← Chapters

အခန်း(၁၀၄) ဟွမ်းစစ်ပေါ်၏ ညီအစ်ကိုဟောင်း

Vol. 7 Ch. 104

အခန်း(၁၀၄) ဟွမ်းစစ်ပေါ်၏ ညီအစ်ကိုဟောင်း

Vol. 7 Ch. 104

အခန်း(၁၀၄) ဟွမ်းစစ်ပေါ်၏ ညီအစ်ကိုဟောင်း

"ဒီနေ့ရိုက်ကွက်တွေက အရမ်းမိုက်တယ်။ ဟုတ်ပြီ။ သိမ်းကြစို့ဟေ့။"

ဒါရိုက်တာကျူး၏ အမိန့်အတိုင်း ယနေ့ ရိုက်ကူးရေး အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့ပါသည်။ ဖေးချမ့်ကတော့ ဒါကို အသားကျနေခဲ့ပါပြီ။ ဒီနေ့ ရိုက်ကွင်းက အပြင်ဘက် လမ်းမပေါ်မှာ ဖြစ်ပါသည်။ သူတို့သည် ဖေးချမ့် မကြာသေးခင်က ငှားရမ်းထားသည့် Cayenne ကိုပါ အသုံးပြုရပါသေးသည်။

ဘာပဲဖြစ်ဖြစ် သူတို့ ရုံးခန်းမှာပဲ ဆက်ရိုက်နေပါက ကြည့်ရှုသူများမှာ အသစ်အဆန်း မရှိသဖြင့် ရိုးအီလာကြလိမ့်မည်။

သို့သော်လည်း Theme သို့မဟုတ် Setting များ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ အဓိက ဗဟို အကြောင်းအရာကတော့ မပြောင်းလဲပါ။

ဖေးချမ့်နဲ့ အရင်တစ်ခေါက် စကားပြောပြီးနောက် ကျူးရှောင်စဲနဲ့ ဟွမ်းစစ်ပေါ်တို့ ဖေးချမ့်၏ တွေးခေါ်ပုံကို နားလည်သွားကြသည်။ သူတို့ အတင်းလုပ်ယူရသော စပွန်ဆာများ ရရှိဖို့ကို ဂရုမစိုက်ကြတော့ပေ။ အားအင်အကုန်လုံးကို ဗီဒီယိုများတွင်သာ မြှုပ်နှံထားခဲ့ပါသည်။

အပိုင်းတိုင်းတွင် ဇာတ်ရှိန်အမြင့်တစ်ခုမရှိနိုင်၊ မပြီးစုံနိုင်သော်လည်း အနည်းဆုံးတော့ စံနှုန်းတစ်ခုအထိ ထိန်းသိမ်းထားနိုင်ပါသေးသည်။

ယနေ့အထိ ရေပန်းပိုစားသည့် ဗီဒီယိုများမှာ ကြည့်ရှုသူ ၆၀၀,၀၀၀ - ၇၀၀,၀၀၀ လောက် ရှိပြီး ရေပန်းသိပ်မစားသည့် ဗီဒီယိုများမှာတောင် အနည်းဆုံး ကြည့်ရှုသူဦးရေ ၄၀၀,၀၀၀ - ၅၀၀,၀၀၀ ရှိပါသည်။ မကြာသေးခင်ကမှ ထုတ်လွှင့်သော ဗီဒီယို အတိုစီးရီးတစ်ခုအတွက် အထင်ကြီးစရာရလဒ် ဖြစ်ပါသည်။

ပစ္စည်းများကို သိမ်းပြီးနောက် အားလုံး အိမ်ပြန်သွားကြသည်။

ဟွမ်းစစ်ပေါ်က အားလုံးကို ပြောလိုက်ပါသည်။ "မင်းတို့တွေ အရင်ပြန်နှင့်ကြကွ။ ငါသီးသန့်လုပ်စရာကိစ္စလေးတွေရှိသေးလို့။"

ဘယ်သူမှ မေးခွန်းထပ်မထုတ်ကြပါ။

ဟွမ်းစစ်ပေါ်က တက္ကစီတစ်စီးကို လက်ပြတားလိုက်ပြီး သူ့မိတ်ဆွေနဲ့ ချိန်းထားသည့် ကော်ဖီဆိုင်သို့ သွားလိုက်ပါသည်။

၁၀ မိနစ်ဝန်းကျင်လောက်ကြာသောအခါ တက္ကစီရောက်လာခဲ့ပါသည်။

ဟွမ်းစစ်ပေါ်က တက္ကစီပေါ်မှ ဆင်းလိုက်ပြီး ရင်းနှီးသော်လည်း အနည်းငယ် စိမ်းကားနေသည့် သူ့ရှေ့က အဆောက်အဦးကို မတွေ့ရတာကြာပြီဖြစ်သကဲ့သို့ ကြည့်လိုက်ပါသည်။ အဆောက်အဦး၏ ဒုတိယထပ်တွင် စာလုံးသုံးလုံး ရေးထားသည်။ ရှန်းယန်ဂိမ်း။ ဒါက ဟွမ်းစစ်ပေါ် အရင်က အလုပ်လုပ်ခဲ့သည့် ဂိမ်းကုမ္ပဏီ ဖြစ်ပါသည်။

ယခင်တုန်းက ကုမ္ပဏီ၏ အနိမ့်ဆုံးအဆင့်တွင် အလုပ်လုပ်ရပြီး တောက်တိုမယ်ရ အလုပ်များနဲ့ အကြမ်းဖျင်း အစီအစဥ်ဆွဲမှုများကို ဆောင်ရွက်ရသည်။ နစ်နာချက်နှင့် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သူငယ်ချင်းလည်း သိပ်မရှိပါ။

သူနဲ့ အတူတူ အောက်ခြေမှာ အလုပ်လုပ်ခဲ့သည့် လူတစ်ယောက်နဲ့သာ မိတ်ဆွေ ဖြစ်ခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က အကျပ်အတည်းခြင်း တူညီကြပြီး အခက်အခဲများကို အတူတူ တောင့်ခံခဲ့ကြသည် မဟုတ်ပါလား။ သူတို့က တစ်လှေတည်းသမားများဟု အနည်းနဲ့အများ ခံစားမိကြပြီး သံယောဇဥ်ရှိကြပါသည်။

ဟွမ်းစစ်ပေါ် အင်တာဗျူးအောင်ပြီး ထန်းတာ့သို့ ရောက်လာတော့ သူ့မိတ်ဆွေနဲ့ မကြာခဏ ဆက်သွယ်သော်လည်း သူ့အလုပ်အကြောင်း သိပ်ပြီး မပြောခဲ့ပါ။

ဘာကြောင့်လဲ။

တစ်ဖက်မှာ ဟွမ်းစစ်ပေါ်က သူမှားသွားပြီး လူလိမ်ကုမ္ပဏီတစ်ခုကို ဝင်မိတာလားဟု အမြဲတမ်း သံသယဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သူ့ညီအစ်ကိုကို ဒီအကြောင်း မပြောရဲခဲ့ပါ။ ထို့နောက် ကုမ္ပဏီက အလုပ်သမားများကို ဘယ်လောက်ကောင်းကောင်း ဆက်ဆံကြောင်း၊ ၎င်း၏ ဂိမ်းများက ဘယ်လောက်ထိ အောင်မြင်ကြောင်းကို သိလိုက်ရပြီးနောက်မှာလည်း သူ့အလုပ်အကြောင်း ပြောပြမိပါက ကြွားဝါသလိုဖြစ်မှာကို စိုးရိမ်နေခဲ့သောကြောင့် ဖြစ်ပါသည်။

သူ့ညီအစ်ကို စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်နေခဲ့ပါသည်။

ထို့နောက်ပိုင်း ဟွမ်းစစ်ပေါ်က ဗီဒီယိုအတိုကိစ္စဖြင့် အလုပ်များနေခဲ့ပြီး သူ့ညီအစ်ကိုကလည်း အချိန်ပိုများ ဆက်တိုက်လုပ်နေခဲ့ရသောကြောင့် တွေ့ဖို့ အခွင့်အရေးမရခဲ့ပါ။ နောက်ဆုံးတော့ ယခု နှစ်သစ်ကူး အားလပ်ရက်များ ပြီးသွားပြီဖြစ်သဖြင့် သူတို့နှစ်ယောက် အချိန်ယူပြီး တွေ့ဆုံနိုင်သွားပါပြီ။

ဟွမ်းစစ်ပေါ်က ကော်ဖီဆိုင်တွင် ခေတ္တထိုင်နေလိုက်သည်။ သိပ်မကြာခင် သူ့ညီအစ်ကိုလည်း ရောက်လာပါသည်။ သူက ၅ပေ ၇လက်မလောက် အရပ်ရှည်သည်။ အချိန်ပိုများ ဆက်တိုက်လုပ်ရသဖြင့် ကိုယ်ခန္ဓာက အနည်းငယ် ပုံပျက်နေပါသည်။ အနည်းငယ် ကိုယ့်အတွက်ကိုယ် ကြည့်တတ်သည့်ပုံပေါက်သော်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးတော့ မှန်မှန်လုပ်တတ်သည့်ပုံပင်။

ထူးခြားသည့်အချက်များကို ပြောရလျှင်တော့ သူ့လက်များက အလွန်လှပဖြူဖွေးပြီး ပါးလွှာနေပါသည်။ ငယ်ငယ်တုန်းက အလုပ်သိပ်မလုပ်ခဲ့ရမှန်း သိသာပါသည်။

"ယိချွမ် ဒီမှာ" ဟွမ်းစစ်ပေါ်က လက်မြှောက်လိုက်ပြီး ရမ်းပြလိုက်ပါသည်။  သူ့ညီအစ်ကိုက ဟွမ်းစစ်ပေါ်ကို ချက်ချင်းမြင်သွားပြီး စားပွဲ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပါသည်။ သူ့နာမည်အပြည့်အစုံက မာထုပေါင် ဖြစ်သည်။ သို့သော်လည်း ပုံမှန်ဆို သူ့ကို ဒီလိုမခေါ်တတ်ကြပါ။ အားလုံးက သူ့ကို မာယိချွမ်ဟုသာ ခေါ်ကြသည်။

မာယိချွမ်က ရှန်းယန်ဂိမ်းကုမ္ပဏီတွင် ဇာတ်လမ်းအစီအစဥ်ဆွဲသူ တာဝန်ကို ယူထားရသည်။ သူက ရှက်တတ်ပြီး တရုတ်ဘာသာစကားနှင့် စာပေတက္ကသိုလ်မှ ဘွဲ့ရထားသည်။ သူ့မိသားစုအားလုံးကလည်း ပညာတတ်ကြ၏။ သူ့နာမည်ကိုလည်း တက္ကသိုလ်တစ်ခုမှ ပညာရေး ပရော်ဖက်ဆာတစ်ယောက်ဖြစ်သူ အဘိုးမှ ပေးထားခြင်း ဖြစ်ပါသည်။

ဘာကြောင့် ဂိမ်းကုမ္ပဏီတစ်ခုမှာ ဇာတ်လမ်း အစီအစဥ်ဆွဲသူတစ်ယောက် ဖြစ်လာရတဲ့ အမှားမျိုး ဘာကြောင့်လုပ်ခဲ့ရသလဲဆိုတာကတောာ့...။

ဇာတ်လမ်းက ရှည်ပါသည်။

မာယိချွမ်ကလည်း ဟွမ်းစစ်ပေါ်နဲ့ ပုံစံတူပါသည်။ သူတို့နှစ်ယောက်က ကုမ္ပဏီတွင် အနိမ့်ဆုံး သတ္တဝါများ ဖြစ်ကြပါသည်။ သို့သော်လည်း မာယိချွမ်က ဟွမ်းစစ်ပေါ်ထက် လူသားဆန်ဆန် ပိုနေရပါသည်။ ဟွမ်းစစ်ပေါ်၏ အလုပ်က အစီအစဥ်ဆွဲသူ ဖြစ်သည်။ အစီအစဥ်ဆွဲသူခေါင်းဆောင်လျို့က တစ်ခုခုကို လုပ်ချင်တိုင်း ဟွမ်းစစ်ပေါ်အပေါ်ကိုသာ ပုံပေးပြီး  ပြီးနိုင်သလား မပြီးနိုင်သလား ဂရုမစိုက်ခဲ့ပါ။

ဇာတ်လမ်း အစီအစဥ်ဆွဲသူတစ်ယောက်အနေဖြင့် မာယိချွမ်ကလည်း အစီအစဥ်ဆွဲသည့် အလုပ်များ  လုပ်ရပါသည်။ သို့သော်လည်း ဇာတ်လမ်းနဲ့ပတ်သတ်ပြီး အလုပ်အများကြီးလုပ်ရသဖြင့်  သူ့အစီအစဥ်ဆွဲသည့် အလုပ်တာဝန်များ ပိုပြီးလျော့ကျသွားပါသည်။ ထို့အပြင် ဇာတ်လမ်းတာဝန်အရဆိုရင်လည်း သူရေသာခိုပြီး အချိန်ယူနိုင်ပါသည်။

ဥပမာအားဖြင့် နာမည်စာရင်းတစ်ခုကို ရေးသားခြင်း၊ အညွှန်းများရေးသားခြင်း ထိုအရာများကို ၃ - ၄ နာရီအတွင်း ပြီးအောင် လုပ်နိုင်သည်။ မာယိချွမ်က ထိုအရာများကို လုပ်ဖို့ အနည်းဆုံး ၂ ရက်လောက်အထိ အချိန်ယူပြီး ၃ ရက်မြောက်နေ့မှ အပ်ပါသည်။ လျို့ကလည်း တစ်ခုခုလွဲနေတာကို သတိထားမိမှာ မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် နာမည်ပေးရာတွင် အဆင်ပြေနိုင်စွမ်းက လူတစ်ယောက်၏ အခြေအနေနဲ့ စိတ်ခံစားချက်အပေါ်မှာ မူတည်နေပါသည်။ လျို့က မာယိချွမ်ကို အများကြီး တွန်းအားပေးမှာ မဟုတ်ပေ။

ထို့ကြောင့် ဟွမ်းစစ်ပေါ်က သည်းမခံနိုင်တော့ဘဲ အလုပ်ထွက်ခဲ့ခြင်း ဖြစ်ပါသည်။ မာယိချွမ်ကတော့ တွန့်ဆုတ်ခဲ့ပြီး ဆက်နေခဲ့ပါသည်။  နောက်ထပ် လအနည်းငယ်လောက်အထိ အောင်မြင်စွာ နေနိုင်ခဲ့ပါသည်။

"စစ်ပေါ် မင်း ဘာလို့ အသားမဲသွားတာလဲ။" မာယိချွမ်က ထိုင်လိုက်ပြီး ဟွမ်းစစ်ပေါ်၏ အသားနည်းနည်း မဲသွားသည်ကို သတိထားလိုက်မိပါသည်။

"ဟုတ်လား။ ငါအပြင်ဘက်ဇာတ်ဝင်ခန်းတွေ ရိုက်တာများလို့ထင်တယ်။ နေလောင်နေတာကိုး။" ဟွမ်းစစ်ပေါ်က မီနူးကို ကမ်းပေးလိုက်ပါသည်။ "ငါ့ကော်ဖီကိုမှာပြီးပြီ၊ မင်းဘာသောက်ချင်လဲ။ ငါတိုက်မှာပါ။"

"အပြင်ဘက် ဇာတ်ဝင်ခန်းဟုတ်လား။” မာယိချွမ်က မီနူးကို လှမ်းယူလိုက်ပြီး သိပ်မစဥ်းစားဘဲ လက်တေးတစ်ခွက် မှာလိုက်ပါသည်။ ဟွမ်းစစ်ပေါ်၏ စကားကို ကြားသောအခါ မာယိချွမ်က အနည်းငယ် ကြောင်အသွား၏။ ဂိမ်းဖန်တီးမှုကို အပြင်ဘက်မှာ လုပ်ရသည်ဟု တစ်ခါမှ မကြားဖူးပါ။

"သြော် ငါမင်းကို ပြောဖို့မေ့နေတာ ငါဂိမ်းလောကထဲမှာ မဟုတ်တော့ဘူး။ ငါ့ကိုယ်ပိုင် ဗီဒီယိုအတိုလေးတွေ ရိုက်နေတာလေ။ မင်း ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကို ကြည့်ပြီးပြီလား။ အဲ့တာ ငါတို့ အခုရိုက်နေတာလေ။" ဟွမ်းစစ်ပေါ်က ပြောလိုက်ပါသည်။

မာယိချွမ်၏ မျက်လုံးများ ဝိုင်းစက်သွားပါသည်။

"ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝက မင်းတို့တွေ ရိုက်ထားတာလား။ လခွမ်း အဲ့ဒီဗီဒီယိုအတိုစီးရီးက လတ်တလော ရေပန်းစားနေတာ။ ငါအပိုင်းတိုင်းကို စောင့်ကြည့်နေတာ။ မင်းရဲ့ ကဏ္ဍက ဘာလဲ။ ဇာတ်ညွှန်းဆရာလား။ ပစ္စည်းကိုင်လား။ မင်းက ဧည့်သည်သရုပ်ဆောင် ဘာညာ ဘာလို့ မလုပ်တာလဲ။"

ဟွမ်းစစ်ပေါ်က ရယ်မောကာ ပြောလိုက်ပါသည်။ "ငါ့မှာ သရုပ်ဆောင်ပါရမီ မပါပါဘူးကွာ။ ငါ့ကဏ္ဍက... ငါ အထူးတလည်ကြီး မပြောချင်ဘူး။ ဘာပဲဖြစ်ဖြစ် ဟိုဟိုဒီဒီ ပြေးလွှားရတဲ့ လူမျိုးလေ။  ပါတနာလိုမျိုးထင်တယ်။"

"ကောင်းပါတယ်။  ကြည့်ရတာ မင်းအတွက်... သင့်တော်တဲ့ လုပ်ငန်းတစ်ခုကို ရှာတွေ့သွားပြီထင်တယ်။ ဂုဏ်ယူပါတယ်ကွာ။" မာယိချွမ်က ဟွမ်းစစ်ပေါ်အတွက် တကယ်ဝမ်းသာပါသည်။

"မင်းလည်းဖြစ်လာနိုင်တာပဲ။ မင်းရဲ့ဝတ္ထုက..." ဟွမ်းစစ်ပေါ်က ပြောနေစဥ် မာယိချွမ်က လက်ပြကာ တားလိုက်ပါသည်။

"အဲ့အကြောင်း မပြောရအောင်ကွာ။"

သူ ဟွမ်းစစ်ပေါ်ကို နောက်တစ်ခေါက်သေချာကြည့်လိုက်သည်။ ဟွမ်းစစ်ပေါ်က ပိုကြည့်ကောင်းလာရုံသာမကဘဲ စိတ်အားထက်သန်မှုများ အားအင်များဖြင့်  ပြည့်နှက်နေတာကို  သတိထားလိုက်မိပါသည်။ "ကြည့်ရတာ ဒီလပိုင်းအတွင်း မင်းအများကြီး ကြုံတွေ့ခဲ့ရတယ်ထင်တယ်။ မင်းပုံစံက မတူတော့ဘူး။ မြန်မြန် ငါ့ကို  ပြောပြစမ်းပါ။"

မကြာမီ ကော်ဖီရောက်လာသည်။ ဟွမ်းစစ်ပေါ်က ကော်ဖီတစ်ငုံ သောက်လိုက်သည်။ "မင်းအကြောင်း အရင်ပြောစမ်းပါ။ ကုမ္ပဏီက ဘယ်လိုလဲ။"

"ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။ အရင်အတိုင်းပဲပေါ့။ ပုံသေအတိုင်းပဲ၊ မတိုးတက်သေးဘူး။" မာယိချွမ်၏ မျက်နှာထားက အနည်းငယ် နာကျင်နေပါသည်။ သူနဲ့ အတူတူ အခက်အခဲများကို ဖြတ်ကျော်ခဲ့သော မိတ်ဆွေနဲ့ ဆုံနေရတာ ဖြစ်သောကြောင့် မာယိချွမ် နောက်ဆုံးတော့ သူ့ခံစားချက်များနဲ့ အတွေးများကို ဖိနှိပ်ရင်း စတင်ရှင်းပြလိုက်ပါသည်။

"သိပ်မကြာသေးခင်က လျို့ကြီး ရူးသွားတဲ့ ပုံပဲ။ ငါ့တို့ ဂိမ်းရဲ့ နောက်ဆုံးထွက်မယ့် ဂိမ်းမှာ ဓားတစ်လက်ကို ၈၈၈ ယွမ် ပုံသေစျေး ထားခိုင်းနေတယ်။ အဓိကက... အဲ့ဒီဓားက ရှားပါးလက်နက်တောင် မဟုတ်ဘူး။ အရေအတွက်ကန့်သတ်ထုတ်ကုန်ဖြစ်ပြီး တစ်ခုတည်းပဲရှိတဲ့ ပစ္စည်းမျိုးဆိုရင် အဲ့ဒီစျေးကို ငါလက်ခံပါတယ်။ ဒါပေမယ့် ရာနဲ့ချီရှိနေပြီး တစ်လက်ကို ၈၈၈ ယွမ်နဲ့ ရောင်းမယ်တဲ့။ အဲ့တာ နည်းနည်းရူးရာမကျဘူးလား။"

"နောက်ဆုံးတော့လည်း လျို့ကြီးက အရှုံးမပေးဘူး။ တစ်ယွမ်တောင် မလျှော့ဘူးတဲ့။"

"အဲ့ဒီနောက်ပိုင်း သူက သမုဒ္ဒရာရဲတိုက်ကို အတုခိုးပြီး ဆန်းကြယ်လက်နက် အနီရောင်ချီလင်လက်နက်လို ၈၈၈ ယွမ်နဲ့ ရောင်းနိုင်ရင် ငါတို့ဓားကိုလည်း ရောင်းနိုင်လိမ့်မယ်လို့ ထင်နေတာကို ငါတို့သိသွားတယ်။ နောက်ဆုံးမှာတော့ နောက်ဆုံးထွက်မယ့် ဂိမ်းကို ထုတ်လုပ်လိုက်တော့ ထင်ထားတဲ့အတိုင်းပဲ ကစားသမားတွေ ဝေဖန်တာကို အသေခံခဲ့ရတယ်။ ဘော့စ်ကလည်း လျို့ကြီးကို အကြီးအကျယ် ဆူငေါက်ခဲ့တာ။ ငါတို့ အလုပ်စားပွဲမှာနေရင်းနဲ့တောင် အစည်းအဝေးခန်းထဲက အော်သံတွေကို ကြားနေရတယ်...။”

All Chapters