← Chapters

အခန်း(၁၀၃) လူသူကင်းမဲ့ခြင်း

Vol. 7 Ch. 103

အခန်း(၁၀၃) လူသူကင်းမဲ့ခြင်း

Vol. 7 Ch. 103

အခန်း(၁၀၃) လူသူကင်းမဲ့ခြင်း

သူတို့ နောက်ထပ် တစ်နာရီလောက် ထပ်စောင့်လိုက်ကြရင်း မွန်းတည့်ချိန်ရောက်သွားပါသည်။

လူငယ်လေးတစ်ယောက်က တံခါးအပြင်တွင် ရပ်ကာ အထဲသို့ အချိန်အကြာကြီးကြည့်နေရင်း နောက်ဆုံးတော့ တံခါးကို တွန်းဖွင့်ကာ ဝင်လာပါသည်။ အချိန်အကြာကြီးစောင့်နေခဲ့သည့် ဝိတ်တာက ချက်ချင်းပဲ ထိုလူ့ကို သွားကြိုဆိုလိုက်သည်။

"ကြိုဆိုပါတယ်ခင်ဗျ။ အင်တာနက်သုံးဖို့ လာခဲ့တာလား။ ကော်ဖီသောက်ဖို့လာခဲ့တာလား။"

ဒါက အတော်လေး ဟာသဆန်သော မေးခွန်း ဖြစ်နေပါသည်။ သို့သော်လည်း ယွီအင်တာနက်ကဖေးက စားဖွယ်စုံနဲ့ အင်တာနက်သုံးခြင်းကို ပေါင်းစပ်ထားသော နေရာတစ်ခုဖြစ်သဖြင့် ဒီမေးခွန်းကို တခြား ဘယ်လိုနည်းနဲ့ မေးနိုင်ဦးမည်နည်း။

လူငယ်လေးကလည်း ဖန်ချပ်များမှတစ်ဆင့် အထဲက အဆင့်မြင့် ကွန်ပျူတာများကိုမြင်ခဲ့ပြီး အင်တာနက်ကဖေးဖြစ်လိမ့်မည်ဟု ခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် ဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

"ခင်ဗျားတို့ဆိုင်မှာ... တစ်နာရီကို ဘယ်လောက်လဲဟင်။"

ဝိတ်တာက ရိုးသားစွာ ပြန်ဖြေလိုက်ပါသည်။ "၁၀ ယွမ်ပါ။"

လူငယ်လေး အနည်းငယ် မှင်သက်သွားသည်။ နားကြားမှားသည်ဟု ထင်သွားပါသည်။ "အမ် ကျွန်တော်က ရိုးရိုးနေရာကို မေးတာပါ။ သီးသန့်နေရာ မဟုတ်ဘူးလေ။"

"ဟုတ်ပါတယ် ဆရာ၊ ရိုးရိုးနေရာက တစ်နာရီကို ၁၀ ယွမ်ပါ။ ဒီမှာ သီးသန့်အခန်း မရှိပါဘူး။”

ထိုလူငယ် ပြောစရာစကား ကင်းမဲ့သွားပါသည်။ "တခြား မန်ဘာဝင်ပရိုမိုးရှင်းတွေ ဘာတွေကော ရှိသေးလား။"

"ဟုတ်တဲ့ ရှိပါတယ်။ မန်ဘာဝင်ဖြစ်လာရင် အယ်လ်ကိုဟောနဲ့ တခြား သောက်စရာတွေက ၁၀ ရာခိုင်နှုန်း စျေးလျှော့ပေးပါတယ်။” ဝိတ်တာက နွေးထွေးစွာဖြင့် မီနူးကို ပေးလိုက်ပါသည်။

လူငယ်က ကြည့်လိုက်ရင်း စကားထစ်သွားပါသည်။

လခွမ်း…

မီနူး၏ ရှေ့ဘက်ခြမ်းတွင် သောက်စရာမျိုးစုံနဲ့ ကော့တေးမျိုးစုံကို ဖော်ပြထားသည်။ အယ်လ်ကိုဟောပါသည့် ကော့တေးအားလုံးက တစ်ခွက်ကို ယွမ် ၄၀ - ၅၀ တန်သည်။ မီနူးတစ်ဖက်တွင်တော့ ခရမ်းချဥ်သီးကြက်ဥကြော်၊ ယုရှန်းဝက်သာားကြော် အစရှိသော သာမန်အမြည်းများ ရှိနေပါသည်။ ထိုအမြည်းများကလည်း စျေးမပေါလှပါ။

၁၀ရာခိုင်နှုန်း လျှော့စျေးရထားရင်တောင် ထိုစျေးများကို သူမတတ်နိုင်ပါ။

ထို့အပြင် အင်တာနက်ကဖေး၏ မန်ဘာဝင်စနစ်က အင်တာနက်သုံးဖို့ ဒစ်စကောင့်မပေးဘဲ သောက်စရာတွေအတွက်ပဲ ဒစ်စကောင့်ပေးတာတဲ့လား။ ဒါဘယ်လိုအမှိုက်သရိုက်မျိုးလဲ။

လူငယ်လေးက နှစ်ခေါက်လောက် ချောင်းဆိုးလိုက်ပြီး ပြောလိုက်ပါသည်။ "ဆောရီးပါ။ ကျွန်တော့်မိသားစုက အဲ့လောက် မချမ်းသာဘူး။ ကျွန်တော်သွားပါတော့မယ်"

ထို့နောက် ပြန်လှည့်ထွက်သွားပါသည်။ ဝိတ်တာတချို့က အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ဘာလုပ်ရမလဲ မသိကြတော့ပါ။

ဒါ...

သူ့ကို ထွက်မသွားဖို့ တကယ်တားချင်မိခဲ့ကြသည်။ သို့သော်လည်း ဘော့စ်ဖေးက ဝန်ဆောင်မှုကို လေပြည်လေညှင်းလေးလို ပုံမှန်အတိုင်းပဲ လုပ်ရမည်ဟု ညွှန်ကြားထားပါသည်။ လေပြည်လေညှင်းလေးက ပါးနားက ဖြတ်သွားသလိုပင်  ကတ်စတမ်မာများကိုလည်း ဘာမှ ကြိုးစားစရာမလိုပဲ ၎င်းတို့၏ တည်ရှိမှုကို ခံစားမိအောင် လုပ်ရမည်။ ၎င်းတို့၏ တည်ရှိမှုကို အရမ်းကြီးအားကောင်းအောင် လုပ်လို့လည်း မဖြစ်ပါ။

ထို့ကြောင့် ဝိတ်တာတချို့က သည်းခံပြီး ဘာမှမလုပ်ခဲ့ကြပါ။

သိပ်မကြာခင် မွန်းတည့်ချိန်သို့ ရောက်လာခဲ့ပါသည်။ လူတွေလည်း ထပ်ရောက်လာခဲ့ကြ၏။ တချို့ကလည်း စျေးကို လာမေးကြသည်။ နောက်ဆုံးမှာတော့ နောက်ထပ် ၃ - ၄ ယောက်လောက် ရောက်လာခဲ့ကြသည်။ စောနက ကောင်လေးလိုပဲ သူတို့လည်း စျေးကိုကြားပြီး ခပ်သုတ်သုတ် ပြန်ထွက်သွားကြပါသည်။

လူတစ်ယောက်ဆို တိုးတိုးလေး ရေရွတ်သွားသေးသည်။ "ဒါက နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာပဲ။"

ကျန်းယွမ်က ဘားကောင်တာတွင် ရပ်စောင့်နေပြီး သောက်စရာများ ရောစပ်သည့်စကေးကို ပြသဖို့ ပြင်ဆင်နေသည်။ နောက်ဆုံးမှာာတော့ ဘယ်သူမှ အင်တာနက်သုံးဖို့ပင် ဝင်မလာကြပါ။ သောက်စရာမှာဖို့ဆို ပိုဝေးပါသည်။

"ယောက်ဖချမ့် ဒီတိုင်းဆက်နေလို့မဖြစ်တော့ဘူး။" မာယန်က ဖြစ်ပျက်နေသည်များကို မြင်သွားပြီး စိတ်ဖိစီးလာပါသည်။

အဖွင့်နေ့က အတော်လေး ဆိုးရွားနေသည်။ မကောင်းတော့ပါ။ ဒီနေရာက ပိုပြီးလူသူကင်းမဲ့လာလေလေ လူသွားလူလာ ပိုနည်းလာလေလေ ဖြစ်သည်။ အဲ့တာ သံသရာလည်မနေနိုင်ဘူးလား။

ဖေးချမ့်ကလည်း အတည်ပေါက် ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း ငါတို့ဒီတိုင်းဆက်နေလို့ မဖြစ်တော့ဘူး။ တစ်ယောက်ယောက် လာဦး။ ဆိုင်းဘုတ်တစ်ခုလုပ်ပြီး စျေးနှုန်းတွေကို တံခါးမှာ ထောင်ထားလိုက်။ အားလုံးက ဆိုင်ထဲဝင်လာပြီး စျေးမေးပြီးတော့ပဲ ထွက်သွားကြတယ်။ လက်မခံနိုင်စရာပဲ။"

"တံခါးမှာ စျေးနှုန်းကို ရေးပေးထားလိုက်မယ်။ ဒါမှ အထဲဝင်လာပြီး စျေးမေးပြီး ပြန်ထွက်သွားဖို့ မလိုမှာ။ ဆိုးရွားလိုက်တာ စျေးကြီးတယ်လို့ ထင်ရင် ပိုဝင်မလာတာ ပိုကောင်းတယ်။ ဧည့်ခံဖို့ လူတစ်ယောက် ပိုလျော့တာပေါ့။ ဘယ်လေက်တောင် ကောင်းလိုက်သလဲ။"

မာယန်နဲ့ ကုမ္ပဏီတို့ ကြောင်အသွားကြပါသည်။

'ငါတို့ ဒီတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး' ဆိုတာ ဘော့စ်ဖေး ဒါကို ဆိုလိုတာလား။

သူတို့ အပြင်ဘက်မှာ ဆိုင်းဘုတ်တစ်ခု ဆွဲမထားပါက တစ်ယောက်ယောက် အထဲဝင်လာပြိး စျေးကိုမေးကာ ဝိတ်တာတချို့၏ အကြည့်တွင် ရှက်ပြီး နေချင်နေနိုင်သည်။ ဒီလိုဆို ရှက်တတ်သည့် ကတ်စတမ်မာအနည်းစုကိုတော့ သူတို့ ခေါ်ထားနိုင်ပါလိမ့်မည်။

သူတို့ ဆိုင်းဘုတ်တစ်ခုဆွဲထားပြီး အားလုံး အပြင်ဘက်မှ ကြည့်နိုင်ပါက ဝင်တောင်မဝင်လာဘဲ ထွက်သွားနိုင်ကြပါသည်။

သူတို့ ရှက်တတ်တဲ့ ကတ်စတမ်မာတချို့ ဝင်လာနိုင်ခြေရှိတာကို နှင်ထုတ်နေတာနဲ့ မတူဘူးလား။

မာယန် အနည်းငယ် ဇဝေဇဝါဖြစ်လာပါသည်။

မာယန် တွန့်ဆုတ်နေတာကို ဖေးချမ့်မြင်ပြီး ထပ်ပြောလိုက်ပါသည်။ "မြန်မြန်လုပ်ကြလေ အားလုံး အကျိုးရှိစေမယ့်အရာမျိုးကိုလုပ်ဖို့ ဘာလို့တွန့်ဆုတ်နေတာတုန်း။"

မာယန်က စိတ်မပါလက်မပါဖြင့် ထလိုက်ပြီး တစ်ယောက်ယောက်ကို ဆိုင်းဘုတ်လုပ်ခိုင်းလိုက်ပါသည်။

ဖေးချမ့်ကတော့ ကော်ဖီဆက်သောက်နေပါသည်။ ဒီသာမန်ကော်ဖီက ပုံမှန်ထက် ပိုမွှေးနေသလိုပင်။

...

နေ့လည်ခင်းသို့ ရောက်လာသောအခါ နောက်ဆုံးတော့ ကတ်စတမ်မာများ ရောက်လာခဲ့ပါပြီ။

ချမ်းသာသည့် ဒုတိယမျိုးဆက်သူဌေးသားပုံစံဖြင့် လူငယ်နှစ်ယောက်က အင်တာနက် အတူတူ လာသုံးကြသည်။ တံခါးက စျေးနှုန်းများကို မြင်ပြီး ခေတ္တ တွန့်ဆုတ်သွားကြသည်။ သို့သော်လည်း သူတို့အချင်းချင်း တိုင်ပင်ပြီးနောက် အင်တာနက်ကဖေးထဲ ဝင်ထိုင်ခဲ့ကြပါသည်။

ကော်လံဖြူအလုပ်သမားများကဲ့သို့ လူတချို့ကလည်း ကော်ဖီနယ်မြေသို့ သွားကာ ကော်ဖီတချို့ကို မှာယူလိုက်ပါသည်။ ဒါက ဖေးချမ့် မျှော်လင့်ထားပြီးသား ဖြစ်ပါသည်။ ဒီနေရာက စီးပွားရေး ကောင်းမွန်သည့် ရပ်ကွက်အတွင်းမှာ မဟုတ်သော်လည်း ထိုကဲ့သို့နေရာမျိုးနဲ့ စည်းတစ်ခုသာ ခြားနားသည်။ လမ်းတစ်ခုသာ ခြားနားပါသည်။

လူတွေ ဝင်ထွက်သွားလာကြသောအခါ လူတွေက ဒီနေရာကို ကော်ဖီသောက်ဖို့ ဝင်လာနိုင်ကြသည်။ ဒါက ရှောင်လွှဲလို့ မရပါ။ ဒီနေရာကြီးက ကောင်းကောင်းမွန်မွန် ပြုပြင်ထားသည့် အင်တာနက်ကဖေးတစ်ခု ဖြစ်နေသောကြောင့် စျေးနှုန်းများက မြင့်မားနေရင်တောင် ကတ်စတမ်မာတစ်ယောက်မှ ဝင်မလာနိုင်သည့် ပမာဏမျိုး မဟုတ်ပါ။ ထိုကဲ့သို့သော အခြေအနေမျိုးက အလွန်အတုအယောင်ဆန်လွန်းပါလိမ့်မည်။

ကတ်စတမ်မာ အနည်းငယ် ရှိတာကိုတော့ လက်ခံနိုင်ပါသေးသည်။

ဝင်ငွေက ထွက်ငွေကို မမှီနိုင်သေးသရွေ့ အဆင်ပြေပါသည်။

ဖေးချမ့်က ညအချိန်သို့ ရောက်သည့်အထိ စောင့်ကြည့်နေခဲ့သည်။ လူတချို့က အယ်လ်ကိုဟော လာသောက်ကြသည်။ ကျန်းယွမ်ကလည်း စင်ပေါ်တက်ကာ သီချင်းနှစ်ပုဒ်ကို ဆိုခဲ့ပါသည်။ ပတ်ဝန်းကျင်က မဆိုးရွားလှပါ။ နေ့ခင်းဘက်ကလို လူသူကင်းမဲ့မနေပါ။ သို့သော်လည်း ဒီကို အင်တာနက်သုံးဖို့ ရောက်လာသည့်လူ ရှားပါးပါသည်။

ဖေးချမ့်က အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပါသည်။ ဝင်ငွေပမာဏက ဘာကိုမှ မကာမိနိုင်ပါ။

ကောင်းတာပေါ့။ အားလုံး သူ့အစီအစဥ်အတိုင်းပဲ>

ဖေးချမ့်က မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါသည်။ တစ်ဖက်မှာ မာယန်ကတော့ ထိတ်လန့်သွားသည့်ပုံပင်။ စိတ်ဓာတ်လည်း ကျသွားပါသည်။ သူတို့မှာ ဒီလောက်ကောင်းသည့် ကွန်ပျူတာများ၊ ဒိလောက်ကောင်းသည့် ပတ်ဝန်းကျင်များ ရှိနေသည်။ သို့သော်လည်း ပထမ ဖွင့်ရက်မှာတင် အလွန်လူသူကင်းမဲ့လှပါသည်။

မာယန် ဒါကို တကယ်သည်းမခံနိုင်ပါ။

ဖေးချမ့်က နှစ်သိမ့်ပေးရင်း မပြုံးမိအောင် မနည်းကြိုးစားနေရပါသည််။ "ဘာမှမဖြစ်ပါဘူးကွာ။ အခုမှ ပထမနေ့ပဲ ရှိပါသေးတယ်။ မာကြီး ဒါက ထန်းတာ့ကော်ပိုရေးရှင်းအတွက် ရေရှည် အော်ပရေးရှင်းဆိုတာ မှတ်ထားနော်။ တစ်ရက်ကို မပြောနဲ့ဦး။ ပထမ ၃ လ သို့မဟုတ် ပထမနှစ်ဝက်အတွင်းမှာ အရှုံးပဲပေါ်တယ်ဆိုရင်တောင် အဆင်ပြေတယ်။ တဖြည်းဖြည်းနဲ့ အဆင်ပြေလာမှာ နားလည်လား။"

မာယန်က ခေါင်းငြိမ့်လိုက်ပါသည်။ သို့သော်လည်း ထိုစကားလုံးများကို ရင်ထဲထည့်မထားတာ သိသာပါသည်။

ဖေးချမ့်လည်း ဘာမှအများကြီး မပြောနိုင်တော့ဘဲ မာယန်၏ ပခုံးကိုသာ ပုတ်ပေးလိုက်ပြီး ပျော်ရွှင်စွာ ထွက်သွားပါတော့သည်။

...မတ်လ ၁၄ ရက်နေ့ တနင်္ဂနွေနေ့ ညအချိန်...

ကျန်းယွမ်နဲ့ မာယန်တို့နှစ်ယောက် ဒုတိယထပ် ပြတင်းတံခါးများအနီးက စားပွဲတစ်ဝိုင်းတွင် အတူတူထိုင်နေကြပါသည်။ ကျန်းယွမ်က ဖောင်တိန်တစ်ချောင်းကို ယူလိုက်ပြီး တွက်ချက်မှုတချို့ကို ပြုလုပ်နေပါသည်။

"ဆိုင်ငှားခက တစ်လကို ၃၅၀,၀၀၀ ယွမ်။ ရေဖိုးနဲ့ မီတာခ၊ ဟင်းချက်ပစ္စည်းတွေ ဝယ်တာနဲ့ စားသောက်စရိတ် အကုန်လုံးပေါင်း တစ်လကို အနည်းဆုံး ၁၀,၀၀၀ ယွမ်လောက်ရှိတယ်။ အလုပ်သမားလစာတွေကလည်း တစ်လကို ၆၀,၀၀၀ ယွမ်ဝန်းကျင်ရှိတယ်။”

"ဆိုလိုတာက ငါတို့ အင်တာနက်ကဖေး ဘာမှမလုပ်ရင်တောင် တစ်လကို ၄၀၀,၀၀၀ ယွမ် ကုန်နေမှာပဲ။ ပြီးတော့လည်း ကွန်ပျူတာတွေအတွက် မူလ ရင်းနှီးမြှုပ်နှံထားတာတွေ မပါသေးဘူး။ ကိရိယာတန်ဆာပလာတွေ၊ ပရိဘောဂစတာတွေက ယွမ် ၂ သန်းလောက် ရှိတယ်။”

"ဒီသုံးရက်အတွင်း ဝင်ငွေကို ကြည့်ခြင်းအားဖြင့် ငါတို့ ၁၀ စတုရန်းမီတာ ပတ်လည် ကော်ဖီဆိုင်လေးတွေနဲ့တောင် မယှဥ်နိုင်ဘူး။ ဒီအခြေအနေတိုင်းသာ ဆက်သွားမယ် ဆိုရင်..."

"အရင်းကျေဖို့ မပြောနဲ့ဦး။ အနည်းဆုံး တစ်လကို ၃၀၀,၀၀၀ ယွမ်လောက် ရှုံးနေဦးမှာပဲ..."

ကျန်းယွမ် တွက်ချက်နေတာာကိုကြားပြီးမာယန်၏ ကြီးကြီးရှည်ရှည်မျက်နှာကြီး ဖြူဖတ်သွားခဲ့ပါသည်။ ဒါ... ဒါ နည်းနည်း များလွန်းနေတယ် မဟုတ်ဘူးလား။

သို့သော်လည်း အရင်နေ့ရက်တွေတုန်းက အခြေအနေအကြောင်း ပြန်စဥ်းစားကြည့်သောအခါ ဒီပမာဏက တကယ်ပဲဖြစ်သင့်ပါသည်။

ကတ်စတမ်မာ နည်းလွန်းသည်။

အင်တာနက် ကဖေးထဲက ဆယ်ချီရှိသော ကွန်ပျူတာများတွင် အချိန်အများစု၌ ကွန်ပျူတာ တစ်တန်းတွင် တစ်ယောာက်သာ ကစားနေတတ်သည် အပြည့်အလျှံဖြစ်ဖို့ အများကြီး လိုပါသေးသည်။ ထို့အပြင် ထိုလူများကလည်း အကြာကြီး မနေကြပေ။

ကော်ဖီနယ်မြေမှာလည်း နည်းနည်းလောက်သာ ပိုကောင်းရုံရှိပြီး လူနည်းနည်းပိုများပါသည်။ သို့သော်လည်း လူအများကြီး ဝင်လာပြီး ကော်ဖီတစ်ခွက်သာမှာကာ တစ်နေကုန် ထိုင်နေတတ်သည်။ သူတို့ အများကြီး မသုံးကြပါ။ အဆိုးရွားဆုံးက ကော်ဖီနေရာတွင် နေရာတစ်ဝက်လောက်က လွတ်နေပါသည်။ လုပ်ငန်းက ထိုမျှလောက် ဆိုးရွားနေပါသည်။

ညအချိန်တွင် လူများများစားစား လာပြီး အရက်မသောက်တတ်ကြပါ။ ကျန်းယွမ် သီချင်း အနည်းငယ် ဆိုပြရင်တောင် လူအနည်းငယ်ကသာ နားထောင်ပြီး ချီးကျူးတတ်ကြသည်။ လက်ခုပ်သံများကလည်း တိုးညှင်းလှပါသည်။

ရှက်ဖို့ အလွန်ကောင်းပါသည်။

ထို့ကြောင့် ဒီနှစ်ရက်အတွင်း ကျန်းယွမ်နဲ့ မာယန်တို့ အလွန် စိုးရိမ်ခဲ့ကြသည်။ ယွီအင်တာနက်ကဖေးသာ တစ်လကို ယွမ် ၃၀၀,၀၀၀ လောက် ရှုံးနေပါက သူတို့ ဘာမှမလုပ်ရင်တောင် နေ့တိုင် ၁၀,၀၀၀ ယွမ် ပလုံနေသည်ဟူသည့် သဘောပင်။

ဒါက အဆုံးမဲ့ တွင်းနက်ကြီးပင်။

ဒီတွင်းကြီးကို ဖြည့်ဖို့ ပိုက်ဆံဘယ်လောက် လိုမလဲ။

ကျန်းယွမ်က ပြောလိုက်ပါသည်။ "ညီကိုမာ ဘော့စ်ဖေးနဲ့ မင်းရင်းနှီးတယ်လို့ ပြောတယ်နော်။ အခြေအနေကို သူ့ကို တင်မပြသင့်ဘူးလား။ ငါတို့ ဒီတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ တစ်ခုခု စဥ်းစားမှ ဖြစ်တော့မယ်။"

မာယန်လည်း စိတ်ညစ်သွားပါသည်။ "ယောက်ဖချမ့်က အနည်းဆုံး တစ်ပတ်လောက် သည်းခံဖို့ ပြောထားတယ်။  အဲ့နောက်မှ စကားပြောမယ်တဲ့။"

"တစ်ပတ်..."

ကျန်းယွမ်က ပြက္ခဒိန်ကို ကြည့်လိုက်ပါသည်။ လာမယ့် တနင်္ဂနွေနေ့က ၂၁ ရက်နေ့ ဖြစ်ပါသည်။

အဝေးကြီးလိုသေးသလို ခံစားရပါသည်။

"ဟုတ်ပါပြီ။ ဘော့စ်ဖေးပြောတာဆိုတော့လည်း ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။"

"အဓိက အချက်က ဘော့စ်ဖေးက ငါတို့ကို လက်ကမ်းစာစောင်လည်း မဝေခိုင်းဘူး။ ငါတို့ကလည်း စျေးကိုလျှော့လို့မရဖြစ်နေတာာ... ဒါကြီးက..." ကျန်းယွမ်တစ်ယောက် နားမလည်နိုင်တော့ပါ။

အမြတ်ရဖို့ အလွန်နည်းပါသည်။

သူတို့ တစ်နာရီကြေးကို နည်းနည်းလျှော့လိုက်ပြိး သောက်စရာများကိုလည်း အနည်းငယ် စျေးလျှော့လိုက်ကာ မန်ဘာဝင် ပရိုမိုးရှင်းများ လုပ်လိုက်ပါက အခြေအနေ ပြောင်းလဲသွားနိုင်သည်။ သို့သော်လည်း ဘာကြောင့်မှန်း မသိဘဲ ဘော့စ်ဖေးက သူတို့ကို ဒီလိုလုပ်ခွင့်မပေးပါ။

ကျန်းယွမ် အခု အကြံအိုက်နေပါပြီ။

စျေးပြဿနာတစ်ခုခုရှိလာပါက တခြား နယ်ပယ်များမှာ ဘာပဲလုပ်လုပ် အသုံးမဝင်နိုင်ပါ။

"ယောက်ဖချမ့်စကားကို နားထောင်ပြီး တစ်ပတ်ကြာမှ ပြန်စုစည်းကြတာပေါ့။"

မာယန်က  အများကြီး မစဥ်းစားပါ။ သူက တစ်ခုခုကို ယုံကြည်ထားသည်။ ဖေးချမ့်က ဒီလိုလုပ်ဖို့ အထူးတလည် ညွှန်ကြားထားသဖြင့် မာယန်က  နားထောင်ပါမည်။ သူ့ဆန္ဒအတိုင်း ဆောင်ရွက်မှာ မဟုတ်ပေ။

"လောလောဆယ်တော့ အဲ့လိုပဲ လုပ်ဖို့ရှိတာပေါ့။" ကျန်းယွမ်က အနည်းငယ် စိတ်ပူနေပါသည်။ သူ့  ၁၀,၀၀၀ ယွမ်ကျော် လစာကို ဘယ်နှလလောက်ထပ်ပြီး ရနိုင်ဦးမလဲ မသေချာတော့ပါ။

All Chapters