အခန်း(၉၅) ဘော့စ်ဖေးရဲ့ အကြံပေးမှု၊ စပွန်ဆာတွေကို ငြင်းပါ
Vol. 7 Ch. 95
အခန်း(၉၅) ဘော့စ်ဖေးရဲ့ အကြံပေးမှု၊ စပွန်ဆာတွေကို ငြင်းပါ
ဖေးချမ့်က သူတို့ နောက်တစ်ပိုင်း ရိုက်ရတော့မည်ဆိုတာကို သိလိုက်ပါသည်။
နှစ်သစ်ကူး မတိုင်ခင် ၃ ပိုင်း ရိုက်ကူးခဲ့ပြီး အားလုံး ထုတ်လွှင့်ပြီးပါပြီ။
သူတို့ နောက်ထပ် ၃ ရက်အတွင်း အပိုင်း ၄ ကို ထုတ်လွှင့်ချင်ပါက နောက် ၂ ရက်လောက်ကို အသုံးချရမည်။
သို့သော်လည်း ဘော့စ်ဖေး၏ နေ့စဥ်ဘဝလို ဗီဒီယိုမျိုးအတွက် ဇာတ်ညွှန်းထွက်လာတာနဲ့ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ နောက်ခံစကားပြောခြင်း စတာတွေအားလုံးကို နာရီပိုင်းအတွင်းမှာပင် အပြီးလုပ်နိုင်ပါသည်။ မြန်နှုန်းမြင့် ထုတ်လုပ်ရေးအတွက် အလွန် သင့်တော်သည်။
ထို့ကြောင့် အချိန်က ပြဿနာ မဟုတ်ပါ။
ဖေးချမ့်လည်း ရွေးချယ်စရာမရှိပေ။ စာချုပ်လက်မှတ်ထိုးထားပြီးသားဖြစ်ကာ လျော်ကြေးလည်း မပေးနိုင်သဖြင့် စာချုပ်ပါအတိုင်းပဲ နာခံပြီး ရိုက်ကူးနိုင်ပါသည်။
လွတ်လမ်းမရှိတော့သဖြင့် သူ့အတွက် နာကျင်မှုနည်းပါးအောင် ဒါကို အဆိုးဘက်က မြင်ကြည့်ရမည် ဖြစ်ပါသည်။
မကြာမီ အပိုင်း ၄ ကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့ပါသည်။
ကျူးရှောင်စဲက သူ့ DSLR ကို ကိုင်လိုက်ပြီး ကြည့်လိုက်ကာ လက်ကိုမြှောက်လိုက်ပြီး အိုကေ သင်္ကေတ လုပ်ပြလိုက်ပါသည်။
"ကောင်းလိုက်တာ ဘော့စ်ဖေးရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ။ တကယ်ကောင်းတာ။ ရုပ်ရှင်ဘုရင် မဖြစ်ချင်တဲ့ ဂိမ်းပရိုဂျူဆာဆိုတာ ဘော့စ်ကောင်း တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ ဟုတ်သားပဲ ဘော့စ်ဖေး ဗီဒီယိုလောကနဲ့ ပူးပေါင်းဖို့အတွက် အစ်ကိုဟွမ်းက ခင်ဗျားရဲ့အမြင်ကို မေးခိုင်းလိုက်ပါတယ်...။”
ကျူးရှောင်စဲက အနီးအနားရှိ ဧည့်သည်အခန်းကို ကြည့်လိုက်သည်။ ဖေးချမ့်က ကျူးရှောင်စဲ သူနဲ့ သီးသန့်စကား ပြောချင်ကြောင်း ချက်ချင်း နားလည်သွားပါသည်။ တခြား အကြောင်းအရာဆိုလျှင် ဖေးချမ့်က လက်ဟန်သာပြလိုက်ပြီး ကျူးရှောင်စဲနဲ့ ဟွမ်းစစ်ပေါ်တို့ကိုသာ ဆုံးဖြတ်ခိုင်းလိုက်မည် ဖြစ်သည်။
သို့သော်လည်း လုပ်ငန်းပူးတွဲလုပ်ဆောင်မှုနဲ့ ပတ်သက်သည်ဟု ကြားလိုက်ရသောအခါ ဖေးချမ့် စိတ်ပါသွားပါသည်။ "ဧည့်သည်အခန်းကို သွားကြရအောင်။"
ဗီဒီယိုလောကနဲ့ ပူးပေါင်းတယ်ဆိုတော့... စပွန်ဆာကို ပြောတာပဲ။
ဖေးချမ့် ဒါကို အလွန်အမင်း စိတ်ပူမိပါသည်။
ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့သာ ဒီအကြောင်း ထုတ်ပြောမလာပါက ဖေးချမ့်က ရှက်ရှက်နဲ့ မေးရမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဖေးချမ့်က ယွမ် ၁ သန်းကို ရင်းနှီးမြှုပ်နှံဖို့ ပေးခဲ့ပြီး ဘာမှ ဝင်စွက်ဖက်မှာ မဟုတ်ဟု ပြောခဲ့သည်။ ယခု အပိုင်းများကို ထုတ်လွှင့်နေပြီး ရေပန်းစားလာမှ သူ ရုတ်တရက်ကြီး ဝင်ပါလိုက်ပါက သင့်တော်မှာ မဟုတ်ပါ။ ဆက်ဆံရေးကို ပျက်စီးစေပါလိမ့်မည်။
ဂုဏ်သိက္ခာ ကျဆင်းသွားပါက အဖွဲ့ကို ဦးဆောင်ဖို့ ခက်ခဲသွားပါလိမ့်မည်။
ယခု ကျူးရှောင်စဲက ဒီကိစ္စကို အရင်ဆုံး ဖွင့်ပြောလာသဖြင့် ဖေးချမ့်က ဆွေးနွေးနိုင်သွားပါသည်။
ဧည့်သည်ခန်းထဲသို့ ဝင်ပြီးသွားသောအခါ ဖေးချမ့်က စိတ်ပါလက်ပါနဲ့ စတင်နားထောင်လေသည်။
ကျူးရှောင်စဲက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ တကယ်ကြီး လွန်ခဲ့တဲ့ ၂ ရက်တုန်းက ပထမဆုံး ကော်မာရှယ်ကို လက်ခံရရှိခဲ့တယ်။ အဟမ်း ဆိုလိုတာက ကျွန်တော်တို့ စပွန်ဆာတွေ စလက်ခံလို့ရပြီဆိုတာပဲ။"
"..."
လခွမ်း မြန်လိုက်တာ။
ဖေးချမ့်က စပွန်ဆာများမှာ ၂ ပတ် ၃ ပတ်လောက်ကြာမှ ရောက်လာတတ်သည်ဟု ထင်ထားခဲ့သည်။ သို့မဟုတ် ၁ လလောက်တောင် ကြာနိုင်သည််။ သို့သော်လည်း ရက်အနည်းငယ်လောက်နဲ့ စပွန်ဆာတစ်ယောက် ရောက်လာခဲ့ပြီလား။
ဖေးချမ့်က သူ့မျက်နှာထားကို တည်ငြိမ်အောာင်ထားဖို့ ကြိုးစားနေသည်။ "အင်း ကမ်းလှမ်းချက်က ဘယ်လိုလဲ။"
ကျူးရှောင်စဲက ပြောလိုက်ည်။ "အွန်လိုင်း အဝတ်အထည် ကော်မာရှယ်ပါ။ သူတို့ရဲ့ တီရှပ်မော်ဒယ်အသစ်ကို ကြော်ငြာပေးရမှာပါ။"
"ကမ်းလှမ်းချက်က ဇာတ်ပို့တစ်ယောာက်ကို သူတို့ အထည်တွေဝတ်ပြီး ဒီကော်မာရှယ်အကြောင်း စကားတစ်ခွန်းလောက် ပြောပေးဖို့ပဲ။ ဒါပေမယ့် ကျွန်တော်တို့ ကြည့်ရှုသူတွေ နားလည်မယ်လို့ ထင်ပါတယ်။ ပြဿနာကြီးကြီးမားမား ရှိမှာမဟုတ်ဘူး။”
ဖေးချမ့် ခေတ္တရပ်တန့်သွားပြီး မေးလိုက်ပါသည်။ "ကမ်းလှမ်းစျေးက ဘယ်လိုလဲ။"
"ယွမ် ၅,၀၀၀ တဲ့။ အများကြီးတော့ မဟုတ်ပေမယ့် အခုမှ အစပဲ ရှိသေးတယ်လေ။ ကျွန်တော်တို့ရဲ့ ပထမဆုံး ခြေလှမ်းပေါ့။" ကျူးရှောင်စဲက ပြောလိုက်ပါသည်။
ဘာလဲဟ။
ပထမဆုံး စပွန်ဆာဖြစ်တာတောင် ယွမ် ၅,၀၀၀ ကမ်းလှမ်းနေပြီလား။
ဖေးချမ့် ကြက်သေ သေသွားပါသည်။
အဲ့လောက်တောင်လား။
UP မာစတာများ၏ စပွန်ဆာများက ဘယ်လိုလဲဆိုတာ ဖေးချမ့် သေချာနားမလည်သော်လည်း အကြမ်းဖျင်းတော့ နားလည်ပါသည်။ ၂၀၁၀ ခုနှစ်တွင် လူအများစုက ဗီဒီယိုဖန်တီးသူများကို အထင်သေးကြသည်။ သူတို့က ဗီဒီယိုဖန်တီးသူများများကို အဆင့်မရှိသူများဟုပင် သတ်မှတ်ကြ၏။
ရေပန်းစားသည့် UP မာစတာကြီးများကလည်း ကိုယ်ပိုင် မူလအလုပ်ဖြစ်သော အချိန်ပြည့်အလုပ်များ ရှိကြပါသည်။
ဖေးချမ့်က ၂၀၁၉ ခုနှစ်တွင် Hawk Ao ၏ ဗီဒီယိုတစ်ပုဒ်ကို မြင်ခဲ့ဖူးတာကို မှတ်မိဆဲဖြစ်ပါသည်။ သူ စပွန်ဆာ ပထမဆုံး စတင်လုပ်ခဲ့သော အချိန်ကို ပြန်စဥ်းစားကြည့်လိုက်သည်။ ၂၀၁၁ ခုနှစ်တွင် ဗီဒီယိုအတိုများအတွက် ကြည့်ရှုသူ ၁၀၀,၀၀၀ သာ ရှိသေးသည်။ သို့သော်လည်း သူ့စပွန်ဆာ ခရီးလမ်းမှာ League of Legends ၏ Partnership ကို လက်ခံပြီးမှ စတင်ခဲ့ပါသည်။
ထိုအချိန်တုန်းက Hawk Ao စပွန်ဆာ ဘယ်လောက်တောင် ရခဲ့သလဲ။
ယွမ် ၁,၀၀၀ သာ ဖြစ်သည်။
အမှန်ပင်။ ရေပန်းစားသည့် ဂိမ်းတစ်ခုအတွက်၊ ဧရာမ ကုမ္ပဏီကြီးတစ်ခုအတွက် ယွမ် ၁,၀၀၀ သာ ဖြစ်သည်။
ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ ပုံမှန် တစ်ပိုင်းကြည့်ရှုသူနှုန်းက ယွမ် ၅၀၀,၀၀၀ ဝန်းကျင်မှာ ရှိသော်လည်း လွန်ခဲ့သည့် ရက်နည်းနည်းလောက်ကမှ ရေပန်းစားလာခြင်းဖြစ်ပါသည်။ ဒီစီးရီးရဲ့ ဖန်တီးသူ အဖျားရှူးသွားပြီး အဆုံးသတ်မသွားနိုင်ဘူးလို့ ပြောနိုင်လို့လား။
ထို့ကြောင့် ဒီယွမ် ၅,၀၀၀ ကို သင့်တော်သည့် စျေးနှုန်းဟု သတ်မှတ်နိုင်သည်။
အမှန်ပင် ဒါက သာမန် Up မာစတာများ၏ စပွန်ဆာစျေးနှုန်းများအပေါ် မူတည်ပြီး သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ မူပိုင်ခွင့်နှင့် တခြား အချက်များကိုပါ ထည့်တွက်ပါက လုံးဝ ခြားနားသွားနိုင်ပါသည်။
ဖေးချမ့် ခေတ္တ သက်ပြင်းချလိုက်မိသည်။ "ကျွန်တော် အကြံပေးချင်တာကတော့... ကမ်းလှမ်းချက်ကို ငြင်းလိုက်ပါ။”
ကျူးရှောင်စဲ အံ့သြသွားပါသည်။
ဒီပိုက်ဆံက ဘော့စ်ဖေးအပိုင် ဖြစ်သည်။
ဘော့စ်ဖေးက အားလုံးထက် ပိုစိတ်အားထက်သန်ပြီး မျှော်လင့်ချက် ရှိနေရမှာ မဟုတ်ဘူးလား။ ဒါမှ သူ့အရင်းကို ပြန်ရပြီး အမြတ်ရနိုင်မှာလေ။
"ကျွန်တော် နားမလည်ဘူး။ အသေးစိတ် ရှင်းပြပေးပါလား ဘော့စ်ဖေး" ကျူးရှောင်စဲက အလွန်ကျိုးနွံစွာ ပြောလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ ဘယ်လောက်ပဲ တော်နေပါစေ၊ သူက စတုတ္ထနှစ်ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ ဘော့စ်ဖေးနဲ့ သူ့အကြံပေးချက်ကို နားထောင်ရပါမည်။
ဖေးချမ့်က ခေတ္တစဥ်းစားပေးလိုက်ပြီး ပြောလိုက်ပသါည်။ "စီးပွားရေးလုပ်ဖို့အတွက် အရေးအကြီးဆုံးက အမြင်ကို ကျယ်ကျယ်ထားဖို့ပဲ။"
"ဟုတ်ပါတယ်။ စပွန်ဆာအတွက် ယွမ် ၅,၀၀၀ ဆိုတာ မက်လောက်စရာပါပဲ။ နောက်တစ်ပိုင်းမှာ နည်းနည်းလောက် မားကတ်တင်း ဆင်းပေးလိုက်တာနဲ့ ယွမ် ၅,၀၀၀ တောင်ရမှာ။ ကမ္ဘာပေါ်မှာာ ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းချက်မျိုး ဘယ်မှာရနိုင်ဦးမလဲ။"
"ဒါပေမယ့် အဲ့ဒီတီရှပ်ကို ဗီဒီယိုထဲထည့်ချင်တယ်ဆိုရင် ငါတို့ အတင်းအကြပ်ထည့်ရလိမ့်မယ်။ ဒါမှမဟုတ် ဇာတ်ညွှန်းကို ပြန်ပြင်ရလိမ့်မယ်။ မူလ ရည်မှန်းထားတဲ့ သက်ရောက်မှုမျိုးကို ရနိုင်ပါဦးမလား။"
"ဒါ ငါတို့ရဲ့ နာမည်ကို ပျက်စီးစေတာပဲ။"
ဖေးချမ့်၏ မျက်နှာထားက ထိုသို့ဖြစ်လာမည်ကို ကြိုမြင်နေသကဲ့သို့ နာကျင်နေပါသည်။
"နောက်တစ်ခေါက် စပွန်ဆာက အလှအပထုတ်ကုန်ဖြစ်တဲ့ ရေချိုးဆပ်ပြာ ဒါမှမဟုတ် ရှန်ပူလိုဟာတွေ ကြော်ငြာခိုင်းရင် ဘယ်လိုလုပ်မလဲ။ ထုတ်လုပ်ရေးကသာာ အဲ့လို စပွန်ဆာတွေနဲ့ ကိုက်ညီအောင် လိုက်လုပ်ရမယ်ဆိုရင် မင်းရဲ့ အကောင်းဆုံးလက်ရာကို ဘယ်လိုလုပ် ပြသနိုင်တော့မှာလဲ။"
"မင်းလို မူပိုင်ခွင့်ကြီးမားတဲ့ ပရောဂျက်တစ်ခုသာ... ယွမ် ၅,၀၀၀ လောက်အတွက်နဲ့ ကျရှုံးသွားမယ်ဆိုရင် အမြတ်ထက် အရှုံးက ပိုအားမသာသွားဘူးလား။"
ကျူးရှောင်စဲ တုန်လှုပ်သွားပါသည်။ အမှန်ပင်။ ဘော့စ်ဖေး ပြောလိုက်တာနဲ့ သူ့အမြင်များ ပြောင်းလဲသွားပါသည်။ ကျူးရှောင်စဲ က ယွမ် ၅,၀၀၀ ကိုသာ မြင်ခဲ့မိသည်။ သို့သော်လည်း ဘော့စ်ဖေးကတော့ ဒီစီးရီး၏ မူပိုင်ခွင့်တန်ဖိုးကိုသာ အာရုံစိုက်ထားပါသည်။
ဒါက... ဘော့စ်တစ်ယောက်နဲ့ အတွေးအကြုံမရှိတဲ့ ကျောင်းသားတစ်ယောက်တို့အကြားက ကွာခြားချက်လား။
ဖေးချမ့်က ခေတ္တရပ်တန့်သွားပြိး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "မင်းကိုကော ဟွမ်းစစ်ပေါ်ကိုကော ဖိအားမများစေချင်ဘူး။ ဒါက ယွမ် ၁ သန်းတည်းပါ။ အရှုံးပေါ်လည်း ဘာဖြစ်လဲ။ ပြဿနာသေးသေးလေးပါပဲ။"
"ကောင်းမွန်တဲ့အရာတွေကို ရရှိဖို့ အရည်အသွေးက ပမာဏထက် ပိုသာလွန်နေရမယ်။ ငါတို့ စွန့်စားရင် စွန့်စား ဒါမှမဟုတ် အားလုံးကို ဆုံးရှုံးပြီး နာမည်ကောင်း ရအောင် လုပ်ရင်လုပ်။ ငါတို့ ပိုက်ဆံလည်း မရ၊ နာမည်လည်း ပျက်မှာမျိုးတော့ လုပ်လို့မဖြစ်ဘူး။ အဲ့တာ တော်တော်လေးကို ရူးသွပ်ရာကျလိမ့်မယ်။ နားလည်လား။"
ကျူးရှောင်စဲ ခေါင်းကို ပြင်းထန်စွာ ငြိမ့်လိုက်ပါသည်။ "ဟုတ်ပါပြီ။ ဘော့စ်ဖေး နားလည်ပါပြီ။"
ဖေးချမ့်က တည်ငြိမ်စွာဖြင့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ဒီလိုဆိုရင်ကော မင်းတို့တွေ နားထောင်မယ်ဆို ဒီစီးရီးအတွက် စပွန်ဆာ စံနှုန်းတစ်ခု သတ်မှတ်လို့ရတယ်။ ကော်မာရှယ်တစ်ခုကို တိုက်ရိုက်ကြီး ထည့်ဖို့ကျတော့ အတင်းလုပ်ယူထားသလို ဖြစ်လိမ့်မယ်။ ငါတို့ အဲ့တာမျိုး မလုပ်သင့်ဘူး။ ငါတို့ လက်ခံမယ်ဆိုရင် စိတ်ကြိုက်ချုပ် အဝတ်အစားနဲ့ အဆင့်အတန်းမြင့်တဲ့ စပွန်ဆာတွေပဲ လက်ခံမယ်။"
"စပွန်ဆာတစ်ခုကို ယွမ် ၁၀၀,၀၀၀ ပဲ။ ဒါပေမယ့် စျေးနှုန်းအရမ်းမြင့်အောင် ထားလို့တော့ မရဘူး။ တခြားဗီဒီယိုတွေဆို ဖန်တီးသူတွေက အဲ့ဒီကော်မာရှယ်တွေကို အတင်းလုပ်ယူပြီး ထည့်ထားကြတာ။ မင်းတို့တွေကတော့ စိတ်ကြိုက်ချုပ် အဝတ်အစားနဲ့ အဆင့်မြင့်ထုတ်ကုန်တွေပဲထည့်လို့ရမယ်။"
"ဗီဒီယိုအတိုတစ်ခုစီအတွက် အစကနေ အဆုံးအထိ အရည်အသွေးနဲ့ ပမာဏကို ထိန်းသိမ်းရင်း စပွန်ဆာအတွက်လည်း ပြီးပြည့်စုံအောာင် ထည့်သွင်းပေးသွားမယ်။"
"ဒီလိုဆို ငါတို့ရဲ့ကြည့်ရှုသူတွေရဲ့ ရသကို မပျက်စီးစေဘဲ ကော်မာရှယ်ရဲ့ အာနိသင်ကိုလည်း အာမခံနိုင်မယ်။ ဗီဒီယိုရဲ့ နာမည်ကိုလည်း ထိန်းသိမ်းနိုင်မယ်။ ဒါ သုံးဘက်စလုံး အရှုံးမရှိတဲ့ နည်းလမ်းပဲ။"
ကျူးရှောင်စဲ အနည်းငယ် မျက်နှာပျက်သွားပါသည်။ "ဒါပေမယ့် ဘော့စ်ဖေး ဒီလိုအပ်ချက်က နည်းနည်း မြင့်လွန်းမနေဘူးလား။ လူတွေ ကျွန်တော်တို့ကို စပွန်ဆာပေးဖို့တောင် မလွယ်တာ။ ကျွန်တော်တို့ ဗီဒီယိုတွေကို အရည်အသွေးနဲ့ ပမာဏကော၊ စပွန်ဆာ ပစ္စည်းအတွက်ကော ထိန်းသိမ်းပေးမယ်ဆိုရင် ဒါက..."
ဖေချမ့်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး လက်ဖက်ရည် သောက်လိုက်ပါသည်။ ကျူးရှောင်စဲကို ယုံကြည်ချက်များ ပြည့်ဝနေသော မျက်လုံးမျိုးဖြင့် ကြည့်လိုက်ပါသည်။။
"မင်းရဲ့ ပါရမီကို ငါယုံကြည်တယ်။ မင်းလည်း မင်းကိုယ်မင်း ယုံကြည်ရမယ်။"
ကျူးရှောင်စဲ၏ ပါးစပ် ဟကာ ပြန်ပိတ်သွားသည်။ သို့သော် ဘာမှ မပြောခဲ့ပါ။
ဘော့စ်ဖေး၏ မျက်နှာထားက အားလုံး ပြောပြီးသွားပါပြီ။
"ဟုတ်ပါပြီ ဘော့စ်ဖေး ကျွန်တော် နားလည်ပါပြီ။" ကျူးရှောင်စဲ စိတ်အားထက်သန်စွာဖြင့် ခေါင်းသာငြိမ့်လိုက်ပါသည်။