အခန်း(၇၀) ဝန်ထမ်းအားလုံးကို လစာတိုးမယ်
Vol. 5 Ch. 70
အခန်း(၇၀) ဝန်ထမ်းအားလုံးကို လစာတိုးမယ်
ဇန်နဝါရီလ ၂၉ ရက်နေ့၊ သောကြာနေ့...
၁၈ ရက်နေ့ကစပြီး သမုဒ္ဒရာရဲတိုက်မှ ရလာသော အမြတ်ငွေများမှာ သိသာထင်ရှားလာသည်။ ပျမ်းမျှအားဖြင့် တစ်ပတ်ကို ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ရရှိနေပါသည်။
အကောင့်များပိတ်ဖို့ ၂ ရက်လောက် လိုပါသေးသည်။
ထိုအချိန်တောအတွင်း ဖေးချမ့်က တတ်နိုင်သမျှ ပိုက်ဆံများကို ဆက်ဖြုန်းခဲ့ပါသည်။
တစ္ဆေစစ်သူကြီး၏ ဆာဗာ Bandwidth များကို တိုးချဲ့ခဲ့သည်။ ဂိမ်းတစ်ခုချင်းစီအတွက် အမြင့်ဆုံး ပြုပြင်ပြောင်းလဲမှုများကို လုပ်ခဲ့ပါသည်။
ထို့အပြင် ဖေးချမ့်က စျေးအကြီးဆုံး ကတ်စတမ်မာ ဝန်ဆောင်မှု အဖွဲ့ကိုလည်း ဝယ်ယူခဲ့ပါသည်။ ထိုက်ချီတွင် အကောင်းဆုံးဖြစ်ပြီး ဝန်ဆောာင်မှုအကောင်းဆုံး အဖွဲ့ဖြစ်သည်။
ဖေးချမ့်က လတိုင်း ဒီလောက်ပိုက်ဆံအများကြီး ပေးဖို့ မလိုသေးသောာ်လည်း အနည်းဆုံးတော့ ကုမ္ပဏီ၏ သုံးစွဲစရိတ်များကို တိုးမြှင့်နိုင်ပါသည်။
ဒီလိုဆိုရင်တောင် ဖေးချမ့် အကူအညီမဲ့နေပါပြီ။
[ စည်းစိမ် အလဲအထပ် စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]
[ နောက်ထပ် ငွေစာရင်းရှင်းမည့်နေ့ : ၂ ရက်အလို ]
[ စနစ်ရန်ပုံငွေ : ၁,၁၂၄,၃၅၅.၃ (⬆️၆၂၄,၃၅၅.၃) ]
[ ကိုယ်ပိုင်စည်းစိမ် : ၇၀၈.၃ ]
ဖေးချမ့် ကိုယ့်ကိုယ်ကို သတ်သေချင်သွားပါသည်။
စနစ်ရန်ပုံငွေထဲတွင် ကျန်နေသည့် ယွမ် ၇၀,၀၀၀ - ၈၀,၀၀၀ လောက်ကို ဆက်မသုံးနိုင်တော့ပါ။
ဒီနှစ်ပတ်အတွင်း ဖေးချမ့် ပိုက်ဆံဖြုန်းဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ စနစ်ရန်ပုံငွေက ယွမ် ၁ သန်း ကျော်နေဆဲ ဖြစ်သည်။
သတင်းကောင်းတချို့လည်း ရှိပါသေးသည်။ ကစားသမားအသစ် အရေအတွက် ကျဆင်းလာသဖြင့် ၃လ ကြာပြီးသောအခါ တစ္ဆေစစ်သူကြီး၏ ဝင်ငွေက နောက်ဆုံးတော့ အတော်လေး ကျဆင်းသွားခဲ့ပါသည်။ ဒီအပတ်ထဲ ၂၀၀,၀၀၀ ယွမ်လောက်ပဲ ဝင်ငွေရှိသည်။
သတင်းဆိုးကတော့ သမုဒ္ဒရာရဲတိုက် အမြတ်များ စတင် ဝင်လာပြီဖြစ်သည်။ ဒီတစ်ပတ်တည်းနဲ့တင် ယွမ် ၄၀၀,၀၀၀ ကျော် ရခဲ့ပါသည်။
ပိုဆိုးသည့် သတင်းတောင် ရှိသေးသည်။ ဒါက ပထမအစပဲ ရှိပါသေးသည်။
သမုဒ္ဒရာရဲတိုက်က တစ္ဆေစစ်သူကြီးလို မဟုတ်ပါ။ ဂိမ်းနှစ်မျိုးစလုံးက အလွန်ကွဲပြားခြားနားပါသည်။
တစ္ဆေစစ်သူကြီးက မိုဘိုင်းဂိမ်းကစားသည့် လူများအကြားတွင်သာ ရေပန်းစားသည်။ ထို့အပြင် စျေးနှုန်းက အလွန်နိမ့်ကျသဖြင့် လူအများစု ရာသက်ပန်ကတ်ကို ဝယ်ဖို့ ယွမ် ၃၀ သာ သုံးစွဲဖို့ လိုအပ်သည်။ ထို့ကြောင့်လည်း ဝင်ငွေက ကြာကြာမခံခဲ့ခြင်းဖြစ်ပါသည်။
သမုဒ္ဒရာရဲတိုက်ကတော့ ခြားနား၏။
အောာင်မြင်သည့် FPS ဂိမ်းတစ်ဂိမ်းအဖြစ် သမုဒ္ဒရာရဲတိုက်က အခု အကြီးမားဆုံး ဂိမ်မာအုပ်စုကြီးကို ဆွဲဆောင်နေနိုင်ပါသည်။
ထို့အပြင် ဒါက အခမဲ့ဂိမ်းဖြစ်ပြီး တခြားသူတွေနဲ့လည်း အလွယ်တကူ မျှဝေလို့ရသည်။
ဂိမ်းထဲက အနီရောင်ချီလင်လက်နက်၏ နှုန်းထားကလည်း အလွန်အမင်း မြင့်မားသည်။ ထိုလက်နက်အား လူများများစားစားက မဝယ်ကြသော်လည်း တစ်ယောက်လောက် ဝယ်လိုက်ရုံနဲ့ တစ္ဆေစစ်သူကြီးဂိမ်း၏ သာမန်ကစားသမား ၈၈ ယောက်လောက် သုံးစွဲသော ငွေပမာဏနဲ့ ညီမျှသွားပါသည်။
သမုဒ္ဒရာရဲတိုက်မှ ရရှိသော ဝင်ငွေမှာ ပိုတိုးလာရုံသာ ရှိပါသည်။
ဖေးချမ့်က တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ကို Update တင်ပြီး ထိုဂိမ်းများအတွက် ပန်းချီရင်းမြစ်တချို့ကို ဝယ်ယူဖို့ ပိုက်ဆံအများကြီး သုံးစွဲဖို့ စဥ်းစားဖူးသည်။ ဒါဆို သူပိုက်ဆံပိုဖြန်းနိုင်ပါသည်။
သို့သော်လည်း ဂိမ်းများကို သူ Update တင်လိုက်လျှင် Paywall အသစ်များကိုလည်း မိတ်ဆက်ဖို့ လိုပါလိမ့်မည်။ ဒါက စနစ်၏ စည်းမျဥ်းစည်းကမ်းပဲဖြစ်သည်။
ထို့အပြင် ငွေစာရင်းမရှင်းခင် တစ်ပတ်အလိုတွင် မကြေညာထားသည့် ဘာထုတ်ကုန်မှရှိလို့မဖြစ်ပါ။ မဟုတ်ပါက ငွေစာရင်းရှင်းမည့် ရက်စွဲကို ရွှေ့ဆိုင်းပါလိမ့်မည်။
ထို့ကြောင့် ဂိမ်းကို Update တင်ခြင်း သို့မဟုတ် ထိုကဲ့သို့ လုပ်ရပ်မျိုးကို လုပ်ချင်လျှင် နောက်တစ်ပတ်လောက်အထိ စောင့်ရပါလိမ့်မည်။
စနစ်က အောင်ပွဲခံခြင်းများ၊ ဘောနပ်စများ စသည့် တခြား ကုန်ကျစရိတ်များကို ခွင့်ပြုပေးထားသည်။ သို့သော်လည်း အကန့်အသတ်တော့ ရှိ၏။ ထိုအရာများအတွက် သင့်တော်သည့် ပမာဏကိုပဲ သုံးစွဲနိုင်ပါသည်။
တစ်နည်းအားဖြင့် နှစ်ရက်အတွင်း ဒီလောက်ထိ ပိုက်ဆံဖြုန်းဖို့ ဖြစ်နိုင်ပါ့မလား။
အလွန်အမင်း ခက်ခဲနိုင်ပါသည်။
သို့သော်လည်း ဖေးချမ့်တစ်ယောက် သူ့မျှော်လင့်ချက် အားလုံးတော့ မဆုံးရှုံးသေးပါ။
အရင်တုန်းကလည်း သူစဥ်းစားပြီးသားဖြစ်သည်။ ယခု သူ့မှာ ရွေးချယ်စရာနှစ်ခုရှိသည်။
ပထမတစ်ခုက စနစ်ရန်ပုံငွေများ ဖြုန်းတီးတာကို ရပ်တန့်ပြီး အကောင့်များ ပိတ်မည့်အချိန်ကို စောင့်နိုင်သည်။
ဒီလိုလုပ်သည့်အတွက် အကျိုးကျေးဇူးကတော့ သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၆,၀၀၀ လောက် ထည့်ဝင်နိုင်ပါလိမ့်မည်။
သို့သော်လည်း အားနည်းချက်က စနစ်ရန်ပုံငွေက နောက်ထပ် ရန်ပုံငွေ မထောက်ပံ့ခင် သတ်မှတ်ထားသည့် ပမာဏကက ယွမ် ၁ သန်းဝန်းကျင်လောက်ရှိသည်။ ယခု စနစ်ရန်ပုံငွေထဲမှာ ထိုလောက်ပမာဏရှိိနေပြီးသားဖြစ်သည်။ ဆိုလိုတာက... စနစ်က ရန်ပုံငွေ ထပ်ပြီးထောက်ပံ့ဖို့ မလိုတော့ပါ။ အရင်တစ်ခေါက် ငွေစာရင်းရှင်းတုန်းကလို ရလဒ်မျိုးပဲ ရလာနိုင်ပါသည်။
ဒုတိယ ရွေးချယ်စရာကတော့ ငွေစာရင်းရှင်းမည့်နေ့စွဲကို မထိခိုက်စေဘဲ စနစ်ရန်ပုံငွေများကို ဆက်ပြီးဖြုန်းဖို့ဖြစ်ပါသည်။
အကျိုကျေးဇူးကတော့ ဖေးချမ့်ဘယ်လောက်ပဲ သုံးပါစေ စနစ်ရန်ပုံငွေက သေချာပေါက် စနစ်ရန်ပုံငွေကို ထောက်ပံ့ပေးပါလိမ့်မည်။ ဒီလိုဆို သက်သာနိုင်ပါသည်။
အားနည်းချက်ကတော့ ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်ထဲ အနည်းငယ် လျော့နည်းသွားနိုင်ပါသည်။ ယွမ် ၅,၀၀၀ မှ ယွမ် ၃,၀၀၀ - ၂,၀၀၀ လောက်အထိ လျော့ကျသွားနိုင်သည်။
သို့သော်လည်း ယွမ် ၄၉၄,၀၀၀ လောက်သာ ကျန်တော့သည့်အထိ သုံးစွဲနိုင်ပါက ယခု ရရှိထားတာထက် အမြတ်ငွေပိုပြီး ရနိုင်ပါသည်။
ထိုအကြောင်းကို အကြာကြီး စဥ်းစားပြီးနောက် ဖေးချမ့်တစ်ယောက် နောက်ဆုံးတော့ နားလည်သွားပါပြီ။
သူ ဆက်လက်ပြီး သုံးရမည်။
ဘယ်လိုသုံးရမလဲဆိုတာတော့...
နည်းလမ်းအသစ်များ ထပ်ရှာရပါမည်။
...
အချိန်တွေကြာလာတာနဲ့ ဖေးချမ့်တစ်ယောက် စနစ်ကို ပိုပိုပြီး နားလည်လာသည်။
စနစ်၏ စည်းမျဥ်းစည်းကမ်းများအရ စနစ်ရန်ပုံငွေမှာ ကုမ္ပဏီ၏ ထိန်းသိမ်းစီမံရေးကိစ္စများအတွက်ပဲ အသုံးပြုနိုင်သည်။ တစ်ဖက်မှာတော့ ကိုယ်ပိုင်စည်းစိမ်ကို သုံးစွဲနိုင်သည့် ကန့်သတ်ချက် ဘာမှမရှိပါ။
သို့သော်လည်း ဘယ်သူကမှ စနစ်ရန်ပုံငွေကို သုံးစွဲနိုင်သည့် နည်းလမ်းများကို သတ်မှတ်မထားပါ။ ဖေးချမ့်က စည်းမျဥ်းစည်းကမ်းဘောင်အတွင်းမှ သူလုပ်ချင်တာ လုပ်နိုင်ပါသည်။
စားသောက်ပွဲတစ်ခုကိုပဲ ဥပမာ ယူကြည့်ပါ။
ဖေးချမ့်က သူ့ကိုယ်ပိုင်စားသောက်ပွဲ စားသောက်ခြင်း သို့မဟုတ် သူငယ်ချင်းများကို ဒကာခံခြင်း စသည်တို့ကို လုပ်ဆောင်ပါက စနစ်ရန်ပုံငွေကို မသုံးနိုင်ပါ။
သို့သော်လည်း ဝန်ထမ်းမိတ်ဆုံစားပွဲတစ်ခု ဖန်တီးလိုက်ပါက စနစ်ရန်ပုံငွေကို သုံးနိုင်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆုံစားပွဲများကို မကြာခဏ လုပ်လို့မရပါ။ စားသောက်ပွဲတိုင်းကို ဝန်ထမ်း မိတ်ဆုံစားပွဲအဖြစ် ပြောင်းလဲလိုက်လို့ မရပါ။ သတ်မှတ်ထားသည့် ပမာဏကိုလည်း ကျော်လွန်လို့ မဖြစ်ပါ။
ဥပမာအားဖြင့် မနေ့တစ်နေ့ကမှ ဝန်ထမ်း မိတ်ဆုံစားပွဲတစ်ခု ကျင်းပထားခြင်းဖြစ်သဖြင့် အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ ထိုနေ့တွင် နောက်ထပ် မိတ်ဆုံစားပွဲလုပ်လို့ မရပါ။
ဖေးချမ့် အရင်တုန်းက စဥ်းစားခဲ့သည့် အကြောင်းအရင်းများနဲ့ တူတူပဲဖြစ်သည်။
ပညာဖလှယ်ပွဲများ၊ ဂိမ်းသစ်တစ်ခု၏ လေ့လာဆန်းစစ်မှုနဲ့ ဖန်တီးခြင်းအား အောင်ပွဲခံခြင်း စသည်တို့ဖြစ်သည်။ အားလုံးက အဓိပ္ပာယ်ရှိသော အကြောင်းအရင်းများ ဖြစ်ကြ၏။
ဖေးချမ့်က ထိုကဏ္ဍတွင် အတော်လေး ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ စနစ်ရန်ပုံငွေသုံးစွဲခြင်းအပေါ် စည်းကမ်းချိုးဖောက်မှုနှင့် ကန့်သတ်ချက်များကို ဆုံးဖြတ်ခြင်းက အခြေအနေပေါ် မူတည်ပါသည်။
ကိစ္စများစွာကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားခြင်း မရှိပါ။ တစ်ခါတစ်လေ နည်းလမ်းတစ်ခုခုဖြင့် လွှဲပြောင်းနိုင်ပါက ထိုကဲ့သို့ တင်းကြပ်သည့် အရာများကိုတောင် လုပ်နိုင်ပါသည်။
ထို့နည်းတူစွာ သူငှားရမ်းထားသည့် အိမ်နှင့် ကားများ၊ အဆင့်မြင့်ဝတ်စုံနှင့် အဆင့်မြင့် Alienware တို့ကိုလည်း ထိုအကြောင်းပြချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်ပိုင်ဆန္ဒများကို ကုမ္ပဏီ၏ လိုအပ်ချက်များအဖြစ် ပြောင်းလဲဖို့ နည်းလမ်းများ ရှာတွေ့ခဲ့ပါသည်။
အမှန်ပင်။ ထိုအကြောင်းပြချက်များက အလွန် ပြီးပြည့်စုံနေတာတော့ မဟုတ်ပါ။
ဖေးချမ့်က ယွမ်သောင်းချီတန်သည့် အားကစား ဖိနပ်တစ်ရံ ဝယ်ချင်သလား။ သူ့အကြိုက်ဆုံး အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲလက်မှတ်တွေကို ဝယ်ယူချင်သလား။ တန်ဖိုးကြီး အလှကုန်ပစ္စည်းတွေ သို့မဟုတ် စျေးကြီးတဲ့ ပြိုင်ကားတွေ ဝယ်ချင်တာလား။ အမျိုးသမီး သတင်းသမားတစ်ယောက်ကို ဘောက်ဆူးပေးချင်သလား။
အထက်ပါ လုပ်ရပ်များကို ကုမ္ပဏီ၏ အမည်အောက်တွင် လုပ်လို့မရသဖြင့် စနစ်က သူ့ကို စနစ်ရန်ပုံငွေ သုံးစွဲခွင့်ပေးမှာ မဟုတ်ပါ။
ယခု ဖေးချမ့်၏ စနစ်ရန်ပုံငွေထဲတွင် ယွမ် ၁,၁၀၀,၀၀၀ လောက် ရှိနေပြီဖြစ်သည်။ ဖေးချမ့်သည် ခဏလောက် စဥ်းစားကြည့်လိုက်ပြီး အတတ်နိုင်ဆုံး အများဆုံးသုံးဖို့သာ ဆုံးဖြတ်လိုက်ပါသည်။
အရင်တစ်ခေါက် ငွေစာရင်းရှင်းချိန်တုန်းက သူတစ်ယောက်တည်းဖြစ်သဖြင့် ဖေးချမ့် အကူအညီမဲ့ခဲ့ပါသည်။
ယခု ကိစ္စများက ခြားနားနေပြီဖြစ်သည်။ သူ့မှာ ချစ်စရာ ဝန်ထမ်းများရှိနေပါပြီ။
ဖေးချမ့်က အသေးစိတ်ကျသည့် အစီအစဥ်တစ်ခု စီစဥ်ထားပြီးသားဖြစ်ပါသည်။
အတည်ပြုပြီးတာနဲ့ ဖေးချမ့်က လက်ထောက်ရှင်းကို သူ့ရုံးခန်းထဲ ခေါ်လိုက်ပါသည်။
"လစာ စံနှုန်းတွေကို ပြုပြင်ပြီးပြီလား" ဖေးချမ့်က မေးလိုက်ပါသည်။
ရှင်းဟိုက်လူက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ ဘော့စ်ဖေးညွှန်ကြားထားတဲ့အတိုင်း ကျွန်မ အားလုံးလုပ်ပြီးပါပြီ။"
"ပထမဆုံး ဝန်ထမ်းအားလုံးကို သူတို့ရဲ့ ရာထူးအတိုင်း လစာတွေ ပြန်ချိန်ညှိပေးလိုက်ပါပြီ။ ညွှန်ကြားသူတွေရဲ့ လစာကို ၆၀ ရာခိုင်နှုန်း တိုးပေးပြီး တခြားသူတွေအားလုံးကိုတော့ ၃၀ ရာခိုင်နှုန်း တိုးပေးထားပါတယ်။”
"ဒီ့အပြင် ပရောဂျက်ဘောနပ်စ် စနစ်ကိုလည်း ကျွန်မ စီစဥ်ပြီးပါပြီ။ ဂိမ်းကနေရတဲ့ အမြတ်ငွေ ၁၅ ရာခိုင်နှုန်းကို ဂိမ်းရဲ့ ဆန်းစစ်မှုနဲ့ ဖန်တီးမှုအပိုင်းမှာ ပါဝင်တဲ့ ဝန်ထမ်းအားလုံးအတွက် ဘောနပ်စ်အနေနဲ့ မျှဝေပေးသွားမှာပါ။”
"ဝန်ထမ်း လူမှုဖူလုံရေး အကျိုးကျေးဇူးတွေကိုလည်း ထည့်သွင်ပြီးပါပြီ။ လတိင်း ဝန်ထမ်းတိုင်းက ယွမ် ၁,၀၀၀ တန် ရှော့ပင်းကတ်တွေကို ရပါလိမ့်မယ်။"
ဖေးချမ့်က ခေါင်းငြိမ့်ကာပြောလိုက်ပါသည်။ "သိပ်ကောင်းတယ်"
လစာချိန်ညှိမှုမှ ပရောဂျက်ဘောနပ်အထိ ကုန်ကျစရိတ်အားလုံးမှာ လောလောဆယ် စနစ်က ခွင့်ပြုပေးထားသော အမြင့်ဆုံးပမာဏများ ဖြစ်ပါသည်။
ဖေးချမ့်က ဝန်ထမ်းများကို လစာပိုပေးချင်သော်လည်း စနစ်က ခွင့်ပြုမှာ မဟုတ်ပေ။ ဒါက သူအများဆုံးပေးနိုင်တာပဲဖြစ်သည်။
သမုဒ္ဒရာရဲတိုက်ကို မဖြန့်ချိခင်က ပရောဂျက်ဘောနပ်စ်များနဲ့ ရှော့ပင်းကတ်များကို ပေးဖို့ စဥ်းစားဖူးပါသည်။ သို့သော် ထိုကဲ့သို့ ကုန်ကျစရိတ်များကို သူ ဖန်တီးလို့ မရနိုင်ပါ။
အဘယ့်ကြောင့်ဆိုသော် တစ္ဆေစစ်သူကြီးဂိမ်း တစ်ခုလုံးကို ဖေးချမ့်တစ်ယောက်တည်း ဖန်တီးထားခြင်းကြောင့် ဖြစ်ပါသည်။ တစ္ဆေစစ်သူကြီးမှ ရလာသည့် အမြတ်ငွေများကို ဟွမ်းစစ်ပေါ်နှင့် တခြားသူများအား ခွဲဝေပေးလို့ မရနိုင်ပါ။
သို့သော်လည်း ဒီတစ်ခေါက်တော့ ခြားနားပါသည်။ သမုဒ္ဒရာရဲတိုက်ကို ဟွမ်းစစ်ပေါ်၊ ပေါင်ရှုနဲ့ ဒီဇိုင်းအဖွဲ့တို့က ဖန်တီးထားခြင်းဖြစ်၏။ ဂိမ်းအတွက် မီးကုန်ယမ်းကုန် ကြိုးစားခဲ့ကြသည်။ ဖေးချမ့် ဘောနပ်စ်ပေးတာက လုံးဝ ကျိုးကြောင်းသင့်လျော်ပါသည်။
ထို့အပြင် ယခု ကုမ္ပဏီက အမြတ်ငွေအများကြီး ရနေပြီဖြစ်သဖြင့် ဝန်ထမ်းများ၏ လူမှုဖူလုံရေးအတွက် ရှော့ပင်းကတ်များ ပေးဖို့ အရင်းအမြစ်များကို အသုံးပြုတာ အဓိပ္ပာယ်ရှိပါသည်။
လက်ထောက်ရှင်းက မှတ်စုစာအုပ်လေး တစ်အုပ်ကို ကိုင်ကာ ပြောလိုက်သည်။ "လစာတွေက ဒီနေ့ ပေးရမှာပါ။ တခြား ညွှန်ကြားစရာ ရှိပါသေးသလား။"
ဖေးချမ့် စိတ်အေးသွားသည်။ လစာများကို ပေးလိုက်တာနဲ့ စနစ်ရန်ပုံငွေက ယွမ် ၃၀၀,၀၀၀ ကျော်လောက် လျော့နည်းသွားပါလိမ့်မည်။
ယခု သူက ပရောဂျက်ဘောနပ်စ်များကိုပါ ပေးလိုက်ပြီဖြစ်သဖြင့် ဝန်ထမ်းတိုင်းက ယွမ် ၁၀,၀၀၀ ကျော် ရနိုင်ပါသည်။
တခြား သူဖြုန်းစရာနေရာ ကျန်သေးလား။