← Chapters

အခန်း(၁၁၄) ဒီအမှိုက်ဂိမ်းကို ဘယ်တော့မှမထိကြနဲ့

Vol. 8 Ch. 114

အခန်း(၁၁၄) ဒီအမှိုက်ဂိမ်းကို ဘယ်တော့မှမထိကြနဲ့

Vol. 8 Ch. 114

အခန်း(၁၁၄) ဒီအမှိုက်ဂိမ်းကို ဘယ်တော့မှမထိကြနဲ့

ဧပြီလ ၁ ရက်နေ့။ ဧပြီဖူးနေ့။

ဂိမ်းဒီဇိုင်နာကို တရားဝင် တင်ကာ ရောင်းချနေပါပြီ။ ရောင်းချသည့် စျေးနှုန်းက ၂၈ ယွမ်ဖြင့် ဖြစ်သည်။

ယခု ထန်းတာ့က နာမည်ကြီးလာပြီး ၎င်း၏ ဂိမ်းအသစ်ကို ကြော်ငြာဖို့ ဗီဒီယို ယူပီမာစတာများစွာကိုပင် ငှားခဲ့သည်။ ဂိမ်မာများ သတိမထားမိဘဲ ဂိမ်းကို တင်ဖို့က မဖြစ်နိုင်တော့ပါ။

ဖေးချမ့် စျေးသတ်မှတ်ဖို့ အချိန်အတော်ကြာ အခက်တွေ့ခဲ့သည်။

တစ္ဆေစစ်သူကြီးမှ ရခဲ့သော သင်ခန်းစာကြောင့် စျေးကို နိမ့်နိမ့်ထားလို့ မဖြစ်ပါ။ သမုဒ္ဒရာရဲတိုက်မှ ရခဲ့သော သင်ခန်းစာကြောင့် စျေးကို အမြင့်ကြီးလည်း ထားလို့ မဖြစ်သေးပါ။

ဒါဆို သူဘာလုပ်ရမလဲ။

သူ စျေးနှုန်းကို အနေတော် သတ်မှတ်ရမည်။

ဖေးချမ့် အကြာကြီး စဥ်းစားခဲ့၏။ နောက်ဆုံးတော့  သာမန်ထက် အနည်းငယ်သာ နည်းသည့် စျေးကို သတ်မှတ်ခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဂိမ်းဒီဇိုင်နာ၏ လက္ခဏာမှာ ကစားသမားများက ကိုယ်တိုင်မကစားဘဲ အကုန်သိနိုင်သောကြောင့် ဖြစ်သည်။

အကြောင်းအရာ ဖန်တီးသူများက သူတို့ ကစားထားသည့် ဗီဒီယိုများကို ရက်ကော့ဒ်လုပ်ပြီး တင်လိုက်ပါက ကစားသမားများက ရသအပြည့်အစုံကို ဗီဒီယိုဝက်ဘ်ဆိုက်များတွင် ကြည့်ရှုခြင်းအားဖြင့် ရရှိနိုင်မည်ဖြစ်သည်။

တစ်နည်းအားဖြင့် ဂိမ်းကိုဝယ်မည့် အဓိက အုပ်စုက အမာခံဂိမ်မာကြီးများ ဖြစ်ကြပါသည်။

ထိုလူများက ယူပီ မာစတာများ၊ တင်ဆက်သူများနဲ့ ပြည်တွင်းထုတ် သီးခြားဂိမ်းများကို ကစားဖို့ စိတ်အားထက်သန်ကြသည့် ဂိမ်မာများသာ ဖြစ်သည်။

ထိုလူအုပ်စုက စျေးမကြည့်တတ်ကြပေ။ ဂိမ်းတစ်ခုက ယွမ် ၃၀ ဖြစ်ဖြစ်၊ ယွမ် ၉၀ ဖြစ်ဖြစ် သူတို့အတွက် ဘာမှ မခြားနားပါ။ သူတို့ကစားချင်ပါက ဝယ်ကြလိမ့်မည်။

ဂိမ်းရသကို အခမဲ့ရဖို့သာ အသားကျနေသည့် ကလောက်ဒ်ပလေယာများအတွက်တော့ စျေးနှုန်းက ဘယ်လောက်ပဲနိမ့်နိမ့် သုညယွမ်ထက်တော့ မနိမ့်နိုင်တော့ပါ။

ထို့ကြောင့် အားလုံးကို စဥ်းစားဆုံးဖြတ်ပြီးနောက် ဂိမ်းကို ၂၈ ယွမ်လောက် ထားလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပါသည်။ ဒါက ဖေးချမ့်ကို စနစ်က ခွင့်ပြုထားသည့် အနိမ့်ဆုံးစျေးပဲ ဖြစ်သည်။

ပစ်မှတ်ထားသည့် ပရိတ်သတ်က နည်းနည်းများများ ဒီစျေးနှုန်းနိမ့်နိမ့်က ဖေးချမ့် နည်းနည်းသာ အမြတ်ရဖို့ အာမခံပေးနိုင်ပါလိမ့်မည်။

ထိုစျေးနှုန်းကြောင့် ကုမ္ပဏီထဲက လူတချို့ကတော့ စိုးရိမ်လာသည်။ သူတို့ အရင်းပြန်မရမှာကို စိုးရီမ်နေကြသည်။ သို့သော်လည်း ဖေးချမ့်က သူတို့ အကြံပေးချက်များကို အကုန်ပယ်ချခဲ့ပါသည်။ နောက်ဆုံးတော့ စျေးကို သတ်မှတ်လိုက်၏။

ဂိမ်း၏ ဖော်ပြချက်များက များပြားသော ရင်းနှီးမြှုပ်နှံမှုများ၊ အလွန်လန်းသော နောက်ခံများ၊ အလွန်အမင်း ရေပန်းစားကာ မျှော်လင့်ထားသလောက် မရောင်းရခြင်းတို့ ဖြစ်သည်။

အခုချိန်ထိ ဂိမ်း၏ အဓိက ရင်းနှီးမြှုပ်နှံမှုမှာ ၎င်း၏ ပန်းချီရင်းမြစ်များဖြစ်သည်။ ပန်းချီရင်းမြစ်များအတွက် ယွမ် ၂ သန်းကျော်လောက် ထည့်ခဲ့သည်။ တခြားကုန်ကျစရိတ်များနဲ့ ပေါင်းလိုက်ပါက ဂိမ်းဖန်တီးဖို့ စုစုပေါင်း ယွမ် ၃ သန်းလောက် သုံးခဲ့ကြပါသည်။

ရွမ်ကွမ်းကျန့်က သူတို့ကို စျေးလျှော့ပေးသည်။ သို့သော်လည်း သူက အန်နီမေးရှင်းဒီဇိုင်း တာဝန်ကိုသာ ယူထားသူဖြစ်သည်။ထန်းတာ့က တကယ့် အန်နီမေးရှင်း၊ နောက်ခံဘက်ကရောင်းနှင့် မော်ဒယ်များကို ဖန်တီးဖို့ တခြားလူများကို ပေးရပါသေးသည်။

ဂိမ်းအတွက် တခြား ကုန်ကျစရိတ်များကို ပေါင်းထည့်လိုက်သောအခါ သူတို့အမြတ်ရဖို့အတွက် ၃၀၀,၀၀၀ ကော်ပီလောက် ရောင်းရမှဖြစ်မည်။

ဖေးချမ့်ကတော့ ဒီလောက်ရောင်းရမှာ မဟုတ်မှန်း ယုံကြည်ချက် ပြည့်ဝနေပါသည်။

ဂိမ်မာများအနက် အနည်းစုက စိတ္တဇများဖြစ်သည်ကို သူလက်ခံနိုင်ပါသည်။ သို့သော်လည်း စိတ္တဇ အယောက် ၃၀၀,၀၀၀ လောက်တော့ မရှိနိုင်ဘူးမဟုတ်လား။

...

ဂိမ်းကို တင်လိုက်သည့် တချိန်တည်းမှာပဲ ချောင်းလျန်ကလည်း သူ့ဗီဒီယိုကို တင်လိုက်ပါသည်။

တင်ပြီးသွားသောအခါ ချောင်းလျန်က ချက်ချင်းပဲ ပိုတေးတိုးဝက်ဘ်ပလက်ဖောင်းထဲမှ လော့ဂ်အောက် လုပ်လိုက်ပါသည်။ သူ့ပရိတ်သတ်များဖြင့် စကားပြောသော ပလတ်ဖောင်းမှ အသိပေးချက်များကို ပိတ်လိုက်ပြီးဖုန်းကိုပါ အသံတိတ်မုဒ် ပြောင်းလိုက်ပါသည်။  အသက်အရှည်ကြီး ရှူလိုက်ပြီးနောက် သီးသန့်မုဒ်ထဲ ဝင်ရောက်သွားပါတော့သည်။

ချက်ချင်းပဲ လင့်ခ်ကို လုမင်လျန်ထံသို့ ပို့ပေးလိုက်သည်။ ခဏကြာသောအခါ သူတို့က ငွေလွှဲပေးလိုက်ပါသည်။ ယခု ပိုက်ဆံက အကောင့်ထဲဝင်လာပြီဖြစ်သဖြင့် ချောင်းလျန် စိတ်အေးလက်အေး သက်ပြင်းအရှည်ကြီးချမိပါသည်။

အိုကေပြီ။

အခုတော့ အားလုံးကို မျက်ကွယ်ပြုနိုင်ပြီ။ နောက်မှဖြစ်လာမည့် ဗြောင်းဆန်မှုများကို ဂရုမစိုက်တော့ပါ။ ပိုက်ဆံက အကောင့်ထဲ ရောက်နေပြီဖြစ်သဖြင့် ဒါတွေကို ပြန်ဂရုမစိုက်ခင် ၂လလောက် အသာလေး နေလို့ ရပါသည်။ အပြင်းအထန် ဆဲဆိုခံရရင်တောင် နှစ်လအတွင်း အားလုံး ပျောက်ကွယ်သွားလိမ့်မည်။ ဘာမှမဖြစ်ခဲ့သလို သူ ဟန်ဆောင်နေလိုက်မည်။ ဆရာချောင်းက လူကောင်းတစ်ယောက် ဖြစ်နေဆဲပင်။

....

ချောင်းလျန် ဗီဒီယိုကို တင်လိုက်ပြီး သိပ်မကြာလိုက်ပေ။ သူ့ပရိတ်သတ်များထံသို့ အသိပေးချက်များ ဝင်လာပါသည်။ ၁၀ မိနစ်အတွင်း သူ့ပရိတ်သတ်များ၏ စိတ်အခြေအနေများ လုံးဝ ပြောင်းလဲသွားကြသည်။ အားလုံး နာကျင်သွားပါသည်။

ပထမ ဆရာချောင်း ဗီဒီယိုအသစ်တင်တာကို မြင်လိုက်ရတော့ သူတို့အပျော်လွန်သွားကြပါသည်။ တစ်လတာ အကောင်းဆုံးဂိမ်းအသစ်များဆိုသည့် နာမည်အောက်တွင် တင်ထားတာကို မြင်လိုက်သောအခါ အပျော်များ တစ်ဝက် ပျောက်ကွယ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ဒီအပိုင်းက စပွန်ဆာများအတွက် လုပ်ပေးသော အပိုင်း ဖြစ်တာကို သူတို့ သိထားသောကြောင့်ပင်။ ထိုဗီဒီယိုများက သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းပါ။ ပရိတ်သတ် တစ်စိတ်တစ်ပိုင်းက အပျင်းပြေ အသိပေးချက်ကို နှိပ်ပြီး ဗီဒီယိုကို ကြည့်လိုက်ပါသည်။

ထို့နောက် သူတို့၏ အမြင်များ တစ်စစီ ပျက်စီးသွားရသည်။ ဗီဒီယိုတစ်ခုလုံးတွင် ဂိမ်းတစ်ခု၏ ရီကောဒင်းဗီဒီယိုများသာ ပါဝင်သည်။ ဂိမ်းက အလွန်လှပပြီး ဝေဖန်စရာ ဘာမှ မရှိပါ။

သို့သော်လည်း နောက်ခံစကားပြောနဲ့ အကြောင်းအရာကို စကားလုံးတချို့ဖြင့်သာ ဖော်ပြနိုင်သည်။ 'နားမခံနိုင်လောက်အောင်ရှိလှပါသည်'။

"ဒယ်ဒီတို့ မင်္ဂလာပါ။ မင်းတို့တွေသိထားတဲ့ အရင်တုန်းက ဂိမ်းဘိုးအေကြီး ဆရာချောင်းပါပဲ။ ငါ ဒီဗီဒီယိုကို မစခင်မှာ ဒယ်ဒီတို့ ငါ့ကို စိတ်လျှော့ခွင့်ခဏပေးမလား။ ရှလွပ် ရှလွပ် ရှလွပ်... အဲ...။”

"အားလုံးပဲ မင်းတို့ အခုကြည့်နေတဲ့ဂိမ်းကတော့... ဘယ်သူလုပ်ထားတာလဲမြင်ရလား။ ထန်းတာ့တဲ့၊ ထန်းတာ့ဂိမ်းကုမ္ပဏီက ဂိမ်းအသစ်တစ်ခုကို ထုတ်လုပ်လိုက်ပြီ။ အခု ဒီဂိမ်းရဲ့ ဓာတ်ပုံတွေကို ပြပြီး အရင်စလိုက်မယ်...။”

"အားလုံးပဲ ဆောရီးပါ။ ငါ နည်းနည်း ဗလုံးဗထွေး ဖြစ်သွားတယ်။ အိုးအို Ladies and gentle men, the very first time......"

"ဒီလိုမျိုး မခံစားရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒီဂီမ်းကိုစောင့်နေခဲ့တာ တော်တော်ကြာခဲ့ပြီ။ ၃နာီ ၁၁ မိနစ်မှာ ထန်းတာ့ရဲ့ ဂိမ်းဖန်တီးအဖွဲ့က ဒီဗီဒီယိုကုန်ကြမ်းတွေကို အွန်လိုင်းပေါ်ကနေ ငါ့ဆီပို့ပေးခဲ့တယ်။ နာမည်က ဂိမ်းဒီဇိုင်နာတဲ့။ G-A-M-E game ဂိမ်းဒီဇိုင်နာတဲ့"

"မိုက်လိုက်တာ"...

ဆရာချောင်း၏ ပရိတ်သတ်များစွာ ကြက်သေသေကုန်ကြပါသည်။ ၎င်းတို့၏ ပါးစပ်များက ဗီဒီယိုအဆုံးထိ အိုသဏ္ဍာန် ဖြစ်နေကြသည်။ ဗီဒီယိုက သိပ်မကြာပါ။ အများဆုံး ၁၀ မိနစ်လောက်သာရှိပါသည်။ သို့သော်လည်း ဗီဒီယီုစတိုင်က ဆရာချောင်း၏ တခြားဗီဒီယိုများနဲ့ အတော်လေး ကွာခြားနေပါသည်။ လုံးဝ တခြားတစ်ယောက်က လုပ်ထားသလိုပင်။

ယခင်တုန်းက တစ်လတာ အကောင်းဆုံး ဂိမ်းအသစ်များ နာမည်အောက်က ဗီဒီယိုများက စပွန်ဆာဗီဒီယိုများသာဖြစ်သော်လည်း ဆရာချောင်းက အားစိုက်ထုတ်ခဲ့ပါသေးသည်။ ဂိမ်းတိုင်း၏ စတိုင်နဲ့ ကိုက်ညီမည့် မိတ်ဆက်မျိုးကို ဖန်တီးခဲ့သည်။ ထိုဗီဒီယိုများတွင် အလွန်ချောမွေ့ပြီး အဆက်အစပ်ရှိစွာ စကားပြောခဲ့သည်။ စပွန်ဆာဗီဒီယိုများဖြစ်သဖြင့် ဂိမ်း၏ ကောင်းကွက်များကို အသားပေးပြောပြီး  ဆိုးကွက်များကိုတော့ အပေါ်ယံသာပြောခဲ့ပါသည်။ သို့သော်လည်း ထိုဗီဒီယိုများက အကြောင်းအရာမများဖြင့် ပြည့်ဝနေပြီး စိတ်ဝင်စားဖို့ ကောင်းဆဲဖြစ်သည်။

ဒီဗီဒီယိုကတော့ ဘာကြီးလဲ။

ထူးထူးဆန်းဆန်း အင်္ဂလိပ်စကားလုံးများကို မန်ဒရင်းစကားများဖြင့် ရောနှောပြောနေသည်။ ကြည့်ရှုသူများရွံရှာစေမည့် လေသံဖြင့်ပင်လုပ်ပြောနေသေးသည်။ ဂိမ်းကို အဆုံးမရှိအောင် ချီးကျူးနေပြီး ဆိုးကွက်တစ်ခုမှပြောမသွားပါ။ ထို့အပြင် ဘာမှ အသုံးမဝင်သည့် အရာများကိုသာ ပြောနေသည်။ ဂိမ်း၏ တကယ့်ကောင်းကွက်များကို မရှာနိုင်သည့် ပုံစံမျိုးပင်။

အရေးအကြီးဆုံးကတော့ ဗီဒီယိုတစ်ခုလုံးကို ကြည့်ပြီးတာတောင် သူတို့ ဘာတန်ဖိုးမှ မမြင်ခဲ့ရခြင်းပင်။ အားလုံးက အဓိပ္ပာယ်မဲ့လွန်းလှသည်။ အချိန်ဖြုန်းရာကျသည်။ လူတွေကို အတွင်းထိလှိုက်ပြီးရွံသွားစေတာကလွဲပြီး ဒီဗီဒီယိုက ဘာရည်ရွယ်ချက်မှ ရှိမနေပါ။

ဗီဒီယိုကိုကြည့်ပြီးနောက် ပရိတ်သတ်များစွာက ရက်စက်သော အမှန်တရားကို လက်မခံနိုင်ကြတော့ပေ။

"ဆရာချောင်း ခင်ဗျား ပြန်ပေးဆွဲခံထားရတာဆိုရင် မျက်တောင်ခတ်ပြပါ။ သြော် ဟုတ်သားပဲ။ ခင်ဗျားရဲ့ မျက်နှာမှ မပါတာ ထားလိုက်ပါတော့။”

"ဒါ ဘာကြီးလဲ။ အရွဲ့တိုက်တာမျိုးဆို ထားပါတော့၊ ဒါပေမယ့် ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲကွာ။”

"သွားစမ်း သွားစမ်း။"

"ဖားယားနေတာများ သေဖို့တောင် ကောင်းတယ်။"

"တစ်လတာအကောင်းဆုံးဂိမ်းအသစ်များ ခေါင်းစဥ်အောက်မှာ တင်ထားကတည်းက ဒီဗီဒီယိုကို မနှိပ်ခဲ့သင့်ဘူး။”

"ဒါ ဘာအဓိပ္ပာယ်တုန်း။ ဧပြီဖူးဟာသ လုပ်တာလား။ အင်း ဧပြီလ တစ်ရက်နေ့ဆိုတော့ ဖြစ်နိုင်တယ်။”

"သူ အရွဲ့တိုက်နေတာလား တကယ်ပြောနေတာလား ဆိုတာတောင် မပြောတတ်တော့ဘူး။”

"သူ အရွဲ့တိုက်နေတာလား ရူးနေတာလားဆိုတာ မခွဲနိုင်ရင် ရူးနေတယ်လို့သာ မှတ်လိုက်။”

"ငါ ရေထားတယ်။ ဒီဆယ်မိနစ် ဗီဒီယိုထဲမှာ အိုးအိုလို့ပြောတာ အခါ ၃၀ကျော်တယ်။ ငါတော်တော်ပျင်းနေတာ။ မင်း တော်တော်ဆိုးရွားတဲ့ကောင်ပဲ။”

"အို့အို မိုက်လိုက်တာ။ ငါ့အလှည့်ရောက်ပြီ။"

"အရင်တုန်းက ဂိမ်းပေါင်းများစွာ ကစားဖူးတဲ့ ဆရာချောင်းကို ဒီလိုစပွန်ဆာ ဗီဒီယိုမျိုး ဖန်တီးအောင် လုပ်နိုင်တဲ့ ပိုက်ဆံပမာဏကို ယုံတောင် မယုံနိုင်ဘူး။”

"သူ ဒီဗီဒီယိုအတွက် ပိုက်ဆံတောင် ရပါ့မလားလို့ သံသယဖြစ်လာပြီ။ သူ ဒီလောက်ထိ ဖားယားနေတာကိုမြင်ပြီးတော့ အလုပ်ရှင်ကြီးက ရွံမသွားနိုင်ဘူးလား။"

"အဓိက အချက်က... သူက ထန်းတာ့ဂိမ်းအတွက် ကြော်ငြာပေးနေတာကွ။ အထီးကျန်ကန္တာရလမ်းကနေ အခု ဂိမ်းဒီဇိုင်နာအထိ... ငါ ကြောင်နေပြီ။ ထန်းတာ့နဲ့ ဆရာချောင်းတို့အကြား ဘာတွေ ဖြစ်ခဲ့တာလဲ။”

"ဂိမ်းတွေကို ဝေဖန်တဲ့ ယူပီမာစတာကြီးကို  မိစ္ဆာဂိမ်းကုမ္ပဏီရဲ့ ပိုက်ဆံက အနိုင်ယူသွားပြီလား။ သူတို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ တွေးကြည့်လို့တောင်မရဘူး။”

"ထန်းတာ့ကလည်း ဒီနေ့ တကယ် ဂိမ်းအသစ်တင်လိုက်တဲ့ပုံပဲ။ နာမည်က ဂိမ်းဒီဇိုင်နာတဲ့။ ဆရာချောင်းကို ပိုက်ဆံပေးပြီး လုပ်ခိုင်းတာ ၉၉.၉၉ ရာခိုင်နှုန်း သေချာပါတယ်။”

"တကယ် ထန်းတာ့ဂိမ်းလား။ တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့ကို လုပ်ခဲ့တဲ့ ကုမ္ပဏီလား။ ဒါ... သူတို့ မားကတ်တင်းနည်းလမ်းက ဘာလို့ ဒီလောက်စုတ်ပြတ်ရတာလဲ။ ဒါမှမဟုတ် ဆရာချောင်းကပဲ စုတ်ပြတ်နေတာလား။"

"ဒီဗီဒီယိုကိုကြည့်ပြီးတော့ ဒီအမှိုက်ဂိမ်းကို ဘယ်တော့မှ မထိဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ထန်းတာ့ဂိမ်းဖြစ်နေတာကို မြင်လိုက်တော့ ငါစမ်းကစားကြည့်ချင်လာလို့။ ဘယ်လိုလုပ်ရမလဲ။”

"မလုပ်နဲ့။ သောက်ချီးထုပ်ဂိမ်းဆိုတာ သိရဲ့သားနဲ့ ဘာလို့ဆော့မှာလဲ။ ကိုယ့်ကိုယ်ကို တော်တော်မုန်းနေတာလား။”

"ငါကတော့ ဆန့်ကျင်ဘက်ပဲ။ ငါ့သားကို ဒီလောက်ထိ စုတ်ပြတ်သွားအောင် ဘယ်လိုဂိမ်းက လုပ်လိုက်တာလဲ တကယ်သိချင်တယ်။”

All Chapters