျွန်တော်တို့ အားလုံးကို အလကားအလုပ်ရှုပ်ခိုင်းလို့တော့ မရဘူးလေ။"

ဖေးချမ့်၏ မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားပါသည်။

နေပါဦး။

ငါ့ကို ရိုက်ကူးခပေးမယ် ဟုတ်လား။

တစ်ခုခုတော့ မှားနေပြီ။

ပြန်စဥ်းစားကြည့်လိုက်ရအောင်

ငါက ဟွမ်းစစ်ပေါ်ကို သူလုပ်ချင်တာကို ရင်းနှီးမြှုပ်နှံဖို့ ယွမ် ၁ သန်းပေးလိုက်တယ်။ ရလဒ်အနေနဲ့ ဟွမ်းစစ်ပေါ်က ဒီယွမ် ၁ သန်းကို သုံးပြီး ငါ့ကို ဗီဒီယိုအတိုတစ်ပုဒ်အတွက် ဇာတ်လိုက်လုပ်ဖို့ ဖိတ်ကြားတယ်။ ပြီးတော့ ရိုက်ကူးခလည်း ပေးမယ်။ ငါ့ပိုက်ဆံက သံသရာလည်ပြီး ငါ့ဆီပြန်ရောက်လာတာပဲ။ ငါက ငါ့ကိုယ်ငါ ငှားဖို့ ပိုက်ဆံသုံးနေရတာပဲ။

ရူးချင်စရာကြီး>

ဟမ်... မဟုတ်ဘူး နေဦး။

ဒီလိုမဟုတ်ဘူး။

ဖေးချမ့် တစ်ခုခု မှားနေတာကို ရုတ်တရက် သိသွားသည်။

သူက သူ့ကိုယ်သူ ငှားဖို့ ပိုက်ဆံသုံးတာ မဟုတ်ပေ။

စနစ်ရန်ပုံငွေကို သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ် တစ်နည်းတစ်ဖုံ ပြောင်းလဲနေခြင်းပင်။

အဲ့ဒီ ယွမ် ၁ သန်းက စနစ်ရန်ပုံငွေပဲ။ အိပ်မက်ရန်ပုံငွေအကြောင်းပြပြီး ဟွမ်းစစ်ပေါ်ကို ရင်းနှီးမြှုပ်နှံခိုင်းလိုက်တာပဲ။

ဟွမ်းစစ်ပေါ်က ကျူးရှောင်စဲတို့က ငါ့ကို ရိုက်ကူးခပေးတော့ ငါ့ရဲ့ကိုယ်ပိုင်စည်းစိမ်အဖြစ် သတ်မှတ်လို့ ရတာပေါ့။

ဘော့စ်တစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ ပိုက်ဆံကို သုံးပြီး ကိုယ့်ကိုယ်ကို လစာပေးလို့မရဘူးလို့ပဲ စနစ်ကပြောထားတာ။

ဒါပေမယ့် တခြားတစ်ယောက်ယောက်က ငါ့ကိုလစာပေးရင် စနစ်က ခွင့်မပြုဘူးလို့မပြောဘူး။

ဖေးချမ့်၏ မိသားစုဝင်များက သူ့ကို ပိုက်ဆံ တချို့ ပေးတုန်းကလိုဖြစ်သည်။ စနစ်က ဂရုမစိုက်ပါ။

ပိုက်ဆံကို ဟွမ်းစစ်ပေါ်ကို ပေးလိုက်ကတည်းက စနစ်ရန်ပုံငွေကို သုံးလိုက်ပြီဟု သတ်မှတ်နိုင်သည််။

ထို့အပြင် ဇာတ်လမ်းတို၏ သရုပ်ဆောင်တစ်ယောက်အနေဖြင့် ဖေးချမ့် ရိုက်ကူးရေးခနည်းနည်းရတာ ဖြစ်သင့်ပါသည်။ ဒါက အလုပ်လုပ်ပြီး ရလာသော သာမန်လစာဖြစ်သည်။ စနစ်အရဆို တားမြစ်ထားသော အရာမဟုတ်ပေ။

ဖေးချမ့် သဘောပေါက်သွားသည်။

သူ ရိုက်ကူးရေးခ မလိုဘူးလို့ ဘယ်သူပြောလဲ။

သူ အများကြီး လိုအပ်သည်။

ဖေးချမ့် တိုးတိတ်စွာဖြင့် စိတ်ထဲမှ မေးလိုက်သည်။ "စနစ် ငါဒီရိုက်ကူးရေးခကို လက်ခံလို့ရလား။"

"ရပါတယ်" ဟူသော စာလုံးက စနစ်မျက်နှာပြင်တွင် ပေါ်လာခဲ့ပါသည်။

[ အလုပ်လုပ်ဆောင်ခြင်းမှ ရလာသော အခကြေးငွေတိုင်းကို တရားမျှတသော ဝင်ငွေဟု သတ်မှတ်နိုင်ပါတယ်။ စနစ်က ပယ်ရှားမှာ မဟုတ်ပါ။ လိုအပ်ချက်ကတော့ စနစ်ရန်ပုံငွေကို မသမာသောနည်းလမ်းဖြင့် မပြောင်းလဲဘဲ အခကြေးငွေကလည်း စျေးကွက်စံနှုန်းအတိုင်း ကိုက်ညီသင့်တော်မှု ရှိရပါမယ် ]

ဟုတ်တယ်လို့ ဖြေလိုက်တာပဲ။

ဖေးချမ့် အားတက်သရော လက်ဟန်ပြကာ ပြောလိုက်သည်။ "နေရာငှားခပေးစရာမလိုဘူး။ အဲ့ဒီပိုက်ဆံတွေကို တခြားနေရာမှာ သုံးလိုက်။ ရိုက်ကူးရေးခကိုတော့... မင်းတို့ကို အသိအမှတ်ပြုလို့ ယူလိုက်မယ်။”

"ဒါဆို ...ကောင်းတာပေါ့" ကျူးရှောင်စဲက အလွန်ပျောင်ရွှင်သွားကာ ပြောလိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ် ဘော့စ်ဖေး။”

နေရာငှားခ ယွမ် ၅၀,၀၀၀ ပေးမယ်ဟုတ်လား။

ဖေးချမ့် ဂရုမစိုက်ပါ။

အရေးကြီးတာက... ထိုပိုက်ဆံတွေက သူ့လက်ထဲ ရောက်လာမှာ မဟုတ်ပါ။

နေရာငှားခမှာ သေချာပေါက် ကုမ္ပဏီနဲ့ သက်ဆိုင်မှာဖြစ်သည်။ ထို့အပြင် ကုမ္ပဏီ၏ လယ်ဂျာစာအုပ်ထဲ ဝင်သွားတာနဲ့ စနစ်ရန်ပုံငွေအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ဖေးချမ့် ဒီပိုက်ဆံကို ရဖို့ စနစ်ကို အသုံးချလို့မရပါ။ ရုံးနေရာက ကုမ္ပဏီ၏ ပိုင်ဆိုင်မှု ဖြစ်သည်။

အပြန်အလှန်အားဖြင့် သရုပ်ဆောင်တစ်ယောက် အနေဖြင့် ဖေးချမ့်နဲ့ ကျူးရှောင်စဲတို့က အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးတစ်ခု တည်ဆောက်လိုက်ရသည်။ ကျူးရှောင်စဲနဲ့ သဘောတူညီမှုဖြစ်ပြီး ဟွမ်းစစ်ပေါ် ဖန်တီးထားသည့် အရန်လုပ်ငန်းတစ်ခု ဖြစ်သည်။

ဒါက ထန်းတာ့ ကော်ပိုရေးရှင်းနဲ့ မတူညီဘဲ ကုမ္ပဏီ လယ်ဂျာစာအုပ်ထဲလည်း ရောက်လာမှာ မဟုတ်ပေ။ ထို့အပြင် အကြောင်းပြချက်က လုံလောက်ပြီး သင့်တော်သဖြင့် စနစ်က ဂရုမစိုက်ပါ။

ဖေးချမ့်က ဆန္ဒရှိပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးသွားလုပ်ကာ ပိုက်ဆံရလာသလိုပင်။ စနစ်က ထိုပိုက်ဆံများကို ဂရုစိုက်မှာ မဟုတ်ပါ။ လိုအပ်ချက်က ဖေးချမ့်မှာ စနစ်ကို ဖျံကျဖို့ စားသောက်ဆိုင်နဲ့ မသမာစွာ မပူးပေါင်းထားဖို့ ဖြစ်ပါသည်။

စနစ်ကို ဖျံကျတယ်ဆိုတာ ဘာကိုကြည့်ပြီး သတ်မှတ်သနည်း။

ဥပမာအားဖြင့် ဖေးချမ့်က မာယန်နဲ့ တိုင်ပင်ပြီး ယွမ် ၁ သန်းပေးကာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ခိုင်းလိုက်သည်။ မာယန်က ယွမ် ၃၀၀,၀၀၀ ထုတ်ပြီး ဖေးချမ့်ကို ပန်းကန်ဆေးဖို့ ငှားလိုက်၏။ ဒါကို စနစ်အား ဖျံကျသည်ဟု ခေါ်နိုင်ပါသည်။

ပထမဆုံး ဖေးချမ့်ရထားသည့် ပိုက်ဆံမှာ သူစိုက်ထုတ်ရသည့် အားနဲ့ ညီမျှရမည်။ ဒုတိယက ထိုပိုက်ဆံမှာ ကုမ္ပဏီစာရင်းငွေနဲ့ တိုက်ရိုက်ဆက်နွယ်မှုမရှိရပါ။ ဖေးချမ့်သာ ကုမ္ပဏီအကောင့်ကို သုံးပြီး သူ့ကိုယ်သူ ပိုက်ဆံပေးဖို့ ကြိုးစားပါက တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ပါ။

သို့သော်လည်း ဒီလိုမျိုး အရန်ကုမ္ပဏီသို့မဟုတ် ကြားခံလုပ်ငန်းမျိုး ဖြစ်ပါက ကုမ္ပဏီအကောင့်နဲ့ တိုက်ရိုက်ဆက်နွယ်မှု မရှိဘဲ သင့်တင့်သော လုပ်ခလစာကိုလည်း ပေးအပ်ပါက ခွင့်ပြုနိုင်ပါသည်။

ထို့ကြောင့် စနစ်က ဖေးချမ့် ရိုက်ကူးခယူခြင်းကို စည်းကမ်းနဲ့မညီဘူးဟု မသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ဖေးချမ့် အရင်တုန်းက အားအများကြီး စိုက်ထုတ်ခဲ့တာတောာင် ယွမ် ၂၀,၀၀၀ သာ ရခဲ့ပါသည်။

ဒီတစ်ခေါက်တော့ ဇာတ်လမ်းတိုလေးမှာ တစ်ပိုင်းကို တစ်မိနစ်သာရှိမည်။ အပိုင်း ၃၀ အတွက် ၃၀,၀၀၀ ယွမ် ဖြစ်ပါသည်။ အလွန်အကျိုးအမြတ်ရှိပါသည်။

အရင်တုန်းက ဒီလိုလှည့်ကွက်မျိုး ဘာလို့ မစဥ်းစားမိပါလိမ့်။

ဖေးချမ့်က တကယ်ပဲ ရင်ထဲမှာ ပန်းပွင့်နေပါသည်။ ဒီအစီအစဥ်က အလုပ်ဖြစ်နိုင်တာပဲ။

"ဟုတ်ပြီ ဘော့စ်ဖေး စာချုပ်ချုပ်ကြစို့။"

ကျူးရှောင်စဲက သူ့ကျောပိုးအိတ်ထဲမှ စာချုပ်တစ်ခုကို ထုတ်ကာ ဖေးချမ့်ကို ပေးလိုက်ပါသည်။

"ငါထပ်ပြီး သေချာအောင်မေးမယ်နော်။ မင်းတို့ကောင်တွေရိုက်မယ့် ရုပ်ရှင်တို့က 'အံ့အားသင့်ဖွယ်' ဆိုတဲ့ နာမည်နဲ့ မဟုတ်ဘူးမလား" ဖေးချမ့်က ဘာမှမဟုတ်သလို မေးလိုက်ပါသည်။

ကျူးရှောင်စဲက အနည်းငယ် ကြောင်သွား၏။ "မဟုတ်ပါဘူးဗျာ။”

ဖေးချမ့် စိတ်အေးသွားပါသည်။

All Chapters