အခန်း(၆၃) ဇာတ်ကွက်
Vol. 5 Ch. 63
အခန်း(၆၃) ဇာတ်ကွက်
ချန်းရှက ဖန်သားပြင်ပေါ်က ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး မောက်စ်ကို ရွေ့လျားကာ left-click နှိပ်လိုက်ပြီး ဖမ်းချုပ်မှုမှ လွတ်မြောက်အောင် ကြိုးစားလိုက်သည်။
ဇာတ်လိုက်က အစွမ်းကုန်လွတ်မြောက်အောင် ကြိုးစားရင်း နာကျင်စွာဖြင့် အော်ဟစ်နေသည်။ ဇွန်ဘီကို ဘေးဘက်သို့ ဆောင့်ကန်ပစ်လိုက်ပြီး ခေါင်းကို နင်းပစ်လိုက်သည်။ ဇွန်ဘီ၏ ခေါင်း ပေါက်ထွက်သွားရသည်။
အမှန်ပင်။ ဒီလိုကြမ်းတမ်းသည့် မြင်ကွင်းမျိုးကို မပြမိအောင် ရှောင်ရှားဖို့အတွက် သူ့မြင်ကွင်းက ဘေးဘက်များကို ယိမ်းသွား၏။
ESRO တွင် ကိုယ်ပိုင် Rating စနစ်ရှိသော်လည်း ပေါင်ရှုနှင့် ဟွမ်စစ်ပေါ်တို့ နှစ်ယောက်စလုံးက သမုဒ္ဒရာရဲတိုက်ကို လူငယ်များအတွက် မသင့်တော်ဘူးဟု မသတ်မှတ်စေချင်ပေ။ မဟုတ်လျှင် ကစားသမားဦးရေ လျော့ကျသွားနိုင်သည်။
ဂိမ်းက အလွန်ကြမ်းတမ်းသည့် မြင်ကွင်းမျိုးကို မပြသအောင် ချိန်ညှိမှုတချို့ လုပ်ထားသည်။
ဇာတ်လိုက်က နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ First-person ရှုထောင့်တွင် ဇွန်ဘီ၏ ကိုက်ချက်ကြောင့် ဇာတ်လိုက်၏ ညာဘက်ခြေထောက်ပေါ်၌ သွေးရွှဲနေသည့် ဒဏ်ရာတစ်ခု ရှိနေတာကို မြင်လိုက်ရသည်။ ၎င်း၏ စစ်ဘောင်းဘီ အလယ်တွင် အပေါက်တစ်ပေါက်ရှိနေပြီး အပေါက်၏ အောက်ဘက်တွင် အသားများက စုတ်ပြဲကာ သွေးများ စီးကျနေသည်။
ဇာတ်လိုက်က ရုန်းကန်ရင်း မတ်တတ်ရပ်လိုက်ကာ ထွက်ပေါက်ဆီသို့ ရှပ်တိုက်လျှောက်လာခဲ့သည်။
နောက်ဆုံးတော့ နောက်ဆုံးတံခါးထံသို့ ရောက်လာခဲ့လေပြီ။
တံခါးက ဖွင့်လျက်သား ရှိနေပြီး တံခါးဟနေသည့် ကြားတွင် အလင်းရောင်ကို မြင်ရသည်။ တံခါး၏ အနောက်တွင် မသဲဲမကွဲအသံတစ်ခုကို ကြားနေရသည့်ပုံပင်။
ဇာတ်လိုက်က လက်နှစ်ဖက်စလုံးဖြင့် တံခါးကို တွန်းဖွင့်ကြည့်လိုက်သည်။
တံခါးပွင့်သွားသောအခါ သွေးများစိုရွှဲနေသည့် ဇွန်ဘီတစ်ကောင်က တံခါးနောက်မှထွက်လာပြီး ဇာတ်လိုက်ဆီသို့ ခုန်အုပ်ကာ ကြမ်းပြင်ပေါ် လှဲချလိုက်သည်။
"လခွီး လခွီး လခွီး လခွီး လခွီး..."
ချန်းရှ လုံးဝ ထိတ်လန့်သွားခဲ့သည်။ ဇွန်ဘီ၏ မျက်နှာကြီးက ဇာတ်လိုက်ပေါ်တွင် ရှိနေပြီး ဖန်သားပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ သွေးကွက်များ၏ ၎င်း၏ သွားများပေါ်က အသားစများကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထိုဇွန်ဘီ၏ မျက်နှာကို အရမ်းကြီး လက်တွေ့ဆန်ပြီး အသေးစိတ်ကျအောင် ဒီဇိုင်းဆွဲမထားသော်လည်း ချန်းရှ လန့်သွားဆဲဖြစ်သည်။ ဇွန်ဘီ ဒီလိုမျိုး ရုတ်တရက်ကြီးပေါ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ဇွန်ဘီက ကြေးစားစစ်သည် ဝတ်စုံဝတ်ထားသည်။ ၎င်း၏ ခန္ဓာကိုယ်က တစ်ဆက်တည်း ရှိနေဆဲဖြစ်ကာ ထွားကြိုင်းလှသည်။ ခုနက အားနည်းပြီး စုတ်ပြတ်နေသည့် ဇွန်ဘီလိုမဟုတ်ပေ။
ကြေးစား ဇွန်ဘီကြီးက ဒဏ်ရာရနေသည့် ဇာတ်လိုက်ကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်ပြီး ရုန်းကန်ကာ သူ့ခေါင်းကို ဇာတ်လိုက်အနား ကပ်ဖို့ ကြိုးစားနေသည်။ "ဂါးးး" မာန်ဖီသံများကို ၎င်း၏ လည်ချောင်းနောက်ဘက်မှ ကြားနေရပြီး ဇာတ်လိုက်၏ လည်ပင်းကို ကိုက်ဖြတ်ဖို့ ကြိုးစားနေသည်။
ဇာတ်လိုက်က ညာဘက်လက်ဖြင့် ကြေးစားဇွန်ဘီ၏ လည်ပင်းကို ညှစ်ထားပြီး သူ့ဘယ်ဘက်လက်က ဇွန်ဘီ၏ ခါးနားသို့ ရွေ့လျားသွားခဲ့သည်။
ဒိုင်း...
သေနတ်ပစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သွေးများ ဖုံးလွှမ်းနေသော အမြင်အာရုံကြားထဲတွင် ဇာတ်လိုက်က ကြေးစားဇွန်ဘီကို တွန်းလိုက်ပြီး ၎င်း၏ အလောင်းကို ဘေးဘက်သို့ လွှင့်ပစ်လိုက်တာကို ချန်ရှ မြင်နိုင်သည်။
ကြေးစားဇွန်ဘီ၏ ခါးတွင် ပစ္စတိုတစ်လက် ရှိနေခဲ့သည်။ ဇာတ်လိုက်က ထိုသေနတ်ကို ဆွဲထုတ်ကာ ဇွန်ဘီ၏ ခေါင်းကို ပစ်လိုက်ခြင်း ဖြစ်သည်။
ဇာတ်လိုက်က သွေးထွက်လွန်နေသဖြင့် ဖန်သားပြင်က တဖြည်းဖြည်း ဝါးလာခဲ့သည်။ ထို့ကြောင့် သေနတ်ပစ်ချက်ကြောင့် ဇွန်ဘီ၏ ခေါင်းဘယ်လို ပေါက်ထွက်သွားသလဲ မမြင်ရခဲ့ပါ။ သို့သော်လည်း မှုန်ဝါးနေသည့် အမြင်အာရုံနှင့် ဇာတ်လိုက်၏ အသံတို့က ဖိအားကို ပိုမြင့်မားသွားစေသည်။
ချန်းရှက ချောက်ချားသွားသည်။ ဒီဂိမ်းက တကယ်ဆိုးရွားတာပဲ။
ဒီဂိမ်းက FPS ဂိမ်းလို့ ပြောပေမဲ့ အကြောင်းအရာက ခြောက်ခြားဖွယ်ဂိမ်းတစ်ခုနှင့် တူနေသည်။ လူတွေသေအောင် ကြောက်လန့်သွားနိုင်သည်။
တကယ်တော့ ထိုတိုက်ပွဲနှစ်ခုက မျက်တစ်မှိတ်အချိန်အတွင်း ပြီးဆုံးသွားနိုင်သည်ံ တိုက်ပွဲများ ဖြစ်သည်။ ၎င်းတို့၏ လက်ကို အသုံးပြုပြီး မောက်စ်ကို ရွှေ့လိုက်သည်နှင့် တိုက်ပွဲများက ခဏလေးနှင့် ပြီးဆုံးသွားပါလိမ့်မည်။ သို့သော်လည်း ချန်းရှက ချွေးစေးများ ပြန်ခဲ့သေးသည်။
အဓိက အကြောင်းအရင်းကတော့ ခြေထောက်ကိုက်သည့် ဇွန်ဘီနှင့် တံခါးနောက်ကနေ ရုတ်တရက် ပေါ်လာပြီး တိုက်ခိုက်သည့် ဇွန်ဘီတို့ကြောင့်ဖြစ်သည်။ ထိုဇွန်ဘီများကို ရင်ဆိုင်ရဖို့ စိတ်ပိုင်းဆိုင်ရာအရ လုံးဝ မပြင်ဆင်ထားခဲ့ပါ။ ထို့ကြောင့် အကြောက်တရားက လုံးဝ ပြင်းထန်ခဲ့သည်။
ဂိမ်း၏ နောက်တစ်ဆင့်ကတော့ ပုံမှန် လမ်းညွှန်မုဒ်ဖြစ်သည်။
စနစ်က ပစ္စတိုဖြင့် ဘယ်လိုချိန်ရမလဲ၊ ပစ်ရမလဲ၊ ကျည်ဘယ်လိုလဲရမလဲ၊ ဘယ်လို ငုံ့ရမလဲ အစရှိသည့် ဂိမ်းကွန်ထရိုးများကို စတင် သင်ကြားပေးသည်။ ဂိမ်း၏ ကွန်ထရိုးများက တခြား FPS ဂိမ်းများနှင့် သိပ်ပြီး မခြားနားလှပါ။ ချန်းရှက ခပ်မြန်မြန်ပဲ သဘောပေါက် သွားခဲ့သည်။
ထိုအချိန်တွင် ဇာတ်လမ်းထဲ၌ ဇာတ်လိုက်က အခန်းထဲရှိ ဗီရိုများထဲတွင် ဆေးအကူသေတ္တာ တစ်လုံးကို ရှာတွေ့ခဲ့ပြီး သူ့ဝမ်းဗိုက်နှင့် ညာခြေထောက်ပေါ်က ဒဏ်ရာများကို ပက်တီးစီးခဲ့သည်။
တစ်ပြိုင်တည်းမှာပင် အခန်းထဲက အလောင်းတစ်လောင်းတွင် ဖြတ်သန်းခွင့် ကတ်တစ်ခုကိုလည်း ရှာတွေ့ခဲ့သည်။
ရိုးရှင်းသည့် ကုသမှုနှင့် ပတ်တီးစီးမှုတချို့ လုပ်ပြီးသွားသောအခါ ဂိမ်း၏ ဇာတ်ကြောင်းမုဒ်တရားဝင် စတင်ခဲ့ပါပြီ။ အစပိုင်းတွင် ဇာတ်လိုက်က ဖြည်းညင်းစွာ လှုပ်ရှားသည့် အားနည်းသော ဇွန်ဘီများဖြင့်သာ ဆုံခဲ့ရသည်။ ဇွန်ဘီများကို တစ်ကောင်ချင်းစီ ခေါင်းကို သေနတ်ဖြင့်ပစ်နိုင်၏။
သို့သော်လည်း ဂိမ်း၏ အစိပိုင်းတွင် ဇာတ်လိုက်မှာ ကျည်ဆန် များများစားစားမရှိခဲ့ပါ။ ဇွန်ဘီများကလည်း အမြဲတမ်း မျှော်လင့်မထားသည့် နေရာများတွင်သာ ပေါ်လာတတ်သည်။ ထို့ကြောင့် အနည်းငယ် အာရုံလွဲသွားရုံနဲ့ အကိုက်ခံရခြင်း သို့မဟုတ် မြေပေါ်သို့ တွန်းလှဲခံရခြင်းများ ဖြစ်သွားနိုင်သည်။
ချန်းရှက အချိန်အရွယ်တော်သော်လည်း ဆက်တိုက် ထိန်လန့်နေရဆဲဖြစ်သည်။
ဂိမ်းက ဇာတ်လိုက်၏ သရုပ်မှန်နှင့် ရည်ရွယ်ချက်ကို တိုက်ရိုက် နှင့် သိသိသာသာ ပြောမပြပါ။ သို့သော်လည်း စဦးပိုင်း ဇာတ်လမ်း တဖြည်းဖြည်းရောက်လာသည်နှင့် ချန်းရှက ဖြစ်နိုင်ခြေများကို ခန့်မှန်းမိနေပါပြီ။
ဇာတ်လိုက်က လျှို့ဝှက်ခံတပ်တစ်ခုထဲတွင် ရှိနေတာဖြစ်ရမည်။ ဒီနေရာကြီးတွင် ဆန်းကြယ်သည့် ဗိုင်းရပ်စ်တစ်မျိုးက လည်ပတ်နေ၏။ လူများစွာက ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ဇွန်ဘီများအဖြစ် ပြောင်းလဲ သွားကြသည်။
ဇာတ်လိုက်က လျှို့ဝှက်ခံတပ်မှ ကြေးစားများ လိုက်တာကို ခံရရုံတင်မကသေးဘဲ ဇွန်ဘီများ ကိုက်တာကိုလည်း ခံရသည်။
ဇာတ်လိုက်က သူ့ဒဏ်ရာများကို ဆေးအကူ သေတ္တာထဲက ပစ္စည်းများသုံးကာ သွေးတိပ်အောင် ပက်တီးစီးဖို့ ကြိုးစားခဲ့သော်လည်း ဗိုင်းရပ်စ်ပိုး မပျံ့နှံ့အောင် တားဆီးဖို့ မလုံလောက်ပေ။ သူလည်း ဇွန်ဘီတစ်ကောင် ဖြစ်သွားဖို့ သိပ်မလိုတော့ပါ။
ဇာတ်လိုက်တွင် မိတ်ဆွေ၊ ရဲဘော်ရဲဘက် သို့မဟုတ် အပြင်လောကနှင့် ဆက်သွယ်နိုင်မည့် ကိရိယာလည်း တစ်ခုမှမရှိပါ။ အန္တရာယ်များကို ရဲရင့်စွာ ရင်ဆိုင်ရင်း ခံတပ်ထဲက ရင်းမြစ်များကို တစ်ယောက်တည်း ရှာဖွေရုံသာရှိတော့သည်။ ဇွန်ဘီများနှင့် သက်ရှိ ကြေးစားတချို့ကို တိုက်ခိုက်ရင်း ရှင်သန်နေရသည်။
ထိုသို့ တိုက်ခိုက်ရင်း ကစားသမားက မရေမတွက်နိုင်အောင် များပြားသော အဟန့်အတား များကို ရင်ဆိုင်ခဲ့ရသည်။
တိုက်ပွဲများအရ ဇွန်ဘီနှင့် ကြေးစားများကို တိုက်ခိုက်ဖို့အတွက် မတူညီသော နည်းလမ်းများ ရှိကြသည်။
ဇွန်ဘီများက အကြားအာရုံကောင်းကြသည်။ စိတ်ကြိုက် ပစ်ခတ်ခြင်းက ဘေးပတ်လည်ရှိ ဇွန်ဘီများကို ဆွဲဆောင်ရုံသာ ရှိမည်။ ကစားသမားတွင် ထူးချွန်သည့် သေနတ်ပစ် စွမ်းရည်မရှိပါက ဇွန်ဘီအုပ်ကြီး တိုက်ခိုက်တာကို ခံရလျှင် သူပြဿနာ အကြီးကြိးတက်နိုင်သည်။
ထို့အပြင် ကစားသမာားများက ဇွန်ဘီများကို သတ်နိုင်ခဲ့ရင်တောင် ကျည်ကုန်သွားနိုင်သည်။ ကျည်ဆန်လိုအပ်သော အခြေအနေမျိုးတွင် ပိတ်မိသွားနိုင်ကြသည်။
ထို့ကြောင့် ဇွန်ဘီများကို ရှင်းဖို့အကောင်းဆုံး နည်းလမ်းက အနီးကပ်တိုက်ခိုက်ဖို့သာ ဖြစ်သည်။ ကစားသမားများက ဇွန်ဘီများကို လျှို့ဝှက်စွာဖြင့် တစ်ကောင်ချင်း သတ်ဖြတ်ရသည်။
ကြေးစားများကတော့ အုပ်စုလိုက် ကင်းလှည့်ကြ၏။ တစ်ယောက်ယောက် ပျောက််သွားတာနဲ့ အခြားသူတွေက သတိပေးလိမ့်မည်။ သူတို့ အော်ဟစ်ကြပြီး သူတို့၏ ရဲဘော်ရဲဘက်များကို အသိပေးလိမ့်မည်။ ထိုအခါ သူတို့ပိုပြီး သတိဝီရိယ ရှိလာကြပါလိမ့်မည်။
ထို့ကြောင့် ကြေးစားများနှင့် ရင်ဆိုင်ရသောအခါ လုပ်ကြံသတ်ဖြတ်ခြင်းက ရွေးချယ်မှုကောင်း မဟုတ်လောက်ပေ။ ကစားသမားများက ထိုကြေးစားများနှင့် သေနတ်ချင်း ယှဥ်ပစ်နိုင်ဖို့ အကောင်းဆုံးကြိုးစားပြီး တိုက်ပွဲကို တတ်နိုင်သမျှမြန်မြန် အဆုံးသတ်အောင် လုပ်သင့်သည်။ သူတို့ ကြေးစားများကို သတ်ပြီးသည်နှင့် ၎င်းတို့၏ ကျည်ဆန်ကို သိမ်းယူနိုင်သည်။ သေနတ်အသစ်များကိုပင် ရယူနိုင်သည်။
အမှန်ပင်။ အခြေအနေတချို့တွင် ကစားသမားများက ကြေးစားများနှင့် ဇွန်ဘီများကို တစ်ပြိုင်တည်း ရင်ဆိုင်ရနိုင်၏။ သူတို့ သေချာပေါက် ဇွန်ဘီနဲ့ ကြေးစားများကို မျှားခေါ်ပြီး အချင်းချင်း တိုက်ခိုက်အောင် လုပ်နိုင်သည်။ ထို့နောက် နောက်ဆုံးအချိန်ကျမှ ဝင်တိုက်ပြီး ၎င်း၏ တိုက်ပွဲကို အကျိုးခံစားခွင့် ဝင်ယူနိုင်သည်။
တချို့ အတားအဆီးများတွင် ကစားသမားများက အထူး ပစ္စည်းကိရိယာများဖြင့်လည်း ပျော်နိုင်သည်။ ဥပမာ သတ်မှတ်ထားသည့် နေရာများတွင် ဇွန်ဘီများကို ရှင်းလင်းဖို့ စက်သေနတ်ကြီးများ အသုံးပြုခြင်းဖြစ်သည်။ သို့သော်လည်း အများဆုံအချိန်မှာတော့ ကစားသမားက သေနတ်နှင့် ကျည်အသုံးချမှုကို သေသေချာချာလေး ထိန်းသိမ်းရမည်။ ၎င်းတို့ ရှင်သန်ဖို့အတွက် ကြိုးစားရာတွင် ကျည်ဆန်တိုင်းက အရေးပါ၏။
ဂိမ်းထဲက ဇာတ်ကွက်အားလုံးနီးပါးမှာ ခံတပ်ထဲတွင် ဖြစ်သော်လည်း ဝင်္ကပါတစ်ခုလို ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။
တချို့တံခါးများက ကာရံခံထားရပြီး ဖြတ်သန်းလို့မရပါ။ တချို့က ဖြတ်သန်းခွင့် ကတ်များ လိုအပ်သည်။ တချို့ကတော့ အထူးကိရိယာများကို သုံးရင် ဖျက်ဆီးရမည်။
ဂိမ်းအဆင့်တဖြည်းဖြည်း တက်လာတာနဲ့ ၎င်းတို့၏ ရန်သူများက ခွန်အားကော ပုံစံကွဲပြားမှုကော ပိုမြင့်မားလာမည်ဖြစ်သည်။
ပိုဆိုးတာက ဇာတ်လိုက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တဖြည်းဖြည်း ဆိုးဝါးလာမည် ဖြစ်သည်။ ဖန်သားပြင်က ရုတ်တရက်ကြီး မှုန်ဝါးသွားတတ်ပြီး အတော်ကြာမှ မူလအခြေအနေသို့ ပြန်ရောက်သွားတတ်၏။ ဇာတ်လိုက်၏ လက်များက တုန်ယင်ပြီး သေသေချာချာ မချိန်ရွယ်နိုင်လောက်ပါ။ သူ့လှုပ်ရှားမှုကလည်း နှေးကွေးလာပြီး လမ်းကို ဖြောင့်အောင်ပင် မလျှောက်နိုင်လောက်တော့ပေ။
နောက်ဆုံးတော့ ချန်းရှက သူ့ပထမဆုံး ဘော့စ် အသေးစားလေးကို ရင်ဆိုင်ခဲ့ရသည်။
ပထမဘော့စ်က အားကောင်းသည့် သန္ဓေပြောင်း ဇွန်ဘီတစ်ကောင်ဖြစ်သည်။ တခြား ဇွန်ဘီများထက် ပိုကြီးမားပြီး ပိုရှည်လျားသည့် အသက်ဘားတန်းလည်း ရှိသည်။
သို့သော်လည်း ပထမ ဘော့စ်အသေးစားသာ ရှိသေးသဖြင့် ချန်းရှက သူ စုဆောင်းခဲ့သည့် လက်နက်မျိုးစုံကို အသုံးပြုပြီး သတ်နိုင်ခဲ့သည်။
ထို့နောက် ဇာတ်လိုက်ကပင်ပန်းစွာဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့အမြင်အာရုံများ တဖြည်းဖြည်း မှုန်ဝါးသွားခဲ့၏။
သူ့အားအင်အကုန်လုံးကို သုံးလိုက်မိပြီး သူကူးစက်ခံထားရသည့် ဗိုင်းရပ်စ်ပိုးကလည်း သူ့ကို အသိစိတ်မဲ့အောင် စလုပ်နေပြီဖြစ်သည်။
နောက်ဆုံးမှာတော့ ဇာတ်လိုက် မျက်လုံးကို ပိတ်လိုက်ပြီး ဖန်သားပြင်လည်း အမှောင်ကျသွားခဲ့တော့သည်။