အခန်း(၉၆) ငါ့ဝန်ထမ်းအားလုံးက စိန်အရိုင်းတုံးတွေပဲ
Vol. 7 Ch. 96
အခန်း(၉၆) ငါ့ဝန်ထမ်းအားလုံးက စိန်အရိုင်းတုံးတွေပဲ
ကျူးရှောင်စဲကို ပြန်လိုက်ပို့ပြီးနောာက် ဖေးချမ့်အနည်းငယ် ပိုစိတ်အေးသွားရသည်။
ကံကောင်းစွာဖြင့် အားလုံးက ဘော့စ်ဖေးကို လေးစားကြသည်။
ဗီဒီယိုအတိုများမှာ ဒီနှစ်ထဲ သိပ်ပြီး အကျိုးအမြတ် သိပ်မများသေးပါ။ ဝက်ဘ်ဆိုက်များထဲ ဝင်ကြည့်ပါကလည်း ကြည့်ရှုသူ အရေအတွက်အလိုက် ဆုလာဘ်များနဲ့ ဘောနပ်စ်များ မပေးသေးပါ။
ဒီလိုဗီဒီယိုများမှ အကျိုးအမြတ်ရဖို့အတွက် ယေဘုယျနည်းလမ်းတချို့သာ ရှိပါသည်။
တစ်ခုက ကြော်ငြာကုမ္ပဏီများနဲ့ ပူးပေါင်းပြီး ဗီဒီယိုထဲတွင် ကြော်ငြာများ အတင်းလုပ်ယူ ထည့်သွင်းခြင်း သို့မဟုတ် အတင်းရောင်းချခြင်းများ ပြုလုပ်နိုင်သည်။ ဒါက အလှကုန်ပစ္စည်းများနဲ့ ဂိမ်းများအတွက် ပိုသာမန်ကျသော နည်းလမ်း ဖြစ်ပါသည်။ အထီးကျန်ကန္တာရလမ်းကလည်း ထိုကဲ့သို့ စပွန်ဆာပါတနာများဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နောက်တစ်နည်းက တရားဝင်ဝက်ဘ်ဆိုက်တစ်ခုထောင်ကာ သို့မဟုတ် အရန်လုပ်ငန်းတစ်ခုလုပ်ကာ ရောင်းနိုင်သမျှ ရောင်းချဖို့ ဖြစ်သည်။ ဒီ့အတွက် ဖြစ်နိုင်ခြေများက အဆုံးမရှိလှပါ။ အမြတ်များ အလုံးအရင်းဝင်လာနိုင်သလို အကုန်ပြောင်ပြီး ဒေဝါလီခံသွားရနိုင်သည်။ စပွန်ဆာ ပါတနာများဖြင့် လမ်းခွဲသောအခါ ပရော်ဖက်ရှင်နယ် ဂိမ်မာများ မကြာခဏ ဒီလမ်းကို ရွေးတတ်ကြသည်။
အမှန်ပင်။ တခြားနည်းလမ်းများလည်း ရှိပါသေးသည်။ သို့သော်လည်း ၎င်းတို့က မသဲကွဲဘဲ မသေချာမရေရာကြပါ။ ထို့ကြောင့် သာမန် ဗီဒီယိုဖန်တီးသူများက ဒီနည်းလမ်းများကို မစဥ်းစားကြပေ။
အွန်လိုင်းပေါ်က စာရေးဆရာများက ခိုးကူးခံထားရသော စာများကို လူတွေလျှော့ဖတ်ပြီး ၎င်းတို့၏ မူရင်းစာကိုသာ ပိုဖတ်ကြဖို့ မျှော်လင့်ကြသလို ဖြစ်ပါသည်။ ဒါမှ ၎င်းတို့၏ Subscription နှုန်း တက်လာမည်ဖြစ်သည်။ သို့သော်လည်း ဖြန့်ချီခွင့်များကို သန်းချီပြီး သို့မဟုတ် သန်းဆယ်ချီပြီး ရောင်းချဖို့ရန်ကတော့...
အိပ်မက်သာသာ ဖြစ်ပါသည်။
ထို့အပြင် ဖေးချမ့်က ကျူးရှောင်စဲကို နောက်ဆုံးတော့ ထိန်းထားနိုင်ခဲ့ကာ လောလောဆယ်အတွက် အဆင့်နိမ့်စပွန်ဆာများကို လက်မခံဖို့ တိုက်တွန်းနိုင်ခဲ့သည်။ ဒီလိုဆို ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ ၏ဝင်ငွေ ၉၉ ရာခိုင်နှုန်းလောက် ရပ်တန့်သွားပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အဆင့်မြင့်ပြီး စိတ်ကြိုက်ချုပ် အဝတ်အစား ဗီဒီယိုတစ်ပုဒ်အတွက် သောင်းချီပြီးထုတ်ပေးမည့် UP မာစတာတစ်ယောက်ကို ရှာဖို့က ပိုင်ရှင်ဘယ်လောက်တောင် ချမ်းသာနေရမည်နည်း။ သူတို့ ဗီဒီယိုဆိုက်ဒ်ဆီသွားပြီး ကြော်ငြာနေရာ ဝယ်လိုက်တာက ပိုမကောင်းဘူးလား။
ထိုသို့စဥ်းစားရင်း ဖေးချမ့် အတော်လေး စိတ်ချလက်ချဖြစ်နေပါသည်။
....
တံခါးခေါက်သံကြားလိုက်ရ၏။
"ဝင်ခဲ့ပါ။"
လုမင်းလျန်က တံခါးကို တွန်းဖွင့်လိုက်ပြီး ဝင်လာပါသည်။
"ဘာဖြစ်လို့လဲ" ဖေးချမ့်က မေးလိုက်သည်။
ဂိမ်းဒီဇိုင်နာ၏ ဒီဇိုင်းမူကြမ်းက နှစ်သစ်ကူးမတိုင်ခင်ကတည်းက ပြီးသွားပါပြီ။ ဖေးချမ့်ကလည်း သဘောတူညီပြီးသား ဖြစ်သည်။ ပြောင်းလဲစရာလည်း များများစားစား မရှိလောက်ပါ။
ပန်းချီရင်းမြတ်နဲ့ တကယ့်ဖန်တီးခြင်း လုပ်ငန်းစဥ်းများကို ဖေးချမ့် ဂရုမစိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူက ဘော့စ်ဖြစ်သည်။ အနုစိပ်လိုက်ပြီး စီမံတာက အချိန်ဖြုန်းရာကျပါသည်။
ယခု ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကိုသာ သူ အနီးကပ် စောင့်ကြည့်ဖို့ ရှိသည်။ သူ့အသက်နဲ့ရင်းပြီး စောင့်ကြပ်နေရပါမည်။
"ဘော့စ်ဖေး နောက်ခံစကားပြောကိစ္စပါ။ နောက်ခံစကားပြောအတွက် နိုင်ငံတော်ထဲမှာပဲ နာမည်ကျော်တဲ့လူတချို့ ရှာတွေ့ထားတယ်။ ကျွန်တော်တို့ အပိုင်းနည်းနည်းကို အစမ်းအနေနဲ့ အသံဖမ်းထားပါတယ်။ နားထောင်ကြည့်ပြီး တစ်ယောက်လောက် ရွေးလိုက်မလား။ ကျွန်တော် မဆုံးဖြတ်နိုင်လို့ပါ။" လုမင်းလျန်က ပြောလိုက်ပါသည်။
နောက်ခံစကားပြောလား။ အမှန်ပင်။ ကြည့်ရတာ နောက်ခံစကားပြောကိုတော့ သူ နည်းနည်း ဂရုစိုက်ရမည့်ပုံပင်။
ဂိမ်းဒီဇိုင်နာ၏ ဂိမ်းကစားပုံတစ်ခုလုံး (ရွေးချယ်မှုတိုင်းနဲ့ ဆုံးဖြတ်မှုတိုင်းအပါအဝင်) က ၈နာရီဝန်းကျင်လောက် ကြာမြင့်သည်။ နောက်ခံစကားပြောများက အစမှ အဆုံးအထိ ပြောရမည် ဖြစ်သည်။ စကားလုံးများကို ပေါင်းလိုက်ပါက ၄၀,၀၀၀ - ၅၀,၀၀၀ လောက် ရှိနိုင်ပါသည်။
နောက်ခံစကားပြောအတွက် စျေးနှုန်းက အလွန်စျေးပေါပါသည်။
စာလုံးရေ ၅၀,၀၀၀ လို များပြားသော ပမာဏမျိုးအတွက် အနည်းဆုံးစျေးက ၂,၀၀၀ - ၃,၀၀၀ လောက်ဖြစ်ပြီး အများဆုံး ၁၀,၀၀၀ လောက်သာ ရှိနိုင်ပါသည်။
ဂိမ်းဒီဇိုင်နာ၏ စုစုပေါင်း ကုန်ကျစရိတ်နဲ့ ယှဥ်ကြည့်ရင် ပမွှားလောက်သာရှိသည်။
ဖေးချမ့်က ပိုက်ဆံကို စိတ်မပူပါ။
သူစိတ်ပူတာက နောက်ခံစကားပြောတွေက ကစားသမားတွေ ဂိမ်းမကစားချင်တော့အောင် လုပ်နိုင်ပါ့မလား။။
အမှန်ပင်။ ကီးကြောင်နေသည့် လမ်းပေါ်က တစ်ယောက်ယောက်ကို ကျပန်းခေါ်ပြီး နောက်ခံစကားပြော လုပ်ခိုင်းလိုက်ပါက လိုအပ်သည့် အာနိသင်ကို ရပါလိမ့်မည်။ သို့သော်လည်း ဒါက စည်းကမ်းဖောက်ဖျက်ရာကျတာ သိသာပါသည်။
ဖေးချမ့်က ခေါ်ယူနိုင်သည့် လူများထဲက အရမ်းကြီး ထူးချွန်မနေသည့် လူမျိုးကိုသာ ရွေးနိုင်ပါသည်။ သာမန်တစ်ယောက်ကို ရှာချင်ရင်တောင် ရှင်းရှင်းလင်းလင်းနဲ့ ချောချောမွေ့မွေ့ ပြောနိုင်သည့် လူတစ်ယောက်ကို ရှာရပါမည်။ စနစ်က ကန့်ကွက်နိုင်သည့် ထင်ရှားသော ချွတ်ယွင်းချက်များနဲ့ လူကို ခေါ်လို့မရပါ။
လုမင်းလျန်က ရင်းမြစ်ဝက်ဘ်ဆိုက်ပေါ်မှာ နောက်ခံစကားပြော အချို့နဲ့ ဆက်သွယ်ပြီးပါပြီ။ ဖေးချမ့်နားထောင်ရန်အတွက် ဂိမ်းထဲက စာသားတချို့ပါဝင်သည့် နမူနာတချို့ကိုလည်း အသံဖမ်းထားပါသည်။
ဖေးချမ့်က တစ်ခုချင်းစီ ဖွင့်နားထောင်လိုက်သည်။ ပထမတစ်ယောက်က ယုံကြည်ချက်ရှိသည့် မိန်းမငယ်လေးတစ်ဦး ဖြစ်သည်။
တွန့်ဆုတ်မနေဘဲ ဖေးချမ့် နောက်တစ်ပုဒ်ကို ကျော်ကြည့်လိုက်သည်။ သေချာပေါက် ဒီတစ်ယောက်ကိုတော့ အအောင်ပေးလို့ မဖြစ်ပါ။ ဒီလိုအသံမျိုးကိုသာ ကြားလိုက်ရပါက အိမ်တွင်းအောင်း ဂိမ်မာတွေ ဘယ်လောက်တောင် ပျော်သွားမလဲ မပြောနိုင်ပါ။
ဒုတိယတစ်ယောက်က နူးညံ့ပြီး သေးငယ်သော အမျိုးသမီးအသံလေး ဖြစ်ပါသည်။ အသံက အနည်းငယ် အောက်ကျို့တတ်ပြီး လူတွေကို ချိတုံချတုံဖြစ်စေကာ ကြက်သီးထသွားစေပါသည်။ ဒီတစ်ခုလည်း မဖြစ်နိုင်ပါ။ ဒါက ASMR အတွက် ကောင်းနိုင်သည်။
တတိယတစ်ယောက်က သာမန်ယောက်ျား တစ်ယောက်၏ အသံ ဖြစ်ပါသည်။
စတုတ္ထတစ်ယောက်က အက်ကွဲပြီး အသံစူးသော ယောက်ျားအသံ ဖြစ်သည်။ အသံက နှာသံပါပြီး သေးငယ်သည်။ အနည်းငယ် ခြောက်ကပ်ကပ်ဖြစ်နေသလိုတောင် ရှိပါသည်။
ဖေးချမ့်က တတိယလူနဲ့ စတုတ္ထလူအကြား တွန့်ဆုတ်နေသည်။
တတိယတစ်ယောက်က ဝတ်ကျေတမ်းကျေမျှသာဖြစ်နိုင်ပြီး သိပ်မထူးချွန်နိုင်ပါ။ သို့သော်လည်း ဒီလိုအရွဲ့တိုက်ခြင်းမျိုးက မကောင်းနိုင်ပါ။ သတင်းကြေညာသူ တစ်ယောက်၏ အသံမျိုးနဲ့တူနေသည်။ ကစားသမားများ ကစားတာကို ရပ်တန့်အောင် မလုပ်နိုင်လောက်ပါ။
စတုတ္ထတစ်ယောက်ကို ရွေးလိုက်မယ်ကွာ။
ဒီအသံက နားဝင်မချိုပါ။ တချို့လူတွေ နားမထောင်နိုင်ဘဲ အခက်တွေ့နိုင်သည်။ လက်သည်းဖြင့် ကျောက်သင်ပုန်းကို ကုတ်ခြစ်သော အသံလိုပင်။ သေချာပေါက် ကစားသမားများအား ဂိမ်းထဲက ထွက်သွားစေဖို့ အကူအညီဖြစ်စေပါလိမ့်မည်။
ထို့အပြင် ဘာကြောင့်မှန်းမသိပဲ ဖေးချမ့် ပိုပြီးနားထောင်လေလေ ထိုလူကိုပိုပြီး ရိုက်ချင်လာလေလေ ဖြစ်ပါသည်။
ကစားသမားများလည်း ဒီလိုပဲခံစားရလောက်သည်။
နံပါတ်တစ် ဦးစားပေးက ကစားသမားများကို လှောင်ပြောင်ဖို့ဖြစ်သဖြင့် အသံက ပိုပြီး စိတ်ရှုပ်ဖို့ ကောင်းလေလေ ပိုအဆင်ပြေလေလေ ဖြစ်ပါသည်။
ဖေးချမ့်က စားပွဲကိုထုလိုက်ပြီးပြောလိုက်သည်။ "ဒီတစ်ယောက်ကို ရွေးလိုက်ရအောင်။ သူ့အသံက တော်တော်လေး ထူးခြားတယ်။"
လုမင်းလျန်က ဘော့စ်ဖေးရွေးလိုက်သည့် အသံကလစ်ကို နားထောင်ကြည့်လိုက်ကာ နာကျင်သွားသည်။
ဖေးချမ့် ကြောင်သွား၏။
"ဘာဖြစ်လို့လဲ ဒီလူက စျေးမြင့်မြင့် တောင်းနေလို့လား။ အခု အလုပ်အရမ်းများနေလို့လား။ ပိုက်ဆံပိုပေးလိုက်ကွာ။" ဖေးချမ့်မှာ ဒီကမ္ဘာကြီးထဲက ပြဿနာအများစုကို ပိုက်ဆံဖြင့် ရှင်းနိုင်သည်ဟု ယုံကြည်ထားပါသည်။
အထူးသဖြင့် နောက်ခံစကားပြောအတွက် ထိုလူများက ကြိုးစားကြရသည်။ ၎င်းတို့၏ လစာကလည်း မြင့်သည်ဟု မဆိုနိုင်ပါ။ ယွမ်ထောင်ချီ နည်းနည်းလောက် ပိုပေးလိုက်လို့ ဘာဖြစ်သွားမှာလဲ။
"အဲ့လို မဟုတ်ပါဘူး ဘော့စ်ဖေး ဒါက သူတို့ကို ကျွန်တော်တို့ ပေးထားတဲ့ နောက်ခံစကားပြောနမူနာပါ။ ပရောဂျက်အတွက် ဘယ်လိုလေသံမျိုးနဲ့ ပြောရမလဲဆိုတာ အကြမ်းဖျင်း နားလည်အောင် ပေးခဲ့တာ။ ဒါက ကျွန်တော်ကိုယ်တိုင် အသံသွင်းထားတာကြီးပါ..."
"ဖိုင်တွေ အကုန်လုံးကို ကျွန်တော့်ဖိုင်ထည့်ထားတဲ့အထဲ ပေါင်းထားလိုက်တာ။ ကျွန်တော် ပြန်ခွဲဖို့ မေ့သွားတယ်..." လုမင်းလျန်က ခေါင်းကုတ်ရင်း ပြောလိုက်ပါသည်။
ဖေးချမ့် ကြက်သေ သေသွားပါသည်။
စဥ်းစားကြည့်မှ နောက်ဆုံး နောက်ခံစကားပြောကလစ်က နောက်ခံဘက်ဂရောင်းတွင် အနည်းငယ် ဆူညံသံများ ပါနေသည်။ ဘက်ဂရောင်းက တိတ်ဆိတ်သလိုလိုရှိသော်လည်း ဆူညံသံများကတော့ ထင်ရှားပါသည်။ ဒီအသံသွင်းမှုကို လုပ်ဖို့ အသုံးပြုထားသည့် ကိရိယာများ သိပ်ပြီး မကောင်းကြောင်း သက်သေဖြစ်ပါသည်။
ဖေးချမ့်က ရှောင်းလုကို ကြည့်လိုက်ပါသည်။ "မင်း... လုပ်ထားတာလား။ မင်းအသံနဲ့လည်း မတူပါလား။"
လုမင်းလျန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါတယ်။ ဒီအသံဖမ်းဖို့အတွက် ကျွန်တော့်အသံကို ထိန်းထားတာ။ တဏှာရူး လူယုတ်မာတစ်ယောက်ရဲ့ အသံမျိုးနဲ့ တူအောင် တုပထားတာပါ။"
"ဘော့စ်ဖေး နားလည်မှု မလွဲလိုက်ပါနဲ့။ ကျွန်တော် အနောက်တိုင်း ရာဇဝတ်ဇာတ်လမ်းတွေ နည်းနည်း ကြည့်ဖူးတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စရိုက်က အရင်အတိုင်းပါပဲ။ ကျွန်တော့် စိတ်အခြေအနေကလည်း လုံးဝ တည်ငြိမ်ပါတယ်။"
"ဘော့စ်ဖေး ကျေးဇူးပြုပြီး နောက်တစ်ယောက် ရွေးလိုက်ပါလာား..." ဖေးချမ့်က ရှောင်းလုကိုကြည့်က မျက်လုံးများ ဝိုင်းစက်သွားသည်။
ဟုတ်ပြီ စိန်အရိုင်းတုံးတစ်ယောက်တွေ့ပြီ။
"မရွေးဘူး။ ငါမင်းကိုပဲရွေးမယ်။ ဒီလို အက်ကွဲကွဲ အသံမျိုးကိုပဲ လိုအပ်တာ။ မင်းကလွဲပြီး ဒီအသံကို ဘယ်သူမှ မလုပ်နိုင်ဘူး။"
ဖေးချမ့်က အလွန်စိတ်အားထက်သန်နေပါသည်။ "ငါ မင်းကို နောက်ခံအသံသွင်းခ ဘယ်လောက်ပဲဖြစ်ဖြစ် ပေးမယ်။ ဒီကိစ္စကို မင်းလက်ထဲ အပ်ထားလိုက်မယ်နော်။"
"ဒါပေမယ့် ဘော့စ်ဖေး ကျွန်တော်တို့မှာ အသံဖမ်းဖို့ အထူးကိရိယာတွေမရှိ..." ရှောင်းလုက ပိုပြီး စိတ်ဖိစီးလာပါသည်။
ဖေးချမ့်က လက်ပြလိုက်၏။ "အဲ့တာ စိတ်ပူစရာလား။ အသံသွင်းစတူဒီယိုတစ်ခုကို သွားငှားလိုက်ပေါ့။ အဲ့တာဆို ပြဿနာပြီးပြီ မဟုတ်ဘူးလား။ တစ်နာရီဘယ်လောက်ရှိလို့လဲ။ အများဆုံး ယွမ် ၂၀၀ - ၃၀၀ လောက်ပဲ မဟုတ်လား။"
"တစ်နာရီကို ယွမ် ၃၀၀ လောက် သတ်မှတ်ထားလိုက်။ အဆင်ပြေတဲ့ စတူဒီယိုတစ်ခုကိုရှာပြီး ၃ ရက်လောက်ငှားလိုက်။ သုံးရက်ဆို ၇၂ နာရီ။ အဲ့တာဆို ၂၀,၀၀၀ ယွမ် ကုန်ကျလိမ့်မယ်။ ဒါတွေ စလုပ်တဲ့အခါ နောက်ခံစကားပြော ဆရာက နောက်ခံစကားပြောတဲ့နေရာမှာ ဝင်ကူဖို့ မလိုဘူးနော်။ သူက မင်းဘေးမှာရပ်ပြီး မင်းကို ပရော်ဖက်ရှင်နယ် အကြံဉာဏ်တွေပေးရမှာ။"
"၃ ရက်နဲ့ မလောက်ရင် ထပ်ငှားလိုက်။ မင်းနှုန်းအတိုင်းပဲ အသံသွင်းပြီး ပင်ပန်းတဲ့အခါ နားလိုက်။ မင်းနားပြီးရင် ဆက်လုပ်ချင်တဲ့အချိန်တိုင်းလုပ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် အရည်အသွေးကိုလည်း ကောင်းမွန်စေပြီး မင်းကိုယ်မင်းလည်း ဂရုစိုက်တာမျိုးပဲ လိုချင်တယ်။"
"ဟုတ်ပြီ ဒီတိုင်းလုပ်ကြမယ်။ လက်ထောက်ရှင်းကို ဒီကိစ္စ သွားရှင်းခိုင်းလိုက်။"
ဖေးချမ့်က 'ပြောလို့ပြီးပြီ' ဟူသော မျက်နှာမျိုး လုပ်ပြလိုက်သည်။
လုမင်းလျန်က ဆံပင်ဖွာရင်း ဘာပြောရမှန်း မသိတော့ပါ။ ဘော့စ်ဖေး၏ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်လို့ပဲ ပြောရမလား။ ဘော့စ်ဖေး ဒီကိစ္စကို အတည်ပေါက် စိတ်မဝင်စားဘူးလို့ပဲ အပြစ်ပြောရမလား။
သို့သော်လည်း ဘော့စ်ဖေး၏ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို မြင်ပြီးသောအခါ လုမင်းလျန်ဘာမှ မပြောရဲတော့ဘဲ ခေါင်းငြိမ့်ကာ ခိုင်းတဲ့အတိုင်းသာ လုပ်နိုင်တော့သည်။
ပြီးသွားပြီ ဒီဂိမ်းအတွက် အများကြီး စိတ်ပူစရာ မရှိတော့ဘူး။
အစကတော့ ဗီဒီယိုအတိုလေးများကိစ္စကြောင့် ဖေးချမ့်၏ အစီအစဥ်များ လမ်းချော်တော့မည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း အခုတော့ သူ့ထိန်းချုပ်မှုအောက်ထဲ ပြန်ရောက်လာပြီဟု ခံစားလိုက်ရပါသည်။
ဂိမ်းဒီဇိုင်နာနဲ့ ယွီအင်တာနက်ကဖေးတို့က အရှုံးပေါ်မည့် ပရော်ဂျက်များအဖြစ် အတော်လေး အဆင်ပြေနေကြပါသည်။
ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ကတော့ စဦးပိုင်း ရေပန်းစားသော်လည်း ဒါရိုက်တာကျူးကို စပွန်ဆာ ပါတနာများ လက်မခံဖို့ တားမြစ်ခဲ့ပါသည်။
ကောင်းလိုက်တာ အမှန်ပင် ဖေးချမ့် သတိမဲ့လို့တော့မဖြစ်သေးပါ။
သူ သက်ပြင်းချလိုက်မိသည်။ ဘာလို့ သူ့ဝန်ထမ်းတွေအားလုံးက သူ့ကို အရမ်းစိတ်ပူအောင် လုပ်ရတာလဲ။ ဘာလို့ ပါရမီရှင်တွေ အရမ်းများနေတာလဲ။ သူတို့ကို အလုပ်ခန့်ခဲ့စဥ်က ထိုပါရမီနဲ့ ကောင်းချီးများကို မတွေ့ခဲ့ရပါ။
ကံကောင်းစွာဖြင့် သူ့ညီအစ်ကိုတွေ ရှိနေပါသေးသည်။
မာယန်က အားကိုးရပြီး ဘာအထူးစွမ်းရည်မှရှိသည့်ပုံမပေါ်ပါ။ မာယန်အကြောင်းပြောခါမှ ယွီအင်တာနက်ကဖေးဆိုင်ကလည်း ပရိဘောဂများ စတင်စီစဥ်နေပါပြီ။
မူရင်းပိုင်ရှင်က သေချာ ပြန်လည်ပြင်ဆင်ပေးသွားသဖြင့် အင်တာနက်ကဖေးဆိုင်အဖြစ် ပြောင်းလဲဖို့က Concept နဲ့ တည်ဆောက်ပုံကိုသာ ပြောင်းလဲလိုက်ဖို့လိုပါသည်။ ဒါသိပ်မကြာနိုင်ဘဲ လဝက်ဝန်းကျင်အတွင်း ပြီးနိုင်ပါသည်။
ခန့်မှန်း ပြီးမြောက်ချိန်က မတ်လ ၇ ရက် ၈ ရက်လောက်ဖြစ်သည်။
မာယန်က စောင့်ကြည့်ပေးထားသဖြင့် ဖေးချမ့် စိတ်အေးနေပါသည်။
ပြင်ဆင်မွမ်းမံမှုများပြီးနောက် သွားကြည့်ဖို့ စီစဥ်ထားပါသည်။ မာယန်နဲ့ ကျန်းယွမ်တို့ ဘာမှ မဟုတ်တာမလုပ်ပါက အင်တာနက်ကဖေးဆိုင်မှာ သံသယဖြစ်စရာမရှိဘဲ သေချာပေါက် အရှုံးပေါ်ပါလိမ့်မည်။