← Chapters

အခန်း(၁၁၈) ဒါဟန်ဆောင်လုပ်ရပ်ပဲ

Vol. 8 Ch. 118

အခန်း(၁၁၈) ဒါဟန်ဆောင်လုပ်ရပ်ပဲ

Vol. 8 Ch. 118

အခန်း(၁၁၈) ဒါဟန်ဆောင်လုပ်ရပ်ပဲ

ထိုနေ့ည ၈ နာရီထိုးသောအခါ စီးရီး အသစ်စက်စက်တစ်ခုနှင့် ဗီဒီယိုအသစ်စက်စက်တစ်ခုက စစ်ဆေးမှုကို အောင်မြင်သွားပါသည်။ 'နတ်ဘုရားအဆင့်ထုတ်ကုန်များ' စီးရီးအသစ်၏ ပထမဆုံးအပိုင်းက 'ဂိမ်းဒီဇိုင်နာနဲ့ ကြီးမားတဲ့ ဟန်ဆောင်လုပ်ရပ်ကြီး'။

ဆရာချောင်း၏ ပရိတ်သတ်များ ကြောင်သွားကြသည်။ ဘာတွေဖြစ်နေတာလဲ။ သူသေချင်ယောင် ဆောင်နေတာမဟုတ်ဘူးလား။ ၃ ရက်လောက် သေချင်ယောင်ဆောင်ပြီးမှ သူ့ကိုစောင့်ကြည့်နေကြတဲ့ လူတွေကိုဂရုမစိုက်ဘဲ ပြန်လာပြီလား။ ပြီးတော့လည်း အဲ့ဒီဂိမ်းအတွက်ပဲ စပွန်ဆာဗီဒီယိုလား။ သူပြဿနာရှာဖို့ ကြိုးစားနေတာပဲ။

မကြာသေးခင်မှ 'ချောင်းလော်ဂျီ'မှာ ဗီဒီယိုဝက်ဘ်ဆိုက်များစွာတွင်နာမည်ကြီးလာခဲ့ပါသည်။ တခြား အကြောင်းအရာ ဖန်တီးသူများကပါ ထိုကဲ့သို့ ဗီဒီယိုများကို တင်ခဲ့ကြသော်လည်း ဆရာချောင်းက ပထမဆုံးဖြစ်သည်။ ထို့ကြောင့် ထိုဗီဒီယိုများအတွက် တာဝန်အရှိဆုံးဖြစ်လာခဲ့ပါသည်။

လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် ထင်ထားသည့်အတိုင်း ကောမန့်အကန့်က ထို meme ကို တင်နေကြသည့် ပို့စ်များဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

သူက...ဘာမှဆုံးရှုံးစရာမရှိတော့လို့ အဆုံးထိလုပ်တော့မှာလား။

သူ့နာမည်ကိုပြန်ရဖို့ နည်းလမ်းမရှိတော့လို့ နာမည်ဆိုးနဲ့ ကျော်ကြားအောင်လုပ်နေတာလား။ 'ချောင်းလော်ဂျီ' ရေပန်းစားနေတာကို အခွင့်ကောင်းယူပြီဂ အမြတ်ထုတ်ချင်လို့လား။

ဆရာချောင်း၏ လက်ရှိအခြေအနေများကို စဥ်းစားကြည့်ခြင်းအားဖြင့် သူ့ပရိတ်သတ်များ ဒီလိုမတွေးဖို့ ခက်သည်။ အင်တာနက်ပေါ်က လူများက ဗီဒီယိုကို စိတ်ပူပန်နေသော သို့မဟုတ် စိတ်ဖိစီးနေသော ခံစားချက်များဖြင့် ဖွင့်လိုက်ရင်း သူ့ကို ဆော်ဖို့  အသင့်ဖြစ်နေကြပါသည်။ တချို့စောင့်ကြည့်သူများကလည်း ဗြောင်းဆန်သည့် အခြေအနေများကြားထဲ ရောက်လာကြပါသည်။

သို့သော်လည်း ဗီဒီယိုထဲက ဆရာချောင်း၏ ပထမဆုံး စကားကြောင့် သူတို့ ပါးစပ်ပိတ်သွားကြရသည်။

"ဟေး အားလုံးပဲ ငါ မင်းတို့အားလုံးရဲ့ ဆရာချောင်း ဖြစ်နေတုန်းပါပဲ။ အားလုံး ဘာပြောချင်ကြမလဲဆိုတာကို နားလည်ပါတယ်။ မင်းတို့တွေ ငါ့ကို မဆော်ခင် အရေးကြီးတာတစ်ခုကို ကြေညာစရာရှိတယ်။”

"လွန်ခဲ့တဲ့ ၃ ရက်တုန်းက ဧပြီဖူးနေ့မှာ ငါတို့ ဟန်ဆောင်လုပ်ရပ်တစ်ခုကို ကြီးကြီးကျယ်ကျယ် လုပ်ခဲ့ကြပြီး အတော်လေး အောင်မြင်သွားခဲ့တယ်။ ဒါပေမယ့် ဒီလုပ်ရပ်စမ်းသပ်ချက်ရဲ့ ရလဒ်တွေကတော့ တကယ်ဝမ်းနည်းဖို့ကောင်းတယ်။”

"ဟုတ်တယ်။ ဒီဟန်ဆောင်လုပ်ရပ်ရဲ့ အဓိကရည်ရွယ်ချက်က... ဒစ်ဂျစ်တယ်ခေတ်မှာ ဘယ်လို အကြောင်းအရာက ပိုပြီး အလွယ်တကူ ရေပန်းစားလာမလဲ။ ရည်ရွယ်ချက်ရှိရှိ ရူးသွပ်အောင် ရိုက်ထားတဲ့ ဗီဒီယိုအတိုတွေလား။ ဒါမှမဟုတ် အကြောင်းအရာတွေနဲ့ ပြည့်ဝနေပြီး သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ အရည်အသွေးမြင့်ဂိမ်းတစ်ခုကလား။”

"ငါတို့စမ်းသပ်ပြီးတဲ့နောက်မှာတော့ တော်တော်လေး စိတ်ဓာတ်ကျစရာရလဒ်ကို လာကြေညာပေးတာပါ။”

"အရှေ့ကတစ်ခုက အနိုင်ရသွားတယ်။”

လူများစွာက သူ့ကို ဆဲဆိုချင်ကြသော်လည်း အဖွင့်စကားကြောင့် စကားလုံးများ ပြန်မျိုသိပ်လိုက်ရပါသည်။ ဇဝေဇဝါဖြစ်မှုသာ ကျန်ခဲ့တော့သည်။

ဘာ။ ဟန်ဆောင်လုပ်ရပ်ဟုတ်လား။ ဘယ်ရှိုးမှာ ဟန်ဆောင်နေတာလဲ။

သူတို့ ဇဝေဇဝါဖြစ်နေသော ခံစားချက်များဖြင့် ဆက်ကြည့်လိုက်ကြပါသည်။

ဆရာချောင်းက ဗီဒီယိုထဲက သရုပ်ဆောင်မှုကို ဆက်ပြောသည်။ သူပါဝင်ခဲ့သည့် ဟန်ဆောင်လုပ်ရပ်ကြီး၏ အဓိကရည်ရွယ်ချက်နဲ့၊ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အကြောင်းအရာများကို ရှင်းပြခဲ့ပါသည်။ သူပြောပုံအရဆို ဒီဟန်ဆောင်လုပ်ရပ်က ဆရာချောင်းမှ အစပြုခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်ကတော့ တကယ်ပဲ နက်ရှိုင်းသည့် ဆိုလိုရင်းကို ရှာဖွေဖို့ ဖြစ်သည်။

ဒစ်ဂျစ်တယ်ခေတ်တွင် လူများက အချက်အလက်များစွာကို တွေ့ရှိကြသည်။ ဒီခေတ်က အချက်အလက် ပေါများလွန်းခြင်းနှင့် အချက်အလက် ရှားပါးခြင်းတို့ အတူတကွ တည်ရှိနေသော ခေတ်မျိုးဖြစ်သည်။

အချက်အလက်များ ပေါများလွန်းခြင်းဆိုသည်မှာ လူတိုင်း နေ့စဥ် အွန်လိုင်းပေါ်က တွေ့နေရသော အချက်အလက် ပမာဏများစွာကို ဆိုလိုသည်။ မြို့ငယ်လေးတစ်မြို့ ထောင့်တစ်နေရာက အရေးမပါသည့် ပြဿနာလေးတစ်ခုကိုတောင် ဘာကြောင့်မှန်းမသိဘဲ ညတွင်းချင်း နာမည်ကြီးသွားအောင် လုပ်နိုင်သည်။ နောက်တစ်နေ့ရောက်တော့ နိုင်ငံတော်ထဲကလူအားလုံး ထိုပြဿနာအကြောင်း သိသွားနိုင်သည်။

အချက်အလက် ရှားပါးခြင်းဆိုတာကတော့ တန်ဖိုးရှိပြီး အဓိပ္ပာယ်နက်နဲသည့် အချက်အလက်များကို ထိုကဲ့သို့ အဓိပ္ပာယ်မဲ့၊ အပျော်သက်သက်၊ တန်ဖိုးမရှိသော အချက်အလက်များက ဖုံးလွှမ်းသွားခြင်းကို ဆိုလိုသည်။

ထို့ကြောင့် ဒီလိုဟန်ဆောင်လုပ်ရပ်ကြီးက နှိုင်းယှဥ်ပြသပေးနိုင်ခဲ့၏။

ဆရာချောင်းနဲ့ တခြား အကြောင်းအရာ ဖန်တီးသူများစွာက ၎င်းတို့၏ သက်ဆိုင်ရာ ဗီဒီယိုများကို တင်လိုက်ကြသည်။ ထိုဗီဒီယိုများ၏ အကြောင်းအရာက ရိုးရှင်းပြီး ၎င်းတို့ကို ဖားယားဖို့ လွန်ကျူးပြီး ချဲ့ကားထားသော လေသံနဲ့ စကားလုံးများကို အသုံးပြုဖို့ ဖြစ်သည်။ အားလုံး၏ ဗီဒီယိုများက အတော်လေး ဆင်တူနေပြီး ဇာတ်ညွှန်းတစ်ခုတည်းကိုသာ အသုံးပြုထားသည်။

ပရိတ်သတ်၏ အာရုံစိုက်မှုကို ရဖို့အတွက် ဗီဒီယိုက တတ်စွမ်းနိုင်သမျှ စွမ်းဆောင်ခဲ့သည်။ ဥပမာအားဖြင့် တရုတ်နဲ့ အင်္ဂလိပ်စကားလုံးများကို စကားထဲထည့်ပြောကာ အကြောင်းအရာနဲ့ မသက်ဆိုင်သော အပိုစကားလုံးများ ပြောဆိုခြင်းဖြင့် ၎င်းတို့၏ စိတ်ကို ဆွပေးသည်။

ဗီဒီယိုကိုက အဓိပ္ပာယ်မဲ့ပြီး ရည်ရွယ်ချက်မဲ့သည်။ သို့သော်လည်း ယူပီမာစတာများစွာက ဗီဒီယိုကို ဆက်တိုက်တင်ကြပြီး ဗီဒီယိုဖောင်းပွလာကာ စိတ်ဝင်စားစရာ အကြောင်းအရာကြောင့် အင်တာနက်သုံးစွဲသူများကလည်း အလိုက်သင့် ပါဝင်လာခဲ့ကြသည်။ ထို့ကြောင့် အင်တာနက်ပေါ်မှာ ရေပန်းစားလာခြင်း ဖြစ်ပါသည်။

ချောင်းလော်ဂျီ ပေါ်ပေါက်လာခြင်းက သက်သေပင်။

ရည်ရွယ်ချက်ရှိရှိပေါအောင်လုပ်ထားသော ဗီဒီယိုက ရေပန်းစားလာခဲ့ပြီး ရေပန်းစားသော meme ဖြစ်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် တော်တော့်ကို ပေါပြီး လူများစွာက ရေပန်းစားမှုနောက် လိုက်ပါခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ဒီခေတ်မှာ ဘာကြောင့်မှန်း မသိဘဲ ရေပန်းစားလာသည်ဟု ထင်ရသည့် ဖြစ်ရပ်များစွာကို နောက်ကွယ်မှာ တစ်စုံတစ်ယောက်က သေချာ စီစဥ်အကွက်ချထားခြင်းသာ ဖြစ်နေပါသည်။

တစ်ဖက်မှာတော့ ထန်းတာ့၏ ဂိမ်းဒီဇိုင်နာက ရေပန်းမစားသည့် လက်ရာတစ်ခု ဖြစ်လာသည်။ တကယ် နက်ရှိုင်းပြီး ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ပိုင်ဆိုင်ထားကာ ကစားသမားများ နားလည်ဖို့အတွက်ဆို စိတ်ရှည်ဖို့ လိုအပ်ပါသည်။ ဒီလောက၏ လက်ရှိအခြေအနေကို ဖော်ပြလိုက်ခြင်းဖြစ်ပြီး ဒီလောကထဲက ဗြောင်းဆန်မှုများကို လှောင်ပြောင်လိုက်ခြင်း ဖြစ်ပါသည်။ ၎င်း၏ နောက်ခံစကားပြော၊ ရုပ်ထွက်စတိုင်နဲ့ ဂိမ်းမုဒ်များအားလုံးကို ဖန်တီးနိုင်စွမ်းနဲ့ စစ်မှန်မှုများဖြင့် ဖြည့်သွင်းထားသည်။

သို့သော်လည်း အခုတော့ ဒီလို အကြောင်းအရာ ကြွယ်ဝသည့် ဂိမ်း၏ အခြေအနေက ဘယ်လိုဖြစ်နေသနည်း။

ရီဗျူးများက စုံလင်နေသည်။ ကစားသမားများက ဂိမ်းကို နားမလည်ကြပါ။ ကစားသမားအများစုက ဂိမ်းကစားပြီး ငါးမိနစ်ကြာသောအခါ ထွက်လိုက်ကြပြီး ထပ်ပြီးတော့ပင် မကစားကြတော့ပါ။

ဗီဒီယိုအတိုများနဲ့ ဂိမ်းအကြားက နှိုင်းယှဥ်မှုက ဒီဟန်ဆောင်လုပ်ရပ်ကြီး၏ အဓိကအချက် ဖြစ်ပါသည်။ ကြည့်ရှုသူများစွာက ဒီနေရာထိကြည့်လာပြီးသောအခါ ကြက်သေ သေကုန်ကြပါသည်။ ဒီလိုဖြစ်ခဲ့တာလား။ စဥ်းစားကြည့်မှဖြစ်နိုင်တယ် ထင်တယ်။

ဘယ်လိုဂိမ်းကုမ္ပဏီက ဂိမ်းကို ဒီလောက်ထိ တမင်သက်သက် ရွံဖို့ကောင်းအောင် အကြောင်းအရာ ဖန်တီးသူတွေကို ကြော်ငြာခိုင်းရလောက်အောင် တုံးအမှာလဲ။ အဲ့တာဆို ကုမ္ပဏီရဲ့သိက္ခာနဲ့ သူ့ထုတ်ကုန်ရဲ့သိက္ခာကိုကော ကျဆင်းမသွားစေဘူးလား။

ဆရာချောင်းက အကျင့်သိပ်မကောင်းသော်လည်း သူ ယခင်က ဖန်တီးဖူးသော ဗီဒီယိုများကို ကြည့်ခြင်းအားဖြင့် ဗီဒီယိုများအပေါ် သူ့ရင်ဘတ်ကြီးတစ်ခုလုံး မြှုပ်နှံထားမှန်း သိနိုင်သည်။ ဘာလို့ သူက ဒီလိုအပေါစားဆန်တဲ့ နည်းလမ်းတွေကို စပွန်ဆာအတွက် အသုံးပြုမှာလဲ။

ဒီဟန်ဆောင်လုပ်ရပ်က သူ့ဂုဏ်သိက္ခာနဲ့မကိုက်ညီတာမျိုးမဟုတ်ဘဲ သူ့ဉာဏ်နဲ့ မကိုက်ညီတာမျိုး ဖြစ်နေပါသည်။

ထို့အပြင် ဆရာချောင်းတစ်ယောက်ပဲ ထူးခြားတာ မဟုတ်ပါ။ တခြား အကြောင်းအရာ ဖန်တီးသူတွေလည်း အများကြီး ရှိနေပါသည်။ ၎င်းတို့အားလုံးကလည်း တူညီသည့် ဇာတ်ညွှန်းများကို သုံးကြပါသည်။ ဒါဆိုရင်ကော ဘယ်လိုရှင်းပြနိုင်မှာလဲ။ မဟုတ်မှလွဲရော အဲ့ဒီ အကြောင်းအရာ ဖန်တီးသူတွေက သူ့ကိုချဥ်းကပ်ပြီး ဆရာချောင်းရဲ့ ဇာတ်ညွှန်းတွေကို သူတို့အတွက်နဲ့ သူတို့ ကော်ပီခိုးလိုက်ကြတာလား။

မဖြစ်နိုင်ပါ။

ဖြစ်နိုင်သည့် တစ်ခုတည်းသော ရှင်းလင်းချက်က သူတို့ကို ထန်းတာ့က တူညီသည့် ဇာတ်ညွှန်းကို ပေးခဲ့ခြင်းပင်။ ဘာကြောင့် အကြီးစား အလုပ်ရှင်တစ်ယောက်က ပိုက်ဆံပေးထားရတဲ့ အကြောင်းအရာ ဖန်တီးသူအားလုံးကို ဇာတ်ညွှန်းတစ်ခုတည်း သုံးစေချင်မှာလဲ။ ထို့အပြင် ဇာတ်ညွှန်းကိုလည်း ဆိုးဆိုးရွားရွား ရေးထားသေးသည်။

သို့သော်လည်း ထန်းတာ့က တကယ့်ကို ရူးသွပ်သော ကြော်ငြာနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပါသည်။ အကြောင်းအရာ ဖန်တီးသူအားလုံးကို ဇာတ်ညွှန်းအတိုင်း ဖတ်ခိုင်းပြီး ကြော်ငြာသက်ရောက်မှုကို လုံးဝ ပြောင်းပြန်လှန်မိတော့မလိုပင်။ ဒါက အတော်လေး အဓိပ္ပာယ်မဲ့ပါသည်။

အခုစဥ်းစားကြည့်မှ ဆရာချောင်း၏ ဆင်ခြေကသာ ဖြစ်နိုင်ချေရှိသော တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်သည်။

တကယ်ပဲ ကြီးမားသည့် ဟန်ဆောင်လုပ်ရပ်ကြီး ဖြစ်ပါသည်။ နောက်ဆက်တွဲ ဖြစ်လာသည့် ဖြစ်ရပ်များကလည်း အခုချိန်ထိ ကိုက်ညီမှုရှိနေသည်။ "ချောင်းလော်ဂျီ" က ရေပန်းစားလာပြီး ဂိမ်းဒီဇိုင်နာကတော့ တိမ်မြုပ်နေခဲ့ပါသည်။

အဲ့တာ သက်သေပဲ မဟုတ်လား။ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ အဓိပ္ပာယ် အစစ်အမှန်များပါသည့် အနုပညာလက်ရာများကို အချိန်ကုန်စေသော အမှိုက်သရိုက် အချက်အလက်များက ဖုံးကွယ်ထားကြသည်။

သူတို့ ပိုပြီး နားထောင်ကြည့်လေလေ ပိုပြီး ဖြစ်နိုင်ချေရှိလာလေလေ ဖြစ်သည်။ သူတို့ ဗီဒီယိုကို ဆက်ကြည့်လိုက်ကြပြီး ဗီဒီယို၏ အဓိက အကြောင်းအရာက ဂိမ်းဒီဇိုင်နာဘက်ကို လှည့်သွားပါသည်။ ဒါက ဆရာချောင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ စီးရီးက နာမည်က 'နတ်ဘုရားအဆင့် ထုတ်ကုန်များ' ဖြစ်၏။ အမှိုက်ဂိမ်းဝေဖန်ခြင်းနဲ့ တစ်လတာအကောင်းဆုံး ဂိမ်းအသစ်များ ခေါင်းစီးတို့နဲ့ လုံးဝ ခြားနားနေပါသည်။

ဆရာချောင်းက ဂိမ်းဒီဇိုင်နာကို ဂန္တဝင်လက်ရာဟု ခေါ်သင့်သည့် အကြောင်းအရင်းများကို  ဆန်းစစ်ပြသည်။

"ကစားသမားအများစုက ဂိမ်းတစ်ခုကို ဂန္တဝင်လက်ရာလို့ခေါ်ဖို့ဆိုရင် အဲ့ဒီဂိမ်းရဲ့ ရုပ်ထွက်ကို ကြည့်တယ်။ ဂိမ်းမုဒ်တွေကို ကြည့်တယ်၊ ဇာတ်လမ်းဇာတ်ကွက်ကို ကြည့်တယ်။ ကွန်ထရိုးကို ကြည့်တယ်။ ကစားရတာ လွယ်ကူမှုရှိ မရှိ ကြည့်တယ်။ ပြီးတော့ ရှိပါသေးတယ်။”

"ဒါပေမယ့် အဲ့တာတွေက သာမန်လက်ရာတွေနဲ့ ကောင်းမွန်တဲ့ လက်ရာတွေဆိုတာကိုပဲ ကွဲပြားစေတယ်။ အဲ့တာတွေက ဂန္တဝင်လက်ရာဆိုတာနဲ့ ဘာမှမသက်ဆိုင်ဘူး။”

"ဂန္တဝင်လက်ရာဆိုတာ ဂိမ်းလောကအတွက် သက်ရောက်မှုကြီးကြီးမားမားရှိစေတဲ့အရာဖြစ်ရမယ်။ အဓိပ္ပာယ်တွေနဲ့ ပြည့်ဝနေရမယ်။ ဆွေးနွေးမှုတွေနဲ့ ဝေဖန်စမ်းသပ်မှုတွေကို တောင့်ခံနိုင်ရမယ်။ ငါတို့တွေရဲ့ စိတ်ဝိညာဥ်နဲ့ ဆက်နွယ်နိုင်ရမယ်။”

"ဂိမ်းဒီဇိုင်နာက အဲ့လိုဖော်ပြချက်တွေနဲ့ ကိုက်ညီတဲ့ ဂန္တဝင်လက်ရာတစ်ခုပဲ။”

All Chapters