← Chapters

အခန်း(၁၀၂) ဇာတ်နိမ့်ဖွင့်ပွဲ

Vol. 7 Ch. 102

အခန်း(၁၀၂) ဇာတ်နိမ့်ဖွင့်ပွဲ

Vol. 7 Ch. 102

အခန်း(၁၀၂) ဇာတ်နိမ့်ဖွင့်ပွဲ

မာယန်က ခေါင်းကုတ်လိုက်သည်။ "လေကောင်းလေသန့် စနစ်ဟုတ်လား။ အဲ့တာ ဘာလဲ။"

"ချမ့်သုမှာရှာကြည့်လိုက်" ဖေးချမ့်က ထိုအရာများကို ရှင်းပြဖို့ အချိန်မရှိပါ။ ကွန်ပျူတာကို ဖွင့်လိုက်ပြီး သမုဒ္ဒရာရဲတိုက်ကို ဒေါင်းလုတ်ဆွဲလိုက်ပါသည်။

လေကောင်းလေသန့်စနစ်များကို အစောပိုင်းကာလကတည်းက တီထွင်ထားပြီးသား ဖြစ်သည်။ ၂,၀၀၀ ခုနှစ်ဝန်းကျင်တွင် ဥရောပ၌ ထိုလုပ်ငန်းအတွက် အသေးစိတ်များ ရှိပြီးသား ဖြစ်သည်။ ထိုစနစ်များကို အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများတွင်ပါ တပ်ဆင်လာကြသည်။ ထို့နောက်တွင်တော့ အမြောက်အများ သုံးစွဲလာခဲ့ကြပါသည်။

တရုတ်ပြည်တွင် လေကောင်းလေသန့်စနစ်များနှင့် လေသန့်စက်များမှာ 'လေသန့်စင်မှု' ပြဿနာဖြစ်ပြီးမှ ရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။ ၂,၀၁၄ ခုနှစ်တွင် ထိုကိစ္စများအကြောင်း လူတွေ စတင်နားလည်လာကြခြင်း ဖြစ်ပါသည်။

ထိုအချိန်တွင် လေကောင်းလေသန့်စနစ်များကို နိုင်ငံခြားကသာ အများစု ပြုလုပ်ကြသည်။ အလွန်အမင်း စျေးကြီးသည်။

သို့သော်လည်း ဖေးချမ့်အတွက်တော့ စျေးကြီးတာ ပြဿနာ မဟုတ်ပါ။ တကယ်တော့ ပိုတောင်ကောင်းပါသည်။

ဒေါင်းလုတ်ဆွဲပြီးနောက်...

တကယ်ပဲ အဆင့်မြင့် ကွန်ပျူတာတစ်လုံး ဖြစ်ပါသည်။ ဂိမ်းကစားခြင်း ရသကလည်း အလွန်ကောင်းမွန်ပါသည်။

သူ ဂိမ်းထဲဝင်လိုက်တော့ အလိုအလျောက် ဆက်တင်ကို အမြင့်ဆုံး ထားလိုက်သည်။ ဒါက ဂိမ်း၏ ထိပ်တန်းအဆင့် ရသအပြည့်အဝကို ခံစားရစေပါသည်။ ဒီကွန်ပျူတာတွင် ကောင်းမွန်သော အချက်များစွာရှိပြီး အားနည်းချက် မရှိပါ။

သူ ဂိမ်းရှုံးသွားပါက ကွန်ပျူတာကို အပြစ်တင်လို့ မရတော့ပေ။

မောက်စ်များ မငြိမ်ကြောင်း၊ ကီးဘုတ်ခလုတ်များ အလုပ်မလုပ်ကြောင်း၊ ကွန်ပျူတာ ထစ်နေကြောင်း၊ မော်နီတာ ပျက်နေကြောင်း၊ နားကြပ်များ အလုပ်မလုပ်ကြောင်း ဘာမှ အပြစ်တင်လို့မရတော့ပါ။

အားလုံးက ကျိုးကြောင်းမဆီလျော်နိုင်တောာ့ပါ။

ကိုယ်တိုင်က ဂိမ်းကစားတာ မတော်သောအခါ ကွန်ပျူတာကို အပြစ်တင်နိုင်စရာအကြောင်း မရှိတော့ပေ။ သူတို့၏ အသုံးမကျသေ စကေးကိုသာ အပြစ်တင်နိုင်ပါလိမ့်မည်။ တချို့လူများအတွက် ဒါက အပြစ်အနာအဆာတစ်ခု ဖြစ်နိုင်သည်။

ဖေးချမ့်က PvP mode နှစ်ပွဲ ကစားခဲ့ပြီး ရှုံးသွားသည်။ ထို့နောက် ဇီဝဗေဒပညာရှင်မုဒ်ကို ကစားကြည့်သည်။ ရှုံးနိမ့်နေဆဲဖြစ်သည်။ ရွေးချယ်စရာမရှိတော့ဘဲ ဇာတ်ကြောင်းမုဒ်သာ ကစားနိုင်တော့သည်။

"တကယ်ပါပဲ။ ငါ့လို လူတော်တစ်ယောက်က တုန့်ပြန်နှုန်းအပေါ် မူတည်တဲ့ ဂိမ်းတွေကို ကစားလို့မရဘူးပဲ။ ဇာတ်ကြောင်းမုဒ်က ပျော်စရာ အကောင်းဆုံးပဲ။"

ဖေးချမ့် ဇာတ်ကြောင်းမုဒ်ကို ကစားနေတုန်း စိတ်လှုပ်ရှားသွားမိပါသည်။

ဒီဂိမ်းကို ငါဖန်တီးထားတာတဲ့လား။ ဟွမ်းစစ်ပေါ်နဲ့ ပေါင်ရှုတို့ ဘာတွေကြုံတွေ့ခဲ့ကြလဲမသိဘူး။

ဖေးချမ့် ဂိမ်းကစားနေစဥ် ကျန်းယွမ်က ရုတ်တရက်ကြီး သူ့ကို အယ်ကိုဟောတစ်ခွက် လာဧည့်ခံခဲ့သည်။

ဖန်ခွက်က မကြီးပါ။ သို့သော်လည်း အထဲက ယမကာကတော့ အလွန်တောက်ပနေပါသည်။ အောက်ပိုင်းတွင် အနီရောင်ရင့်ရင့်ဖြစ်ပြီး အပေါ်ပိုင်းမှာတော့ ပန်းသီးနီရောင်လေးရှိသည်။ အရောင်နှစ်ခုစလုံးက အလင်းပေါက်နိုင်၏။ ၎င်းတို့ ခွက်အလယ်တွင် ဆုံကြသောအခါ အရောင်နှစ်ခု ရောစပ်သွားတာကို မြင်နိုင်ပါသည်။ အတော်လေး မှင်သက်စရာဖြစ်သည်။

ပထမဆုံး သူခံစားလိုက်ရသည့်အရာက ဘယ်လောက်တောင် ဆန်းကြယ်လိုက်သလဲဆိုတာပင်။

တစ်ငုံလောက်သောက်ကြည့်ပြီးနောာက် အရသာကလည်း ထူးခြားကြောင်း သိလိုက်ရပါသည်။ ဖော်ပြဖို့ ခက်ခဲသည်။ သို့သော်လည်း အတော်လေး အမှတ်ရစရာ ဖြစ်ပါသည်။

"ဒီအရက်ကို ဘယ်လိုခေါ်တာာလဲ။" ဖေးချမ့်က မေးလိုက်သည်။

ကျန်းယွမ်က သူ့မေးခွန်းကို ပြန်ဖြေလိုက်ပါသည်။ "ဘော့စ်ဖေး ဒါက ‌အော်ရိုရာဂျန်ဂယ်ဂျူ့စ်တစ်မျိုးပါ။ သာမန် ‌အော်ရိုရာဂျန်ဂယ်ဂျူ့စ်က အမှောင်ထဲမှာပဲ တောက်ပတာ။ ဒီနည်းနည်းလေး ကွဲပြားတဲ့ ပါဝင်ပစ္စည်းကြောင့် အရောင်က သဘာဝပိုဆန်သွားစေတယ်။"

"ဘယ်ဆိုးလို့လဲ။ ဘယ်လောက်တန်လဲ။" ဖေးချမ် မေးလိုက်ပါသည်။

ကျန်းယွမ်က ပြန်ဖြေ၏။ "တစ်ခွက်ကို ယွမ် ၅၀ ပါ။"

ဖေးချမ့် စျေးကြီးလွန်းသည်ဟု ထင်သွားမှာကို စိုးရိမ်သောကြောင့်လားမသိ။ ကျန်းယွမ် အမြန် ထပ်ပြောလိုက်ပါသည်။"ဒီမှာ ဂရာ့ပါ ပါဝင်တယ်။ ဂရာ့ပါ၇၀၀ မီလီလီတာအတွက် ယွမ် ၄၀၀ တန်တယ်။ ဒီတစ်ခွက်တည်းနဲ့တင် ၃၀ မီလီလီတာ ပါတယ်။"

"ဂရာ့ပါကို အစားထိုးလို့ရတဲ့ စျေးပိုနည်းတဲ့ ဗားရှင်းလည်း ရှိပါတယ်။"

"သြော်" ဖေးချမ့်က ခေါင်းငြိမ့်ရင်း ပြန််တုန့်ပြန်လိုက်ပါသည်။ "ဒါဆို မီနူးမှာ စျေးအပေါဆုံး ကော့တေးက ဘယ်လောက်လဲ။"

ကျန်းယွမ်က ခေတ္တစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "စျေးအပေါဆုံးက ၂၅ ယွမ်ပါ။ ဘားမှာ သောက်စရာအများစုကလည်း အဲ့အတိုင်းပဲ သတ်မှတ်ထားတာပဲ။"

ဒါက ၂၀၁၀ ခုနှစ်ဖြစ်ပြီး စျေးမပေါလှပါ။

အယ်လ်ကိုဟော တစ်ခွက်ကုန်ကျစရိတ်က ကျောင်းသားများစွာ၏ နှစ်နပ်စာ နဲ့ကိုက်ညီနေသည်။ ထို့အပြင် အင်တာနက်ကဖေးကိုလာမည့် ကတ်စတမ်မာအမျိုးအစားကလည်း ခြားနားနိုင်ပါသည်။

"ဘယ်လို သဘောရလဲ ဘော့စ်ဖေး၊ စျေးတွေက အဆင်ပြေရဲ့လား။ အရမ်းစျေးကြီးတယ်ထင်ရင် ကျွန်တော်တို့ လျော့လို့ရပါတယ်။"

လျော့မှာလား။ ဒါမှမဟုတ် တိုးမှာလား။

စျေးကို လျှော့လိုက်ပါက အယ်လ်ကိုဟောတစ်ခွက်စီ၏ အမြတ်ကို လျှော့ချပစ်နိုင်သည်။ သို့သော်လည်း ဒီဘားက သောက်စရာတွေက စျေးပေါသည်ဟု လူတွေကို သတင်းဖြန့်လိုက်ပါက ပြဿနာရှိနိုင်သည်။ လူတိုင်း ဒီမှာပဲ လာသောက်ကြပါက ပြဿနာတက်နိုင်ပါသည်။

အမြတ်နည်းပေမယ့် ရောင်းအားကောင်းအောင် လုပ်လိုက်တာနဲ့ မတူဘူးလား။

သူ စျေးကို လျှော့လို့မဖြစ်ပါ။

သောက်စရာများက စျေးနှုန်းကို နည်းသည်ဟု သတ်မှတ်လို့မရသော်လည်း စဥ်းစားပြီးနောာက် စျေးကိုထပ်တိုးနိုင်သေးသည်ဟု ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။

ဖေးချမ့် စိတ်ဆုံးဖြတ်ချက် ချလိုက်သည်။ "သောက်စရာတိုင်းရဲ့ စျေးကို ၁၀ ယွမ်စီ တိုးလိုက်။ ငါတို့ကတ်စတမ်မာတွေ အကုန်လုံးက အဆင့်မြင့်ကတ်စတမ်မာတွေပဲ။  ငါတို့သောက်စရာတွေကို စျေးနိမ့်နိမ့်ထားလိုက်ရင် သူတို့ကို အထင်သေးသလို ဖြစ်သွားလိမ့်မယ်။"

"ဟင်" ကျန်းယွမ် ကြက်သေ သေသွားပါသည်။

"ဒါဆို ဆုံးဖြတ်ပြီးပြီနော်။ ငါတို့ သောက်စရာတိုင်းကို ၁၀ ယွမ်စီ တိုးလိုက်မယ်။” ဖေးချမ့်က သူ့ကော့တေးကို ပျော်ရွှင်စွာ သောက်ရင်း ဂိမ်းပြန်ကစားနေလိုက်ပါသည်။

ကျန်းယွမ်ကလည်း မေးခွန်းထပ်မမေးတော့ပါ။ ထို့အစား ဟိုဘက်လှည့်ပြီး အလုပ်ပြန်လုပ်နေလိုက်ပါသည်။

ဖေးချမ့်က ခေတ္တထပ်ကစားပြီး ကျေနပ်သွားပါသည်။

ပတ်ဝန်းကျင်ကြောင့်မဟုတ်ဘဲ ကုန်ကျစရိတ်များကြောင့် ဖြစ်သည်။ သူ့တွက်ချက်မှုအရ ဒီဂိမ်းကို ၂ နာရီကြာ ကစားပြီး ကော့တေးတစ်ခွက်သောက်ခြင်းက စုစုပေါင်း ယွမ် ၈၀ ကုန်စေသည်။ ထိုပိုက်ဆံနဲ့ဆို သာမန်အင်တာနက်ကဖေးမှာ တစ်ပတ်လုံး နေနိုင်ပါသည်။

ချက်ချင်းဆိုသလို အဓိက ကတ်စတမ်မာများ ဒီအင်တာနက်ကဖေးမှ တခြား စျေးပေါသည့် အင်တာနက်ကဖေးများသို့ ပြောင်းလဲသွားကြလိမ့်မည်။

အမှန်ပင်။ ထိုအဆင့်မြင့် အင်တာနက်ကဖေးများက ၂၀၁၆ - ၁၇ ခုနှစ်များတွင် ရေပန်းစားလာမည်ကို ဖေးချမ့် သိနေပါသည်။ သို့သော်လည်း အရေးမကြီးပါ။ လောလောဆယ် ရေပန်းစားတာ မဟုတ်သရွေ့ အဆင်ပြေသည်။ ထို့အပြင် ၂၀၁၆ - ၁၇ ခုနှစ်များတွင် အင်တာနက်ကဖေးများ၌ တစ်ခွက်ကို ယွမ် ၆၀တန်သည့် ကော့တေးများ ရှိမှာ မဟုတ်ပါ။

သူ အရှုံးပေါ်အောင် လုပ်ရမည်။ နောက်ထပ် ၄ နှစ် ၅ နှစ်လောာက်အထိ အရှုံးပေါ်နေရမည်။

ကောင်းလိုက်တာ…

ဖေးချမ့်က မတ်တပ်ရပ်လိုက်ပြီး ပြန်ဖို့ ပြင်ဆင်လိုက်ပါသည်။

ထိုအချိန်တွင် မာယန်က လမ်းလျှောက်လာပြီး သူ့ကိုမေးလိုက်သည်။ "ယောက်ဖချမ့် မနက်ဖြန်သန်ဘက်ခါကျရင် ဖွင့်ဖို့စီစဥ်ထားတယ်။ ငါတို့ ဖွင့်ပွဲအခမ်းအနားတွေ အထူးအစီအစဥ်တွေကို ဘယ်လိုဆောင်ရွက်သင့်တယ် ထင်လဲ။ ငါကတော့ ဂိမ်းတွေ၊ သောက်စရာတွေရဲ့ စျေးကို ပထမ ၃ ရက်မှာ တစ်ဝက်လျှော့ပေးဖို့ စီစဥ်ထားတယ်။ အဲ့လောက်ဆို ဒစ်စကောင့်လုံလောက်မယ်ထင်လား"

ဂိမ်းစျေးကို ပထမ သုံးရက်မှာ တစ်ဝက်လျှော့ပေးမယ်ဟုတ်လား။ သောက်စရာတွေစျေးကို တစ်ဝက်လျှော့ပေးမယ်ဟုတ်လား။ မဖြစ်ဘူး မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး>

ဒါဆို အချိန်တိုအတွင်း ၎င်းတို့ အဆမတန် ရေပန်းစားလာနိုင်သည်။ ဖေးချမ့်တစ်ယောက် ဒီလိုဖြစ်ခွင့် ပေးနိုင်ပါ့မလား။

ခေါင်းကိုပြင်းပြင်းထန်ထန်ခါလိုက်ပြီး ပြောလိုက်ပါသည်။ "မဟုတ်ဘူး။ ငါတို့က အဆင့်မြင့်ပြီး  ဆွဲဆောင်မှုရှိတဲ့ အင်တာနက်ကဖေးပဲ နားလည်လား။"

"ငါတို့ လုပ်ငန်းကို ပုံမှန်းအတိုင်းပဲ စဖွင့်မယ်။ အဲ့ဒီ အဆင့်နိမ့်လှည့်ကွက်တွေ မသုံးဘူး။ ဝိုင်ကောင်းကောင်းဆိုတာ ကြော်ငြာမလိုပါဘူး။ ဒီလို အဆင့်မြင့်မြင့် ပတ်ဝန်းကျင်နဲ့ ကတ်စတမ်မာတွေ စိတ်မဝင်စားမှာကို စိုးရိမ်နေတာလား။ ဘာလို့ ငါတို့စျေးကို လျှော့ပြီး ဖွင့်ပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ရမှာလဲ။။ ငါတို့ အင်တာနက်ကဖေးကို စျေးတစ်ခုနဲ့ တူအောင်လုပ်လို့ မဖြစ်ဘူးလေ။"

"ဟုတ်ပြီ။ ဒါဆိုလည်း ငါတို့မလုပ်တော့ပါဘူး.." မာယန်က ဘာကြောင့်လဲဆိုတာကို နားမလည်ပါ။ သို့သော် ဖေးချမ့်ပြောတာ နားထောာင်ပါက မမှားနိုင်ဘူးဆိုတာ သိပါသည်။

ဖေးချမ့်က ယွီအင်တာနက်ကဖေးထဲမှ ကျေနပ်စွာဖြင့် ထွက်လာခဲ့ပါသည်။ အင်တာနက် ကဖေးဖွင့်မည့်နေ့အတွက် သူအသင့်ဖြစ်နေပါပြီ။ ထိုနေ့မှာ အင်တာနက်ကဖေး ဘယ်လောက်တောင် လူသူကင်းမဲ့နေသလဲ မြင်ရလိမ့်မည်။ နောက်ဆုံးတော့ တကယ့်စိတ်သက်သာမှုကို ခံစားရပါလိမ့်မည်။

မတ်လ ၉ ရက်နေ့...

ယွီအင်တာနက်ကဖေး၏ ဆိုင်ဖွင့်ရက် ဖြစ်ပါသည်။

ဖွင့်ပွဲအထူးအစီအစဥ်မရှိ၊ ပန်းမရှိ၊ မီးရှူးမီးပန်းမရှိ၊ အလံများမရှိပါ။ ဘာဆိုဘာမှမရှိပါ။ အားလုံးကို သာမန်အတိုင်းပဲ ဆောင်ရွက်ထားပါသည်။

ဆိုင်မျက်နှာစာမှာ တရုတ်စကားလုံးများ မရှိပါ။ ဧရာမတံဆိပ်တစ်ခုသာ ရှိသည်။ အမှန်ပင် အဆင့်မြင့်သည့်ပုံပေါ်ပါသည်။ သို့သော်လည်း ဒီနေရာမှာ အင်တာနက်ကဖေး ဖွင့်ထားသည်ဆိုတာကို လူတွေသိအောင် အကူအညီမပေးပါ။

ကောင်းတာတစ်ချက်က ဒီနှစ်ထပ်အဆောက်အဦးတွင် ဖန်ချပ်များစွာ ရှိသည်။ နေ့ဘက်တွင် ဖန်ချပ်များမှတဆင့် လူတွေက ကော်ဖီနေရာနဲ့ ဂိမ်းနေရာများကို မြင်နိုင်ပါသည်။

ဒီလိုဆိုရင်တောင် အားလုံးက အလွန်ဇာတ်နိမ့်လွန်းလှသည်။

ကျန်းယွမ်က ကတ်စတမ်မာများ တချို့ဝင်လာမည့် အချိန်ကို ဘားကောင်တာမှာ စောင့်နေပါသည်။  ဒါမှ လှပသည့် သူ့ရဲ့ ဖျော်စပ်မှုစွမ်းရည်ကို ပြသနိုင်ပါလိမ့်မည်။ နေ့တစ်ဝက်လောက် စောင့်နေပြီးနောက် ဆိုင်ရှေ့က ဖြတ်သွားသည့် လူများကိုသာ မြင်နိုင်ပါသည်။ အများဆုံး သူတို့  ဆိုင်ထဲကို စိတ်ဝင်စားစွာဖြင့် ကြည့်သွားကြရုံသာရှိသည်။ သို့သော်လည်း တစ်ယောက်တစ်လေမှ ဝင်မလာပါ။

ဆိုင်ပြင်က လေအေးများက လူတွေကို အထဲဝင်လာဖို့ မတိုက်တွန်းနိုင်ပါ။

ဖေးချမ့်က ကော်ဖီဧရိယာတွင် ထိုင်နေကာ ကော်ဖီကို တစ်စိမ့်စိမ့်သောက်ရင်း ဗလာကျင်းဖြစ်နေသော အင်တာနက်ကဖေးကိုကြည့်ပြီး ပျော်ရွှင်နေပါသည်။ သူ့နှုတ်ခမ်းထောင့်များက ကွေးပြီး နက်နဲစွာ ပြုံးလိုက်သည်။ သို့သော်လည်း ဖုံးကွယ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါသည်။

မာယန်ကတော့ သူ့လို စိတ်မအေးနိုင်ပါ။ သူစိတ်လှုပ်ရှားလာတာ သိသာပါသည်။ "ယောက်ဖချမ့် အနည်းဆုံးတော့ သူတို့ အပြင်ထွက်ပြီး လက်ကမ်းစာစောင် ကမ်းသင့်တယ်မဟုတ်လား..."

'သူတို့' ဆိုတာ ငှားရမ်းခန့်အပ်ထားသည့် မန်နေဂျာများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ သူတို့က နာမည်အရသာ မန်နေဂျာဖြစ်သော်လည်း အလုပ်က နယ်စုံပါသည်။ လူတွေကို ရေငှဲ့ပေးခြင်း လက်ဘက်ရည်ငှဲ့ပေးခြင်းဖြင့် ဧည့်ခံကြရသေးသည်။

ထိုမတိုင်ခင် ဒီအင်တာနက်ကဖေးကို ပရိုမိုးရှင်းဆင်းဖို့အတွက် မာယန် ကမ်းလှမ်းသမျှကို ဖေးချမ့် ငြင်းဆန်ခဲ့ပါသည်။ သူပေးသည့် အကြောင်းပြချက်ကတော့ စိတ်ရှည်ကြဖို့ လိုသည်ဟူ၍သာ ဖြစ်ပါသည်။

ငါတို့မှာ ကြည့်ကောင်းတဲ့ နေရာတစ်ခု ရှိနေတာပဲ။ တခြား ဖျော်ဖြေရေးလုပ်ငန်းတွေလိုမျိုး ဖွင့်ပွဲအထူးအစီအစဥ်တွေလုပ်လိုက်ရင် အဓိပ္ပာယ်မဲ့သွားမှာပေါ့။

နောက်ဆုံးမှာတော့ အင်တာနက်ကဖေး၏ ဖွင့်ပွဲနေ့မှာ အလွန်အမင်း တိတ်ဆိတ်နေခဲ့ပါသည်။ ဘယ်သူမှ ဂရုမစိုက်ကြပေ။

ဖေးချမ့်က ကော်ဖီကိုသာ ဂရုမစိုက်စွာ သောက်လိုက်သည်။ "ငါတို့ ဘာလို့ လက်ကမ်းစာစောင် ဝေရမှာလဲ။  အဲ့တာဘယ်လောက်တောင် အဆင့်နိမ့်လိုက်မလဲ။ ငါတို့ ကတ်စတမ်မာတွေကို ဒီနေရာဆီ မတော်တဆ ဝင်လာအောင် လုပ်ရမှာ။ ဒါမှ လုံးဝ အံ့အားသင့်သွားကြမှာလေကွ။"

"ကတ်စတမ်မာတွေကို... မတော်တဆဝင်လာအောင် လုပ်ရမယ်ဟုတ်လား..."

ဒီဗျူဟာက တစ်ခုခုလွဲနေသည်ဟု မာယန် ခံစားမိပါသည်။ သို့သော်လည်း ထိုအချိန်တွင် ပြန်လည်ချေပဖို့ ခက်ခဲသည်ဟု ထင်ခဲ့မိပါသည်။

All Chapters