အခန်း(၉၄) ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ရေပန်းစားလာခြင်း
Vol. 7 Ch. 94
အခန်း(၉၄) ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ရေပန်းစားလာခြင်း
ဖေးချမ့်က အခန်းထဲ ပြန်ဝင်သွားသည်။ သူ သမိုင်းဝင်ခြေလှမ်းကြီး လှမ်းနိုင်ခဲ့ပြီဟု ခံစားနေရသည်။ အဆင့်တစ်ခုလောက်အထိ အဖေဖေး၏ ခံယူချက်ကို နည်းနည်း ပြောင်းလဲပေးနိုင်ခဲ့ပါသည်။ အဖေဖေးကို ဒီတိုင်း တိုက်ရိုက်ပြောလိုက်ပါက အများကြီး ပိုခက်ခဲနိုင်တာ ဖေးချမ့် သိပါသည်။
သို့သော်လည်း ဒါရိုက်တာကျူးကို သူအသုံးချနိုင်ပါသည်။ ညီမျှခြင်းမှာ တတိယလူနဲ့ သူတူနေပါသည်။ ထို့ကြောင့် အဖေဖေးအတွက် ပိုပြီး ယုံချင်စရာကောင်းခဲ့ခြင်း ဖြစ်ပါသည်။
အမှန်ပင်။ အဖေဖေးက ထို အမြင်များကို သဘောတူပါသည်။
ဂိမ်းတွေအပေါ် သူ့ဘက်လိုက်မှုက လုံးဝ ပျောက်သွားပြီလား။ မပျောက်ကွယ်သေးပါဘူး။
သို့သော်လည်း အနည်းဆုံးတော့ အဖေဖေးက တချို့ဂိမ်းများမှာ မဆိုးကြောင်း လက်ခံနိုင်ခဲ့ပါပြီ။ သို့သော်လည်း တချို့က ရုပ်ရှင်နဲ့ ဝတ္ထုများလိုပင်။ ဂိမ်းတွေက သာမန်ဖြစ်ပြီး ကျန်းမာရေး မထိခိုက်စေသော ဖျော်ဖြေရေး အမျိုးအစားမျိုး ဖြစ်ရမည်။
ဒါက ခြေလှမ်းအကြီးကြီး လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ဖေးချမ့်က သူ့အနာဂတ်အစီအစဥ်များအကြောင်း စဥ်းစားလိုက်သည်။ အနာဂတ်မှာာ လက်ရာမြောက်သည့် ဂိမ်းတစ်ခုသာ ဖန်တီးနိုင်ပါက အဖေဖေးကို စမ်းကစားကြည့်ခိုင်းလိုက်မည်။ သူစွဲလမ်းသွားပါက ဖွင့်ပြောနိုင်ပါလိမ့်မည်။
ထို့နောက် အဖေဖေးက သူ့ကို သေချာပေါက် လက်ခံပါလိမ့်မည်။
အရင်တုန်းက မုန်းနေတောင် ဂိမ်းများကို စွဲလမ်းသည့် ကျိန်စာထံက ဘယ်သူမှ မလွတ်မြောက်နိုင်ကြောင်း ဖေးချမ့် ယုံကြည်ထားပါသည်။
...
ထို့နောက်မှ ဖေးချမ့်တစ်ယောက် အောက်က ကောမန့်များကို ဖတ်ဖို့ အချိန်ရခဲ့ခြင်းဖြစ်သည်။
Potato Web မှာ ကျည်ဆန်စခရင် လုပ်ဆောင်ချက်မျိုး မရှိသေးပါ။ ဒီလို လုပ်ဆောင်မှုမျိုး ပေါ်လာဖို့ အနည်းဆုံး ၂ နှစ်လောက် ကြာဦးမည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
သို့သော်လည်း Potato Web မှာ ဒီလို လုပ်ဆောင်ချက်မျိုးရှိနေတောင် အသုံးဝင်မှာ မဟုတ်ပေ။ အလွန်လျှင်မြန်စွာ အစားထိုးခံရပါလိမ့်မည်။။ ရလဒ်အနေနဲ့ ဆက်တိုက် ကျဆင်းသွားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အခုက ဗီဒီယိုများအလွန်ရေပန်းစားနေသည့် အချိန်ဖြစ်ပါသည်။ ထူးချွန်သည့် Content ဖန်တီးသူများစွာ ရှိပါသည်။
ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝအောက်မှာ ကောမန့်များစွာ ရှိပါသည်။ တချို့က ရန်ရှာချင်သည့် လူတချို့ ရေးထားတာ ဖြစ်သော်လည်း အများစုကတော့ ဗီဒီယိုကို ချီးကျူးကြခြင်း ဖြစ်ပါသည်။
"ဒါကို သာမန် ဗီဒီယိုအတိုလေးလို့ ထင်ထားတာ။ ဒါပေမယ့် ကြည့်ပြီးတာနဲ့ နောက်ကွယ်မှာ နက်နဲတဲ့ အဓိပ္ပာယ်ရှိနေမှန်း နားလည်ခဲ့ရတယ်။ တော်တော်လေး ရယ်ရပေမယ့် လေးလေးနက်နက် စဥ်းစားကြည့်မယ်ဆိုရင် သဘာဝကျတယ်။ ကြက်သီးတောင် ထမိပါတယ်။”
"ဒီသရုပ်ဆောင်ငယ်လေးရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်။ ပိုက်ဆံအများကြီးရှိတဲ့ သူဌေးတစ်ယောက်ရဲ့ ဇာတ်ကောင်စရိုက်မျိုးကို တိတိကျကျ ပုံဖော်နိုင်ခဲ့တယ်။ အရမ်းလည်း သဘာဝကျတယ်။ တခြား သရုပ်ဆောင်ငယ်တွေထက် အများကြီး ပိုကောင်းတယ်။”
"လူမှုပတ်ဝန်းကျင်ရဲ့ အမှားတွေကို ဖော်ထုတ်ဖို့အတွက် အမှောင်ဟာသတွေကို သုံးနေတာ။ ဒီဗီဒီယိုကြောင့် ဘဝအကြောင်း ပြန်ထင်ဟပ်စေတယ်။ ဝေဖန်မှုလည်းပါပြီး ဒီလောကရဲ့ ဆိုးရွားမှုကို သရော်နေတာလေ။"
"သူ့မျက်နှာာထားက တော်တော်လေး တိကျတယ်။ ကမ္ဘာကြီးအကြောင်း တွေးခေါ်မှုတွေနဲ့ ပြည့်နှက်နေတာ။ ဒါ သူဌေးတွေရဲ့ ကမ္ဘာလား။"
"ဘော့စ်ဖေးက သရုပ်ဆောင်ကောင်းရုံတင်မကဘဲ မျက်နှာထားတွေကလည်း တကယ် ကောင်းတယ်။ သူဆိုဖာပေါ်လှဲရင်း ကုမ္ပဏီရဲ့ဘော့စ်ဖြစ်ကြောင်း ပြောနေတဲ့ ပုံစံကြီးက။ တကယ့် ရုပ်ရှင်ဘုရင်ပဲ။ ပရိတ်သတ်တွေ အများကြီးကို ဆွဲဆောင်နိုင်တယ်။”
"အရင်ကောမန့်ကလူ ငါတို့ရဲ့ အတုအယောင် ကောမန့်တွေကို ဖျက်ပြီးပြီမဟုတ်ဘူးလား။ မင်းတို့ အရမ်းအဖြစ်သည်းကြတာပဲ။"
"ဒီဗီဒီယိုက ထုတ်လုပ်မှုတန်ဖိုး မမြင့်မားပေမယ့် ပုံစံကို ကြည့်ရသလောက်တော့ DSLR သုံးပြီး ရိုက်ထားကြောင်း ပြောနိုင်တယ်။ တော်တော်လေး နက်ရှိုင်းတယ်လို့ ထင်တယ်။ နောက်ကွယ်မှာလည်း အဓိပ္ပာယ်တွေ အများကြီးပဲ။ အထူးပြုလုပ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဗီဒီယိုအတိုတွေထက် အများကြီး ပိုကောင်းတယ်။”
"ထုတ်လုပ်မှုတန်ဖိုး မမြင့်ဖူးလို့ ဘယ်သူပြောလဲ။ ပစ္စည်းတွေနဲ့ ဝတ်စုံတွေဝယ်ဖို့ ပိုက်ဆံမကုန်ဘူးလား။ စိတ်ကြိုက်ချုပ် အဝတ်အစားဝတ်စုံတွေနဲ့ ရိုးလက်စ်နာရီဝယ်ဖို့ ပိုက်ဆံမကုန်ဘူးလား။ ငါ ရိုးလက်စ် နာရီကို သေချာကြည့်ပြီးသွားပြီ။ အဲ့တာ အစစ်ကြီး။ အတု မဟုတ်ဘူး။"
"ငါထင်တာတော့ သူတို့ စုစုပေါင်း ယွမ် ၂၀၀,၀၀၀ ရင်းနှီးမြှုပ်နှံပြီး ယွမ် ၁၈၀,၀၀၀ ကို နာရီဝယ်ဖို့ သုံးလိုက်တာဖြစ်မယ် ဟားဟား"
"ဗီဒီယီုထဲမှာ ၈ နာရီကြာ ကားမောင်းတဲ့ ဂိမ်းတစ်ခုကို ဖန်တီးဖို့ ယွမ် ၅၀,၀၀၀ သုံးခဲ့ရတဲ့အကြောင်း ပြောနေတာကွ။ သူတို့ အထီးကျန်ကန္တာရလမ်းကို ပြောနေတာတော့ မဟုတ်ဘူးမလား။”
"ဘာ ဒီဗီဒီယိုက လက်တွေ့ဘဝနဲ့ ဆက်စပ်နေတာလား။ မိုက်လိုက်တာ။"
"လက်တွေ့ဘဝကို မှီငြမ်းထားတာမလား။"
"ဒါဆို... ဂိမ်းကို ဒီပုံစံအတိုင်း တကယ် ဖန်တီးထားတာလား မသိဘူးနော်။"
"ဟားဟားဟား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါ ပုံကြီးချဲ့ထားတာပါကွာ။ အထီးကျန်ကန္တာရလမ်းက စုတ်ပြတ်ပေမယ့် ဒီဇိုင်နာက အများကြီး အတွေးတွေ ထည့်ထားတာ။"
အစုတ်အပြတ် အင်တာနက်အသုံးပြုသူများက ကောမန့်ထဲမှာ ဦးနှောက်စားနေကြသည်။ ဗီဒီယိုနဲ့ ထန်းတာ့တို့အကြား ဆက်စပ်ဖို့ ကြိုးစားနေသည့် လူတချို့လည်း ရှိသည်။ သို့သော်လည်း ဗီဒီယိုက ထန်းတာ့နဲ့ ဆက်စပ်နေသည်ဟု ထင်ကြသည့် လူတွေမှာ သက်သေမရှိပါ။ အမှန်ပင်။ သူတို့ အကြီးအကျယ်လည်း မဆိုရဲကြပေ။
ဖေးချမ့်ထုတ်လုပ်သည့် ဂိမ်းတိုင်းက ထန်းတာ့ နက်ခ်ဝေါ့နည်းပညာ ကုမ္ပဏီလီမိတက် နာမည်ဖြင့် ဖြစ်သည်။ ဒီကုမ္ပဏီ၏ တရားဝင် ပိုင်ရှင်အကြောင်း သေသေချာချာ မရှာဖွေကြသည့် လူတွေကတော့ ဖေးချမ့်က ဘော့စ်ဖြစ်ကြောင်း ဘယ်တော့မှ သိနိုင်ကြမှာ မဟုတ်ပေ။ ဖေးချမ့်က ဒီဗီဒီယိုထဲက သရုပ်ဆောင်ဆိုတာကို သိဖို့ ပိုဝေးပါသေးသည်။
သာမန်လူတွေက ကုမ္ပဏီ၏ တရားဝင်ပိုင်ရှင်များကို သိချင်တောင် ရှာဖွေဖို့ အလွန်ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် ထျန်းယန်ချန်းလို ဆော့ဝဲမျိုးက နောက်ထပ် ၄ နှစ်လောက်ကြာမှ လက်တွေ့ကမ္ဘာမှာ ပေါ်လာမှာ ဖြစ်သောကြောင့်ဖြစ်ပါသည်။
ဒီလောကက ၂၀၁၀ ခုနှစ်သာ ရှိသေးသည်။ ဒီလိုဆော့ဝဲမျိုး မရှိသေးပါ။ ထို့ကြောင့် ပရိတ်သတ်များစွာက ဖေးချမ့်ကို သာမန် သရုပ်ဆောင်လေးဟုသာ ထင်ထားကြပါသည်။
ဗီဒီယိုိ၏ အောက်ဘက်မှာတော့ ရန်ရှာနေသည့် လူတချို့ရှိပါသည်။
"စုတ်ပြတ်လိုက်တဲ့ ထုတ်လုပ်မှု ဒီဗီဒီယို ဘာကို ဦးတည်နေလဲဆိုတာတောာင် မပြောတတ်ဘူး။"
"ဒီဗီဒီယိုကို ဖန်တီးတဲ့ကောင်က ဟာသပဲ။ ဘာဗဟုသုတမှလည်း မရှိဘူး။ ဘော့စ်တိုင်းက စိတ်ကြိုက်ချုပ်ဝတ်စုံတွေဝတ်ပြီး ရိုးလက်စ်နာရီပိုင်တယ် ထင်လို့လား။ ခံယူချက်တွေကတော့။ တကယ့် ဘော့စ်တွေက ပိုလိုရှပ်အင်္ကျီတွေနဲ့ ဘောင်းဘီတိုတွေပဲ ဝတ်ကြတာ။ သူတို့ပုံစံကိုတောာင် သူတို့ ဂရုမစိုက်ကြဘူး။"
"ဟုတ်တယ်။ အရမ်းရေပန်းစားလာတဲ့ ဂိမ်းတစ်ခုလုပ်ဖို့ ယွမ် ၅၀,၀၀၀ သုံးခဲ့တယ်လို့တောင် ပြောတယ်။ ဟာသပဲ။ ဗီဒီယိုတစ်ခုကို စိတ်ဝင်စားဖို့ကောင်းအောင် ဒီလိုမလုပ်ရဘူးကွ။ အထီးကျန် ကန္တာရလမ်းက ထုတ်လုပ်ဖို့ ပိုက်ဆံအများကြီး မကုန်နိုင်ပေမယ့် သေချာပေါက် ယွမ် ၅၀,၀၀၀ ထက်တော့ ပိုကုန်နိုင်တယ်။"
"မင်းတို့ ဘော့စ်ဖေးနေရာက သရုပ်ဆောင်ဖို့ သက်လတ်ပိုင်းလူတစ်ယောက်လောက် ရှာသင့်တယ်ထင်တယ်။ ဘော့စ်ဖေးရဲ့ သရုပ်ဆောင်က ကောင်းပါတယ်။ ဒါပေမယ့် သူက ငယ်လွန်းတယ်။ သဘာဝ မကျဘူး။"
ထိုကောမန့်များက အနည်းစု ဖြစ်သော်လည်း ဒီလိုတွေးကြသည့် လူများရှိကြပါသည်။
သို့သော်လည်း ဖေးချမ့်က တကယ်ဂရုမစိုက်တော့ပါ။
"သြော် အားလုံး တော်တော် အတွေးခေါင်ကြတာပဲ။ ရေပန်းစားတဲ့ဂိမ်းတစ်ခုကို ဖန်တီးဖို့ ယွမ် ၅၀,၀၀၀ ပဲ ကုန်တယ်။ ငါလည်း အဲ့ဒါကို ယုံမှာမဟုတ်ပေမယ့် တကယ်ဖြစ်ခဲ့တာပဲကို... ဘယ်လိုပြောရမလဲ။"
ဖေးချမ့်က ဗီဒီယို၏ ကြည့်ရှုသူအရေအတွက်ကိုသာ ကြည့်နေမိသည်။
အခြေအနေကို ကြည့်ရသလောက်တော့ မကောင်းတော့ပါ။
ဖေးချမ့်မှာ လူတွေ ဗီဒီယိုကို သဘောမကျနိုင်မည့် မျှော်လင့်ချက် အသေးစားလေးတော့ ရှိခဲ့ပါသေးသည်။ လူတွေသာ ဒီလိုသူဌေးတွေကို လှောင်ပြောင်တာမျိုးကို သဘောမကျရင် ဘယ်လိုလုပ်မလဲ။
ဖြစ်ချင်တော့ ဒီလိုမျိုး မဟုတ်ခဲ့ပါ။
အခုတော့ ဖေးချမ့် ရွေးချယ်စရာမရှိတော့ဘဲ ဒါရိုက်တာကျူးတစ်ယောက် ကြော်ငြာအလုပ်များ လက်မခံဖို့ကိုသာ ဆုတောာင်းနေမိတော့သည်။ သူတို့ ကြော်ငြာခ မရပါက ဒီကြည့်ရှုသူ အရေအတွက်မှာ ဘယ်လောက်ပဲ မြင့်လာပါစ အသုံးမဝင်ပါ။ ၎င်းတို့က အမြတ်များ ရရှိစေမှာ မဟုတ်ပေ။
...
လူနာ နှစ်သစ်ကူး ၅ ရက်မြောက်နေ့တွင် ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ဒုတိယပိုင်းကို ထုတ်လွှင့်ခဲ့ပါသည်။
လူနာ နှစ်သစ်ကူး၏ ၇ ရက်မြောက်နေ့တွင် ဖေးချမ့် အိမ်က ပြန်လာပြီး အလုပ်သို့ ပြန်သွားခဲ့ပါသည်။
အိမ်က လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို သူပြောင်းလဲချင်သည်။ သို့သော်လည်း ဘယ်လောက်ပဲ ပြောပြော သူ့မိဘများက ငြင်းဆန်ပါသည်။ ရွေးချယ်စရာမရှိတော့ဘဲ လောလောဆယ်တော့ ဒီတိုင်းထားဖို့သာ ရှိသည်။
အဖေဖေးအတွက် သူ့သားပိုက်ဆံရှာနိုင်တာ ကောင်းပါသည်။ သို့သော်လည်း ယွမ် ၃,၀၀၀ သာ ရထားသဖြင့် သူ့အတွက်သူ သုံးဖို့ စုထားတာ အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့်လည်း ငွေကို လက်မခံခဲ့ခြင်း ဖြစ်သည်။
ဖေးချမ့် စောင့်နေဖို့သာ ရှိတော့သည်။
သူတို့ကို ထမင်းချက်ဖို့ အကူအညီပေးနိုင်သည့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ဝယ်လာပါက သူ့မိဘများက အစပိုင်း ငြင်းခဲ့ရင်တောင် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို လဲပါလိမ့်မည်။ ဖေးချမ့်က အလုပ်သို့မပြန်ခင် ဆောင်းရာသီပြီးဆုံးသည့်အထိ စောင့်နိုင်သော်လည်း ရုံးက အခြေအနေများကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်တော့ ရှိရမည်။
သူ မရှိတုန်း ကုမ္ပဏီ၏ ပရောဂျက်များ ကျရှုံးသွားမှာကို မစိုးရိမ်ပါ။ မကျရှုံးမှာကို စိုးရိမ်မိခြင်း ဖြစ်ပါသည်။
အများကြီး ကြိုးစားပြီးနောက် နောက်ဆုံးတော့ အရင်တစ်ခေါက်တုန်းက ယွမ် ၂၀,၀၀၀ အရှုံးပေါ်ခြင်း၏ အသီးအပွင့်များကို ခံစားခဲ့ရပါသည်။ ဒီတစ်ခေါက်လည်း သူ ဆက်ပြီး ကြိုးစားပါက ယွမ် ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက်အထိ အရှုံးပေါ်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ထို့နောက် သူ့ဗီဒီယိုအတိုလေးများ ရေပန်းစားလာသဖြင့် ပိုက်ဆံအများကြီး ရလာသည်ဟု ဆင်ခြေပေးလို့ ရပါသည်။ ထိုအခါ သူ့မိဘများ ငြင်းဆန်တာကို မခံရဘဲ အိမ်သုံးပစ္စည်းများအတွက် သုံးစွဲနိုင်မည်ဖြစ်ပါသည်။
ဒီလိုစီစဥ်ထားပါသည်။
...
ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ တတိယပိုင်းကို ထုတ်လွှင့်ခဲ့သည်။
နောက်တစ်ဖန် ဖေးချမ့် ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်ပြီး ဗီဒီယိုကို ကြည့်လိုက်သည်။ ဗီဒီယို သုံးပုဒ်စလုံးက ကြည့်ရှုသူ ၅၀၀,၀၀၀ လောက် ရှိနေပါပြီ။ပရိတ်သတ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ လောက်ကလည်း ဆက်တိုက် တိုးတက်နေခဲ့ပါသည်။
Potato Web ပေါ်က ညွှန်းဆိုနေရာမှာလည်း ပိုပိုပြီး ကောင်းမွန်လာပါသည်။ ထို့အပြင် ဒီဗီဒီယိုတွေက Weibo လို တခြားလမ်းကြောင်းများအထိပါ ပြန့်နှံ့သွားနိုင်ခြေ ရှိပါသည်။
ဖေးချမ့် တိတ်ဆိတ်စွာဖြင့် ဗီဒီယိုကို ပိတ်လိုက်သည်။ စိတ်အေးအေးထားနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါသည်။
ရပါတယ်၊ ရပါတယ်၊ ဗီဒီယိုအတိုလေး တစ်ပုဒ်တည်းပါ။
ငါ ယွမ် ၁ သန်းတောင် ရင်းနှီးထာားတာ။ အဲ့ငွေပြန်ရဖို့ အဝေးကြီး လိုပါသေးတယ်။
စပွန်ဆာတွေရမယ်လို့လည်း အာမမခံနိုင်ဘူး။ ရရင်တောင် ပိုက်ဆံ အများကြီး မဝင်နိုင်ပါဘူး။
ဖေးချမ့် ဒီနည်းနဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေသည်။ သူ ထိုအကြောင်းများကို စဥ်းစားနေစဥ်မှာပင် သူ့ရုံးခန်းအပြင်ဘက်မှ နှုတ်ဆက်စကားသံများကို ကြားလိုက်ရပါသည်။
"ဒါရိုက်တာကျူးရောက်လာပြီ။"
"ဒါရိုက်တာကျူး ဗီဒီယိုအတိုတွေက ရေပန်းစားနေပြီနော်။ ကျွန်တော်တို့ကို လိုက်မကျွေးချင်ဘူးလား။"
"ဒါရိုက်တာကျူး ကျွန်တော်ပါတဲ့ အပိုင်းကို ဘယ်တော့ လွှင့်မှာလဲ။"
ရုံးထဲက လူအများစုလည်း ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ ဥပမာအားဖြင့် ရှောင်းလု။ သူက သရုပ်ဆောင်ရမည့် ကဏ္ဍများစွာ ပါသည်။ ဥပမာအားဖြင့် ပထမပိုင်းမှာ ယွမ် ၅၀,၀၀၀ နဲ့ ဂိမ်းကို ဖန်တီးခဲ့သည့် အလုပ်သင်အဖြစ် သရုပ်ဆောင်ရသည်။
သူတို့သရုပ်ဆောင်ကြေးက အများကြီး မရသော်လည်း အလွန်စိတ်အားထက်သန်ကြပါသည်။ သူတို့ ပိုက်ဆံရတာမရတာ အရေးကြီးပေ။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာကျူးက သူတို့ကို ဘယ်လောာက်ပဲ ကမ်းလှမ်းပါစေ ဘော့စ်ဖေးပေးနေသည့် လစာထက် ပိုပြီး မကမ်းလှမ်းနိုင်ပါ။
သူတို့အတွက် အရေးကြီးဆုံးက သူတို့မျက်နှာများကို ပြနိုင်ခြင်း ဖြစ်ပါသည်။
ရေပန်းမစားချင်တဲ့လူမျိုး ရှိပါ့မလား။ ထို့ကြောင့် ကျူးရှောင်စဲ ရောက်လာတာကို မြင်သည့်အခါ သူတို့အားလုံး အလွန်အမင်း နွေးထွေးလာခြင်း ဖြစ်ပါသည်။
သူတို့အားလုံး ဒါရိုက်တာကျူးနဲ့ ရင်းနှီးချင်ကြ၏။ ဒါမှ နောက်ပိုင်း အပိုင်းများတွင် သူတို့ကို ဇာတ်ကောင်နေရာ ပိုပေးနိုင်မည်ဖြစ်သည်။ ဖြစ်နိုင်ပါက ၎င်းတို့၏ ကိုယ်ပိုင် အထူးအပိုင်းလေးများပင် လိုချင်ပါသည်။ ဥပမာ ဘော့စ်ဖေးရဲ့ အလုပ်သင် နေ့စဥ်ဘဝ ဟူ၍ ဖြစ်သည်။
ကျူးရှောင်စဲက သူ့ DSLR ကိုကိုင်ထားပြီး ရုံးထဲက လူပေါင်းစုံကို ကတိပေးလိုက်ပါသည်။ "စိတ်မပူကြပါနဲ့။ နောက်ပိုင်း ရိုက်ကူးရမယ့် ဇာတ်ကောင်နေရာတွေ ထပ်ရှိလာဦးမှာပါ။ ဒါပြီးရင် အားလုံး ဗီဒီယိုအတိုလေးတွေပါတဲ့ စီးရီးတစ်ခု ရိုက်ရမယ်။"
"ဒါပေမယ့် အခုတော့ ကိုယ့်အလုပ်ကိုယ် လုပ်ကြပါဦး။ မဟုတ်ရင် ဘော့စ်ဖေး ကျွန်တော့်ကို ကြည်မှာ မဟုတ်ဘူး။"
သူက လူအုပ်ကြီးကို နှစ်သိမ့်ပြီးနောက် ကျူးရှောင်စဲ ဖေးချမ့်၏ ရုံးခန်းတံခါးသို့ ချဥ်းကပ်လာပြီး နူးညံ့စွာဖြင့် တံခါးခေါက်လိုက်ပါသည်။