← Chapters

အခန်း(၉၉) ဘာမှမပင်ပန်းဘူး ကူညီရတာ ဝမ်းသာပါတယ်

Vol. 7 Ch. 99

အခန်း(၉၉) ဘာမှမပင်ပန်းဘူး ကူညီရတာ ဝမ်းသာပါတယ်

Vol. 7 Ch. 99

အခန်း(၉၉) ဘာမှမပင်ပန်းဘူး ကူညီရတာ ဝမ်းသာပါတယ်

ပေါင်ရှုက ဖေးချမ့်၏  ရုံးခန်းကို လှမ်းကြည့်လိုက်သည်။ "ဘော့ဖေး ရှိလား။"

"မရှိဘူး။ သူ ရုံးမလာတာ နှစ်ရက်လောက်ရှိပြီ။" လုမင်လျန်က ပြန်ဖြေလိုက်ပါသည်။

လုမင်လျန်လည်း ဂိမ်းအတွက် နောက်ခံစကားပြော ထည့်သွင်းခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

၂၅ ရက်နေ့တွင် အသံစသွင်းခဲ့ပြီးနောက် ပြတ်တောင်းပြတ်တောင်းဖြင့် ဆက်လုပ်ခဲ့ပြီး မတ်လ ၁ရက်နေ့တွင် ပြီးဆုံးသွားခဲ့သည်။ သူက အရမ်းကြီး မကျွမ်းကျင်သော်လည်း တာဝန်ကို အချိန်မှီ အောင်မြင်နိုင်ခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် လုမင်လျန်က ပရော်ဖက်ရှင်နယ် အသံသရုပ်ဆောင် မဟုတ်ပါ။ သူ့ဘေးမှာ အသံသရုပ်ဆောင်နည်းပြတစ်ယောက် ရှိနေရင်တောင် အဆုံးသတ် ရလဒ်ကို စိတ်ကျေနပ်ဖို့အတွက် အကြိမ်ပေါင်းများစွာ ပြန်လည်ကြိုးစားရမည်။

ယခု နောက်ခံအသံသွင်းခြင်းများ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် နောက်ဆုံးတော့ ဂိမ်းထုတ်လုပ်ရေးကို အာရုံစိုက်နိုင်ခဲ့ပါပြီ။

"ညီအစ်ကိုပေါင် ဂိမ်းအသစ်အတွက် သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို မင်းဆီပို့ထားပေးတယ်။ ပြောင်းလဲဖို့လိုလားဆိုတာ ကြည့်ပေးပါလား။"

လုမင်လျန်က ပေါင်ရှုကို အလွန်လေးစားပါသည်။

ဘာပဲဖြစ်ဖြစ် ပေါင်ရှုက သမုဒ္ဒရာရဲတိုက်၏ ဆရာတစ်ဆူ ဖြစ်သည်။ ဘော့စ်ဖေး၏ ရည်ရွယ်ချက်များကို စဥ်းစားရာတွင် ပေါင်ရှုကို ဘယ်သူမှ မယှဥ်နိုင်ပါ။ ပေါင်ရှုက စာရွက်စာတမ်းများကို ဖွင့်ပြီး ဖတ်ကြည့်လိုက်သည်။ "အားလုံးကို ဘော့စ်ဖေး ဆုံးဖြတ်ပြီးသားပဲ။  ငါထပ်မကြည့်သင့်တော့ဘူး။ ကြည့်ရင်တောင် နားလည်နိုင်မှာ မဟုတ်ဘူး။"

ဂိမ်းဒီဇိုင်းများကို ကျပန်းပြောင်းလဲခြင်းက ဂိမ်းလောကတွင် တားမြစ်ထားသောအရာဖြစ်သည်၊။

အားလုံးက ကိုယ်ပိုင်အိုင်ဒီယာများ ရှိကြ၏။ မှန်တာ မှားတာ မရှိပါ။ ဂိမ်းကောင်းတစ်ခုကို ဖန်တီးနိုင်ဖို့ အဓိက သော့ချက်က ရှုပ်ထွေးမသွားအောင် လူတစ်ယောက်၏ ဆုံးဖြတ်ချက်ကိုသာ လိုက်နာဖို့ ဖြစ်ပါသည်။

ပရောဂျက်ကို ဘော့စ်ဖေးကိုယ်တိုင် တာဝန်ယူထားသဖြင့် ဘာမှ မမှားယွင်းနိုင်ဘူးဟု ပေါင်ရှုထင်ပါသည်။ သူလုပ်သင့်သည့် တစ်ခုတည်းသောအရာက အနီးကပ် စောင့်ကြည့်ပြီး သင်ယူဖို့ ဖြစ်ပါသည်။ အသေးစိတ်များကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါ။

ဖေးချမ့်စီစဥ်ထားသည့်အတိုင်းပဲ လိုက်နာခဲ့ပါသည်။ ဂိမ်းက ဖန်တီးသည့်အဆင့်ထဲ ရောက်နေပြီဖြစ်သဖြင့် ပေါင်ရှု ပြန်ရောက်လာသောအခါ ဝင်ပါနိုင်စရာ မရှိပါ။ ပေါင်ရှု အလုပ်မှာ ဘာမှလုပ်စရာမရှိသောအခါ ဂိမ်းများထဲတွင်သာ ကိုယ့်ကိုယ်ကို စိတ်နှစ်ထားခဲ့ပါသည်။

ထို့ကြောင့် ဂိမ်းသစ်၏ အောင်မြင်နိုင်ခြေက ပို၍ပင် လျော့နည်းသွားနိုင်သည်။ အားလုံး အစီအစဥ်အတိုင်းပင်။

...

သေချာပါသည်။ အားလုံးက ဖေးချမ့်၏ အစီအစဥ်အတိုင်းသာ။ ပေါင်ရှုက ဒီဇိုင်းမူကြမ်းကို လှန်ကြည့်ပြီး အလုပ်လုပ်နေသည့် လူအားလုံးကို ကြည့်လိုက်သည်။ ဂိမ်းအသစ် ဖန်တီးရာတွင် သူ့အကူအညီအား မလိုလောက်ဘူးဟု ခံစားမိသည်။ ထို့ကြောင့် ကွန်ပျူတာကိုဖွင့်ပြီး သမုဒ္ဒရာရဲတိုက်ကိုသာ ကစားနေပါသည်။

ပေါင်ရှုသည် ဂိမ်းများနဲ့ တစ်လတာ ဝေးကွာခဲ့ပြီးနောက် မွမ်းကျပ်နေပါပြီ။

မရှိမှ တန်ဖိုးထားတတ်သည်ဟူသော စကားပုံအတိုင်းပင်။  ဒီကုမ္ပဏီက နတ်ပြည်ဟု ပေါင်ရှုခံစားမိပြီး တခြား ဘယ်ကိုမှ မသွားချင်တော့ပါ။ သူ ကစားနေတုန်း တစ်ခုခု လွဲနေတာကို သတိထားမိသွားပါသည်။

ဂိမ်း၏ လက်တိကျမှုက သိပ်ပြီး မကောင်းတော့သလိုပင်။

လွန်ခဲ့သော တစ်လလောက်ကမှ သမုဒ္ဒရာရဲတိုက်၏ လက်တိကျမှုက ပြီးပြည့်စုံသည်ဟု ပေါင်ရှုထင်ခဲ့သည်။ သို့သော်လည်း တစ်လကြာပြီး ပြန်ကစားသောအခါ  ခံစားချက်အသစ်တစ်ခုကို ခံစားနေရပါသည်။

"ငါဘာမှလုပ်စရာမရှိသေးဘူးဆိုတော့ တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ကို Upgrade တချို့ တင်မှပဲ။"

...

ပေါင်ရှုက အနားရှိ မှတ်စုစာအုပ်တစ်အုပ်ကို ယူလိုက်သည်။ သူကစားရင်း ဆောင်ရွက်သင့်သည့် ပြောင်းလဲမှုများကို ရေးမှတ်ထားလိုက်ပါသည်။ တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ကို ထုတ်လုပ်ပြီးနောက် တစ်ခါမှ အပ်ဒိတ် မတင်ရသေးပါ။ ကစားသမားတွေက ဘာကြောင့် မဝေဖန်ကြတာလဲ။

အမှန်ပင်။ ဝေဖန်မှုတော့ ရှိပါသည်။

သို့သော်လည်း ဖေးချမ့်က ထိုဝေဖန်မှုများကို လက်မခံဘဲ မမြင်ချင်ယောင်ဆောင်ခဲ့ပါသည်။ တစ္ဆေစစ်သူကြီးထွက်ခဲ့တာ လေးလကြာမြင့်ပြီဖြစ်ပြီး  သမုဒ္ဒရာရဲတိုက်ထွက်ခဲ့တာ တစ်လကြာပြီဖြစ်သည်။ မကြာခဏ အပ်ဒိတ်တင်တတ်သည့် ဂိမ်းထုတ်လုပ်သူများအတွက် လတိုင်းဗားရှင်းအသစ်တစ်ခုကို ထုတ်လုပ်ခြင်းက ပုံမှန်ပဲ ဖြစ်ပါသည်။

အပ်ဒိတ် သိပ်မတင်တတ်သည့် ဂိမ်းထုတ်လုပ်သူများအတွက်တောင် သုံးလတစ်ခါ အပ်ဒိတ်တင်လျှင် လုံလောက်ပါပြီ။ သို့သော်လည်း ဒီလိုဂိမ်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပါ။ ဂိမ်းက ဝင်ငွေကောင်းပြီး ရေပန်းစားနေသေးတာ သိသာပါသည်။ သို့သော် လေးလအတွင်း အပ်ဒိတ် တစ်ခါမှ မရှိခဲ့ပါ။

ဖေးချမ့်က ဂိမ်းဗားရှင်းအသစ်များ မတင်ချင်ပါ။ ဒီဂိမ်းနှစ်ခုက ရေပန်းစားလွန်းနေသည်။ တစ္ဆေစစ်သူကြီးရဲ့ ရာသက်ပန်ကတ်အရောင်းနှုန်းနဲ့ သမုဒ္ဒရာရဲတိုက်၏ ဆန်းကြယ်လက်နက် အနီရောင်ချီလင်ရဲ့ ရောင်းချမှုနှုန်းမှတ်တမ်းတွေကိုပဲ ကြည့်ပါဦး..

စနစ်၏ လိုအပ်ချက်အရဆို အပ်ဒိတ်တင်လိုက်တိုင်း ဝယ်ယူနိုင်သည့် ပစ္စည်းတစ်ခု ထပ်ပြီး ထည့်သွင်းရမည်။ အကျိုးကျေးဇူးမသတ်မှတ်ဘဲ အပ်ဒိတ် တင်ဖို့ ပိုက်ဆံဖြုန်းလို့မရပါ။ ဖေးချမ့်က သူ့အမြင်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ကစားသမားများက ပစ္စည်းအသစ်များကို အလွန်ဝယ်ယူလိုစိတ်ပြင်းပြလိမ့်မည်ဟု ခံစားမိပါသည်။

ထို့ကြောင့် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ဂိမ်းသစ်တစ်ခုထပ်ထုတ်ဖို့သာ စိတ်ကိုနှစ်ထားခဲ့ပါသည်။

ဂိမ်းကို အပ်ဒိတ် မတင်ပါက ရေပန်းစားမှုလျော့ကျသွားလိမ့်မည်။

R&D အဖွဲ့၏ မန်ဘာများက ဂိမ်းဒီဇိုင်နာအတွက် ခွေးလိုဝက်လို အလုပ်လုပ်နေကြသည်။ ထို့ကြောင့် ပုံမှန်လည်ပတ်နေသည့် တခြား ဂိမ်းနှစ်ခုကို အာရုံစိုက်ဖို့ အချိန်မရှိကြပါ။

သို့သော်လည်း...

ပေါင်ရှုကတော့ အများကြီး အချိန်ရနေပါသည်။ ဂိမ်းအသစ် ထုတ်လုပ်မှုထဲ မပါဝင်နိုင်သဖြင့် ဂိမ်းဟောင်းများကို ပြောင်းလဲဖို့ အကောင်းဆုံး ကြိုးစားနိုင်သည်။ ပေါင်ရှုက သမုဒ္ဒရာရဲတိုက်၏ လက်တိကျမှုကို ဂရုတစိုက် ချိန်ညှိခဲ့ပါသည်။

ထို့နောက် တစ္ဆေစစ်သူကြီးကို ဖွင့်လိုက်၏။ တစ္ဆေစစ်သူကြီးက သမုဒ္ဒရာရဲတိုက်ထက်ပင် ပြဿနာ ပိုများသေးသည်။ သမုဒ္ဒရာရဲတိုက်က ဟွမ်းစစ်ပေါ်နှင့် ဒီဇိုင်နာတချို့ ဖန်တီးထားခြင်း ဖြစ်သညသ်။ အလွန်များပြားသော စမ်းသပ်ချက်များ ပြုလုပ်ခဲ့ကြသောကြောင့် ၎င်း၏ ဒီဇိုင်းပိုင်းက ပိုပြီး ရင့်ကျက်မှု ရှိပါသည်။

တစ်ဖက်မှာတော့ တစ္ဆေစစ်သူကြီးကို ထုတ်လုပ်ခဲ့စဥ်က ဖေးချမ့်မှာ ရှိနေပြီးသား ဂိမ်းမော်ဒယ်တစ်ခုကို လုံးဝ ပုံတူကူးယူခဲ့ခြင်း ဖြစ်သည်။

ဂိမ်းထဲက စာသားအားလုံးက အလွန်အသေးစိတ်ကျပါသည်။ အားလုံးကို မာယန်က စိတ်အားထက်သန်စွာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

သို့သော်လည်း တိုက်ခိုက်မှုစနစ်နဲ့ တချို့အခြေခံလုပ်ဆောင်မှုများတွင် အသေးအဖွဲ မပြည့်စုံမှုများ ရှိနေပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်ဝယ်ခဲ့သည့် မော်ဒယ်က မအောင်မြင်သည့် မော်ဒယ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ Bug အများကြီး မရှိိနုင်သော်လည်း ထပ်ပြီး အဆင့်မြှင့်တင်နိုင်ပါသေးသည်။

အမှန်ပင်။ ထိုမပြည့်စုံမှုများက ဂိမ်း၏ ရေပန်းစားမှုကို အများကြီး မထိခိုက်စေပါ။

ဒါက မိုဘိုင်းဂိမ်းတစ်ခုသာ ဖြစ်သည်။ ကစားသမားများက ဂိမ်းကို အများကြီး မျှော်လင့်မထားပါ။ ဂိမ်းကို အဆင်ပြေပြေ ကစားနိုင်ပြီး ကစားသမားများအတွက်လည်း ဒီလောက်ဆို အဆင်ပြေပါပြီ။

ဂိမ်းကို ခဏလောက် ကစားကြည့်ပြီးသွားသောအခါ ပေါင်ရှုသည် သူပြုပြင်နိုင်သည့် ပြဿနာ အသေးအဖွဲလေးများကို သတိထားမိသွားပါသည်။

သူလည်း အခွင့်အရေးရတုန်း ပြောင်းလဲပေးရမည်။

သိပ်မကြာခင် ပေါင်ရှု၏ မှတ်စုစာအုပ်ထဲ ဘယ်နေရာပြင်ရမလဲဟူသော မှတ်စုများဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

သူက ဂိမ်းအတွက် အကြောင်းအရာအသစ်များ ထည့်သွင်းနေတာ မဟုတ်ပေ။ ထို့ကြောင့် သူလုပ်ခဲ့တာက  ဂိမ်း၏ ဗားရှင်းအသစ်အား ထုတ်လုပ်နေသည်ဟု ပြောလို့ မရပါ။ သူက ဂိမ်း၏ တချို့အစိတ်အပိုင်းများကို ပြောင်းလဲပြီး Upgrade တင်နေရုံသာဖြစ်ပါသည်။

ပေါင်ရှုက သူ့မှတ်စုစာအုပ်ကို ကြည့်လိုက်သည်။

"ဟုတ်ပြီ။ ဒါတွေကို သုံးလေးရက်အတွင်း ပြီးအောင် လုပ်နိုင်မှာပါ။"

"ဘာမှ မပင်ပန်းဘူး။ ကူညီရတာပဲ ဝမ်းသာပါတယ်။"

သုံးရက်ကြာပြီးနောက်...

တစ္ဆေစစ်သူကြီး၏ ထဲပါးတွင်...

တခြားရေပန်းစားနေသည့် မိုဘိုင်းဂိမ်းများနဲ့ယှဥ်လျှင် ဖိုရမ်၏ အပြင်အဆင်က အနည်းငယ် ရှုပ်ထွေးနေသလိုပင်။ အဘယ့်ကြောင့်ဆိုသော် ထိုဂိမ်းကုမ္ပဏီက ဒီဖိုရမ်ကို မစီမံထားသောကြောင့် ဖြစ်ပါသည်။

သုံးပြည်ထောင်ဂိမ်းကဲ့သို့ ဂိမ်းများအတွက် ကုမ္ပဏီက ထဲပါးနဲ့ ပူးပေါင်းပြီး ဖိုရမ်မန်နေဂျာတစ်ယောက်နှင့် ဖိုရမ်မန်နေဂျာလက်ထောက်များစွာကို ခန့်အပ်လိမ့်မည်။ ဖိုရမ်ပေါ်တွင် ပုံမှန် ပို့စ်တင်သည့် ဝန်ထမ်းများလည်း ရှိပါလိမ့်မည်။

သို့သော်လည်း ထိုကဲ့သို့အရာမျိုး တစ္ဆေစစ်သူကြီးမှာ ရှိမနေပါ။

ဖိုရမ်ကို လုံးဝ မစီမံထားကြပေ။ တချို့လူတွေက ဖိုရမ်မန်နေဂျာရာထူးအတွက် လျှောက်ထားကြသည်။ သို့သော်လည်း သူတို့က သိပ်ပြီး တက်ကြွမှု မရှိဘဲ စည်းကမ်းဖောက်ဖျက်သည့် ပို့စ်များနှင့် ကြော်ငြာများကို မြင်ကာမှ ဖျက်ပေးရုံရှိပါသည်။

သို့သော်လည်း ဖိုရမ်ထဲတွင် မန်ဘာများစွာရှိသောကြောင့် အလွန်စည်ကားပါသည်။

လွန်ခဲ့သော တစ်လ နှစ်လတုန်းက တစ္ဆေစစ်သူကြီး၏ ထဲပါးပေါ်တွင် ဂိမ်းကို အပြစ်ဆိုထားသည့် ပို့စ်များစွာ ရှိပါသည်။ ဝေဖန်မှုများက မကြာသေးခင်က အများကြီး တိုးလာခဲ့၏။

"ဂိမ်းက ဗားရှင်းအသစ် အပ်ဒိတ် မတင်တော့ဘူးလား။"

"ငါ ဂိမ်းကို အောင်တာ တော်တော်ကြာခဲ့ပြီ။ ရှားပါးကတ်တွေ အကုန်လုံးလည်း ရထားပြီးပြီ။ ဂိမ်းထဲမှာ တခြား ဘယ်လိုကစားလို့ရဦးမလဲ ပြောပြပေးကြပါလား။"

"သုံးပြည်ထောင်ကတ်ဂိမ်းကို မနာလိုလိုက်တာကွာ။ သူတို့က နှစ်လ တစ်ခါ အပ်ဒိတ် ရကြတယ်။ ပြီးတော့လည်း အဲ့ဒီအပ်ဒိတ်တွေက အလယ်အဆင့်နဲ့ နောက်ပိုင်းအဆင့်တွေ ရောက်နေတဲ့ ကစားသမားတွေအတွက်ပဲ။"

"စိတ်ပျက်ဖို့ကောင်းလိုက်တာကွာ။ တခြားဂိမ်းတွေမှာ ရေရှည်ပန်းတိုင်တွေနဲ့ ဝယ်လို့ရတဲ့ ပစ္စည်းတွေလည်း ရှိတယ်။ ဒီဂိမ်းကတော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ ဂိမ်းထဲမှာ ပိုက်ဆံသုံးချင်ရင်တောင် သုံးလို့ မရဘူး။ ငါဘာလုပ်ရမလဲ။ ဂိမ်းထဲမှာ ဘာမှလုပ်စရာ မကျန်တော့ဘူး။"

"ဒီလောက်ထိ စိတ်ပျက်ဖို့ကောင်းတဲ့ကုမ္ပဏီကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ။ တစ္ဆေစစ်သူကြီးက ထိပ်တန်းဂိမ်းတွေထဲက တစ်ခု ဖြစ်နေပြီး ဝင်ငွေလည်း အတော် ကောင်းနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ထုတ်လုပ်သူတွေက အပ်ဒိတ် မထုတ်ကြတာာလဲ။"

"ဂိမ်းမုဒ်အသစ်တွေကို တောင်းဆိုနေတာတောင် မဟုတ်ဘူး။ စစ်သည်တော်အသစ်တစ်ယောက် ဒါမှမဟုတ် ဝယ်လို့ရတဲ့ ပစ္စည်းအသစ်တစ်ခုခု ထုတ်ရင်တောင် ကျေနပ်ပြီ။"

တစ္ဆေစစ်သူကြီးကို မကစားရတာကြာပြီဖြစ်သော ကစားသမားများက ထဲပါးသို့ ရောက်လာသောအခါ စိတ်ပျက်သွားကြပါသည်။

သူတို့ ထဲပါးများ မှားလာမိကြတာလား။

ဒါက မိုဘိုင်းဂိမ်းဖိုရမ်ကော ဟုတ်ရဲ့လား။

ဥပမာအားဖြင့် သုံးပြည်ထောင်ကတ်ဂိမ်း၏ ဖိုရမ်တွင် ဂိမ်းထုတ်လုပ်သူများ၊ ဂိမ်းဒီဇိုင်နာများ၊  အစီအစဥ်ဆွဲသူများကို ဝေဖန်သည့် ပို့စ်များ ရှိနေတတ်ကြသည်။

လှုပ်ရှားမှုများက ကစားသမားများကို ငွေလိမ်သွားသည်။ အကြောင်းအရာအသစ်က စိတ်ဝင်စားဖို့ မကောင်းပါ။ ထိုကဲ့သို့ ပို့စ်မျိုးကို တစ်ရက်လောက်မတွေ့ရရင်တောင် ထဲပါး ပျက်သွားတာလားဟု သံသယဖြစ်လိမ့်မည်။ သို့သော်လည်း တစ္ဆေစစ်သူကြီး၏ ဖိုရမ်ထဲမှာတော့ အားလုံးးခြားနားနေပါသည်။

ကစားသမားများက တစ္ဆေစစ်သူကြီးအား ပစ္စည်းအသစ် ထပ်ထုတ်ဖို့ မျှော်လင့်စောင့်စားနေကြသည်။ တချို့ကစားသမားများက ပစ္စည်း အသစ် ဘာဖြစ်နိုင်မလဲဆိုတာကိုပင် အလေးအနက် တိုင်ပင်ဆွေးနွေးနေကြသည်။ တချို့က စစ်သည်တော် ပက်ကေ့ချ်အသစ်တစ်ခု ထပ်ထုတ်ဖို့ပင် အကြံပေးနေကြသည်။

တခြား အကြံပေးချက်များလည်း ရှိသေး၏။ တချို့က ငွေဖြည့်သွင်းသည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေးဖို့ အကြံပေးကြသည်။ ဥပမာအားဖြင့် ကစားသမားများ ဂိမ်းထဲတွင် ငွေဖြည့်သွင်းသည့်အခါ အထူးရင်းမြစ်များဖြင့် ဆုချီးမြင့်မှုကို ခံရမည်။ အနည်းဆုံးဆုက တစ်ယွမ်နှင့် အများဆုံးဆု ပမာဏများက ယွမ်ငါးဆယ်တို့ အသီးသီး ဖြစ်နိုင်ပါသည်။

သို့သော်လည်း ကစားသမားများ ဂိမ်းထုတ်လုပ်သူများကို ဂိမ်းထဲတွင် ပစ္စည်းများ ထပ်ထည့်ဖို့ တောင်းဆိုနေကြသော်လည်း ထုတ်လုပ်သူများက ထိုတောင်းဆိုချက်များကို လုံးဝ လျစ်လျုူရှုထားပါသည်။ ဒီလိုဖြစ်ရပ်မျိုး တစ္ဆေစစ်သူကြီးမှာသာ ဖြစ်နိုင်သည်။

တကယ့် ရှားပါးမြင်ကွင်းပဲ ဖြစ်ပါသည်။

All Chapters