အခန်း(၈၇) ဘော့စ်ဖေးရဲ့ အရိပ်အမြွက်
Vol. 6 Ch. 87
အခန်း(၈၇) ဘော့စ်ဖေးရဲ့ အရိပ်အမြွက်
ကျူးရှောင်စဲ၏ အိတ်ထဲမှာ စာချုပ်များစွာ ရှိနေတာကို ဖေးချမ့် သတိထားလိုက်မိသည်။ ကုမ္ပဏီထဲက ရိုက်ကူးရေးခရမည့် လူအားလုံးကိုပါ စာချုပ်ချုပ်ခိုင်းမလို့ ဖြစ်နိုင်ပါသည်။
ဖေးချမ့်က ဒါမျိုးကို အလွန်အကြူး လုပ်နေသည်ဟု ပြောချင်မိသည်။ သို့သော်လည်း သူပြန်စဥ်းစားကြည့်လိုက်သောအခါ ကျူးရှောင်စဲ စာအုပ်ကြီးအတိုင်း လိုက်လုပ်နေတာ မှန်ကန်သည်ဟု ထင်လိုက်မိပါသည်။
ဟွမ်းစစ်ပေါ် ယွမ် ၁ သန်းရပြီးတည်းက သုံးစွဲလိုက်သည့် ပိုက်ဆံတိုင်းကို စာချုပ်စာတမ်းနဲ့ ရှင်းရှင်းလင်းလင်း လုပ်ထားချင်သည်။ သရုပ်ဆောင်အားလုံးကို လက်မှတ်ထိုးခိုင်းခြင်းက ဖြစ်သင့်ပါသည်။
ဒီတိုင်း... ကျူးရှောင်စဲက စာချုပ်အားလုံး ပြင်ဆင်ပြီး ရောက်လာလိမ့်မည်ဟု မထင်ထားရုံသာ ရှိပါသည်။
အရန်လုပ်ငန်း၏ နာမည်က ဖေးဟွမ်လုပ်ငန်းခွင်ဖြစ်သည်။
ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့က ဒီနာမည်ကို ပူးပေါင်းစဥ်းစားထားကြခြင်း ဖြစ်ပါသည်။ ဒီနာမည်က ဟွမ်းစစ်ပေါ်၏ နောက်နာမည်လည်း ပါဝင်သလို ထန်းတာ့ကော်ပိုရေးရှင်းကိုလည်း အနည်းငယ် လေးစားသမှုပြုထားသည်။
ဖေးချမ့်က သူ့ပေါင်သူ ထောင်းလုနီးပါးဖြစ်သွားပြီး အော်လိုက်ပါသည်။ "ကောင်းတာပေါ့။"
ဒီနာမည်က... တကယ်ပဲ ငါ့အတွက်တော့ ကျေနပ်ဖို့ကောင်းတယ်။
ဖေးဟွမ်လုပ်ငန်းခွင်က ထန်းတာ့နက်ခ်ဝါ့နည်းပညာ ကုမ္ပဏီလီမိတက်၏ အရန်လုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အမြတ်အားလုံးကို မူရင်းကုမ္ပဏီသို့ ပြန်ပေးရမည်။ သို့သော်လည်း အမြတ်ငွေခွဲဝေခြင်းကိုတော့ ဘာမှဆွေးနွေးစရာ မလိုပေ။ ဖေးချမ်ကလည်း သိပ်ပြီး အသေးစိတ် မလုပ်လိုပါ။
ဒိအရန်လုပ်ငန်း လတိုင်း အရှုံးပေါ်ပါစေဟုသာ မျှော်လင့်နေမိသည်။
စာချုပ်၏ စာမျက်နှာများကို လှန်ကြည့်ပြီး ဖေးချမ့်၏ မျက်လုံများက ဒီဗီဒီယိုအတို စီးရီး၏ နာမည်ကို အရင်ရှာဖတ်လိုက်ပါသည်။
"ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ"
ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။
ဟူး... အံ့အားသင့်ဖွယ် မဟုတ်ရင် အားလုံးအဆင်ပြေတယ်။
စာချုပ်ထဲမှာ ဇာတ်ညွှန်းကို အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ ကျူးရှောင်စဲနဲ့ ဟွမ်းစစ်ပေါ်တို့က ဘယ်လိုရိုက်ရမလဲ ဘယ်လိုရိုက်ကူးရမလဲ ဆိုတာကို မသိသေးသောကြောင့် ဖြစ်ပါသည်။ သူတို့ ဇာတ်ညွှန်းတစ်ခုလည်း မရေးရသေးတာ သိသာပါသည်။
စာချုပ်တွင် ဒါရိုက်တာက ဖန်တီးမှုနဲ့ပတ်သက်ပြီး အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းနဲ့ အခွင့်အလမ်းများ ပိုင်ဆိုင်ရမည်ဟု ပါသည်။ သရုပ်ဆောင်များကလည်း သူ့တောင်းဆိုမှုအတိုင်း လိုက်နာရမည်။
အမှန်ပင်။ ဒါရိုက်တာကလည်း မဟုတ်တာ ခိုင်းလို့မရပါ။
ရိုက်ကူးခကို တစ်ပိုင်း ၁,၀၀၀ ပုံသေ သတ်မှတ်ထားသည်။ အတွဲ ၃ခုရှိပြီး တစ်ခုကို အပိုင်း ၁၀ ပိုင်းရှိသည်။
နောက်ဆုံးမှာတော့ စာချုပ်ဖောက်ဖျက်မှုကိုလည်း ဖော်ပြထားသည်။ ဒါရိုက်တာ သို့မဟုတ် သရုပ်ဆောင်များက စာချုပ်ကို ဖောက်ဖျက်ခဲ့ပါက ရထားသည့် လခထက် သုံးဆ ပေးလျော်ရမည်။
ဒီလို စာချုပ်ဖောက်ဖျက်မှု လျော်ကြေးငွေ ပမာဏမှာ ပုံမှန်ပဲ ဖြစ်သည်။ သရုပ်ဆောင် အားလုံးက ဒီအခြေအနေရပ်ကို လိုက်နာရမည်။
ဖေးချမ့်ကလည်း သိပ်ပြီး စိတ်ထဲမထားပါ။ သူက စာချုပ်ကို ဖောက်ဖျက်ဖို့လည်း အစီအစဥ်မရှိပေ။ ထို့အပြင် ဒီရုပ်ရှင်တိုက တစ်ပိုင်း ၁ မိနစ်သာရှသည်။ အပိုင်း ၃၀ ဆို မိနစ် ၃၀ သာ ရှိလိမ့်မည်။ ဒီလိုသက်သာချောင်ချိသည့် လုပ်ငန်းမျိုးကြောင့် ဘယ်သူက စာချုပ်ကို ဖောက်ဖျက်မည်နည်း။
သူ စာချုပ်ကို လက်မှတ်ထိုးလိုက်ပါသည်။
"ဟုတ်ပြီ ကျွန်တော်တို့ ဘော့စ်ဖေးနဲ့ လုပ်ငန်းကို မနှောင့်ယှက်တော့ပါဘူး ကျွန်တော်တို့ ချက်ချင်းပြန်ပြီး ဇာတ်ညွှန်းစရေးပါတော့မယ်။ ရိုက်ကူးရေးလုပ်ဖို့ အချိန်ရောက်တဲ့အခါ ပြန်လာခဲ့ပါ့မယ်။”
ကျူးရှောင်စဲနှင့် ဟွမ်းစစ်ပေါ်တို့က တခြား စာချုပ်များကို လက်မှတ်ထိုးခိုင်းဖို့ တခြားဝန်ထမ်းများကို သွားတွေ့ရန် ထွက်သွားပါသည်။
ကုမ္ပဏီထဲမှာ ရုပ်ရှင်ရိုက်ချင်ကြသည့် လူများစွာ ရှိပါသည်။ တချို့ Roles များကို မဖြည့်နိုင်ပါက အပြင်လူများကို သရုပ်ဆောင်လုပ်ဖို့ ဖိတ်ခေါ်ရမည်။ လူတိုင်းကို တူညီသော ရိုက်ကူးရေးခပေးပြီး တူညီသော စာချုပ်ချုပ်ခိုင်းရပါသည်။
ဖေးချမ့်က ဧည့်သည်ခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း သူ့ဘဝ အဆင်ပြေလာပြီဟု ရုတ်တရက် ခံစားလိုက်ရပါသည်။
စနစ်က ငါ့ကို စောင့်ရှောက်နေတာပဲ။
အရန်လုပ်ငန်းတစ်ခု လုပ်လိုက်တော့ ချက်ချင်း ယွမ် ၃၀,၀၀၀ ရနိုင်တယ်။ စနစ်က ဂရုမစိုက်ဘူး။
အမှန်ပင်။ ဖေးချမ့်၏ လုပ်ရပ်များက စနစ်အတွက် ညစ်ပတ်သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း တခြားရှုထောင့်တစ်ခုမှကြည့်ရင်လည်း စနစ်က သည်းခံပြီး မျက်စိတစ်ဖက်မှိတ် ပေးထားသည်ဟု ဆိုနိုင်သည်။ သူ့အပေါ် အရမ်းကြီး မရက်စက်ပါ။
ယွမ် ၃၀,၀၀၀ က အများကြီး မဟုတ်သော်လည်း အလျင်အမြန် ရနိုင်သော ငွေကြေးဖြစ်ပါသည်။
ဖေးချမ့် အရင်တစ်ပတ်တုန်းက အစွမ်းကုန် ငွေသုံးဖို့ ကြိုးစားခဲ့သော်လည်း သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၂၀,၀၀၀ သာ ပြောင်းလဲနိုင်ခဲ့သည်။ ယွမ် ၃၀,၀၀၀ ကို သူ အများကြီး စွဲလမ်းနေပါသေးသည်။
ထို့အပြင် ဒီလိုစမှတ်မျိုးနဲ့ ဖေးချမ့် စနစ်ကို ဆက်ပြီး လှည့်စားလို့ မရနိုင်ဘူးလား။
မဟုတ်မှလွဲရော တစ်နေ့ သူ ရိုက်ကူးခ အမြောက်အများ ရမလာနိုင်ဘူးလား။
ရနိုင်ပါသည်။ စနစ်၏ လက်ခံနိုင်သော အတိုင်းအတာ ပမာဏအတွင်းရှိသရွေ့ ရနိုင်ပါသည်။
ဖေးချမ့် စိတ်ကူးစယဥ်မိတော့သည်။
ရှန်းဟွာဗျူးက ထွက်လာပြီး ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ ဟွမ်းစစ်ပေါ်၏ တိုက်ခန်းသို့ သွားလိုက်ကြသည်။
သူတို့ အရင်းအနှီး ယွမ် ၁ သန်း ရထားသော်လည်း ဟွမ်းစစ်ပေါ်က သူ့သုံးစွဲမှုကို စနစ်တကျ ရှိစေချင်ပါသည်။ ရုံးခန်းတစ်ခု ငှားရမ်းဖို့လို အကြီးအကျယ်လုပ်မှာတော့ မဟုတ်ပါ။
တကယ်တော့ Editing နှင့် ဖြန့်ချီရေးတို့ကို ဆောင်ရွက်ဖို့ သူ့တိုက်ခန်း၏ ဧည့်ခန်းထဲမှာသာ ကွန်ပျူတာ ၂ လုံး ၃ လုံးလောက် ဆင်ဖို့ စီစဥ်ထားပါသည်။ သေချာပေါက် အစပိုင်းအဆင့်များကိုတော့ ဒီလို ကိုင်တွယ်နိုင်ပါသည်။
ဗီဒီယိုမျာား ရေပန်းစားလာပြီး နာမည်ကျော်များက သူတို့ကို စတင် ဝေဖန်ချက်လာပါက ရုံးလုပ်ငန်းခွင်တစ်ခု စဥ်းစားဖို့ နောက်မကျနိုင်ပါ။
"ဘော့စ်ဖေးရဲ့ အပြည့်အဝ ထောက်ခံမှုနဲ့ဆို ဒိပရောဂျက်သေချာပေါက် အောင်မြင်မယ်လို့ ငါတော့ယုံကြတယ်။ ဒါပေမယ့် ငါတို့... ဇာတ်ညွှန်းတော့ ဆုံးဖြတ်ရမယ်" ကျူးရှောင်စဲက ပြောလိုက်ပါသည်။
ဟွမ်းစစ်ပေါ်က ခေါင်းငြိမ့်လိုက်သည်။ "အေး အဲ့ဒါလုပ်ဖို့ အချိန်ကျပြီ။”
သူတို့နှစ်ယောက် အစကတော့ သူတို့မှာ အထူးတလည် အိုင်ဒီယာများ မရှိခဲ့ကြပါ။ သို့သော်လည်း သူတို့တွင် ရန်ပုံငွေ အကန့်အသတ်ရှိပြီး အကြီးအကျယ်ရိုက်ကူးဖို့ မတတ်နိုင်သဖြင့် သူတို့ ဗီဒီယိုအတိုလေးသာ ရိုက်ကူးနိုင်ကြသည်။
ဗီဒီယိုအတိုများက ခြားနားသော Theme များ ရှိကြပါသည်။ သို့သော်လည်း ကွဲထွက်နေမည့် ဘယ်လိုအရာကိုမှ သူတို့ မစဥ်းစားနိုင်ကြချေ။
နောက်ဆုံးတော့ ဟွမ်းစစ်ပေါ်က ရုတ်တရက် တစ်ခုခုကို စဥ်းစားလိုက်မိပြီး ခေါင်းကို ထုလိုက်ပါသည်။
ဘော့စ်ဖေးကို ရိုက်ကူးဖို့ အနုပညာဆိုတာ နေ့စဥ်ဘဝကလာပြီး နေ့စဥ်ဘဝများကို ကျော်လွန်သွားတတ်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်။ ဗီဒီယိုကောင်းတစ်ခု ရိုက်ကူးနိုင်ဖို့ သူတို့ တစ်စုံတစ်ယောက်၏ ဘဝအကြောင်းကို ရိုက်ကူးရမည်။
ဟွမ်းစစ်ပေါ်ကတော့ ဘော့စ်ဖေးကိုသာ တွေးမိပါသည်။
ဘော့စ်ဖေး၏ အောင်မြင်မှုက သမိုင်းဝင်ပြီး လှပလွန်းသည်။ ဗီဒီယိုအတိုလေးများအဖြစ်သာ ပြောင်းလဲလိုက်ပါက ရေပန်းမစားနိုင်ရင်တောင် အနည်းဆုံးတောာ့ ဝက်ဘ်ဆိုက်ပေါ်က မိတ်ဆွေများက ဒီလိုတော်သည့် ဘော့စ်မျိုး ကမ္ဘာပေါ်မှာ ရှိနေသည်ဆိုတာကို သိသွားနိုင်ကြပါလိမ့်မည်။
ဟွမ်းစစ်ပေါ်က ဒီအကြံကို ကျူးရှောင်စဲအား ရှင်းပြလိုက်သည်။ ကျူးရှောင်စဲကလည်း ချက်ချင်း သဘောတူလိုက်ပါသည်။
အလားအလာရှိသည်ဟု သူလည်းခံစားမိသည်။
ဂိမ်းပရိုဂျူဆာတစ်ယောက်ရဲ့ နေ့စဥ်ဘဝက ဘယ်လိုမျိုးလဲ။ တစ်လကို တစ်သန်းကျော် ရနေတဲ့ ဘော့စ်ကြီးတစ်ယောက်ရဲ့ နေ့စဥ်ဘဝက ဘယ်လိုမျိုးလဲ။ တစ်ချိန်တည်းမှာပဲ ဒီဘော့စ်ကြီးက သူ့ဝန်ထမ်းတွေကို အရမ်း ရက်ရက်ရောရောနဲ့ ဆက်ဆံတယ်။ သူက အကောင်းဆုံး ဘော့စ်ပဲ မဟုတ်လား။
ကြည့်ရှုသူများက သေချာပေါက် ကြည့်ရှုချင်ပါလိမ့်မည်။
ထို့ကြောင့် သူတို့နှစ်ယောက်သား ဘော့စ်ဖေးအကြောင်းကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ဇာတ်ညွှန်းရေးသားဖို့ကိုတော့ သူတို့ ခေါင်းကုတ်ကြရပြန်သည်။ ကျူးရှောင်စဲပြောသလိုပဲ ဗီဒီယိုအတိုလေးများ ရိုက်ကူးခြင်းကလည်း သေချာသော နည်းလမ်းများနဲ့ စကေးတချို့ လိုအပ်ပါသည်။
ဗီဒီယိုက တိုတောင်းကာ တဲ့တိုးဖြစ်ပြီး ရာဇဝင်မှတ်တမ်းတစ်ခုလို ဖြစ်လာပါက ပျင်းစရာကောင်းပါလိမ့်မည်။ ထို့အပြင် ကြည့်ရှုသူများကလည်း ထန်းတာ့၏ ကြော်ညာတစ်ပုဒ်ဟုသာ ထင်သွးလိမ့်မည်။ ထို့ကြောင့် အထင်သေးခံရပြီး ထန်းတာ့ကိုတောင် ဝေဖန်ကြလိမ့်မည်။
ဒီဗီဒီယိုအတိုများကို ကွဲထွက်နိုင်သည့် စမှတ်တစ်ခုပေးဖို့က အရေးအကြီးဆုံးဖြစ်သည်။
နှစ်ယောက်သား မျက်မှောင်များကြုတ်လျက် ခါးခါးသီးသီး စဥ်းစားကြသည်။ ၂ နာရီလောက် ကြာသွားပြီး အကြံဉာဏ်များစွာ ထွက်လာသော်လည်း အားလုံးကို ပယ်ချခဲ့ရပါသည်။
မကောင်းဘူး မဆန်းသစ်ဘူး အဆင်ပြေမှာ မဟုတ်ဘူး။
ဟွမ်းစစ်ပေါ်က ထပ်ပြီး စဥ်းစားရင်း စဥ်းစားနေမိသည်။ ရုတ်တရက် သူ တစ်ခုခုကို နားလည်သွာား၏။ ‘အရင်တုန်းက ဘော့စ်ဖေး သူ့ကို ဒီရုပ်ရှင်တိုလေးများ၏ အမည်မှာ 'XXXXX' ဟုတ်လား’ဟု မေးခဲ့ဖူးသည်။
ထိုစာလုံးငါးလုံးက ဘာပါလိမ့်။ ဟွမ်းစစ်ပေါ် မေ့သွားခဲ့ပါသည်။
ဘော့စ််ဖေးက ဘာကြောင့် သူ့ကို တမင်တကာ ဒီလိုမေးခဲ့ရတာလဲ။ မဟုတ်မှလွဲရော... အရိပ်အမြွက်တစ်ခုလား။ ဒါပေမယ့် ဘော့စ်ေးက ဘာမေးခဲ့တာပါလိမ့်...
ဟွမ်းစစ်ပေါ်က သူ့ဧည့်ခန်းထဲမှာ ထိုင်ရင်း မှတ်မိဖို့ အကောင်းဆုံး ကြိုးစားနေပါသည်။
"ငါမှတ်မိပြီ။ ဘော့စ်ဖေးက အံ့အားသင့်ဖွယ်လို့ပြောသွာားတယ်" ဟွမ်းစစ်ပေါ်က စိတ်လှုပ်ရှားစွာ အော်လိုက်ပါသည်။
ကျူးရှောင်စဲ အနည်းငယ် ကြောင်သွား၏။ "အံ့အားသင့်ဖွယ် ဟုတ်လား။"
"အေး အဲ့တာ ဘော့စ်ဖေးပြောလိုက်တဲ့နာမည်ပဲ အဲ့တာပဲ" ဟွမ်းစစ်ပေါ်က ဝမ်းသာစွာ ပြောလိုက်ပါသည်။
ကျူးရှောင်စဲက သူ့မေးကို ကုတ်ရင်း ပြောလိုက်သည်။ "ဒါပေမယ့် ငါတို့ စီးရီးရဲ့ နာမည်ကို သတ်မှတ်ပြီးသွားပြီလေ။”
"ရပါတယ်။ အခုနာမည်ကိုပဲ သုံးလည်း ရတယ်။ အရေးကြီးတာက အိုင်ဒီယာပဲ။ အိုင်ဒီယာက အရေးအကြီးဆုံးပဲ။" ဟွမ်းစစ်ပေါ် ရုတ်တရက် အလင်းပွင့်သွားပါသည်။
ကျူးရှောင်စဲကလည်း ခေတ္တစဥ်းစားကြည့်လိုက်ပြီး တစ်ခုခုကို သဘောပေါက်သွားသည်။ "ငါသိပြီ။ ငါတို့မူရင်း Theme က တစ်ခုခု လိုနေတယ်လို့ ထင်နေတာ။ လှည့်ကွက်တစ်ခု လိုအပ်နေတာပဲ။ တဲ့တိုးဆန်တဲ့ ရုပ်ရှင်တစ်ခုက ဘဝမှတ်တမ်းတစ်ခုလို ဖြစ်လာလိမ့်မယ်။ ရုပ်ရှင်တိုတွေရဲ့ လှပမှုကို အသားပေးနိုင်မှာ မဟုတ်ဘူး။”
"၁ မိနစ်အတွင်း ကြည့်ရှုသူတွေကို ဗီဒီယိုထဲ နစ်မျောသွားစေဖို့ မထင်ထားတဲ့ လှည့်ကွက်တစ်ခုတော့ ရှိရမယ်။”
"ဒါဆိုရင် ငါတို့မှာ အကြမ်းဖျင်း ဦးတည်ချက် ရှိလာပြီ။ နောက်တစ်ခုက အကြံကို အချောသပ်ဖို့ပဲ။ ငါတို့ ဘော့စ်ဖေးရဲ့ ပုံရိပ်ကို တကယ်ပဲ ပြသနိုင်ဖို့ အနှစ်ချုပ်တစ်ခုဖန်တီးပြီး Content တချို့ ထည့်ရမယ်။ တစ်ချိန်တည်းမှာပဲ လှည့်ကွက်တစ်ခုလည်း ထည့်ရမယ်။”
ကျူးရှောင်စဲ ရုတ်တရက် နားလည်သွားပြီး ဗီဒီယိုအတိုများ၏ စီးဆင်းမှုကို မြင်ယောင်သွားပါသည်။
အပိုင်း ၁ အတွက် ဇာတ်ညွှန်းကိုပင် ရေးသားနိုင်ခဲ့ပါသည်။