အခန်း(၁၁၉) ပြောခွင့်ရှိသူက နားလည်မှုလွဲခံရဖို့ ကံစီမံထားပြီးသား
Vol. 8 Ch. 119
အခန်း(၁၁၉) ပြောခွင့်ရှိသူက နားလည်မှုလွဲခံရဖို့ ကံစီမံထားပြီးသား
ဆရာချောင်းက ဂိမ်းဒီဇိုင်နာ၏ နက်နဲသော ရည်ရွယ်ချက်များကို စတင် ဆန်းစစ်ပါသည်။
နောက်ခံစကားပြောက ကစားသမား၏ လောဘနဲ့ ၎င်းတို့၏ ရှေ့ဆက်လမ်းရမည့် လမ်းအမြင်ကို ရည်ညွှန်းနေသည်။
ဒိဂိမ်းက တစ်ဦးတည်းရှုထောင့်နဲ့ ပတ်ဝန်းကျင်မှတဆင့် နက်ရှိုင်းသည့် ခံစားချက်များကို ဖန်တီးပေးသည်။ တစ်ချိန်တည်းမှာပင် နောက်ခံစကားပြောကို အသုံးပြုပြီး ခြားနားသော ခံစားချက်ကို ဖန်တီးပေး၏။ သွင်ပြင်များက ကစားသမားများကို တကယ်ပဲ ရောင်ပြန်ဟပ်နေပါသည်။
ကစားသမားများ အကြိမ်တိုင်းရင်ဆိုင်ရသည့် ရွေးချယ်မှုများက ဂိမ်းဒီဇိုင်နာများ၏ အတွေးများကို ပုံတူကူးထားခြင်းဖြစ်သည်။ ဂိမ်းကိုကစားပြီးတာနဲ့ ဂိမ်းဒီဇိုင်နာလုပ်ရတာ ဘယ်လောက်ခက်ခဲသလဲ နားလည်သွားလိမ့်မည်။
ထို့အပြင် ဆရာချောင်းက ဂိမ်း၏ ရည်ရွယ်ချက်များကို နောက်တစ်ဆင့်ထိရောက်အောင် သုံးသပ်ပြလိုက်သည်။
"ဂိမ်းကို ကစားနေတုန်းက ငါနဲ့ နက်နက်ရှိုင်းရှိုင်းကို သက်ဆိုင်နေတယ်လို့ ခံစားခဲ့ရတယ်။ ဘာလို့လဲ။ ငါဂိမ်းထုတ်လုပ်တာတွေနဲ့လည်း တစ်ခါမှ မပတ်သတ်ဖူးပါဘူး။ သေချာ စစ်ဆေးကြည့်လိုက်တော့မှ ဗီဒီယို ဖန်တီးတာနဲ့ ဂိမ်းဖန်တီးတာတွေမှာ ဆင်တူမှုတွေ ရှိနေမှန်း နားလည်လိုက်ရတယ်။”
"ဒါမှမဟုတ် အနုပညာ အကြောင်းအရာ ဖန်တီးသူတွေအားလုံးမှာ ဒီလိုစိတ်ပဲရှိကြတာဖြစ်နိုင်တယ်။”
"အထီးကျန်မှုပေါ့။”
"ဆိုရိုးစကားရှိတယ်။ ပြောခွင့်ရှိသူက နားလည်မှုအလွဲခံရဖို့ စီမံထားပြီးသားတဲ့။ ဂိမ်းဒီဇိုင်နာထဲက အကြောင်းအရာတွေကလည်း ဒါကို ပြသနေတယ်။ ဂိမ်းအပြင်ဘက်က ဟန်ဆောင်လုပ်ရပ်ကြီးကိုလည်း ပြသနေတယ်။”
"မဟုတ်မှလွဲရော ဒါက ဒီဂိမ်းကိုထုတ်လုပ်ရတဲ့ ထန်းတာ့ရဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်။ ရောင်းအား ကပ်ဆိုက်ပြီး သူတို့ အရင်းတောင် ပြန်မရနိုင်တာကို ခန့်မှန်းပြီးသားဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့တစ်ခုပဲ ရနိုင်ရင်တော်ပြီလို့ မျှော်လင့်ခဲ့ကြတယ်။ ဒီရက်စက်တဲ့ လောကထဲမှာ စစ်မှန်မှု အစစ်အမှန်ကို ငါတို့ရှာဖွေနိုင်စေချင်တာ။ ငါတို့ကို စိတ်ရှည်ရှည်နဲ့ ဖြေရှင်းတတ်ပြီး စိတ်ရှည်ရှည်နဲ့ တွေးတတ်စေချင်တာ။”
"ငါတို့ဘယ်ကလာပြီး ဘယ်ကိုသွားမှာလဲ။ ငါတို့ အခုရှိနေတဲ့ ရက်စက်တဲ့ လူ့ဘောင်လောကကြီးမှာ ငါတို့ဘယ်လိုနေရမလဲ။ ငါတို့ ဘာတွေ နောက်ကို လိုက်ရမလဲ။”
...
...
ထိုဗီဒီယိုကို ကြည့်ပြီးနောက် ဖန်သားပြင်ရှေ့က ကြည့်ရှုသူအားလုံး လုံးဝ တိတ်ဆိတ်ကုန်ကြပါသည်။ ဒါဆို... အဲ့လိုတွေဖြစ်ခဲ့တာလား။
အဆုံးသတ်မေးခွန်းက သူတို့နှလုံးသားကို တူနဲ့ထုလိုက်သလိုပင်။
ဆရာချောင်း၏ အရင်ဗီဒီယိုကိုမြင်လိုက်ရတော့ ဆရာချောင်းကို မျောက်တစ်ကောင်ဟု အတော်များများက ထင်သွားကြသည်။ သူ့ဟာသလုပ်ရပ်များ၏ ကြည့်ရှုသူများဖြစ်ခဲ့ကြသည္။ အခုတော့ တကယ်တမ်းပြောင်းပြန်ဖြစ်ခဲ့မှန်း နားလည်သွားပါပြီ။ အားလုံးပြောင်းပြန်ဖြစ်ခဲ့ပါသည်။
ကြည့်ရှုသူတွေက မျောက်တွေဖြစ်ပြီး သူတို့နဲ့ ကစားနေတာ ဆရာချောင်းသာ ဖြစ်ပါသည်။
အလွန်ပေါပြီး စိတ်ပျက်ဖို့ကောင်းသည့် စပွန်ဆာဗီဒီယိုတစ်ခုက ၎င်း၏ ကြည့်ရှုသူအားလုံးကို လှည့်စားနိုင်ခဲ့ပြီး meme အသစ်တစ်ခုဖြစ်သည့် ချောင်းလော်ဂျီကိုပင် ဖန်တီးနိုင်ခဲ့ပါသည်။ ကြည့်ရှုသူအားလုံးနဲ့ အင်တာနက်အသုံးပြုသူအားလုံးက ဘာမှန်းမသလိုက်ဘဲ ဒီဟန်ဆောင်လုပ်ရပ်ကြီးထဲ ပါဝင်မိခဲ့ကြသည်။ စမ်းသပ်ချက်တစ်ခုပြီးသွားသောအခါ ရလဒ်များက စိတ်ပျက်ဖို့ကောင်းပါသည်။
သူတို့က လေးလေးနက်နက်မစဥ်းစားဘဲ ရေပန်းစားသည့်နောက်သာ လိုက်သည့် အင်တာနက်အသုံးပြုသူများဖြစ်ကြသည်။
မကြာခင် ထိုဗီဒီယို၏ Like အရေအတွက်များ မိုးထိုးကာ မြင့်တက်သွားပါသည်။ ကောမန့်အရေအတွက်လည်း အဆမတန်များပြားလာခဲ့သည်။
အစက ချောင်းလော်ဂျီမှာ ရေပန်းစားနေခဲ့သည်။ အင်တာနက်အသုံးပြုသူအများစုက ၎င်းတို့၏ ချောင်းလော်ဂျီကို ကြွားချင်ကြပြီး ဆရာချောင်း ဗီဒီယိုအသစ်တစ်ပုဒ် တင်ထားသည်ဟု ကြားလိုက်သောအခါ အတင်းတုပ်ကြသည်။
ထို့ကြောင့် ဒီအပိုင်းက စလာကတည်းက အာရုံစိုက်မှုများစွာ ရခဲ့ပါသည်။ ကြည့်ရှုသူများက ထိုဗီဒီယိုနောက်ကွယ်က အမှန်တရားကို သိသွားကြသောအခါ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ၁၈၀ ဒီဂရီ ပြောင်းလဲသွားသည်။ ကောမန့်များကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပါသည်။
"ဘာလဲဟ။ တကယ် ဟန်ဆောင်လုပ်ရပ်ကြီးလား။"
"ဘာလို့ ဂိမ်းကုမ္ပဏီတွေက ဒီလောက်... ဆန်းသစ်လာကြတာလား။”
"စိတ်မကောင်းပါဘူး သားလေ။ အဖေနားလည်မှုလွဲသွားပြီ။ မင်းရဲ့ ဗီဒီယိုကို ချက်ချင်းပဲ လိုက်ခ်လုပ်ပြီး forward လုပ်ပေးလိုက်ပြီနော်။"
"ဆရာချောင်း ခေတ်ပေါ် အနုပညာရှင်ကြီး"
"ပြောခွင့်ရှိသူက နားလည်မှုအလွဲခံရဖို့ စီမံထားပြီးသားတဲ့။ ငိုနေပါပြီ။ မင်းတို့ကော။”
"ဂိမ်းဒီဇိုင်နာမှာ ဒီလောက်လေးနက်တဲ့ ရည်ရွယ်ချက်တွေရှိနေမယ်လို့ ထင်မထားဘူးကွာ။ ငါနောက်တစ်ခေါက် ပြန်ကစားကြည့်ဦးမယ်။”
အမှန်ပင်။ တချို့လူတွေကတော့ ဆရာချောင်း သူ့နာမည်ကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေသည်ဟု ထင်ကြသည်။ သို့သော်လည်း ထိုအသံများကို တခြားကောမန့်များက လုံးဝ ဖုံးဖိလိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာချောင်း၏ ရှင်းလင်းချက်က ပိုအဓိပ္ပာယ်ရှိပြီး အင်တာနက်သုံးစွဲသူများလည်း နားလည်လွယ်သောကြောင့်ပင်။
ထိုအပိုင်းကိုတင်လိုက်ပြီးနောက် အစက တစ်ဝက်တစ်ပျက် ဂိမ်းကို စွန့်ခွာခဲ့သော ကစားသမားများစွာက စိတ်ရှည်ရှည်ထားပြီး နောက်တစ်ခေါက် ကစားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါသည်။ ယခင်တုန်းက သဘောမကျမှုကြောင့် ဂိမ်းဒီဇိုင်နာကို မကစားရသေးသူများကလည်း ကစားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါသည်။ ဆရာချောင်းကိုယ်တိုင်က ဂန္တဝင်လက်ရာဟု ခေါ်သည့် ဂိမ်းက အဆိုပါဂုဏ်ပုဒ်နဲ့ ထိုက်တန်ရဲ့လား သိချင်နေကြသည်။
...
...
ထျန်းလျယ်ဟူ စားသောက်ဆိုင်...
ထန်းတာ့နက်ခ်ဝေါ့ကုမ္ပဏီလိမိတက်က လောလောဆယ် ကုမ္ပဏီညစာစားပွဲ ကျင်းပနေပါသည်။ ဂိမ်းတစ်ခုပြီးနောက် ညစာစားပွဲ ကျင်းပခြင်းကို ဆောင်ရွက်ခဲ့ပြီး သမုဒ္ဒရာရဲတိုက်ပြီးကတည်းက ရိုးရာတစ်ခုလို ဖြစ်လာခဲ့ပါသည်။
သူတို့ ဒီစားသောက်ဆိုင်ကိုပဲဘာကြောင့် ရွေးရတာလဲဆိုတာကတော့...
သူတို့ရွေးချယ်စရာမရှိပါ။ ဒါက ကျင်းကျိုးတစ်မြို့လုံးမှာ စျေးအကြီးဆုံး စားသောက်ဆို င်ဖြစ်ပါသည်။ ဖေးချမ့်က ပေကျင်းအထိ လေယာဥ်စီးသွားပြီး ပိုကောင်းသည့်အစားအစာများ စားချင်သည်။ သို့သော် စနစ်က ခွင့်မပြုပါ။
သူ ဒါနဲ့ပဲ ကျေနပ်နိုင်ပါသည်။
ဖေးချမ့်က စားပွဲများအကြား လက်ထဲ ဝိုင်နီတစ်ခွက်ဖြင့် လျှောက်လှမ်းလာသည်။ တခြားသူတွေ သိပ်ပြီးမပျော်တာကို တွေ့လိုက်ရ၏။ ဒါ ပုံမှန်ပဲ ဖြစ်ပါသည်။ ဂိမ်းဒီဇိုင်နာ၏ ရောင်းအားက ထူးခြားမှု မရှိသေးပါ။ သူတို့ ညစာစားပွဲကျင်းပဖို့ စိတ်အခြေအနေ ဘယ်လိုရှိနိုင်မည်နည်း။
အရင်တုန်းကနဲ့ ခြားနားပါသည်။
အရင်တုန်းက သမုဒ္ဒရာရဲတိုက်အား ထုတ်လုပ်ပြီးတာနဲ့ ချက်ချင်း ကုမ္ပဏီညစာစားပွဲကို ကျင်းပခဲ့ပါသည်။ ထိုအချိန်တုန်းက စိတ်ပိုင်းဆိုင်ရာဖိအားလည်း သိပ်မရှိခဲ့ဘဲ ပျော်ပျော်ကြီး စားသောက်နိုင်ကြပါသည်။ သို့သော်လည်း ဒီတစ်ခေါက်မှာတော့ ဂိမ်းဒီဇိုင်နာကို ၃ ရက်လောက် ထုတ်လုပ်ခဲ့ပြီးတာတောင် ရောင်းအားနှင့် ဂုဏ်သတင်းများက သူတို့မျှော်လင့်ထားတာထက် နိမ့်ကျနေပါသည်။
ထို့ကြောင့် ဖေးချမ့်ကလွဲပြီး ကျန်သောသူများက သဘောတွေ့စွာ မစားသောက်နိုင်ကြပါ။
"ဒါ ငါတို့ ဝန်ထမ်းတွေ့ဆုံပွဲလေ။ မင်းတို့တွေ ပျော်ပျော်နေသင့်တာပေါ့။ မင်းတို့ ဘာလို့ စိတ်ဓာတ်ကျနေကြတာလဲ။ အစားအသောက်တွေ မကြိုက်ကြလို့လား။ မင်းတို့တွေ စိတ်ဓာတ်ကျနေတာဆိုတော့ မီနူးပေါ်က ပိုစျေးကြီးတာတွေကို မှာကြ။ ဝိတ်တာ အားလုံးအတွက် တူနာဘူဖေး ၃ ပန်းကန်မှာမယ်။”
"ငါ့ဝန်ထမ်းတို့။ မင်းတို့တွေ သာဓက ကောင်းကောင်း ယူတတ်ရမယ်။ အရင်တုန်းက ဒီကိုလာပြီး ဘာကစျေးကြီးသလဲဆိုတာကို သိခဲ့ကြတယ်မဟုတ်လား။ တစ်ယောက်ယောက် ရေခဲမုန့်စားနေတာကို ထပ်မမြင်ရစေနဲ့နော်။”
"ပြီးတော့ ဒါက မာယိချွမ်တဲ့။ ငါတို့ရဲ့ အဖွဲ့ဝင်အသစ်ပေါ့။ အရည်အချင်းရှိပြီး အရမ်း ဗဟုသုတရှိတယ်။ မင်းတို့တွေ သူ့ကို သေချာ ဂရုစိုက်လိုက်ကြဦး။ နားလည်ကြလား။”
ဖေးချမ့်က သတင်းကောင်းများ ရထားသဖြင့် အားအင်များ ပြည့်ဝနေပါသည်။ ဝန်ထမ်းများကို အားပေးရင်း အလုပ်များနေပြီး အားလုံး ပျော်ရအောင် သေချာစီမံပေးနေပါသည်။
တချို့က ဝိုင်မသောက်ဘူးလား။
ရပါတယ်။ ဘော့စ်ဖေးက သွားတဲ့နေရာတိုင်း ဝိုင်ခွက်ကိုမြှောက်ပေးမယ်။ ၎င်းတို့ ဘော့စ် ခွက်ချင်းတိုက်တာကို လက်မခံဖို့ ဝန်ထမ်းများအတွက် ခက်ခဲပါသည်။
အမှန်ပင်။ ဖေးချမ့်၏ ခွက်ချင်းတိုက်ချက်က သာမန် ဓလေ့နဲ့ ခြားနားပါသည်။
သာမန်ဓလေ့များတွင် လူတစ်ယောက်ကို အရက်သောက်ခိုင်းခြင်း၊ အထူးသဖြင့် ခေါင်းဆောင်တစ်ယောက်က သူ့ဝန်ထမ်းများကို အတင်းအကြပ် သောက်ခိုင်းသည့်အခါ အာဏာပြခြင်းသာ ဖြစ်သည်။ ရည်ရွယ်ချက်မှာ ဝန်ထမ်းများကို အမူးသောက်ခိုင်းပြီး နာခံတတ်သော ဆက်ဆံရေးမျိုးရရှိအောင် ဖြစ်ပါသည်။
သို့သော်လည်း ဖေးချမ့်၏ ရည်ရွယ်ချက်ကတော့ ဒီလို မဟုတ်ပါ။
လူတွေကိုသိပ်မမူးစေသည့် ဝိုင်နီတိုက်နေခြင်းဖြစ်သည်။ ထို့အပြင် သူတို့ ဘယ်လောက် သောက်ရမလဲဆိုတာကိုလည်း ဖေးချမ့်က သတ်မှတ်မထားပါ။ သူ့ဝန်ထမ်းများ နှုတ်ခမ်းနဲ့ ထိရုံထိလိုက်ရင်တောင် အဆင်ပြေပါသည်။
သူ့အဓိကရည်ရွယ်ချက်က သူတို့ကို အစားများများ ပိုစားဖို့ ဖြစ်သည်။ အားလုံး၏ စိတ်အခြေအနေက အနည်းငယ် နိမ့်ကျနေ၏။ ဝိုင်နည်းနည်းသောက်ခြင်းက ၎င်းတို့၏ စားချင်စိတ်ကို တိုးပွားစေပြီး စိတ်အခြေအနေကို လန်းဆန်းစေမည်။ အမှန်ပင်။ တစ်ပတ် နှစ်ပတ်လောက် သောက်ပြီးနောက် အားလုံး၏ စိတ်အခြေအနေများ ကောင်းမွန်သွားကြပါသည်။
ဖေးချမ့် အလွန်ပျော်ရွှင်သွား၏။ သူ့အတွက်သူလည်း အရသာရှိသော အစားအစာများ မှာယူထားပြီး စိတ်ကြိုက်စားသုံးတော့သည်။
သူ ဒီလောက်ထိ မပျော်ရတာ တော်တော်ကြာပါပြီ။
ခုချိန်ထိတော့ အားလုံး ချောမွေ့နေသည်။ အင်တာနက်ကဖေးကလည်း လစဥ် ယွမ် ၃၀၀,၀၀၀ လောက် အရှုံးပေါ်နေသည်။ အမြတ်အစွန်းရမည့် လမ်းစတောင် မမြင်ရသေးပါ။
ဗီဒီယီုအတိုများက ရေပန်းစားလာသော်လည်း စပွန်ဆာအသေးစားလေးများကို သူငြင်းဆန်ခဲ့သည်။ ပိုကြီးမားသည့် custom တောင်းဆိုချက်များကို မရသေးပါ။ ထို့ကြောင့် ဝင်ငွေက သုညသာဖြစ်သည်။
ဂိမ်းဒီဇိုင်နာ၏ ဂုဏ်သတင်းက အဆင်ပြေသည်ဆိုရုံလောက်သာရှိသည်။ ၎င်း၏ ရောင်းအားလည်း ထိုနည်းလည်းကောင်းပင်။ လက်ရှိ ရေပန်းစားမှုအရဆို ဒီဂိမ်းက အရင်းပြန်ရဖို့ လုံးဝ မဖြစ်နိုင်ပါ။
ဖေးချမ့်တစ်ယောက် သူ့အစားအစာများ ထင်ထားသည်ထက်ပင် ပိုအရသာရှိနေသည်ဟု တွေးမိပါသည်။
ပျော်လိုက်တာ။