အခန်း(၉၁) အဆင်သင့်လက်ခံပြီးသား အလုပ်
Vol. 7 Ch. 91
အခန်း(၉၁) အဆင်သင့်လက်ခံပြီးသား အလုပ်
လုမင်းလျန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ ဒါက သူ ခက်ခက်ခဲခဲရှာနေခဲ့ရတဲ့ အတော်ဆုံး Animation နဲ့ Concept ဒီဇိုင်နာပဲ မဟုတ်လား။
ပိုက်ဆံက ကိစ္စမရှိပါ။ ဘော့စ်ဖေးကိုယ်တိုင် လိုအပ်သလောက်ပေးမည်ဟု ပြောထားပြီးသားဖြစ်သည်။
အဓိကအချက်က... သူက ဘော့စ်ဖေး အသိအမှတ်ပြုပြီးသား Animation ပညာရှင်ဖြစ်တာပင်။
တစ္ဆေစစ်သူကြီး၏ ပြောင်မြောက်လှသော ပန်းချီ Concept ဒီဇိုင်းကို ဒီလူဖန်တီးခဲ့တာ ဖြစ်သည်။
လုမင်းလျန်သာ ဒီလူကို ရွေးလိုက်ပါက ဘော့စ်ဖေး သေချာပေါက် ကျေနပ်ပါလိမ့်မည်။
ထိုသို့စဥ်းစားပြီး လုမင်းလျန်ချက်ချင်းပဲ ရွမ်ကွမ်းကျန့်ကို မက်ဆေ့ပို့လိုက်ပါသည်။
...
ထိုအချိန်တွင် ရွမ်ကွမ်းကျန့်လည်း အိမ်ပြန်ရောက်နေပြီဖြစ်သည်။ တက္ကသိုလ်စတုတ္ထနှစ် တစ်ယောက်အနေဖြင့် သူ့အတန်းဖော်များစွာက နှစ်သစ်မှာ လုပ်ငန်းများ စတင်ရှာဖွေကြတော့မည် ဖြစ်သည်။
သို့သော်လည်း ရွမ်ကွမ်းကျန့်ကတော့ ခြားနားပါသည်။ သူ့ကို အခုဘော့စ်ကြီးများစွာက ခေါ်ယူနေပြီးသား ဖြစ်သည်။
တစ္ဆေစစ်သူကြီး၏ Animation က အတော်လေး အောင်မြင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်ထဲက Animation လောကအတွင်းက လူအားလုံး ရွမ်ကွမ်းကျန့်ကို သိကြပါသည်။ တစ္ဆေစစ်သူကြီးမှာ ရွမ်ကွမ်းကျန့်၏ ဆန်းကြယ်မှင်နှင့်ဆီပန်းချီစတိုင်ကိုဘယ်လောက်တောင် အသိအမှတ်ပြုပြီး သဘောကျကြသလဲဆိုတာ သက်သေပဲ ဖြစ်သည်။ အလားအလာဘယ်လောက်ရှိလဲ ဆိုတာကိုပါ ပြသနေပါသည်။
MMORPG ဂိမ်းများ ဖန်တီးသည့် ကုမ္ပဏီကြီးများစွာလည်း ရွမ်ကွမ်းကျန့်ကို စတင်ပြီး ဆက်သွယ်လာကြသည်။ သူတို့ကို ဂိမ်းတချို့၏ ဇာတ်ကောင်နဲ့ ဆက်တင်များ၏ Concept အပိုင်းတွင် ကူညီပေးဖို့ မျှော်လင့်နေကြ၏။
ရင်းမြစ်ဝက်ဘ်ဆိုက်တွင် ဒီဇိုင်နာမြောက်များစွာကလည်း ရွမ်ကွမ်းကျန့်နဲ့ ပူးပေါင်း ဆောင်ရွက်ချင်ကြသည်။ သူ့ကိုဂိမ်း Animation အပိုင်း ဦးဆောင်ကိုင်တွယ်ခိုင်းဖို့ ဖြစ်သည်။ သို့သော်လည်း ထိုတောင်းဆိုမှု အားလုံးကို ငြင်းဆန်ခဲ့ပါသည်။
ဘွဲ့ရပြီးနောက် သူ့တက္ကသိုလ်သူငယ်ချင်း တချို့နဲ့ ကိုယ်ပိုင် ပန်းချီစတူဒီယိုလေးတစ်ခု တည်ထောင်မည်ဟု အစီအစဥ်ချထားပြီးသား ဖြစ်ပါသည််။ သူ့မှာ အခုလို ပြီးပြည့်စုံသည့် စမှတ်ရှိနေပြီးသားဖြစ်သဖြင့် သေချာပေါက် ရင်းမြစ်ရောင်းတာထက် ပိုသည့် နောက်တစ်ဆင့်ကို တက်နိုင်ပါသည်။
ရင်းမြစ်ဝက်ဘ်ဆိုက်တွင် ရွမ်ကွမ်းကျန့်၏ စျေးနှုန်းက အလွန်မြင့်မားသည်။ သူက တောင်းဆိုမှုအများဆုံး၊ ထိပ်တန်း Concept ဒီဇိုင်များထဲက တစ်ယောက်ဖြစ်သည်။ တစ္ဆေစစ်သူကြီးက သူ့ကို တစ်ချက်တည်းနဲ့ ကောင်းကင်ထက် ပျံသန်းစေခဲ့ပါသည်။
ဒီတစ်ခေါက်က အလုပ်ဝန်နည်းပါးသည့် လုပ်ငန်းတချို့ကို စီစစ်ပြီး ရွမ်ကွမ်းကျန့် ရွေးချယ်ခဲ့သည်။ ကျန်တက္ကသိုလ်နှစ်ဝက်ကို သူ ကောင်းကောင်းအနားယူပြီး ပျော်ပျော်နေချင်ပါသည်။ ဘွဲ့ရပြီးနောက် ဖွင့်မည့် စတူဒီယိုအတွက်လည်း ပြင်ဆင်မှုများ စလုပ်ရပါမည်။
ဒီနေ့ ရွမ်ကွမ်းကျန့်က ဂိမ်းကုမ္ပဏီတချို့အတွက် ပရိုမိုးရှင်းပုံများကို အိမ်မှာ ရေးဆွဲပေးနေပါသည်။
ပရိုမိုရှင်းပုံတစ်ပုံသာဖြစ်သော်လည်း ယွမ် ၁၀၀,၀၀၀ တောင် ကမ်းလှမ်းခံရပါသည်။
အမှန်ပင်။ ပရိုမိုးရှင်းပုံတစ်ပုံဖြစ်သောကြောင့် အတိကျဆုံးနဲ့ အသေးစိတ်အကျဆုံးကို လိုအပ်သည်။ အနည်းဆုံး ၁ ပတ်မှ အများဆုံး လဝက်လောက်အထိ အချိန်ယူရပါသည်။
သို့သော်လည်း ဒါက ရွမ်ကွမ်းကျန့်၏ တန်ဖိုးကို ဖော်ပြနေခြင်း ဖြစ်ပါသည်။
အစကတော့ ရွမ်ကွမ်းကျန့် နှစ်သစ်ကူးအားလပ်ရက်များမှာ ဘာမှလုပ်စရာမရှိခဲ့ပါ။ စဥ်းစားပြီးမှ ဒီအလုပ်ကို လက်ခံခဲ့ခြင်းဖြစ်ပါသည်။ နွေရာသီအားလပ်ရက်များပြီးသည့်အချိန်အထိ အချိန်ယူပြီး ဒီပုံကိုဆွဲပါက မုန့်ဖိုး ၁၀၀,၀၀၀ လောက် အသာလေး ရနိုင်ပါသည်။
ရင်းမြစ်ဝက်ဘ်ဆိုက်ကိုဖွင့်လိုက်သောအခါ မက်ဆေ့တချို့ ဝင်နေမှန်းသတိထားမိသွား၏။ သူ့အကျင့်ကတော့ ထိုမက်ဆေ့များကို ဖွင့်ကာ အကြမ်းဖျင်း ဖတ်ကြည့်ပြီး ပြန်ပိတ်တာမျိုးသာ ဖြစ်သည်။ အများစုက သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းပေ။ ထိုအလုပ်များကိုလည်း သူလက်မခံချင်ပါ။
ရုတ်တရက် ရွမ်ကွမ်းကျန့်၏ မျက်လုံးက ထူးခြားသည့် မက်ဆေ့တစ်စောင်အပေါ်သို့ ကျရောက်သွားသည်။
ထန်းတာ့နက်ခ်ဝါ့ကုမ္ပဏီလီမိတက်မှ ပို့လိုက်ခြင်းဖြစ်သည်။
အမှန်ပင်။ ထန်းတာ့နက်ခ်ဝါ့ကုမ္ပဏီလိမိတက်ကု သူမှတ်မိပါသည်။ တစ္ဆေစစ်သူကြီး ဖန်တီးသူတွေပဲ မဟုတ်လား။
တစ္ဆေစစ်သူကြီးကို ဖန်တီးတုန်းက ဘော့စ်ဖေး၏ အမြော်အမြင်ကြီးမှုနဲ့ ဘော့စ်တစ်ယောက်အနေဖြင့် အရည်အသွေးပြည့်မှီမှုများကို မှတ်မိနေပါသေးသည်။ ဘော့စ်ဖေးက ဘာကိုမှ ဝင်မရှုပ်ရုံသာမကဘဲ ရွမ်ကွမ်းကျန့်ကိုလည်း စိတ်သဘောရှိသည့်အတိုင်း ဆောင်ရွက်ခွင့်ပေးခဲ့သည်။ သဘောတူထားသည့် ငွေထက်ပင် ပိုပေးခဲ့ပါသည်။
တခြားအလုပ်များကို သူငြင်းနိုင်သော်လည်း ဘော့စ်ဖေးဆီက တစ်ခုခုကိုတော့ ငြင်းဆန်မှာ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးက သူ့ကျေးဇူးရှင် ဖြစ်သည်။ ဘော့စ်ဖေးကို သူကျေးဇူးတင်ပါသည်။
တစ္ဆေစစ်သူကြီးကြောင့်သာ မဟုတ်ပါက ရွမ်ကွမ်းကျန့်လည်း အခု အလုပ်တစ်ခု အသည်းအသန် ရှာနေရလောက်ပြီ။ ထို့အပြင် ဘော့စ်ဖေးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေ ဖြစ်ပါသည်။ ဂိမ်းတစ်ခုသာ ရေပန်းအလွန်စားသွားပါက Animation ပန်းချီဆရာကလည်း ထိုနည်းလည်းကောင်း အာရုံစိိက်ခံလာရမည်ဖြစ်သည်။ ငွေရေးကြေးရေးနဲ့ တခြားအရာများက ယှဥ်ကြည့်လျှင် သိပ်ပြီး အရေးမပါလှပါ။
ရွမ်ကွမ်းကျန့် ချက်ချင်းပဲ စာပြန်လိုက်သည်။
ဒီတစ်ခေါက် ရွမ်ကွမ်းကျန့်ကို ဆက်သွယ်လာတာ ဘော့စ်ဖေးမဟုတ်ပါ။ သမုဒ္ဒရာရဲတိုက်၏ ဒီဇိုင်နာပင်မဟုတ်ပေ။ လုမင်းလျန်ဟု ခေါ်သည့် လူသစ်တစ်ယောက်ဖြစ်သည်။ မကြာသေးခင်ကမှ အစီအစဥ်ရေးဆွဲသူချုပ် ရာထူးကို ရထားသူဖြစ်သည်။
ကြည့်ပါဦး။ ပါရမီမြင့်တက်နေတဲ့ အမြန်နှုန်းကို။
လုမင်းလျန်နဲ့ စကားပြောပြီးနောက် ထန်းတာ့၏ လက်ရှိ အခြေအနေကို ရွမ်ကွမ်းကျန့် သိလိုက်ရပါသည်။
ရိုးရိုးသားသားပြောရလျှင် ဒီ့ထက်ပိုမကောင်းနိုင်တော့ပါ။
သူ တစ္ဆေစစ်သူကြီးအတွက် အလုပ်လုပ်ပေးခဲ့စဥ်တုန်းက ထန်းတာ့မှာ ကုမ္ပဏီအသေးစားလေးတစ်ခုသာ ဖြစ်သည်။ ဖေးချမ့်ကလည်း တစ်ကိုယ်တော် ဂိမ်းဖန်တီးသူသာ ဖြစ်သည်။ ယခု ထန်းတာ့ကို အခြေချတည်ထောင်နိုင်ခဲ့ပြီ ဖြစ်သည်။ သမုဒ္ဒရာရဲတိုက်၏ အောင်မြင်မှုပြီးနောက် ပရောဂျက်အသစ်တစ်ခုကိုပင် ဖန်တီးနေကြပါပြီ။
လုမင်းလျကန် ရွမ်ကွမ်းကျန့်ကို အတူတူပူးပေါင်းပေးဖို့ မျှော်လင့်သည့် ဂိမ်းမှာ ဂိမ်းဒီဇိုင်နာ ဖြစ်သည်။
ရွမ်ကွမ်းကျန့်က ခေတ္တ စဥ်းစားလိုက်သည်။ သို့သော်လည်း ချက်ချင်း သဘောမတူခဲ့ပါ။
"ကျွန်တော် ဒီဇိုင်းမူကြမ်းကို ခဏလောက် ကြည့်လို့ရမလား။ ဘာမှ ဆိုးဆိုးရွားရွား ဆိုလိုတာ မဟုတ်ပါဘူး။ ဘော့စ်ဖေးရဲ့ ပရောဂျက်ဆိုရင် သေချာပေါက် ဘာမှ မတွေးဘဲ လက်ခံမှာပါ။ ကျွန်တော် ငြင်းဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကျွန်တော့်အစွမ်းအစနဲ့ မကိုက်ညီတာမျိုး ဖြစ်မှာစိုးလို့ပါ။ ပြီးတော့ ကျွန်တော့်လက်ရာကလည်း မပြောင်မြောက်လောက်ဘူး။"
"ဒီဇိုင်းမူကြမ်းကို ခဏလောက်ကြည့်ခွင်ပေးလို့ရမလား။ ကျွန်တော် အဆင်ပြေမယ်လို့ထင်ရင် လုပ်ပေးပါ့မယ်။ မဟုတ်ရင်တော့ ကျွန်တော့်ထက်ပိုကောင်းပြီး ပိုသင့်တော်တဲ့ Animation ပညာရှင်တစ်ယောက်ကို ညွှန်းပေးပါ့မယ်။"
လုမင်းလျန်က မကြာမီ ဒီဇိုင်းမူကြမ်းကို ပို့ပေးလိုက်ပါသည်။
ရွမ်ကွမ်းကျန့်က ခပ်မြန်မြန် ကြည့်ရှုလိုက်သည်။ ထို့နောက် စားပွဲကို ထုလိုက်ပြီး ချီးကျူးလိုက်ပါသည်။
ဘော့စ်ဖေးကတကယ့်ကို တစ်ခုခုပါပဲ။
အားကောင်းပြီး အကန့်အသတ် မရှိတဲ့ ဒီဇိုင်းတစ်ခုပဲ။
ရွမ်ကွမ်းကျန့်က ဂိမ်းဒီဇိုင်းကို သိပ်ပြီး နားမလည်သော်လည်း ဂိမ်းလောကအတွက် ဒီဂိမ်းမှာ မှောင်မိုက်သော ဟာသများဖြင့် ပြည့်နှက်နေတာကိုတော့ အာရုံခံနိုင်ပါသည်။
ဒါက ကစားသမားများအတွက် အကျိုးမရှိသည့် ဂိမ်းမျိုး မဟုတ်ပါ။ ကစားသမားများကို လှောင်ပြောင်နေသည့်ပုံပေါက်သော်လည်း တကယ်တမ်းက ဂိမ်မာများကို ဂိမ်းလောကနဲ့ မိတ်ဆက်ပေးချင်ခြင်း ဖြစ်သည်။ ဒီဇီုင်နာများ၏ အတွေးကို နားလည်ဖို့နဲ့ ဂိမ်းလောက၏ ရာဇဝင်များအကြောင်း နားလည်ဖို့ ဖြစ်ပါသည်။
အလွန်ရသပေးနိုင်သည့် ဂိမ်းမျိုးတင်မဟုတ်ဘဲ အနုပညာလက်ရာတစ်ခုလည်း ဖြစ်ပါသည်။
ထို့အပြင် နာမ်မဲ့ Concept များကို ဂိမ်းဒီဇိုင်း၏ Animation အစစ်အမှန်များအဖြစ် ပြောင်းလဲဖို့ အရေးပါမှုက ထင်ရှားသည်။
ဒါက ရွမ်ကွမ်းကျန့်၏ အားသာချက်ပင်။
ခဏလောက် စဥ်းစားကြည့်ပြီးနောက် ရွမ်ကွမ်းကျန့် ဆုံးဖြတ်လိုက်ပါသည်။
"ဟုတ်ပြီ ကျွန်တော် ဒီအလုပ်လက်ခံပါတယ်။ ဘော့စ်ဖေးဆီက အလုပ်ဆိုရင် ကျွန်တော် အစွမ်းကုန် ကြိုးစားမယ်။ ငွေရေးကြေးရေးကတော့ ကျွန်တော့်ကို စျေးကွက်နှုန်းအတိုင်း ပေးဖို့ မလိုပါဘူး။ အရင်တစ်ခေါက်တုန်းက ဘော့စ်ဖေး ကျွန်တော့်ကို စျေးတိုးပေးခဲ့တုန်းက အချိန်ကို အခုချိန်ထိ မှတ်မိနေတုန်းပဲ။ ဘော့စ်ဖေးအပေါ် ကျေးဇူးကြွေးကျန်နေသေးတယ်။ ကျွန်တော့်ကို အသိအမှတ်ပြုဖို့ ပဲလိုပါတယ်။”
...
...
ဖေဖော်ဝါရီ ၁၂ ရက်နေ့...
အားလပ်ရက်များသို့ ရောက်ရှိတော့မည်။ ကုမ္ပဏီအားလုံး၏ လုပ်ငန်းများအား အခြေချပြီးသွားကြပြီ။ ၇ရက်ကြာ အားလပ်ရက်လည်း စတင်တော့မည်။ ဖေးချမ့်က သူ့ခရီးဆောင်အိတ်ကို ပြင်ဆင်ပြီး အိမ်ပြန်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။ ဖေးချမ့်က ပြန်လည် မွေးဖွားလာခဲ့ပြီး စနစ်ကို ပိုင်ဆိုင်ထားကာ ပြီးပြည့်စုံသည့် ဇာတ်ကောင်ပုံသဏ္ဍာန် ဖြစ်သော်လည်း သူက မိဘမဲ့ဂေဟာက လာခဲ့တာ မဟုတ်ပါ။
သူ့မိဘများက နေကောင်းပြီး ကျန်းမာကြသည်။ သို့သော်လည်း သူတို့က လွတ်လပ်မှုကို သဘောကျသည့် လူမျိုး ဖြစ်သဖြင့် သူတို့ကို မိဘများဟုပင် မခံစားမိပါ။ သူပြန်လည်မွေးဖွားလာသည့် ပထမ ရက်ပိုင်း အနည်းငယ်တွင် ဖေးချမ့် အိမ်ကို ဖုန်းဆက်ခဲ့သည်။ သူ့မိဘများ အဆင်ပြေကြကြောင်း အတည်ပြုပြီး နောက်ပိုင်း ဖုန်းမဆက်ခဲ့ပါ။
ကုမ္ပဏီတစ်ခု တည်ထောင်ထားတာကိုတော့ လောလောဆယ် မပြောပြလိုသေးပါ။
သူ့မှာ အကြောင်းပြချက် နှစ်ခု ရှိပါသည်။ တစ်ခုက သူ ယွမ် ၅၀,၀၀၀ ကို ဘယ်က ရလာသလဲဟု ဖေးချမ့် သေသေချာချာ ရှင်းပြရမည်ဖြစ်သည်။ သူ မုန့်ဖိုး ယွမ် ၁,၀၀၀ ဝန်းကျင်သာ ရသည်။ သူ့မှာ စားဖို့တောင် အနိုင်နိုင်ဖြစ်၏။ ယွမ် ၅၀,၀၀၀ လောက်အထိ စုပြီး ဂိမ်းဖန်တီးဖို့ ကုမ္ပဏီတစ်ခု ထောင်လိုက်တာက မဖြစ်နိုင်ပါ။
သူ Naked Loan ယူထားတာလို့လည်း ပြောလို့ မရဘူးမဟုတ်လား။
ဒုတိယတစ်ချက်က ဖေးချမ့်၏ အဖေမှာ အလွန်ခြိုးခြံတတ်ပြီး အနည်းငယ် ရှေးရိုးစွဲသော လူမျိုး ဖြစ်သည်။ သူက ဂိမ်းများကို အလွန်မုန်းတီးသူဖြစ်သည်။ တစ်ခါက ညစာ စားပွဲဝိုင်းတွင် ဂိမ်းများက လူတွေအတွက် အန္တရာယ်ရှိစေနိုင်ပြီး ခွင့်မပြုသင့်ဟု ပြောခဲ့ဖူးသည်။
ထိုအချိန်က သူ မူးနေခဲ့တာဖြစ်သော်လည်း တကယ် ဒီလို ယုံကြည်ထားတာဖြစ်နိုင်ပါသည်။
အဘိုးဖေးက ဒီမျိုးဆက်က လူကြီးတချို့၏ ပြယုဂ်လိုပင်။ ဒါမျိုးက ဖြစ်နေကျဖြစ်ပါသည်။ မဟုတ်ပါက အင်တာနက်စွဲလမ်းမှုကို တိုက်ခိုက်ဖို့ ကြိုးစားနေသည့် လူများ ရှိမှာ မဟုတ်ပါ။ အမှန်ပင် အဘိုးဖေးက အခြေအမြစ်မရှိ ဂိမ်းများကို ဆန့်ကျင်ခြင်းသာ ဖြစ်ပါသည်။ အင်တာနက်စွဲလမ်းမှုကို တိုက်ခိုက်ဖို့ ငွေများစွာ ရင်းနှီးနေသည့် ပရော်ဖက်ဆာနဲ့ ကျွမ်းကျင်သူများနဲ့တော့ လုံးဝ ခြားနားပါသည်။
အနှစ်ချုပ်ပြောရလျှင် မျိုးဆက်တစ်ဆက်တောင် ကွာခြားပါသည်။
ဘာပဲဖြြစ်ဖြစ် ဖေးချမ့်သာ သူ့မိဘများကို ကိုယ်ပိုင်ဂိမ်းကုမ္ပဏီ ထောင်ပြီး ငွေရှာကာ ၈၈၈ ယွမ်တန် အနီရောင်ချီလင်ဆန်းကြယ်လက်နက်ကို ရောင်းလိုက်သည်ဟု ပြောပါက...
အိမ်မှာ တိုက်ပွဲပြင်းထန်လိမ့်မည်။
ထိုသို့စဥ်းစားမိသောအခါ ဖေးချမ့် နာကျင်သွားမိသည်။
မလိုအပ်သည့် ပြဿနာများကို ရှောင်ရှားတာ ပိုကောင်းသဖြင့် ဒီကိစ္စကို လူသိရှင်ကြား မဖြစ်စေချင်သေးပါ။ အဘိုးဖေ့ကိုတော့ သူ့စဥ်းစားပုံစဥ်းစားနည်းကို ဖေးချမ့် ဖြည်းဖြည်းချင်း ပြောင်းလဲပေးရပါမည်။