← Chapters

အခန်း(၁၁၇) ရီဗျူးတွေကို ဘယ်လိုတန်ပြန်ရမလဲ

Vol. 8 Ch. 117

အခန်း(၁၁၇) ရီဗျူးတွေကို ဘယ်လိုတန်ပြန်ရမလဲ

Vol. 8 Ch. 117

အခန်း(၁၁၇) ရီဗျူးတွေကို ဘယ်လိုတန်ပြန်ရမလဲ

ဧပြီလ သုံးရက်နေ့။

ထန်းတာ့နက်ခ်ဝေါ့နည်းပညာ ကုမ္ပဏီလိမိတက်...။

ပေါင်ရှု၊ လုမင်လျန်နှင့် တခြား ဝန်ထမ်းအားလုံးက ဂိမ်းဒီဇိုင်နာကို အနီးကပ် စောင့်ကြည့်နေကြပါသည်။ ကုမ္ပဏီထဲက အခြေအနေများက အလွန်တင်းမာနေပါသည်။ အားလုံးက စိတ်ညစ်နေကြသည့်ပုံပင်။ သုံးရက်ကြာတာတောင် ဘယ်ရှုထောင့်ကမဆို ဂိမ်းဒီဇိုင်နာက တာထွက်ဆိုးရွားနေပါသည်။

ဂိမ်း၏ စဦးကြော်ငြာများက ကောင်းမွန်သော သက်ရောက်မှု မရှိရုံတင်မကဘဲ ကစားသမားများစွာကို ဂိမ်းမကစားဖို့ တားမြစ်နေသလိုတောင် ဖြစ်နေပါသည်။ ဂိမ်းကို ပထမဆုံးအကြိမ် ကစားဖူးသည့် ကစားသမားများကလည်း ရီဗျူးကောင်းကောင်းများ မပေးကြပါ။ ရီဗျူးများက စုံလင်နေပါသည်။

ဂိမ်းဒီဇိုင်နာက တခြားဂိမ်းများနှင့် ခြားနားပါသည်။ တစ္ဆေစစ်သူကြီးနှင့် သမုဒ္ဒရာရဲတိုက်တို့က ကုမ္ပဏီအတွက် နာမည်ကောင်းကို ယူဆောင်ပေးခဲ့သည်။ ထို့ကြောင့် ကစားသမားများစွာက ဂိမ်းဒီဇိုင်နာထွက်မည့်နေ့ကို မျှော်လင့်နေခဲ့ကြပါသည်။

သို့သော်လည်း ကောမန့်အကန့်ကို ကြည့်ပြီးသောအခါ ကစားသမားများက ဂိမ်းကို သိပ်ပြီး ဘဝင်မကျမှန်း မြင်နိုင်ပါသည်။ ဂိမ်းကို ကစားပြီးသောအခါ အများစုက ဂိမ်းကို မကောင်းသည့် ရီဗျူးပေးကာ စွန့်ပစ်ကြပါသည်။

"ဒါ ဘာကြီးလဲဟ၊ ပျော်ဖို့လည်း မကောင်းဘူး။ ဒါက သမုဒ္ဒရာရဲတိုက်လုပ်တဲ့လူတွေပဲလုပ်တာ ဟုတ်ရဲ့လား။ ဘာလို့ အရည်အသွေးက သိသိသာသာကြီး လျော့ကျသွားရတာလဲ။”

"ဒီဂိမ်းမှာ ဆွဲဆောင်မှုဆိုလို့ရုပ်ထွက်ကောင်းတာပဲရှိတယ်။ ဂိမ်းမုဒ်ကလည်း တစ်ခုပဲရှိပြီး ပျင်းဖို့ကောင်းတယ်။ နောက်ခံစကားပြောဆို တော်တော်ဆိုး။ ငါတို့တွေကို တမင်သက်သက် ရွံအောင် လုပ်တာလား။”

"ငါအလိမ်ခံလိုက်ရသလိုပဲ။ ဒါ ငါ့အကြိုက် မဟုတ်ဘူးဟ။”

"ငါ ဒီဂိမ်းကို နားမလည်တော့ဘူး။ မူလတန်းကလေးလေး လုပ်ထားတဲ့ ဂိမ်းကျနေတာပဲ။”

"ဒီဇိုင်းအဖွဲ့က ယုံကြည်မှု လွန်ကဲနေတာလား။ ဒါမှမဟုတ် ကစားသမားတွေက မခြိမ်းခြောက်သေးလို့လား။ သမုဒ္ဒရာရဲတိုက်က အောင်မြင်သွားတာနဲ့ပဲ ကစားသမားတွေက သူတို့ထုတ်လုပ်သမျှကို ကစားမယ်လို့များ ထင်သွားတာလား။"

ကျန်ကောမန့်များကလည်း အထက်ကကောမန့်များနှင့် ဆင်တူနေပါသည်။

ကစားသမားများ ဒေါသအထွက်ဆုံးက ဂိမ်း၏ စဦး အတွေ့အကြုံပဲဖြစ်သည်။ ကစားသမား အနည်းငယ်သာ ဂိမ်းကို သည်းခံကစားနိုင်ပြီး ၎င်း၏ နက်နဲသော ရည်ရွယ်ချက်များကို နားလည်နိုင်ပါသည်။ ထို့ကြောင့် ဂိမ်းဒီဇိုင်နာ၏ ရီဗျူးများက စုံလင်နေသည်။ ကစားသမားများစွာက ကြယ် ၁ ပွင့် သို့မဟုတ် ၅ ပွင့်အထိ ပေးကြသည်။

လုမင်လျန် ပခုံးပေါ် ဝန်တော်တော်ပိနေပါပြီ။ ဟွမ်းစစ်ပေါ်ရဲ့ အစီစဥ်ဆွဲသူချုပ်ရာထူးကို လွှဲပြောင်းယူပြီး ပထမဆုံး ပရောဂျက်မှာတင် သူပြဿနာရှာမိပြီလား။ သူ့လက်အောက်ငယ်သားမျာားနဲ့ ဘော့စ်ကို ရှင်းပြနိုင်မှာ မဟုတ်တော့ပါ။

သူ ပေါင်ရှုကို မသိမသာ ကြည့်လိုက်မိပါသည်။ သို့သော်လည်း ပေါင်ရှု၏ မျက်နှာထားက သူ့ကို ပို၍ပင် စိတ်ညစ်သွားစေပါသည်။ ပေါင်ရှု၏ မျက််နှာက  'ငါမင်းကို ပြောသားပဲ' ဟူသော မျက်နှာထားမျိုးပင်။ လုမင်လျန် ပေါင်ရှုကို စကားပြောခဲ့တုန်းက ဒီဂိမ်းအတွက် ဖြစ်နိုင်ချေ ရလဒ်က နှစ်ခုသာရှိသည်ဟု ပြောခဲ့သည်။

ဂန္တဝင်လက်ရာတစ်ခု ဖြစ်လာရင်ဖြစ်လာ၊ ဖြစ်မလာပါက အဖတ်ဆယ်မရအောင် ကျရှုံးလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ဒီဂိမ်းက ခေတ်လွန်နေသောကြောင့်ဖြစ်ပါသည်။ ဂိမ်း၏ အကြောင်းအရာက ရှေ့ဆောင်လွန်းကာ ၎င်း၏ ရည်ရွယ်ချက်များကလည်း လေးလေးနက်နက် ဖုံးကွယ်နေသည်။ သာမန်ကစားသမားများကတော့ ဂိမ်း၏ နောက်ကွယ်က တကယ့် ရည်ရွယ်ချက်များကို နားမလည်နိုင်ခင်မှာပင် သည်းခံမှုကို ကျော်လွန်သွားကြပါသည်။

လုမင်ျန် ပေါင်ရှု၏ မျက်နှာထားကို မြင်သောအခါ ပို၍ပင် စိတ်ညစ်သွားပါသည်။ "ညီအစ်ကိုပေါင် အခုလက်ရှိအခြေအနေကို ကြည့်ရသလောက် ငါတို့ဘာလုပ်ကြမလဲ။” လုမင်လျန်တစ်ယောက် ယုံကြည်ချက် လုံးဝ မရှိတော့ပါ။

ပေါင်ရှုက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "စောင့်ကြည့်ရအောင်။ ဘော့စ်ဖေးလည်း ဒီလိုအခြေအနေမျိုးကို ခန့်မှန်းထားပြီးသားပဲ။ ငါတို့ အခု လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အားလုံးကို ဘုရားသခင်လက်ထဲပဲ ပုံအပ်ထားဖို့ ရှိတယ်။ ဒါသာ အလုပ်မဖြစ်ဘူးဆိုရင် အကျိုးဆက်တွေကို ဘော့စ်ဖေးနဲ့ အတူတူ ရင်ဆိုင်ရမှာပေါ့။”

...

...

ချောင်းလျန်တစ်ယောက် သူလုပ်ထားသည့် ဗီဒီယိုကို အစမှအဆုံးအထိ ပြန်ကြည့်ပြီးသွားပါပြီ။ သူကျေနပ်ပါသည်။

ဒီဗီဒီယိုက သူနှင့် သက်ဆိုင်လွန်းလှဿည်။ ထို့အပြင် ဂိမ်းအကြောင်းအရာကလည်း အလွန်ကြွယ်ဝ၏။ ထို့ကြောင့် ချောင်းလျန်တွင် အားတက်စရာများစွာရှိပြီး ဗီဒီယိုကို ဖန်တီးခဲ့သည်။ အိပ်ပင် မအိပ်တော့ဘဲ ဗီဒီယိုကို သုံးရက်အတွင်း ပြီးအောင်လုပ်ကာ အကြိမ်ကြိမ် တည်းဖြတ်ပြီး ပြီးပြည့်စုံအောင် လုပ်ခဲ့ပါသည်။

ဒီအပိုင်းက 'နတ်ဘုရားအဆင့်ထုတ်ကုန်များ' ဟူသော ခေါင်းစီးအတွက် ပထမဆုံးအပိုင်း ဖြစ်လိမ့်မည်။ ဒီစီးရီးအလွန်ရေပန်းစားလာလိမ့်မည်ဟု ချောင်းလျန် ခံစားနေမိပါသည်။ အမှိုက်ဂိမ်းဝေဖန်ခြင်းထက်ပင် ပိုရေပန်းစားလာနိုင်သည်။

သို့သော်လည်း ဗီဒီယိုကို မထုတ်ခင် ချောင်းလျန်မှာ ဖြေရှင်းစရာ ပြဿနာတစ်ခု ရှိနေပါသေးသည်။

ဒါကတော့... အရင်ဗီဒီယိုအတွက် ဘယ်လိုရှင်းပြချက်ပေးရမလဲ။

ဂိမ်းဒီဇိုင်နာနဲ့ပတ်သတ်သည့် ဗီဒီယိုနှစ်ခုကို ဆက်တိုက်တင်ခဲ့သည်။ လူတွေက သံသယဖြစ်လိမ့်မည်။ ယခင်ဗီဒီယိုအတွက်တော့ သူ ကော်မရှင်ခ ရခဲ့ပါသည်။ သို့သော်လည်း ဒုတိယဗီဒီယိုက ဂိမ်းအပေါ် သူ့အထင်အမြင် အစစ်အမှန်များကို ပြသပြီး အလွန်အဓိပ္ပာယ်ရှိပါသည်။

ပြဿနာက သူ့ပရိတ်သတ်များ သူ့ကိုယုံပါဦးမလားဆိုတာပင်။

ချောင်းလျန် ဦးနှောက်စားပြီး ပြဿနာကိုရှင်းဖို့အဖြေရှာသည်။

ဒီပြဿနာကို မဖြေရှင်းပါက ဒုတိိယဗီဒီယိုကို ထုတ်လုပ်လိုက်လည်း ဘာမှ ထူးလာမှာ မဟုတ်ပေ။ ကစားသမားအများစုက ဗီဒီယို၏ အကြောင်းအရာကို မသိဘဲနဲ့တောင် သူ့ကို ဆိုးဆိုးရွားရွား ဝေဖန်ကြလိမ့်မည်။ ဒီပြဿနာကို သေသေချာချာ ဖြေရှင်းနိုင်ပါက အရင်ဗီဒီယိုအတွက်တောင် နာမည်ကို ပြန်အဖတ်ဆယ်နိုင်ပါသည်။ ဒီလိုဆို နာမည်ကော အကျိုးအမြတ်ပါ သူ ရပါလိမ့်မည်။ ဒါဆို မကောင်းဘူးလား။

ရီဗျူးတွေကို ဘယ်လိုတန်ပြန်ပစ်ရမလဲ။

ချောင်းလျန်ကြိုးစားပန်းစား စဥ်းစားသည်။ ရုတ်တရက်ဆိုသလို သူ့ပေါင်သူထောင်းလိုက်မိ၏။ နောက်ဆုံးတော့ ပြောင်မြောက်သည့် အစီအစဥ်တစ်ခုကို စဥ်းစားမိသွားပါသည်။ ယခင် ဗီဒီယိုကို ဧပြီဖူးနေ့မှာ တင်ခဲ့သည်။ အချိန်ကိုက်ပင်။

ပိုတေးတိုးဝက်ဘ်က သူ့ရဲ့ အဓိကစစ်မြေပြင် ဖြစ်၏။ ထိုပလက်ဖောင်းတွင် သူ့ရှင်းလင်းချက်ကို ကြားချင်နေသော အမာခံပရိတ်သတ်များစွာ ရှိလောက်သည်။ နေရာကလည်း ကိုက်ညီသည်။

ထို့အပြင် ဗီဒီယိုကို တင်ခဲ့တာ သူတစ်ယောက်တည်း မဟုတ်ပါ။ တခြား အကြောင်းအရာ ဖန်တီးသူများစွာလည်း တင်ခဲ့ပါသည်။ ၎င်းတို့၏ ဇာတ်ညွှန်းများက တစ်ထေရာတည်း တူနေကြသည်။ လူတွေကလည်း အကိုက်ပင်။

အချိန်ကိုက်၊ နေရာကိုက်နှင့် လူပါကိုက်ညီသည်။ ယခု ဖြေစရာ မေးခွန်းတစ်ခုသာ ကျန်တော့သည်။ ထန်းတာ့ရဲ့ ဘော့စ်ဖေးက ဘာကြောင့် အများကြီး အားထုတ်ခဲ့ရသည့် အရာတစ်ခုကို ဒီလို မကျေနပ်စရာ ရလဒ်မျိုး ရလာအောင် လုပ်မှာလဲ။

အကြာကြီးစဥ်းစားပြီးနောက် ချောင်းလျန်သည် နောက်ဆုံးတော့ ဖြစ်နိုင်ခြေကို စဥ်းစားမိပါပြီ။ ကြီးမားသော ဧပြီဖူး လုပ်ရပ်ကြီးအဖြစ် သတ်မှတ်နိုင်သည်။

၎င်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လုပ်ဆောင်မှုများက ခေတ်မှီသည်။ သေသေချာချာ စီစဥ်ထားပြီး လုပ်ဆောင်သူများကိုယ်တိုင် တင်ပြသော ဖြစ်ရပ်များဖြစ်ကာ လူတွေနှင့် ဆက်သွယ်ခြင်းဖြင့် ထိုလုပ်ဆောင်ချက်များက အဆုံးသတ်ရလဒ်တစ်ခုကို ရလာစေမည်။

ဒီဖြစ်ရပ်နဲ့ လုံးဝ တိုက်ဆိုင်နေပါသည်။

အကြောင်းအရာ ဖန်တီးသူအားလုံးက ၎င်းတို့၏ ဗီဒီယိုအားလုံးကို ဘော့စ်ဖေး ပေးထားသည့် ဇာတ်ညွှန်းအတိုင်းပဲ ဖန်တီးခဲ့သည်။ ဗီဒီယိုကို တင်ပြီးသွားသောအခါ ၎င်းတို့၏ ပရိတ်သတ်များ ထိခိုက်မှု များပြားခဲ့သည်။ ဗီဒီယိုကလည်း လုံးဝ မအောင်မြင်သော မားကတ်တင်းဗျူဟာ ဖြစ်လာခဲ့၏။ ဒီဖြစ်ရပ်တွင် ဘော့စ်ဖေးကော တခြား တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ အားလုံးကောက လုပ်ဆောင်သူများ ဖြစ်၏။

လုပ်ဆောင်ချက်က သက်ရောက်မှု ကြီးကြီးမားမား ရှိခဲ့ကြသည်။

ယခုသူစဥ်းစားကြည့်လိုက်မှ အားလုံး အဓိပ္ပာယ်ရှိလာပါသည်။ ၎င်းတို့၏ ယခင်တုန်းက အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်များက ပိုပြီး ကျိုးကြောင်းသင့်လာသည်။ သို့သော်လည်း ဒါက အယူအဆသက်သက်သာ ဖြစ်သည်။

ချောင်းလျန်  သက်သေ ပိုလိုအပ်ပါသေးသည်။

သူ့အတွေးများကို အတည်ပြုဖို့ ချောင်းလျန် ပိုတေးတိုးဝက်ဘ်ကို ဖွင့်လိုက်ကာ ကောမန့်များစွာနဲ့ သီးသန့်မက်ဆေ့ချ်များစွာကို လျစ်လျူရှုလိုက်ပြီး သက်သေများကို စတင်ရှာဖွေ၏။ သုံးရက်ဆက်တိုက် ဝေဖန်မှုများနဲ့ ဖြစ်ရပ်များစွာ ဖြစ်ပျက်ပြီးသောအခါ 'ချောင်း'စကားလုံးများ သို့မဟုတ် 'ချောင်းလော်ဂျီ' ဟူသော Meme တစ်ခုက ရေပန်းစားလာသည်။ ထို့အပြင် လူများစွာက ဗီဒီယိုများ တင်ခဲ့ကြပြီး ဒေါသအထွက်ပြိုင်သော ပြိုင်ပွဲများပင် ပြုလုပ်လာကြပါသည်။

သူတို့က တရုတ်နဲ့ အင်္ဂလိပ်စကားအရောများ ပြောကြပြီး 'wow' 'awesome' ဟူသော စကားလုံးများကို ထည့်သွင်းအသုံးပြုကြသည်။ Filler များနဲ့ အသံထွက်စကားလုံးများပင် ပါလာကြပါသည်။

အားလုံး meme များ ဖြစ်လာသည်။

ချောင်းလော်ဂျီဖြစ်ရပ်က အထူးသဖြင့် ဒစ်ဂျစ်တယ်ချန်နယ်များ၏ unboxing ဗီဒီယိုများတွင် ပိုတွေ့ရများသည်။ တစ်ဖက်မှာတော့ ဂိမ်းဒီဇိုင်နာအတွက်ဆိုး ရွားသော ရလဒ်များဖြစ်ပြီးနောက် တစ်ဖက်မှာတော့ ချောင်းလော်ဂျီ ရေပန်းစားလာမှုနဲ့ အင်တာနက်သုံးစွဲသူများ၏ မြူးထူးပျော်ရွှင်မှုများ ဖြစ်သည်။

ချောင်းလျန်၏ လက်များက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။

ငါထင်တဲ့အတိုင်းပဲ။ ငါခန့်မှန်းတာမှန်တယ်ကွ။

တကယ်ပဲ ကြီးမားတဲ့ ဧပြီဖူးလုပ်ရပ်ကြီးပဲ။ ပြီးတော့ တော်တော် အောင်မြင်သွားတယ်။

ဘော့စ်ဖေး ကျွန်တော်ခန့်မှန်းတာမှန်သွားပြီဗျ။

ဗီဒီယိုအယ်ဒီတာကို အမြန်ဖွင့်လိုက်ပြီး ဗီဒီယိုအပြည့်အစုံ၏ နောက်ဆုံးတွင် ချက်ချင်း အပိုင်းလေး တစ်ပိုင်းကို ထည့်လိုက်ပါသည်။

ပြီးသွားသောအခါ နောက်ဆုံးတော့ ချောင်းလျန် ဗီဒီယိုကို အားရသွားပြီး တင်လိုက်ပါတော့သည်။

"ဟုတ်တယ်။ အခုဗီဒီယိုကပဲ 'နတ်ဘုရားအဆင့်ထုတ်ကုန်' ဆိုတဲ့ ခေါင်းစီး နဲ့ကိုက်ညီနိုင်လိမ့်မယ်။"

ချောင်းလျန်က လောလောဆယ် သူ့လုပ်ငန်းအတွက် အကြီးမားဆုံး ကပ်ဘေးကြီးကို ရင်ဆိုင်နေရသော်လည်း အမွှေးတိုင် သုံးပုံတစ်ပုံလောက် လောင်ကျွမ်းသွားသောအခါ သို့မဟုတ် နာရီအနည်းငယ်လောက်ကြာသောအခါ အင်တာနက်ပေါ်က သူ့ဂုဏ်သတင်းများ အကြီးအကျယ် ပြောင်းလဲသွားပါလိမ့်မည်။

All Chapters