အခန်း(၇၄) သမိုင်းဝင်ခြေလှမ်း
Vol. 5 Ch. 74
အခန်း(၇၄) သမိုင်းဝင်ခြေလှမ်း
ဘော့စ်ဖေး ကိုယ်ရေးကိုယ်တာ အသုံးအဆောင် ဘရန်းတချို့အား ဖြတ်လျှောက်သွားသည်ကို လင်းဝမ် သတိထားမိပါသည်။ သူ ဝင်တောင်မကြည့်ခဲ့ပါ။
ယွမ် ၁,၀၀၀ ကျော်တန် ရေမွှေးလက်ဆောင်ဗူးလေးကိုပင် မဝယ်ခဲ့ပါ။
ထို့အပြင် ဘော့စ်ဖေးက အလုပ်နဲ့ ပတ်သက်သည့်အရာများကိုသာ ဝယ်ခဲ့သည်။ ပိုက်ဆံအိတ်နဲ့ လက်ဆွဲအိတ်တို့ကတောင် လုပ်ငန်းသုံး အစည်းအဝေးပွဲများနှင့် သင့်တော်သော အရာများ ဖြစ်ကြသည်။ အားလုံးပေါင်းကြည့်လိုက်လျှင် သူသုံးတာ ၁၀၀,၀၀၀ ယွမ်တောင် မပြည့်ပါ။
လင်းဝမ် အလွန်အံ့သြသွားခဲ့ပါသည်။ သူမဘော့စ်၏ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းက ဘယ်လောက်တောင် သန်မာလိုက်သလဲ။
သူမ၏ နှလုံးသားကို ထိတွေ့လိုက်ကာ ၂ သန်း လောက် သို့မဟုတ် ၁ သန်းလောက်ပဲ ရရှိပါစေဦး၊ တခြားလူတစ်ယောက်သာဆိုလျှင် အဝတ်အစား၊ ပိုက်ဆံအိတ်နဲ့ နာရီတို့အတွက် တစ်ခုကို ယွမ်သောင်းချီတန်ဖိုးရှိတာတွေကိုပဲ ဝယ်ယူလိမ့်မည်၊။
သို့သော်လည်း ဘော့စ်ဖေးကတော့ ယွမ် ၁၀၀,၀၀၀ တောင် ပြည့်အောင် မသုံးခဲ့ပါ။ ထို့အပြင် ဘော့စ်ဖေးက စိတ်ကျေနပ်နေသည့်ပုံလည်း ပေါက်သည်။
အလွန်အထင်ကြီးစရာကောင်းပါသည်။
ဘော့စ်ဖေးက အလုပ်အခြေအနေများ၊ လစာများနှင့် ဘောနပ်စ်များ ပေးရာတွင် အမြဲတမ်း ရက်ရောခဲ့သည်ကို စဥ်းစားကြည့်သောအခါ သူမ အခုမြင်လိုက်တာ အသေးအဖွဲသာဖြစ်ပါသည်။
လင်းဝမ်၊ ဟွမ်းစစ်ပေါ်နှင့် ကုမ္ပဏီက လူတွေ၏ မျက်လုံးများ အနည်းငယ် စိုစွတ်သွားကြသည်။
စင်ကြယ်လိုက်တဲ့ သူတို့ရဲ့ဘော့စ်...
ဖေးချမ့်ကတော့ အားလုံးရဲ့ တုန့်ပြန်မှုကို သတိမထားမိပါ။
သူဘာဆက်ဖြုန်းလို့ရဦးမလဲ အသည်းအသန် စဥ်းစားနေဆဲဖြစ်သည်။ ယခု သူ အရှုံးပေါ်သည့် အခြေအနေထဲ ဝင်ရောက်သွားပြီဖြစ်သဖြင့် ထပ်သုံးလိုက်သည့် ပိုက်ဆံတိုင်းက သူ့ကိုယ်ပိုင်စည်းစိမ်ထဲဝင်ရောက်လာပါတော့မည်။
ထို့အပြင် ရှော့ပင်းမောလ်ထဲ တစ်ပတ်လောက် အပြည့်ပတ်ပြီးသွားပြီဖြစ်သည်။ စနစ်က သူ့ကို ဝယ်ဖို့ မကန့်ကွက်သည့် အရာတိုင်းကိုလည်း ဝယ်ယူပြီးပြီဖြစ်ပါသည်။ အားလုံး၏ ရှော့ပင်းထွက်ခြင်းလည်း ပြီးဆုံးကုန်ကြပြီး ပထမထပ်က ခန်းမကြီးတွင် အားလုံးပြန်စုစည်းကုန်ကြသည်။ လက်ထဲတွင်လည်း ရှော့ပင်းအိတ်များ အပြည့်ဖြင့် မျက်နှာပေါ်တွင်လည်း ကျယ်ဝန်းသော အပြုံးများဖြင့် ရှိနေကြပါသည်။
အခမဲ့ရှော့ပင်းက ဒီလောက်တောင် ခံစားလို့ကောင်းသည်။
သို့သော်လည်း ဖေးချမ့်က ဒီတိုင်း ထွက်မသွားချင်သေးပါ။ သူ နောက်ဆုံးတော့ အရှုံးပေါ်သည့် အခြေအနေကို ရောက်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ယွမ် ၃,၀၀၀ ကျော်သာ သုံးဖြုန်းရသေးသဖြင့် လက်မလျှော့ချင်သေးပါ။
သူ ရှင်းဟိုက်လူကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားပါသည်။ "ကျွန်တော့် မိတ်ဆွေ ဘော့စ်တစ်ယောက်အတွက် လက်ဆောင် ဝယ်ပေးချင်လို့ ဘာအကြံပေးစရာရှိလဲ။"
သူ့အတွက်သူ ဝယ်သည်ဟု တိုက်ရိုက်မပြောနိုင်ပါ။ ဒါက အလွန်ထူးဆန်းနိုင်ပြီး စနစ်က သတိပေးနိုင်ပါသည်။ ထို့နောက် အားလုံးကလည်း တွေးကြလိမ့်မည်။ သူ့အတွက်သူဝယ်တာဆိုရင် ဖေးချမ့်က သူလိုချင်တာ ဝယ်လို့ ရရဲ့သားနဲ့ ဘာကြောင့် သူတို့ကို လာမေးရတာလဲ။
သို့သော်လည်း မိတ်ဆွေတစ်ယောက်အတွက်ဟု ပြောလိုက်လျှင် အားလုံး၏ အတွေးကလည်း တူညီသွားလိမ့်မည်။ ဖေးချမ့်ကလည်း ဒီအခွင့်အရေးကို အသုံးချပြီး သူ ဘာလိုအပ်နေသေးလဲ၊ ဘာမဝယ်ရသေးဘူးလဲ စဥ်းစားနိုင်ပါသည်။
ရှင်းဟိုက်လူက ပစ္စည်းတချို့ကို စတင်ပြီး အကြံပေးသည်။ အားလုံးလည်း ဝင်ပါကြ၏။ သူတို့က စျေးကြီးသည့် ဝတ်စုံ၊ ရေမွှေး၊ လက်ပတ်နာရီ၊ ဖောင်တိန် စသည်တို့ ဝယ်ပေးရန် အကြံပေးကြသည်။
ဖေးချမ့်က ခေါင်းပဲဆက်တိုက်ခါနေပါသည်။
သူ ဒါတွေအားလုံးနီးပါးကို မြင်ပြီးသားဖြစ်ပြီး ဝယ်နိုင်တာကိုလည်း အကုန်ဝယ်ပြီးသားဖြစ်ပါသည်။ ကျန်တာတွေကိုတော့ စနစ်က သူ့ကို ဝယ်ခွင့်မပြုပါ။
အားလုံးက အကြံပေးပြီးသွားကြပြီး ဘာဆက်ပြောရမှန်း မသိတော့ပါ။ ဘာကို လက်ဆောင်အဖြစ် ပေးလို့ရဦးမလဲ သူတို့ မတွေးတတ်ကြတော့ပေ။
ထိုအချိန်တွင် လင်းဝမ်က အကြံတစ်ခု ပေးလိုက်၏။ "မျက်မှန်... ဆိုရင်ကော"
ဖေးချမ့်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ "မျက်မှန်ဟုတ်လား"
လင်းဝမ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဘော့စ်ရဲ့ မိတ်ဆွေက မျက်စိမှုန်ရင် သူ့ကို မျက်မှန်ပေးလို့ရတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီဂရီကိုတော့ သိထားရမယ်။ သူ့ဒီဂရီကို မသိတာ၊ ဒါမှမဟုတ် သူက မျက်စိမမှန်တာဆိုရင်တော့ အလှတပ်မျက်မှန်ကိုင်း လက်ဆောင်ပေးလို့ရတာပဲ။"
"ကြည့်ကောင်းတဲ့ မျက်မှန်တစ်လက်က လူတစ်ယောက်ရဲ့ အရှိန်အဝါနဲ့ သူ့မှာအမြင်ရှိမှန်း ပြသပေးတယ်။"
ဖေးချမ့်က လင်းဝမ်ကို ချီးကျူးချင်သွားမိသည်။
မျက်မှန် ငါဘာလို့ မစဥ်းစားမိပါလိမ့်။
ဖေးချမ့်က မျက်လုံးလည်း မမှုန်သလို မျက်မှန်လည်း မလိုအပ်ပါ။ ထို့ကြောင့် သူကြိုးစားပြီး စဥ်းစားခဲ့သော်လည်း ဒါကို မတွေးမိခြင်း ဖြစ်ပါသည်။
စဥ်းစားကြည့်မှ သူ့အတွက်သူ မျက်မှန်တစ်လက်ဝယ်ခြင်းက ကျိုးကြောင်းသင့်လျော်ပါသည်။
သူလက်ထောက်ရှင်းကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော် စျေးအကြီးဆုံး မျက်မှန်တွေကို ဘယ်မှာဝယ်လို့ရမလဲ။"
ရှင်းဟိုက်လူက ခေတ္တစဥ်းစားလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဒီမှာ မျက်မှန်ရောင်းတဲ့ Louis Vuitton ဆိုင်တစ်ဆိုင်တော့ ရှိတယ်။ စျေးတော့ ကြီးမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ပစ္စည်းအများစုက နေကာမျက်မှန်တွေပဲ။ ဘော့စ် ရှာနေတာဖြစ်နိုင်ပါ့မလား မသိဘူး။"
"ကျွန်တော့်ကို လိုက်ပို့ပေးပါ"
သူတို့နှစ်ယောက် ဓါတ်လှေကားကို စီးကာ မကြာမီ Louis Vuitton ဆိုင်ကို ရောက်ကာ မျက်မှန်များ ရောင်းချသည့်စင်များကိုပါ တွေ့ခဲ့ရပါသည်။
ဖေးချမ့်က ရှာကြည့်လိုက်ပြီး စျေးနှုန်းများက စိတ်ကျေနပ်စရာကောင်းမှန်း မြင်လိုက်ရပါသည်။
စျေးအပေါဆုံးက ယွမ် ၂,၀၀၀ လောက်ရှိပြီး စျေးအကြီးဆုံးကတော့ ယွမ် ၉,၀၀၀ ကျော်လောက် ရှိပါသည်။
မျက်မှန်တစ်လက်ကို ယွမ် ၉,၀၀၀ ဖြင့် ရောင်းချနိုင်ခြင်းက ဖေးချမ့်အတွက် အနည်းငယ် မမျှော်လင့်ထားသည့် အရာ ဖြစ်သည်။ သို့သော်လည်း သူ့အတွက်တော့ ကောင်းသည့်အရာ ဖြစ်ပါသည်။
သို့သော်လည်း ဖေးချမ့်က ယွမ် ၉,၀၀၀ ကျော်တန် မျက်မှန်တစ်လက်ကို ကိုင်ကြည့်လိုက်သောအခါ စနစ်က သူ့ကို ကန့်ကွက်လိုက်ပါသည်။
"..."
ဖေးချမ့်က ဆွံ့အသွားပါသည်။ စနစ်က သူ့ကိုဝယ်ခွင့်မပေးဘူးလား။
စိတ်ပျက်စရာပဲ။
ယွမ် ၈,၀၀၀ ကျော်တန် နောက်ထပ် မျက်မှန် တစ်လက်ကို ကိုင်ကြည့်ပြီး ထပ်ကြိုးစားကြည့်လိုက်ပါသည်။
ဒီတစ်ခေါက်တော့ စနစ်က ဘာသတိပေးချက်မှ ထွက်မလာပါ။
ဖေးချမ့် အပျော်လွန်သွား၏။ ယှဥ်ကြည့်လိုက်သောအခါ ပထမ မော်ဒယ်က အနည်းငယ် ပေါ့ပြက်ပြက်နိုင်သည့်ပုံပေါက်သည်။ မျက်မှန်ကိုင်းက အနည်းငယ် တောက်ပလွန်းနေသဖြင့် စီးပွားရေးနဲ့သက်ဆိုင်ရမည့် ဆိုသည့် လိုအပ်ချက်ကို မပြည့်မှီနိုင်ပါ။
ဒုတိယ မျက်မှန်ကတော့ နေကာမျက်မှန်ဟု ဆိုထားသည်။ အလွန်ပါးလွှာသည့် မျက်မှန်ကိုင်းနှင့် ရွှေရောင်ကြိုးများ၊ ၎င်း၏ ဖြောင့်တန်းပြီး ကျဥ်းမြောင်းသည့် တည်ဆောက်ပုံတို့က ပိုပြီး လက်သင့်ခံနိုင်စရာရှိပါသည်။
ဖေးချမ့်တပ်ကြည့်လိုက်ကာ ရှင်းဟိုက်လူကို ကြည့်လိုက်ပြီး မေးကြည့်လိုက်သည်။ "ကျွန်တော် ဘယ်လိုနေလဲ။"
ရှင်းဟိုက်လူက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "အရမ်းအဆင့်မြင့်ပါတယ် ဘော့စ်ဖေး"
ဖေးချမ့် ပီတိဖြာသွားပါသည်။
ထို့ကြောင့်လည်း စနစ်က ဘာသတိပေးချက်မှ မထုတ်တာဖြစ်နိုင်သည်။ ဒီမျက်မှန်ကို စီးပွားရေးအတွက် သုံးနိုင်ပြီး တကယ်ပဲ သူ့အရှိန်အဝါကို မြင့်တက်စေပါသည်။
စနစ်က ဒီမျက်မှန်အား လုပ်ငန်းအစည်းအဝေးပွဲများတွင် တပ်ဆင်နိုင်ပြီး အရှိန်အဝါကို မြှင့်တင်ပေးနိုင်သည်ဟု သတ်မှတ်လိုက်တာ ဖြစ်နိုင်သည်။ ဝတ်စုံတစ်စုံနှင့် လုပ်ဆောင်ချက်ခြင်းတူညီသဖြင့် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။
ဖေးချမ့်က ဒီဇိုင်းအနည်းငယ်ကွာခြားပြီး စနစ်က ခွင့်ပြုသည့် စျေးအကြီးဆုံး မျက်မှန်နှစ်လက်ကို ယူလိုက်သည်။
"ကျွန်တော် ဒါတွေယူမယ်နော်။"
ဖေးချမ့်က သူ့ကတ်ကို ချက်ချင်း ဖြတ်လိုက်ပါသည်။
အရောင်းဝန်ထမ်းမလေးက အံ့အားသင့် ပျော်ရွှင်သွားပြီး လက်ရာမြောက်သည့် လက်ဆောင်ဗူးလေးတစ်ဗူးကို ထုတ်ပေးပြီး ဖေးချမ့်အတွက် မျက်မှန်များကို သေသပ်စွာ ထုပ်ပိုးပေးလိုက်ပါသည်။
မျက်မှန်တစ်လက်ကို ထုပ်ပိုးပြီးသောအခါ သူမ နောက်တစ်လက်ကို ထုပ်ပိုးဖို့ပြင်၏။ ဖေးချမ့်က ဒုတိယတစ်လက်ကို ထုပ်ပိုးဖို့ မလိုဘူးဟူသည့် သဘောဖြင့် လက်ရမ်းပြလိုက်ပါသည်။
"ကျွန်တော် တပ်သွားမှာပါ။"
ဖေးချမ့်က မျက်မှန်၏ အကာမှန်များကို ချွတ်လိုက်ပြီး မျက်မှန်ကို တပ်ကြည့်လိုက်ပါသည်။
မှန်ထဲတွင် သူ့ကိုယ်သူကြည့်လိုက်သည်။
အမှန်ပင်။ သူက တကယ်ပဲ အဆင့်ပိုမြင့်သည့်ပုံပေါက်သွားပါသည်။
ဟုတ်ပြီ။ ငါဒါကိုတပ်ထားမယ်။
ယွမ် ၈,၀၀၀ ကျော်တန်ဖြစ်သဖြင့် ဒီတိုင်း ဖုန်တက်အောင် ပစ်ထားလို့ မရဘူး မဟုတ်လား။
စနစ်ရန်ပုံငွေကို နောက်တစ်ခေါက် စစ်ကြည့်ပြီးသွားသောအခါ ဖေးချမ့်က အခုအလွန်ကျေနပ်သွားပါပြီ။ သူ အစွမ်းကုန် ကြိုးစားပြီး ယွမ် ၂၀,၀၀၀ ကျော် ဖြုန်းတီးနိုင်ခဲ့သည်။ ဒါက ဖေးချမ့်၏ ခြေလှမ်းငယ်လေးသာ ရှိသေးသော်လည်း စနစ်ကို အနိုင်ယူဖို့ ကြီးမားသော ခြေလှမ်းတစ်ခု ဖြစ်ပါသည်။
သူတို့နှစ်ယောက် ခန်းမထဲကို ပြန်လာခဲ့ကြသည်။ အားလုံးက ချက်ချင်းဆိုသလိုပဲ ဘော့စ်ဖေး၏ ပုံရိပ်တစ်ခုခု ပြောင်းလဲသွားတာကို သတိထားမိပါသည်။ ဘေးဘက်တွင် ရွှေကြိုးများဖြင့် မျက်မှန်တစ်လက်ကို တပ်လာသည်။ သူ့အရှိန်အဝါက လုံးဝ နောက်ထပ် အဆင့်တစ်ဆင့်ကို ရောက်ရှိသွားပါပြီ။
"ဘော့စ်ဖေးက ချောလိုက်တာ"
"ဘော့စ်ဖေးက သူ့အတွက်ပါ မျက်မှန် တစ်လက် ဝယ်လိုက်တာလား။ ကြည့်လို့ အရမ်းကောင်းတာပဲ။"
"အဲ့ဒီမျက်မှန်က အများကြီး ပေးရမှာပဲနော်။ အနည်းဆုံး ယွမ် ၁,၀၀၀ လောက်တော့ ကုန်မယ် မဟုတ်လား။"
သူ့ဝန်ထမ်းများထံမှ ချီးကျူးသံများနှင့် မြှောက်ပင့်မှုများကို ရင်ဆိုင်ရပြီး ဖေးချမ့်က အနည်းငယ်ပြုံးလိုက်သည်။ တစ်ဖက်မှာတော့ ဂရုမစိုက်ပါ။
"ကဲ ကိုယ့်လမ်းကိုယ် ပြန်ကြရအောင်။ တက္ကဆီခတွေကို ပြန်ယူလို့ရတယ်နော်။ အားလပ်ရက်မှာ ကောင်းကောင်း အနားယူကြပါ။"
...
၃၁ ရက်နေ့တွင် စနစ်က ငွေစာရင်း စတင်ရှင်းလင်းပေးပါသည်။
ဖေးချမ့်၏ ရှေ့တွင် မျက်နှာပြင်တစ်ခုက ပေါ်လာခဲ့ပြန်သည်။
[ စည်းစိမ် အလဲအထပ် စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ်် အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]
[ ငွေစာရင်းရှင်းခြင်း စတင်နေပါပြီ... ]
[ စနစ်ရန်ပုံငွေ : ၄၇၈,၇၃၄.၅ (⬇️၂၁၂,၂၇၆.၅) ]
[ ကိုယ်ပိုင်စည်းစိမ် : ၆၀၈.၃ ]
[ ငွေစာရင်းရှင်းခြင်း ဆောင်ရွက်နေပါပြီ .... ]
[ အလဲအထပ် ဆောင်ရွက်နေပါပြီ .... ]
[ စနစ်ရန်ပုံငွေ : ၄၇၈,၇၂၃.၅ ]
[ ကိုယ်ပိုင်စည်းစိမ် : ၂၁,၈၈၄.၈ (⬆️၂၁,၂၇၆.၅) ]
ဖေးချမ့် ငိုချင်သွားလောက်သည့်အထိ စိတ်ခံစားချက် ပြင်းပြသွားပါသည်။
နောက်ဆုံးတော့....
ဖေးချမ့်သည် သူ အစွမ်းကုန်ကြိုးစားပြီးနောက် နောက်ဆုံးတော့ ယွမ် ၂၀,၀၀၀ အရှုံးပေါ်အောင် လုပ်နိုင်ခဲ့ပါပြီ။
ထို ယွမ် ၂၀,၀၀၀ ကိုအထင်မသေးပါနဲ့။
ဒါက သမိုင်းဝင်မည့် ပထမဆုံးခြေလှမ်း ဖြစ်ပါသည်။
ဒီခြေလှမ်းငယ်လေးက မဟာအောင်မြင်မှုကြီးဆီသွားမည့် ခြေလှမ်းကြီးတစ်ခုဖြစ်ပါသည်။
သိပ်မကြာမီ မျက်နှာပြင်က ဒေတာမျာာ ထပ်ပြသည်။
[ နောက်ထပ် ငွေစာရင်းရှင်းချိန် : ၉၀ ရက်အလို ]
[ စနစ်ရန်ပုံငွေအား ဖြည့်သွင်းပေးသွားပါမည်။ သတ်မှတ်ထားသော ပမာဏ : ၁,၀၀၀,၀၀၀ ]
[ ၅၂၁,၂၇၆.၅ ဖြည့်သွင်းပေးနေပါသည်... ]
[ စနစ်ရန်ပုံငွေ ဖြည့်သွင်းခြင်း ပြီးမြောက်သွားပါပြိ ]
[ စနစ်ရန်ပုံငွေ : ၁,၀၀၀,၀၀၀ ]
[ ကိုယ်ပိုင်စည်းစိမ် : ၂၁,၈၈၄.၈ ]
[ ဒီတစ်ပတ်အတွက် အထူးတာဝန် : ကုမ္ပဏီက လူနေစည်ကားသည့် မြို့တော် ရပ်ကွက်တစ်ခု သို့မဟုတ် တက္ကသိုလ်တစ်ခုအနီးတွင် ဆိုင်ခန်းတစ်ခု ပိုင်ဆိုင်ရပါမည် ]
[ အထူးတာဝန် အောင်မြင်မှု ဆုလာဘ် : နောက်ဆုံး လဲထပ်ထားသော ငွေပမာဏ၏ ထပ်ဆောင်း အပို ၁၀ ရာခိုင်နှုန်း ]
ဖေးချမ့် ခန့်မှန်းထားသလိုပင် ဒီတစ်ခေါက် စနစ်ရန်ပုံငွေ၏ စုစုပေါင်း ရန်ပုံငွေပမာဏက ၅၀၀,၀၀၀ မှ ၁,၀၀၀,၀၀၀ အထိ တိုးမြင့်သွားပြီဖြစ်သည်။
ဖေးချမ့်၏ စနစ်ရန်ပုံငွေကသာ ယွမ် ၁ သန်းထက် ကျော်နေပါက ဒီတစ်ခေါက် ငွေဖြည့်သွင်းခံရမည် မဟုတ်ပေ။
ဖေးချမ့်က အသည်းအသန် ဖြုန်းတီးကာ ၄၇၀,၀၀၀ ယွမ် သုံးနိုင်ခဲ့သည်။ သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၂၀,၀၀၀ လောက် ထည့်နိုင်ခဲ့ရုံတင်မကသေးဘဲ စနစ်က ရန်ပုံငွေကို ယွမ် ၁ သန်း ပြည့်အောင် အလိုအလျောက် ပြန်ဖြည့်ပေးခဲ့ပါသည်။ သူရွှေတွင်းတူးမိပါပြီ။
ထို့အပြင် ဒီတစ်ခေါက်က အရင်ငွေစာရင်းရှင်းချိန်များနဲ့ ခြားနားနေတာကို ဖေးချမ့်သတိထားမိပါသည်။
စနစ်ရန်ပုံငွေက ဒီတစ်ခေါက် ၁ သန်းအတိ ဖြည့်သွင်းပေးသဖြင့် ဖေးချမ့် သုညအရေအတွက်များကို ခက်ခက်ခဲခဲ တွက်ချက်ဖို့ မလိုအပ်တော့ပါ။
ထို့အပြင် စနစ်က အထူးတာဝန်တစ်ခုကိုလည်း ကြေညာခဲ့သည်။ ကုမ္ပဏီက ဘယ်လို ဆိုင်ခန်းမျိုးကိုမဆို ရှိထားဖို့လိုသည်။ ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်ပါက မူလပမာဏထက် ၁၀ ရာခိုင်နှုန်းပိုသည့် ငွေပမာဏကို သူရနိုင်မည်ဖြစ်သည်။