အခန်း(၆၅) တကယ်ထူးခြားတာပဲ...
Vol. 5 Ch. 65
အခန်း(၆၅) တကယ်ထူးခြားတာပဲ...
ဇာတ်ကြောင်းမုဒ်အပြင် သမုဒ္ဒရာရဲတိုက်၏ တခြားကဏ္ဍများစွာကြောင့်လည်း ချန်းရှ အံ့အားသင့်ခဲ့ရသည်။
ဥပမာအားဖြင့် တိုက်ပွဲအတွင်း လက်တိကျမှုဖြစ်သည်။
ချန်းရှက FPS ဂိမ်းများတွင် လက်ရွေးစင်ဂိမ်မာတစ်ယောက်ဖြစ်ပြီး စကေးကြမ်း၏။ ပစ်မှတ်ရှာဖွေခြင်းနှင့် ဆက်တိုက်ပစ်ခတ်ခြင်း စသော နည်းလမ်းများတွင် အလွန်အမင်း တော်သည်။
ရှင်းရှင်းပြောရလျှင် သူက အပစ်အခတ်စကေး တော်သည်။ ဆိုလိုသည်က FPS ဂိမ်းများ၏ လက်တိကျမှုကို မျှော်လင့်ချက်မြင့်မြင့်ထားသည်ဟု ဆိုလိုသည်။
FPS ဂိမ်းများ၏ ဂိမ်းရသက ဂိမ်း လက်တိကျမှုအပေါ်ပဲ အများဆုံး မှီခိုနေသည်။
သူ Bullet Hole ကို စမ်းကစားကြည့်တုန်းက ဂိမ်းဖန်တီးသူများ ဂိမ်းကို ပြီးပြည့်စုံအောင် လုပ်ဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့ရသလဲဆိုတာကို အံ့သြခဲ့ရသည်။ Bullet Hole က Counter Strike ၏ အဆင့်လောက်ထိ ရောက်လုနီးပါး ဖြစ်နေသည်။
သို့သော် Bullet Hole က Counter Strike ကို ပုံတူကူးထားခြင်းသာဖြစ်သည်။
ဒါကလည်း ပုံမှန်ပဲ ဖြစ်သည်။ Counter Strike က လွန်ခဲ့သော နှစ်တချို့အတွင်း ပြီးပြည့်စုံဖို့ အနီးစပ်ဆုံး FPS ဂိမ်းဖြစ်သည်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်သည်။ ပြည်တွင်းစျေးကွက်ထဲက တခြားဂိမ်းများနှင့် ယှဥ်လျှင် မရှုံးနိမ့်နိုင်သလောက် ရှိသည်။
ထုတ်လုပ်သူများက Counter Strike ၏ လက်တိကျမှုကို ပုံတူကူးဖို့ အကောင်းဆုံးကြိုးစားလျှင် ဘာမှမှားယွင်းမှာ မဟုတ်ပေ။
သို့သော်လည်း ပြဿနာက ဒီမှာရှိသည်။ သူတို့ ဘယ်လောက်ပဲ ဂိမ်းကို ပုံတူကူးဖို့ကြိုးစားပါစေ မူရင်းဂိမ်းကို ကျော်သွားနိုင်စရာ အကြောင်းမရှိပေ။
Bullet Hole က Counter Strike ၏ လက်တိကျမှုကို ပုံတူကူးဖို့ ကြိုးစားသည်။ သို့သော်လည်း တချို့မပြည့်စုံမှုနှင့် အားနည်ချက်များကြောင့် Counter Strike လို အဆင့်ထိ ရောက်နိုင်ဖို့ကတော့ ခက်ခဲသည်။
ချန်းရှတောင် Bullet Hole ၏ ဂိမ်းရသကို တိုးမြှင့်ပေးနိုင်ဖို့အတွက် ပြောင်းလဲမှုများစွာကို အကြံပေးခဲ့သည်။ ဂိမ်းနှစ်ဂိမ်းကြားက အသေးစားကွာဟချက်လေးများက ဘာလဲဆိုတာ သူတောင် မပြောနိုင်ပါ။
ဝမ်းတွင်းအသိစိတ်ဆိုတာ တိုင်းတာပြရန် ခက်ခဲသည့် အရာတစ်ခုဖြစ်သည်။ တစ်ခါတလေ လူတစ်ယောက်က ပြဿနာတစ်ခု ရှိနေတယ်ဆိုတာကို သိသော်လည်း ဘယ်လို ပြောင်းလဲပြင်ဆင်မှု လုပ်ရမလဲဆိုတာကို ထိုးပြဖို့ ခက်ခဲနိုင်သည်၊။
တစ်ဖက်တွင် သမုဒ္ဒရာရဲတိုက်ကတော့ လုံးဝ ခြားနားသော လမ်းစဥ်ကို လိုက်ခဲ့သည်။
ဒါကို ဇာတ်ကြောင်းမုဒ်ကို ခံစားကြည့်ပြီးကတည်းက ချန်းရှသိခဲ့သည်။
ဂိမ်း၏ လက်တိကျမှုက Counter Strike နှင့် ကြီးကြီးမားမား ခြားနားသည်။
ဥပမာအားဖြင့် ပစ်ခတ်ခြင်းက သမုဒ္ဒရာရဲတိုက်ထဲတွင် ပိုပြီးတည်ငြိမ်သည်။ သေနတ်များ၏ နောက်ပြန်ကန် ပုံစံများက အများကြီး ပိုရိုးရှင်းသည်။ ခေါင်းကို ပစ်ခတ်နိုင်ဖို့က ပိုလွယ်သည်။ လက်နက်ပြောင်းလဲပြီး မှန်ပြောင်းကို ဖွင့်ဖို့ လိုအပ်သည့် အကြိမ်ကလည်း နည်းပါးသည်။
ချန်းရှ၏ ဂိမ်းအပေါ်မြင်သော ပထမဆုံး အမြင်ကတော့ အလွန်ကျေနပ်စရာကောင်း၏။
Counter Stike က အာရုံစိုက်မှု အများကြီး လိုအပ်သည့် FPS ဂိမ်းတစ်ခုဖြစ်ပြီး ခက်ခဲသည့် နည်းလမ်းများလည်း သည်။ သို့သော် သမုဒ္ဒရာရဲတိုက်ကတော့ ဂိမ်း၏ သင်ယူလေ့လာရသော အပိုင်းကို လျှော့ချပစ်လိုက်ပြီး သေနတ်ပစ်ဂိမ်းများကို အများကြီး ပိုရိုးရှင်းကာ အားရဖို့ကောင်းအောင် ဖန်တီးလိုက်သည်။
ချန်းရှသာ တိုက်ခိုက်ရေးမုဒ်ထဲတွင် ဂိမ်း၏ လက်တိကျမှုကို ခံစားလိုက်ရပါက ဂိမ်းကို အနည်းငယ် သဘောမကျနိုင်လောက်ပေ။
ဂိမ်း၏ သင်ယူလေ့လာမှုအပိုင်းကို လျှော့ချလိုက်ခြင်းက သူ့လို Counter Strike ကို ကျွမ်းကျင်ဖို့ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး ဂိမ်းထဲက နည်းလမ်းများကို ကျွမ်းကျင်ဖို့ အချိန်အများကြီး သုံးခဲ့ရသည့် လူများအတွက် သတင်းဆိုးဖြစ်သည်။
သို့သော်လည်း ချန်းရှက ဂိမ်း၏ ဇာတ်ကြောင်းမုဒ်ကို ကစားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုအတွက် လိုအပ်ချက်များကို လျှော့ချလိုက်ခြင်းက ဇာတ်ကြောင်းမုဒ်ထဲက ဂိမ်းကစားပုံကို အများကြီး တိုးတက်သွားစေသည်။
ရသက ပိုးသားလိုနူးညံ့ပြီး ဂိမ်းထဲကနေ ခွဲထွက်ဖို့ ခက်ခဲလှသည်ဟု ချန်းရှခံစားမိသည်။
ဇာတ်ကြောင်းမုဒ်တွင် ဇာတ်လိုက်ပိုင်ဆိုင်သည့် ကျည်ဆန်အရေအတွက်ကို ကန့်သတ်ထားသော်လည်း လက်နက်များ ပြောင်းလဲခြင်းနှင့် ပစ်ခတ်ခြင်း စသော သူ့စကေးများကို အသုံးပြုပြီး ဇွန်ဘီအသုတ်များကို တိုက်ခိုက်ရင်း ချန်းရှ ပျော်ရွှင်ခဲ့ရသည်။ အဓိက အကြောင်းအရင်းကတော့ သမုဒ္ဒရာရဲတိုက်မှာ ဂိမ်း၏ ခက်ခဲမှုကို အတော်လေး လျှော့ချထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဂိမ်းရသကို အများကြီး အားရဖို့ ကောင်းသွားစေသည်။
ဇာတ်ကြောင်းမုဒ်ကိုပြီးဆုံးအောင် နာရီအနည်းငယ်လောက် ဖြုန်းပြီးသွားသောခါ ချန်းရှက အံ့သြဖို့ကောင်းလောက်အောင် သူအဆင့်နိမ့် ဂိမ်းထိန်းချုပ်မှုများကို အသားကျသွားကြောင်း သိလိုက်ရသည်။ ဂိမ်းကွန်ထရိုးများ၏ ခက်ခဲမှုအဆင့်ကို သူ့သဘောမကျမှုများ လုံးဝ ပျောက်ကွယ်သွားလေပြီ။
လက်နက်ပြောင်းလဲခြင်းများက ဒီလောက်မြန်ဆန်ပြီး သေနတ်တန်ပြန်အားများကလည်း ဒီလောက် လွယ်ကူသင့်သည်ဟု သူခံစားမိသွားသည်။
ထို့အပြင် ချန်းရှက ဇာတ်ကြောင်းမုဒ်ထဲက တိုက်ပွဲများအတွင်း အကြောင်းအရာများစွာာက ကစားသမားများကို တိုက်ခိုက်ရေးမုဒ်များအတွက် လေ့ကျင့်ပေးနေသည်ကို နားလည်မိသည်။
ဥပမာအားဖြင့် ဇာတ်ကြောင်းမုဒ်ထဲက အဟန့်အတားတစ်ခုတွင် ကိုယ်တစ်ဝက်ပျောက်နိုင်သော ဘော့စ်တစ်ကောင် သည်။ တိုက်ခိုက်ရေးမုဒ်ရွေးချယ်စရာများထဲက တစ္ဆေမုဒ်နှင့် သက်ဆိုင်နေသည်။
ဇာတ်ကြောင်းမုဒ်ထဲက ဇွန်ဘီများကလည်း ဇီဝဓာတုမုဒ်ထဲက ကစားပုံကစားနည်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထို့အပြင် ဇာတ်ကြောင်းမုဒ်ထဲက ဇာတ်လိုက်မှာ မတူညီသည့်ကြေးစားများကို သတ်ဖြတ်ပြီးနောက် ၎င်းတို့ထံမှ အဆင့်မြင့်လက်နက်များကို သိမ်းပိုက်ပြီးအသုံးပြုနိုင်သည်။
ထိုသေနတ်များကို တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် တခြားနည်းလမ်းများဖြင့် တိုက်ခိုက်ရေးမုဒ်ထဲတွင် ရရှိနိုင်သည်။ ဆိုလိုရင်းက ဇာတ်ကြောင်းမုဒ်မှာ ကစားသမားများကို ထိုအဆင့်မြင့်လက်နက်များ ကြိုတင်သုံးစွဲခွင့်ပြုထားသည့်သဘောဖြစ်သည်။
ဇာတ်ကြောင်းမုဒ်က ချန်းရှကို Counter Strike မှ သမုဒ္ဒရာရဲတိုက်သို့ ချောမွေ့စွာ ကူးပြောင်း သွားနိုင်အောင် ကူညီပေးသည့် ပေါင်းကူးတံတားလေးလို ဖြစ်သည်။
ချန်းရှက အချိန်ကိုကြည့်လိုက်သည်။ သူ သမုဒ္ဒရာရဲတိုက်ထဲက ဇာတ်ကြောင်းမုဒ်ကို နေ့လယ်ခင်းမှ စကစားခဲ့ပြီး ပြီးမြောက်ဖို့အတွက် ငါးနာရီ ကြာခဲ့သည်။
ဇာတ်ကြောင်းမုဒ်၏ ကြာချိန်က သိပ်ပြီး မကြာဘဲ တခြား နိုင်ငံခြား AAA ဂိမ်းများထက် အများကြီး ပိုတိုသော်လည်း ကစားသမားများ၏ စိတ်ခံစားချက်များကို ချောမွေ့စွာ လမ်းပြပေးသည့် ပြီးပြည့်စုံသည့် စိတ်ခံစားချက်များ ပါဝင်နေသည်။
ချန်းရှက သူ့ အုပ်စုဖွဲ့စကားပြောခန်းကို အမြန်ဖွင့်လိုက်ပြီး သမုဒ္ဒရာရဲတိုက်၏ တရားဝင်ဂိမ်းဖြန့်ချိရေး ဝက်ဘ်ဆိုက်မှ ဒေါင်းလုတ်လင့်ခ်ကို ပို့ပေးလိုက်သည်။
"ဒီဂိမ်းက သောက်ရမ်းကောင်းလွန်းတယ်။ မြန်မြန် ကစားကြည့်ကြစမ်း။"
အုပ်စုဖွဲ့စကားပြောခန်းထဲမှလူများလည်း အနည်းငယ် အံ့အားသင့်သွားကြသည်။ ချန်းရှက သူညွှန်းဆိုပေးသည့် ဂိမ်းအကြောင်းကို ပြောသည့်အခါ ဒီလောက်ထိ စိတ်လှုပ်ရှားနေတာ ပုံမှန်မဟုတ်ပေ။
သူကော်မရှင်တစ်ခုအတွက် လုပ်ပေးနေတာလား။
သို့သော်လည်း ဘာကြောင့် စိတ်လှုပ်ရှားနေရသလဲဆိုတာတော့ အဖြေမထွက်ပါ။
ချန်းရှ အရင်တုန်းက ဂိမ်းတစ်ခုကို ပရိုမိုးရှင်းဆင်းဖို့အတွက် ကော်မရှင်မရဖူးတာမျိုးလည်း မဟုတ်ပါ။ ခဏခဏ ပိုက်ဆံရခဲ့သည်။ သို့သော်လည်း ဂိမ်းကို ကြော်ငြာပေးသည့် အခါ ပုံမှန်ဆို သူဒီလောက်ထိ စိတ်လှုပ်ရှားနေမည်မဟုတ်ပါ။ အုပ်စုဖွဲ့စကားပြောခန်းထဲတွင် ဝတ်ကျေတမ်းကျေ မက်ဆေ့ချ်တစ်စောင် ပို့ပေးလိုက်ရုံသာ ရှိသည်။
ဥပမာအားဖြင့် အုပ်စုဖွဲ့စကားပြောခန်းထဲက မန်ဘာများကို Bullet Hole စမ်းသပ်ကစားမှုတွင် ပါဝင်ဖို့ ဖိတ်ကြားတုန်းက ပိုက်ဆံရှာဖို့ အခွင့်အရေးတစ်ခုဖြစ်သည်ဟုသာ ပြောပြီး ဂိမ်းကို လုံးဝ မချီးကျူးခဲ့ပေ။
ချန်းရှက စံနှုန်းမြင့်မြင့်ထားသော လူတစ်ယောက် ဖြစ်သည်။ Bullet Hole က ဂိမ်းကောင်း တစ်ခုဖြစ်သည်ဟုသာ ခံစားရသည်။ ထို့ကြောင့် Bullet Hole ဂိမ်းစမ်းသပ် ကစားမှုကို အလုပ်အခွင့်အလမ်းတစ်တစ်ခုအဖြစ် ကမ်းလှမ်းချင်ရုံသာဖြစ်ပြီး ဂိမ်းကို ပရိုမိုးရှင်းဆင်းပေးဖို့အတွက် အများကြီး အားမစိုက်ထုတ်ခဲ့ပါ။
ဒီတစ်ခေါက်တော့ သူ့သဘောထားက အနည်းငယ် ဇဝေဇဝါဖြစ်ဖို့ ကောင်းသည်။ မဟုတ်မှလွဲရော...။
"အစ်ကိုချန်း မင်းအကောင့် ဟက်ခံလိုက်ရတာလား" Group ထဲက တစ်ယောက်ယောက်က မေးလိုက်သည်။
ချန်းရှက ဆွံ့အသွားသည်။
ဘာဖြစ်လို့လဲ။ ဟက်ခံရတယ်ဟုတ်လား။ ခါတိုင်း အေးအေးဆေးဆေး နေတတ်တဲ့လူတစ်ယောက်က ဂိမ်းတစ်ခုကို စိတ်အားထက်သန်မှုနဲ့ ဘာလို့ ကြေညာပေးလို့မရတာလဲ။
"မဟုတ်ပါဘူးကွ။ ဒီဂိမ်းက တကယ်ထူးခြားတဲ့ဂိမ်းကွ။ မင်းတို့ကောင်တွေ စမ်းကစားကြည့်စမ်းပါ။ ဘာပဲဖြစ်ဖြစ် အခမဲ့ပဲလေ။" ချန်းရှက စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
"ဘယ်လိုထူးခြားတာလဲ Counter Strike ထက်ပိုကောင်းလို့လား" သိချင်သော လူတချို့က မေးလိုက်သည်။
ချန်းရှက ပြန်မဖြေခင် ခေတ္တ စဥ်းစားကြည့်လိုက်သည်။
"အင်း... ဘယ်လိုရှင်းပြရမလဲမသိဘူး။ အရမ်းထူးခြားတဲ့ ဂိမ်းတစ်ခုခုပဲ။ ဇာတ်ကြောင်းမုဒ်ပါတဲ့ FPS ဂိမ်းတွေထဲမှာ သူ့ရဲ့ တိုက်ခိုက်မှုရသက အကောင်းဆုံးပဲ။ တိုက်ခိုက်ရေးမုဒ်ကို အသားပေးတဲ့ FPS ဂိမ်းတွေထဲမှာ သူ့ရဲ့ ဇာတ်လမ်းဇာတ်ကွက်က အကောင်းဆုံးပဲ။ အထဲက ဝယ်လို့ရတဲ့ ပစ္စည်းက တော်တော်လေး အဓိပ္ပာယ် မရှိပေမဲ့ လူတွေကို စျေးမကြီးဘဲ သင့်တော်တဲ့စျေးနှုန်းလို့ ထင်သွားစေတယ်...."
အုပ်စုဖွဲ့စကားပြောခန်းထဲက လူများအားလုံး ကြောင်သွားကြသည်။ "ဖွီးးး ဘာလဲဟ"
"အစ်ကိုချန်း ဒီနေ့မူးနေတာလား။"
"ရယ်စရာကောင်းလိုက်တာ ဇာတ်လမ်းသွားပါတဲ့ ဂိမ်းတွေထဲမှာ အကောင်းဆုံးတိုက်ခိုက်မှု ရသရှိပြီး တိုက်ခိုက်ရေး ဂိမ်းတွေထဲမှာ ဇာတ်လမ်းဇာတ်ကွက် အကောင်းဆုံးဂိမ်းဟုတ်လား။"
"အိုခေ ငါအလုပ်သွားရတော့မယ် အလုပ်ပြီးသွားရင် စမ်းကြည့်လိုက်မယ်။"
"ဂိမ်းထဲက အထူးမုဒ်တွေကို အတူတူ ကစားချင်တဲ့လူရှိလား။ ငါ ဇီဝဓာတုမုဒ်နဲ့ တစ္ဆေမုဒ်တွေကို စမ်းကစားကြည့်ချင်လို့။ ငါနဲ့ကစားချင်တဲ့လူရှိလား" ချန်းရှက စာရိုက်လိုက်သည်။
ချန်းရှက သူ့မိတ်ဆွေများကို အခွင့်ကောင်း ယူချင်၍မဟုတ်ပေ။
အဓိက အချက်က သမုဒ္ဒရာရဲတိုက်ထဲတွင် ကစားသမား နည်းလွန်းနေသောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာ အွန်လိုင်းဖြစ်နေသောလူ ဆယ်ဂဏန်းသာ အများဆုံးရှိသည်။ ဂိမ်းထဲက ပွဲရှာသည့် စနစ်ကို အသုံးပြုပြီး အထူးမုဒ်များအတွက် တခြား ကစားသမားများကို မရှာဖွေနိုင်ပေ။
အုပ်စုဖွဲ့စကားပြောခန်းထဲက လူတွေကို ဖိတ်ကြားပြီး သူ့ကိုယ်ပိုင်အုပ်စုကို ဖန်တီးဖို့သာရှိသည်။
အလွန်လျင်မြန်စွာဖြင့် အုပ်စုဖွဲ့စကားပြောခန်းထဲက ကစားသမားများက သမုဒ္ဒရာရဲတိုက်အကြောင်းကို အလွန်တက်ကြွစွာ ပြောလိုက်ကြသည်။
၎င်း၏ နာမည်က ဆိုးရွားသော်လည်း ဂိမ်း၏ တခြား ကဏ္ဍအားလုံးနီးပါးမှာ တော်တော်လေး ဒီဇိုင်းကောင်းမွန်သည်ဆိုတာကို သိလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ရသည်။