← Chapters

အခန်း(၆၆) အခြေအနေမကောင်းတော့ဘူး

Vol. 5 Ch. 66

အခန်း(၆၆) အခြေအနေမကောင်းတော့ဘူး

Vol. 5 Ch. 66

အခန်း(၆၆) အခြေအနေမကောင်းတော့ဘူး

ချန်းရှနှင့် ခံစားမှု အတွေ့အကြုံချင်း တူညီစွာ ရခဲ့သည့် အဖွဲ့ခေါင်းဆောင်များမှာ လူနည်းစု မဟုတ်တော့ပေ။

လင်းဝမ်က သူတို့ကိုချဥ်းကပ်ပြီး ဂိမ်းကို စမ်းသပ်ဖို့ တောင်းဆိုခဲ့တုန်းက သူတို့အများစု ချက်ချင်း ငြင်းခဲ့သည်။

ငါတို့ကို ပိုက်ဆံမပေးဘဲ ဂိမ်းကို စမ်းသပ်ခိုင်းနေတာလား။

ဂိမ်းကို အလကား စမ်းသပ်စေချင်လို့လား။

သို့သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်မာနကြောင့် လူများစွာက ဂိမ်းကို ဒေါင်းလုတ်ဆွဲပြီး ကစားခဲ့ကြသည်။

သူတို့စကစားလိုက်သည်နှင့် မရပ်တန့်နိုင်တော့ပေ။ သမုဒ္ဒရာရဲတိုက်တွင် ရိုရှင်းသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။ လူသစ်များအတွက်လည်း ဂိမ်းကစားရတာ အရမ်း အားရဖို့ကောင်းစေသည်။ သို့သော် Counter Strike ၏ လက်ရွေးစင်ဂိမ်မာများလို ကျွမ်းကျင်သူများအတွက်တော့ ထိုရိုးရှင်းသွားသည့် လုပ်ဆောင်ချက်များကြောင့် အထင်သေးခြင်းနှင့် ကစားရခက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း သမုဒ္ဒရာရဲတိုက်ထဲက ဇာတ်ကြောင်းမုဒ်မှာထိုပြဿနာများကို ဖြေရှင်းပေးခဲ့သည်။

သူတို့အုပ်စု ဂိမ်းထဲဝင်လိုက်ကြတာနဲ့ အများစုက ဂိမ်း၏ ဇာတ်ကြောင်းမုဒ်ကြောင့် ဈာန်ဝင်သွားကြသည်။ နာရီအနည်းငယ်လောက် ကစာကြည့်ပြီးကြာသောအခါ ထူးခြားသည့် လက်တိကျမှုကို အသားကျသွားကြပြီး ပြီးပြည်စုံသည့် ဂိမ်းပြောင်းလဲနိုင်မှုကို ရရှိသွားကြသည်။

ထို့အပြင် သူတို့ လက်တိကျမှုအား အသားကျပြီးသွားကြသောအခါ လူများစွဦက Counter Strike ကို ပြန်ကစားဖို့ ခက်ခဲလာသည်။

သေနတ်ပစ်ဖို့က ဘာလို့ဒီလောက်ကြာတာလဲ။

ဘာလို့ သေနတ်ပြန်ကန်အားကို တောင့်ခံဖို့က ဒီလောက်ခက်ခဲရတာလဲ။

တုံ့ပြန်မှုတွေက နှေးလွန်းလိုက်တာ။

ရုတ်တရက် ထိုဂိမ်းကို ကစားရတာ စိတ်ပျက်ဖို့ ကောင်းလာသည်။

Counter Strike က ကောင်းမွန်သော ပြိုင်ဆိုင်မှု ဂိမ်းတစ်ခုဖြစ်သည်။ ယန္တရားတွင် ကန့်သတ်ချက်က ရှိကိုရှိရပါလိမ့်မည်။

ဥပမာအားဖြင့် ဒီလို မြန်နှုန်းမြင့် ပစ်ခတ်မှုမျိုးကို ခွင့်ပြုလိုက်ပါက ကျွမ်းကျင်သူများကို အလွန်အားကောင်းလာနိုင်စေသည်။ အဆင့်တစ်ခုတွင် ဂိမ်းထဲက မျှခြေကို ပျက်စီးအောင် လုပ်လိုက်နိုင်၏။ ထို့ကြောင့်လည်း ဂိမ်းဖန်တီးသူများက ပစ်ခတ်နှုန်းကို လျှော့ချပစ်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း သမုဒ္ဒရာရဲတိုက်ကတော့ ထိုအရာများကို ဂရုမစိုက်ပေ။ ၎င်းအာရုံစိုက်တာဆိုလို့ ဂိမ်မာများကို တတ်နိုင်သမျှ ပျော်အောင် လုပ်ပေးနိုင်ဖို့ဖြစ်သည်။

မျှခြေညီရမယ်တဲ့လလား။

ငါက အနီရောင်ချီလင်လက်နက်တောင် ဝယ်ပြီးသွားပြီး။ အခုထိ မျှခြေအကြောင်းကို ပြောနေကြတုန်းပဲလား။

Counter Strike က လက်ရွေးစင်ဂိမ်မာများက ရုတ်တရက်ကြီး လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ ဂိမ်းကစားမှု ရသက အလွန်အမင်း ချောမွေ့နေသဖြင့် ဂိမ်းကို ကစားသောအခါ အလွန်ရိုးရှင်းပြီး စိတ်အေးဖွယ် ကောင်းသည်။

နောက်ဆုံးမှာတော့ သူတို့ Counter Strike ကို ပြန်ကစားကြရင်တောာင် အသားမကျနိုင်ကြတော့ပေ။ ရိုးရှင်းမှုမှ ခမ်းနားမှုကို သွားဖို့က လွယ်ကူသည်။ ရိုးရှင်းသည့် လုပ်ဆောင်ချက်များနှင့် ဂိမ်းများကို ကစားရတာ အသားကျသွားလျှင် ရှုပ်ထွေးသည့် ဂိမ်းများကို ကစားရတာ အလွန်အမင်း ခက်ခဲသလို ခံစားရစေပါလိမ့်မည်။

ထို့အပြင် သမုဒ္ဒရာရဲတိုက်တွင် ဇာတ်ကြောင်းမုဒ်တစ်ခုသာ မဟုတ်ဘဲ PvPမုဒ်မျိုးစုံလည်း ရှိနေပါသေးသည်။

Bullet Hole နှင့် Counter Strike တို့ဖြင့် ယှဥ်ကြည့်လျှင် သမုဒ္ဒရာရဲတိုက်၏ တစ္ဆေမုဒ်နှင့် ဇီဝဓာတုမုဒ်တို့က ကစားပုံကစားနည်းအသစ်များဖြစ်ကြသည်။ ထို့ကြောင့် ကစားသမားအများစုကို ဆန်းသစ်သော ခံစားချက်တစ်ခု ပေးစွမ်းသည်။

အမှန်ပင်။ ထိုမုဒ်အသစ်များကို ပေါင်ရှုနှင့် ဟွမ်စိပိတို့က ဇာတ်ကြောင်းမုဒ်ကိုဖန်တီးနေစဥ် စဥ်းစားမိခဲ့ကြခြင်းဖြစ်သည်။ မူလရည်ရွယ်ချက်ကတော့ ဇာတ်ကြောင်းမုဒ်မှအကြွင်းအကျန်များကို ကောင်းကောင်း အသုံးချဖို့ဖြစ်သည်။ ဥပမာအားဖြင့် ဇွန်ဘီ မော်ဒယ်များနှင့် တခြား ပန်းချီရင်းမြစ်မျိုးစုံတို့ဖြစ်ကြသည်။ ဂိမ်းကစားပုံ၏ ရှုထောင့်က ကြည့်လျှင် ထိုမုဒ်များက ရင့်ကျက်သည်ဟု မဆိုနိုင်သေးချေ။ ၎င်းတို့၏ မျှခြေက တော်တော်လေး ဆိုးရွားသေးပြီး တိုးတက်ဖို့ အများကြီး လိုပါသေးသည်။

သို့သော် အရေးအကြီးဆုံးအချက်ကတော့ သူတို့လိုမုဒ်များပါဝင်သည့် ဂိမ်းမျိုး စျေးကွက်ထဲတွင် ရှိမနေခြင်းပင်။ ယှဥ်ပြိုင်စရာ ပြိုင်ဘက်ပင်မရှိပါ။

ထို့ကြောင့် မမျှတသော်လည်း PvPမုဒ်အစစ်ထက် တစ္ဆေမုဒ်နှင့် ဇီဝဓာတုမုဒ်တို့ကို ကစားသမား အများစုက ပိုပြီး အသားပေးကြသည်။ မျှခြေက ဆိုးဝါးသော်လည်း ပျော်ဖို့သက်သက်သာ ကစားကြခြင်းဖြစ်သည်။ ဘယ်သူကမှ သိပ်ပြီး ဂရုမစိုက်ကြပေ။ ထို့အစား အရာရာကို ပိုပြီးစိတ်လှုပ်ရှားအောင် လုပ်ပေးနိုင်သည်။

ရက်ပိုင်းအတွင်းမှာပင် သမုဒ္ဒရာရဲတိုက်၏ သတင်းများက FPS ဂိမ်းဂရုများစွာထဲတွင် ကပ်ရောဂါတစ်ခုပမာ ပျံ့နှံ့သွားခဲ့သည်။

...

သောကြာနေ့။

နောက်ဆုံး ပရော်ဖက်ရှင်နယ် သင်ရိုးကို ပြီးဆုံးသွားသောအခါ ဖေးချမ့် နောက်ဆုံးတော့ အနားယူဖို့ အချိန်ရလာပြီဖြစ်သည်။

ရုံးကိုသွာားပြီး သမုဒ္ဒရာရဲတိုက် လုံးဝကျရှုံးသွားပြီဆိုသည့် စိတ်မကောင်းစရာ သတင်းကို လက်ခံဖို့ အသင့်ဖြစ်နေပါပြီ။

သမုဒ္ဒရာရဲတိုက်ကို ဖြန့်ချီပြီး ရက်ပိုင်းအတွင်းမှာပင် ဖေးချမ့်က သူ့ပရော်ဖက်ရှင်နယ် သင်ရိုးအတွက် စာမေးပွဲများကို အလွန် အာရုံစိုက်ထားခဲ့သည်။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကပင် ပျောက်သွားသလိုပင်။

ဟွမ်းစစ်ပေါ်က ဂိမ်းဘယ်လောက် ဆိုးရွားနေကြောင်း မြင်သောာအခါ သူ့ဆီ ပြေးလာပြီး မားကတ်တင်း သေသေချာချာလုပ်ဖို့ လာပြောမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူ့ကိုရှာနေသည့် လူတိုင်းကို သူ မအားဘူးဟုပြောကာ တွေ့ခွင့်မပေးဖို့ လက်ထောက်ရှင်းကို မှာထားသည်။

နောက်ဘက်ခြမ်းက ဂဏန်းများကို မကြည့်ဘဲ တစ်ပတ်လုံးလုံး သူပျောက်သွားခဲ့သည်။

သမုဒ္ဒရာရဲတိုက် အခုလောက်ဆို စျေးကွက်ထဲက ပျောက်သွားလောက်ပြီမဟုတ်လား။

ဖေးချမ့်က ကုမ္ပဏီအကောင့်ထဲက ပိုက်ဆံအားလုံးကို ကိုင်တွယ်ထားသည်။ ထို့ကြောင့် သူက လုံးဝရှုံးနိမ့်ဖို့  အလားအလာရှိသည်။ မားကတ်တင်းဆင်းဖို့ တစ်ပြားတစ်ချပ်မှ သုံးစရာအကြောင်း လုံး၀မရှိပေ။

တခြားသူတွေက သမုဒ္ဒရာရဲတိုက်ကို မားကတ်တင်း ဆင်းချင်ရင်တောင် ဆင်းနိုင်စရာ အကြောင်းမရှိပါ။

ဖေးချမ့်ဘက်တွင် တစ္ဆေစစ်သူကြီးအတွက် ရွမ်ကွမ်းကျန့်နှင့်အတူတူ အလုပ်လုပ်ခဲ့မိခြင်းက ကံဆိုးခြင်းသက်သက်သာ ဖြစ်သည်။ ပန်းချီအသိုင်းအဝိုင်းထဲက ဒီလောက်ထိ ပါရမီရှိတဲ့ ပန်းချီဆရာတစ်ယောက်ကို တွေ့ဖို့ ဘာလို့ ဒီလောက် လွယ်ကူခဲ့ရတာလဲ။

ဒီတစ်ခေါက်တော့ သမုဒ္ဒရာရဲတိုက်အတွက် ဒီလို ပန်းချီဆရာမျိုးမရှိတော့ပါ။

ထို့အပြင် Counter Strike နှင့် ယှဥ်ကြည့်လျှင် လက်တိကျမှု တော်တော်ခြားနားပြီး ၈၈၈ ယွမ်တန် Paywall လက်နက်လည်းရှိသည်။

လုံးဝကျရှုံးဖို့အတွက် အာမခံအလွှာပေါင်းများစွာရှိ၏။

ဖေးချမ့်က အချိန်အကြာကြီး စောင့်ပြီးမှ ကုမ္ပဏီတွင် မျက်နှာပြန်လာပြခဲဲ့သည်။ အဓိကကတော့ လူတွေ ကျရှုံးတာကို မသိဘဲ ဆက်လာနေကြတာကို မထိန်းမချုပ်နိုင်အောင် ရယ်မိမှာ ဆိုးသဖြင့် ဖြစ်သည်။

ယခုတော့ သမုဒ္ဒရာရဲတိုက်၏ ကျရှုံးမှုက ပြီးဆုံးသွားလောက်ပါပြီ။ ကုမ္ပဏီ၏ ဘော့စ်တစ်ယောက်အနေဖြင့် ဖေးချမ့်ကိုယ်တိုင် လာရောက်ပြီး သူ့ဝန်ထမ်းများကို နှစ်သိမ့်ရမည်။ သမုဒ္ဒရာရဲတိုက်အတွက် ဝမ်းနည်းကြောင်း ထုတ်ပြောပြီး အားမလျော့ဖို့နှင့် အရှုံးမပေးဖို့ ပြောရမည်။ သူတို့ ကိုယ့်ကိုယ်ကို အမြန်ပြန်ထိန်းပြီး နောက်ထပ် ပစ်မှတ်ကို ဆောင်ရွက်ဖို့ ပြင်ဆင်ရမည်။

တစ္ဆေစစ်သူကြီးမှ ရနေဆဲဖြစ်သည့် ဝင်ငွေက ကုမ္ပဏီ၏ စီးပွားရေးကို အချိန်တစ်ခုအထိ ထိန်းသိမ်းထားနိုင်သည်။ ထို့နောက် ဖေးချမ့်က ယွမ် ၅၀၀,၀၀၀ ကိုရရှိပြီး နောက်တစ်သုတ်အတွက် ထောက်ပံ့ပေးထားသည့် စနစ်ရန်ပုံငွေများကို ပိုသုံးလိုက်ရုံရှိသည်။

ကောင်းလိုက်တာ ကောင်းလိုက်တာ။

ဖေးချမ့်သည် ရှန်းဟွာဗျူး၏ အောက်ဆုံးထပ်သို့ ရောက်လာသည်။

ဖေးချမ့်က ပါးကို ပွတ်လိုက်ပြီး အလိုလို အပေါ်ဘက်ကို ကွေးနေသည့် သူ့နှုတ်ခမ်းထောင့်များကို အောက်ဘက်သို့ ကွေးသွားအောင် အတင်းလုပ်ယူလိုက်သည်။ ထို့နောက် ကောင်းကင်ပေါ်သို့ ၄၅ ဒီဂရီလောက် ကြည့်လိုက်ပြီး အချိန်များက အလွန် လျင်မြန်စွာကုန်ဆုံးနေသောကြောင့် ဝမ်းနည်းမှုကို ပြသနိုင်ဖို့ ကြိုးစားသည်။

ထို့နောက် ထိုမျက်နှာထားမျိုးကို သူ့မျက်နှာပေါ်မှာ ဆက်ပြီး ထိန်းထားနိုင်အောင် ကြိုးစားလိုက်၏။။

ဖုန်းကိုထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သည်။ သူ့သရုပ်ဆောင်စွမ်းရည်များက အဆင်ပြေသည်။

ဖေးချမ့် ဓာတ်လှေကားဆီလျှောက်သွားခဲ့ပြီး ရုံးဆီသို့ရောက်လာခဲဲ့၏။

...

ဖေးချမ့် ရုံးသို့ ရောက်လာသည်နှင့် အခြေအနေတစ်ခုခု လွဲနေတာကို ဖေးချမ့် ခံစားလိုက်ရသည်။

ဟွမ်းစစ်ပေါ်က သူ့ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေပြီး စက္ကန့်တိုင်း Refresh လုပ်နေသည်။ ထိုင်နေတာ ထိုင်ခုံ၏ အစွန်နားကိုပင် ရောက်နေပါပြီ။

ရှောင်လုကလည်း အတော်လေး ဂနာမငြိမ်ဖြစ်နေသည်။ ခြေထောက်များကို ဆက်တိုက် ခါရမ်းနေပြီး ခေါင်းကိုလည်း ဆက်တိုက် ကုတ်နေခဲ့သည်။ ADHD ကူးစက်ခံထားရသလိုပင်။

ပေါင်ရှုကလည်း ဂိမ်းကစားမနေပါ။ ထို့အစား ပြတင်းပေါက်ဘေးက အပင်များနှင့် ပြတင်းပေါက် အပြင်ဘက်က ရှုခင်းများကို ကြည့်နေသည်။ သူဘာတွေစဥ်းစားနေတာလဲ ဖေးချမ့်မသိပါ။

ထိုအချိန်တွင် ဖေးချမ့်က ရုတ်တရက်ကြီး လိပ်ပြာမလုံသလို ခံစားလိုုက်ရသည်။

သူတို့အားလုံးကို စိတ်ပျက်အောင် လုပ်မိပြီဟု ခံစားလိုက်ရသည်။

သူတို့အားလုံးက ဘာဂိမ်းကောင်းကောင်းမှ မလုပ်နိုင်ကြသည့် ငထုံတစ်စုသာ ဖြစ်ကြသည်။ ထို့အပြင် ဒီအချိန်တောအတွင်း စားကြသောက်ကြ ခရီးသွားကြနှင့်သာ အချိန်အများကြီး ဖြုန်းခဲ့သဖြင့် ဂိမ်းအသစ်ကို ဖန်တီးရန် အချိန်များများစားစား မရှိခဲ့ပေ။

သို့သော်လည်း အားလုံးက ၎င်းတို့၏ စိတ်ခံစားချက်များကို ရင်းနှီးမြှုပ်နှံပြီး ဂိမ်းထဲကို ထည့်ကာ အတူတူ ဖန်တီးခဲ့ကြသည်။

အခုတော့ ဘယ်သူကမှ သူတို့ဂိမ်းကို ဂရုမစိုက်ဘဲ ဒီလောက်ထိဆိုးဆိုးရွားရွား ကျရှုံးနေသဖြင့် သူတို့ ဆိုးဆိုးရွားရွား ခံစားရလည်း ပုံမှန်ပဲဖြစ်သည်။

ဟွမ်းစစ်ပေါ်က ဖန်သားပြင်ပေါ်မှာမြင်နေရတဲ့ ဆိုးဆိုးဝါးဝါး ဂဏန်းတွေကို ကြည့်ရင်း မှင်တက်နေတာ ဖြစ်ရမည်။

ရှောင်လုကလည်း နောက်ဘာဆက်လုပ်ရမလဲဆိုတာကို လမ်းပျောက်နေတာဖြစ်ရမည်။

ပေါင်ရှုကတော့ သူ့ဖြစ်တည်မှုကို သံသယဖြစ်နေတာဖြစ်နိုင်သည်။

ဖေးချမ့် တိုးတိုးလေး သက်ပြင်းချလိုက်သည်။

အခုတော့ သူတို့ရဲ့ဘော့စ်တစ်ယောက်အနေဖြင့် သူတို့ကို နှစ်သိမ့်အားပေးရမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဂိမ်းက ဒီလောက်ထိ ဆိုးဆိုးရွားရွား ကျရှုံးသွားသဖြင့် အပြစ် ၉၀ ရာခိုင်နှုန်းလောက်ကို သူ့အပေါ် ပုံချရမည်ဖြစ်သည်။

ဖေးချမ့်က သူဘာပြောရမလဲ အမြန်စဥ်းစားကြည့်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ဧည့်ကြိုနေရာမှ အမြွှာကောင်မလေးနှစ်ယောက်က ဖေးချမ့်ကို မြင်သွားကြသည်။

"ဘော့စ်ဖေးရောက်လာပြီဟေ့"

ကောင်မလေးနှစ်ယောက်က ရုတ်တရက်ကြီး လက်ခုပ်ထတီးလေသည်။

ရုံးတစ်ခုလုံးလည်း ချက်ချင်း လှုပ်ရှားသွားကြ၏။ လက်ခုပ်သြဘာသံများ ကျယ်လောက်စွာ ထွက်လာသဖြင့် ဖေးချမ့် အသေလန့်သွားသည်။

ဘာဖြစ်တာလဲဟ

အားလုံး၏ မျက်နှာက တောက်ပသောအပြုံးများဖြင့် လင်းလက်နေကြတာကို ဖေးချမ့် သတိထားမိသည်။ သူတို့ ဟန်ဆောင်နေတာတောင် မဟုတ်ပေ။ ထိုအပြုံးများက စစ်မှန်ပြီး ရင်ထဲက လာတာဖြစ်ကြသည်။

ထို့ကြောင့် ဖေးချမ့် ဆိုးဆိုးရွားရွား ခံစားချက် ဝင်လာသည်။

ဖေးချမ့်က မတ်တတ်ရပ်လိုက်ပြီး ဖေးချမ့်ဆီသို့ လျှောက်လာကာ ဦးညွှတ်လိုက်သည်။

"ဘော့စ်ဖေး ကျွန်တော် သင်ခန်းစာရပါပြီ ဒီ့မတိုင်ခင်တုန်းက ဘာလို့ သမုဒ္ဒရာရဲတိုက်ကို မားကတ်တင်း မဆင်းတာလဲဆိုတာ ကျွန်တော် မသိခဲ့ဘူး။ ဘော့စ်ရဲ့လုပ်ရပ်တွေကိုတောင် သံသယဖြစ်ခဲဲ့မိပါတယ်။ ဒါပေမဲ့ အခုတော့ နောက်ဆုံးတော့ ကျွန်တောာ်နားလည်သွားပါပြီ"

"တကယ်တော့ ဂိမ်းကောင်းဆိုတာ မားကတ်တင်း ဆင်းဖို့မလိုဘူးဆိုတာကို ပြသလိုက်တာပဲ။ ကစားသမားတွေရဲ့ တစ်ဆင့်စကားတစ်ဆင့် ကြားရုံနဲ့တင် စျေးကွက်ထဲက ပြိုင်ဆိုင်မှုကို အနိုင်ရနိုင်တယ်"

"ဘော့စ်ဖေးရဲ့ ယုံကြည်ချက်ပြည့်ဝမှုကို လေးစားပါတယ်ဗျ "

ဖေးချမ့်၏ ရင်ထဲ ရုတ်ခြည်း အေးစက်သွားသည်။

သူအကျယ်ကြီး အော်မိတော့မလိုပင်။ သူ့မျက်နှာကြွက်သားများကို ထိန်းချုပ်ဖို့အလွန်ကြိုးစားရင်း တည်တံ့သော မျက်နှာထားကို ဆက်ထိန်းထားလိုက်သည်။

"ငါ့ဂိမ်း.... ရေပန်းစားသွားပြီလား"

ဖေးချမ့် တွင်းနက်ကြီးတစ်ခုထဲ ပြုတ်ကျသွားသလိုခံစားလိုက်ရကာ မေးလိုက်သည်။

ဟွမ်းစစ်ပေါ်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ "အရမ်းကို ရေပန်းစားတာပေါ့ဗျာ"

"ကျွန်တော့်မျက်လုံးကို ကျွန်တော် မယုံကြည်နိုင်လို့ ပလက်ဖောင်းကို ဆက်တိုက် refresh လုပ်လုပ်နေတာ။ ကျွန်တော်တို့ ဂိမ်းအတွက် ဘယ်လိုမားကတ်တင်းမှ မဆင်းခဲဲ့ပေမဲ့ ရေပန်းစားမှုအရ၊ ကစားသမားအရေအတွက်အရနဲ့ အမြတ်အရဆိုရင် ဒိဂိမ်းက Bullet Hole ကို လုံးဝ နင်းခြေသွားနိုင်ခဲ့ပြီဗျ"

All Chapters