← Chapters

အကြည့်ချင်းဆုံ၍ မရနိုင်သော မိန်းကလေး နှစ်ယောက်

Vol. 28 Ch. 408

အကြည့်ချင်းဆုံ၍ မရနိုင်သော မိန်းကလေး နှစ်ယောက်

Vol. 28 Ch. 408

သူ အစကနေ ပြောသော်လည်း အကြောင်းအရာကို ကွဲပြားစွာ ပြောပြလေသည်။ သူ၏ ကျလောက်သော စကားပြော စွမ်းရည်ကြောင့် ထိုသို့ပြုလုပ်ရန် အလွယ်လေးပင်။

“ဒေါင် ဒေါင် ဒေါင်”

ညအချိန်၌ ရုတ်တရက် ကြည်လင်ပြတ်သားသော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ထို့နောက် သစ်ရွက်ခြောက်များပေါ်သို့ တစ်ယောက်ယောက် နင်းလိုက်သည့် ခြေသံတရှပ်ရှပ်ကိုပါ ကြားလိုက်ရလေသည်။

“အား….”

ရှုခင်းကြည့်သော တဲအိမ်လေးထဲမှ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။ ယောက်ျားသား သုံးယောက် ဖြစ်သော ဟွမ်လီ၊ ဟယ်ကျားနှင့် ဝေ့တရွှင်းတို့သည် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထိုအခိုက်တွင် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည်လည်း မျက်နှာ ပြာနှမ်းနေကြလေသည်။ သူမတို့သည် မျက်လုံးကို တင်းနေအောင် မှိတ်ထားပြီး ရဲ့လင်းချန်နားသို့ တိုးလာပြီး သူ့အား ခပ်တင်းတင်း ဖက်ထားကြသည်။

“ဟေ့ မင်းတို့ ဘာလုပ်တာလဲ၊ ဒီလိုလုပ်ဖို့ လိုလို့လား”

ရဲ့လင်းချန်က သူတို့ကို ကြည့်ပြီး မကျေမနပ် မေးလိုက်သည်။

သူတို့သည်သာမက ဒါရိုက်တာနှင့် ရိုက်ကူးရေး ဝန်ထမ်းများတောင်မှ မျက်နှာတွင် သွေးရောင် မရှိတော့ဘဲ ထိတ်လန့် နေကြလေသည်။

“ရဲ့နတ်ဘုရား၊ ခုနက အသံက ဘာလဲ၊ အရမ်း‌ ကြောက်ဖို့ကောင်းတာပဲ”

ဝေ့တရွှင်းက ဘေးဘီကို သေချာကြည့်၍ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

“အဲ့အသံကို ကျွန်တော် လုပ်တာပါ၊ အဲ့ဒါက အသံတု လုပ်လိုက်တာလေ၊ ခင်ဗျားက အရမ်း ကြောက်တတ်တာပဲ”

ရဲ့လင်းချန် ပြောလိုက်သည်။ ထို့နောက် ညအချိန်တွင် နောက်ထပ် တရှဲရှဲအသံကို ကြားလိုက်ရပြန်သည်။

ဟွမ်လေ့နှင့် ဟယ်ကျားတို့သည် ထိတ်လန့်နေရာမှ သတိဝင်လာပြီး သက်ပြင်းချလိုက်ကြသည်။

“ရဲ့နတ်ဘုရား မင်း အဲ့အသံတွေ မလုပ်ခင် ငါတို့ကို ကြိုပြောပေးပါလားကွာ၊ ငါတို့ လန့်လို့ သေတော့မယ်”

“ဟုတ်တယ် ကျွန်မ အရမ်း ကြောက်သွားတာ”

ကျောက်လျန့်ရင်က လျှာလေး ထုတ်လေသည်။ ဟူယွဲ့အာက ကိုယ့်ခေါင်းကိုယ် ပြန်ပွတ်နေသည်။

သို့သော် ဘာကြောင့်မှန်း မသိသော်လည်း သူမတို့နှစ်ယောက်လုံးက ဖက်ထားရာမှ မလွှတ်ချေ။ တစ်ယောက် တစ်ဖက်စီထိုင်၍ ရဲ့လင်းချန်၏ လက်မောင်းကို ဖက်ထားဆဲပင်။

[ချီးပဲ ငါ ခုနက အရမ်း ကြောက်သွားတာ]

[သေစမ်း ငါ ရဲ့နတ်ဘုရားရဲ့ ပုံပြင်ကို နားထောင်ရင်း အရမ်း နစ်မျောသွားတယ်၊ ဘယ်သူက ဒီလို ရုတ်တရက်ကြီး ကြောက်လန့်သွားတာကို ခံနိုင်မှာလဲ]

[ရဲ့နတ်ဘုရားက တကယ် အံ့ဩဖို့ ကောင်းတာပဲ၊ သူက ပုံပြင်ပြော ကောင်းရုံတင်မကဘူး၊ သူ့ရဲ့ အသံတုစွမ်းရည်နဲ့ပါ ပေါင်းလိုက်တော့ ရုပ်ရှင်ကား တစ်ကားထက်တောင် ပိုပြီး ကြောက်ဖို့ ကောင်းသေးတယ်]

[ငါ ဒီည အိပ်မရမှာကိုတောင် စိုးမိတယ်၊ ဒါက အရမ်း ကြောက်ဖို့ ကောင်းတာပဲ]

[မင်းတို့တွေက ငကြောက်တွေပဲ၊ ရဲ့နတ်ဘုရား ဆက်ပြောပါဦး၊ ငါ မစောင့်နိုင်တော့ဘူး]

…

လူတိုင်း ထိတ်လန့်နေရာမှ သတိဝင်လာပြီးနောက် ရဲ့လင်းချန် ဆက်ပြောလေသည်။

“အလောင်းပြင်သူတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေ အများကြီး ရှိတယ်၊ ပြီးတော့ အလောင်းပြင်သူတွေက တောင်းဆိုချက် အားလုံးကို လက်မခံဘူး၊ အလောင်းတွေကို အမျိုးအစား ခွဲခြားထားတယ်၊ ဥပမာပြောရရင် ခေါင်းဖြတ်ခံထားရတဲ့သူတွေ၊ သူတို့ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို အတူပြန်ဆက်ထားရမယ်၊ ကြိုးဆွဲချခံ ရတဲ့သူတွေနဲ့ ရေနစ်သေတဲ့သူတွေ၊ အဲ့အမျိုးအစား သုံးမျိုးကလူတွေက သူတို့ရဲ့ ဆန္ဒ မပါဘဲ သေဆုံးသွားရ တဲ့သူတွေပဲ၊ သူတို့က မကျေနပ်စိတ်၊ သူတို့ မိသားစုတွေကို သတိရတဲ့စိတ်တွေနဲ့ သေဆုံးသွားကြတာ၊ အဲ့ဒါကြောင့် သူတို့ရဲ့ ဝိညာဉ်တွေကို ပြန်ခေါ်ပြီး ပို့ဆောင်ရတယ်”

“ရောဂါကြောင့် သေတဲ့သူတွေ၊ အဆုံးစီရင်တဲ့သူတွေ၊ ဒါမှမဟုတ် မိုးကြိုးပစ်ခံရတဲ့သူတွေကို လက်မခံဘူး၊ ဘာလို့လဲဆိုတော့ သူတို့ ဝိညာဉ်တွေက မြေအောက်လောကကို ရောက်နှင့်သွားပြီးဆိုတော့ ပြန်ပို့ဆောင်လို့ မရတော့ဘူး”

ရဲ့လင်းချန်က ပုံပြင်ကို ဆရာကျကျ ပြောသွားပြီး နားထောင်နေသူများအား ပုံပြင်ထဲ အပြည့်အဝ မျောသွားစေသည်။ သူ၏ အသံတုဖြင့် ပြုလပ်သော အသံများကိုပါ ပေါင်းလိုက်သောအခါ လူအုပ်ကြီးသည် လှပသည်ဟု ထင်ရသော သူတို့ ပတ်ဝန်းကျင်သည် ထိုင်းမှိုင်း၍ ကြောက်စရာကောင်းသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

သူတို့ မနေနိုင်ဘဲ ဘေးဘီကို ဝေ့ကြည့်ကာ မိစ္ဆာမျိုးစုံနှင့် သရဲပေါင်းစုံက သူတို့ကို စောင့်ကြည့်နေရသည်ဟု ခံစားမိကာ ကျောရိုးထဲအထိ ချမ်းစိမ့်လာကြသည်။

သို့သော် ကြောက်ရွံ့သော်ငြားလည်း သူတို့သည် ပုံပြင်ကို ဆက်၍ နားထောင်ချင်နေကြလေသည်။

ဤသို့နှင့် ပုံပြင်ပြောပြသည်က နှစ်နာရီ ကြာသွားလေသည်။ အချိန်ကား အတော်လေး နောက်ကျနေပြီ ဖြစ်ကာ ရဲ့လင်းချန် သမ်းဝေလိုက်သည်။

“ကဲ နောက်ကျလာပြီဆိုတော့ လူတိုင်း အနားယူသင့်ပြီ”

“မင်း အခု ရပ်လိုက်တော့မလို့လား”

ဟယ်ကျားက နားထောင်၍ မဝသေးပေ။

“မလုပ်ပါနဲ့၊ လူသူကင်းမဲ့တဲ့ တောင်ကို အလောင်းတွေ ရောက်တဲ့အချိန် ဘာဖြစ်မလဲ ငါ သိချင်တယ်၊ သူတို့ အသွင် ပြောင်းသွားမှာလား”

ဟွမ်လေ့က မေးလာသည်။

“အမေရေ ကျွန်တော် ကြောက်တယ်”

ဝေ့တရွှင်း၌ ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိသော်လည်း သူက အကြောက်ဆုံး ဖြစ်ပြီး ယခုအထိ ကြောက်စိတ်က စိုးမိုးနေဆဲပင်။

“ခင်ဗျားတို့ ဘယ်အချိန် ဖြစ်နေပြီလဲ ကြည့်ကြပါဦး၊ ကျွန်တော် ပင်ပန်းနေပြီ”

ထိုသို့ပြောပြီး ရဲ့လင်းချန်က ထရပ်ကာ မှိုအိမ်လေးသို့ လျှောက်သွားသည်။

[မလုပ်ပါနဲ့၊ ရဲ့နတ်ဘုရား မင်း တစ်ညလုံး နေလို့ ရပါတယ်၊ ငါတို့ မင်းကို အဖော်ပြုပေးပါ့မယ်]

[ဟေ့ မသွားပါနဲ့၊ ဒါရိုက်တာ သူ့ကို တားပါဦး၊ တကယ်လို့ သူ ပုံပြင်ပြောတာကို ရပ်လိုက်ရင် ငါ ဒီရှိုးကို ကြည့်နေတာကို ရပ်လိုက်မှာ]

[ရဲ့နတ်ဘုရား နောက်ထပ် နာရီဝက်လောက်ပါပဲ လုပ်ပါ၊ ငါ မင်းကို တောင်းပန်ပါတယ်]

[ဒါရိုက်တာ၊ ခင်ဗျား ရဲ့နတ်ဘုရားကို နည်းနည်းလေးပဲ ပေးထားတာလား၊ ကျုပ် လစာကို တိုးပေးဖို့ တောင်းဆို တယ်ဗျာ]

…

ရဲ့လင်းချန်သည် ထုတ်လွှင့်ရေးမှ တောင်းဆိုမှုများကို လျစ်လျူရှုခဲ့သည်။ ရေချိုးပြီးနောက် သူသည် ခုတင်ပေါ် လှဲ၍ သူ၏ ရေပန်းစားမှု အမှတ်ကို စစ်ကြည့်နေ၏။ တစ်နေကုန်ပြီးနောက် သူ၏ ထုတ်လွှင့်ရေးက ကြည့်ရှုသူ သုံးသောင်းမှ ခုနစ်သောင်းအထိ တက်လာခဲ့သည်။ ရလဒ်က ကျေနပ်စရာပင်။

ထင်ထားသည့်အတိုင်းပင် ဤသို့သော ကောင်းမွန်သော ရိုက်ကူးရေး အစီအစဉ်၌ ပါဝင်ခြင်းက ကောင်းမွန်ပေသည်။ ယင်းမှာ ပထမနေ့သာ ရှိသေးသည်။ အကယ်၍ ဤသို့ ဆက်သွားဖြစ်ပါက သူ၏ ရေပန်းစားမှုအမှတ်က နေ့တိုင်း လျင်မြန်စွာ တိုးတက်လာမှာပင်။

တစ်ချိန်တည်းမှာပင် လီလီဟွာသည် တိုက်ရိုက် ထုတ်လွှင့်မှုမှ ကိန်းဂဏန်း အချက်အလက်များကို ကြည့်နေသည်။ သူမမျက်နှာက စိတ်လှုပ်ရှားမှုနှင့်အတူ ဝင်းပနေ၏။ ဘဝ၏ ရုန်းကန်ခြင်း အတွဲသုံး၏ ပထမဆုံး အပိုင်းက ယခင် အတွဲနှစ်ခုနှင့် ယှဉ်လိုက်လျင် အမြင့်ဆုံးသို့ ရောက်နေသည်။

ထိုကြည့်ရှုသူအများစုကို ရဲ့လင်းချန်က ယူဆောင်လာပေးခြင်း ဖြစ်သည်။ သူမ ရဲ့လင်းချန်ကို ဖိတ်ကြားခဲ့စဉ်က အက်ပဲလ် တီဗွီမှ အချို့သော ရာထူးကြီးသူများက ကန့်ကွက်ကြသည်။ ဤသို့သော မြန်ဆန်သည့် မျက်နှာ ဖြတ်ရိုက်လိုက်ပုံနှင့်ဆိုလျင် ဘယ်သူကများ သူမကို ကန့်ကွက်ရဲဦးမလဲဟု ကြည့်ချင်ပါသေးသည်။

တစ်ဒင်္ဂမျှ တွေးတောနေပြီးနောက် သူမသည် ဒါရိုက်တာထံ ဖုန်းဆက်၍ ရဲ့လင်းချန်နှင့် အကောင်းဆုံး ပူးတွဲ လုပ်ဆောင်ရန်နှင့် သူ့အား ဖန်သားပြင်၌ တွေ့ရချိန် များများပေးရန် ပြောလိုက်သည်။ သို့မှသာ သူ့အရည်အချင်းများကို သူ ပိုထုတ်ပြနိုင်မည့် အခွင့်အရေး ရမည် ဖြစ်သည်။

ညကောင်းကင်ယံအောက်မှ မှိုအိမ်လေးထဲတွင် အများထင်သကဲ့သို့ အေးချမ်းမနေပါ။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ နှစ်ယောက်လုံးသည် သူမတို့၏ ခုတင်ထက်၌ လှဲလျောင်းနေကြသည်။ သူမတို့သည် ဟိုဘက်ဒီဘက် လူးလိမ့်နေပြီး အိပ်မပျော်နိုင် ဖြစ်နေသည်။

နေ့အချိန်အတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သူမတို့အတွေးထဲ၌ ပြန်လည် မြင်ယောင်နေသည်။ နောက်ဆုံးတွင် သူမတို့သည် အချင်းချင်း ပြန်ကြည့်မိကြပြီးနောက် တစ်ဖက်လူထံမှ တူညီသော ခံစားချက် ထွက်ပေါ်နေသည်ကို ခံစားမိလိုက်ကြသည်။

“ဟွန့်”

တစ်ခဏကြာသော် နှစ်ယောက်လုံးက မကျေနပ်သံပြု၍ တစ်ဖက်သို့ လှည့်သွားလေသည်။

သူမတို့သည် တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးသော်လည်း နှစ်ယောက်လုံးက ရုပ်သံဖန်သားပြင်၏ နတ်ဘုရားမလေးများ ဖြစ်ကာ သူမတို့ကြား၌ မည်သို့သော ပဋိပက္ခ သို့မဟုတ် ယှဉ်ပြိုင်ခြင်းတို့ မရှိပါ။ သူမတို့က အခင်ဆုံး မိတ်ဆွေများ မဟုတ်သော်လည်း အချင်းချင်း ရင်းနှီးခင်မင်ကြသည်က ပုံမှန်ပင်။

သို့သော် ယခုအခါ၌ အကြောင်းတစ်ချို့ကြောင့် သူတို့ မျက်လုံးချင်းဆုံ၍ မရနိုင်ပေ။ မပြောပြတတ်သော အနှောင့်အယှက်နှင့် ခြိမ်းခြောက်သော ခံစားချက်တို့က သူမတို့၏ နှလုံးသားကို ချုပ်ကိုင်ထားသည်။

နှစ်ယောက်လုံး အိပ်ပျော်ရန် ခက်နေသော်လည်း စကားမပြောချင်ကြပေ။ အခန်းတစ်ခန်းလုံးက အနေရ ခက်အောင် တိတ်ဆိတ်နေ၏။

ထိုအခိုက်မှာပင် ဟူယွဲ့အာ မျက်မှောင်ကြုတ်မိသွားပြီး တစ်ကိုယ်လုံး အားနည်းစွာ တုန်ယင်လာ၏။ ထို့နောက် သူမက ဖုန်းကို ခိုးထုတ်၍ WeChat ထဲဝင်ကာ စာတစ်စောင် ပို့လိုက်သည်။

[ရှင် ရှိသေးလား]

ရဲ့လင်းချန်သည် အိပ်ပျော်ခါစသာ ရှိသေးသော်လည်း သူ့ဖုန်း၏ တုန်ခါမှုကြောင့် နိုးသွားသည်။ စာကို တစ်ချက် ကြည့်လိုက်မိပြီးနောက် မျက်မှောင်ကြုတ်မိသွားသည်။ ထို့နောက် သူ စာပြန်ပို့လိုက်သည်။

[အင်း]

ဟူယွဲ့အာ ဝမ်းသာသွားပြီး ချက်ချင်း စာပြန်ပို့လိုက်သည်။

[ကျွန်မ လက္ခဏာတွေ ပြန်ဖြစ်လာပြီ၊ ကျွန်မဗိုက်က နာလာလို့၊ ရှင် ကျွန်မကို နှိပ်ပေးလို့ ရနိုင်မလား]

[ကောင်းပြီလေ]

ရဲ့လင်းချန် အချိန်ဆွဲမနေတော့ပါ။ လေယာဉ်ပေါ်မှာကတည်းက ဟူယွဲ့အာ၏ အခြေအနေက အတော်လေး ပြင်းထန်မှန်း သူ ခံစားမိသည်။ သူမဝေဒနာက သည်းမခံနိုင်လောက်အောင် ဖြစ်သည်က ပုံမှန်ပင်။ သူတို့ တစ်ကြိမ်တည်းသာ ဆုံမိခဲ့ပါက သူ ဂရုစိုက်မိမည် မဟုတ်ပါ။ သို့သော် တစ်မိုးအောက်၌ နေနေပြီး သူမကို သူ မကူညီသည်က မတရားရာ ကျပေသည်။ ထို့အပြင် ယင်းသည် ရိုးရှင်းသော တောင်းဆိုမှုတစ်ခုသက်သက်ပင်။

[ဒါဆို ကျွန်မ ရှင့်ကို ဧည့်ခန်းထဲမှာ စောင့်နေမယ်]

ဟူယွဲ့အာ၏ နှုတ်ခမ်းက ကော့တက်လာပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူမ ချက်ချင်း အိပ်ရာမှ ထလိုက်သည်။

သူမ၏ လှုပ်ရှားမှုက ကျောက်လျန့်ရင်ကို သတိထားမိသွားစေပြီး သူမအား သိချင်စိတ်ဖြင့် လှမ်းကြည့်လာသည်။

ထိုအခါ ဟူယွဲ့အာက ကျောက်လျန့်ရင်ကို မာန်တက်သော အပြုံးမျိုးဖြင့် ပြုံးပြလိုက်ပြီး မသိလျင် သူမကို အပြတ်အသတ် အနိုင်ရသွားသလိုပင်။ သူမက အိပ်ရာမှထ၍ အခန်းထဲမှ ထွက်သွားသည်။

*ညဘက် တိုက်ရိုက် ထုတ်လွှင့်တာ မရှိပါဘူး၊ သူ ဘာလို့ မအိပ်တာလဲ၊ သူ ဘယ်ကို သွားနေတာလဲ*

ကျောက်လျန့်ရင်သည် အစောပိုင်းက ဟူယွဲ့အာ၏ အပြုံးကို တွေးမိပြီး ပို၍ ဒေါသထွက်လာသလို ခံစားလိုက်ရသော်လည်း သူမနောက်သို့ မလိုက်သွားမိပါ။ ထို့နောက် သူမသည် အိပ်ရာထက်၌ ဟိုဘက်ဒီဘက် လူးလိမ့်ကာ ပို၍ မနေနိုင်မထိုင်နိုင် ဖြစ်နေသည်။

*မဟုတ်မှလွဲရော သူ ရည်းစားနဲ့ ချိန်းတွေ့မလို့လား*

…

All Chapters