အခန်း(၉၀) အကောင်းဆုံး အလုပ်သမား
Vol. 6 Ch. 90
အခန်း(၉၀) အကောင်းဆုံး အလုပ်သမား
သူ့ကိုယ်သူ ကယ်ဖို့ မအောင်မြင်ခဲ့ပါ။
ကျူးရှောင်စဲလည်း ပြန်သွားပြီး ဖေးချမ့် ဘာမှ ပြန်မတုန့်ပြန်လိုက်နိုင်ခင်မှာဖြစ်သည်။ ဒီဗီဒီယိုအားလုံးမှာ သူ သရုပ်ဆောင်ဖို့ မလိုပါ။
သူလုပ်ဖို့လိုတာဆိုလို့ ပို့စ်တချို့ပေးပြီး ခံစားချက်မဲ့နေသော မျက်နှာမျိုး ထိန်းထားနိုင်ဖို့သာ ဖြစ်သည်။ ဇာတ်လမ်းကို နောက်ခံစကားပြောဖြင့် ပြောသွားမှာဖြစ်ပြီး နောက်ခံစကားပြောကိုလည်း ဒါရိုက်တာ ကျူးရှောင်စဲကိုယ်တိုင် လုပ်သွားမှာ ဖြစ်ပါသည်။
ဖေးချမ့်က နာမည်အရသာ ခေါင်းဆောင်မင်းသား ဖြစ်သော်လည်း တကယ်တမ်းတော့ ရိုက်ကူးရေး အသုံးအဆောင် လူသားတစ်ယောက် ဖြစ်နေပါသည်။ သူ၏ ခံစားချက်မဲ့နေသော မျက်နှာက ဒါရိုက်တာ သူ့ထံမှ လိုအပ်သော သရုပ်ဆောင်စွမ်းရည်ပဲ ဖြစ်ပါသည်။
ဖေးချမ့်က နှဖူးပေါ်လက်တင်လိုက်သည်။ သူ့အခြေအနေက ပို၍ပင် ဆိုးရွားသွားပြီဟု ခံစားလိုက်ရပါသည်။ အာမခံ အဆင့် ၃ ဆင့်တွင် အခု ပထမ အဆင့်တော့ တစ်ဝက်လောက် ပျက်စီးသွားပါပြီ. အခု ဂိမ်းဒီဇိုင်နာဂိမ်းနဲ့ ယွီအင်တာနက်ကဖေးတို့ သူ့ကိုကယ်နိုင်ဖို့သာ မျှော်လင့်ရတော့မည်။
...
နွေရာသီအားလပ်ရက်မတိုင်ခင်...
မာယန်က ယွီအင်တာနက်ကဖေး၏ ပြန်လည်ပြုပြင်မှု အစီအစဥ်ကို ဖေးချမ့်အား ပို့ပေးခဲ့၏။ ဖေးချမ့်က စစ်ကြည့်လိုက်ပြီး သူတောင်းဆိုထားသည့်အတိုင်းပဲ အတိအကျလုပ်ထားသည်ကို မြင်လိုက်ရပါသည်။ မာယန်က ဘယ်နေရာမှာမှ ဒစ်စ်ကောင့် မချထားပါ။
ရုပ်ရှင်ရုံအသေးစားလေးနဲ့ အရာအားလုံး ပါဝင်ပါသည်။
စာချုပ်ထဲမှာလည်း မည်သည့်လျှော့စျေးမှာ မပေးထားပါ။ ငှားရမ်းခကို သုံးလတစ်ကြိမ် ပေးရမည်။ သုံးလစာငှားခက ၁,၂၀၀,၀၀၀ ယွမ်ဖြစ်ပြီး အားလုံးကို ချက်ချင်း ရှင်းလိုက်ပါသည်။
ပြန်လည်ပြုပြင်မှုများကလည်း ယွမ် ၄၀၀,၀၀၀ - ၅၀၀,၀၀၀ လောက် ကုန်ကျပါမည်။
ဒီနေရာကြီးက အစကတည်းက ပြင်ဆင်ထားပြီးသားဖြစ်သဖြင့် အပြင်ဘက်မှာ ဖန်သားနံရံများ ရှိသည်။ အတွင်းမှာတောာ့ ကဖေးနဲ့ အတူပါလာသည့် မူရင်း အလှဆင်မှုများကလည်း ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဒီနေရာကြီးကို အသစ်ဆောက်လုပ်ထားသလိုမျိုး အခြေခံက စပြီး ပြင်ဆင်စရာမလိုပါ။
ထို့ကြောင့်လည်း ပြန်လည်ပြုပြင်စရိတ်များက အရမ်းမများခြင်းဖြစ်ပါသည်။ အဓိက ဆောင်ရွက်ရမည့် အချက်က Concept ပြောင်းလဲခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အင်တာနက်ကဖေးကို ကဖေးနဲ့ ခွဲခြားထားရမည်။ ဘားကောင်တာတစ်ခုလည်း တပ်ဆင်ရမည်။
ထို့နောက် ပစ္စည်းမျိုးစုံကို ဝယ်ယူဖို့ အချိန်ကျပါပြီ။ သူ အဆင့်မြင့် ကွန်ပျူတာ အလုံး ၅၀ လိုအပ်သည်။ တစ်ခုချင်းစီက ၂၆,၀၀၀ ယွမ် ကုန်ကျသည်။ စုစုပေါင်းဆို ယွမ် ၁,၃၀၀,၀၀၀ လိုအပ်ပါသည်။
ထိုကုန်ကျစရိတ်အားလုံးအပြင် တခြား ထိုင်ခုံများ၊ စားပွဲများ၊ ဆိုင်းဘုတ်များ၊ ဧည့်ကြိုစားပွဲများ၊ မန်နေဂျာနဲ့ ဦးစီးချုပ်တို့၏ လစာတို့ကလည်း ယွမ် ၃ သန်းကျော်လောက်ရှိပါသည်။
ဖေးချမ့် နည်းနည်းလေးတောင် ရင်မနာပါ။ ထို့အစား သူ အပျော်လွန်နေပါသည်။
သူ့ကုန်ကျစရိတ်က ပိုပြီးများလေလေ ငွေပိုရှုံးလေလေ ဖြစ်သည်။ ဒါကောင်းမွန်သော လုပ်ရပ် ဖြစ်ပါသည်။
ထို့အပြင် ဒီပိုက်ဆံကို တစ်ခါတည်းနဲ့ ပေးလိုက်ရမှာ မဟုတ်ပေ။
သူ ဆိုင်ငှားခနဲ့ ပြန်လည်ပြုပြင်စရိတ််များကို အရင်ဆုံဂပေးရမည်။ ထို့နောက် ဒုတိယနှစ်ဝက်တွင် ဆောက်လုပ်ရေးနဲ့ ပြန်လည်ပြုပြင်ရေးကို ဆောင်ရွက်ရမည်။ ပြန်လည်ပြုပြင်ရေး ပြီးဆုံးသွားတာနဲ့ ကွန်ပျူတာများကို ဝယ်ယူပြီး ဝန်ထမ်းများ ငှားရမ်းနိုင်ပါသည်။
ဒီအချိန်တောအတွင်း သူက ဂိမ်းနှစ်ခုမှ အမြတ်များရနေဆဲဖြစ်ပါသည်။ သေချာပေါက် အပေါ်က ကုန်ကျစရိတ်များကို တတ်နိုင်ပါလိမ့်မည်။
မာယန်ကလည်း အတော်လေး မျှော်လင့်ချက် ကြီးနေသည့်ပုံပင်။ နှစ်သစ်ကူးတွင် အိမ်တောင် မပြန်ဘဲ ပြန်လည်ပြုပြင်မှုများကို စောင့်ကြည့်ချင်သည်ဟု ဆို၏။
ဖေးချမ့်က သူ့ကို ချက်ချင်း တားမြစ်လိုက်ရပါသည်။ သူ နှစ်သစ်ကူးမှာ အိမ်မပြန်ချင်ရင်တောင် အလုပ်သမားများက အိမ်ပြန်ရမည်။ သို့သော်လည်း မာယန်၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသောအခါ ဖေးချမ့် စိတ်အေးသွားပါသည်။
မာယန်ပိုပြီး အတည်ပေါက် လုပ်လေလေ ဒီပရောဂျက် ကျရှုံးနိုင်ချေ ပိုများလေလေ ဖြစ်ပါသည်။ သူ့ညီအစ်ကိုများကို အားကိုးပြီး တကယ်ပဲ သူစိတ်အေးနိုင်ပါသည်။
တစ်ဖက်မှာလည်း ဂိမ်းဒီဇိုင်နာအတွက် ဒီဇိုင်းမူကြမ်းက အနည်းနဲ့အများ ပြီးဆုံးနေပါပြီ။ ဖေးချမ့်က ဂိမ်းအသွားအလာတစ်ခုလုံးကို နောက်တစ်ခေါက် ပြန်စစ်ကြည့်လိုက်သည်။ ဒီတစ်ခေါက်တော့ နောက်ခံအသံများကို သေချာ အာရုံစိုက်၏။ ပြီးသွားသော်လည်း သူ မကျေနပ်သေးပါ။
နောက်ခံအသံ ဇာတ်ညွှန်းတစ်ခုလုံးကို ပြုပြင်ဖို့ ၃ နာရီတောင် အချိန်ဖြုန်းခဲ့သည်။ နောက်ခံအသံနှစ်ခု၏ ဝေဖန်မှုများကို ပိုမိုကြမ်းတမ်းအောင်လုပ်ခဲဲ့သည်။
ဖေးချမ့်က ဇာတ်ညွှန်း၏ တချို့အပိုင်းများတွင် အရေးအသားညံ့ဖျင်းသည်ဟုပင် ခံစားမိပါသည်။
များလွန်းတယ်။ တကယ်များလွန်းတယ်။
သို့သော်လည်း အရှုံးပေါ်ဖို့အရေး ဖေးချမ့် အံကြိတ်ကာ သူ့အသိစိတ်ကို သည်းခံခဲ့ရသည်။ ဇာတ်ညွှန်းကို ပြုပြင်ပြီးသောအခါ စာရွက်စာတမ်းကို လုမင်းလျန်ဆီသို့ ပြန်ပို့ပေးခဲ့သည်။ နောက်ဆုံးတော့ ဇာတ်ညွှန်းကို အချောသပ်လိုက်ပါပြီ။
"နောက်တစ်ဆင့်က ရင်းမြင့်တရားဝင် ဝက်ဘ်ဆိုက်မှာ ပန်းချီရင်းမြစ်တွေကို ရှာဖို့ပဲ။ စျေးအကြီးဆုံး Animation နဲ့ Concept ဒီဇိုင်နာတွေကို ရှာလိုက်။ နားလည်လား" ဖေးချမ့်က နောက်တစ်ခေါက် ညွှန်ကြားလိုက်ပါသည်။
လုမင်းလျန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး ကျွန်တော် ပန်းချီရင်းမြစ်တွေကို ရှာတဲ့အခါ စံနှုန်းမြင့်မြင့်ထားပြီး ပြီးပြည့်စုံတာတွေကိုပဲရှာမယ်လို့ ကတိပေးပါတယ်။ အစ်ကိုဟွမ်းလိုပဲ။"
"အာ... ဒီဇိုင်နာကောင်းတစ်ယောက်တွေ့ရင် ကျွန်တော် လာအကြောင်းကြားရဦးမလား။"
ဖေးချမ့်က ခေတ္တစဥ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "မလိုပါဘူး။"
စျေးအကြီးဆုံး Concept ဒီဇိုင်နာက စံနှုန်းအရဆို အရမ်းကြီး ဆိုးရွားမှာ မဟုတ်ပါ။ ဖေးချမ့်က Animation များ သဘောတရားကိုလည်း နားမလည်ပါ။ ထို့ကြောင့် လုမင်းလျန်၏ ဆုံးဖြတ်ချက်ကို သူ စစ်ဆေးရမည် ဆိုရင်တောင် ခြားနားမှု မရှိနိုင်ပေ။
"ဟုတ်ကဲ့ပါ ဘော့စ်ဖေး"
ဖေးချမ့်၏ ရုံးခန်းထဲမှ ထွက်လာရင်း လုမင်းလျန် စိတ်ခံစားသွားမိပါသည်။
ဘော့စ်ဖေးက ပန်းချီရင်းမြစ်အတွက် ပြီးပြည့်စုံတာမျိုးပဲ လိုချင်ပြီး ငါ့လိုလုပ်ဖော်ကိုင်ဖက်မျိုးကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်လိုက်တယ်။
အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။
ဘော့စ်ဖေး ငါ့ကိုပေးထားတဲ့ တာဝန်ကို ကောင်းကောင်း ဆောင်ရွက်ရမယ်။
...
ပန်းချီရင်းမြစ်များက ဂိမ်းမားအတွက် အလွန်အရေးကြီးပါသည်။ လှပသည့် Skin တစ်ခုက ကစားသမားများကို ပထမဆုံး သဘောကျသွားစေနိုင်သည်။ ဂိမ်း၏ ဝင်ငွေအတွက်လည်း အထောက်အကူဖြစ်နိုင်၏။
ဖေးချမ့်လည်း ဒါကို ကောင်းကောင်းသိပါသည်။
ဒါဆို ပန်းချီရင်းမြစ်အတွက် ဘာလို့ ပိုက်ဆံတွေ အများကြီး သုံးနေတာလဲ။ ဒါ ဂိမ်းကို အရှုံးပေါ်ချင်တဲ့ သူ့ဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား။
သို့သော်လည်း အဓိက ပြဿနာက တခြား နည်းလမ်းမရှိသောကြောင့် ဖြစ်ပါသည်။
စနစ်တွင် ကန့်သတ်ချက်များရှိ၏။ အရည်အသွေးနိမ့်ကျသည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို တမင်သက်သက် ဝယ်လို့ မရပါ။ အားလုံးကို ပိုက်ဆံတန်ဖိုးအတိုင်း ကိုက်ညီစွာ ဝယ်ယူရမည်။ စျေးနှုန်းထက် ပိုမြင့်နေသော ပစ္စည်းများကို ဝယ်နိုင်သည်။ သို့သော်လည်း အရမ်းကြီး လွန်ကြူးနေလို့တော့ မရပါ။
ဖေးချမ့်သာ မူရင်းပန်းချီရင်းမြစ်တစ်ခုကို ဝယ်ချင်ပါက ရန်ပုံငွေများကို သုံးလို့ကုန်မှာ မဟုတ်တော့ပါ။ ဂိမ်းတစ်ခု ဖန်တီးရာတွင် ပိုက်ဆံအများစုက ဘယ်နေရာကိုသွားသလဲဆိုတာ တွက်ချက်တတ်ရမည်။ ပိုက်ဆံအများစုက ပန်းချီရင်းမြစ်အတွက်သာ ကုန်ကျခြင်း ဖြစ်သည်။
ဖေးချမ့်သာ ဒီ့အတွက် သုံးနိုင်သမျှ များများ မသုံးပါက ဘယ်နေရာမှာ သုံးလို့ရဦးမည်နည်း။
ထို့ကြောင့် ဖေးချမ့်က ဒီဂိမ်းတွင် သုံးစွဲသည့် ငွေပမာဏကို တိုးမြှင့်ချင်ပါက ပန်းချီရင်းမြစ်တွင် သုံးစွဲသည့် ငွေပမာဏကို အရင်ဆုံး တိုးမြှင့်ရမည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။
ထို့အပြင် စျေးပေါသည့် ပန်းချီရင်းမြစ်တွေကို ဝယ်လိုက်ရင်ကော သူ ဘေးကင်းဖို့ အာမခံနိုင်ပါ့မလား။ တစ္ဆေစစ်သူကြီးထံမှ ရလိုက်သော သင်ခန်းစာက သူ့ခေါင်းထဲမှာ လောင်ကျွမ်းနေဆဲ ဖြစ်သည်။
ပန်းချီဆရာတစ်ယောက်ကို ရှာဖို့ ပိုက်ဆံနည်းနည်းပဲသုံးပြီး ရွမ်ကွမ်ကျန်းလိုမျိုး လူသစ်ယောင်ဆောင်နေတဲ့ ဝါရင့်မျိုးနဲ့ ထပ်တွေ့ရရင် ဘယ်လိုလုပ်မလဲ။ သူ အဆုံးသတ် မသွားနိုင်ဘူးလား။
ပိုက်ဆံအရှုံးပေါ်ဖို့ မအောင်မြင်ရုံသာမကဘဲ သူ့ဂိမ်းအရည်အသွေးလည်း ပျက်စီးမှာ မဟုတ်ပေ။
သူက တကယ့်ကို အရှုံးပေါ်အောင် လုပ်မှာ ဖြစ်သည်။
ထို့ကြောင့် ခြားနားသည့် အချက်အားလုံးကို စဥ်းစားပြီးနောက် အကောင်းဆုံး လောင်းကြေးက ပန်းချီရင်းမြစ်များအတွက် ငွေအများကြီး သုံးဖို့သာဖြစ်သည်။ ထို့အပြင် ဂိမ်းဒီဇိုင်နာလိုမျိုး ဂိမ်းတစ်ခုက Animation လည်း အများကြီး လိုမှာ မဟုတ်ပါ။
အရှုံးပေါ်ဖို့အတွက် အဓိပ္ပာယ်မရှိသည့် ဂိမ်းကစားပုံနဲ့ နောက်ခံစကားများကိုသာ အဓိက အားကိုးရမည်။ ဖေးချမ့်အတွက် ဂိမ်းကစားပုံနဲ့ နောက်ခံစကားများက ကစားသမားများကို ဒေါသဆွပေးနိုင်လျှင် ဒီဂိမ်းကိုအောင်မြင်ပြီဟု သတ်မှတ်နိုင်ပါသည်။
ထို့ကြောင့် Animation တွေ ကောင်းလည်း ဘာဖြစ်သလဲ။
သူ့ထိုင်ခုံသူ ပြန်သွားတော့ လုမင်းလျန်က ရင်းမြစ် ဝက်ဘ်ဆိုက်ထဲ ပြန်ဝင်သွားပြီး သင့်တော်သည့် Animation နဲ့ Concept ဒီဇိုင်နာများကို စတင်ရှာဖွေလေသည်။ လုမင်းလျန်အတွက် ဂိမ်းဒီဇိုင်နာလိုမျိုး ဂိမ်းတစ်ခုအတွက် Concept ဒီဇိုင်းက အရေးအကြီးဆုံးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂိမ်း၏ Contents အများစုက ၎င်း၏ အကျဥ်းချုပ် Concept အတိုင်း သွားမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။
ကစားသမားများက 'High Paywall' နဲ့ 'Low Paywall' တို့အကြား ရွေးချယ်ရသည့်အခါကို ဥပမာယူကြည့်လိုက်ပါ။ ရွေးချယ်မှုတစ်ခုစီတိုင်းက အခန်းထဲက ခြားနားသည့် နယ်မြေများဆီ ဆက်သွယ်သွားပြီး ထိုနယ်မြေများတွင် မတူညီသည့် အရာများလည်း ပေါ်လာမည်ဖြစ်သည်။
'High Paywall' က နာမ်မဲ့ Concept တစ်ခု ဖြစ်သည်။ နာမ်ရှိ Contents များအဖြစ် ပြောင်းလဲလိုက်သောအခါ လူရိပ်များ ပိုက်ဆံပစ်ပေးနေခြင်း၊ မြေကြီးက ဂိမ်းငွေကြေးများဖြင့် ဖုံးလွှမ်းနေခြင်း စသည့်အရာများဖြင့် ဖော်ပြနိုင်သည်။ ဂိမ်းအတွက် ပိုက်ဆံပေးသည့် ကစားသမားများက ရွှေရောင်တောက်နေမည်ဖြစ်ပြီး မပေးသည့် ကစားသမားများကတော့ ကိုယ်လုံးတီးဖြစ်နေလိမ့်မည်။
နာမ်မဲ့ Concepts များကို နာမ်ရှိ Contents များအဖြစ် ပြောင်းလဲရာတွင် ပန်းချီဆရာများက လုပ်ငန်းစဥ်တစ်ခုလုံးကို ပြန်လုပ်ဆောင်ရမည်။
တစ်နည်းအားဖြင့် ဒီလုပ်ငန်းစဥ်ကို သာမန် စံနှုန်းဖြင့် ဆောင်ရွက်လိုက်ပါက အလုပ်ပြီးရုံမျှသာ ရှိလိမ့်မည်။
သို့သော်လည်း လက်ရာမြောက်စွာဖြင့် ဆောင်ရွက်နိုင်ပါက ဂိမ်းကတကယ်ပဲ အနုပညာ လက်ရာတစ်ခုဖြစ်လာလိမ့်မည်။ ထို့ကြောင့် လုမင်းလျန်က အရမ်းကြီး သတိမမဲ့ချင်ပါ။ သူ သေချာဂရုတစိုက်ဖြင့် စျေးအကြီးဆုံးနဲ့ နာမည်အရှိဆုံး Animation နဲ့ Concept ဒီဇိုင်နာများကို ရှာဖွေနေသည်။ အထင်ရှားဆုံး Portfolios များကို ရင်းမြစ်ဝက်ဘ်ဆိုက်ပေါ်တွင် ရှာဖွေနေ၏။
"ဒီတစ်ယောက်က... မဟုတ်သေးဘူး။ ဒီဒီဇိုင်းက ကောင်းတယ်ထင်ရပေမယ့် သူ့စတိုင်က နည်းနည်း ရိုးတယ်။”
"ဒါက... အရမ်းလက်တွေ့ကျလွန်းတယ်။ သိပ်ပြီး မသင့်တော်ဘူး။"
"ဟမ် ဒီတစ်ခုက မဆိုးဘူးပဲ။"
လုမင်းလျန်က ခပ်မြန်မြန် ပန်းချီဆရာများကို ရှာဖွေကြည့်လိုက်သည်။ ထိုစဥ် Portfolio တစ်ခုကို ရုတ်တရက် မျက်စိကျသွားခဲ့သည်။
"ဘာလို့... အရမ်းရင်းနှီးနေသလို ခံစားနေရပါလိမ့်။"
ဒီAnimationနဲ့ စတိုင်များကို မြင်ဖူးနေသည်ဟု လုမင်းလျန် ခံစားမိပါသည်။ Portfolio က အတော်လေး မိုက်သည်။ စတိုင်ကလည်း ပြောင်မြောက်သည်။ အားလုံးက အမှတ်ရစရာပင်။
ထို့နောက် မိတ်ဆက်ကို ဖတ်ကြည့်လိုက်၏။
ထိုပန်းချီဆရာ၏ နာမည်က ရွမ်ကွမ်ကျန်းဖြစ်ပြီး သူ့ကိုယ်စားပြုလက်ရာက တစ္ဆေစစ်သူကြီး ဖြစ်သည်။ သူက ရင်းမြစ်ဝက်ဘ်ဆိုက်တစ်ခုလုံးတွင် စျေးအကြီးဆုံးနဲ့ ဝါအရင့်ဆုံး Concept ဒီဇိုင်နာအဖြစ် အဆင့်သတ်မှတ်ခြင်း ခံထားရသည်။
"သူက တစ္ဆေစစ်သူကြီးရဲ့ ပန်းချီဆရာ မဟုတ်ဘူးလား။ အရင်တုန်းက ဘော့စ်ဖေးနဲ့ အလုပ် အတူတူလုပ်ဖူးပြီး စတိုင်မျိုးစုံလည်း ရှိတယ်။ အလုပ်အတွက် အသင့်တော်ဆုံးပဲ။”