← Chapters

အခန်း(၆၈) အသေးစိတ် လေ့လာဆန်းစစ်မှု တင်ပြချက်

Vol. 5 Ch. 68

အခန်း(၆၈) အသေးစိတ် လေ့လာဆန်းစစ်မှု တင်ပြချက်

Vol. 5 Ch. 68

အခန်း(၆၈) အသေးစိတ် လေ့လာဆန်းစစ်မှု တင်ပြချက်

အွန်လိုင်းပေါ်တွင် အချိန်အကြာကြီး ရှာကြည့်ပြီးသွားသောအခါ...

သမုဒ္ဒရာရဲတိုက်ဘာကြောင့် ဒီလောက်ထိ ရေပန်းစားလာသလဲ ဖေးချမ့် အခုထိ နားမလည်နိုင်သေးပေ။

ကောမန့်အပိုင်းကို သွားကြည့်လိုက်သောအခါ ဂိမ်မာများ အဖွဲ့နှစ်ဖွဲ့ကွဲနေသည်ကိုမြင်လိုက်ရသည်။ တစ်ဖွဲ့က ဂိမ်းကို ထောက်ခံသည့်အဖွဲ့နှင့် တစ်ဖွဲ့က ဂိမ်းကို ဝေဖန်သည့် အဖွဲ့ဖြစ်သည်။ နှစ်ဖွဲ့စလုံးက ပြင်းပြင်းထန်ထန် ငြင်းခုန်နေကြသည်။

ဆန်းကြယ်သည့် စာလုံး C ဆိုတာကြီးက သမုဒ္ဒရာရဲတိုက်၏ Rating တွင်ပေါ်လာသည်။

ကြယ် ၅ လုံး rating ပေးသည့် လူအသင့်အတင့်ရှိပြီး ကြယ် ၁ ပွင့်သာ ပေးသည့်လူလည်း အသင့်အတင့်ရှိသဖြင့် နောက်ဆုံးမှာတော့ အနှစ်ချုပ် rating က ၇.၃ ဖြစ်သည်။

ကြယ် ၁ ပွင့်၏ အရှည်က တိုသည်။ သို့သော်လည်း ကြယ် ၂ ပွင့်ထက်တော့ ရှည်ပါသေးသည်။

ကောမန့်များက မကောင်းသလို ဆိုးလည်း မဆိုးပါ။

ဂိမ်မာများ၏ review ကလည်း စုံလင်နေသည်။

ဖေးချမ့်က ဂိမ်းပလက်ဖောင်းများ၊ ဝက်ဘ်ဆိုက်များနှင့် forum များကို စစ်ကြည့်လိုက်သည်။ သမုဒ္ဒရာရဲတိုက်နှင့်ပတ်သက်သည့် reviews များကို ရှာတွေ့နိုင်ဖို့ဖြစ်သည်။ သမုဒ္ဒရာရဲတိုက်၊ Counter Strike နှင့် Bullet Hole တို့အကြောင်း ဆွေးနွေးထားသည့် ရေပန်းစားသည့် အကြောင်းအရာတချို့ကိုတောင် တွေ့ခဲ့ပါသေးသည်။

နောက်ဆုံးမှာတော့ အားလုံးကြောင့် ဖေးချမ့် ပို၍ပင် စိတ်ရှုပ်ခဲ့ရသည်။

"ပြည်တွင်းမှာ ထုတ်လုပ်တဲ့ဂိမ်းတစ်ခုက ဇာတ်ကြောင်းမုဒ်မှာ ဒီလောက်ထိ ကောင်းနိုင်မယ်မထင်ခဲ့ဘူး။ သေချာပေါက် ကြယ် ၅ ပွင့်ပဲ။"

"ကြယ် ၄ ပွင့် ဂိမ်းနာမည်ကြောင့် တစ်ပွင့် လျှော့လိုက်တယ်။ ဂိမ်းကောင်းဖြစ်ပေမဲ့ နာမည်ကြောင့် ပျောက်ကွယ်သွားတော့မလို့ ဖြစ်နေတယ်။"

"သမုဒ္ဒရာရဲတိုက်ကြီး ပေါက်ကွဲသွားတဲ့ နောက်ဆုံးအခန်းနဲ့ ကောင်မလေး ခေါ်သွားခံရတဲ့အခန်းမှာ ငါမျက်ရည်တောင် ကျမိတယ်။ တကယ်ပဲ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ အဓိကဇာတ်ကောင်ထဲကို ငါလုံးဝ နစ်မျောသွားတယ်။ ဒီလိုပုံစံမျိုး ငါ့ကိုခံစားရအောင်လုပ်နိုင်တဲ့ ပြည်တွင်းဂိမ်းက နည်းနည်းပဲရှိတယ်"

"ဒီဂိမ်းရဲ့ PvPမုဒ်က အရမ်းဆန်းသစ်တယ်။ ဇီဝဓာတုမုဒ်နဲ့ တစ္ဆေမုဒ်တွေက တကယ့်ဆန်းသစ်တီထွင်မှုတွေပဲ။ ပျော်စရာလည်းကောင်းတယ်။ ငါက PvPမုဒ်မှာအမြဲ ဒုက္ခရောက်တဲ့ အနှောင့်အယှက်တစ်ယောက်ပဲ။ ဒါပေမဲ့ ဇီဝဓာတုမုဒ်မှာတော့ အများကြီး ပျော်ခဲ့ရပါတယ်"

"ဒီဂိမ်းကို ချီးကျူးနေကြတဲ့ လူတွေအကုန်လုံးက ဂိမ်းကုမ္ပဏီက ဝယ်ထားတဲ့ review အတုအယောင်တွေလား။ ဒီလောက် စုတ်ပြတ်နေတဲ့ လက်တိကျမှုကို ချီးကျူးရဲကြတယ်ပေါ့"

"စုတ်ပြတ်နေတဲ့ လက်တိကျမှုဟုတ်လား။ ဟာသပဲ မင်းက လက်တိကျမှုကို အသားမကျတာနဲ့ စုတ်ပြတ်နေတယ်လို့ ပြောချင်တာလား။ ဒီဂိမ်းက Counter Strike ထက်တောင် အများကြီး ပိုကောင်းတယ်လို့ ငါတော့ထင်တယ်။ မရေမတွက်နိုင်အောင် များတဲ့ Headshot တွေပစ်နိုင်တဲ့ ခံစားချက်က ရှယ်ပဲ"

"ဒီသောက်ပေါဂိမ်းက လက်နက်တစ်ခုကို ၈၈၈ ယွမ်နဲ့ရောင်းနေတယ်။ ပြီးတော့ လက်နက်မျိုးစုံကို အမျိုးအစားတွေတောင် ခွဲထားသေးတယ်။ ဒါကိုများ ပြိုင်ဆိုင်တဲ့ဂိမ်းလို့ ခေါ်ရဲသေးတယ်။ တခြား ပြိုင်ဆိုင်တဲ့ဂိမ်းတွေကို စော်ကားလိုက်တာပဲ"

"ဒီက ဘယ်သူကမှ ဒီဂိမ်းကို ပြိုင်ဆိုင်တဲ့ဂိမ်းလို့ ခေါ်နေတယ်မထင်ဘူး။ ပြီးတော့ အဲ့ဒီ အနီရောင်ချီလင်လက်နက်ကို ဘော့စ်တချို့ပဲ ဝယ်မှာ မဟုတ်ဘူးလား။ ဂိမ်းရဲ့တခြားအစိတ်အပိုင်းတွေ အကုန်လုံးက အခမဲ့ချည်းပဲ။ ပြီးတော့လည်း အနီရောင်ချီလင်လက်နက်ကြောင့် ဂိမ်းအပေါ် သက်ရောက်မှုက အရမ်းနည်းပါးတယ်။ ဖန်တီးသူတွေက အရမ်း သဘောကောင်းနေတယ်လို့ ငါတော့ ထင်တယ်။"

"ငါလည်း အဲ့လိုပဲ ထင်တယ်။ တစ်ဖက်မှာ Bullet Hole ကတော့..."

"ဟင်းဟင်း ကျေးဇူးပြုပြီး Bullet Hole အကြောင်း မပြောစမ်းပါနဲ့ကွာ။ ငါတို့တွေက အခု သမုဒ္ဒရာရဲတိုက်နဲ့ Counter Strike  အကြောင်း ပြောနေကြတာ။ Bullet Hole အကြောင်းပြောတဲ့လူက fake reviewသမားတွေကို ခေါ်နေတာပဲ။"

"လခွမ်းပဲ မင်းတို့ သမုဒ္ဒရာရဲတိုက်ဂိမ်းက ငါတို့ Bullet Hole ရဲ့ နာမည်ကြီးမှုကို ခိုးသွားတာကို ဘာပြောဦးမလဲ။ မင်းတို့အရှက်မရှိဘူးလား။"

"မင်းတို့ရဲ့ နာမည်ကြီးမှုကို ခိုးတယ်ဟုတ်လား။ ဟာသတွေလာမပြောစမ်းပါနဲ့။ မင်းတို့ဂိမ်းက အမှိုက်သရိုက်လေ။ ဂိမ်မာတွေက သမုဒ္ဒရာရဲတိုက်ဆီကိုပဲ ပြေးလာကြမှာ။ မင်းတို့ရဲ့ နာမည်ကြီးမှုကို ငါတို့က ခိုးတယ်လို့ပြောချင်ရင် Counter Strike လည်း မင်းတို့ရဲ့ နာမည်ကြီးမှုကို ခိုးတယ်လို့ ပြောလို့ရတယ်။"

...

ဖေးချမ့်က စတင်ပြီးခေါင်းကိုက်လာသည်။

သူနားမလည်ပါ။ တကယ်နားမလည်ပါ။

သူ ဖိုရမ်များကို ဆက်ရွှေ့ပြီး ရှာဖွေနေသည်။ သို့သော် သမုဒ္ဒရာရဲတိုက်ဘာလို့ ဒီလောက်ထိ ရေပန်းစားလာသလဲ အခုထိ နားမလည်နိုင်သေးပါ။

အထီးကျန်ကန္တာရလမ်း ရေပန်းစားလာပြီးနောက် ဖေးချမ့်က ဆရာချောင်၏ ဗီဒီယိုကို တွေ့ခဲ့သည်။

တစ္ဆေစစ်သူကြီး ရေပန်းစားလာပြီးနောက် ဖေးချမ့်က ရွမ်ကွမ်းကျန့်၏ Weibo ကိုတွေ့ခဲ့သည်။

သို့သော်လည်း သမုဒ္ဒရာရဲတိုက် နာမည်ကြီးလာသောအခါတွင်တော့ ဖေးချမ့် တရားခံကို ရှာမတွေ့နိုင်သေးပေ။

တကယ်ပဲ အလွန်ထူးဆန်းလှသည်။

ယုတ္တိရှိအောင် ပြောရလျှင် ဂိမ်းတစ်ခု ရေပန်းစားလာဖို့အတွက် လူအုပ်စုတစ်စုက ရူးသွပ်လောက်အောင် မားကတ်တင်းဆင်းမှဖြစ်လိမ့်မည်။ ဂိမ်းကို ရေပန်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်လာအောင် လုပ်ပြီးမှ တရားဝင်ဂိမ်းပလက်ဖောင်းက စတင် ညွှန်းဆိုပေးပါလိမ့်မည်။ ဖြည်းဖြည်းချင်း ဂိမ်းက ရေပန်းစားလာလိမ့်မည်။

ယခုတော့ အဓိက ပြဿနာက ထိုပထမလူအုပ်စု ဘယ်မှာလဲဆိုတာ ဖေးချမ့် မသိနိုင်ခြင်းဖြစ်သည်။

ဖေးချမ့် တကယ်နားမလည်နိုင်ပါ။

သို့သော် နားလည်မှဖြစ်မည်။

သမုဒ္ဒရာရဲတိုက် ဘယ်နေရာမှာ မှားသွားသလဲဆိုတာကို သူနားလည်မှဖြစ်ပါလိမ့်မည်။

ဆိုရိုးစကားအတိုင်းပင်။ အမှားအယွင်းများထံမှ သင်ခန်းစာပြန်ယူတတ်ရမည်။ သမုဒ္ဒရာရဲတိုက် ဘယ်နေရာမှာ မှားသွားသလဲဆိုတာကို နားလည်မှ အနာဂတ်တွင် တူညီသည့် အမှားမျိုးထပ်မလုပ်မိအောင် ရှောင်နိုင်မည်ဖြစ်သည်။

မဟုတ်ပါက နောက်ထပ်ဂိမ်းတစ်ခုကို ဖန်တီးလိုက်ပြီး အကြောင်းအရင်းမရှိဘဲ ရေပန်းစားလာပါက မည်ကဲ့သို့ ကိုင်တွယ်နိုင်တော့မည်နည်း။

လူတွေက အမှားတစ်ခုတည်းကို နှစ်ခါ ပြန်လုပ်မိလို့မဖြစ်ပါ။

ဖေးချမ့် အကြာကြီး စဥ်းစားကြည့်ခဲ့သည်။

သူ သဘောပေါက်သွားသည်။

ဒီဂိမ်းဘယ်နေရာမှာ မှားသွားသလဲဆိုတာတော့ ငါနားမလည်ဘူး။ ဒါပေမဲ့ ငါ့ကဘော့စ်လေ ငါ့ဖာသာငါ ဘာလို့လုပ်ရမှာလဲ။

ဟွမ်းစစ်ပေါ်ကို လေ့လာဆန်းစစ်ချက်လုပ်ခိုင်းပြီး ငါ့ကို ပြန်တင်ပြခိုင်းလိုက်ရင်ရတာပဲ။

ဟွမ်းစစ်ပေါ်အကြောင်း တွေးမိရုံနှင့် ဖေးချမ့်သွေးများ ဆူပွက်လာသည်။ ဘာဖြစ်သွားတာလဲ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သမုဒ္ဒရာရဲတိုက် ဒီလောက်ထိရေပန်းစားလာတာ ဟွမ်းစစ်ပေါ်နှင့် ဆိုင်နေလိမ့်မည်ဟု သူခန့်မှန်းမိသည်။

ဇာတ်ကြောင်းမုဒ်က ကောင်းတယ် ဟုတ်လား။

PvPမုဒ်က ဆန်းသစ်တယ်ဟုတ်လား။

ဒါတွေက သေချာပေါက် ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့၏ ကျေးဇူးကြောင့်ဆိုတာ သိသာနေသည်။

ငါဟွမ်းစစ်ပေါ်က အသေးစိတ် လေ့လာချက် လုပ်ခိုင်းရမယ်။ ဒီ့အတွက် တရားခံက ဘယ်သူလဲဆိုတာကို သိပြီးမှ သူနဲ့စာရင်းဆက်ရှင်းမယ်။

ထိုအချိန်တွင် ဖေးချမ့်က ဟွမ်းစစ်ပေါ်က မက်ဆေ့ချ် တစ်စောင်ပို့လိုက်သည်။

...

ဟွမ်းစစ်ပေါ်က သမုဒ္ဒရာရဲတိုက် ဒီလောက်ထိ အောင်မြင်လာတာကိုမြင်ပြီး စိတ်ထိန်းဖို့ ကြိုးစားနေရုံရှိသေးသည်။

ရုတ်တရက်ကြီး ဘော့စ်ဖေးက သူ့ကို မက်ဆေ့ချ်တစ်စောင်ပို့ထားကြောင်း မြင်လိုက်ရသည်။

"သမုဒ္ဒရာရဲတိုက် ဘာလို့ ဒီလောက်အောင်မြင်လာရတာလဲဆိုတဲ့ အသေးစိတ် လေ့လာဆန်းစစ်ချက် တစ်ခု ရေးပေး။ ဒီဇိုင်းကနေစလို့ မားကတ်တင်းအထိ အကုန်ရေး။ ဘာမှမကျန်ခဲ့စေနဲ့။ ပြီးရင် ငါ့ဆီကို တိုက်ရိုက်ပို့လိုက်"

ဟွမ်းစစ်ပေါ်က ခေတ္တ တိတ်ဆိတ်သွားပြီး ချက်ချင်း စာပြန်လိုက်သည်။

"ဟုတ်ကဲ့ပါ ဘော့စ်ဖေး"

အလုပ်အများကြီးကို သူ့ကို ပုံပေးလိုက်သော်လည်း သူနည်းနည်းလေးတောင် စိတ်မဆိုးပေ။ ထို့အစား အပျော်လွန်နေသည်။

ဆရာဖြစ်သူ၏ တာဝန်ပေးမှုကို ခံရသည့် ထိပ်တန်းကျောင်းသားတစ်ယောက်လို ခံစားနေရသည်။

ဘော့စ်ဖေးက ဘာကြောင့် အသေးစိတ်တင်ပြချက် ရေးခိုင်းတာလဲ။

သမုဒ္ဒရာရဲတိုက် ဘာကြောင့် အောင်မြင်သွားတာလဲ သူ မသိလို့လား။

ဟာသပဲ။ မဖြစ်နိုင်တာ။

ဘော့စ်ဖေးက ဒီဂိမ်းအတွက် ဦးတည်ချက် ပေးခဲ့တဲ့ လူပဲ။

ဂိမ်းကို မားကတ်တင်းဆင်းဖို့ ဘာအားထုတ်မှုမှမရှိဘဲ ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့တာလည်း သူပဲဖြစ်သည်။

ဂိမ်းအပေါ် သူ့နားလည်နိုင်စွမ်းက အားလုံးထက် ပိုသာလွန်နေတာရှင်းလင်းနေသည်။

ဒါဆို ဘာလို့ အသေးစိတ်တင်ပြချက်ကို တောင်းဆိုရတာလဲ။

အကြောင်းအရင်းကတော့ ရှင်းလင်းသည်။ ဘော့စ်ဖေးက သူတို့ကို သင်ယူထားသည့် အရာများကို ကျေပြွန်အောင် ပြန်အစာချေပေးနေခြင်းဖြစ်သည်။

ဆရာတစ်ယောက်က သူ့ကျောင်းသားတစ်ယောက် စာမေးပွဲဖြေပြီးသွားသောအခါ အဆုံးသတ် review တစ်ခုကို ရေးခိုင်းခြင်းနှင့် ညီမျှသည်။ ဆရာ့၏ တစ်ခုတည်းသော မျှော်လင့်ချက်က သူ့ကျောင်းသားများကို စာမေးပွဲမှ ရနိုင်သမျှ အတွေ့အကြုံကို ရစေချင်ခြင်းဖြစ်သည်။ ဒါမှ သူတို့ ဆက်ပြီး တိုးတက်နိုင်ကြပါလိမ့်မည်။

ဒါဘော့စ်ဖေး ငါ့ကိုတန်ဖိုးထားတယ်ဆိုတဲ့ သဘောပဲ။

မဟုတ်ရင် အကုန်လုံးထဲမှာမှ ငါ့ကိုပဲဘာလို့ ဒီတာဝန်ပေးရတာလဲ။

ဟွမ်းစစ်ပေါ်က အလွန်အမင်း စိတ်လှုပ်ရှားသွားခဲဲ့သည်။ ချက်ချင်းပဲ သက်ဆိုင်ရာ ဖိုင်များကို ဖွင့်ပြီး အချက်အလက်များကို စတင်စုစည်းလိုက်သည်။ ချက်ချင်း သမုဒ္ဒရာရဲတိုက် အောင်မြင်လာရသည့်အကြောင်းနှင့် ပတ်သက်ပြီး သူသိသမျှကို ရေးသားလေတော့သည်။

...

နာရီအနည်းငယ် ကြာသောအခါ ဖေးချမ့်က ထိုတင်ပြချက်ကို ရခဲ့သည်။

သူအမြန် ဖတ်ကြည့်လိုက်၏။

တင်ပြချက်၏ အရှေ့ပိုင်းတွင် သမုဒ္ဒရာရဲတိုက် ဘယ်နေရာတွေမှာ အောင်မြင်တာလဲ ရေးသားထားသည်။ ဥပမာအားဖြင့် ခက်ခဲမှု နိမ့်ခြင်းက သာမန်ဂိမ်မာများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ လှပသော ဇာတ်ကြောင်းမုဒ်နှင့် ပြည်တွင်းထုတ်ဂိမ်းများကို သဘောကျသော ဂိမ်မာများကြောင့် နာမည်ကောင်းရလာခြင်းဖြစ်သည်။

PvPမုဒ်များစုံလင်ခြင်း။

ဂိမ်းထဲဝင်ရောက်ဖို့ အကာအရံမရှိခြင်းကြောင့် ဂိမ်မာများကို ဘာဖိအားမှမရှိဘဲ ဂိမ်းထဲကို ဝင်ရောက်ခွင့်ပေးခဲ့သည်။

၈၈၈ ယွမ်တန် အနီရောင်ချီလင်လက်နက်က သူဌေးများ၏ ကြွားချင်စိတ်နှင့် လန်းချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အနီရောင်ချီလင်လက်နက်၏ Stats များကလည်း အတော်လေး သင့်တော်သည်ဟု ဆိုနိုင်သ်ည။ ထို့အပြင် အခန်းထဲက တခြား ဂိမ်မာများ၏ အတွေ့အကြုံများကိုပါ ပေါင်းထည့်နိုင်သော အာနိသင်ရှိသည်။ ရလဒ်အနေဖြင့် အနီရောင်ချီလင်လက်နက်ကိုင်ဆောင်ထားသူများကို သာမန်ဂိမ်မာများက မမုန်းတီးဘဲ ကြိုဆိုကြသည်။

ဒီဆန်းစစ်ချက်ကို ဖတ်ကြည့်ပြီးသောအခါ ဖေးချမ့်၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

ဘာတွေဖြစ်နေတာလဲ....။

ငါထင်ထားတာထက် လုံးဝ ခြားနားသွားပါလား....။

ငါစာရွက်မှားပြီး ဖတ်ကြည့်နေတာလား။

အဲ့ဒါတွေက သမုဒ္ဒရာရဲတိုက် ကျရှုံးရမဲ့ အကြောင်းအရင်းတွေ မဟုတ်ဘူးလား။ ဘာလို့ သမုဒ္ဒရာရဲတိုက် အောင်မြင်လာတဲ့ အကြောင်းအရင်းတွေ ဖြစ်သွားရတာလဲ။

ဖေးချမ့်က သူ့ကိုယ်သူ သတ်သေချင်စိတ်ကို ထိန်းလိုက်ပြီး ဆက်ဖတ်လိုက်သည်။

ထို့နောက် ဆက်လာတာက သမုဒ္ဒရာရဲတိုက်ကို ဘယ်လိုမားကတ်တင်းဆင်းကြောင်းနှင့် ကြော်ငြာကြောင်း ဆန်းစစ်ချက်ဖြစ်သည်။

တရားခံဘယ်သူလဲဆိုတာ သူရှာရတော့မည်။

All Chapters