အခန်း(၈၈) 'ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ' ရိုက်ကူးရေး စတင်ခြင်း
Vol. 6 Ch. 88
အခန်း(၈၈) 'ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ' ရိုက်ကူးရေး စတင်ခြင်း
ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ အတွဲ ၁ အပိုင်း ၁ ဇာတ်ညွှန်း -
"ကျွန်တော့်ရဲ့ ရိုးလက်စ်နာရီကို ကြည့်လိုက်တယ်။ အချိန်သိရဖို့ မဟုတ်ဘူး။ ကျွန်တော် သူဌေးတစ်ယောက်ဆိုတာ ခင်ဗျားတို့ကို အသိပေးဖို့ပါ။”
"ဒီနေ့ ကျွန်တော် စိတ်ကူးတစ်ခုရခဲ့တယ်။ ကျွန်တော် ဂိမ်းအသစ်တစ်ခု ဖန်တီးချင်တယ်။ ကစားသမားတွေ ကစားချင်သလောက် ကစားနိုင်တဲ့ ဂိမ်းမျိုးပဲ။"
"ကျွန်တော် ရိုးလက်စ်တစ်လုံးကို ရောင်းလိုက်ပြီး ရန်ပုံငွေ ယွမ် ၂၀၀,၀၀၀ ရခဲ့တယ်။"
"တစ်နာရီကြာတော့... ဒီတာဝန်ကို အလုပ်သင် အသစ်တစ်ယောက်ဆီကို ပေးလိုက်တဲ့အခါ ပမာဏက ၃ ပုံလောက် လျော့ကျသွားတယ်။ ရင်းမြစ်အတွက် ဝက်ဘ်ဆိုက်နဲ့ စျေးနှုန်းစာရင်းတွေကို ကြည့်ရင်း ကျွန်တော် ပျော်ရွှင်သွားတယ်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေက ရိုးသားကြသားပဲ။ ဒီလိုနဲ့ အလုပ်သင်ကို ပေးလိုက်တဲ့ ရန်ပုံငွေထဲမှာ ယွမ် ၅၀,၀၀၀ ကျန်ခဲ့တယ်။"
"သူက ဂိမ်းတစ်ခုကို ယွမ် ၅၀,၀၀၀ နဲ့ လုပ်ရတော့မယ်လို့ ကြားလိုက်ရတော့ သူ့မျက်နှာထားက ထိတ်လန့်မှုကနေ သံသယ၊ သံသယကနေ အံ့သြမှု၊ အံ့သြမှုကနေ ဒေါသဖြစ်မှု နောက်ဆုံးတော့ သူ့ရဲ့ ကံအပေါ်ပဲ အားကိုးဖို့ ဖြစ်လာတယ်။ သူ့ရဲ့ မျက်နှာထား ပြောင်းလဲသွားတာကို ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။"
"ကျွန်တော် တော်တော်လေး ပျော်သွားတယ်။ ဒီလုပ်ငန်းကို သိမ်းပိုက်ဖို့ ရောက်လာတဲ့ ကျွန်တော်က နောက်ဆုံးတော့ အရှုံးရဲ့ အရသာကို ခံစားနိုင်တော့မယ်။”
"ဒါပေမယ့် နောက်ဆုံးမှာတော့ ဂိမ်မာတွေကို အောင်လုပ်တဲ့ ဂိမ်းတစ်ခုကို လုပ်နိုင်ခဲ့သေးတယ်။ အလုပ်သင်က ပျင်းစရာ ၈ နာရီကြာတဲ့ ကားမောင်းဂိမ်းတစ်ခုကို ဖန်တီးပြီး ရေပန်းစားလာတယ်။ ၂ ပတ်အတွင်း ရောင်းအားက ၂၀၀,၀၀၀ အထိ ပေါက်လာခဲ့တယ်"
"အဲ့တာကြောင့် ပျော်လွန်းလို့ သူ့ကို လစာခံစားခွင့်နဲ့ ခွင့်ရက်တွေပေးလိုက်တယ်။ နိုင်ငံတော်ထဲက ရှုခင်းအားလုံးကို လိုက်ကြည့်ဖို့နဲ့ အနာဂတ် ဂိမ်းဒီဇိုင်းတွေအတွက် ဉာဏ်ကွန့်မြူးမှုကို ရယူဖို့ပေါ့။”
"အနာဂတ်ကြယ်ပွင့် ဒီဇိုင်နာလေးတစ်ယောက် ပေါ်ထွန်းလာတာကို ကြည့်ရင်း ကျွန်တော် ကျေနပ်သွားပြီး သက်တောင့်သက်သာ ဖြစ်သွားတယ်။ နောက်တစ်ခေါက် ကျွန်တော့်ရဲ့ မဆီလျော်တဲ့ ပစ်မှတ်တစ်ခုကို အောင်မြင်သွားပြန်တယ်။"
"ဟူး မာစတာ ဂိမ်းဒီဇိုင်နာတစ်ယောက်ရဲ့ ဘဝက ဒီလောက်ထိ ရိုးရှင်းပြီး ပျင်းဖို့ ကောင်းလွန်းပါတယ်။"
...
လေတစ်ချက်ကြောင့် တိမ်များကင်းစင်သွားသလို ကျူးရှောင်စဲကလည်း ပထမအပိုင်းအတွက် ဇာတ်ညွှန်းကို ရေးသားပြီးပါပြီ။ သူ အများကြီး ရေးသားဖို့တော့ ကျန်ပါသေးသည်။
"အစ်ကိုဟွမ်း ဘယ်လိုသဘောရလဲ။"
ဟွမ်းစစ်ပေါ်က တစ်ခေါက်ဖတ်ကြည့်လိုက်သည်။ "ဘယ်ဆိုးလို့လဲ။ ဇာတ်လမ်းလည်း ရှိတယ်။ လှည့်ကွက်လည်း ရှိတယ်။ ပြီးတော့ မှောင်တဲ့ ဟာသလည်း ပါတယ်။ ဒီဇာတ်ညွှန်း အဆင်ပြေနိုင်တယ်။ ပြီးတော့လည်း ဘော့စ်ဖေးရဲ့ လက်တွေ့ဘဝက စွန့်စားရေးတွေလည်း ပါသေးတယ်။”
"ငါတို့ ရုံးမှာပဲ ရိုက်ကူးရေးလုပ်လို့ရတယ်။ ပြီးတော့ သရုပ်ဆောင်တွေနဲ့ ဆက်တင်တွေ အကုန်လုံးကလည်း အသင့်ပဲ။ အများဆုံး အပိုင်းတစ်ပိုင်းရိုက်ဖို့အတွက် ငါတို့ နာရီဝက် သို့မဟုတ် တစ်နာရီပဲ ကြာလိမ့်မယ်။ ငါတို့ နောက်ပိုင်းအဆင့်တွေကို ရောက်သွားရင် နှစ်ရက်ကို ၁ ပိုင်းထုတ်လွှင့်နိုင်မယ်။ လုံလောက်တာထက် ပိုမှာပါ။”
"ဒါပေမယ့်... တစ်ခုတည်းသော ပြဿနာက ဒီဂိမ်းရဲ့ အောင်မြင်မှုက ဘော့စ်ဖေးရဲ့ အစီအစဥ်ထဲမှာ ပါတယ်။ ငါတို့ မထင်ထားတာမျိုး တစ်ခုခုလုပ်လိုက်ရင် သင့်တော်ပါ့မလား။"
"ဘော့စ်ဖေးရဲ့ ပုံရိပ်ကို ထိခိုက်စေမလား။"
ကျိုးရှောင်စဲက ခေါင်းခါလိုက်ပါသည်။ “အင်း အနုပညာဆိုတာ နေ့စဥ်ဘဝကနေပေါ်လာတာ ဒါပေမယ့်ဘဝကို ကျော်လွန်နိုင်တယ်။ အနုပညာဆိုတာ ဖန်တီးရမယ့် ဒါမှမဟုတ် လှည့်စားရမယ့် အရာပဲ။ ဘော့စ်ဖေးက သဘောကောင်းတော့ ဒါကို စိတ်ထဲထားမယ် မထင်ပါဘူး။”
ဟွမ်းစစ်ပေါ်က စဥ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "အေး ဟုတ်ပါတယ်။”
သူတို့နှစ်ယောက် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားကြသည်။
ကျူးရှောင်စဲက နောက်အပိုင်း၏ ဇာတ်ညွှန်းကို ဆက်ရေးပြီး ဟွမ်းစစ်ပေါ်အား ဘော့စ်ဖေး၏ နေ့စဥ်ဘဝ အသေးစိတ် အကြောင်းအရာများကို မကြာခဏ မေးမြန်းနေခဲ့သည်။ ဂိမ်းများဖန်တီးစဥ် စိတ်ဝင်စားဖို့ကောင်းသည့် အသေးအဖွဲ ကိစ္စများလည်း ပါဝင်သည်။
ဟွမ်းစစ်ပေါ်ကလည်း ကိရိယာများ စတင်ဝယ်ယူကာ ပရိုဂျူဆာများ၊ အယ်ဒီတာများ စသည်တို့ကို နောက်ပိုင်းထုတ်လုပ်ရေးအတွက် စတင်ငှားရမ်းလေသည်။
ဒီနှုန်းအတိုင်းပဲ ၂ ရက် ၃ ရက်အတွင်း သူတို့ တရားဝင် ရိုက်ကူးရေး စတင်နိုင်ပါလိမ့်မည်။
...ဖေဖော်ဝါရီလ ၉ ရက်နေ့...
နွေရာသီအားလပ်ရက်မတိုင်ခင် ၃ ရက် လိုသေးသည်။
ဖေးချမ့်က ဒီရက်ပိုင်းထဲ အနည်းငယ် အလုပ်များနေပါသည်။
ဂိမ်းဒီဇိုင်နာ၏ နောက်ဆုံး ဒီဇိုင်းမူကြမ်းကို အဆုံးသတ်ရတော့မည်။ နှစ်သစ်ကူး အားလပ်ရက်များ ပြီးသွားတာနဲ့ ဖန်တီးမှုကို တရားဝင် စတင်တော့မည် ဖြစ်သည်။
အင်တာနက်ကဖေးကတော့ တချို့ အကြို ပြင်ဆင်မှုများ လုပ်ထားရမည်ဖြစ်သည်။ အားလပ်ရက်များ အဆုံးသတ်သွားတာနဲ့ အလှဆင်မှုနဲ့ ပြန်လည်ပြုပြင်မှုများကို စတင်တော့မည်ဖြစ်သည်။ ရည်ရွယ်ချက်က ပြန်လည် ပြင်ဆင်မှုများကို တစ်လအတွင်း အဆုံးသတ်ဖို့ဖြစ်ပြီး ဒါမှ အခင်းအကျင်းက အဆင်သင့်ဖြစ်ပြီး ဆိုင်ကို တရားဝင် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
အင်တာနက်ကဖေး၏ နာမည်ကိုလည်း ဖေးချမ့် စဥ်းစားပြီးသား ဖြစ်ပါသည်။
ယွီအင်တာနက်ကဖေး
ဒီအင်တာနက်ကဖေးထဲက ဝန်ထမ်းအားလုံး နေ့တိုင်း အလုပ်လစ်ဖို့ မျှော်လင့်ပါသည်။ ဒါမှ သူစောစောအရှုံးပေါ်နိုင်မည်ဖြစ်သည်။ ထန်းတာ့လိုပဲ ဒီနာမည်က ဖေးချမ့်၏ ဆန္ဒနဲ့ ရည်ရွယ်ချက်များကို ဖော်ပြနေပါသည်။
နောက်ဆုံး သူရှင်းရမည့်အရာက 'ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ' ဗီဒီယိုအတိုလေးများ ဖြစ်သည်။
ဒါရိုက်တာ ကျူးရှောင်စဲက ဖေးချမ့်ကို သူတို့ ဒီနေ့ ပထမပိုင်းရိုက်ကူးရေးအပြီးသတ်ချင်ပြိး အားလပ်ရက်တွင် ထုတ်လွှင့်ချင်သည်ဟု ပြောလာသည်။
သူ့ရိုးသားမှုကို ပြသဖို့အတွက် ကျူးရှောင်စဲက အတွဲ ၃ခုလုံးအတွက် ရိုက်ကူးရေးခများကို ဖေးချမ့်၏ ဘဏ်ကတ်ထဲသို့ ထည့်ပေးထားပြီးသား ဖြစ်သည်။ စုစုပေါင်း ယွမ် ၃၀,၀၀၀ ဖြစ်သည်။
ဖေးချမ့် ကြိုက်သလို အသုံးပြုနိုင်သည့် ကိုယ်ပိုင်စည်းစိမ်မှာ ရုတ်ခြည်းဆိုသလို ၅၀,၀၀၀ ယွမ်အထိ ရောက်ရှိသွားပါသည်။
အရင်တုန်းက ဒီလောက်ထိ မချမ်းသာဖူးသည့် ဖေးချမ့်အတွက်တော့ ဒီခံစားချက်က အလွန်ကောင်းမွန်လှပါသည်။
ဆိုရိုးစကားအတိုင်းပဲ။ ပိုက်ဆံယူပြီးပါက ခြေလှမ်းဖို့ အသင့်ဖြစ်နေရတော့မည်။
ဘော့စ်ဖေးက ကင်မရာရှေ့မှာ ပေါ်လာဖို့ သူ့ကိုယ်သူ ပြင်ဆင်ထားပြီးသားဖြစ်ပါသည်။ နေ့လည်ခင်းတွင် ကျုးရှောင်စဲ၊ ဟွမ်းစစ်ပေါ်နဲ့ တခြား လက်အောက်ငယ်သား နှစ်ယောက်တို့ ရောက်လာကြသည်။
သူတို့ယူလာသည့် ကိရိယာများအနက် စျေးအကြီးဆုံဂက ယွမ် ၅၀,၀၀၀ ကုန်ကျသည့် DSLR ဖြစ်သည်။ သုံးချောင်းထောက်တိုင်၊ အလင်းမျက်နှာပြင်နဲ့ တခြားပစ္စည်းများကတော့ စုစုပေါင်း ယွမ် ၁၀,၀၀၀ မကုန်နိုင်ပါ။
ဟွမ်းစစ်ပေါ် အလွန်ခြွေတာနေတာကို မြင်သောအခါ ဖေးချမ့် ချက်ချင်းပဲ အနည်းငယ် မပျော်မရွှင် ဖြစ်လာခဲ့ပါသည်။
သူက ထန်းတာ့ဝန်ထမ်းမဟုတ်သလိုပင်။
သို့သော်လည်း ကျိုးရှောင်စဲက ယွမ် ၁ သန်းလုံး သုံးမည်ဟု ပြောထားသဖြင့် ဖေးချမ့် လောလောဆယ် ဆူဖို့ အကြောင်းပြချက် မရှိသေးပါ။
"ဘော့စ်ဖေး ဒီအပိုင်းက ရိုးရိုးရှင်းရှင်းလေးပါ။ ကျွန်တော်တို့ ကင်မရာရှော့ နည်းနည်းပဲ ရိုက်ရမယ်။ ခင်ဗျားဇာတ်ညွှန်းကိုတောင် ကြည့်ဖို့မလိုဘူး။ ခင်ဗျားပြောစရာ စကားလည်းမရှိဘူး။ နောက်ပိုင်းကျမှ နောက်ခံအသံတွေကို ထည့်သွားပေးမယ်။”
ကျူးရှောင်စဲက ကိစ္စများကို သေသေချာချာ စဥ်းစားပြီးပါပြီ။ ဘော့စ်ဖေးအား စာသားများ မှတ်သားခိုင်းခြင်းက သူ့တန်ဖိုးရှိသည့် အလုပ်ချိန်များကို ဖြုန်းတီးသလိုဖြစ်မှာ စိုးရိမ်နေမိသည်။ ထို့ကြောင့် ဒီလိုဆုံးဖြတ်လိုက်ရခြင်း ဖြစ်ပါသည်။
"ပထမဆုံးရိုက်ချက်။ ဧည့်သည်အခန်းထဲက ဆိုဖာပေါ်မှာလှဲပြီး ခေါင်းမော့ပြီးတော့ ခင်ဗျားရဲ့ ရိုးလက်စ်ကို ကြည့်လိုက်ပါ။"
"ဒုတိယရိုက်ချက်က ဒီဂိမ်းမဂ္ဂဇင်းကို ယူပြီးတော့ နောက်ဆုံးထွက်ဂိမ်းကို ကြော်ညာထားတဲ့ ဒီပိုစတာဘက်ကိုလှန်ပြီး လက်ချောင်းနဲ့ ညွှန်ပြလိုက်လို့ရမလား။"
"တတိယရိုက်ချက်က နည်းနည်းပြုံးလိုက်ပြီး ခပ်လှမ်းလှမ်းကို ကြည့်လိုက်ပြီးတော့ အတွေးနက်နက်ထဲ ဝင်ရောက်နေသလို ခံစားချက်မျိုးဖော်ပြပေးပါ...။”
ဖေးချမ့်က ထင်သလောက် များများစားစား ရိုက်ချက်မရှိပါ။ ၁ မိနစ်ဗီဒီယိုအတွက် ဖေးချမ့်၏ ဇာတ်ဝင်ခန်းများက အများဆုံးဖြစ်သော်လည်း အများဆုံး စက္ကန့် ၂၀ ကျော်လောက်သာ ပါသည်။
ဖေးချမ့်က ပို့စ်တချို့ ပေးလိုက်ပြီး ၁၀ မိနစ်အတွင်း ရိုက်ကူးရေး အဆုံးသတ်သွားခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး။ ကျွန်တော်တို့ ပြီးသွားပါပြီ။ လုပ်စရာရှိတာ ဆက်လုပ်လို့ရပါပြီ။"
ကျူးရှောင်စဲက ကိရိယာများကို ယူဆောင်ရင်း ရုံးထဲက တခြားသူများကို ရိုက်ကူးရန် ထွက်သွားပါသည်။
ဒါပဲလား။
ဖေးချမ့် ကြောင်သွားသည်။
ဘာကို ရိုက်သွားတာလဲ။
ခိုင်မာတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်တောင်မပါဘဲ ဗီဒီယိုအတိုလေးတစ်ပုဒ်ကို ဒီလိုရိုက်သွားတာ အလုပ်ဖြစ်ပါ့မလား။
ဒီရုပ်ရှင် အရှုံးပေါ်တော့မှာ သိသာနေပါသည်။
ဖေးချမ့်က အများကြီး ပိုစိတ်ချသွားပြီး ရုံးခန်းထဲသို့ ပြန်လာခဲ့သည်။ လူတွေအပေါ်မြင်သည့် သူ့အြမြင်ကြောင့် ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့မှာ တကယ်ပဲ သူ့ကို စိတ်ပျက်စေမှာ မဟုတ်လောက်ပါ။ ယွမ် ၁ သန်း ဆုံးရှုံးခြင်းက သူ့ကို အကူအညီ အများကြီး မပေးနိုင်သော်လည်း ပျော်စရာတစ်ခုခုတော့ ဖြစ်ပါသည်။
ဖေးချမ့်က သူ့ ရိုးလက်စ်ကို ကြည့်ပြီး စဥ်းစားလိုက်သည်။ ဒီနှစ်ကောင်က အရမ်းချွေတာကြတာပဲ။ ငါ့ကိုယ်ပိုင်ပစ္စည်းတွေကိုတောင် ရိုက်ကွင်းပစ္စည်းတွေအဖြစ် သုံးသွားတယ်။
ဟမ် နေပါဦး...။
ဖေးချမ့်က ရုတ်တရက်ကြီး တစ်ခုခုကို တွေးမိသွားသည်။
ရိုးလက်စ်
ဘာလို့ ပထမဆုံးရိုက်ချက်မှာ ငါ့ ရိုးလက်စ်ကို ကြည့်လိုက်ရတာလဲ။
ဒါတိုက်ဆိုင်တာလား။ မဖြစ်နိုင်ဘူး ရှိသေးတယ်။
ဥပမာ ဘာလို့ ဆိုဖာပေါ်လှဲပြီး ဒီရိုးလက်စ်ကို ကြည့်လိုက်ရတာလဲ။ ဘာလို့အတွေးနက်ရှိုင်းနေတဲ့ပုံ ပေါ်ရတာလဲ။
ဒီရိုက်ကွက်တွေက... ဘာလို့ မသဲမကွဲရင်းနှီးနေသလို ခံစားနေမိပါလိမ့်....။
ဖေးချမ့် တစ်ခုခုတော့ မကောင်းတော့မှန်း ခံစားလိုက်ရသည်။
တစ်ခုခု ကြီးမားတာ ဖြစ်တော့မည်။
အမြန် ရုံးကုလားထိုင်ပေါ်က ခုန်ထလိုက်ပြီး ရုံးခန်းထဲက ထွက်သွားလေသည်။
ထိုအချိန်တွင် ကျူးရှောင်စဲနဲ့ ဟွမ်းစစ်ပေါ်တို့က ၎င်းတို့၏ ရိုက်ကူးရေးကို ပြီးမြောက်သွားကြပြီ ဖြစ်သည်။ သူတို့ သုံးချောင်းထောက်တိုင်များ၊ အလင်းမျက်နှာပြင်များနဲ့ တခြားပစ္စည်းများကို သိမ်းကာ ပြန်ဖို့ ပြင်နေကြပါသည်။
"ဒါရိုက်တာကျူး နေပါဦး" ဖေးချမ့်က အမြန်အော်လိုက်ပြီး ကျူးရှောင်စဲကို တားလိုက်ပါသည်။
ကျူးရှောင်စဲ ကြောင်သွာားသည်။ "ဘာဖြစ်လို့လဲ ဘော့စ်ဖေး။ ကိစ္စတစ်ခုခုရှိလို့လား။"
"အဲ့ဒီ... ဒီဗီဒီယိုအတွက် ဇာတ်ညွှန်းကို ငါ့ကို ခဏလောက်ကြည့်လို့ရမလား။” ဖေးချမ့်က သိပ်ပြီး အရေးမကြီးသည့်ပုံဟန်ဆောင်ပြီး တောင်းလိုက်ပါသည်။
ကျူးရှောင်စဲက ခေါင်းငြိမ့်လိုက်ပြီး ဇာတ်ညွှန်းတစ်ရွက်ပေးလိုက်သည်။ "ရတာပေါ့၊ ဒီမှာပါ၊"
ဖေးချမ့်က ယူလိုက်သည်။
"ဘာမှ ပြောစရာမရှိတော့ရင် ကျွန်တော်တို့ ပြန်တော့မယ်နော် ဘော့စ်ဖေး ကျွန်တော်တို့ Editing လုပ်ရဦးမှာမို့လို့ပါ။” အားလုံးက ဖေးချမ့်ကို နှုတ်ဆက်ပြီး ပြန်သွားကြပါသည်။
ဖေးချမ့်က ဇာတ်ညွှန်းကို ယူလိုက်ပြီး ရုံးခန်းထဲသို့ ပြန်ဝင်သွားသည်။ ဇာတ်ညွှန်းက တို၏။ ချက်ချင်းပဲ သူဖတ်လို့ပြီးသွားပါသည်။ ဖတ်ရှုပြီးနောက် ဖေးချမ့် ထိုင်ခုံပေါ် ပျော့ခွေကျသွားသည်။
"ဘာ... ဘာလဲဟ ဒါ ကျူးယိတန်ရဲ့ ပျင်းစရာ ဘဝနဲ့ အံ့အားသင့်ဖွယ်နှစ်ခုကို ပေါင်းထားတာပဲ မဟုတ်လား။"
ငါတို့ အံ့အားသင့်ဖွယ်လိုမျိုး မရိုက်ဖို့ သဘောတူခဲ့ကြတယ် မဟုတ်ဘူးလား။