← Chapters

အခန်း(၁၀၉) အထီးကျန်တဲ့ ဘော့စ်ဖေး

Vol. 8 Ch. 109

အခန်း(၁၀၉) အထီးကျန်တဲ့ ဘော့စ်ဖေး

Vol. 8 Ch. 109

အခန်း(၁၀၉) အထီးကျန်တဲ့ ဘော့စ်ဖေး

ပေါင်ရှုက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့၏ အပ်ဒိတ်များကို ပြီးမြောက်သွားပြီဖြစ်ပြီး နောက်ဆုံးတော့ အနားယူနိုင်ခဲ့ပါပြီ။

လုမင်လျန်သည် ချက်ချင်းဆိုသလိုပင် ပေါင်ရှု စမ်းကစားကြည့်ဖို့ ဂိမ်းဒီဇိုင်နာဂိမ်းကို ပေးလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် သူက ကုမ္ပဏီထဲတွင် နံပါတ်တစ်အတွေ့အကြုံရှိ ဂိမ်းစမ်းသပ်ကစားသူတစ်ယောက်ဖြစ်ကာ ဘော့စ်ဖေး၏ ရည်ရွယ်ချက်များကိုလည်း အသိဆုံးလူ ဖြစ်ပါသည်။

ပေါင်ရှုက အတည်တကျ ဂိမ်းကို တစ်ခေါက်လောက် ကစားကြည့်လိုက်သည်။ ဇာတ်သိမ်းတိုင်းကိုတော့ ရအောင် မကစားပါ။ အချိန်ဖြုန်းရာ ကျပါလိမ့်မည်။ သူ့မသိစိတ်ကိုသာ လိုက်နာပြီး ဂိမ်းကို ၂ ခေါက် ၃ ခေါက်လောက် ကစားလိုက်သည်။

"ဘယ်လိုလဲ ညီအစ်ကိုပေါင် ဂိမ်းက ဘယ်လို ခံစားရလဲ။ ပြောင်းလဲဖို့ လိုတဲ့အရာတွေ ရှိသေးလား။" လုမင်လျန်ကမေးလိုက်ပါသည်။

ပေါင်ရှုက ချက်ချင်းပြန်မဖြေပါ။

ခဏလောက်ကြာမှ ပေါင်ရှု ပြန်ပြောလိုက်သည်။"မင်းတို့တွေကော ဘယ်လိုသဘောရလဲ။"

'မင်းတို့တွေကော' ဆိုသည်မှာ ဂိမ်းဒီဇိုင်နာကို ဖန်တီးရာတွင် ပါဝင်သည့် အားလုံးကို ဆိုလိုပါသည်။ လုမင်လျန်လည်း အပါအဝင် ဖြစ်၏။လုမင်လျန်က တွန့်ဆုတ်သွားပြီး အမှန်တိုင်း ပြောလိုက်ပါသည်။ "လူတော်တော်များများက... ဒီဂိမ်းနည်းနည်း ပျင်းဖို့ကောင်းနေတယ်လို့ ခံစားရတယ်။ ကျွန်တော်ကလွဲပြီး ဘယ်သူမှ ဒီဂိမ်းအပေါ် သိပ်ပြီး ယုံကြည်ချက် သိပ်မရှိကြဘူး။"

"ဒီဂိမ်းကို ဘော့စ်ဖေးကိုယ်တိုင် ဒီဇိုင်းဆွဲထားတယ်ဆိုပေမယ့် ဘာကြောင့်လဲမသိဘဲ... ကစားသမားတစ်ယောက်ကို ထိန်းသိမ်းထားပြီး ဆက်ကစားစေနိုင်မယ့် စိတ်အားတက်ကြွမှုမျိုး မပေးနိုင်ဘူးလို့ထင်ရတယ်။"

လုမင်လျန်က အလွန် အခက်တွေ့နေပါသည်။ တစ်ဖက်တွင် ဘာလုပ်ရမှန်းမသိဘဲ ရှက်ရွံ့မိသည်။ အရင်ဂိမ်းအကြောင်း စဥ်းစားကြည့်သောအခါ ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ သမုဒ္ဒရာရဲတိုက်ကို ဖန်တီးခဲ့ကြပြီး ချက်ချင်းပဲ အောင်မြင်ခဲ့ကြပါသည်။

အခုတော့ သူ့အလှည့်ရောက်ပြီး ဟွမ်းစစ်ပေါ်ဆီမှ တာဝန်လွှဲပြောင်းယူလိုက်သောအခါ ဘော့စ်ဖေးကိုယ်တိုင် သူ့ကိုကူညီပြီး ဂိမ်းကို ပြောင်းလဲမှုများ ပြုလုပ်ပေးခဲ့ရသေးသည်။ သူ့ကိုယ်သူ အဟန့်အတားတစ်ခုလို ခံစားရပြီး မျက်နှာပြစရာလည်း သိပ်မရှိခဲ့ပါ။

တစ်ဖက်မှာတော့ သူ တကယ်စိုးရိမ်နေပါသည်။ ဂိမ်းကစားပုံကို ဘော့စ်ဖေးကိုယ်တိုင် ဒီဇိုင်းဆွဲထားပြီး ဂိမ်း၏ ပန်းချီဒီဇိုင်းများကို ဘော့စ်ကြီးရွမ်ကိုယ်တိုင် တာဝန်ယူပေးထားသည်။ ရှုထောင့်တိုင်းမှာ ဒီဂိမ်းက အလွန်ရေပန်းစားပြီး ဝင်ငွေကောင်းသင့်သည်။

သို့သော်လည်း စမ်းကစားကြည့်လိုက်သောအခါ ရေပန်းစားလောက်မည့် ခံစားချက်မျိုး သိပ်မရခဲ့ပါ။ ဒီဇိုင်းအဖွဲ့ထဲက လူတော်တော်များများက ပျင်းဖို့ကောင်းသည်ဟု ထင်ကြသည်။

ထိုဆန့်ကျင်ဘက်ဖြစ်နေသော ခံစားချက်များကြောင့် လုမင်လျန် အလွန်စိုးရိမ်မိသည်။ ဘော့စ်ဖေးဆီကို တိုက်ရိုက်သွားမေးလို့ မရလောက်သဖြင့် ပေါင်ရှု၏ အထင်အမြင်ကို ကြားချင်ခဲ့ခြင်း ဖြစ်ပါသည်။

ပေါင်ရှုက ခေတ္တ စဥ်းစားလိုက်သည်။ "မင်းရဲ့တွေးပုံခေါ်ပုံက အတွင်းလူတစ်ယောက်ရဲ့ အမြင်ပဲ ထင်တယ်။ မင်းတို့ကောင်တွေက ဂိမ်းရဲ့ဇာတ်ညွှန်းကို မြင်ဖူးတာ ကြာပြီ။ ပြီးတော့ ဂိမ်းထဲက ရွေးချယ်ခွင့်တွေတိုင်းကိုလည်း သိပြီးသားတွေလေ။ မင်းတို့တွေကို တစ်ယောက်ယောက်က Spoiler လုပ်ထားသလိုပေါ့။ အဲ့တာကြောင့် မင်းတို့တွေ ကစားတဲ့အခါ ဘာမှထူးခြားသလို မခံစားရတာပါ။"

"ဘေးလူတစ်ယောက်အနေနဲ့ ငါကတော့ ဒီဂိမ်းကို စိတ်ဝင်စားဖို့ကောင်းပြီး အရမ်းထူးခြားတယ်လို့ ခံစားမိတယ်။"

လုမင်လျန် ကြက်သေ သေသွားပါသည်။ ပေါင်ရှု  ဒီဂိမ်းကို ဒီလို ချီးကျူးလိမ့်မည်ဟု ထင်မထားပါ။

စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်လား။ အရမ်း ထူးခြားတယ်ဟုတ်လား။

သာမန် ဖော်ပြချက်ဟုထင်ရသော်လည်း အဓိက အချက်က ထိုစကားလုံးများ ထွက်လာသော ပါးစပ် ဖြစ်သည်။

ပေါင်ရှုဆိုတာ ဘယ်သူလဲ။ ဂိမ်းဖန်တီးခြင်းနဲ့ ပတ်သက်လာလျှင် နတ်ဘုရားတစ်ပါးပင်။ အရင်က ဂိမ်းအများကြီး ဖန်တီးဖူးသည်။ သူ့အမြင်ကလည်း သာမန် ကစားသမားများထက် အများကြီး ကျယ်ပြောသည်။ သမုဒ္ဒရာရဲတိုက်ထဲတွင် ထည့်သွင်းလိုက်သော ကလေးမလေးကဲ့သို့ ဖြစ်သည်။ ပြည်တွင်းကစားသမားများအတွက် ဒီလိုကစားနည်းမျိုးကို ကြုံတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ သို့သော်လည်း ပေါင်ရှုက ယခင်တုန်းက ဒါမျိုးကို နိုင်ငံခြားဂိမ်းပေါင်းများစွာတွင် မြင်ဖူးကာ ကစားဖူးသဖြင့် ဒီလို တိတိကျကျ ဒီဇိုင်းဆွဲခဲ့ပါသည်။

ဒါက ရှုထောင့်နဲ့ အမြင်တို့ ကွာခြားချက် ဖြစ်ပါသည်။

ဂိမ်းများစွာ ကစားဖူးသည့် ပေါင်ရှုတောင်  ဂိမ်းဒီဇိုင်နာကို စိတ်ဝင်စားဖို့ကောင်းသည်ဟု ပြောသဖြင့် ဂိမ်းဒီဇိုင်နာမှာ တကယ်ပဲ ထူးခြားသည်ဟု ပြောဖို့ လုံလောက်ပါသည်။

သို့သော်လည်း ပေါင်ရှုက ပြောလို့မပြီးသေးပါ။

သူ့မျက်နှာက တည်ကြည်လေးနက်သွားပြီး ပြောလိုက်သည်။ "ဒါပေမယ့် ဒီဂိမ်းက ဝင်ငွေကောင်းမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ဒါက ဘော့စ်ဖေးရဲ့ non-mainstrean ဂိမ်းစမ်းသပ်ချက်လို့ ထင်မိတယ်။ သူ့ကို နတ်ဘုရားလို့ ခေါ်ရလောက်အောင် အောင်မြင်သွားနိုင်သလို ဆိုးဆိုးဝါးဝါးလည်း ကျရှုံးသွားနိုင်တယ်။ အားလုံးက စျေးကွက် ဘယ်လို တုန့်ပြန်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေတယ်။”

"ကျေးဇူးပြုပြီး အလင်းပြပါဦး ညီအစ်ကိုပေါင်။" လုမင်လျန်က စိတ်အားထက်သန်စွာ နားထောင်လိုက်ပါသည်။

ပေါင်ရှုက အတွေးများကိုတွက်ချက်လိုက်၏။ "ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေကို ငါ့ရဲ့ အကန့်အသတ်ရှိတဲ့ ဂိမ်းအတွေ့အကြုံအရပဲ ခန့်မှန်းလို့ရတယ်။ ဘော့စ်ဖေးက အမြဲတမ်း အရမ်းအထီးကျန်နေတဲ့လူတစ်ယောက်လို့ခံစားမိတယ်။"

လုမင်လျန်ကြောင်သွားသည်။ "ဘော့စ်ဖေးက အရမ်းအထီးကျန်တဲ့လူဟုတ်လား။ ဘာလို့ အဲ့လိုပြောရတာလဲ။ ကျွန်တော်က... ဘော့စ်ဖေးကို အကောင်းမြင်တတ်ပြီး ပျော်တတ်တဲ့လူလို့ ထင်ထားတာ။"

"တကယ်လား" ပေါင်ရှုက ပြန်မေးလိုက်သည််။ "ငါတို့ လုပ်ခဲ့တဲ့ ကုမ္ပဏီစုဆုံပွဲတွေကို မှတ်မိသေးလား။ ဘော့စ်ဖေး ဘယ်လိုပြုမူခဲ့သလဲ။"

လုမင်လျန် အနည်းငယ် မင်သက်သွားပါသည်။ ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို ပြန်စဥ်းစားလိုက်သည်။ ထိုစုဆုံပွဲက သမုဒ္ဒရာရဲတိုက်၏ အောင်မြင်မှုကို အောင်ပွဲခံဖို့ စားသောက်ပွဲ ဖြစ်၏။ ဘော့စ်ဖေးက အားလုံးကို ယွမ် ၄၀၀ ဘူဖေး စားဖို့ ခေါ်သွားခဲ့သည်။

သူတို့ အလွန်ပျော်ရွှင်ခဲ့ရပြီး အစားအသောက်ကလည်း ကောင်းလွန်းသဖြင့် ထိုနေ့က အမှတ်တရများမှာ လတ်ဆတ်နေဆဲ ဖြစ်သည်။

ဘော့စ်ဖေး ဘယ်လို ပြုမူခဲ့လဲ။ သိပ်ပြီး မမှတ်မိပါ။

သူ့မှတ်ဉာဏ်ကိုထပ်ပြီး အလုပ်ပေးဖို့ ကြိုးစားလိုက်သည်။

"ကျွန်တော်ထင်တာတော့... ဘော့စ်ဖေး တစ်ချိန်လုံး ငြိမ်ငြိမ်လေး ထိုင်နေတယ်လို့ပဲ ထင်တယ်။ အများကြီး သောက်လည်းမသောက် စားလည်းမစားဘူး။ သူ့စိတ်ထဲမှာ တွေးစရာတွေ အများကြီးရှိနေတဲ့ပုံပဲ။ အမြဲတမ်း တွေးနေတာလေ။" လုမင်လျန်က ပေါင်ရှုကို ကြည့်လိုက်ပါသည်။

ပေါင်ရှုက ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ အဲ့လိုနေရာမျိုးနဲ့ ပတ်ဝန်းကျင်မျိုးမှာ လူတစ်ယောက်ရဲ့ တကယ့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မြင်နိုင်ပါ့မလား။ ပုံမှန်ရုံးမှာဆိုရင် ဘော့စ်ဖေးက ငါတို့ရှေ့မှာ ခင်တတ်တဲ့ပုံစံနဲ့။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒါဘော့စ်ဖေးလုပ်ရမယ့်အရာပဲ။ ငါတို့ကို သူ့ရဲ့ အကောင်းဆုံး အားအင်တွေကို ပြသဖို့၊ ငါတို့ကို အားပေးဖို့လေ။"

"ဒါပေမယ့် စားသောက်ဖို့အတွက် စုဆုံကြတဲ့နေရာမှာ တကယ်အထီးကျန်တဲ့ လူတစ်ယောက်က အနည်းနဲ့ အများဆိုသလို သူ့ရဲ့ ခံစားချက်အစစ်အမှန်တွေကို ထုတ်ပြတတ်တယ်ကွ။"

"စဥ်းစားကြည့်လိုက်စမ်းပါ။ အဲ့ဒီတုန်းက သမုဒ္ဒရာရဲတိုက်ရဲ့ ဖန်တီးမှုက ပြီးသွားပြီ။ ငါတို့ကလည်း အောင်မြင်မှု ကြီးကြီးမားမား ရထားကြတယ်။ အရသာရှိတဲ့ ဟင်းလျာတွေလည်း အားလုံးရှေ့မှာ တည်ခင်းပေးထားတယ်။ ဘယ်လိပဲကြည့်ကြည့် ဘာမှ စိုးရိမ်စရာမလိုတဲ့ အခြေအနေပဲ မဟုတ်လား။"

"ဘော့စ်ဖေး ဒီလောက်ထိ စိတ်မသက်မသာဖြစ်အောင် ဘာက လုပ်နိုင်တာလဲ။ ရင်ထဲက အထီးကျန်မှုပဲပေါ့။"

အဓိပ္ပာယ်ရှိသလိုလိုဖြစ်လာသဖြင့် လုမင်လျန် မျက်တောင်ခပ်လိုက်ပါသည်။ ဘော့စ်ဖေးက တကယ်ပဲ ထိုအချိန်တုန်းက သူ့ပုံစံ အစစ်အမှန်အတိုင်း ရှိနေခဲ့ပါသည်။ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာတွင် ဖြစ်သည်။

ပေါင်ရှုက ဆက်ပြောလိုက်သည်။ "ပြီးတော့ ငါ တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ကို အပ်ဒိတ်တွေ တင်နေတုန်းက ဂိမ်းတွေထဲမှာ အဲ့လို ဆင်တူတဲ့ခံစားချက်မျိုးကို ရတယ်။ ဒါတွေက ဂိမ်းတွေကို ပထမဆုံး ဒီဇိုင်းဆွဲတဲ့ အဆင့်တွေမှာ နက်နက်ရှိုင်းရှိုင်းပုန်းကွယ်နေတဲ့ ခံစားချက်တွေပဲဖြစ်မယ်။"

"တစ္ဆေစစ်သူကြီးကိုပဲ နမူနာ ယူကြည့်လိုက်စမ်းပါ။  ဘာဖြစ်လို့ စျေးကို ၁၀ ယွမ်နဲ့ ရောင်းပြီး ရာသက်ပန်ကတ်ကို ယွမ် ၃၀ တည်းနဲ့ ရောင်းတာလဲ။ အဲ့တာက ဂိမ်းလောကရဲ့ နှလုံးသားမဲ့မှုကို လှောင်ပြောင်တာလို့ထင်တယ်။”

"ဒီဂိမ်းက အဲ့လောက်တန်ဖိုးမရှိဘူးလို့ ဘော့စ်ဖေးက ထင်တာဖြစ်နိုင်တယ်။ အဲ့တာကြောင့် သူက ကတ်တစ်ကတ်ကို ယွမ်ရာချီထောင်ချီနဲ့ ရောင်းလိုက်ရင် သူ လူညစ်ဖြစ်သွားလိမ့်မယ်။ တစ္ဆေစစ်သူကြီးရဲ့ ဖန်တီးခြင်းက ဒီလို ညစ်နွမ်းမှုကို ပြသဖို့ပဲ။ ကတ်လေးတစ်ကတ် ရဖို့ ဒီလောက် ပိုက်ဆံအများကြီး သုံးရတာ ရယ်ဖို့ကောင်းတယ်ဆိုတာ ကစားသမားတွေ နားလည်လာအောင်လို့ပဲ။"

"အထီးကျန်ကန္တာရလမ်းကနေ တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်အထိ... ပြီးတော့ အခု ဂိမ်းဒီဇိုင်နာအထိပါ။ ဘော့စ်ဖေးက အကျင့်ပျက်ပြားတဲ့၊ လောဘကြီးတဲ့ နှလားသားမဲ့တဲ့ ဂိမ်းလောကကို လှောင်ပြောင်ဖို့ ဆန်းကြယ်တဲ့နည်းလမ်းတွေချည်းပဲသုံးခဲ့တာ။"

"ဒါပေမယ့်... ဂိမ်းဒီဇိုင်နာက ပိုပြီးတောင် တဲ့တိုးဆန်၊ ကြမ်းတမ်းပြီး အရင်ဂိမ်းတွေထက် ပိုလေးနက်နေတဲ့ပုံပဲ။ ... အဲ့တာက... ပိုပြီးတောင် သနားဖို့မကောင်းတော့ဘူး။"

လုမင်လျန်၏ မျက်လုံးများ ဖြည်းဖြည်းချင်း ဝိုင်းစက်လာပါသည်။ အဲ့တာကြောင့်ကိုး>

အားလုံး အခုတော့ အဓိပ္ပာယ်ရှိသွားပါပြီ။

သို့သော်လည်း မကြာခင် လုမင်လျန် သူ နားမလည်တာ တစ်ခုခု ထပ်တွေ့သွားပြန်ပါသည်။

"နေပါဦး။ ဒီဂိမ်းက အရမ်းလေးနက်တယ်ဆိုရင် ဘာဖြစ်လို့ မဟာအောင်မြင်မှုကြီးဖြစ်နိုင်သလို ဧရာမ ကျရှုံးမှုကြီးလည်း ဖြစ်နိုင်တယ်လို့ ညီအစ်ကိုပေါင်က ထင်တာလဲ။”

ပေါင်ရှုက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး အဝေးက ရှုခင်းများကို ငေးကြည့်လိုက်သည်။ "ခေတ်ရှေ့ပြေးတဲ့ ထုတ်ကုန်တိုင်းက... အကုန်လုံး ဒီလိုပဲ မဟုတ်လား။ တကယ့် အနုပညာရှင်အစစ်ကို လူထုက နားလည်မှာ မဟုတ်သလို အသိအမှတ်ပြုမှာလည်း မဟုတ်ဘူး။ စီးပွားရေးနဲ့ ကော်မာရှယ် အပိုင်းတွေမှာ ကျရှုံးဖို့ဆိုတာ တကယ်သာမန်လိုပါပဲ။"

"ဂိမ်းဒီဇိုင်နာသာ ကျရှုံသွားရင် ဘော့စ်ဖေးရဲ့ ကျရှုံးမှု မဟုတ်ပါဘူး။ ဒီတိုင်း... ဂိမ်မာတွေနဲ့ ဒီလိုဂိမ်းကောင်းမျိုးနဲ့ မထိုက်တန်တာပါ။ ဧကန္တ အနာဂတ်ကျမှ သူတို့တွေ ဒီဂိမ်းရဲ့ တန်ဖိုးကို ဖြည်းဖြည်းချင်း နားလည်လာလိမ့်မယ်။"

"လောလောဆယ်တော့... ဒီ ပျက်ယွင်းနေတဲ့ ဂိမ်းစျေးကွက်က ဒီဂိမ်းရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်မလား မလည်နိုင်ဘူးလားဆိုတာ... ငါလည်း တကယ်မသိသေးပါဘူး။"

All Chapters