← Chapters

အခန်း(၁၁၅) တော်တော်ပျော်မနေတဲ့ ဆရာချောင်း

Vol. 8 Ch. 115

အခန်း(၁၁၅) တော်တော်ပျော်မနေတဲ့ ဆရာချောင်း

Vol. 8 Ch. 115

အခန်း(၁၁၅) တော်တော်ပျော်မနေတဲ့ ဆရာချောင်း

ဆရာချောင်း၏ ပရိတ်သတ်အားလုံး ကြက်သေ သေကုန်ကြပါသည်။ သူတို့ ဒီဗီဒီယိုကို မယုံနိုင်ကြပေ။ သို့သော်လည်း သူတို့ ရွေးချယ်စရာမရှိဘဲ လက်ခံရပါမည်။ ဆရာချောင်းကို ရှာမရတော့ပါ။

သူတို့ ဆရာချောင်းကို ဖန်များနှင့် စကားပြောသော ပလက်ဖောင်းတွင်လည်း ပူးတွဲ၍ တင်လို့ မရတော့ပေ။ ဆရာချောင်းက သီးသန့်မက်ဆေ့ချ်များကိုလည်း စာမပြန်တော့ပါ။ ဆရာချောင်းကို စီမံပြီး ဖုန်းနံပါတ်ရထားသည့် လူများက ကြိုးစားခေါ်ကြည့်သော်လည်း ဆက်သွယ်လို့ မရခဲ့ပါ။

ဒါက လုပ်ချင်ရာလုပ်ပြီး သတ္တိကြောင်စွာ ထွက်ပြေးသွားတာမျိုးနှင့် တူနေပါသည်။

ပရိတ်သတ်များအားလုံး ခေါင်းရှုပ်ရာမှ ဒေါသထွက်သွားသည်။ ဒေါသထွက်ရာမှ စိတ်ပျက်သွားသည်။ စိတ်ပျက်ပြီးနောက် ပြန်ပြီး စိတ်တည်ငြိမ်သွားသည်။ ထို့နောက် ရုတ်တရက်ကြီး တိတ်ဆိတ်သွားကြသည်။ ဆရာချောင်း၏ ခွကျသော လုပ်ရပ်က ချီးကျူးထိုက်ပါသည်။ ဒီ ဧပြီဖူးနေ့ကို တစ်မူဆန်းသစ်အောင် လုပ်ပေးနိုင်ခဲ့ပါသည်။

သို့သော်လည်း ဒါက အဆုံးသတ် မဟုတ်သေးမှန်း အားလုံးသိသည်။

ဗီဒီယိုဝက်ဘ်ဆိုက်မျိုးစုံတွင် တခြား အကြောင်းအရာ ဖန်တီးသူမျးစွာကလည်း ဂိမ်းဒီဇိုင်နာအတွက် ထောက်ခံသော ဗီဒီယိုများ စတင် ဖန်တီးလာကြသည်။ ထို့အပြင် ထိုဗီဒီယိုများက ရွံဖို့ကောင်းပါသည်။ ခြားနားမှုတော့ ရှိကြသည်။ သို့သော်လည်း ထိုခြားနားမှုဆိုတာ ဗီဒီယိုခေါင်းစဥ်၊ တည်းဖြတ်သည့် နည်းလမ်းနှင့် အသုံးပြုထားသည့် ပန်းချီရင်းမြစ်တို့ဖြစ်ကာ အကြောင်းအရာ ဖန်တီးသူ၏ အသံတို့သာ ဖြစ်သည်။

ဗီဒီယို၏ စာသားများက အတူတူပဲ ဖြစ်ကြသည်။ တရုတ်နဲ့ အင်္ဂလိပ်စကားကို ရောနှောထားသည်။ လျှာသပ်သံနှင့် တံတွေးမျိုချသံများကိုပင် ကြားရပါသည်။

ထိုဗီဒီယိုများကို ကြည့်မိသည့် ပရိတ်သတ်တိုင်း စိတ်ဓာတ်ကျသွားကြပါသည်။

ဒါဘာကြီးလဲ>

ထို အကြောင်းအရာ ဖန်တီးသူများက အတိုင်းအတာ တစ်ခုအထိ နာမည်ရှိကြသော်လည်း ဂိမ်းလောက၊ အလှအပရေးရာနယ်ပယ်၊ ဘဝနေထိုင်မှုဆိုင်ရာနယ်ပယ်၊ ဒစ်ဂျစ်တယ်၊ နည်းပညာစသည့် နယ်ပယ်ပေါင်းစုံကို ပေါင်းကူးလေ့ရှိသည်။ ကဏ္ဍပေါင်းများစွာကို ကာမိကြသည်။ ထို့အပြင် ၎င်းတို့၏ ခေါင်းစဥ်များကလည်း အားလုံးခြားနားကြသည်။ ထို့ကြောင့် လူတစ်ယောက်က ထိုဗီဒီယိုတစ်ပုဒ်ကို မတော်တဆ နှိပ်မိတတ်ကြသည်။

ဆင်တူသည့် ဓာတ်ပုံများကို ကစားသမားများက မြင်လိုက်ရသည်နဲ့ ၎င်းတို့၏ နှလုံးခုန်သံများ ဗြောင်းဆန်သွာားကြသည်။ ဘာဖြစ်တော့မလဲဆိုတာကို ကြိုသိနေသလိုပင်။

အမှန်ပင်။ အကြောင်းအရာ ဖန်တီးသူများ၏ ပုံမှန် အဖွင့်စကားပြောပြီးနောက်တွင် စပွန်ဆာပါတနာ၏ ကြော်ငြာက စတင် ပေါ်ပေါက်လာပါသည်။

"နာမည်က ဂိမ်းဒီဇိုင်နာတဲ့ G-A-M-E game, game designer"

"Awesome"

တူညီသည့် ဗီဒီယို ၂ ပုဒ် ၃ ပုဒ်လောက်ကို ဆက်တိုက်ကြည့်လိုက်ရပြီးနောက် လူများစွာက သူတို့ ဦးနှောက်ကျင်းခံလိုက်ရမှန်း နားလည်သွားကြပါသည်။ သူတို့ဦးနှောက်ထဲတွင်း 'အိုးအို, Awesom, ရှလွတ်၊ ဂလု' စတာတွေနဲ့သာ ပြည့်ကုန်ကြပါသည်။

ထို အကြောင်းအရာ ဖန်တီးသူများကလည်း ခြွင်းချက်မရှိ ချက်ချင်း ခြေစလက်စ ဖျောက်ကုန်ကြပြီး သေချင်ယောင်ဆောင်သွားကြပါသည်။ သူတို့ဒီလိုပဲ လုပ်ကြမှာပေါ့။ ဒီဗီဒီယိုထွက်လာတာနဲ့ သူတို့ အသေအကြေ အဆဲခံရတော့မှာကို သိနေကြခြင်းကြောင့်ပင်။ ဘယ်သူက သူတို့ပရိတ်သတ်များ၏ အမျက်ဒေါသကို တောင့်ခံနိုင်မည်နည်း။

သူတို့ ပရိတ်သတ်များ ကောမန့်အကန့်ထဲတွင် ရန်ရှာတာကိုခွင့်ပြုထားပြီး ကိစ္စများ တဖြည်းဖြည်း ပျောက်သွားဖို့သာ ခွင့်ပြုနိုင်ပါသည်။ ထို့နောက်မှ ဘာမှမဖြစ်ခဲ့သလိုသူတို့ ပြုမူကြမည်။

အမှန်ပင်။ ဖေးချမ့် ခန့်မှန်းထားသလိုပဲ စပွန်ဆာ ဗီဒီယိုအားလုံး ဆိုးဆိုးရွားရွား ဝေဖန်ခံနေရပါသည်။

ထိုစပွန်ဆာ ဗီဒီယိုများတွင် ကြည့်ရှုသူ အလွန်နည်းပါးပြီး ကောမန့်များကို ဖတ်တောင် မဖတ်နိုင်ပါ။ လူများစွာက ကြော်ငြာကို နှိပ်ကြည့်လိုက်ပြီး ကောမန့်အကန့်ထဲမှာ ဘယ်လောက်တောင် ဆိုးရွားနေသလဲဆိုတာကို မြင်လိုက်ရပြီးနောက် သူတို့ ဆက်ပြီး မကြည့်နိုင်ကြတော့ပေ။

...

ရုံးခန်းထဲတွင်...

ဖေးချမ့်က စပွန်ဆာဗီဒီယိုများကို ပွတ်ဆွဲကြည့်ရင်း ကြည့်ရှုသူများထံမှ တုန့်ပြန်မှုများကို စစ်ကြည့်နေပါသည်။

အင်း... အားလုံးကတော့ သူ့အစီအစဥ်အတိုင်းပင်။

အကြောင်းအရာ ဖန်တီးသူ ဒီလောက် အများကြီး ရှာဖို့ သူပိုက်ဆံအများကြီးသုံးခဲ့သည်။ ထိုကြော်ငြာဗီဒီယိုများကို ကြည့်ရှုသူများက ရှုတ်ချကြပြီး ကြည့်ရှုသူများ ထပ်ပြီးမတိုးနိုင်တော့ပါ။ ကောင်းမွန်သည့် ကြော်ငြာအာနိသင်ပင် လုံးဝ မရခဲ့သလို။

ကောင်းတာပေါ့။

ထိုအကြောင်းအရာ ဖန်တီးသူများ ပြောနိုင်သည့် စကားများကို ကန့်သတ်လိုက်ခြင်းက အကြံကောင်း ဖြစ်ပါသည်။ ထိုအကြောင်းအရာ ဖန်တီးသူများက အလွန်ပါရမီရှိတာ ဖေးချမ့်သိပါသည်။ သူတို့ ဦးနှောက်ကိုသာ လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ပေးလိုက်ပါက နောက်ထပ် အထီးကျန်ကန္တာရလမ်းလို အောင်မြင်သွားရင် ဘယ်လိုလုပ်မလဲ။

ထို့ကြော်င့ အားလုံး ဇာတ်ညွှန်းတစ်ခုအတိုင်းပဲ ပြောရဖို့ သူဆုံးဖြတ်ခဲ့ပါသည်။ ဂိမ်မာများကို သဘောကျစေမည့် ခံစားချက်မျိုး ပေးခွင့်မပေးနိုင်ပါ။ ဖေးချမ့်က အလွန်ကျေနပ်နေပါသည်။ သူ့အစီအစဥ်တစ်ဝက်လောက်က အောင်မြင်နေလေပြီ။

နောက်တစ်ဆင့်ကတော့ ဂိမ်မာများထံမှ တုန့်ပြန်ချက်ကို ကြည့်ဖို့ဖြစ်ပါသည်။

... အငှားတိုက်ခန်းတွင်...

ချောင်းလျန်က အိပ်ယာပေါ်တွင်လှဲလျောင်းရင်း သူ့ဆဲလ်ဖုန်းပေါ်က မစ်ကောလ်ဆယ်ချီကို ကြည့်နေသည်။ အနည်းငယ် လမ်းပျောက်ကာ သူ့ဘဝ အဓိပ္ပာယ်မရှိတော့သလို ခံစားမိပါသည်။ အား... ဖြတ်လမ်းနည်းနဲ့ ငွေရှာရတာ တကယ်ခက်တာပဲ။

သူ့ ဖန်များဖြင့် စကားပြောသည့် ပလက်ဖောင်းကိုပင် မဖွင့်ရဲတော့ပါ။ သူ့ခြေထောက်များကို  အသုံးပြုပြီး စဥ်းစားရင်တောင် အခြေအနေ ဘယ်လိုဖြစ်နေမလဲဆိုတာ သိနေပါသည်။ သူပိုပြီးစဥ်းစားမိလေလေ အရှုံးပေါ်သည်ဟု ခံစားမိပြီး ပိုဒေါသထွက်လာလေလေဖြစ်သည်။

အား နောင်တရလိုက်တာကွာ။

ယွမ် ၁၀,၀၀၀ ဆိုတာကတော့ တကယ်ရက်ရောသော ကမ်းလှမ်းချက် ဖြစ်ပါသည်။ သူ့ကို စုံလုံးကန်းစေခဲ့သည်။ စပွန်ဆာ ဗီဒီယိုတစ်ခု၏ ယွမ် ၁၀,၀၀၀ ကို ရခြင်းက သူ့ကို ပျော်စေလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော်လည်း ချောင်းလျန် အိပ်ယာထဲမှာ အချိန်အကြာကြီး လှဲလျောင်းနေပြီးနောက် ထိုကဲ့သို့ မခံစားရတော့ပါ။

ဂိမ်းကစားရင်တောင် ထိုဂိမ်းများက အဓိပ္ပာယ် ကင်းမဲ့နေလွန်းသည်။ ခေါက်ဆွဲပြုတ်ခွက်များကလည်း ထင်သလောက် မမွှေးကြိုင်တော့ပါ။

မဟုတ်မှလွဲရော... ဒီမကောင်းတဲ့ခံစားချက်ကြီးက ကော်မစ်ရှင်အတွက်နဲ့ စုတ်ပြတ်တဲ့ အလုပ်ကို လက်ခံမိခဲ့လို့လား။

အကြာကြီး စဥ်းစားပြီးနောက် ချောင်းလျန် အိပ်ယာထဲက ထလိုက်ပြီး ကွန်ပျူတာဖွင့်ကာ ဂိမ်းဒီဇိုင်နာကို ဒေါင်းလုတ်ဆွဲလိုက်ပါသည်။

"ငါဘာလုပ်လိုက်မိတာလဲဆိုတာ ဒီနေ့သေချာသိရမှဖြစ်မယ်။ ဆရာချောင်းဆိုတဲ့ ငါ့နာမည်ပျက်သွားပြီ။ အနည်းဆုံးတော့ လူသတ်သမားက ဘယ်သူလဲဆိုတာ သိရမယ်မဟုတ်လား။”

သူ ၂၈ ယွမ် သုံးပြီး ဂိမ်းဒီဇိုင်နာကို ဝယ်ယူလိုက်ပါသည်။  ဂိမ်းဒီဇိုင်နာ၏ လှပသော ပန်းချီစတိုင်နဲ့ ကုန်ကြမ်းများကို အသိအမှတ်ပြုသော်လည်း ထန်းတာ့က ဒီဂိမ်း၏ လက္ခဏာရပ်ကို ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ပါ။

ဖေးချမ့်က ဂိမ်း၏ လက္ခဏာရပ်ကို အကြောင်းအရာ ဖန်တီးသူများထံသို့ မပို့ပေးချင်ပါ။

သူက ဗီဒီယိုအတွက် ဇာတ်ညွှန်းရေးထားပြီးသားဖြစ်သည်။ အကြောင်းအရာ ဖန်တီးသူများတွင် ဓာတ်ပုံတချို့နှင့်  ဗီဒီယိုကလစ်တချို့ရှိပါက ဗီဒီယိုတစ်ခုကို အနည်းနှင့် အများဆိုသလို ဖန်တီးနိုင်နေပါပြီ။ ဘာကြောင့် ဂိမ်း၏ လက္ခဏာရပ် လိုနေပါဦးမည်နည်း။

သူတို့ကို ဂိမ်း၏ လက္ခဏာရပ် ပေးလိုက်ပြီး ဂိမ်းကစားကြည့်ခိုင်းလိုက်ပါက သူတို့၏ ထူးချွန်သော တည်းဖြတ်နည်းလမ်းများဖြင့် စပွန်ဆာ ဗီဒီယိုများကို အလွန်လန်းအောင် ပြုလုပ်လိုက်ပါက ခွကျသွားပါလိမ့်မည်။

ထို့ကြောင့် ဆရာချောင်းကိုယ်တိုင်လည်း ဂိမ်းက ဘယ်လိုမျိုးလဲဆိုတာ မသိခဲ့ပါ။ သိချင်စိတ်ပြင်းပြစွာဖြင့် ဆရာချောင်းတစ်ယောက် ဂိမ်းထဲဝင်လိုက်ပြီး စတင်ကစားကြည့်လိုက်ပါသည်။

...

ဂိမ်းကို ပထမဆုံးအကြိမ်ဝင်လိုက်သောအခါ အဓိက ရွေးချယ်ရသော စာမျက်နှာသို့ မဝင်ဘဲ ဂိမ်းထဲကို ချက်ချင်းရောက်သွားပါသည်။ အံ့သြဖို့ကောင်းစွာဖြင့် ဖန်သားပြင်ပေါ်မှာ ဂိမ်းတောင် ပေါ်မလာသေးဘဲ နောက်ခံစကားပြောတစ်ခုက ပေါ်လာပါသည်။

"ဒါက ဂိမ်းဒီဇိုင်နာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ မင်းက အလားအလာရှိတဲ့ ဂိမ်းဒီဇိုင်နာတစ်ယောက်ပဲ။ ပြည်တွင်းဂိမ်းလောကကို ကယ်တင်ချင်တဲ့ အိပ်မက်နဲ့ပေါ့။"

"မင်းရဲ့ တာဝန်တွေက ရိုးရှင်းပါတယ်။ မင်းရဲ့ ဦးနှောက်ကိုသုံးပြီး အကြံထုတ်ပါ။ ငပျင်းတွေကို ကြက်သေ သေသွားစေမယ့် ဂိမ်းမျိုးကို လုပ်ပြီး ဂိမ်းလောကထဲမှာ လူတိုင်းက မနာလိုဖြစ်ရတဲ့ဂိမ်းတစ်ခု ဖြစ်လာစေပါ။ မီဒီယာတွေက ချီးကျူးရပြီး ရောင်းအား မိုးထိုးတက်သွားမယ့် ဂိမ်းတစ်ခုကို ဖန်တီးပါ။ မင်းရဲ့ ဝင်ငွေတွေကို အသုံးပြုပြီး နောက်ဂိမ်းတစ်ခုကို ဖန်တီးရမယ်။ ဒီလိုနဲ့ သံသရာလည်သွားမယ်။”

"မင်း ကြယ်ပွင့် ဂိမ်းဒီဇိုင်နာတစ်ယောက် ဖြစ်မလာမချင်း၊ လူထုက ချစ်မြစ်နိုးတဲ့ ကြယ်ပွင့်တစ်ယောက်၊ နှစ်တိုင်း တစ်နှစ်တာအကောင်းဆုံး ဂိမ်းဆုကို မရမချင်း၊ Times အပတ်စဥ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပါလာမချင်း၊ မင်းရဲ့ ကုမ္ပဏီကို စျေးကွက်တန်ဖိုး ၁၀၀ဘီလီယံအထိ ရှိမလာမချင်း... လူ့ဘဝရဲ့ အထွတ်အထိပ်ကို မရောက်မချင်း။”

"ဟုတ်ပြီ၊ ဟုတ်ပြီ၊ သွားရည်သုတ်လိုက်ဦး။"

"အဲ့ဒီအိပ်မက်တွေက ဝေးပါသေးတယ်။”

"လောလောဆယ် ပန်းတိုင်တစ်ခုပဲရှိတယ်။ ဒီရက်စက်တဲ့ စျေးကွက်ထဲမှာ ရှင်သန်နိုင်မယ့် ဂိမ်းတစ်ခုကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ဖို့ပဲ။”

ထိုနောက်ခံစကားပြောနဲ့အတူ ဂိမ်းမြင်ကွင်းများလည်း ပြောင်းလဲသွားပါသည်။

ဒါက တစ်ဦးတည်း ကစားရသည့် ဂိမ်း ဖြစ်သည်။ နောက်ခံအသံက စကားပြောနေတုန်း ကစားသမားက ကော်ရစ်ဒါတစ်လျှောက် လျှောက်သွားရမည်။

ငပျင်းများကို ကြက်သေသေသွားစေဖို့၊ ဂိမ်းလောကထဲမှာ လူတိုင်း မနာလိုဖြစ်လာစေဖို့၊ မီဒီယာတွေက ချီးကျူးပြီး ရောင်းအားမိုးထိုးနေသော ဂိမ်းဖြစ်စေဖို့ကတော့ ကော်ရစ်ဒါတစ်လျှောက်တွင် တက်ကြွသည့် ပရိတ်သတ်များပေါ်လာပြီး မနာလိုဖြစ်နေသည့် ဂိမ်းမာစတာကြီးများကလည်း ဆုပေးအခမ်းအနားတစ်ခုတွင် စောင့်ကြည့်နေကြမည်။ ထို့အပြင် စံချိန်ချိုးသော ရောင်းအားအကောင်းဆုံး သတင်းများကိုလည်း ထုတ်လွှင့်ပြသလိမ့်မည်။

ထိုဇာတ်ဝင်ခန်းများအားလုံးက ပုံကြမ်းများ ရေးဆွဲထားသလိုပင်။ သို့မဟုတ် သရီးဒီစာအုပ်များထဲက စာမျက်နှာများနှင့် ပိုတူသည်။ နောက်ခံစကားပြောက ပြောလိုက်တိုင်း စာမျက်နှာများ လန်သွားကာ အသစ်အဆန်းတစ်ခုကို ပြသနေသည်။ ကော်ရစ်ဒါတစ်လျှောက် လမ်းလျှောက်နေစဥ် ထိုနေရာတွင် နစ်မျောသွားသလို ခံစားရစေသည်။တစ်ခါတစ်လ တက်ကြွသော ပရိတ်သတ်များ၏ ဝန်းရံမှုကိုခံရကာ တစ်ခါတစ်လေ ဓာတ်ပုံရိုက်ယူနေသော သတင်းသမားများကို မြင်ရသည်။

သို့သော်လည်း ချောင်းလျန်ကတော့ ဂိမ်းထဲ လုံးဝ မနစ်မျောသေးဘူးဟု ခံစားနေရဆဲ ဖြစ်ပါသည်။ သူ အနည်းငယ် အံ့သြမိပါသည်။

ဒိဂိမ်းနဲ့ ပတ်သတ်ပြီး သူရထားသည့် အချက်အလက်အရနှင့် သူဖန်တီးရမည့် ဗီဒီယိုအရဆို နောက်ခံစကားပြောအကြောင်းကို ထည့်မပြောသွားပါ။ ထို့အပြင် ဂိမ်းထဲက လှုပ်ရှားမှုများကို ကစားသမားက ထိန်းချုပ်လို့ မရပါ။ စိတ်ရှုပ်ဖို့ ကောင်းသလိုလို ဖြစ်နေပါသည်။

သို့သော်လည်း ဂိမ်းကို ကစားကြည့်လိုက်သောအခါ လုံးဝ ခြားနားနေပါသည်။

တစ်ဦးတည်းရှုထောင့်၊ လျှောက်သွားကာ လေ့လာနိုင်သည့် လွတ်လပ်မှုက ကစားသမားများကို နစ်မျောမှုနှင့် စွန့်စားမှု ခံစားချက်များကို ပေးစွမ်းနေပါသည်။ ပေါ်လာသည့် ပုံကြမ်းများကြောင့်လည်း ထိုနေရာထဲသို့ ဝင်ရောက်သွားသလို ခံစားရစေပါသည်။

နောက်တစ်ဖက်မှာတော့ နောက်ခံစကားပြောက ထူးခြားလွန်းလှပါသည်။ အနည်းငယ်စူးသည့် ထူးခြားသော ယောက်ျားအသံဖြစ်သည်။ အသံက နှာသံပေါက်ပြီး တိုးသဲ့၏။ ခြောက်ကပ်ကပ်ဖြစ်သလိုလည်း ရှိနေပါသည်။

ချောင်းလျန်သာ သေသေချာချာ နားဆင်ကြည့်ပါက အနည်းငယ် စိတ်တိုလာပြီး ထိုလူကို ထိုးချင်လာလောက်သည်။ သို့သော်လည်း ဒီလောက်ထိ စိတ်ထဲမထားပေ။ ထိုအသံကို လျစ်လျူရှုကာ နောက်ခံစကားပြောက ပြောနေသည့် စကားလုံးများကိုသာ အာရုံစိုက်ထားနိုင်ပသါည်။

ဂိမ်းထဲ နစ်မျောမှုနှင့် ကွာဝေးမှုတို့ကို ပေါင်းစပ်လိုက်သောအခါ အလွန်ထင်ရှားသည့် ဂိမ်းရသတစ်ခုက ထွက်ပေါ်လာသည်။ ဂိမ်းထဲ နစ်မျောသွားပြီး ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသတို့ကို ခံစားရစေနိုင်သည်။ ဂိမ်းဒီဇိုင်နာဖြစ်ရသည့် ပျော်ရွှင်မှုကိုလည်း ခံစားနိုင်သည်။ ကစားသမားများ၏ အားပေးမှုနဲ့ ပျော်ရွှင်မှုတို့ကြောင့် ပီတိဖြစ်ပြီး မီဒီယာ၏ ချီးကျူးမှုကြောင့် ကျေနပ်မိနိုင်သည်။

နောက်တစ်ဖက်မှာတော့ ပန်းတိုင်ကို စိတ်ထဲစွဲထာားပြီး စိတ်အေးအေးထားကာ ပိုမြင့်သည့် အဆင့်တစ်ခုမှ ကြည့်တတ်ရမည်။

ဒီလိုရသမျိုးက အလွန်ရှားပါး၏။ အရင်တုန်းက ချောင်းလျန်သည် သီးခြားဂိမ်းများစွာကို ကစားဖူးသော်လည်း ဒီလိုဂိမ်းမျိုး ကစားဖူးတာတော့ ပထမဆုံးအကြိမ် ဖြစ်ပါသည်။

"ထူးဆန်းလိုက်တာ ဒီဂိမ်းက... သိပ်ဆိုးတဲ့ပုံလည်းမပေါ်ပါလား။”

ချမ်းလျန်သည် ဘော့စ်ဖေးက သူ့ကို အငြှိုးထားပြီး လုပ်တာဖြစ်ကြောင်း ပိုပိုပြီး သေချာလာခဲ့သည်။ ဒီဂိမ်းကို ပုံမှန်အတိုင်း ကြော်ငြာပါက အရည်အသွေးမြင့် စပွန်ဆာ ဗီဒီယိုတစ်ပုဒ်နဲ့ဆို ဘာပြဿနာမှ ရှိမလာနိုင်ပါ။

ဘော့စ်ဖေးက ဘာကြောင့် သူ့ကို ဒီလို ဗီဒီယိုမျိုး လုပ်ခိုင်းရတာလဲ။

ငါ့ကို အငြှိုးထားတာ မဟုတ်ရင် ဘာလဲ။

အနည်းငယ် စိတ်ဝင်စားပြီး မပျော်ရွှင်သော ခံစားချက်တို့ဖြင့် ချောင်းလျန် ဂိမ်းကို ဆက်ကစားနေလိုက်ပါသည်။

All Chapters